← Chapters

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း (၅၀၈) - သည်းမခံနိုင်တော့ခြင်း

~လွတ်လပ်ခြင်းဂိုဏ်းသည် ဝူကျိနယ်မြေတွင် ဂုဏ်သိက္ခာ ကြီးမားလှသည်။ ဂိုဏ်းချုပ်သည် ထိပ်တန်း ပညာရှင် တစ်ဦးဖြစ်ပြီး လူတိုင်းက လေးစားရိုသေရသူ ဖြစ်၏။

ဒီနေ့သည် လင်မိုယန်၏ အသက် (၇၀) ပြည့် မွေးနေ့ ဖြစ်သဖြင့် ဝူကျိနယ်မြေ အနှံ့မှ အရေးပါသော ပုဂ္ဂိုလ်များ စုဝေးနေကြသည်။

ထိုအချိန်မျိုးတွင် ဖုန်းဝူချန်က သူ၏သား၊ ဂိုဏ်းချုပ်လေးယန် ကို အကြီးအကျယ် ဒဏ်ရာရအောင် လုပ်ခဲ့သည်။ ဒါသည် လွတ်လပ်ခြင်းဂိုဏ်းကို စော်ကားလိုက်ခြင်းပင်။

သတင်းက ရှင်းကျဲမြို့တော် တစ်ခုလုံး ‌သောသောညံနေပြီ ဖြစ်ရာ၊ လွတ်လပ်ခြင်း ဂိုဏ်းချုပ် အနေဖြင့် ဒီကိစ္စကို ဘယ်လိုလုပ် လွှတ်ထားနိုင်ပါမည်နည်း။

လွှတ်ပေးလိုက်လျှင် မိမိသည် လူအများ၏ ဟာသကောင်ကြီး ဖြစ်သွားပေလိမ့်မည်။

လွတ်လပ်ခြင်းဂိုဏ်းသည် ဧရာမ သားရဲကြီး တစ်ကောင် အလား အင်အားကြီးမားလှသော်လည်း၊ နဂါးနတ်ဘုရား နန်းတော်သည် သေးငယ်သော တတိယတန်းစား အင်အားစုလေး မျှသာ။

ဒီလို အင်အားစုလေးကို ကြောက်ပြီး ငြိမ်နေရသည် ဆိုလျှင် လွတ်လပ်ခြင်းဂိုဏ်း၏ သိက္ခာ ဘယ်ရောက်သွားပါမည်နည်း။

"ဥက္ကဋ္ဌလင်... ခင်ဗျားနဲ့ ဖုန်းဝူချန် ဘယ်လို ပတ်သက်လဲ ကျွန်တော် ဂရုမစိုက်ဘူး... ဒါပေမဲ့ ခင်ဗျား သူ့ဘက်က ဆက်ပြီး ကာကွယ်နေမယ် ဆိုရင်... ဝူကျိနယ်မြေက အင်အားကြီး ဂိုဏ်းတွေ အားလုံး မကျေမနပ် ဖြစ်ကုန်ကြလိမ့်မယ်..."

"အညတရ နဂါးနတ်ဘုရား နန်းတော်က တော်တော် မောက်မာတာပဲ... လေလံရုံက သည်းခံရင်တောင်... အင်မော်တယ် လက်နက် စံအိမ်နဲ့ ကျန်းမိသားစုက သည်းခံမှာ မဟုတ်ဘူး..."

"ဥက္ကဋ္ဌလင်... သေချာ စဉ်းစားပါ... လေလံရုံကို ဒီပြဿနာထဲ ဆွဲမထည့်ပါနဲ့..."

အင်အားကြီး ဂိုဏ်းခေါင်းဆောင်များ မကျေမနပ် ပြောဆိုနေကြသည်။ ကျန်းမိသားစုနှင့် အင်မော်တယ် လက်နက် စံအိမ်ကိုပါ ပို့လွှတ် ပြောဆိုကြသော်လည်း လေလံရုံ ရှေ့တွင် မည်သူမျှ ဦးဆောင်ပြီး မလုပ်ရဲကြပေ။

လင်မိုယန်နှင့် အကြီးအကဲ သုံးယောက်၏ မျက်နှာထားများ အလွန် အရုပ်ဆိုးနေသည်။

"သည်းခံရမယ် ဟုတ်လား..."

ဖုန်းဝူချန် ခံစားချက်ကင်းမဲ့စွာ ဟားတိုက်လိုက်၏။

"ကျုပ်က အင်မော်တယ် လက်နက် စံအိမ်ကိုလည်း မပြစ်မှားဘူး... ကျန်းမိသားစုကိုလည်း မပြစ်မှားဘူး... ဘာလို့ သူတို့က သည်းမခံနိုင်ရမှာလဲ... ခင်ဗျားတို့ သိက္ခာဆယ်ဖို့အတွက် ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်ကို အသုံးချမနေကြနဲ့..."

လျိုချင်းယန်ကလည်း မထီမဲ့မြင် ပြုံးရင်း

"ကိုယ့်သားသမီးကိုတောင် မဆုံးမနိုင်ဘဲ ပြဿနာတက်မှ မိဘတွေက ဝင်ပါရတယ်ပေါ့... တော်တော် ကြည့်ကောင်းတာပဲ..."ဟု လှောင်ပြောင်လိုက်၏။

"အဖေ... သူတို့နဲ့ စကားအများကြီး ပြောမနေပါနဲ့... အခုချက်ချင်း သတ်ပစ်ပါဗျာ..."

ယန်ဟဲ ဒေါသတကြီး အော်ဟစ်လိုက်၏။ ဖုန်းဝူချန်တို့ကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေသည်။

ဝမ်ယွဲ့လည်း "အဖေ... သတ်လိုက်ပါတော့..”

ဟု ထပ်ဆင့် အော်ဟစ်လိုက်၏။

လျိုချင်းယန်၏ စကားများသည် ဂိုဏ်းခေါင်းဆောင်များကို ပို၍ ဒေါသထွက်စေခဲ့သည်။

ဝမ်မိသားစု ခေါင်းဆောင်သည် လျိုချင်းယန်ကို ရက်စက်စွာ စိုက်ကြည့်လိုက်ပြီး၊ စကားတစ်ခွန်းမျှ မပြောဘဲ လက်ကို ဝှေ့ယမ်းကာ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ပစ်လွှတ်လိုက်၏။

"ချင်းယန်... သတိထား..."

