← Chapters

အခန်း (၄၉၆-၄၉၈)

Vol. 34 Ch. 496-498

အခန်း (၄၉၆-၄၉၈)

Vol. 34 Ch. 496-498

အခန်း (၄၉၆) - ပြဿနာ ရှာခြင်း

~ဖုန်းဝူချန်သည် ကောင်းကင်ဘုံလူသား ပထမအလွှာသာ ရှိသော်လည်း စတုတ္ထအလွှာ၏ အရှိန်အဝါကို ထုတ်ဖော်ပြသနိုင်ခြင်းက ကျန်းရှီလျန်ကို အံ့အားသင့်စေရုံသာ ဖြစ်၏။

ကျန်းရှီလျန်သည် မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိသည်။ သူသည် စစ်မှန်သော စတုတ္ထအလွှာ ပညာရှင် ဖြစ်ပြီး ဖုန်းဝူချန်ကတော့ ပြင်ပအကူအညီဖြင့် မြှင့်တင်ထားခြင်းသာ ဖြစ်၏။ ယှဉ်လိုက်လျှင် သူက အသာစီး ရနေသေးသည် မဟုတ်ပါလော။

"ဘုန်း..."

"ဝီ..."

ကောင်းကင်ယံထက်တွင် တောက်ပသော အလင်းတန်း နှစ်ခု ဘုန်းခနဲ ထိတိုက်မိကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းများက လေဟာနယ်ကို လှုပ်ခါသွားစေ၏။

စိမ်းပြာရောင် အလင်းတန်းနှင့် သွေးရောင် အလင်းတန်းတို့သည် ကောင်းကင်ကို တစ်ဝက်စီ ပိုင်းခြားထားကြသည်။

"ပထမအလွှာလေးနဲ့ စတုတ္ထအလွှာ စွမ်းအားကို တကယ် ထုတ်သုံးနိုင်တယ်တဲ့လား...သောက်ကလေး ... ငါ မင်းကို လျှော့တွက်မိတာပဲ..."

ကျန်းရှီလျန် နဖူးကြောများ တွန့်ကာ အမှုမထားဟန်ဖြင့် ပြောလိုက်၏။ တကယ်တမ်း လက်ရည်ယှဉ်ကြည့်မှ ဖုန်းဝူချန်၏ ခွန်အားသည် အတုအယောင် မဟုတ်ကြောင်း သိလိုက်ရသည်။

ထိုအခါ၊ ဖုန်းဝူချန်က ခံစားချက် မပါသော မျက်နှာထားဖြင့် ပြန်ပြောလိုက်၏။

"ခင်ဗျား ကျုပ်ကို အထင်သေးနေခဲ့တာ မဟုတ်လား..."

သူ့စကားအား ကြားလိုက်ရသောအခါ ကျန်းရှီလျန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပို၍ ရက်စက်လာသည်။ နှာခေါင်းရှုံ့လိုက်ပြီး ရူးသွပ်စွာ တိုက်ခိုက်တော့၏။

"ဘုန်း... ဘုန်း... ဘုန်း..."

"ခွပ်..."

လက်သီးချက်များ၊ ခြေကန်ချက်သံများ ထွက်ပေါ်လာသည်။ ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားနေပြီး ပေါက်ကွဲသံများသည် သွေးလမင်းမြို့တော် တစ်ခုလုံး ပဲ့တင်ထပ်သွား၏။

သူတို့နှစ်ယောက်၏ အမြန်နှုန်းမှာ အံ့မခန်းပင်။ ကျင့်ကြံဆင့် နိမ့်သူများ အနေဖြင့် သူတို့၏ ပုံရိပ်ကိုပင် မမြင်ရဘဲ စွမ်းအင်လှိုင်းများကိုသာ ခံစားနေရသည်။

"သူက စတုတ္ထအလွှာ ပညာရှင်ကို ယှဉ်နိုင်တယ်တဲ့လား..."

"တကယ်ကြီး မယုံနိုင်စရာပဲ... ဒါကြောင့် ကန်ယွီကို လက်သီး တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တာကိုး..."

"သူ ဘယ်သူလဲ... ကြယ်တာရာနယ်မြေမှာ ဒီလောက် ပါရမီရှင်မျိုး ရှိနေတာလား..."

မြို့စားမင်း အိမ်တော်နှင့် မိုမိသားစုဝင်များ အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

ကုသမှု ခံယူပြီးသော ပထမအကြီးအကဲ ချူးရွှေရှန် လည်း အံ့ဩနေမိသည်။

"ဒီကောင်လေးရဲ့ စွမ်းအားက ဒီလောက်တောင် ကောင်းတာလား..."

ဖုန်းဝူချန်နှင့် ကျန်းရှီလျန်တို့၏ တိုက်ပွဲကို ကြည့်ရင်း မိုကျန့်နန် အကြီးအကျယ် တုန်လှုပ်သွား၏။ ခြိမ်းခြောက်မှု ကြီးကြီးမားမားကို ခံစားလိုက်ရသည်။

မျက်စိနဲ့တပ်အပ် မမြင်ရရင် ပထမအလွှာက စတုတ္ထအလွှာကို ယှဉ်နိုင်တယ် ဆိုတာ ဘယ်သူ ယုံမှာလဲ။

"သူသာ လက်ပိုက်ကြည့်မနေရင် ငါ့သား သေမှာ မဟုတ်ဘူး..."

မိုကျန့်နန်၏ မျက်နှာထား အရုပ်ဆိုးလာသည်။ တွေးလေ ဒေါသထွက်လေ ဖြစ်ပြီး ဖုန်းဝူချန်ကို သတ်ချင်စိတ်များ ပိုမို ပြင်းထန်လာသည်။

မိုကျန့်နန်သည် ပဉ္စမအလွှာ ပညာရှင် ဖြစ်သဖြင့် ဖုန်းဝူချန်နှင့် ကျန်းရှီလျန် နှစ်ယောက်စလုံးထက် သာလွန်သည်။ သို့သော် 'အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်' ကြောင့် မလှုပ်ရှားရဲ ဖြစ်နေသည်။

မဟုတ်လျှင် ဖုန်းဝူချန်တို့ကို သတ်ရတာ သူတို့အတွက် ထမင်းစားရေသောက်သလောက် လွယ်ကူသည်။

‘ဟွန်း... မင်းတို့နှစ်ယောက် အထိနာတဲ့အချိန်ကျရင် မင်းတို့ သေနေ့ပဲ…’

မိုကျန့်နန် စိတ်ထဲတွင် ကြိမ်းဝါးလိုက်၏။ ထို့နောက် သူ့အကြည့်များက လင်ရှောင်ရှောင်ဆီသို့ ရောက်ရှိသွား၏။

‘ဒီကောင်မစုတ်လေးကို ဖမ်းထားလိုက်ရင် ဟိုကောင်လေး ထွက်ပြေးလို့ မရတော့ဘူး…’

ဟု မိုကျန့်နန် ကြံစည်လိုက်၏။

ဖုန်းဝူချန်၏ ကိုယ်ဖော့ပညာ ကောင်းလွန်းသဖြင့် ဖမ်းမိနိုင်မည် မဟုတ်မှန်း သူ သိသည်။

ထို့ကြောင့် ဖုန်းဝူချန်နှင့် ကျန်းရှီလျန် တိုက်ခိုက်နေစဉ်မှာပင် မိုကျန့်နန်သည် ကောင်းကင်သို့ ဒုံးစိုင်း ပျံတက်သွား၏။

"ရှောင်ရှောင်... သတိထား..."

