← Chapters

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အပိုင်း ၃၁၉ : မင်းတော့ ပြဿနာတက်ပြီ

ယဲ့ချန်းက အေးစက်မာကျောစွာပြောလိုက်လေသည်။

"ငါက စက်ဘီးလမ်းကြောင်းမှာ မောင်းနေတာ။ မင်းက ငါ့ကို အနောက်ကနေ ဝင်တိုက်လိုက်တာ။ ဒီတော့ မင်းတာဝန်ယူရမယ်။ လမ်းဆုံမှာ ကင်မရာတွေရှိတယ်။ မင်း ငြင်းလို့မရဘူး"

ယခုအခါ ဟွားနိုင်ငံတွင် ကင်မရာများက နေရာအနှံ့တွင် ရှိနေပြီဖြစ်၏။

ယဲ့ချန်း မော့ကြည့်လိုက်လေရာ လမ်းဆုံတွင် ကင်မရာတစ်လုံးရှိကြောင်း မြင်လိုက်ရ၏။

ထို့ကြောင့် စီစီတီဗီမှတ်တမ်းကို စစ်ဆေးကြည့်လိုက်လျှင် မည်သူ့အမှားဖြစ်ကြောင်း သိရပေလိမ့်မည်။​

သို့သော် လီကျယ်ကတော့ ပျာယာခတ်မသွားဘဲ ပြောလိုက်သည်။

"ဟားဟား စိတ်မကောင်းပါဘူး။ ဒီလမ်းဆုံမှာရှိတဲ့ ကင်မရာက ပျက်နေတာ လဝက်လောက်ရှိပြီ။ ကောင်းပြီလေ။ ယာဉ်ထိန်းရဲကိုခေါ်ကြတာပေါ့။ မင်းမခေါ်ရင် ငါခေါ်လိုက်မယ်"​

ယာဉ်ထိန်းရဲ ရောက်လာသောအခါ အခြေအနေကို ကြားပြီးနောက် ပြောလာလေသည်။

"ဒီလမ်းဆုံက စီစီတီဗီကင်မရာက ပျက်နေတာကြာပြီ။ အခုအထိ ပြန်မပြင်ရသေးဘူး။ ဒီတော့ စစ်ဆေးလို့မရဘူး။ လက်ရှိအခြေအနေအရ တာဝန်ယူတာဝန်ခံမှဖြစ်မယ်"

လီကျယ်က ဘဝင်လေဟပ်နေဟန်ပင်။

"တွေ့လား။ ငါက ကားလမ်းကြောင်းပေါ်မှာ ပုံမှန်အတိုင်း မောင်းနေတာ။ ဒီတော့ ဒါက မင်းအမှားပဲ"​

အစောကပင် လီကျယ်သည် ယဲ့ချန်း၏စက်ဘီးကို လမ်းမပေါ်သို့ လဲကျအောင် ဝင်တိုက်ပြီးမှ အနောက်သို့ နည်းနည်းပြန်ဆုတ်ကာ သူ့ကားကို ကားလမ်းကြောင်းပေါ်သို့ ပြန်တင်လိုက်၏။

ထို့ကြောင့် အခင်းဖြစ်ရာနေရာမှာ စက်ဘီးက ကားလမ်းကြောင်းပေါ်တွင် မောင်းနေရာမှ မတော်တဆမှု ဖြစ်ထားသည့်နှယ်။

ယာဉ်ထိန်းရဲက မျက်မှောင်ကြုတ်၍ လီကျယ်ကို ပြောလိုက်သည်။

"ခင်ဗျားကားမှာ ရှေ့ကင်မရာပါတယ်မလား။ စစ်ကြည့်ရအောင်"

လီကျယ်ကမူ တဟားဟားရယ်လိုက်၏။

"အရာရှိကြီး တောင်းပန်ပါတယ်။ ကျုပ်ကားရဲ့ကင်မရာက ပျက်နေတာမို့လို့ ဖွင့်မထားမိဘူး"

ဤအခြေအနေကြောင့် ယာဉ်ထိန်းရဲလည်း အကျပ်ရိုက်ရလေတော့သည်။​​

ထိုယာဉ်ထိန်းရဲမှာ သက်ပြင်းချလိုက်သည်။

"ကောင်လေး.. ကားကင်မရာမရှိဘူးဆိုရင် လက်ရှိအခြေအနေကိုကြည့်ပြီး ဆုံးဖြတ်ချက်ချမှဖြစ်တော့မှာ။ ဒီအတိုင်းဆိုရင် မင်းပဲ တာဝန်ယူရမဲ့ပုံပဲ"​