ဖုန်းဝူချန်၏ မျက်နှာထား ရေခဲတမျှ အေးစက်သွား၏။

ရုတ်တရက် တိုက်ခိုက်မှုကို မမျှော်လင့်ထားသဖြင့် လျိုချင်းယန် လန့်ဖျတ်သွား၏။

လင်ရှောင်ရှောင် ရုတ်ချည်းပင် ရှေ့ထွက်လာပြီး အကာအကွယ်လွှာ ဖန်တီးရန် ပြင်လိုက်၏။

"ဝှစ်..."

"ဘုန်း..."

သို့သော်... ထိုအချိန်တွင် လင်မိုယန် ရောက်ရှိလာပြီး လက်ကို ဝှေ့ယမ်းကာ ထိုစွမ်းအားကို ဖျက်ဆီးပစ်လိုက်၏။

စွမ်းအား ပျက်ပြယ်သွားသော်လည်း ဖုန်းဝူချန်၏ မျက်နှာထားကတော့ လုံးဝ အေးစက်သွားခဲ့ပြီ ဖြစ်ပါ၏။ သူ့မျက်လုံးများထဲတွင် အရိုးခိုက်မတတ် အေးစက်သော သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွား၏။

ဖုန်းဝူချန်၏ အေးစက်သော အရှိန်အဝါကို ခံစားမိလိုက်သောအခါ လင်မိုယန် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဝမ်မိသားစု ခေါင်းဆောင်နှင့် အခြားသူများအတွက် စိတ်မကောင်း ဖြစ်မိသွား၏။

ဝမ်မိသားစု ခေါင်းဆောင် မည်းမှောင်သော မျက်နှာထားဖြင့်

"ဥက္ကဋ္ဌလင်... ခင်ဗျားက ဒီလူတွေကို တကယ်ပဲ ဆက်ပြီး ကာကွယ်ပေးချင်နေတာလား..."

ဟု မေးလိုက်၏။

လင်မိုယန် ဝင်ပါလာခြင်းသည် အင်အားကြီး ဂိုဏ်းခေါင်းဆောင်များကို ပို၍ ဒေါသထွက်စေ၏။

လင်မိုယန်က ဝူကျိနယ်မြေ၏ အင်အားကြီး ဂိုဏ်းများနှင့် ရန်ဖြစ်ရမည် ဆိုလျှင်တောင် ဖုန်းဝူချန်ဘက်က ရပ်တည်ပေးမည် ဆိုကတည်းက ဖုန်းဝူချန်၏ အရေးပါမှုကို သိသာနေပြီ ဖြစ်၏။

ကျန်းမိသားစု၊ ကောမိသားစုနှင့် ရှန်ဝူဂိုဏ်းတို့ကတော့ ဖုန်းဝူချန်ကို မောက်မာသည်ဟု ထင်သော်လည်း ဝင်မပါဘဲ စောင့်ကြည့်နေကြသည်။

"မိသားစုခေါင်းဆောင်ဝမ်... ဒါ လေလံရုံ ဆိုတာ မမေ့နဲ့... ခင်ဗျားတို့ ဝမ်မိသားစု ရမ်းကားလို့ရတဲ့ နေရာ မဟုတ်ဘူး..."ဟု လင်မိုယန် လေးနက်စွာ သတိပေးလိုက်၏။

"ဥက္ကဋ္ဌလင်... လေလံရုံကို အကြောင်းပြပြီး ကျုပ်တို့ကို ဖိနှိပ်မနေပါနဲ့... လေလံရုံက ဘယ်လောက်ပဲ စွမ်းပါစေ... ကျုပ်တို့ အင်အားကြီး ဂိုဏ်းတွေ အကုန်ပေါင်းလိုက်ရင် ယှဉ်နိုင်ပါ့မလား..."

လွတ်လပ်ခြင်းဂိုဏ်းချုပ်က ခံစားချက်ကင်းမဲ့စွာ ပြန်မေးလိုက်၏။

ဖုန်းဝူချန်ကို ရက်စက်စွာ တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောသည်။

"ဥက္ကဋ္ဌလင်... ကျုပ်တို့ ခင်ဗျားကို မျက်နှာသာ အများကြီး ပေးပြီးပြီ... ဆက်ပြီး တားဆီးနေမယ် ဆိုရင်တော့... ကျုပ်တို့ကို မရိုင်းနဲ့လို့ မပြောနဲ့..."

"ဝှစ်... ဝှစ်... ဝှစ်..."

လွတ်လပ်ခြင်းဂိုဏ်းချုပ်၏ စကား ဆုံးသည်နှင့် လူရိပ်များစွာ ဘွားခနဲ ထွက်ပေါ်လာသည်။

ခေါင်းဆောင်မှာ ထျန်းခွေ ဖြစ်ပြီး၊ လေလံရုံ၏ လျှို့ဝှက် ပညာရှင် ထျန်းကျီဘုံ အဆင့် (၆) ယောက် ဖြစ်၏။

လေလံရုံ၏ အင်အားသည် အပေါ်ယံ မြင်ရသလောက် ရိုးရှင်းခြင်း မရှိပေ။ ထိပ်တန်း ပညာရှင်များ မရှိလျှင် လေလံရုံသည် လက်ပြောင်းသွားတာ ကြာလှပြီ ဖြစ်၏။

ထျန်းခွေသည် ထျန်းကျီဘုံ ပဉ္စမအလွှာသို့ ရောက်ရှိနေပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။

"ထျန်းခွေ..."

ဂိုဏ်းချုပ် မျက်ခုံးများ ကျုံ့လိုက်၏။ အရှိန်အဝါကို ကြည့်ရုံဖြင့် ထျန်းခွေမှန်း သိလိုက်၏။

"လေလံရုံမှာ ရမ်းကားတဲ့သူ... သေရမယ်…”

ဟု ထျန်းခွေက ဂိုဏ်းချုပ်ကို ခံစားချက်ကင်းမဲ့စွာ ကြည့်ပြီး ပြောလိုက်၏။

နန်းဆောင် အပြင်ဘက်တွင်လည်း ကောင်းကင်ဘုံလူသား အဆင့် ပညာရှင် ဒါဇင်ပေါင်းများစွာ ရောက်ရှိလာကြသည်။

အားကောင်းမောင်းသန်သော အင်အားစုကြီးပင်။

"လွတ်လပ်ခြင်းဂိုဏ်းချုပ်... စကားနားမထောင်ရင် စမ်းကြည့်လိုက်လေ..."

လင်မိုယန်က ယဉ်ကျေးမှု မရှိတော့ဘဲ ပြတ်သားစွာ ပြောလိုက်၏။

"ဥက္ကဋ္ဌလင်... ခင်ဗျားတို့လောက်နဲ့ ကျုပ်တို့ကို တားနိုင်မယ် ထင်နေလား..."

