အခန်း (၅၀၂-၅၀၄)
Vol. 34 Ch. 502-504
အခန်း (၅၀၂) - ဂိုဏ်းချုပ်လေးယန်၏ ဒေါသ
~လင်ရှောင်ရှောင်၏ အပြာရောင် အကာအကွယ်လွှာသည် လျိုချင်းယန်တို့ကို လွှမ်းခြုံကာကွယ်ပေးလိုက်၏။ ဂိုဏ်းချုပ်လေးယန်၏ ကြောက်မက်ဖွယ် စွမ်းအားများပင် ထိုးဖောက်၍ မရနိုင်ခဲ့ပေ။
ရုတ်တရက် ထွက်ပေါ်လာသော ပေါက်ကွဲသံကြီးနှင့် လှုပ်ခါမှုများသည် ဆိုင်ရှင်နှင့် စားပွဲထိုးများကို လိပ်ပြာလွင့်မတတ် ဖြစ်သွားစေ၏။
"မကောင်းတော့ဘူး..."
ဖုန်းဝူချန်ကို ဝန်ဆောင်မှု ပေးခဲ့သော စားပွဲထိုးလေးသည် ကြောက်လန့်တကြား အပြင်သို့ ပြေးထွက်သွား၏။
ဆိုင်ရှင်လည်း ဒုတိယထပ်သို့ အပြေးအလွှား တက်လာနေပြီ ဖြစ်၏။
"အဆင့်မြင့် ဝိညာဉ်လက်နက်..."
ဂိုဏ်းချုပ်လေးယန် နဖူးကြောများ တွန့်လိုက်၏။ ဖုန်းဝူချန်ကို အကြီးအကျယ် ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ခြင်းက သူ့ကို အံ့အားသင့်စေ၏။
အစစ်အမှန် ယွမ်စွမ်းအားကို မသုံးဘဲ ခွန်အားသက်သက်ဖြင့်ပင် ယှဉ်ပြိုင်နိုင်ခဲ့သည်။
ဂိုဏ်းချုပ်လေးယန်သည် ကောင်းကင်ဘုံလူသား စတုတ္ထအလွှာ ဖြစ်သော်လည်း၊ လက်အိတ်ဝတ်ဆင်ထားသော ဖုန်းဝူချန်ကို တွန်းလှန်နိုင်ခြင်း မရှိခဲ့ပေ။
"ဒီကောင်လေးက တော်တော် စွမ်းတာပဲ... ဂိုဏ်းချုပ်လေးယန်ကိုတောင် ယှဉ်နိုင်တယ်..."
"အဆင့်မြင့် ဝိညာဉ်လက်နက် သုံးထားပေမယ့်... ဂိုဏ်းချုပ်လေးယန်ကို ယှဉ်နိုင်တယ် ဆိုကတည်းက သူ့ကျင့်ကြံဆင့်က အနည်းဆုံး တတိယအလွှာ ရှိလောက်တယ်..."
"သူက ငါတို့ထက် အသက်ငယ်ပေမယ့် ဒီလောက် သန်မာပြီး အဆင့်မြင့် လက်နက်တွေ ပိုင်ဆိုင်ထားတယ်... အရေးကြီးဆုံးက သူက ဘာကိုမှ မကြောက်ဘူး..."
"သခင်လေးကျန်းရဲ့ မိတ်ဆွေ ဆိုတာ တကယ်များ ဖြစ်နေမလား... တကယ်သာ ဆိုရင် ငါတို့ သွားပြီ..."
ပါရမီရှင်များ အားလုံး တုန်လှုပ်ခြောက်ခြားနေကြသည်။ တချို့ဆိုလျှင် စိုးရိမ်ပူပန်လာကြပြီ ဖြစ်၏။
ဖုန်းဝူချန် စိတ်အာရုံကို လှုပ်ရှားလိုက်ပြီး ချက်ချင်းပင် ကိုယ်ဖော့ပညာကို ထုတ်သုံးလိုက်၏။
"ဘုန်း..."
လက်သီးချင်း ထိမိလိုက်သည့် တစ်ခဏ၌ ဖုန်းဝူချန်၏ ပုံရိပ် ပျောက်ကွယ်သွား၏။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဂိုဏ်းချုပ်လေးယန်၏ ခန္ဓာကိုယ်သည် ပါရမီရှင်များ ကြားထဲသို့ လွင့်စင်သွားသည်ကို အားလုံး မြင်လိုက်ကြရသည်။
ဖုန်းဝူချန်က ညှာတာခြင်း အလျဉ်းမရှိဘဲ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
ဂိုဏ်းချုပ်လေးယန် အကြီးအကျယ် တုန်လှုပ်သွား၏။ ဖုန်းဝူချန်၏ တိုက်ခိုက်မှုကို သူ လုံးဝ မမြင်လိုက်ရပေ။
"မဖြစ်နိုင်ဘူး..."
ထိုအခါ ၊ "မြန်လိုက်တဲ့ ကိုယ်ဖော့ပညာ... ငါတောင် မမြင်လိုက်ရဘူး…”
ဟု အစွမ်းထက်သော ပါရမီရှင် တစ်ယောက်က အံ့ဩတကြီး ရေရွတ်လိုက်၏။ သူ့မျက်နှာထား လေးနက်သွား၏။
"ဒါ ဘာကိုယ်ဖော့ပညာလဲ..."
အခြား ထိပ်တန်း ပါရမီရှင်များလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
ကျန်လူများကတော့ စကားမပြောနိုင်လောက်အောင် ကြက်သေသေနေကြသည်။
သခင်လေးဝမ်ပင်လျှင် မျက်လုံးများ ပြူးကျယ်လျက် မယုံကြည်နိုင် ဖြစ်နေသည်။
‘အစ်ကိုကြီးယန်တောင် ဒီလူ့ကို မယှဉ်နိုင်ဘူးတဲ့လား။
ဘာဖြစ်သွားတာလဲ... ဘယ်လိုလုပ်ပြီး ဒီလောက် မြန်ရတာလဲ…’
ဂိုဏ်းချုပ်လေးယန် ဖုန်းဝူချန်ကို ကြောက်လန့်တကြား ကြည့်နေမိသည်။
"ရှယ်ပဲဗျာ.. အစ်ကိုကြီးဖုန်း..."