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။

"အရာရှိကြီး ရပါတယ်ဗျာ။ ကျွန်တော့်လျှပ်စစ်စက်ဘီးမှာ ကင်မရာပါတယ်။ ပြီးတော့ သူက ၃၆၀ဒီဂရီမြင်ကွင်းကျယ်စနစ်လည်း ပါတယ်"

ယဲ့ချန်း၏စကားကြောင့် အားလုံး မှင်တက်သွားကြသည်။

"သေစမ်း။ လျှပ်စစ်စက်ဘီးမှာ ကင်မရာပါတယ်တဲ့။ ဖြစ်ရောဖြစ်နိုင်လို့လား"

"အမလေး... ငါ နားကြားမှားလိုက်တာလား။ ၃၆၀ဒီဂရီမြင်ကွင်းကျယ်စနစ်တဲ့။ အရမ်းအဆင့်မြင့်တာပဲ"

"ဒီလျှပ်စစ်စက်ဘီးက ဘာတံဆိပ်လဲဆိုတာ ကြည့်ကြည့်ရအောင်။ ငါလည်း တစ်စီးလောက်ဝယ်ထားဦးမယ်"​

တစ်ဖက်ရှိ လီကျယ်မှာမူ ထိတ်လန့်သွားချေသည်။

ယဲ့ချန်း၏ လျှပ်စစ်စက်ဘီးအစုတ်လေးက ကင်မရာပါနေလိမ့်မည်ဟု သူ လုံးဝထင်မထားပေ။

ဤသည်မှာ အဓိပ္ပာယ်မရှိလှပေ။

မည်သူကများ လျှပ်စစ်စက်ဘီးပေါ်တွင် ကင်မရာတပ်ထားမည်နည်း။

မဖြစ်နိုင်ချေ။

ယဲ့ချန်းက လျှပ်စစ်စက်ဘီးဆီသို့ လျှောက်သွားပြီးနောက် ကင်မရာနှင့်တူသော အရာတစ်ခုကို ဖြုတ်၍ QRကုတ်ကို စကန်ဖတ်လိုက်၏။

အစောပိုင်းတုန်းက ဖြစ်စဉ်သည် လူတိုင်းရှေ့မှောက်တွင် ပေါ်ပေါက်လာသည်။

"အမလေး မိုက်လိုက်တာ"

အားလုံး အကြောင်သားဖြစ်ကုန်ကြသည်။

ဘီအမ်ဒဗလျုကားများပင် ဤမျှအဆင့်မြင့်သော ကင်မရာမျိုးမပါချေ။

"ဒီလူငယ်လေးက တော်သားပဲ။ ငါတို့လည်း စက်ဘီးမောင်းတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ထားရမယ်။ အဲဒါမှ ဇိမ်ခံကားတွေက အနိုင်ကျင့်လို့မရမှာ"​

"ဟုတ်တယ်။ ငါလည်း တစ်ခုလောက်တပ်ထားမှပဲ"

"ကောင်လေး.. ဒါက ဘယ်လိုစက်ဘီးအမျိုးအစားလဲ။ အနည်းဆုံးတော့ ငါးထောင်ခြောက်ထောင်လောက်ရှိမယ်ထင်တယ်"​

"ငါးထောင်ခြောက်ထောင်တဲ့.. ဒီစက်ဘီးက တစ်သောင်းလောက်တော့ရှိမှာသေချာတယ်"​​​

…

ယာဉ်ထိန်းရဲကလည်း စောင့်ကြည့်မှတ်တမ်းကို စစ်ဆေးကြည့်လိုက်သည်။

ဗီဒီယိုထဲတွင် ယဲ့ချန်းက စက်ဘီးလမ်းကြောင်းပေါ်တွင် တည်တည်ငြိမ်ငြိမ်မောင်းနေခိုက် ဘီအမ်ဒဗလျုက လမ်းကြောင်းပြောင်း၍ လျှပ်စစ်စက်ဘီးကို ဝင်တိုက်ပစ်လိုက်သည်။

တိုက်ပြီးနောက် ထိုကားက အနောက်သို့ မီတာအနည်းငယ်မျှပြန်ဆုတ်ပြီး ကားလမ်းကြောင်းပေါ်သို့ ပြန်တက်သွားသည်။

ဖြစ်စဉ်အစအဆုံးကို ကင်မရာထဲတွင် ရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားသည်။

