← Chapters

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅) - အင်အားကြီးများ တုန်လှုပ်ခြင်း

"မနက်ဖြန်မှ မင်းကို ငါသတ်မယ်..."

ဖုန်းဝူချန်၏ စကားသည် ဂိုဏ်းချုပ်လေးယန်ကို ရင်ဘတ်ပေါက်မတတ် ဒေါသထွက်စေခဲ့သည်။

မနက်ဖြန်မှ သတ်မယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ။

လွတ်လပ်ခြင်းဂိုဏ်း၏ သခင်လေး၊ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ လေလံရုံတွင် ရှိနေသည့် အချိန်မျိုးတွင်... ဖုန်းဝူချန်က သူ့ကို လွှတ်ပေးလိုက်ခြင်းသည် ကျားကို တောင်ပြန်လွှတ်လိုက်ခြင်းနှင့် တူမနေဘူးလား။

ကျားကို တောင်ပြန်လွှတ်တာ ထားဦး... တကယ်တမ်း သေရမှာက ဖုန်းဝူချန် ကိုယ်တိုင် ဖြစ်သွားလိမ့်မည်။

ဖုန်းဝူချန်သည် ဖြည်းညှင်းစွာ လှည့်လိုက်ပြီး ဝမ်ယွဲ့ ဆီသို့ အေးစက်သော အကြည့်များ ပို့လွှတ်လိုက်၏။ ဝမ်ယွဲ့ ခမျာ ကြောက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွား၏။

ဖုန်းဝူချန် ပြသလိုက်သော စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလွန်းလှသဖြင့် ဝမ်ယွဲ့ မောက်မာရဲခြင်း မရှိတော့ပေ။

မူးယစ်နတ်ဘုရား စံအိမ် တစ်ခုလုံး ရှုပ်ပွသွားပြီ ဖြစ်ရာ ဖုန်းဝူချန်တို့အဖွဲ့ နောက်တစ်ဆိုင် ရှာရတော့မည်။ ထွက်ခွာခါနီးတွင် ဖုန်းဝူချန်သည် သခင်လေးကျန်းကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။

ပါရမီရှင်များ အားလုံးထဲတွင် သခင်လေးကျန်းသည် အစွမ်းအထက်ဆုံး ဖြစ်၏။ ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်၏။

သခင်လေးကျန်းသည် ဝင်္ကပါ ပင်လယ်နယ်မြေ မှ ကျန်းမိသားစု၏ သခင်လေး ကျန်းမီကုံး ဖြစ်၏။ ကျန်းမိသားစုသည် ဝင်္ကပါ ပင်လယ်နယ်မြေ၏ အရှင်သခင် ဖြစ်ပြီး ထျန်းကျီဘုံ ပညာရှင်များ ပိုင်ဆိုင်ထားသော အင်အားကြီး မိသားစု ဖြစ်၏။

ကျန်းမီကုံးသည် ပါရမီ အလွန် ထူးကဲသူ ဖြစ်ပြီး ဝူကျိနယ်မြေတွင် ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်၏။

ဂိုဏ်းချုပ်လေးယန်က ပါရမီရှင် ဆိုလျှင်၊ ကျန်းမီကုံးက ပါရမီရှင်တွေထဲက ပါရမီရှင် ဖြစ်၏။

ဝူကျိနယ်မြေ၏ ပါရမီရှင် အဆင့်သတ်မှတ်ချက်တွင် ကျန်းမီကုံးသည် အဆင့် (၈) ချိတ်သည်။

‘ယန်ဟဲ (ဂိုဏ်းချုပ်လေးယန်) က သူ့ကို လုံးဝ ခုခံနိုင်စွမ်း မရှိဘူး... သူ့ရဲ့ စွမ်းအားအစစ်အမှန်ကို ငါ တကယ် သိချင်နေပြီ…’

ဖုန်းဝူချန်၏ အကြည့်ကို ခံစားမိလိုက်သောအခါ ကျန်းမီကုံး နဖူးကြောများ တွန့်ကာ ထိုသို့ တွေးလိုက်၏။

"သခင်လေးကျန်း... သူ့စွမ်းအားက ခင်ဗျားနဲ့ ယှဉ်နိုင်မယ် ထင်လား..."

ဟုဘေးမှ သခင်လေးကောက မေးလိုက်၏။

ကျန်းမီကုံး ခေါင်းခါလိုက်ကာ၊

"မသိဘူး... ဒါပေမဲ့ ဒီလူက ငါ့ကို သတိထားရမယ့် ခံစားချက်မျိုး ပေးနေတယ်... သူ့နောက်ခံက ရိုးရှင်းမှာ မဟုတ်ဘူး..."