လျိုချင်းယန် ကျေနပ်အားရစွာ အော်ဟစ်လိုက်၏။
ထိုစဉ်၊ ဆိုင်ရှင် ရောက်လာပြီး တုန်တုန်ရီရီဖြင့် တောင်းပန်လိုက်၏။
"ရပ်ကြပါ... ရပ်ကြပါခင်ဗျာ..."
"လူကြီးမင်းတို့... စိတ်လျော့ကြပါဗျာ... မူးယစ်နတ်ဘုရား စံအိမ်က ခင်ဗျားတို့ရဲ့ စွမ်းအားကို ခံနိုင်ရည်မရှိပါဘူး... ကျွန်တော်တို့ကို သနားကြပါဦး... မဟုတ်ရင် ဆိုင်ပျက်စီးကုန်ပါလိမ့်မယ်..."
"ထွက်သွားစမ်း... ပျက်စီးရင် ငါ လျော်မယ်..."
ဒေါသထွက်နေသော ဂိုဏ်းချုပ်လေးယန်က အော်ဟစ်လိုက်ရာ ဆိုင်ရှင် လိပ်ပြာလွင့်မတတ် ဖြစ်သွား၏။
ဖုန်းဝူချန်၏ လက်သီးချက်ကို သူက ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။
လွတ်လပ်ခြင်းဂိုဏ်း၏ ဂိုဏ်း သခင်လေး၊ ဝူကျိနယ်မြေ၏ ပါရမီရှင် တစ်ယောက် အနေဖြင့် သည်အဖြစ်က အကြီးမားဆုံးသော အရှက်ကွဲမှုပင်။
"ဝေါ..."
ကောင်းကင်ဘုံလူသား စတုတ္ထအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများ ဂိုဏ်းချုပ်လေးယန်၏ ကိုယ်ထဲမှ သိပ်သည်းလာသည်။ အလင်းဖြူတန်းများ တောက်ပလာပြီး စားသောက်ဆိုင် တစ်ခုလုံး ယိမ်းခါသွား၏။
လမ်းပေါ်မှ လူများပါ ထိတ်လန့်သွားကြသည်။
"နေကြပါဦး..."
ဟု အောက်ထပ်သို့ ပြေးဆင်းသွားသော စားပွဲထိုးလေး ပြန်ရောက်လာပြီး အော်ဟစ်လိုက်၏။
စားပွဲထိုးလေး၏ အော်သံကြောင့် လူတိုင်း လှည့်ကြည့်လိုက်ကြသည်။ တစ်စုံတစ်ယောက် ရောက်လာပြီဟု ထင်မှတ်လိုက်သော်လည်း စားပွဲထိုးလေး ဖြစ်နေသဖြင့် စိတ်ပျက်သွားကြသည်။
"သူ့ကို ကန်ထုတ်လိုက်စမ်း..."
ဟု ဂိုဏ်းချုပ်လေးယန် ညွှန်ကြားလိုက်၏။
"မသေချင်ရင် ထွက်သွား..."
ပါရမီရှင် တစ်ယောက်က စားပွဲထိုးလေးကို အော်ဟစ်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ စွမ်းအားဖြင့် ရိုက်ထုတ်လိုက်၏။
အားနည်းသော စားပွဲထိုးလေးသည် လှေကားနှင့် ပထမထပ် စားပွဲများကို ဝင်တိုက်မိပြီး လွင့်စင်သွားကာ မထနိုင်တော့ပေ။
"ခွေးသား... စားပွဲထိုးကိုတောင် ရိုက်ရဲတယ်..."
လျိုချင်းယန် ဒေါသတကြီး အော်ဟစ်လိုက်၏။
"လွန်လွန်းနေပြီ..."
လင်ရှောင်ရှောင်က ထိုသို့ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပြီး ရိပ်ခနဲ ပြေးထွက်သွား၏။
"ဝှစ်..."
"ဖြောင်း... ဖြောင်း... ဖြောင်း..."
လင်ရှောင်ရှောင်သည် သရဲတစ္ဆေပမာ ပေါ်လာပြီး ထိုလူ၏ မျက်နှာကို ပါးရိုက်လိုက်၏။ ပါးရိုက်သံ ကြားမှ လူတိုင်း သတိထားမိကြသည်။
မျက်စိ တစ်မှိတ်စာ အတွင်းမှာပင် ထိုလူ၏ မျက်နှာသည် ဝက်ခေါင်းလို ရောင်ရမ်းသွား၏။
"ဘုန်း..."
"အွတ်..."
လင်ရှောင်ရှောင်သည် လက်ဝါးတစ်ချက် ထပ်မံ ရိုက်ချလိုက်ရာ ထိုလူ သွေးအန်ပြီး ဒုတိယထပ်မှ လွင့်စင်ထွက်သွား၏။ သေမလား ရှင်မလား မသိနိုင်တော့ပေ။
"အားနည်းတဲ့သူကို အနိုင်ကျင့်တာ ယောက်ျား မပီသဘူး..."
လင်ရှောင်ရှောင်က မထီမဲ့မြင် ပြောလိုက်၏။
လူတိုင်း အံ့အားသင့်သွားကြသည်။
လင်ရှောင်ရှောင် သုံးလိုက်သော ကိုယ်ဖော့ပညာသည် ဖုန်းဝူချန်နှင့် တစ်ပုံစံတည်း ဖြစ်နေသည်ကို ထိပ်တန်း ပါရမီရှင်များပင် သတိမထားမိလိုက်ကြပေ။
ဒီလူတွေက သာမန် မဟုတ်မှန်း အခုမှ သေချာသွားကြသည်။
"ရှောင်ရှောင်... မိုက်တယ်ဝေး.."
လျိုချင်းယန်က ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
ထိုအခိုက်အတန့်၌၊ ဂိုဏ်းချုပ်လေးယန်က ဖုန်းဝူချန်ကို ခက်ထန်စွာ ကြည့်ရင်း စိန်ခေါ်လိုက်၏။
"သူတောင်းစား... အပြင်ထွက်ခဲ့... အပြင်မှာ ရှင်းမယ်..."