ဖုန်းဝူချန် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်၏။

"မိုကျန့်နန်... ယုတ်မာလိုက်တဲ့ကောင်..."

ဟု ချူးရွှေရှန်လည်း ဒေါသတကြီး အော်ဟစ်လိုက်၏။

"ဟွန့်..."

လင်ရှောင်ရှောင် ‌တစ်ချက် နှာခေါင်းရှုံ့လိုက်၏။ သူမ၏ အေးစက်သော မျက်ဝန်းများက မိုကျန့်နန်ကို စူးစိုက်ကြည့်လိုက်၏။ ထို့နောက် အပြာရောင် အကာအကွယ်လွှာ တစ်ခု ဖန်တီးလိုက်ပြီး သူမနှင့် ချူးရွှေရှန်ကို လွှမ်းခြုံထားလိုက်တော့၏။

"ဘုန်း..."

"အွတ်..."

မျက်စိ တစ်မှိတ်စာ အတွင်းမှာပင် မိုကျန့်နန် ရောက်ရှိလာပြီး အပြာရောင် အကာအကွယ်လွှာကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လေဟင်းလင်းပြင် လှုပ်ခါသွား၏။ မိုကျန့်နန်၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွား၏။

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ပြန်ကန်ထွက်လာပြီး မိုကျန့်နန်ကို သွေးအန်ကာ အနောက်သို့ ဝရုန်းသုန်းကား လွင့်စင်သွားစေ၏။

"မိသားစုခေါင်းဆောင်..."

မိုမိသားစုဝင်များ ထိတ်လန့်သွားကြသည်။ အကြီးအကဲ သုံးယောက် ကောင်းကင်သို့ ရိပ်ခနဲ ပျံတက်လာကြသည်။

"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

မိုကျန့်နန် မျက်လုံးများ ပြူးကျယ်လျက် လင်ရှောင်ရှောင်ကို ငေးကြည့်နေမိသည်။

အခွင့်ကောင်းယူပြီး ဖမ်းမည် ကြံသော်လည်း၊ လင်ရှောင်ရှောင်၏ အတားအဆီးက ဒီလောက် အားကြီးနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

‘ဒီငတိမလေးမှာ ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ အတားအဆီး ရှိနေရတာလဲ…’

မိုကျန့်နန် ကြောက်လန့်တကြား ဖြစ်သွား၏။ အပြာရောင် အကာအကွယ်လွှာ၏ စွမ်းအားက သူထင်ထားတာထက် ကျော်လွန်နေသည်။

မိုကျန့်နန် မျက်နှာ ဖြူဖျော့နေပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွား၏။ သူက အားကုန်သုံးပြီး ရိုက်လိုက်လေ၊ ပြန်ကန်ထွက်လာသော စွမ်းအားက ပိုကြီးလေ ဖြစ်သွားခြင်းပင်။

လင်ရှောင်ရှောင်က မိုကျန့်နန်ကို ခံစားချက်ကင်းမဲ့စွာ ကြည့်ရင်း ပြောလိုက်၏။

"ကျွန်မ ရဲ့ အတားအဆီးကို ဖြိုခွဲချင်တယ် ဟုတ်လား... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ..."

ထိုအခါ၊ ဖုန်းဝူချန်က လှောင်ပြောင်သလို ဟားတိုက်လိုက်၏။

“မိသားစုခေါင်းဆောင်မို... ခင်ဗျားက ကိုယ့်ဒုက္ခ ကိုယ်ရှာတာပဲ...ဟားဟား”,

‘စွမ်းလိုက်တဲ့ အကာအကွယ်လွှာ... ပဉ္စမအလွှာတောင် မဖြိုခွဲနိုင်ဘူးတဲ့လား…’

ကျန်းရှီလျန်လည်း ကြိတ်၍ အံ့ဩသွားပြီး လင်ရှောင်ရှောင်ကို စိတ်ဝင်တစား ကြည့်လိုက်မိသည်။

"မိန်းကလေး ရှောင်ရှောင်... မိုကျန့်နန် ဒဏ်ရာရသွားပြီ... ကျုပ်အဆိပ်ပြေပြီး အားပြန်ပြည့်နေပြီ... ကျုပ်နဲ့ ပေါင်းပြီး မိုမိသားစုကို ရှင်းပစ်ရအောင်ပါ..."

ချူးရွှေရှန်က ရက်စက်စွာ ပြောလိုက်၏။

"ကောင်းပြီလေ..."

လင်ရှောင်ရှောင်က သွေးမျိုးဆက် စွမ်းအားကို အကုန်ထုတ်ဖော်လိုက်ရာ၊ သူမ၏ အရှိန်အဝါသည် ကောင်းကင်ဘုံလူသား တတိယအလွှာသို့ ရောက်ရှိသွား၏။

'သလင်းကျောက် ရေခဲဓား' ကို ထုတ်ယူလိုက်ပြီး ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။

"မိုကျန့်နန်ကို ငါ တာဝန်ယူမယ်..."

"ကျန်တဲ့ မိုမိသားစုဝင်တွေကို ကျုပ် ရှင်းမယ်..."

ချူးရွှေရှန်က ဟိန်းဟောက်လိုက်၏။

"ချူးရွှေရှန်... မင်းက မြို့စားမင်းကို သစ္စာဖောက်တာလား..."

အကြီးအကဲ တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်၏။

"ဟွန်း... သူက သံယောဇဉ် မရှိမှတော့ ငါက ဘာလို့ သစ္စာစောင့်သိရမှာလဲ... ငါ မျက်စိကန်းခဲ့တာပဲ... အရင် သံယောဇဉ်ကို ထောက်ပြီး မင်းတို့ကို ငါ မသတ်ဘူး... ဒါပေမဲ့ ဝင်ရှုပ်ရင်တော့ ငါ့ကို မညှာတာဘူးလို့ မပြောနဲ့..."

ချူးရွှေရှန်က ပြတ်သားစွာ ပြောလိုက်ပြီး မိုမိသားစု ပညာရှင်များဆီသို့ ပြေးဝင်သွား၏။

"ချူးရွှေရှန်... မင်း သေချင်နေတာပဲ... တိုက်..."

မိုမိသားစု အကြီးအကဲ တစ်ယောက်က အော်ဟစ်လိုက်၏။

တိုက်ပွဲကြီး ဖြစ်ပွားလာသည်။ လင်ရှောင်ရှောင်က ဒဏ်ရာရနေသော မိုကျန့်နန်ကို ရင်ဆိုင်ပြီး၊ ချူးရွှေရှန်က မိုမိသားစု အကြီးအကဲ သုံးယောက်နှင့် တိုက်ခိုက်နေသည်။

ထိုအချိန်တွင်... ဖုန်းဝူချန်နှင့် ကျန်းရှီလျန်တို့၏ အနီးကပ် တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါ၏။

ပြင်းထန်သော တိုက်ပွဲတစ်လျှောက်လုံး ကျန်းရှီလျန် အသာစီး မရခဲ့သည့်အပြင်၊ သူ့လက်သီးနှင့် ခြေထောက်များသာ နာကျင်လာသည်။ အခြေအနေ မဟန်တော့သဖြင့် ကျန်းရှီလျန် ပြတ်ပြတ်သားသား နောက်ဆုတ်လိုက်၏။

‘ဒီကောင်လေးရဲ့ ရုပ်ခန္ဓာ သိပ်သန်မာတာပဲ..’