ဆန်းလော့နန်းတော် ၊ သခင်ကြီး ယန်ဟဲက ခံစားချက် ကင်းမဲ့စွာ အော်ဟစ်လိုက်၏။

လေလံရုံတွင် ထျန်းကျီဘုံ (၆) ယောက်သာ ရှိသော်လည်း၊ အင်အားကြီး ဂိုဏ်းများ ဘက်တွင် ထျန်းကျီဘုံ အယောက် (၂၀) နီးပါး ရှိနေ၏။ ပဉ္စမအလွှာ အဆင့်များလည်း ပါဝင်သည်။

အစွမ်းအထက်ဆုံး ဖြစ်သော ရှန်ဝူဂိုဏ်းချုပ် (ထျန်းကျီဘုံ ဆဋ္ဌမအလွှာ) ကတော့ ဝင်မပါဘဲ စောင့်ကြည့်နေသည်။

"လွတ်လပ်ခြင်းဂိုဏ်းချုပ်... လေလံရုံကို လျှော့မတွက်နဲ့... တကယ်တမ်း တိုက်ချင်ရင် ရှင်းရှင်းလင်းလင်း ပြော..."

နီဖုန်းယွင် ဖြည်းညှင်းစွာ ဆင်းသက်လာပြီး ကြောက်ရွံ့ခြင်း မရှိဘဲ ရင်ဆိုင်လိုက်၏။

နီဖုန်းယွင်သည် ဆဌမ အဆင့် ဆေးပညာရှင် ဖြစ်သဖြင့် အပေါင်းအသင်း များပြားလှသည်။ သူ့စကားတစ်ခွန်းနှင့် အသက်ပေးမည့် ပညာရှင်များ မည်မျှ ရှိနေမည် မသိနိုင်ပေ။

နီဖုန်းယွင်၏ စကားကြောင့် လွတ်လပ်ခြင်းဂိုဏ်းချုပ်နှင့် အခြားသူများ မျက်နှာထား လေးနက်သွားကြသည်။

သူတို့ဂိုဏ်းများတွင်လည်း ဆေးပညာရှင်များ ရှိသော်လည်း၊ နီဖုန်းယွင်လောက် အဆင့်မမြင့်ကြပေ။

‘ဒီ ဖုန်းဝူချန်က ဘယ်သူလဲ... လေလံရုံက ဘာလို့ သူ့အတွက်နဲ့ အရာအားလုံးကို ရင်းပြီး ကာကွယ်ပေးနေရတာလဲ…’

ရှန်ဝူဂိုဏ်းချုပ် ပို၍ စိတ်ဝင်စားလာသည်။

ပါရမီရှင် လူငယ်များလည်း ဖုန်းဝူချန်ကို သေချာ အကဲခတ်နေကြ၏။

"ဖုန်းဝူချန်က ဘယ်သူလဲ..."

ကျန်းမိသားစု ခေါင်းဆောင်လည်း သိချင်နေသည်။

လက်နက် သန့်စင်ပညာရှင် ကျန်းကျွင့်လန်၏ မိတ်ဆွေ ဟုတ်မဟုတ် မသေချာသော်လည်း၊ နဂါးနတ်ဘုရား နန်းတော်သခင် ဆိုတာတော့ သိထားသည်။

လေလံရုံက လူတစ်ယောက်အတွက်နှင့် အင်အားကြီး ဂိုဏ်းတွေ အားလုံးကို ရန်စရဲတာ သူတို့ တစ်ခါမှ မမြင်ဖူးပေ။

ဖုန်းဝူချန်ကတော့ အေးဆေးစွာ ကြည့်နေသည်။ သူ့အမြင်တွင် လွတ်လပ်ခြင်းဂိုဏ်းချုပ်နှင့် အပေါင်းအပါများသည် သေလူများ ဖြစ်နေလေ၏။

ခဏတာ တိတ်ဆိတ်ပြီးနောက်... လွတ်လပ်ခြင်းဂိုဏ်းချုပ် သည်းမခံနိုင်တော့ဘဲ "လင်မိုယန်... ခင်ဗျားက နဂါးနတ်ဘုရား နန်းတော်သခင်လေး တစ်ယောက်ကို ကာကွယ်ပေးတာဟာ... ကျုပ်တို့ အင်အားကြီး ဂိုဏ်းတွေ အားလုံးကို စော်ကားလိုက်တာပဲ…”

ဟု အံကြိတ်ကာ ပြောလိုက်၏။

"ဝီ..."

ထိုအချိန်မှာပင်၊ ကြောက်မက်ဖွယ် စွမ်းအားများ သိပ်သည်းလာပြီး နန်းဆောင်ကြီး ပြင်းထန်စွာ လှုပ်ခါသွား၏။ သတ်ဖြတ်လိုစိတ်များ လွှမ်းခြုံသွား၏။

ဦးဆုံး လှုပ်ရှားလိုက်သူက ထျန်းခွေ့ပင်။

"လွတ်လပ်ခြင်းဂိုဏ်းချုပ်... ခင်ဗျား နောင်တ မရစေနဲ့…”

သူက ချက်ချင်း ရောက်ရှိလာကာ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။

ကျန်းခွေ့ စကားအဆုံး၌၊ နီဖုန်းယွင်သည် အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူလိုက်ပြီး လက်ချောင်းများကြား ညှပ်ကာ ၎င်းထဲသို့ အစစ်အမှန် ယွမ်စွမ်းအားများ ပို့လွှတ်လိုက်၏။

အဆောင်လက်ဖွဲ့သည် အလင်းဖြူတန်း အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်သို့ ထိုးတက်ကာ ပျောက်ကွယ်သွားလေ၏။

"ဆင့်ခေါ်ခြင်း အဆောင်လက်ဖွဲ့..."

အင်အားကြီး ဂိုဏ်းခေါင်းဆောင်များ မျက်နှာပျက်ကုန်ကြလေတော့သတည်း။

အခန်း (၅၀၉) - မျှော်လင့်ချက်မဲ့ခြင်း

~"အဖေ... အချိန်နီးနေပြီ... မြန်မြန်သွားကြရအောင်... ဆရာ ရောက်နေလောက်ပြီ..."