ကျန်းမီကုံးသည် ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာ ဖြစ်သော်လည်း ဖုန်းဝူချန်ကို အထင်မသေးရဲဘဲ တန်းတူ ပြိုင်ဘက် တစ်ယောက်အဖြစ် သတ်မှတ်ထားလိုက်၏။

"ဂိုဏ်းချုပ်လေးယန်က သိုင်းကွက်တောင် ထုတ်သုံးခွင့် မရလိုက်ဘူး..."

"တကယ် ကြောက်စရာ ကောင်းတယ်... မျက်စိပွင့်သွားတာပဲ..."

"ဘယ်အင်အားစုက ဒီလောက် ကြောက်စရာ ကောင်းတဲ့ ပါရမီရှင်ကို မွေးထုတ်ပေးလိုက်တာလဲ..."

ဖုန်းဝူချန်တို့ ထွက်သွားပြီးနောက် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

ဝမ်ယွဲ့နှင့် အခြား ပါရမီရှင် လေးယောက်သည် ဒဏ်ရာ ပြင်းထန်စွာ ရထားသော ယန်ဟဲကို ထမ်းပြီး လေလံရုံသို့ အလျင်အမြန် သွားရောက်ကြသည်။ ကုသမှု ခံယူရန် လိုအပ်နေလေ၏။

သည်တစ်ခါတော့ သူတို့ အကြီးအကျယ် အရှက်ကွဲသွားခဲ့ပြီ ဖြစ်ပါ၏။

အခြား ပါရမီရှင်များလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသည်။

ဆိုင်ရှင်မှာတော့ ပျက်စီးသွားသော ‌စားသောက်ဆိုင်ကြီးကို ကြည့်ပြီး မျက်ရည်ကျစရာပင် မရှိတော့ရှာပါ။ လျော်ကြေး တောင်းရဲမည် မဟုတ်ဘဲ ကိုယ့်စရိတ် ကိုယ်စိုက်ပြီး ပြင်ရတော့မည်ကို သူ သိနေသည်။

"အစ်ကိုဖုန်း... ခုနက ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာ လူကို စိတ်ဝင်စားနေတာလား..."

နောက်ထပ် စားသောက်ဆိုင် တစ်ခုသို့ ရောက်သောအခါ လျိုချင်းယန်က မေးလိုက်၏။

ထိုအခါ၊ ဖုန်းဝူချန်က အေးဆေးစွာ ဖြေလိုက်၏။

"သူ့စွမ်းအားက မဆိုးဘူး... အရေးကြီးဆုံးက သူက တတိယ အဆင့် သွန်းလုပ်ရေး ပညာရှင် ဖြစ်နေတာပဲ..."

"တတိယ အဆင့် သွန်းလုပ်ရေး ပညာရှင်..."

လျိုချင်းယန်နှင့် လင်ရှောင်ရှောင်တို့ အံ့ဩသွားကြသည်။

"သူ့နောက်ခံက တော်တော် တောင့်တင်းမှာ သေချာတယ်... ထျန်းကျီဘုံ ပညာရှင်တွေ ရှိမှာပဲ... ခုနက လူတွေထဲမှာ သူ့စွမ်းအားက အကောင်းဆုံးပဲ..."

"အစ်ကိုဖုန်း... အစ်ကိုကရော ဘယ်အဆင့် သွန်းလုပ်ရေး ပညာရှင်လဲ..."

လျိုချင်းယန်က စပ်စုလိုက်၏။

ထိုအခါ ဖုန်းဝူချန် ပခုံးတွန့်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။

"ငါလည်း မသိဘူး... မြန်မြန်စား... ဗိုက်ဝရင် မြောက်ဘက် တောအုပ်ထဲ သွားပြီး ကျင့်ကြံကြမယ်... မနက်ဖြန်မှ လေလံရုံ သွားမယ်..."

"အစ်ကိုကြီးဖုန်း... မွေးနေ့လက်ဆောင် ပြင်ဆင်ပြီးပြီလား..."

လင်ရှောင်ရှောင် မေးလိုက်၏။

"မပြင်ဆင်ရသေးဘူး..."

"ဒါဆို ဘာပေးဖို့ စိတ်ကူးထားလဲ..."

မြောင်ချင်းချင်းက ဝင်မေးသည်။

"နေမင်း အသက်ရှည်ဆေးလုံး ..."

...