ကျန်းရှီလျန် သတိထားမိလိုက်ပြီး မျက်နှာထား လေးနက်သွား၏။

"ဘုန်း..."

အနက်ရောင် အတောင်ပံများကို ခတ်လိုက်ပြီး ဖုန်းဝူချန်သည် ပေါက်ကွဲသံနှင့်အတူ ပြေးဝင်လာသည်။ ကျန်းရှီလျန်ကို အနားပေးမည့်ပုံ မပေါ်ပေ။

ကျန်းရှီလျန်၏ မျက်နှာထား မည်းမှောင်သွားပြီး အရှိန်အဝါ ပြောင်းလဲသွား၏။ ရေဓာတ် အစစ်အမှန် ယွမ်စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး လေထဲတွင် လက်ဟန်များ ရေးဆွဲလိုက်၏။

"အစွမ်းပြရတော့မှာပေါ့..."

ကျန်းရှီလျန်က ရက်စက်စွာ ပြောလိုက်ရင်း သူ့ပတ်လည် မီတာတစ်ထောင် အတွင်းတွင် လက်သီးဆုပ်လောက် ရှိသော ရေစက်များ လေထဲတွင် ခဲသွား၏။

ကျန်းရှီလျန်သည် ပြေးဝင်လာသော ဖုန်းဝူချန်ကို လက်ဝါးဖြင့် ချိန်ရွယ်လိုက်ပြီး တိုက်ကွက် ဖော်ထုတ်လိုက်၏။

"နှလုံးသည်းပွတ်ထိုးဖောက် ဓားတစ်ထောင်..."

"ရွှစ်... ရွှစ်.. ရွှစ်.."

"ဝီ..."

ရေစက်များသည် ရေဓားများအဖြစ် ပြောင်းလဲသွားပြီး ကြယ်ကြွေသကဲ့သို့ တပြိုင်နက်တည်း ပစ်ခွင်းလာကြ၏။

"ကလေးကစားစရာတွေ..."

ဖုန်းဝူချန်က မထီမဲ့မြင် ရှုံ့ချလိုက်ပြီးနောက် အတောင်ပံများကို ခတ်လိုက်ပြီး ရေဓား ထောင်သောင်းချီကို ဂရုမစိုက်ဘဲ တိုးဝင်သွားတော့၏။

အခန်း (၄၉၇) - ကျန်းရှီလျန်ကို သတ်ဖြတ်ခြင်း

~"ကလေးကစားစရာ ဟုတ်လား... သောက်ကလေး... မင်း နောင်တရစေရမယ်..."

ဖုန်းဝူချန်၏ အထင်သေးမှုကို မြင်လိုက်ရသောအခါ ကျန်းရှီလျန်၏ မျက်နှာပေါ်တွင် မကောင်းဆိုးဝါး အပြုံးတစ်ခု ပေါ်လာသည်။

"ဝီ... ဝီ..."

ကျန်းရှီလျန်သည် ရေဓာတ် အစစ်အမှန် ယွမ်စွမ်းအား အပြင်၊ မိုးကြိုးဓာတ် စွမ်းအားကိုပါ ထပ်မံ ထုတ်ဖော်လိုက်၏။ ကြောက်မက်ဖွယ် စွမ်းအားများ သိပ်သည်းလာပြီး သူ့တစ်ကိုယ်လုံး လျှပ်စီးများဖြင့် ဖုံးလွှမ်းသွား၏။

"ဂျိမ်း... ဂျိမ်း..."

ကျန်းရှီလျန်၏ လက်ဖဝါးထဲတွင် မိုးကြိုးလျှပ်စီးများကို ဆုပ်ကိုင်ထားပြီး မိုးကြိုးနတ်ဘုရား တစ်ပါးအလား ထင်မှတ်ရသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ လျှပ်စီးတန်းများ ပစ်ထွက်သွားပြီး ရေဓား ထောင်သောင်းချီကို ချိတ်ဆက်ကာ ဧရာမ လျှပ်စီးပိုက်ကွန်ကြီး တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်၏။

ရေနှင့် မိုးကြိုး ပေါင်းစပ်လိုက်သော စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။

ကောင်းကင်ယံတွင် ဧရာမ လျှပ်စီးပိုက်ကွန်ကြီး ဖွဲ့တည်လာသည်ကို မြင်လိုက်ရသောအခါ မိုမိသားစုနှင့် မြို့စားမင်း အိမ်တော်မှ ပညာရှင်များ အားလုံး စိုးရိမ်တကြီး ဖြစ်ကုန်ကြသည်။ ကျန်းရှီလျန်၏ စွမ်းအားကို အံ့ဩမဆုံး ဖြစ်နေကြသည်။

"ဟွန်း... ပိုးကောင်လေး... ဒီထဲမှာ အမိခံပြီး သေလိုက်စမ်း..."

ကျန်းရှီလျန်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး လက်ကို ဆုပ်လိုက်ရာ လျှပ်စီးပိုက်ကွန်ကြီးသည် ဖုန်းဝူချန်အပေါ် ကျုံ့သွား၏။

ဖုန်းဝူချန် ဓာတ်လိုက်ပြီး သေဆုံးတော့မည့် မြင်ကွင်းကို ကြိုမြင်နေရသကဲ့သို့ ကျန်းရှီလျန် ကျေနပ်နေသည်။

"ကျုပ်ကို ဖမ်းနိုင်မယ် ထင်နေတာလား..."

ဖုန်းဝူချန်က မထီမဲ့မြင် ပြုံးလိုက်၏။

"ဝူး.. ူး..."

ဖုန်းဝူချန်၏ စွမ်းအားများ ရူးသွပ်စွာ သိပ်သည်းလာသည်။ တစ်ချိန်တည်းမှာပင် လက်သီးတွင် စွမ်းအားများ စုစည်းလိုက်ရာ သွေးရောင် အလင်းတန်းများ တောက်ပလာသည်။ လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခု ဖွဲ့တည်သွားပြီး ဟင်းလင်းပြင် လှုပ်ခါသွား၏။

ဖုန်းဝူချန်က ထိပ်တိုက် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ပုံရသည်။

"သေလမ်းရှာနေတာပဲ..."

ဟု ကျန်းရှီလျန်က ခံစားချက်ကင်းမဲ့စွာ မှတ်ချက်ချလိုက်၏။ ဖုန်းဝူချန် ခုခံကာကွယ်ဖို့ ကြိုးစားတာကို သူ လိုချင်နေခြင်းသာ ဖြစ်လေ၏။

သို့သော်... ကျန်းရှီလျန် စကားဆုံးသည့် တစ်ခဏမှာပင် သူ့မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွား၏။ မျက်လုံးများ ပြူးကျယ်လာပြီး မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွား၏။

ဖုန်းဝူချန်သည် ကြောက်မက်ဖွယ် လျှပ်စီးပိုက်ကွန်ကြီးကို ဘာမှ မဖြစ်သလို ဖြတ်သန်းသွားသည်ကို သူ မြင်လိုက်ရသောကြောင့်ပင်။ လျှပ်စီးနှင့် ရေဓားများက ဖုန်းဝူချန်ကို အမွေးတစ်ပင်မျှ မထိခိုက်စေခဲ့ပေ။

"မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး..."

ကျန်းရှီလျန် ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

"သူ ဘာမှ မဖြစ်ပါလား..."