ဤသို့ဖြင့် လီကျယ်လည်း ဆွံ့အသွားရလေတော့သည်။

သက်သေအထောက်အထားများ ရှိနေပြီဖြစ်ရာ ဘာဆင်ခြေမှ ပေးမရတော့ပေ။​

လူအုပ်ကြီးကလည်း သူ့အား အပြစ်တင်ကြလေတော့သည်။

"အရှက်မရှိလိုက်တာ.. ဘီအမ်ဒဗလျူကြီး မောင်းနေပြီးတော့ လျှပ်စစ်စက်ဘီးမောင်းတဲ့လူကိုတောင် ရိုက်စားလုပ်ချင်သေးသတဲ့"

"ဟုတ်ပါ့.. အသည်းနှလုံးမရှိလိုက်ပုံများ"

"ဒီနေ့ခေတ်မှာ ဇိမ်ခံကားစီးတဲ့လူတွေက ငါတို့ဆင်းရဲသားတွေကို လိမ်ညာပြီး အနိုင်ကျင့်နေကြတာ။ တော်တော်ယုတ်မာတာပဲ"

"သေစမ်း။ သူ့ဥပဓိရုပ်ကိုကြည့်လိုက်။ လူဆိုးဆိုတာ အသိသာချည်း.. ဒီကောင်လေးရဲ့ဥပဓိရုပ်က သန့်ပြန့်နေတာ။ လူကောင်းလေးပဲဖြစ်ရမယ်"​

…

ပတ်ပတ်လည်ရှိ လူအုပ်ကြီးက အမှန်တရားကို သိသွားသည့်နောက် လီကျယ်ကို ပြစ်တင်ဝေဖန်ကြလေတော့သည်။

လီကျယ်၏မျက်နှာကား ဒေါသကြောင့် ရှုံ့မဲ့နေလေသည်။

"သေစမ်း။ ကောင်းပြီလေ။ မင်းနိုင်တယ်"

သူက ထိုသို့ပြောပြီးနောက် ပိုက်ဆံအိတ်ထုတ်ကာ ယွမ်နှစ်ထောင်ထုတ်၍ မြေကြီးပေါ်သို့ ပစ်ချလိုက်၏။

"ရော့ နှစ်ထောင်.. အသစ်တစ်စီးထပ်ဝယ်လိုက် ဆင်းရဲသား"​

သူက ထိုသို့ပြောပြီးနောက် ကားပေါ်သို့ ပြန်တက်ရန် ပြင်လိုက်သည်။

"နေဦး။ နှစ်ထောင်တည်းနဲ့ မလောက်ဘူး"

ယဲ့ချန်းက စနောက်လိုက်၏။

လီကျယ်က ခဏတုံ့သွားပြီးနောက် ပြောလိုက်၏။

"ဟေ့ကောင်.. လွန်မလာနဲ့နော်။ မင်းရဲ့စက်ဘီးက နောက်ဘီးလေးပဲ ပျက်သွားတာ။ နှစ်ထောင်ဆိုရင် ပြင်ဖို့လောက်တယ်။ ဒါမှမဟုတ် အသစ်တစ်စီးဝယ်ဖို့လောက်တယ်"​​​

လူအုပ်ထဲရှိ အခြားလူများကလည်း ပြောလိုက်လေသည်။

"ကောင်လေး တော်ပြီလေ။ နှစ်ထောင်ဆိုရင် စက်ဘီးကောင်းကောင်းတစ်စီးဝယ်လို့ရပြီ"​

"မင်းရဲ့လျှပ်စစ်စက်ဘီးကဖြင့် တအားလည်းပျက်စီးမသွားပါဘူး။ အဲဒါကိုပြင်ပြီး သုံးလို့မရလို့လား"

"ကောင်လေး.. မင်းက ခြိမ်းခြောက်နေတာ။ ဒါတော့ မဟုတ်သေးဘူးနော်။ အဲဒီလူယုတ်မာသူဌေးတွေနဲ့ တန်းမညှိစမ်းပါနဲ့"

"ဟူး.. ဒီကောင်လေးက အကျင့်သီလကောင်းတယ်လို့ထင်နေတာ။ သူကလည်း ငွေညှစ်ချင်နေတာကိုး"​

ယာဉ်ထိန်းရဲက ပြောလိုက်၏။

"ကောင်လေး...နှစ်ထောင်ဆိုရင် မင်းရဲ့စက်ဘီးအတွက် လောက်ပါတယ်"