"မလိုပါဘူး..."
ဖုန်းဝူချန် ခံစားချက်ကင်းမဲ့စွာ ငြင်းပယ်လိုက်၏။
‘ ဒီလို မောက်မာတဲ့ လူတွေကို သူ အမြင်ကပ်လှပြီ ’
'လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း' ကို ထပ်မံ သုံးလိုက်ပြီး မျက်စိ တစ်မှိတ်စာ အတွင်း ဂိုဏ်းချုပ်လေးယန်၏ ရှေ့သို့ ရောက်သွား၏။
"ဘုန်း..."
"အွတ်..."
ဂိုဏ်းချုပ်လေးယန် ဘာမှ သတိမထားမိလိုက်ပေ။ ဖုန်းဝူချန်၏ လွှမ်းမိုးနိုင်သော လက်သီးချက် ရင်ဘတ်ကို ထိမှန်သွားမှသာ သိလိုက်ရသည်။ သွေးအန်ကာ ဒုတိယထပ်မှ လွင့်စင်သွားရပြန်သည်။
‘အား…ဒါ ဘာကိုယ်ဖော့ပညာလဲဟ…’
ဂိုဏ်းချုပ်လေးယန် စိတ်ထဲတွင် ရူးသွပ်မတတ် အော်ဟစ်နေမိ၏။
ဖုန်းဝူချန်က အစစ်အမှန် ယွမ်စွမ်းအားကို မသုံးခဲ့သော်လည်း၊ လက်သီးချက်က ပြင်းထန်လွန်းလှသဖြင့် စတုတ္ထအလွှာ ပညာရှင်ကိုပင် သွေးအန်စေခဲ့သည်။
"ရှီး..."
ဖုန်းဝူချန်ကို ကြောက်လန့်တကြား ကြည့်နေရင်း ဆိုင်ထဲရှိ လူအားလုံး လေစုပ်သံ ထွက်သွားကြသည်။
‘စတုတ္ထ အလွှာ ပညာရှင် တစ်ယောက်ကို လက်သီးတစ်ချက်တည်းနဲ့ လွင့်စင်သွားအောင် လုပ်နိုင်တာ... ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ။’
ထိုအခိုက်အတန့်၌၊ ဖုန်းဝူချန်၏ အေးစက်သော အကြည့်များက ပါရမီရှင်များကို ဝေ့ဝဲကြည့်လိုက်၏။
"နောက်ထပ် ဘယ်သူ ထွက်ချင်သေးလဲ... ထွက်ခဲ့ပါ..."
ထိုစိန်ခေါ်သံကို ကြားလိုက်ရသည်နှင့်တပြိုင်နက်၊ ပထမထပ်ရော ဒုတိယထပ်ပါ တိတ်ဆိတ်ငြိမ်သက်သွား၏။ မည်သူမျှ အသံမထွက်ရဲကြပေ။ ဝမ်ယွဲ့မှာ ကြောက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေသည်။
"ငါတို့ အကုန် ဝိုင်းတိုက်ကြမယ်... ဒီလူကို မနိုင်စရာ အကြောင်းမရှိဘူး..."
"ဟုတ်တယ်... ဒီကောင်က အရမ်း မောက်မာလွန်းတယ်..."
ပါရမီရှင် တချို့က ကြောက်စိတ်ကို ဖိနှိပ်ပြီး အော်ဟစ်လိုက်ကြသည်။ ဂိုဏ်းချုပ်လေးယန်နှင့် ရင်းနှီးသူများ ဖြစ်ပုံရသည်။
သို့သော်... သူတို့ကလွဲပြီး ကျန်လူများ မလှုပ်ရဲကြပေ။
ထိပ်တန်း ပါရမီရှင်များလည်း ဝင်မပါကြပေ။ ဂိုဏ်းချုပ်လေးယန်ကို သူတို့ မသိကြသည်ကိုး။
"မသေချင်တဲ့ လူတွေ စမ်းကြည့်လိုက်လေ..."
လျိုချင်းယန်က လှောင်ပြောင်လိုက်၏။
"အဲ့ဒီလူကို သတ်..."
အောက်ထပ်မှ ဂိုဏ်းချုပ်လေးယန်၏ ဒေါသတကြီး အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ လမ်းသွားလမ်းလာများပင် လန့်ဖျတ်ကုန်ကြသည်။
အခန်း (၅၀၃) - စစ်မှန်သော စွမ်းအားကို ထုတ်ဖော်ခြင်း
~ကောင်းကင်ဘုံလူသား ပထမအလွှာနှင့် ဒုတိယအလွှာသာ ရှိသော ပါရမီရှင် လေးယောက်သည် ဖုန်းဝူချန်၏ ပြိုင်ဘက် မဟုတ်ပေ။
ဂိုဏ်းချုပ်လေးယန်၏ အော်ဟစ်သံကြောင့်သာ မတတ်သာဘဲ ရှေ့တိုးလာရခြင်း ဖြစ်၏။
"မိုက်မဲလိုက်တာ..."
ဖုန်းဝူချန်၏ အေးစက်သော အကြည့်များက သူတို့လေးယောက်ကို ဖြတ်ကျော်သွား၏။
"ဝှစ်... ဝှစ်... ဝှစ်..."
"ဘုန်း... ဘုန်း... ဘုန်း..."
"အွတ်... အွတ်... အွတ်..."
မျက်စိ တစ်မှိတ်စာ အတွင်းမှာပင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ထိုလေးယောက်လုံး သွေးအန်ကာ ဆိုင်ပြင်ပသို့ တပြိုင်နက်တည်း လွင့်စင်ထွက်သွားကြသည်။
ဖုန်းဝူချန်သည် ပြတ်သားစွာ တိုက်ခိုက်ခဲ့သဖြင့် သူတို့လေးယောက် အကြီးအကျယ် ဒဏ်ရာရသွားသော်လည်း အသေသတ်ခြင်းတော့ မပြုခဲ့ပေ။
"သတိထားကြပါ.. နောက်တစ်ယောက် လွင့်ထွက်လာပြန်ပြီ..."