လေလံရုံသို့ သွားနေသော လမ်းခရီးတွင် ကျန်းကျွင့်လန်က စိတ်လှုပ်ရှားစွာ တိုက်တွန်းလိုက်၏။

သာမန်အချိန်များတွင် ဆိုလျှင် လေလံရုံ၏ ဖိတ်ကြားချက်ကို ကျန်းမိသားစုက ပညာရှင် တစ်ယောက် နှစ်ယောက်လောက်သာ လွှတ်လိုက်မှာ ဖြစ်၏။ သို့သော် ဖုန်းဝူချန် တက်ရောက်မည်ကို သိထားသဖြင့် ကျန်းမိသားစု ခေါင်းဆောင် ကိုယ်တိုင် ဦးဆောင်ပြီး အကြီးအကဲ သုံးယောက်နှင့် ထိပ်တန်း ပညာရှင်များပါ လိုက်ပါလာကြသည်။

"မလောပါနဲ့ကွာ... အချိန် အများကြီး ကျန်ပါသေးတယ်..."

ကျန်းထျန်းယွမ်က ပြုံးရင်း ပြောလိုက်၏။

မိနစ်ပိုင်း အတွင်းမှာပင် ကျန်းမိသားစုအဖွဲ့သည် ရှင်းကျဲ လေလံရုံသို့ ရောက်ရှိလာကြသည်။

"လင်မိုယန်... ခင်ဗျားက နဂါးနတ်ဘုရား နန်းတော်သခင်လေး တစ်ယောက်ကို ကာကွယ်ပေးတာဟာ... ကျုပ်တို့ အင်အားကြီး ဂိုဏ်းတွေ အားလုံးကို စော်ကားလိုက်တာပဲ..."

ရောက်ရောက်ချင်း ကြားလိုက်ရသော လွတ်လပ်ခြင်းဂိုဏ်းချုပ်၏ ဟိန်းဟောက်သံကြောင့် ကျန်းကျွင့်လန်၏ မျက်နှာထား မည်းမှောင်သွား၏။ ကျန်းထျန်းယွမ်နှင့် ပထမအကြီးအကဲ ကျန်းဝူဖုန်းတို့လည်း နဖူးကြောများ တွန့်သွားကြသည်။

"ကျန်း... ကျန်းမိသားစု ခေါင်းဆောင်နဲ့ အကြီးအကဲ သုံးယောက်... ပြီးတော့ သခင်လေးပါ ပါလာတယ်..."

"ကျန်းမိသားစု... ကျန်းမိသားစုက လူတွေ ရောက်လာပြီ... မိသားစုခေါင်းဆောင် ကိုယ်တိုင်ပဲ..."

"ဘုရားရေ... တကယ်ကြီး ကျန်းမိသားစု ခေါင်းဆောင်ပါလား..."

လေလံရုံ အပြင်ဘက်ရှိ လူအုပ်ကြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

လေလံရုံ အစောင့်များပင်လျှင် စိတ်လှုပ်ရှားလွန်း၍ တုန်ယင်နေကြသည်။

အစောင့်တစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်တော့မည့် အချိန်တွင် ကျန်းကျွင့်လန်က လက်ပြပြီး တားလိုက်၏။ မည်းမှောင်နေသော မျက်နှာထားဖြင့် ခန်းမဆောင်ထဲသို့ ဝင်သွား၏။

"ကြွပါ ကျန်းမိသားစု ခေါင်းဆောင်ခင်ဗျာ..."

"ကြွပါ အကြီးအကဲ သုံးယောက်ခင်ဗျာ..."

အစောင့်များက ရိုသေစွာ လမ်းဖယ်ပေးလိုက်ကြသည်။ ကျန်းထျန်းယွမ်နှင့် ထိပ်တန်း ပုဂ္ဂိုလ်ကြီးများကို မြင်တွေ့ရခြင်းသည် သူတို့အတွက် အိပ်မက်တစ်ခုလို ဖြစ်နေသည်။

"ဝှစ်... ဝှစ်... ဝှစ်..."

ကျန်းမိသားစုဝင်များ ခန်းမဆောင် နောက်ဘက်သို့ ဝင်သွားချိန်တွင်... ရုတ်တရက် လူရိပ် ဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာသည်။ အားလုံးသည် အစွမ်းထက်သော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။

နီဖုန်းယွင် ဆင့်ခေါ်လိုက်သော ပညာရှင်များ ဖြစ်ကြသည်။ ထိုအထဲတွင် ထျန်းကျီဘုံ ပညာရှင် (၁၃) ယောက် ပါဝင်ပြီး ကျန်လူများမှာ ကောင်းကင်ဘုံလူသား အဆင့်များ ဖြစ်ကြသည်။

"ကျန်းမိသားစု ခေါင်းဆောင်..."

သူတို့ ဝင်တော့မည်အပြု ကျန်းထျန်းယွမ်တို့ကို တွေ့လိုက်ရသဖြင့် မျက်နှာထားများ ပြောင်းလဲသွားပြီး အလွန်အမင်း ရိုသေသွားကြ၏။

ပညာရှင် ဒါဇင်ပေါင်းများစွာသည် ချက်ချင်း လမ်းဖယ်ပေးလိုက်ပြီး ကျန်းမိသားစုဝင်များကို အရင်ဝင်ခွင့် ပြုလိုက်ကြသည်။

"ခင်ဗျားတို့ ဘယ်သူနဲ့ စကားပြောနေလဲ သိရဲ့လားဗျ..."

ခန်းမဆောင်ထဲသို့ မဝင်ခင်မှာပင် ကျန်းကျွင့်လန်၏ ဒေါသတကြီး ဆူပူသံ ထွက်ပေါ်လာသည်။ အသံထဲတွင် ပါဝင်သော ဒေါသနှင့် သတ်ဖြတ်လိုစိတ်များက ခန်းမဆောင် တစ်ခုလုံးကို လွှမ်းခြုံသွား၏။

နီဖုန်းယွင်၏ ဆင့်ခေါ်ခြင်း အဆောင်လက်ဖွဲ့ကြောင့် တုန်လှုပ်နေကြသော ခန်းမဆောင်ထဲမှ လူများသည် နောက်ထပ် အော်သံကြီးကြောင့် ထပ်မံ လန့်ဖျတ်သွားကြသည်။

ထိုအသံပိုင်ရှင်ကို သူတို့အားလုံး ကောင်းကောင်း သိကြသည်။

"သခင်လေးကျန်း..."