​​

ယဲ့ချန်းကတော့ သူတို့နှင့် စကားများမနေဘဲ ဖုန်းကိုသူ ထုတ်လိုက်သည်။

"ဟယ်လို... အာမခံကုမ္ပဏီကလား။ ကျွန်တော့်လျှပ်စစ်စက်ဘီး အတိုက်ခံလိုက်ရလို့ တိုင်ချက်ဖွင့်ချင်လို့ပါ"

ယဲ့ချန်းက အာမခံကုမ္ပဏီသို့ ဖုန်းဆက်နေကြောင်း ကြားလိုက်ရချိန်ဝယ် လူအုပ်ကြီးကား မှင်တက်သွားလေသည်။​

လျှပ်စစ်စက်ဘီးတစ်စီးအတွက်နှင့် အာမခံကုမ္ပဏီကို ဖုန်းဆက်နေခြင်းမှာ ရူးနှမ်းလှသည်။

လူတိုင်းက ယဲ့ချန်းအား လူထူးဆန်းတစ်ယောက်နှယ် ကြည့်နေကြသည်။

လီကျယ်ခမျာ ယဲ့ချန်းကြောင့် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။

ဤလူက ငကြောင်တစ်ယောက်ပင်။​

နှစ်ထောင်သုံးထောင်တန် လျှပ်စစ်စက်ဘီးတစ်စီးအတွက်နှင့် အာမခံကုမ္ပဏီကိုပါ ဖုန်းဆက်လိုက်သေးသည်။

စုဝမ်ယိက ယခုလိုငကြောင်မျိုးနှင့် ဘယ်လိုများတွေ့ခဲ့လေသလဲ။

ဘေးနားရှိ လူအုပ်ကြီးလည်း အတန်ငယ်ဆွံ့အသွားကြသည်။

ယွမ်နှစ်ထောင်တန်လျှပ်စစ်စက်ဘီးတစ်စီးအတွက်နှင့် အာမခံကုမ္ပဏီကို ဆက်သွယ်ခြင်းမှာ တစ်မူထူးလှပေသည်။

…

ယဲ့ချန်း ဖုန်းဆက်နေသည်ကိုမြင်သော် လီကျယ်လည်း အထင်အမြင်သေးဟန်ဖြင့် နှာခေါင်းရှုံ့လိုက်မိသည်။ ထို့နောက် သူလည်း အာမခံကုမ္ပဏီကို ဖုန်းဆက်လိုက်၏။​

ယခု သူ့ဘက်က အပြည့်အဝတာဝန်ယူရမည်ဖြစ်ရာ ပျက်စီးသွားသော ကားမီးခွက်နှင့် ရှေ့ဖုံးကို ပြင်ဆင်ရန်အတွက် အာမခံလျှောက်ထားရမည်ဖြစ်၏။

ခဏအကြာ အာမခံကုမ္ပဏီနှစ်ခုလုံး ထိုနေရာသို့ ရောက်လာကြသည်။

ယဲ့ချန်း၏အာမခံကုမ္ပဏီက လူငယ်ဝန်ထမ်းတစ်ယောက်ကို လွှတ်လိုက်၏။

လျှောက်ထားချက်က လျှပ်စစ်စက်ဘီးတစ်စီးအတွက်ဟု ကြားလိုက်ရသောအခါ ယဲ့ချန်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်မိသည်။​

လျှပ်စစ်စက်ဘီးတစ်စီးအတွက် အာမခံပြုလုပ်ခြင်းကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။​

အာမခံကုမ္ပဏီဘက်က တကယ်ရောက်လာကြောင်း မြင်လိုက်ရချိန်ဝယ် ဘေးနားရှိ လူများမှာ ကြောင်အသွားလေသည်။

"အမလေး တကယ်ကြီးဟ"

"ဘုရားရေ.. အာမခံကြေးက နှစ်ထောင်လေ။ တစ်နှစ်စာပရီမီယမ်ကြေးတောင် ကာမိမှာမဟုတ်ဘူး"

"ဒီလူ ရူးနေတာပဲဖြစ်မယ်"

"ဟုတ်တယ်။ စက်ဘီးအစုတ်တစ်စီးအတွက်နဲ့ အာမခံကြေးလျှောက်နေတာတဲ့။ သူ ရူးနေပြီပဲ"

"အခု သူ ပိုက်ဆံနှစ်ထောင်ကို ငြင်းလိုက်တယ်နော်။ အာမခံကြေးက နှစ်ရာတောင်ရမှာမဟုတ်ဘူး"​​