"ဘယ်သူက ဒီလောက် သန်မာနေရတာလဲ... ကောင်းကင်ဘုံလူသား အဆင့်တွေ တစ်ယောက်ပြီး တစ်ယောက် လွင့်ထွက်လာပါလား..."
"မူးယစ်နတ်ဘုရား စံအိမ်မှာ ဝူကျိနယ်မြေက ပါရမီရှင်တွေ စုဝေးနေတာလေ... ဘယ်သူက သူတို့ကို လက်ပါရဲတာလဲ..."
လမ်းသွားလမ်းလာများ ဆူညံပွက်လောရိုက်သွား၏။
ဝမ်ယွဲ့ မှာ ကြောက်လွန်း၍ အသံပင် မထွက်ရဲတော့ပေ။ မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည်။
"သူတို့ရဲ့ နောက်ခံက သာမန် မဟုတ်ဘူး..."
ထိပ်တန်း ပါရမီရှင် တစ်ယောက်က လေးနက်စွာ သုံးသပ်လိုက်၏။
"သခင်လေးဝမ်... ခင်ဗျား သူတို့ ဘယ်ကလာလဲ သိပြီလား..."
သူ့အား ဘေးနားမှ ပါရမီရှင် တစ်ယောက်က မေးလိုက်၏။
ထိုအခါ၊ ဝမ်ယွဲ့က လင်ရှောင်ရှောင်ကို ဂရုတစိုက် ကြည့်ရင်း သုံးသပ်လိုက်၏။
"အဲ့ဒီ မိန်းကလေးရဲ့ အတားအဆီးက သိပ်ကြောက်စရာ ကောင်းတယ်... သူ့အရှိန်အဝါက သာမန်ပဲ ထင်ရပေမယ့် ခုနက တိုက်ခိုက်မှုကို ဘာမှမဖြစ်ဘဲ တားဆီးနိုင်တာက မရိုးရှင်းဘူး... ပြီးတော့ သူ့ရဲ့ ကိုယ်ဖော့ပညာက သိပ်မြန်လွန်းလို့ ငါတို့တောင် သတိမထားမိလိုက်ဘူး..."
ဘေးမှ ပါရမီရှင်ကလည်း ခေါင်းညိတ်လိုက်၏။
"သူတို့က သခင်လေးကျန်းရဲ့ မိတ်ဆွေတွေ တကယ် ဖြစ်လောက်တယ်... ဟိုလူငယ်လေးကလည်း ထူးဆန်းတဲ့ ခံစားမှုကို ပေးနေတယ်... ကျွန်တော်တောင် သူ့ကို နိုင်ပါ့မလား မသေချာဘူး..."
"ပြောရခက်တယ်..."
သခင်လေးဝမ် နဖူးကြောများ တွန့်လိုက်၏။
ဂိုဏ်းချုပ်လေးယန်တောင် ဖုန်းဝူချန်ကို မယှဉ်နိုင်လျှင် ကျန်သည့် လေးယောက်ကတော့ ပြောစရာပင် မလိုတော့ပေ။ ဖုန်းဝူချန်က မူကြိုကျောင်းသားလေးတွေကို ဆုံးမနေသလို လက်သီးတစ်ချက်တည်းနှင့် အနိုင်ယူနေသည်။
ဖုန်းဝူချန်၏ လွှမ်းမိုးနိုင်စွမ်းနှင့် ကြောက်မက်ဖွယ် စွမ်းအားသည် သူ့ယုံကြည်မှုကို ပြသနေသည်။
ပါရမီရှင် အားလုံး အရူးတွေ မဟုတ်ကြပေ။ သူတို့က ဖုန်းဝူချန် ဘယ်အင်အားစုကလဲ ဆိုတာကို သိချင်နေကြသည်။ ဝူကျိနယ်မြေရှိ ပါရမီရှင် အားလုံးကို သူတို့ သိသော်လည်း ဖုန်းဝူချန်ကတော့ ခြွင်းချက် ဖြစ်နေသည်။
"ချင်းယန်... ဟိုညီလေးရဲ့ ဒဏ်ရာကို သွားကြည့်ပေးလိုက်ပါ..."
ဟု ဖုန်းဝူချန်က ညွှန်ကြားလိုက်၏။
"ကောင်းပြီ..."
လျိုချင်းယန် ခေါင်းညိတ်ပြီး ဒုတိယထပ်မှ ခုန်ဆင်းသွား၏။ မည်သူမျှ မတားရဲကြပေ။ ပထမထပ်မှ လူအုပ်ကြီးလည်း လမ်းဖယ်ပေးလိုက်ကြသည်။
လျိုချင်းယန်သည် စားပွဲထိုးလေး၏ ဒဏ်ရာကို စစ်ဆေးပြီးနောက် 'သွေးပေါင်းစည်း ပြန်လည်နိုးထခြင်း ဆေးလုံး' ကို တိုက်ကျွေးလိုက်၏။
ယွမ်တန် ဘုံ အဆင့်သာ ရှိသော စားပွဲထိုးလေးအတွက် ဤဆေးလုံးသည် အပြည့်အဝ ပြန်ကောင်းစေရန် လုံလောက်သည်။
ဆေးစွမ်းကြောင့် စားပွဲထိုးလေးသည် ခဏအတွင်းမှာပင် မတ်တတ်ရပ်နိုင်လာသည်။
"စွမ်းလိုက်တဲ့ ကုသဆေး..."
"ဒါ ဘာဆေးလုံးလဲ... ဒီလောက် အစွမ်းထက်တာ တစ်ခါမှ မမြင်ဖူးဘူး..."
"ဒဏ်ရာတွေက မျက်စိရှေ့မှာတင် ပျောက်ကင်းသွားတာပဲ... မယုံနိုင်စရာပဲ..."
လူအုပ်ကြီး အံ့အားသင့်သွားကြသည်။
"ကျေးဇူးတင်ပါတယ်ဗျာ... ကျေးဇူးတင်ပါတယ်..."