ဂိုဏ်းခေါင်းဆောင်များနှင့် ပါရမီရှင်များ၏ မျက်နှာထားများ တပြိုင်နက်တည်း ပြောင်းလဲသွားကြသည်။ ကြောက်ရွံ့ခြင်းနှင့် လေးစားခြင်း အကြည့်များက တံခါးဝဆီသို့ ရောက်ရှိသွားကြသည်။

ခန်းမဆောင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။

ကျန်းကျွင့်လန်သည် ဒေါသအရှိန်အဝါများဖြင့် ဦးဆုံး ဝင်ရောက်လာသည်။

‘ကျန်းကျွင့်လန် ရောက်လာပြီ…’

စိတ်ထဲ၌ ပျော်မြူးနေရင်း လျိုချင်းယန်က ယန်ဟဲတို့ကို ကြည့်ပြီး လှောင်ပြောင်သလို ပြုံးလိုက်၏။

ကျန်းကျွင့်လန်၏ စူးရှသော အကြည့်များက လွတ်လပ်ခြင်းဂိုဏ်းချုပ် အပေါ်သို့ ကျရောက်သွားရာ ဂိုဏ်းချုပ် တစ်ကိုယ်လုံး တုန်ယင်သွားပြီး အေးခဲသွားသလို ခံစားလိုက်ရသည်။

"အဖေ... သွားပြီ... သခင်လေးကျန်းက သူတို့ရဲ့ မိတ်ဆွေ တကယ် ဖြစ်နေတာပဲ..."

ယန်ဟဲ ကြောက်လွန်း၍ အားအင်များ ကုန်ခမ်းသွားပြီး မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွား၏။

"သွားပြီ... သူတို့က သခင်လေးကျန်းကို တကယ် သိတာပဲ..."

ဝမ်ယွဲ့ ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွား၏။ ဝမ်မိသားစု ခေါင်းဆောင်၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသည်။

"ကြိုဆိုပါတယ် သခင်လေးကျန်း..."

လင်မိုယန်နှင့် အခြားသူများ၊ ဂိုဏ်းခေါင်းဆောင်များ အားလုံး ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။ မည်သူမျှ ကျန်းကျွင့်လန်၏ မျက်လုံးကို စိုက်မကြည့်ရဲကြပေ။

ကျန်းကျွင့်လန် ဝင်လာပြီးနောက်... ကျန်းထျန်းယွမ်နှင့် အကြီးအကဲ သုံးယောက် ဝင်ရောက်လာကြသည်။ နောက်ဆုံးမှ နီဖုန်းယွင် ဆင့်ခေါ်ထားသော ပညာရှင်များ ဝင်လာကြသည်။

ကျန်းထျန်းယွမ်တို့ကို မြင်လိုက်ရသောအခါ အားလုံး၏ မျက်နှာထားများ ထပ်မံ ပြောင်းလဲသွားပြီး ရင်ထဲတွင် ပိုမို ထိတ်လန့်လာကြသည်။

"ကျန်းမိသားစု ခေါင်းဆောင်နဲ့ အကြီးအကဲ သုံးယောက်ကို ဂါရဝပြုပါတယ်..."

အားလုံး ဒူးထောက်လုနီးပါး ရိုကျိုးစွာ နှုတ်ဆက်ကြသည်။

ကျန်းကျွင့်လန်သည် ဖုန်းဝူချန် ရှိရာသို့ အလျင်အမြန် လျှောက်သွားပြီး၊ လက်သီးဆုပ်ကာ ခါးကိုကိုင်းပြီး အလွန်အမင်း ရိုသေလေးစားစွာဖြင့် ပြောလိုက်၏။

"ဆရာ..."

"ဆရာ..."

ကျန်းကျွင့်လန်၏ နှုတ်ဆက်သံကို ကြားလိုက်ရသောအခါ လင်မိုယန်တို့မှလွဲ၍ ကျန်လူအားလုံး၏ ဝိညာဉ်များ ကိုယ်ထဲမှ ခုန်ထွက်ချင်သွားကြသည်။

လွတ်လပ်ခြင်းဂိုဏ်းချုပ်၊ ဝမ်မိသားစု ခေါင်းဆောင်နှင့် ဆန်းလော့နန်းတော်သခင်တို့ မျှော်လင့်ချက်မဲ့စွာ ဒူးထောက်ကျသွားကြသည်။

‘ဒီကောင်လေးက ကုန်းမြေတိုက်ကြီးရဲ့ နံပါတ်တစ် လက်နက်ပညာရှင် ပါရမီရှင် ကျန်းကျွင့်လန်ရဲ့ ဆရာတဲ့လား။

ဒါ ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင့်အတန်းကြီးလဲ။’

"သူ... သူက သခင်လေးကျန်းရဲ့ ဆရာ တကယ် ဟုတ်နေတာလား..."

ယန်ဟဲ အောက်မေးရိုးများ ပြုတ်ကျနေသည်။

‘ဖုန်းဝူချန်က သခင်လေးကျန်းရဲ့ ဆရာတဲ့... မယုံနိုင်စရာပဲ…’

ရှန်ဝူဂိုဏ်းချုပ် အကြီးအကျယ် တုန်လှုပ်သွားမိသည်။

‘ဝင်မပါခဲ့မိတာ ကံကောင်းလိုက်လေခြင်း’ဟု တွေးနေမိတော့၏။

"ဖုန်းဝူချန်က လက်နက်ပညာရှင်ပါ ဖြစ်နေတာလား..."

ကျန်းမီကုံးလည်း ပါးစပ်အဟောင်းသား။

အစက မိတ်ဆွေလောက်ပဲ ထင်ခဲ့ကြသော်လည်း ဆရာ ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့မိကြပေ။

ကျန်းထျန်းယွမ်နှင့် အကြီးအကဲများကလည်း ဖုန်းဝူချန်ကို ရိုသေသော မျက်လုံးများဖြင့် ကြည့်ပြီး နှုတ်ဆက်လိုက်ကြသည်။

"ဆေးဧကရာဇ်ကို ဂါရဝပြုပါတယ်..."

"ဆေးဧကရာဇ်..."

ကျန်းမိသားစု ခေါင်းဆောင်ကြီး ကိုယ်တိုင်က ဖုန်းဝူချန်ကို ဒီလောက် ရိုသေနေသည်ကို မြင်လိုက်ရသောအခါ ခန်းမဆောင်ထဲရှိ လူတိုင်း နှလုံးရပ်မတတ် ဖြစ်ကုန်ကြသည်။

ကျန်းကျွင့်လန်၏ ဆရာ ဖြစ်ခြင်းက ကြောက်စရာ ကောင်းနေပြီ ဆိုလျှင်... "ဆေးဧကရာဇ်" ဆိုသော ဂုဏ်ပုဒ်က သူတို့ကို အကြွင်းမဲ့ မျှော်လင့်ချက်မဲ့သွားစေ၏။

ကျန်းမိသားစု ခေါင်းဆောင်ကြီးတောင် ဒီလောက် လေးစားရတဲ့ ဖုန်းဝူချန်က တကယ်တော့ ဘယ်သူလဲ။

"ဆေးဧကရာဇ် ဆိုတာ ဘာလဲ..."