ယန်ဟဲ အရှက်ရဖွယ် ရှုံးနိမ့်သွားသည့် သတင်းသည် ရှင်းကျဲမြို့တော် တစ်ခုလုံးသို့ လေပွေအလား တိုက်ခတ်သွား၏။ အထူးသဖြင့် ကောင်းကင်ဘုံလူသား ဒုတိယအလွှာ ပညာရှင် တစ်ယောက်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားသည် ဆိုသောအချက်က ပို၍ တုန်လှုပ်စရာ ကောင်းနေသည်တည်း…။

ယန်ဟဲကို သိသူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

လေလံရုံတွင် အနားယူနေကြသော အင်အားကြီး ဂိုဏ်းများမှ ခေါင်းဆောင်များလည်း ထိုသတင်းကို ကြားလိုက်ရသည့်အခါ အံ့အားသင့်သွားကြသည်။ တချို့ဆို မယုံကြည်နိုင် ဖြစ်နေကြလေ၏။

ဘယ်သူကများ သည်လောက် သန်မာနေရသည်လဲ။

ဝူကျိနယ်မြေမှ အင်အားကြီးများ မသိကြပေ။

ရှင်းကျဲမြို့တော်တွင် ဖုန်းဝူချန်သည် နဂါးနတ်ဘုရား နန်းတော်သခင် ဖြစ်ကြောင်း သိသူ နည်းပါးသည်။

သို့သော် သတင်းပြန့်သွားသည်နှင့်အမျှ ဖုန်းဝူချန်၏ နောက်လိုက်များကို မမြင်ဖူးသော်လည်း၊ ‘နဂါးနတ်ဘုရား နန်းတော်သခင်’ ဟူသော အမည်ကို လူတိုင်း ရင်းနှီးလာကြသည်။

အင်အားစုသစ် တစ်ခု အနေဖြင့် နဂါးနတ်ဘုရား နန်းတော်သည် နာမည်ကျော်ကြားနေပြီ ဖြစ်၏။

လေလံရုံတွင်... မိမိ၏ သားဖြစ်သူ သူများလက်ချက်ဖြင့် အကြီးအကျယ် ဒဏ်ရာရလာသည်ကို သိလိုက်ရသောအခါ လွတ်လပ်ခြင်းဂိုဏ်းချုပ်သည် ဒေါသပေါက်ကွဲသွား၏။ ထျန်းကျီဘုံ အဆင့်၏ ကြောက်မက်ဖွယ် အရှိန်အဝါသည် ရှင်းကျဲမြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး၊ ရက်စက်သော သတ်ဖြတ်လိုစိတ်များ သိပ်သည်းလာသည်။

မြို့သူမြို့သားများ အားလုံး ထိုအရှိန်အဝါအောက်တွင် လန့်ဖျတ်သွားကြသည်။

"ဘယ်သူလဲ... ဘယ်ကောင်လဲ..."

ဂိုဏ်းချုပ်၏ ဟိန်းဟောက်သံက လေလံရုံတွင် ပဲ့တင်ထပ်သွား၏။

ထိုအခါ၊ ပထမအကြီးအကဲက လေးနက်စွာ အစီရင်ခံလိုက်၏။

"ဂိုဏ်းချုပ်..သူ ဘယ်သူလဲ ဆိုတာ မသိရပါဘူး... ဒါပေမဲ့ သူက ကောင်းကင်ဘုံလူသား ဒုတိယအလွှာ ဖြစ်ပြီး စတုတ္ထအလွှာ အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားတယ်လို့ ပြောပါတယ်... သခင်လေးက သူ့ကို လုံးဝ မယှဉ်နိုင်ခဲ့ပါဘူး..."

"သခင်လေးတင် မကဘူး... ဝမ်ယွဲ့ရဲ့ လက်လည်း ကျိုးသွားတယ်... တခြား လေးယောက်လည်း အကြီးအကျယ် ဒဏ်ရာရသွားတယ်..."

"လွန်လွန်းတယ်..."

ဂိုဏ်းချုပ် အံကြိတ်လိုက်၏။

"အဲ့ဒီလူကို ငါ့ရှေ့ ခေါ်လာခဲ့..."

ကိုယ့်သားအရင်း လေလံရုံ ပိုင်နက်ထဲမှာ ဒဏ်ရာရတာကို ဂိုဏ်းချုပ် ဘယ်လိုလုပ် သည်းခံနိုင်ပါမည်နည်း။

ဒေါသထွက်လွန်း၍ ဂိုဏ်းချုပ်သည် လေလံရုံ ပင်မနန်းဆောင်သို့ သွားရောက်ပြီး ဖြေရှင်းချက် တောင်းရန် ပြင်လိုက်၏။ သို့သော် အကြီးအကဲများက တားဆီးလိုက်ကြသည်။

"ဂိုဏ်းချုပ်... စိတ်လျော့ပါ... ဒီကိစ္စနဲ့ ပတ်သက်ပြီး လေလံရုံနဲ့ ရန်မဖြစ်သင့်ပါဘူး..."