စားပွဲထိုးလေး အကြိမ်ကြိမ် ဦးခိုက်နေရှာသည်။
"မင်းနဲ့ မဆိုင်ပါဘူးကွာ... နောက်ဆုတ်နေလိုက်ပါ..."
လျိုချင်းယန် ပြုံးပြီး ပြောလိုက်၏။
ထိုအချိန်တွင် ဒဏ်ရာရထားသော ဂိုဏ်းချုပ်လေးယန် ပြန်လည် ရောက်ရှိလာသည်။ သူ့မျက်လုံးများသည် ဖုန်းဝူချန်ကို စူးစူးဝါးဝါး စိုက်ကြည့်နေပြီး သတ်ဖြတ်လိုစိတ်များ တောက်လောင်နေသည်။
"မင်း မသေချင်သေးဘူးလား..."
ဖုန်းဝူချန် ခံစားချက်ကင်းမဲ့စွာ မေးလိုက်၏။
"သေရမှာက မင်းကွ..."
ဂိုဏ်းချုပ်လေးယန် ဟိန်းဟောက်လိုက်၏။
"သေချင်တယ် ဆိုမှတော့လည်း ဖြည့်ဆည်းပေးရတာပေါ့..."
ဖုန်းဝူချန်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပြီး ဝရန်တာမှ လေထဲသို့ ဖြည်းညှင်းစွာ ပျံထွက်သွား၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ပါရမီရှင်များ အသက်ရှုအောင့်သွားကြသည်။
ဖုန်းဝူချန် လှုပ်ရှားတော့မည်။
အစကတည်းက အစစ်အမှန် ယွမ်စွမ်းအားကို မသုံးခဲ့သော ဖုန်းဝူချန်သည် ယခု လေထဲသို့ ပျံတက်လာပြီ ဖြစ်ရာ အတည်တကျ တိုက်ခိုက်တော့မည်ကို အားလုံး ရိပ်မိလိုက်ကြသည်။
စောစောက လက်သီးတစ်ချက်တည်းနှင့် ဂိုဏ်းချုပ်လေးယန်ကို ဒဏ်ရာရစေခဲ့သည်မှာ ဖုန်းဝူချန်၏ စွမ်းအားကို သက်သေပြနေပြီ ဖြစ်၏။
ဖုန်းဝူချန် မိမိဆီသို့ ပျံလာသည်ကို မြင်သောအခါ ဂိုဏ်းချုပ်လေးယန် ရင်ထဲတွင် ထိတ်လန့်မှု တစ်ချက် ဖြတ်ပြေးသွား၏။ ဖုန်းဝူချန်၏ အမြန်နှုန်းက မြန်လွန်းလှသဖြင့် သူ မမြင်နိုင်ခဲ့ပေ။
လမ်းမပေါ်မှ လူအများ၏ အကြည့်များသည် ဖုန်းဝူချန်ဆီသို့ ရောက်ရှိသွားကြသည်။
"ဟင်... အဲ့ဒါ နဂါးနတ်ဘုရား နန်းတော်သခင် ဖုန်းဝူချန် မဟုတ်လား..."
"ဟုတ်တယ်... သူပဲ... ဒီပါရမီရှင်တွေကို ရန်စရဲတယ်ဆိုတော့ သူ အသက်မရှင်ချင်တော့ဘူးလား... တတိယတန်းစား အင်အားစု နှစ်ခုလောက်ကို နိုင်လိုက်ရုံနဲ့ အင်အားကြီး ဂိုဏ်းတွေကို ယှဉ်နိုင်ပြီ ထင်နေလား... ကိုယ့်သေတွင်း ကိုယ်တူးတာပဲ..."
"နဂါးနတ်ဘုရား နန်းတော်က ခုမှ တည်ထောင်ကာစ ရှိသေးတာ... နန်းတော်သခင်က ဒီလောက် မောက်မာနေရင် ဘယ်ဖြစ်မလဲ..."
ဖုန်းဝူချန်ကို မှတ်မိသူများက ဝေဖန်နေကြသည်။
"ဝီ..."
ဂိုဏ်းချုပ်လေးယန်၏ အရှိန်အဝါ ရုတ်တရက် ပြောင်းလဲသွားပြီး၊ ကောင်းကင်ဘုံလူသား စတုတ္ထအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများ သိပ်သည်းလာသည်။
"လာစမ်း... သေဖို့ ပြင်ထားလိုက်..."
ဂိုဏ်းချုပ်လေးယန် အံကြိတ်ကာ စိန်ခေါ်လိုက်၏။
ဖုန်းဝူချန်သည် သူ၏ အစစ်အမှန် ယွမ်စွမ်းအားများကို ဖြည်းညှင်းစွာ လှုံ့ဆော်လိုက်၏။ အထွတ်အထိပ် ခန္ဓာ ဒုတိယအဆင့်၏ စွမ်းအားနှင့် ကောင်းကင်ဘုံလူသား ဒုတိယအလွှာ၏ စွမ်းအားများ သိပ်သည်းလာသည်။ ခန္ဓာကိုယ်မှ သွေးရောင် အလင်းတန်းများ တောက်ပလာပြီး နတ်ဆိုးတစ်ကောင်အလား ကြောက်မက်ဖွယ် ကောင်းလာသည်။
မျက်စိ တစ်မှိတ်စာ အတွင်းမှာပင်... ဖုန်းဝူချန်၏ အရှိန်အဝါသည် ကောင်းကင်ဘုံလူသား စတုတ္ထအလွှာ အထိ ထိုးတက်သွား၏။
"ဒုတိယအလွှာ..."