"ငါ မျက်စိမှားနေတာလား... ဒီလောက် ကြောက်စရာကောင်းတဲ့ ရေနဲ့ မိုးကြိုး စွမ်းအားတွေကို သူက ဘာမှ မဖြစ်ဘဲ ဖြတ်ကျော်သွားတာလား..."

"တကယ်ကို မယုံနိုင်စရာပဲ... သူ ဘယ်လိုလုပ်လိုက်တာလဲ... ကိုယ်ဖော့ပညာ သုံးပြီး ရှောင်လိုက်တာလား..."

ကြည့်ရှုသူ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ ဒီလို ထူးဆန်းအံ့ဖွယ် မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

လျှပ်စီးပိုက်ကွန်ကြီးကို ဖြတ်ကျော်ပြီးနောက် ဖုန်းဝူချန်သည် ကျန်းရှီလျန်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာသည်။

"ရှေးဦး နဂါးနတ်ဘုရား လက်သီး .."

လက်သီးတွင် သည်းထန်သော စွမ်းအားများ စုစည်းနေသည်။ မျက်စိ တစ်မှိတ်စာ အတွင်းမှာပင် ဖုန်းဝူချန်သည် ကျန်းရှီလျန်၏ ရင်ဘတ်ကို အရှိန်ပြင်းပြင်း ထိုးချလိုက်၏။

"မြေကမ္ဘာအဆင့် သိုင်းပညာ..."

ဖုန်းဝူချန်၏ လက်သီးချက်မှ စွမ်းအားကို အာရုံခံမိလိုက်သည်နှင့် ကျန်းရှီလျန် မျက်နှာ ဖြူဖျော့သွား၏။ အန္တရာယ် ကျရောက်လာပြီ ဖြစ်ကြောင်း သူ သိလိုက်၏။

စဉ်းစားချိန် မရလိုက်ဘဲ ကျန်းရှီလျန်သည် မိုးကြိုးဓာတ် အစစ်အမှန် ယွမ်စွမ်းအားများကို အလျင်အမြန် စုစည်းပြီး လက်နှစ်ဖက်ကို ပူးကပ်ကာ အော်ဟစ်လိုက်၏။

"ချန်ခွင်း မိုးကြိုးဒိုင်း .."

မိုးကြိုးဒိုင်းကြီး တစ်ခု ကျန်းရှီလျန်၏ ရှေ့တွင် ပေါ်ထွက်လာသည်။

"ကာကွယ်နိုင်မယ် ထင်နေလား..."

ဖုန်းဝူချန်က ခံစားချက်ကင်းမဲ့စွာ မေးလိုက်ပြီး လက်သီးချက် တစ်ခု ပစ်သွင်းလိုက်၏။

"ဘုန်း..."

"အွတ်..."

ရက်စက်သော လက်သီးချက်သည် မိုးကြိုးဒိုင်းနှင့် ဘုန်းခနဲ ထိတိုက်မိသည်။ ပေါက်ကွဲသံနှင့်အတူ ဒိုင်းကြီး တစစီ ကျိုးကြေသွား၏။ ဘာမှ ခုခံနိုင်စွမ်း မရှိခဲ့ပေ။ ဖုန်းဝူချန်၏ လက်သီးသည် ကျန်းရှီလျန်၏ ရင်ဘတ်ကို ထိမှန်သွားပြီး သွေးများ အန်ထွက်လာသွားစေ၏။ ကျန်းရှီလျန် နောက်သို့ လွင့်စင်သွားရလေသည်။

"ဒီသောက်ကလေးက ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအား ရှိနေရတာလဲ... ဘာလို့ ငါ့ရဲ့ ရေနဲ့ မိုးကြိုး စွမ်းအားတွေက သူ့ကို မထိခိုက်ရတာလဲ..."

ကျန်းရှီလျန် ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ ရင်ဘတ်ထဲတွင် နံရိုးများ ကျိုးသွားသလို နာကျင်နေသည်။

'ရှေးဦး နဂါးနတ်ဘုရား လက်သီး' ၏ စွမ်းအားသည် လက်သီးချက် ရာပေါင်းများစွာကို တစ်ချက်တည်း စုစည်းထားသကဲ့သို့ ပြင်းထန်လွန်းလှသည်။ ကျန်းရှီလျန် ဘယ်လောက်ပဲ စွမ်းပါစေ၊ ခံနိုင်ရည် မရှိခဲ့ပေ။

ဒီလက်သီးချက်ကြောင့် ကျန်းရှီလျန် အကြီးအကျယ် ဒဏ်ရာရသွားခဲ့ချေပြီ။

"ရှီး..."

ကြည့်ရှုသူ အားလုံး လေစုပ်သံ ထွက်သွားကြသည်။

"မြေကမ္ဘာအဆင့် သိုင်းပညာက တကယ် ကြောက်စရာ ကောင်းတာပဲ... ဒါ အဆင့်မြင့် အဆင့်တောင် ဖြစ်လောက်တယ်..."

"လက်သီးတစ်ချက်တည်းနဲ့ ကျန်းရှီလျန်ကို ဒဏ်ရာရစေတာလား... ကြောက်စရာကြီး..."

"ဒီကောင်လေးက ဘီလူးပဲ... ပထမအလွှာလေးနဲ့ ဒီလောက် စွမ်းအား ရှိနေတာ..."

ပရိသတ်ကြီး တုန်လှုပ်ချောက်ခြားနေကြသည်။

ကောင်းကင်ယံထက်တွင်... ကျန်းရှီလျန်ကို ဒဏ်ရာရစေပြီးနောက် ဖုန်းဝူချန်သည် 'အထွတ်အထိပ် နဂါးနတ်ဘုရား ဓား' ကို ထုတ်ယူလိုက်ရာ အရှိန်အဝါများ ရူးသွပ်စွာ မြင့်တက်လာပြန်သည်။

"ဝိညာဉ်လက်နက်... ပြီးတော့ ဒုတိယအဆင့် ပုံသွင်းထားတာ..."

"သူ့အရှိန်အဝါတွေ ထပ်တက်လာပြန်ပြီ..."

"ဒုတိယအဆင့် ပုံသွင်းထားတဲ့ ဓားပျံတဲ့လား..."

ဟု အရာရှိများ ထပ်မံ၍ အလန့်တကြား အော်ဟစ်မိကြသည်။

"ကိုယ့်သေတွင်း ကိုယ်တူးတာ ခင်ဗျားပဲ..."

ဖုန်းဝူချန်က ခံစားချက်မပါသော မျက်နှာထားဖြင့် ပြောလိုက်ပြီး ဓားကိုကိုင်ကာ လျှပ်စီးအလား ပြေးဝင်သွား၏။

ကျန်းရှီလျန် အသည်းအသန် ဟန်ချက်ထိန်းလိုက်၏။ မျက်နှာ ဖြူဖျော့နေပြီး အသက်ရှုသံများ ပြင်းနေသည်။

ကျန်းရှီလျန်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုနှင့် ရက်စက်မှုများ ရောပြွန်းနေသည်။ ဖုန်းဝူချန်ကို ကြည့်ရင်း ရင်ထဲတွင် ထိတ်လန့်နေမိ၏။

ဖုန်းဝူချန်၏ စွမ်းအားသည် ကြီးမားလွန်းသည်။ ဓားပျံပါ ထုတ်သုံးလိုက်ပြီ ဆိုတော့ သူ့တိုက်ခိုက်စွမ်းရည်က ပိုမြင့်တက်လာလေ၏။ ပ‌ဥ္စမအလွှာအောက်ရှိ မည်သူမျှ သူ့ပြိုင်ဘက် မဟုတ်နေပေ။

"ရွှစ်..."