ပထမအကြီးအကဲက သတိပေးလိုက်၏။

မနက်ဖြန်သည် လင်မိုယန်၏ အသက် (၇၀) ပြည့် မွေးနေ့ ဖြစ်၏။ ဒီအချိန်မှာ ပြဿနာ သွားရှာခြင်းသည် လေလံရုံကို မလေးစားရာ ရောက်ပေလိမ့်မည်။

လွတ်လပ်ခြင်းဂိုဏ်းက အင်အားကြီးသော်လည်း လေလံရုံသည်လည်း လျှော့တွက်၍ မရပေ။

မတတ်သာဘဲ ဂိုဏ်းချုပ်သည် ဒေါသကို အတင်း မျိုသိပ်လိုက်ရသည်။

လေလံရုံ ဥက္ကဋ္ဌနှင့် အကြီးအကဲများလည်း သတင်းရရှိထားသည်။

ဖုန်းဝူချန် လက်ချက်မှန်း သိလိုက်ရသောအခါ သူတို့ ဘာမှ မလုပ်ဘဲ ငြိမ်နေလိုက်ကြသည်။ လွတ်လပ်ခြင်းဂိုဏ်းချုပ်ကိုလည်း ဘာမှ ရှင်းပြမနေတော့ပေ။ ယန်ဟဲ ကိုယ့်သေတွင်း ကိုယ်တူးသည်ဟုသာ မှတ်ယူလိုက်ကြသည်။

ဖုန်းဝူချန်သာ စတင် ရန်စခဲ့လျှင်တောင်မှ လွတ်လပ်ခြင်းဂိုဏ်းကို ကူညီဖို့ နေနေသာသာ၊ လေလံရုံ အနေဖြင့် အရေးယူမည် မဟုတ်ပေ။

ဖုန်းဝူချန်၏ အရည်အချင်းကို လေလံရုံက ကောင်းကောင်း သိထားသည်။ စိတ်မကွက်စေရဲပေ။

လေလံရုံဘက်က ဘာမှ တုံ့ပြန်မှု မရှိသည်ကို တွေ့ရသောအခါ အင်အားကြီး ဂိုဏ်းခေါင်းဆောင်များ စိတ်ဝင်စားသွားကြသည်။

ဖုန်းဝူချန်သည် နဂါးနတ်ဘုရား နန်းတော်သခင် ဖြစ်ကြောင်း သတင်းပြန့်သွားမှသာ သူတို့ ဘယ်သူဘယ်ဝါမှန်း သိလိုက်ကြရ၏။

"အသစ်စက်စက် အင်အားစုလေးပါလား... တကယ့်ကို သေချင်နေတာပဲ..."ဟု လွတ်လပ်ခြင်းဂိုဏ်း အကြီးအကဲ တစ်ယောက်က ခံစားချက်ကင်းမဲ့စွာ ကြုံးဝါးလိုက်၏။

ဂိုဏ်းချုပ်ကလည်း

"လင်မိုယန်ရဲ့ မွေးနေ့ပွဲ ပြီးတာနဲ့... နဂါးနတ်ဘုရား နန်းတော်ကို မြေလှန်ပစ်မယ်..." ဟု ရက်စက်စွာ ကြေညာလိုက်၏။

နဂါးနတ်ဘုရား နန်းတော်ကို သေစာရင်း သွင်းလိုက်ပြီ ဖြစ်၏။

ပထမအကြီးအကဲက နဖူးကြောများ တွန့်ရင်း "ဂိုဏ်းချုပ်... ဝမ်ယွဲ့ ပြောပြချက်အရ ဆိုရင်... ဒီ နဂါးနတ်ဘုရား နန်းတော်သခင် ဖုန်းဝူချန်က သခင်လေးကျန်းနဲ့ တစ်ခုခု ပတ်သက်နေပုံရတယ်…”

ဟု သတိပေးလိုက်သည်။

"သခင်လေးကျန်း..."

ဂိုဏ်းချုပ် တွန့်ဆုတ်သွား၏။

"ဟုတ်ပါတယ်... အဲ့ဒီတုန်းက ဖုန်းဝူချန် အဖွဲ့ထဲက တစ်ယောက်က သူတို့ဟာ သခင်လေးကျန်းရဲ့ မိတ်ဆွေတွေပါလို့ ပြောခဲ့ပါတယ်..."