ဖုန်းဝူချန်၏ မူလ ကျင့်ကြံဆင့်ကို အာရုံခံမိလိုက်သောအခါ ဂိုဏ်းချုပ်လေးယန် အံ့အားသင့်သွား၏။
"ဒုတိယအလွှာလေးနဲ့ စတုတ္ထအလွှာရဲ့ အရှိန်အဝါကို ထုတ်နိုင်တယ် ဟုတ်လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ဆိုင်ထဲမှ ပါရမီရှင်များလည်း အာမေဋိတ်သံများ ထွက်ကုန်ကြသည်။
"ဒုတိယအလွှာလောက်နဲ့ သခင်လေးဝမ်ရဲ့ လက်သီးကို ချေမွပြီး၊ ဂိုဏ်းချုပ်လေးယန်ကို အလွယ်တကူ ဒဏ်ရာရစေတာ... ဒါ လုံးဝ မဖြစ်နိုင်ဘူး... သူက စတုတ္ထအလွှာ စွမ်းအားကို တကယ် ပိုင်ဆိုင်ထားတာလား..."
"သူ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတာများလား... ဘယ်လိုလုပ်ပြီး ဒုတိယအလွှာပဲ ဖြစ်နေရတာလဲ..."
"ငါ အမြင်မှားတာ နေမှာပါ... ဒုတိယအလွှာက ဂိုဏ်းချုပ်လေးယန်ကို ဒဏ်ရာရအောင် မလုပ်နိုင်ပါဘူး..."
အားလုံး မယုံကြည်နိုင် ဖြစ်နေကြသည်။
သခင်လေးကျန်း(မျိုးရိုး အမည်တူ)ပင်လျှင် မျက်နှာပျက်သွား၏။ ဖုန်းဝူချန်၏ ကျင့်ကြံဆင့်သည် ဒုတိယအလွှာ သာ ရှိသည်ကို သူ လက်မခံနိုင်သော်လည်း၊ အမှန်တရားက အမှန်တရားပင်။
ဒုတိယအလွှာ ပညာရှင် တစ်ယောက်က ဒီလောက် ကြမ်းတမ်းသော စွမ်းအားကို ထုတ်ဖော်နိုင်သည်မှာ ထူးဆန်းလွန်းလှသည်။
"အစ်ကိုကြီးကော... ဘယ်လိုထင်လဲ... သူက တကယ်ပဲ ဒုတိယအလွှာလား..."
"သူ့ရဲ့ လက်အိတ်က အဆင့်မြင့် ဝိညာဉ်လက်နက်ပဲ... ပြီးတော့ သူ့အရှိန်အဝါက စတုတ္ထအလွှာအထိ ရောက်နေတယ်... သူက ပိုပြီး အစွမ်းထက်တဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်တယ်... ဒီလူက တကယ် မရိုးရှင်းဘူး..."
ဟု သခင်လေးကျန်း(မျိုးရိုး အမည်တူ)က လေးနက်စွာ ဖြေလိုက်၏။
ဂိုဏ်းချုပ်လေးယန်သည် အတော်ကြာမှ အသိပြန်ဝင်လာသည်။ ဖုန်းဝူချန်၏ ကျင့်ကြံဆင့်ကို သေချာသိလိုက်ရသောအခါ လှောင်ပြောင်သော အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။
"သောက်ကလေး... ဒီနေ့ မင်း သေပြီ..."
ဂိုဏ်းချုပ်လေးယန်က အလယ်အလတ် အဆင့် ဝိညာဉ်လက်နက် လှံရှည် တစ်ချောင်းကို ထုတ်ယူလိုက်၏။ သူ့အရှိန်အဝါသည် ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ အထိ ချက်ချင်း မြင့်တက်သွား၏။
ကြောက်မက်ဖွယ် စွမ်းအားသည် ဖုန်းဝူချန်ကို လွှမ်းမိုးထားလိုက်၏။
"ဘုန်း..."
ဂိုဏ်းချုပ်လေးယန်သည် ရုတ်တရက် အရှိန်အဟုန် ပြင်းပြင်းဖြင့် ဖုန်းဝူချန်ဆီသို့ ပြေးဝင်လာသည်။ လှံရှည်သည် ကြောက်မက်ဖွယ် အလင်းရောင်များ တောက်ပနေပြီး လေထုကို ခွဲဖြတ်ကာ ဖုန်းဝူချန်ကို ရက်စက်စွာ ထိုးစိုက်လိုက်လေသည်။
အခန်း (၅၀၄) - အရှက်ရဖွယ် အရေးနိမ့်ခြင်း
~"ဝီ..."
ရုတ်တရက် ဖုန်းဝူချန်၏ ကိုယ်ထဲမှ ကြောက်မက်ဖွယ်ရာ ရှေးဦးကမ္ဘာဦးခေတ် အငွေ့အသက်များ သိပ်သည်းလာသည်။
ကမ္ဘာပျက် စွမ်းအား ..
ကောင်းကင်ဘုံလူသား ဒုတိယအလွှာ၏ စွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ လေဟာနယ် တစ်ခုလုံး မုန်တိုင်းထန်သကဲ့သို့ လှုပ်ခါသွားရလေသည်။
"တင်..."
"ဝီ..."
ဖုန်းဝူချန်သည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိ။ ဂိုဏ်းချုပ်လေးယန်၏ လှံရှည် ထိုးစိုက်လာသည်ကို လက်အိတ်ဝတ်ထားသော လက်ဖြင့်ပင် ဖမ်းဆုပ်လိုက်၏။
သံချင်းထိခတ်သံ ကြည်လင်စွာ ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းများ အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွား၏။
သို့သော်... ကောင်းကင်ဘုံလူသား ပဉ္စမအလွှာနှင့် ညီမျှသော စွမ်းအားဖြင့် ထိုးစိုက်လိုက်သည့်တိုင် ဖုန်းဝူချန်ကို ခြေတစ်လှမ်းမျှ ဆုတ်သွားအောင် မလုပ်နိုင်ခဲ့ပေ။
'ဒါ ဘာစွမ်းအားလဲ…’
ဂိုဏ်းချုပ်လေးယန် မျက်နှာ ဖြူဖျော့သွား၏။ သူ့မျက်လုံးထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွား၏။
"ပဉ္စမအလွှာရဲ့ အရှိန်အဝါ..."
ပရိသတ်ကြီး အော်ဟစ်လိုက်ကြသည်။ မျက်လုံးများ ပြူးကျယ်လျက် ဖုန်းဝူချန်ကို ကြည့်နေကြသည်။
"သူ တကယ်ပဲ စွမ်းအားတွေကို ဖုံးကွယ်ထားတာကိုး... ဒါ ဘာစွမ်းအားလဲ..."