ကျန်းရှီလျန် လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး ပြန်ခွာလိုက်ရာ အလင်းဖြူတန်း တစ်ချက် လက်ခနဲ ဖြစ်သွား၏။ အလယ်အလတ် အဆင့် ဝိညာဉ်လက်နက် ကျောက်စိမ်းပြား တစ်ခု ပေါ်ထွက်လာသည်။

ရတနာကို အသက်သွင်းလိုက်ရာ ကျန်းရှီလျန်၏ အရှိန်အဝါ မြင့်တက်လာသည်။ သို့သော် ဒဏ်ရာရထားသဖြင့် သူ့အထွတ်အထိပ် အခြေအနေကို မမှီတော့ပေ။

ကျန်းရှီလျန်၏ မျက်လုံးများ ရက်စက်စွာ တောက်ပသွားပြီး ပါးစပ်မှ 'အဆီအနှစ် သွေး' တစ်ပွက် မှုတ်ထုတ်လိုက်၏။ သူ့အရှိန်အဝါသည် ရုတ်ချည်းဆိုသလို မိုးထိအောင် မြင့်တက်သွားပြီး အထွတ်အထိပ် အခြေအနေကိုပင် ကျော်လွန်သွား၏။

"အဆီအနှစ် သွေး..."

ဖုန်းဝူချန် အနည်းငယ် အံ့ဩသွား၏။

"သောက်ကလေး... မင်းက ငါ့ကို ဒီအဆင့်ထိရောက်အောင် တွန်းပို့တဲ့ ပထမဆုံးလူပဲ..."

ကျန်းရှီလျန် မျက်နှာတစ်ခုလုံး သွေးကြောများ ထောင်ထနေပြီး ရက်စက်စွာ ဟိန်းဟောက်လိုက်၏။ သတ်ဖြတ်လိုစိတ်များ အလွန် ပြင်းထန်နေသည်။

"မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းပညာ... ကြယ်တာရာ ဖျက်ဆီး ချန်ခွင်း..."

ကျန်းရှီလျန် လေထဲတွင် လက်ဟန်များ ရေးဆွဲလိုက်ပြီး လက်ဝါးဖြင့် ရိုက်ချလိုက်၏။ အစိမ်းရောင် စွမ်းအင်တန်း တစ်ခု ပစ်ထွက်လာသည်။

"ဘုန်း..."

"ဝီ... ဝီ..."

အစိမ်းရောင် အလင်းတန်းသည် ဓားအလင်းတန်းနှင့် ထိတိုက်မိသည်။ ပေါက်ကွဲသံကြီးနှင့်အတူ ဓားအလင်းတန်းကို ဖျက်ဆီးပစ်လိုက်ပြီး အတားအဆီးမရှိ ဖုန်းဝူချန်ဆီသို့ ဆက်လက် တိုးဝင်လာသည်။

"ဝိညာဉ်ချေမှုန်း ဓားသိုင်းပညာ... ဝိညာဉ်ချေမှုန်း နတ်ငိုသရဲအော်သံ..."

ဖုန်းဝူချန်၏ မျက်နှာထား လေးနက်သွား၏။ ဒီစွမ်းအားကို လျှော့တွက်၍ မရပေ။ ချက်ချင်းပင် နဂါးနတ်ဘုရား ဓားထဲသို့ စွမ်းအားအကုန် ပို့လွှတ်လိုက်၏။ လွှမ်းမိုးနိုင်သော ကြီး သိပ်သည်းလာပြီး၊ ကြောက်မက်ဖွယ် ဓားအလင်းတန်းကြီး ထွက်ပေါ်လာသည်။

"မြေကမ္ဘာအဆင့် ဓားသိုင်း..."

၎င်းအား မြင်သော် ၊ ကျန်းရှီလျန် မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားရ၏။

ပရိသတ်ကြီး ထပ်မံ အော်ဟစ်လိုက်ကြသည်။

ထက်ရှလိုက်သည့် ဓားစိတ်ဆန္ဒ…။

“ဘုန်း... ဘုန်း... ဘုန်း”

ဖျက်ဆီးခြင်း စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံလိုက်ကြသည်။ ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီး နှစ်ယောက်စလုံး သွေးအန်ကာ နောက်သို့ လွင့်စင်သွားကြသည်။ လေဟာနယ် လှုပ်ခါသွား၏။

‘တောက်... ဒီသောက်ကလေးမှာ လျှို့ဝှက်အကွက် ကျန်နေသေးတာလား…’

ကျန်းရှီလျန် စိတ်ထဲတွင် ကျိန်ဆဲလိုက်မိသည်။

"ဝီ..."

လွင့်စင်သွားသော ကျန်းရှီလျန်သည် ရုတ်တရက် လေတိုးသံ တစ်ခု ကြားလိုက်ရပြီး မျက်နှာပျက်သွား၏။

သေချာကြည့်လိုက်သောအခါ သွေးရောင် အလင်းတန်းတစ်ခု သူ့ဆီသို့ ပြေးဝင်လာနေသည်ကို တွေ့လိုက်ရသည်။ ဖုန်းဝူချန်၏ နဂါးနတ်ဘုရား ဓားပင် ဖြစ်၏။

‘သွားပြီ…’

ကျန်းရှီလျန်၏ ဝိညာဉ် လွင့်ထွက်သွားသလို ခံစားလိုက်ရသည်။

"ဒုတ်..."

နဂါးနတ်ဘုရား ဓားသည် ကျန်းရှီလျန်၏ ရင်ဘတ်ကို ရက်စက်စွာ ထိုးဖောက်သွားလေသည်။

"ကောင်းကင်ဘုံလူသား ပထမအလွှာလေးကို ရှုံးနိမ့်ရတယ်တဲ့လား..."

ကျန်းရှီလျန် လက်မခံနိုင်စွာ ရေရွတ်ရင်း အောက်သို့ ထိုးကျသွားလေတော့၏။

အခန်း (၄၉၈) - ပေါင်းစည်းခြင်းနှင့် အဆင့်ချိုးဖျက်ခြင်း

~ပျက်စီးခြင်းစွမ်းအားများ သိပ်သည်းလာသည့် တခဏတာ အချိန်အတွင်းမှာပင် ဖုန်းဝူချန်သည် မိမိရရှိထားသော ဒဏ်ရာများကို လုံးဝ ဂရုမပြု။ 'ကမ္ဘာပျက် စွမ်းအား' များ စီးဆင်းနေသည့် နဂါးနတ်ဘုရားဓားကို အရှိန်ပြင်းစွာ ပစ်လွှတ်လိုက်လေ၏။

ပေါက်ကွဲအားများ မည်မျှပင် ပြင်းထန်ပါစေ၊ နဂါးနတ်ဘုရားဓား၏ အဟုန်ကိုမူ တားဆီးနိုင်ခြင်း အလျဉ်းမရှိချေ။

ထိုအခိုက်အတန့်တွင် နဂါးနတ်ဘုရားဓားသည် တကယ့်ကို တားဆီးမရနိုင်သော ရှေးဟောင်း နတ်ဘုရားဓားတစ်လက်အလား ထင်မှတ်ရပေသည်။

ကျန်းရှီလျန်ခမျာ ဤသို့သော အခြေအနေဆိုးကြီးကြားမှ ဖုန်းဝူချန်၏ လက်ချက်ဖြင့် သေဆုံးရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပါချေ။