တချို့က နားမလည်ကြပေ။

" ဆေးဧကရာဇ် ဆိုတာ နဝမ အဆင့် ဆေးပညာရှင်ထက် သာလွန်တဲ့... ဒဏ္ဍာရီထဲက အဆင့်အတန်း တစ်ခုပဲ..."

ပဉ္စမ အဆင့် ဆေးပညာရှင် တစ်ယောက်က တုန်တုန်ရီရီဖြင့် ရှင်းပြလိုက်၏။ မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည်။

"နဝမ အဆင့်ထက် သာလွန်တယ်..."

"ဒဏ္ဍာရီထဲက အဆင့်..."

အားလုံး ထပ်မံ တုန်လှုပ်သွားကြပြန်သည်။ ခန်းမဆောင်ကြီး တိတ်ဆိတ်ငြိမ်သက်သွား၏။

လေလံရုံက ဘာကြောင့် ဖုန်းဝူချန်ကို ဒီလောက် ကာကွယ်ပေးနေရသလဲ ဆိုတာ အခုမှ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားကြတော့၏။

‘ကျန်းမိသားစုတောင် ဒီလောက် လေးစားရတဲ့ ပုဂ္ဂိုလ်မျိုးကို လေလံရုံက ဘယ်လိုလုပ် မလေးစားဘဲ နေမလဲ။’

"အဖေ...သားတို့ သေချာပေါက် သေရတော့မယ်..."

ယန်ဟဲ မျှော်လင့်ချက်မဲ့စွာ ညည်းညူလိုက်၏။ သူတို့ ပြစ်မှားမိလိုက်သော လူသည် မည်မျှ ကြောက်စရာကောင်းကြောင်း အခုမှ ကောင်းကောင်းကြီး သိလိုက်ရပြီ ဖြစ်၏။

ဖုန်းဝူချန် ပြောခဲ့သော "မနက်ဖြန်ကျရင် မင်းကို ငါသတ်မယ်" ဆိုသော စကားသည် တကယ် ဖြစ်လာတော့မည်။

လွတ်လပ်ခြင်းဂိုဏ်းချုပ်မှာ ကြောက်လွန်း၍ စကားပင် မပြောနိုင်တော့ပေ။ ဦးနှောက်တစ်ခုလုံး ထုံကျင်နေသည်။

ကျန်းကျွင့်လန်၏ အေးစက်သော အကြည့်များက လွတ်လပ်ခြင်းဂိုဏ်းချုပ်နှင့် အခြားသူများကို စိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်၏။

"ပြောစမ်း...ကျုပ်ဆရာကို မလေးမစား လုပ်ရဲတဲ့ သတ္တိ ဘယ်က ရတာလဲ..."

ကျန်းကျွင့်လန်၏ အသံကြောင့် အင်အားကြီး ဂိုဏ်းခေါင်းဆောင်များ အားလုံး ကြောက်လန့်တကြား ဒူးထောက်လိုက်ကြပြီး အသနားခံကြတော့၏။

"ဆေးဧကရာဇ်... အသက်ချမ်းသာပေးပါ... ဆေးဧကရာဇ်... ကျေးဇူးပြုပြီး…”

အခန်း (၅၁၀) - တစ်ယောက်ချင်းစီ ရှင်းလင်းခြင်း

‌~"ဆရာ... သူတို့ကို ဘယ်လို စီရင်ပါမလဲ..."

ကျန်းကျွင့်လန်က ဖုန်းဝူချန်ကို ကြည့်ပြီး မေးလိုက်၏။

ဖုန်းဝူချန်က ယန်ဟဲကို စူးစိုက်ကြည့်လိုက်ပြီး "ငါ တစ်ခွန်းမေးရင် တစ်ခွန်းဖြေ..."

ဟု ခံစားချက် ကင်းမဲ့စွာ ပြောလိုက်၏။

"ဟုတ်... ဟုတ်ကဲ့..."

ယန်ဟဲ ထိတ်လန့်တကြား ခေါင်းညိတ်လိုက်သည်။

ဖုန်းဝူချန်က လက်ဖဝါးကို လှန်လိုက်ရာ ဥက္ကာခဲသံတုံးများနှင့် အခြား လက်နက် သွန်းလုပ်ရာတွင် သုံးသော ပစ္စည်းများ လေထဲတွင် ဝဲပျံလာသည်။

စိတ်အာရုံကို လှုပ်ရှားလိုက်သည်နှင့် စိမ်းပြာရောင် မီးတောက် တစ်ခု လက်ဖဝါးပေါ်တွင် တောက်လောင်လာပြီး ပစ္စည်းအားလုံးကို ဝါးမြိုလိုက်၏။

ထို့နောက်... အံ့ဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။

ဖုန်းဝူချန်၏ လက်ဖဝါး ဖြည်းညှင်းစွာ လည်ပတ်သွားပြီး၊ ပစ္စည်းအားလုံး အရည်ပျော်ကာ ပေါင်းစပ်သွား၏။ လက်သီးကို ဆုပ်လိုက်သည်နှင့် သေသပ်လှပသော ဓားမြှောင် တစ်ချောင်း ပုံဖော်ပြီးသား ဖြစ်သွား၏။ အဆင့်မြင့် ဝိညာဉ်လက်နက်။

'စိတ်ဖြင့် လက်နက် ဖန်ဆင်းခြင်း'...

နတ်ဘုရား စွမ်းရည်ကဲ့သို့သော ထိုမြင်ကွင်းသည် လူတိုင်းကို မှင်သက်သွားစေ၏။

အင်အားကြီး ဂိုဏ်းခေါင်းဆောင်များ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ဖုန်းဝူချန်၏ လက်နက်သွန်းလုပ်နှုန်းသည် မြန်လွန်းလှသည်။ လက်ကို ဖြန့်လိုက်၊ ဆုပ်လိုက်ရုံဖြင့် ဝိညာဉ်လက်နက် တစ်ခု ဖြစ်သွားသည်တဲ့လား။

"တစ်... တစ်ခဏလေးနဲ့ ဝိညာဉ်လက်နက် ဖြစ်သွားတာလား..."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"သူ့ရဲ့ လက်နက်သွန်းလုပ်ခြင်း အဆင့်က ဘယ်လောက်တောင် မြင့်နေပြီလဲ..."