သခင်လေးကျန်း(မျိုးရိုး အမည်တူ)၏ မျက်နှာထား လေးနက်သွား၏။
"ဒုတိယအလွှာ ကျင့်ကြံသူ တစ်ယောက်က ပဉ္စမအလွှာ စွမ်းအားကို ထုတ်နိုင်တယ်တဲ့လား... မဖြစ်နိုင်တာ..."
"သူ့စွမ်းအားက ချက်ချင်းကို တက်လာတာ... ဒါ အစစ်အမှန် ယွမ်စွမ်းအား မဟုတ်ဘူး..."
စားသောက်ဆိုင်နှင့် လမ်းမပေါ်မှ လူအများ အံ့ဩတုန်လှုပ်နေကြသည်။
ဂိုဏ်းချုပ်လေးယန် တိုက်ခိုက်လာသည့် အချိန်တွင် ဖုန်းဝူချန်သည် ကမ္ဘာပျက် စွမ်းအားကို ထုတ်သုံးလိုက်ခြင်း ဖြစ်၏။ ထိုစွမ်းအားကြောင့် သူ့အရှိန်အဝါသည် ပဉ္စမအလွှာ အဆင့်သို့ ရောက်ရှိသွား၏။
ဂိုဏ်းချုပ်လေးယန်၏ အရှိန်အဝါလောက် မပြင်းထန်သော်လည်း၊ ခုခံရန် လုံလောက်သည်။
တကယ်လို့သာ ဖုန်းဝူချန် 'ချီလင် ချပ်ဝတ်' ကိုပါ ထုတ်သုံးလိုက်လျှင် သူ့အရှိန်အဝါသည် ပဉ္စမအလွှာကို ကျော်လွန်သွားမည် ဖြစ်၏။
သို့သော် ဂိုဏ်းချုပ်လေးယန် လောက်ကို ဖြေရှင်းရန် ချီလင် ချပ်ဝတ် မလိုသေးပေ။
"အဲ့ဒီလောက် စွမ်းအားလေးနဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေတုန်းလား..."
ဖုန်းဝူချန်က ခံစားချက်ကင်းမဲ့စွာ မေးလိုက်၏။
"စကားများမနေနဲ့... ဒီနေ့ မင်းသေရင်သေ၊ မသေရင် ငါသေပဲ..."
ဂိုဏ်းချုပ်လေးယန် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ရူးသွပ်စွာ တိုက်ခိုက်တော့၏။
"ထန်း... ထန်း..ထန်း.."
"ဝီ..."
ဂိုဏ်းချုပ်လေးယန်၏ တိုက်စစ်သည် မိုးသက်မုန်တိုင်းအလား ကြမ်းတမ်းလှသော်လည်း ဖုန်းဝူချန်၏ သံမဏိ လက်သီးများကို မကျော်လွန်နိုင်ပေ။ မီးပွားများ နေရာအနှံ့ လွင့်စင်ပြီး စွမ်းအင်လှိုင်းများ ရိုက်ခတ်နေသည်။
ကြည့်ရှုသူများအတွက် ရင်သပ်ရှုမောဖွယ် ကောင်းသော တိုက်ပွဲကြီးပင်။
ဒုတိယအလွှာ ကျင့်ကြံသူ တစ်ယောက်က ပဉ္စမအလွှာ စွမ်းအားကို ထုတ်ဖော်နိုင်ပြီး၊ ဂိုဏ်းချုပ်လေးယန်ကို အသာစီး မရအောင် တားဆီးထားနိုင်သည်မှာ အံ့မခန်းပင်။
ဂိုဏ်းချုပ်လေးယန်၏ တိုက်ကွက်တိုင်းသည် သေစေနိုင်သော အကွက်များချည်း ဖြစ်သော်လည်း ဖုန်းဝူချန်က ပါးနပ်စွာ ရှောင်တိမ်းနေသည်။
ဂိုဏ်းချုပ်လေးယန် စိတ်ဓာတ်ကျလာသည်။ သူ့တိုက်ကွက်တိုင်းကို ဖုန်းဝူချန်က ကြိုသိနေသလိုပင်။
ပိုဆိုးသည်မှာ ဖုန်းဝူချန်၏ တိုက်စစ်က တဖြည်းဖြည်း ပိုကြမ်းလာပြီး အရှိန်အဟုန် မြင့်တက်လာခြင်း ဖြစ်၏။ ဂိုဏ်းချုပ်လေးယန် တဖြည်းဖြည်း ခံစစ်ဘက်သို့ ရောက်လာရ၏။
ထိပ်တိုက်တွေ့ဆုံမှု တိုင်းတွင် ဂိုဏ်းချုပ်လေးယန် လက်များ ထုံကျင်လာသည်။
"ဘုန်း... ဘုန်း... ဘုန်း..."
အချိန်ကြာလာသည်နှင့်အမျှ ဂိုဏ်းချုပ်လေးယန် ခံနိုင်ရည် မရှိတော့ပေ။ ဟန်ချက်ပျက်သွားပြီး ဖုန်းဝူချန်၏ သံမဏိ လက်သီးချက်များက သူ့ခန္ဓာကိုယ်ပေါ်သို့ မိုးသီးမိုးပေါက်များအလား ကျရောက်လာတော့၏။
"တတိယအလွှာ ကောင်းကင်အမျက် လက်ဝါး..."
"ဘုန်း..."
"အွတ်..."