တုန်လှုပ်ဖွယ် ပေါက်ကွဲအားများက ဤဓားကို အဘယ်ကြောင့် မတားဆီးနိုင်ရသနည်း။ ဤအဖြစ်အပျက်ကို မည်သူက ယုံကြည်နိုင်ပါမည်နည်း။

အောက်ဘက်ရှိ လူအုပ်ကြီးမှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး၊ ကျန်းရှီလျန်၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကိုသာ ကြောင်ငေးကြည့်နေမိကြတော့၏။ သူ့ထံမှ အသက်ငွေ့ကိုလည်း မခံစားရတော့‌ပေ။

"ဝှစ်"

လေတိုးသံ တိုးတိုးမျှသာ ကြားလိုက်ရပြီး၊ သွေးရောင်အလင်းတန်းတစ်ခုသည် လျှပ်စီးလက်သကဲ့သို့ ပြန်ကွေ့လာကာ ဖုန်းဝူချန်ရှေ့တွင် ငြိမ်သက်စွာ ရပ်တန့်သွားလေ၏။

ဤသည်ကား... နဂါးနတ်ဘုရားဓားပင် ဖြစ်ချေသည်။

ဖုန်းဝူချန်သည် ဓားကို လှမ်းဖမ်းလိုက်ရင်း ကျေနပ်အားရစွာ ပြုံးလိုက်မိသည်။

ဤတိုက်ပွဲတွင် သူ အနိုင်ရခဲ့ပြီဆိုသည်မှာ သံသယဖြစ်စရာ မလိုတော့ပေ။

"နောက်ဆုံး ဓားချက်က တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်"

"အဲဒီကောင်လေးရဲ့ ဓားသိုင်းက မြေကမ္ဘာအဆင့် သိုင်းပညာ ဖြစ်လောက်တယ်။ ငါ ဒီလောက်ကြမ်းတဲ့ ဓားသိုင်းမျိုး တစ်ခါမှ မမြင်ဖူးဘူး"

"ကျန်းရှီလျန်က တကယ်ကြီး... သူ့လက်ချက်နဲ့ သေသွားခဲ့တာပဲဟ"

လူတိုင်းသည် ကြောက်လန့်တကြား ရေရွတ်နေကြပြီး ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် တိုက်ခိုက်နိုင်စွမ်းကြောင့် တစ်ကိုယ်လုံး တုန်ယင်နေမိကြတော့၏။

လင်ရှောင်ရှောင်သည် ကောင်းကင်ယံထက်တွင် ဒဏ်ရာများနှင့် ရပ်တည်နေသော ဖုန်းဝူချန်ကို လှမ်းကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်လေ၏။

"အစ်ကိုကြီးဖုန်း... ဒဏ်ရာတွေ ဘယ်လိုနေသေးလဲဟင်... သက်သာရဲ့လား"

ဖုန်းဝူချန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း ပြန်ဖြေလိုက်၏။

"ကိစ္စမရှိပါဘူး ရှောင်ရှောင်ရာ... ဒဏ်ရာအနည်းငယ် ရသွားရုံပါ"

ပြောပြောဆိုဆိုပင် သူက 'ရုန်ရှဲ့ တာဟွမ် ဆေးလုံး' နှင့် 'သတ္တရောင်ခြယ် အသက်ဆက်ဆေးလုံး' တို့ကို ထုတ်ယူကာ ဝါးစားလိုက်လေ၏။

ထိုအခိုက်အတန့်မှာပင် ဒဏ်ရာပြင်းထန်စွာ ရထားသော မိုကျန့်နန်သည် အခွင့်ကောင်းကို တွေ့သွားပြီး လင်ရှောင်ရှောင်ကို အလစ်ဝင်တိုက်ရန် ကြိုးစားလေတော့၏။ သူ၏ ပုံရိပ်သည် လင်ရှောင်ရှောင်ထံသို့ လျှပ်စီးလို ပြေးဝင်သွားပြီး လက်ဝါးဖြင့် ရိုက်ထည့်ရန် ပြင်လိုက်၏။

မိုကျန့်နန်သည် ဒဏ်ရာပြင်းထန်နေသဖြင့် ကောင်းကင်ဘုံလူသား နဝမအလွှာ၏ စွမ်းအားကို အပြည့်အဝ မထုတ်နိုင်တော့ချေ။ လင်ရှောင်ရှောင်နှင့် တိုက်ခိုက်ရင်း အချိန်ကြာလာသည်နှင့်အမျှ ဒဏ်ရာများက ပိုဆိုးလာခဲ့ပြီဖြစ်၏။

"ဝှစ်"

"ဝှစ်"

မိုကျန့်နန်၏ အလစ်တိုက်ခိုက်မှုကို ဖုန်းဝူချန်က ချက်ချင်း ရိပ်မိလိုက်၏။ 'လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း' သိုင်းကွက်ကို သုံးကာ ကြားမှနေ၍ ဖြတ်တားလိုက်လေ၏။

နောက်တစ်စက္ကန့်တွင်တော့ ဖုန်းဝူချန်၏ နဂါးနတ်ဘုရားဓားသည် မိုကျန့်နန်၏ ရင်ဘတ်ကို ဖောက်ထွက်နေပြီ ဖြစ်ပေသည်။

"မိသားစုခေါင်းဆောင်"

ဒဏ်ရာပြင်းထန်စွာ ရထားကြသော အကြီးအကဲသုံးဦးသည်လည်း ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

မိုမိသားစုဝင်များအားလုံး ကြောက်လန့်တကြားဖြစ်ကုန်ပြီး တစ်ကိုယ်လုံး တုန်ယင်လာကြတော့၏။ မိုကျန့်နန်သည် သူ၏ ရင်ဘတ်ကို ကြောက်လန့်တကြား ငုံ့ကြည့်လိုက်ပြီးနောက် ဖုန်းဝူချန်ကို လှည့်ကြည့်လိုက်လေ၏။

"ခင်ဗျား..."

ဖုန်းဝူချန်သည် လူသားတစ်ယောက်၏ ခံစားချက်ကင်းမဲ့နေသည့် အေးစက်စက် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ပြောလိုက်၏။

“ကျုပ်က ခင်ဗျားတို့ မိုမိသားစုကို အစကတည်းက ရန်စဖို့ စိတ်ကူးမရှိခဲ့ပါဘူး... ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်ရဲ့ သည်းခံနိုင်စွမ်း စည်းကို ကျော်လာတာကိုး"

နဂါးနတ်ဘုရားဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည့်အခါ မိုကျန့်နန် မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားလေသည်။

ဖုန်းဝူချန်သည် လှည့်မကြည့်ဘဲ ခံစားချက်ကင်းမဲ့စွာ ညွှန်ကြားလိုက်၏။

"ချူးရွှေရှန်... မိုမိသားစု ပျက်စီးသွားပြီ။ ကျန်တဲ့ကိစ္စတွေကို ခင်ဗျားသဘောသာ စီစဉ်လိုက်ပေတော့"

ထိုအခါ၊ ချူးရွှေရှန်က လေးလေးစားစား ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့ပါ သခင်လေးဖုန်း"

သူ့ဒဏ်ရာများ အပြည့်အဝ မပျောက်ကင်းသေးသော်လည်း မိုမိသားစု အကြီးအကဲသုံးယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်ခဲ့ပါသေးသည်။