အင်အားကြီး ဂိုဏ်းခေါင်းဆောင်များ အံ့ဩတုန်လှုပ်နေကြသည်။ ဒီလို ကြောက်စရာကောင်းတဲ့ လက်နက်သွန်းလုပ်ခြင်း စွမ်းရည်မျိုး တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

ဖုန်းဝူချန်၏ လက်စွမ်းပြမှုသည် အားလုံးကို ခြိမ်းခြောက်လိုက်သလို ဖြစ်သွား၏။

ကျန်းကျွင့်လန်က ဖုန်းဝူချန်ကို ဘာကြောင့် ဆရာတင်ထားရသလဲ ဆိုတာ အခုမှ သဘောပေါက်သွားကြသည်။ ကျန်းကျွင့်လန် မပြောနဲ့၊ ကျန်းမိသားစု တစ်ခုလုံးတောင် ဖုန်းဝူချန်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။

"မူးယစ်နတ်ဘုရား စံအိမ်မှာ ငါတို့ မင်းကို ရန်စခဲ့သလား..."

ဖုန်းဝူချန်က ဓားမြှောင်လေးကို ကစားရင်း ယန်ဟဲ အနားသို့ လျှောက်သွားကာ မေးလိုက်၏။

"မ... မစခဲ့ပါဘူး..."

ယန်ဟဲ ကြောက်လန့်တကြား ခေါင်းခါလိုက်၏။

"ငါ့တပည့်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်လို့ ငါတို့ကို ရန်ရှာခဲ့တာ မဟုတ်လား..."

"ဟုတ်... ဟုတ်ပါတယ်..."

"မနက်ဖြန်ကျရင် မင်းကို ငါ သတ်မယ်လို့ မနေ့က ငါပြောခဲ့သလား..."

"ဂလု..."

ယန်ဟဲ တံတွေးမြိုချလိုက်မိသည်။ ဘာပြန်ဖြေရမှန်း မသိတော့ပေ။

"ဆေးဧကရာဇ်... တောင်းပန်ပါတယ်... ယန်ဟဲရဲ့ အသက်ကို ချမ်းသာပေးပါ..."

လွတ်လပ်ခြင်းဂိုဏ်းချုပ် ဘေးမှနေ၍ အသနားခံလိုက်၏။

"ဆရာ မေးနေတယ်လေ... ခင်ဗျား ဝင်ပြောရမယ့် အလှည့် မဟုတ်သေးဘူး..."

ဟု ကျန်းကျွင့်လန်က ဂိုဏ်းချုပ်ကို စိုက်ကြည့်ရင်း ဝင်ငေါက်လိုက်၏။

"ဖြေလေ..."

ဖုန်းဝူချန်၏ အသံသည် ရေခဲတိုက်ထဲ ရောက်သွားသကဲ့သို့ အေးစက်လွန်းလှသည်။

"ဟုတ်... ဟုတ်ကဲ့... ပြောခဲ့ပါတယ်..."

ယန်ဟဲ တုန်တုန်ရီရီဖြင့် ဖြေလိုက်၏။ မျှော်လင့်ချက်မဲ့နေပြီ ဖြစ်ကြောင်း သူ သိလိုက်၏။ ဖုန်းဝူချန်လို လူမျိုးကို သူ့အဖေတောင် ကယ်နိုင်မှာ မဟုတ်တော့ပေ။

"ကောင်းပြီ... ဒါဆို သေလိုက်တော့..."

ဖုန်းဝူချန်က သွေးအေးအေးဖြင့် ပြောလိုက်ပြီး လက်ထဲမှ ဓားမြှောင်ကို ယန်ဟဲ၏ နှလုံးသားထဲသို့ မတုံ့ဆိုင်းဘဲ ထိုးစိုက်လိုက်၏။

"ဝှစ်..."

"အား..."

ဓားမြှောင် စိုက်ဝင်သွားသည်နှင့် ယန်ဟဲ နာကျင်စွာ အော်ဟစ်လိုက်၏။ သွေးများ ဖြာခနဲ ပန်းထွက်လာသည်။

"ယန်ဟဲ..."

လွတ်လပ်ခြင်းဂိုဏ်းချုပ် ရူးသွပ်မတတ် အော်ဟစ်ကာ ပြေးဝင်လာသော်လည်း နောက်ကျသွားခဲ့ချေပြီ။

ဖုန်းဝူချန်က ညှာတာခြင်း မရှိပေ။ ယန်ဟဲ၏ နှလုံးသားကို ဖောက်ထွက်သွားပြီ ဖြစ်၏။

"သားလေး..."

ဂိုဏ်းချုပ် ပွေ့ဖက်ပြီး ငိုကြွေးနေသော်လည်း ယန်ဟဲ ပြန်မထလာနိုင်တော့ပေ။

ဘေးမှ ကြည့်နေသော ပါရမီရှင် တပည့်များနှင့် သခင်လေးများမှာ ကြောက်လွန်း၍ တုန်ယင်နေကြသည်။ ‘နောက်တစ်ယောက်က ကိုယ်ဖြစ်လာမလား’ဟု စိုးရိမ်နေကြလေ၏။

ဖုန်းဝူချန်၏ အကြည့်များက ဝမ်ယွဲ့ ဆီသို့ ရောက်ရှိသွား၏။

"မင်းက အရင်ဆုံး စပြီး ရန်ရှာခဲ့တာ မဟုတ်လား..."

ဝမ်ယွဲ့ ခေါင်းညိတ်လိုက်၊ ခေါင်းခါလိုက်နှင့် ရှုပ်ထွေးနေသည်။ ဖုန်းဝူချန် လာနေသည်ကို မြင်တော့ ဝိညာဉ်လွင့်မတတ် ဖြစ်သွားပြီး ဒူးထောက်ကာ တောင်းပန်လိုက်၏။

"ဆေးဧကရာဇ်... အသက်ချမ်းသာပေးပါ... ကျွန်တော် မှားမှန်း သိပါပြီ... နောက်တစ်ကြိမ် အခွင့်အရေး ပေးပါ..."

"ယန်ဟဲကို မြှောက်ပင့်ပေးပြီး တိုက်ခိုင်းခဲ့တာ မင်း မဟုတ်လား..."

"ကျွန်... ကျွန်တော်..."

ဝမ်ယွဲ့ စကားမပြောနိုင်တော့ပေ။ သေမင်း၏ အငွေ့အသက်ကို ခံစားနေရသည်။

"နောင်တရလည်း နောက်ကျသွားပြီ... ကိုယ့်လမ်းကိုယ် ရွေးခဲ့တာပဲ..."

လျိုချင်းယန် ..ခေါင်းခါလိုက်၏။

လင်မိုယန်တို့လည်း သက်ပြင်းချလိုက်၏။ သူတို့ ကြိုပြောခဲ့သည်သာ။

"ဝှစ်..."

ဖုန်းဝူချန်၏ ဓားမြှောင်သည် ဝမ်ယွဲ့၏ နှလုံးသားကို ရက်စက်စွာ ထိုးဖောက်သွားပြန်သည်။

"ငါ... ငါ သေရင်တောင် မင်းကို ခွင့်မလွှတ်ဘူး..."