ဖုန်းဝူချန်၏ ဟိန်းဟောက်သံနှင့်အတူ ဂိုဏ်းချုပ်လေးယန်၏ ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ လက်ဝါးချက် သုံးချက် ပေါင်းစပ်ထားသော စွမ်းအားသည် အလွန် ပြင်းထန်လှသဖြင့် ဂိုဏ်းချုပ်လေးယန် သွေးအန်ကာ လွင့်စင်သွားရလေသည်။
ဒီလက်ဝါးချက်သည် ဂိုဏ်းချုပ်လေးယန်၏ ရှုံးနိမ့်မှုကို အဆုံးအဖြတ် ပေးလိုက်ခြင်းပင်။
ဝူကျိနယ်မြေ၏ ပါရမီရှင် တစ်ဦး ဖြစ်သော ဂိုဏ်းချုပ်လေးယန်သည် ဖုန်းဝူချန်၏ ရှေ့တွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
‘ဂိုဏ်းချုပ်လေးယန် အားနည်းလို့လား... မဟုတ်ပါ... ဖုန်းဝူချန်က သိပ်စွမ်းလွန်းနေတာပါ။’
"သူ့စွမ်းအားက သိပ်ကြမ်းတာပဲ... သခင်လေးကောတောင် သူ့ကို ယှဉ်နိုင်ပါ့မလား..."
"မယုံနိုင်စရာပဲ... ဒုတိယအလွှာလေးနဲ့ ဒီလောက် သန်မာတာ..."
"ဂိုဏ်းချုပ်လေးယန်.. ဒဏ်ရာပြင်းထန်သွားပြီ... ရှုံးပြီ..."
စားသောက်ဆိုင်ထဲမှ ပါရမီရှင်များ ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။
"ဘုန်း..."
ဂိုဏ်းချုပ်လေးယန် လွင့်စင်သွားသည်နှင့် ဖုန်းဝူချန်သည် အရှိန်ပြင်းပြင်းဖြင့် လိုက်ပါသွား၏။
မျက်စိ တစ်မှိတ်စာ အတွင်းမှာပင်... ဂိုဏ်းချုပ်လေးယန် ပြန်မထနိုင်ခင် ဖုန်းဝူချန် ရောက်ရှိသွားပြီး သွေးရောင် လက်သီးဖြင့် ထပ်မံ ထုချလိုက်၏။
‘သွားပြီ…’
ဂိုဏ်းချုပ်လေးယန် မျက်နှာ ဖြူဖျော့သွား၏။
"အစစ်အမှန် ယွမ် အကာအကွယ်လွှာ..."
ကြောက်လန့်တကြား အကာအကွယ်လွှာ လုပ်ရန် ကြိုးစားသော်လည်း နောက်ကျသွားချေပြီ။
"ဘုန်း..."
"အွတ်..."
ရက်စက်သော လက်သီးချက်သည် အပေါ်စီးမှ ကျရောက်လာပြီး ဂိုဏ်းချုပ်လေးယန်ကို မြေကြီးထဲသို့ ရိုက်ချလိုက်၏။
"ဝုန်း..."
ဂိုဏ်းချုပ်လေးယန်၏ ခန္ဓာကိုယ်သည် လမ်းမပေါ်သို့ ကျရောက်သွားပြီး မြေကြီးများ သိပ်သည်းကာ ဧရာမ တွင်းကြီးတစ်တွင်း ဖြစ်ပေါ်လာသည်။ ကြည့်ရှုသူများ ထိတ်လန့်တကြား ထွက်ပြေးကြရသည်။
ဖုန်းဝူချန်၏ လက်သီးချက်ကြောင့် ဂိုဏ်းချုပ်လေးယန် အကြီးအကျယ် ဒဏ်ရာရသွားပြီး မလှုပ်ရှားနိုင်တော့ပေ။
ဂိုဏ်းချုပ်လေးယန်... အရှက်ရဖွယ် အရေးနိမ့်သွားခဲ့ပြီ ဖြစ်ပါ၏။
ဖုန်းဝူချန်နှင့် တိုက်ခိုက်ရာတွင် ဂိုဏ်းချုပ်လေးယန်သည် သိုင်းကွက်ကိုပင် ကောင်းကောင်း ထုတ်သုံးခွင့် မရလိုက်ပေ။
ပရိသတ်ကြီး တိတ်ဆိတ်သွား၏။ တွင်းကြီးထဲမှ ဂိုဏ်းချုပ်လေးယန်ကို ကြောက်လန့်တကြား ကြည့်နေကြသည်။
သခင်လေးကျန်း(မျိုးရိုး အမည်တူ)က နဖူးကြောများ တွန့်ကာ ပြောလိုက်၏။
"သူ့စွမ်းအားက လွန်လွန်းတယ်... သူ အကုန်ထုတ်မသုံးသေးဘူးလို့ ခံစားရတယ်..."
"အကုန် မထုတ်သေးဘူး ဟုတ်လား... ဒါဆို သူ့တိုက်ခိုက်စွမ်းရည်က ပဉ္စမအလွှာ အစစ်နဲ့ တန်းတူ ဖြစ်နေတာလား..."
ဘေးမှ ပါရမီရှင် အံ့ဩသွား၏။
"ဖြစ်နိုင်တယ်..."
ဖုန်းဝူချန်သည် တွင်းနက်ကြီး၏ နှုတ်ခမ်းဝသို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ ဒဏ်ရာရနေသော ဂိုဏ်းချုပ်လေးယန်ကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်၏။
"နောက်ဆုံး မှာစရာ ရှိသေးလား..."
ဖုန်းဝူချန်က လက်ဝါးကို မြှောက်ကာ မေးလိုက်၏။
"မင်း... မင်း ငါ့ကို သတ်ရဲရင်... ငါ့အဖေက မင်းကို အရှင်မထားဘူး..."
ဂိုဏ်းချုပ်လေးယန်က အားယူပြီး ခြိမ်းခြောက်လိုက်၏။
"ငါ့ကို ခြိမ်းခြောက်နေတာလား..."
"ခြိမ်းခြောက်တော့ ဘာဖြစ်လဲ... ငါ့အဖေက လေလံရုံမှာ ရှိနေတယ်ကွ..."
ဂိုဏ်းချုပ်လေးယန်က ရှုံးနိမ့်နေသည့်တိုင် မောက်မာနေဆဲပင်။
"လေလံရုံမှာ ဟုတ်လား..."
ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဒါဆိုရင်လည်း... မင်းကို တစ်ရက်လောက် အသက်ရှင်ခွင့် ပေးလိုက်မယ်... မနက်ဖြန်ကျမှ မင်းကို ငါသတ်မယ်…