ဖုန်းဝူချန်ကမူ လေဟာနယ်ထဲ၌ပင် တင်ပျဉ်ခွေထိုင်ကာ ဒဏ်ရာကို ကုစားနေလိုက်၏။ လင်ရှောင်ရှောင်က သူ့ဘေးတွင် အစောင့်အရှောက်အဖြစ် နေပေးထားလေ၏။

တဆက်တည်းမှာပင် ချူးရွှေရှန်သည် ပြင်းထန်သော တိုက်ခိုက်မှုများကို စတင်လိုက်တော့၏။ အားပြင်းသည့် သိုင်းကွက်များကို တစ်ခုပြီးတစ်ခု ထုတ်သုံးလိုက်သည့်အခါ ဒဏ်ရာရနေသော အကြီးအကဲသုံးယောက်ခမျာ မရှုမလှ သေဆုံးသွားကြတော့သည်။

နောက်ဆုံးတွင်တော့ မိုမိသားစုတစ်ခုလုံး ချူးရွှေရှန်၏ လက်ချက်ဖြင့် သွေးချောင်းစီးခဲ့ရပါတော့၏။ မိုမိသားစု ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်လေ၏။ ကျန်းရှီလျန်၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရထားသော ကန်ဟိုင်ဖုန်းလည်း သေခြင်းတရားမှ မလွတ်မြောက်နိုင်ခဲ့ပေ။

မြို့ထဲရှိ အခြားလူများကိုမူ အတိတ်က သံယောဇဉ်များကြောင့် ချူးရွှေရှန်က အပြတ်ရှင်းရန် မလုပ်ဆောင်ဘဲ လွှတ်ပေးလိုက်လေ၏။

ဒဏ်ရာများ သက်သာသွားသည့်အခါ ဖုန်းဝူချန်နှင့် သူ့အဖော်များသည် အဆိပ်မိနေသူများကို ကယ်တင်ရန် ပန်းတစ်ရာမြို့တော်သို့ ဦးစွာ သွားခဲ့ကြပြီးမှ နဂါးနတ်ဘုရားနန်းတော်သို့ ပြန်လာခဲ့ကြသည်။

နဂါးနတ်ဘုရားနန်းတော်သို့ ပြန်ရောက်မှသာ ချူးရွှေရှန်တစ်ယောက် ဖုန်းဝူချန်၏ အစစ်အမှန် အထောက်အထားကို သိလိုက်ရတော့၏။ ဖုန်းဝူချန်က နဂါးနတ်ဘုရားနန်းတော်၏ သခင် ဖြစ်နေလိမ့်မည်ဟု သူ ဘယ်လိုလုပ် ထင်ထားမိပါမည်နည်း။

စတင်ဖွဲ့စည်းခါစ အင်အားစုတစ်ခု ဖြစ်သော်လည်း နဂါးနတ်ဘုရားနန်းတော်၏ ပထမဆုံး တိုက်ပွဲသည် အင်အားကြီးအဖွဲ့အစည်း နှစ်ခုကို ချေမှုန်းနိုင်ခဲ့ပြီး လူပေါင်း ခုနစ်ရာကျော်ကို သတ်ဖြတ်နိုင်ခဲ့ပေသည်။ ထိုတိုက်ပွဲကြောင့် သူတို့နာမည်မှာ ကြယ်တာရာ နယ်မြေတစ်ခုလုံး၌ ဟိန်းထွက်သွားခဲ့ချေပြီ။

ယခုဆိုလျှင် နဂါးနတ်ဘုရားနန်းတော် တည်ရှိနေမှန်းကို ကြယ်တာရာနယ်မြေမှ အဖွဲ့အစည်း အကြီးအသေး အကုန်လုံး သိရှိသွားကြပြီဖြစ်၏။ ဖုန်းဝူချန်၏ ဂုဏ်သတင်းမှာလည်း နေရာအနှံ့ ဖွဲ့တည်သွားခဲ့လေ၏။

သို့သော် ချူးရွှေရှန်ကို ပို၍ အံ့သြသွားစေသည်မှာ ဝူကျိနယ်မြေ၏ အစွမ်းအထက်ဆုံး ဆဌမအဆင့် ဆေးပညာရှင် ဟန်ခွန်းက နဂါးနတ်ဘုရားနန်းတော်သို့ ဝင်ရောက်ထားပြီး ဖုန်းဝူချန်ကို "ဆေးဧကရာဇ်" ဟု ခေါ်ဝေါ်နေခြင်းပင်။

စုံစမ်းမေးမြန်းကြည့်လိုက်တော့မှ ဖုန်းဝူချန်သည် တကယ်ပင် ဆေးဧကရာဇ် အဆင့်ရောက်နေပြီး၊ သူ၏ "အတွေးတစ်ချက်ဖြင့် ဆေးလုံးဖော်စပ်ခြင်း" နတ်ဘုရားစွမ်းရည်မှာ အံ့မခန်း အဆင့်ရောက်နေမှန်း သိလိုက်ရသည်။

ဖုန်းဝူချန်၏ ကြောက်စရာကောင်းပုံကို သိလိုက်ရသော ချူးရွှေရှန်သည် သူ့ဘက်ကို ဝင်လိုက်မိသည်မှာ မှန်ကန်သည်ဟု ယူဆကာ ကြိတ်၍ ဝမ်းသာနေမိတော့၏။

နန်းတော် ခန်းမဆောင်ကြီးအတွင်း၌ ဟန်ခွန်းက လေးလေးစားစား လျှောက်တင်လိုက်၏။

"ဆေးဧကရာဇ်... ဝင်္ကပါပင်လယ်နယ်မြေမှာ ကျင်းပမယ့် ဆေးပညာ ညီလာခံက မကြာခင် စတော့မယ်။ ကျွန်တော် အဲဒီကို အရင်သွားပြီး မိတ်ဆွေဟောင်းတချို့နဲ့ သွားတွေ့ချင်လို့ပါ... ခွင့်ပြုပေးပါခင်ဗျာ"

ဖုန်းဝူချန်က ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်လေ၏။

"သွားလေ... ကိစ္စမရှိပါဘူး။ နဂါးနတ်ဘုရားနန်းတော်က ဘယ်သူ့ကိုမှ ချုပ်ချယ်မထားပါဘူး။ ငါ အချိန်ရရင် လာခဲ့မယ်"

"ကျေးဇူးတင်ပါတယ် ဆေးဧကရာဇ်"

ဟန်ခွန်းက ကျေးဇူးတင်စကား ဆိုလိုက်ပြီး ဝင်္ကပါပင်လယ်နယ်မြေသို့ သွားရောက်ရန် စိတ်အားထက်သန်နေပါတော့၏။

နဂါးနတ်ဘုရားနန်းတော်တွင် စွမ်းအားဧရာမ ကိုးထပ်ချန်ခွန်း နတ်ဘုရားသတ် အစီအရင် ရှိနေသဖြင့် 'ထျန်းကျီဘုံ' အောက် ကျင့်ကြံသူ မည်သူမျှ ဖောက်ဝင်၍ မရနိုင်ချေ။ ထို့ကြောင့် ဖုန်းဝူချန်အနေဖြင့် နန်းတော်လုံခြုံရေးအတွက် မည်သို့မျှ ပူပန်စရာမလိုပေ။

ခန်းမဆောင်မှ ထွက်လာပြီးနောက် ဖုန်းဝူချန်သည် နောက်ဖေးဆောင်သို့ သွားပြီး မြေပုံကို သေချာ စစ်ဆေးကြည့်လိုက်၏။