"ဟမ်..မိတ်ဆွေတွေ..."

ဂိုဏ်းချုပ်၏ မျက်နှာထား ပြောင်းလဲသွားလေတော့သည်။

အခန်း (၅၀၆) - မွေးနေ့ပွဲကျင်းပခြင်း

အချိန်များ ကုန်ဆုံးသွားသည်မှာ မျက်စိ တစ်မှိတ်စာမျှသာ။

ဒီနေ့သည် လေလံရုံ ဥက္ကဋ္ဌ လင်မိုယန်၏ အသက် (၇၀) ပြည့် မွေးနေ့ပွဲကြီး ကျင်းပသည့်နေ့ ဖြစ်၏။

ဝူကျိနယ်မြေ အနှံ့အပြားမှ အင်အားကြီး ဂိုဏ်းခေါင်းဆောင်များနှင့် ပညာရှင်များ အားလုံး လေလံရုံသို့ ရောက်ရှိစုဝေးနေကြပြီ ဖြစ်၏။

လင်မိုယန်၏ မွေးနေ့ပွဲသည် အဆင့်မြင့် ပုဂ္ဂိုလ်များအတွက် သီးသန့်ပွဲ ဖြစ်ပြီး၊ သာမန်လူများ ဝင်ခွင့်မရှိပေ။

အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုမှ အကြီးအကဲများလည်း လမ်းခရီးတွင် ရောက်ရှိနေကြပြီ ဖြစ်၏။

သူတို့သည် လေလံရုံ၏ ဖိတ်ကြားချက်ကြောင့် သာမက၊ ဝူကျိနယ်မြေ၏ အဓိက မဏ္ဍိုင်ကြီး နှစ်ခု ဖြစ်သည့်အားလျော်စွာ လင်မိုယန်ကို ဂုဏ်ပြုရန် ကိုယ်တိုင်ကိုယ်ကျ ကြွရောက်လာကြခြင်း ဖြစ်၏။

"ကြိုဆိုပါတယ်…ဧည့်သည်တော်ကြီးများ..."

လင်မိုယန်သည် လက်သီးဆုပ်ကာ ခါးကိုကိုင်းပြီး ဖော်ရွေစွာ နှုတ်ဆက်လိုက်၏။ ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီး အတွင်း၌ သူ၏ အပြုံးများက တောက်ပနေသည်။

"ဝူကျိနယ်မြေ၊ လွတ်လပ်ခြင်းဂိုဏ်းက ဥက္ကဋ္ဌလင်ကို မွေးနေ့ဆုတောင်း ပေးပို့လိုက်ပါတယ်..."

ဟု လွတ်လပ်ခြင်းဂိုဏ်းချုပ်က ဦးစွာ ရှေ့ထွက်လာပြီး ဂုဏ်ပြုစကား ဆိုလိုက်၏။

"ဝူကျိနယ်မြေ၊ ကောင်းကင်ဓားဂိုဏ်းက မွေးနေ့ဆုတောင်း ပေးပို့လိုက်ပါတယ်..."

"ဝင်္ကပါ ပင်လယ်နယ်မြေ၊ ကျန်းမိသားစုက မွေးနေ့ဆုတောင်း ပေးပို့လိုက်ပါတယ်..."

"..."

အင်အားကြီး ဂိုဏ်းခေါင်းဆောင်များ တစ်ယောက်ပြီး တစ်ယောက် ရှေ့ထွက်လာကြပြီး မွေးနေ့လက်ဆောင်များ ပေးအပ်ကာ ဂုဏ်ပြုစကား ဆိုကြသည်။

လင်မိုယန်က တစ်ယောက်ချင်းစီကို ကျေးဇူးတင်စကား ပြန်ပြောပြီး ပျော်ရွှင်နေသည်။

ကျန်းမိသားစု ခေါင်းဆောင်က ပြုံးပြီး

"ဥက္ကဋ္ဌလင်... အင်မော်တယ် လက်နက် စံအိမ်နဲ့ ကျန်းမိသားစုလည်း လာမယ်လို့ ကြားပါတယ်... ဘယ်အချိန်လောက် ရောက်မလဲ မသိဘူး..." (ကျန်းကျွင့်လန်ရဲ့ ကျန်းမိသားစုနဲ့ ကျန်းမီကုံးရဲ့ ကျန်းမိသားစုချင်း မတူပါ >

All Chapters