ဝမ်ယွဲ့ သေခါနီးဆဲဆဲတွင် ကျိန်ဆဲလိုက်၏။

"ဒါဆို မင်းကို ပြာကျသွားအောင် လုပ်ပေးရတာပေါ့..."

ရုတ်ချည်းပင်..,ဖုန်းဝူချန်က စိမ်းပြာရောင် မီးတောက်ကို ဖွဲ့တည်လိုက်ပြီး ဝမ်ယွဲ့ကို ဝါးမြိုစေလိုက်၏။ မျက်စိ တစ်မှိတ်စာ အတွင်း ဝမ်ယွဲ့ ပြာကျသွား၏။

ဘေးတွင် ရပ်နေသော ဝမ်မိသားစု ခေါင်းဆောင်မှာ ကြောက်လွန်း၍ ကျောက်ရုပ် ဖြစ်နေတော့သည်။

"ဝမ်မိသားစု ခေါင်းဆောင် မဟုတ်လား... ဥက္ကဋ္ဌလင်သာ ဝင်မတားရင် ခင်ဗျားက ချင်းယန်ကို သတ်ပြီးလောက်ပြီ... နောက်ဆုံး မှာစရာ ရှိသေးလား..."

ဖုန်းဝူချန်က ဝမ်မိသားစု ခေါင်းဆောင်ကို စိုက်ကြည့်ရင်း မေးလိုက်၏။

"..."

ဝမ်မိသားစု ခေါင်းဆောင် စကားမပြောနိုင်တော့ပေ။

"ဝှစ်..."

အဖြေမရသဖြင့် ဖုန်းဝူချန်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားမြှောင်သည် ဝမ်မိသားစု ခေါင်းဆောင်၏ လည်ပင်းကို ဖြတ်သန်းသွားလေသည်။

လျိုချင်းယန်ကို သတ်ဖို့ ကြိုးစားခဲ့သူကို ဖုန်းဝူချန် ဘယ်တော့မှ ခွင့်လွှတ်မည် မဟုတ်ပေ။

တစ်ယောက်ပြီး တစ်ယောက် ရက်စက်စွာ သတ်ဖြတ်နေသော ဖုန်းဝူချန်သည် သေမင်းတမန် တစ်ပါးအလား ဖြစ်နေသည်။ မည်သူမျှ မလှုပ်ရဲ၊ အသံမထွက်ရဲကြပေ။

ခုခံရဲသူ ရှိလျှင် ကျန်းထျန်းယွမ်တို့က ချက်ချင်း သတ်ပစ်မည်မှာ သေချာသည်။

"လွတ်လပ်ခြင်းဂိုဏ်းချုပ်... ခင်ဗျား ကြားတယ်မလား... ခင်ဗျားသားကို ကျုပ် သတ်လိုက်ပြီ... ကန့်ကွက်စရာ ရှိလား..."

ဖုန်းဝူချန် ခံစားချက်ကင်းမဲ့စွာ မေးလိုက်၏။

လွတ်လပ်ခြင်းဂိုဏ်းချုပ်သည် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေပြီး ဘာမှ ပြန်မပြောနိုင်ပေ။

ယန်ဟဲအတွက် လက်စားချေရန် မဝံ့ရဲကြောင်း ကျန်းမိသားစု ခေါင်းဆောင်ကြီးတို့ သိလိုက်၏။

"ကန့်ကွက်စရာ မရှိရင်... ခင်ဗျားအလှည့်ပဲ..."

ပြောပြောဆိုဆိုနှင့်၊ သူက ဓားမြှောင်ကို ပစ်လွှတ်လိုက်၏။

"ချွင်..."

ဓားမြှောင် ထိခါနီးတွင် လွတ်လပ်ခြင်းဂိုဏ်းချုပ် ရုတ်တရက် လှုပ်ရှားလိုက်ပြီး လက်ချောင်းနှစ်ချောင်းဖြင့် ဖမ်းယူလိုက်ရင်း ရူးသွပ်စွာ ဟိန်းဟောက်လိုက်၏။

"ငါ မင်းကို အမှုန့်ကြိတ်ပစ်မယ်..."

"ဘုန်း..."

သူ မလှုပ်ရှားနိုင်ခင်မှာပင် အနက်ရောင် အရိပ်တစ်ခု ရောက်ရှိလာပြီး သူ့ငယ်ထိပ် (ထျန်းလင်) ကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ပြင်းထန်သော စွမ်းအားကြောင့် လွတ်လပ်ခြင်းဂိုဏ်းချုပ် တစ်စစီ ကျိုးကြေသွားပြီး အမှုန်အမွှား ဖြစ်သွားတော့၏။

တိုက်ခိုက်လိုက်သူမှာ... ကျန်းမိသားစု ပထမအကြီးအကဲ ကျန်းဝူဖုန်း ဖြစ်၏။

"ဂလု..."

ကျန်းဝူဖုန်း ကိုယ်တိုင် လက်ပါလာခြင်းက အင်အားကြီး ဂိုဏ်းခေါင်းဆောင်များကို ပိုမို ကြောက်လန့်သွားစေ၏။

"ဝမ်မိသားစုနဲ့ လွတ်လပ်ခြင်းဂိုဏ်းက ဆေးဧကရာဇ်ကို အပြစ်ပြုခဲ့တယ်... သူတို့ကို မျိုးဖြုတ်ပစ်လိုက်ရမလား..."

ကျန်းဝူဖုန်းက ရိုသေစွာ မေးလိုက်၏။

ဖုန်းဝူချန် ခေါင်းခါလိုက်ကာ၊

"မလိုပါဘူး... သူတို့က ဘာမှမသိကြပါဘူး... သူတို့နဲ့ မဆိုင်ပါဘူး..."

"ဆန်းလော့နန်းတော်သခင်... ခင်ဗျားရော ဘာပြောချင်သေးလဲ..."

ဟု ဖုန်းဝူချန်က ဆန်းလော့နန်းတော်သခင်ကို ကြည့်ပြီး မေးလိုက်၏။

"ဆေး... ဆေးဧကရာဇ်... ကျွန်တော်..."

ဆန်းလော့နန်းတော်သခင် ကြောက်လွန်း၍ စကားမထွက်တော့ပေ။

"အင်မော်တယ် လက်နက် စံအိမ်က သခင်လေး ကြွလာပါပြီ..."

ထိုအချိန်တွင် အစောင့် တစ်ယောက်၏ အော်ဟစ်သံ ထွက်ပေါ်လာလေသည်။

All Chapters