မြေပုံပေါ်တွင် မိုမိသားစု အရင်က မှတ်သားထားသော နေရာလေးခု ရှိနေ၏။ သူတို့၏ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ရတနာများ ဝှက်ထားနိုင်ခြေ အများဆုံးနေရာများ ဖြစ်ပေသည်။

ထိုနေရာလေးခုသည် တိုက်ကြီးအနှံ့ ဖြန့်ကျက်တည်ရှိနေခြင်း ဖြစ်၏။ နဂါးဆိုးကြီး၏ မှတ်ဉာဏ်များ ရှိနေသော ဖုန်းဝူချန်ကမူ ဤနေရာလေးခုစလုံးကို သိရှိနေ၏။

သို့သော် ဖုန်းဝူချန်ကို အံ့သြသွားစေသည်မှာ... ထိုလေးနေရာထဲမှ တစ်နေရာသည် "နတ်ဘုရား အပြစ်ပေးခြင်း စွမ်းအား" ရှိသည့်နေရာနှင့် တစ်ထပ်တည်း ဖြစ်နေခြင်းပင်။

နဂါးမျိုးနွယ် ဘိုးဘေးများ ဖုန်းဝူချန်ထံ လက်ဆင့်ကမ်းပေးခဲ့သော သတင်းအချက်အလက်များအရ နတ်ဘုရား အပြစ်ပေးခြင်း စွမ်းအား တည်နေရာက မြေပုံပေါ်မှ အမှတ်အသားတစ်ခုနှင့် တူနေသည်မှာ အမှန်ပင်။

ဖုန်းဝူချန် နဖူးကြောများ တွန့်လိုက်မိသည်။

"ဒီနေရာက ဝူကျိနယ်မြေရဲ့ အစွန်အဖျားမှာပါလား... မိုမိသားစုနေတဲ့နေရာနဲ့ဆို အနည်းဆုံး တစ်လလောက် ခရီးသွားရမယ်။ ဒီလောက် ဝေးလံခေါင်ဖျားတဲ့နေရာကို မိုမိသားစုက ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ။ သူတို့က နတ်ဘုရား အပြစ်ပေးခြင်း စွမ်းအားရဲ့ တည်နေရာ အတိအကျကို သိနေတာတော့ မဖြစ်နိုင်ပါဘူး"

ဤသို့ တွေးမိတော့ မိုမိသားစုကို မျိုးဖြုတ်ပစ်လိုက်မိသည်မှာ အနည်းငယ် နောင်တရချင်သလို ဖြစ်သွား၏။

သို့သော် "ရှေးဦးစွမ်းအားတွေက ဒီလောက်လွယ်လွယ်နဲ့ ရှာမတွေ့နိုင်ဘူး" ဟု နဂါးမျိုးနွယ်များ ပြောခဲ့သည်ကို ပြန်သတိရလိုက်တော့မှ ဖုန်းဝူချန် သူ့အတွေးကို ပြန်ဖျောက်လိုက်လေ၏။

ဖုန်းဝူချန်သည် မြေပုံပေါ်မှ အမှတ်အသားကို လက်ညှိုးဖြင့် ထောက်လိုက်ရင်း ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်၏။

"နတ်ဘုရား အပြစ်ပေးခြင်း စွမ်းအားက ဝူကျိနယ်မြေထဲမှာ ရှိနေတယ်ဆိုတော့... ဒီစွမ်းအားကို အရင်ရှာကြတာပေါ့"

ကျန်သည့် အမှတ်အသားသုံးခုက ဝူကျိနယ်မြေထဲတွင် မဟုတ်သဖြင့် ဖုန်းဝူချန် မလောပေ။ တစ်ဆင့်ချင်းစီ စနစ်တကျ ရှာဖွေရန် စီစဉ်ထားသည်။

ထို့ကြောင့် ဖုန်းဝူချန်သည် မြေပုံကို သေချာသိမ်းဆည်းလိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ 'ကမ္ဘာပျက်စွမ်းအား' ကို စတင် ဆင့်ခေါ်လိုက်လေ၏။

"ဒီစွမ်းအားနှစ်ခုကို ပေါင်းစည်းလိုက်ရင်... ငါ ကောင်းကင်ဘုံလူသား ဒုတိယအလွှာကို ချိုးဖောက်ဝင်ရောက်နိုင်လောက်တယ်"

ဖုန်းဝူချန် တွေးလိုက်မိသည်။ အချိန်ရခိုက် အခွင့်ကောင်းယူပြီး သွေးမျိုးဆက်စွမ်းအားကို ကမ္ဘာပျက်စွမ်းအားထဲ ပေါင်းထည့်ကာ ဤရှေးဦးစွမ်းအားကို ပိုမို အားကောင်းလာအောင် လုပ်ရန် ရည်ရွယ်လိုက်၏။

ဘယ်ဘက်လက်က ကမ္ဘာပျက်စွမ်းအားကို ဆင့်ခေါ်လိုက်ပြီး၊ ညာဘက်လက်က သွေးမျိုးဆက်စွမ်းအားကို ဆင့်ခေါ်လိုက်၏။ ပြီးနောက် လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း ပူးကပ်ကာ စွမ်းအားနှစ်ခုကို အတင်းအကြပ် ဖိသိပ် ပေါင်းစည်းလိုက်လေတော့၏။

"ဝီ... ဝီ"

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များက ပြင်းထန်စွာ လှုပ်ခတ်သွားပြီး နန်းတော်ဆောင်တစ်ခုလုံး လှုပ်ခါသွားတော့၏။ ဤသန်မာမားမှုကြောင့် နဂါးနတ်ဘုရားနန်းတော်မှ လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြရသည်။

ပေါင်းစည်းနေစဉ်အတွင်း ဖုန်းဝူချန် ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

"ကမ္ဘာပျက်စွမ်းအားက တော်တော် လွှမ်းမိုးနိုင်တာပဲ... သွေးမျိုးဆက်စွမ်းအားကိုတောင် ဝါးမြိုပစ်နေပါလားဟ"

ဤစွမ်းအား၏ လွှမ်းမိုးနိုင်စွမ်းက သူထင်ထားသည်ထက် ပိုနေပေသည်။

ကမ္ဘာပျက်စွမ်းအားက သွေးမျိုးဆက်စွမ်းအားကို ဝါးမြိုလိုက်သည်နှင့်အမျှ ဖုန်းဝူချန်သည် ပျက်စီးခြင်းစွမ်းအား ပိုမို အားကောင်းလာသည်ကို ခံစားလိုက်ရ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း အံ့သြစရာကောင်းလောက်အောင် လျင်မြန်စွာ တိုးတက်လာနေသည်။

ဝါးမြိုနေစဉ်အတွင်း ဖုန်းဝူချန်၏ လက်နှစ်ဖက်ကြားမှ တောက်ပသော သွေးရောင်အလင်းတန်းသည် တဖြည်းဖြည်းနှင့် နက်မှောင်သည့် အနီရောင်အဖြစ် ပြောင်းလဲသွားပြီး၊ ပိုမို ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်လာလေတော့၏။

သုံးရက်တာ အချိန် ကုန်ဆုံးသွားပြီးနောက်...

ဖုန်းဝူချန်သည် သွေးမျိုးဆက်စွမ်းအားကို ကမ္ဘာပျက်စွမ်းအားထဲသို့ အပြည့်အဝ ပေါင်းစည်းနိုင်ခဲ့ပြီး၊ 'ကောင်းကင်ဘုံလူသား ဒုတိယအလွှာ' သို့လည်း အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

All Chapters