ပွဲကြည့်သူများမှာ ယဲ့ချန်း၏လုပ်ရပ်ကို နားမလည်နိုင်တော့ပေ။

တော်တော်များများက ယဲ့ချန်းကို ငတုံးဟုပင် ထင်နေကြသည်။

ထိုအချိန် အာမခံကုမ္ပဏီဝန်ထမ်းက စာချုပ်ကို စစ်ဆေးကြည့်လိုက်သော်လည်း ဆက်ကြည့်နေရင်း တဖြည်းဖြည်းလေးနက်လာသည်။

ယဲ့ချန်းအပေါ်ထားသော သူ့အမြင်က လုံးဝပြောင်းလဲသွားသည်။

ထို့ပြင် အာမခံကုမ္ပဏီနှစ်ခုစလုံးမှ ဝန်ထမ်းများသည် သူတို့၏ဌာနချုပ်ကို ဆက်တိုက်ဖုန်းဆက်ပြီး ဆွေးနွေးနေချေသည်။​

လူတိုင်း ကြောင်အကုန်ကြသည်။ သာမန်လျှပ်စစ်စက်ဘီးတစ်စီးမဟုတ်လား။ ဤမျှအထိ လိုအပ်လို့လား။

သို့သော် တချို့ကတော့ တစ်စုံတစ်ခုထူးဆန်းနေကြောင်း ခံစားမိသည်။​

အဆုံးတွင်မူ ဆွေးနွေးပြီးနောက် ယဲ့ချန်းအပေါ်ထားသော အာမခံကုမ္ပဏီနှစ်ခုစလုံးရှိ ဝန်ထမ်းများ၏သဘောထားက သိသိသာသာပြောင်းလဲသွားလေတော့သည်။

လီကျယ်၏ ဘီအမ်ဒဗလျူကားအာမခံကုမ္ပဏီမှ ဝန်ထမ်းဖြစ်သူက သူ့အနားသို့ ချဉ်းကပ်လာသည်။

"မစ္စတာလီ.. ယာဉ်ထိန်းရဲရဲ့ ရှာဖွေတွေ့ရှိမှုအရ ခင်ဗျားဘက်က အမှားလုပ်ခဲ့တာဖြစ်တဲ့အတွက် ခင်ဗျား ငွေချေရပါလိမ့်မယ်"

လီကျယ်ကလည်း အထင်အမြင်သေးဟန်ဖြင့် လက်ယမ်းပြလိုက်သည်။

"ကောင်းပြီလေ။ ပေးမယ်။ နှစ်ထောင်တန်စက်ဘီးအစုတ်လေးပဲဟာကို"

ထိုဝန်ထမ်းက ထူးဆန်းလှသော အမူအရာဖြင့် ပြောလာလေသည်။

"နှစ်ထောင်လား.. မစ္စတာလီ ခင်ဗျား ပြဿနာအကြီးကြီးတက်ပြီဗျ"

•••••••••••••••••••

အပိုင်း ၃၂၀ : ငါ မင်းနဲ့ကစားပေးမယ်

လီကျယ် ကြက်သေသေသွားလေသည်။ လျှပ်စစ်စက်ဘီးလေးတစ်စီးကို ဝင်တိုက်မိခြင်းမဟုတ်ပါလား။ ကိစ္စ အဘယ်ကြောင့် ကြီးထွားသွားရလေသလဲ။​

"ယွမ်နှစ်ထောင်ပဲမဟုတ်ဘူးလား။ ကျုပ် လျော်နိုင်ပါတယ်။ လျော်မယ်။ လျော်မယ်"

လီကျယ်က ရက်ရောလေဟန် ပြုမူနေချေသည်။

ထိုဝန်ထမ်းက ထူးဆန်းလှသောအမူအရာဖြင့် ပြောလိုက်သည်။

"ဆရာ... ခင်ဗျားရဲ့အာမခံကြေးက ဒီပမာဏကို မကာမိလောက်ဘူး"​

"ဘာ.. မလောက်ဘူးလား"

"သေစမ်း.. တစ်သန်းတန်အာမခံက လျှပ်စစ်စက်ဘီးတစ်စီးကိုတောင် မလျော်နိုင်ဘူးလား"

ပတ်ပတ်လည်ရှိ လူများမှာ အတန်ငယ်ခေါင်းရှုပ်သွားလေသည်။

ဟုတ်တယ်.. လျှပ်စစ်စက်ဘီးလေးတစ်စီးပဲလေ...​​

တစ်သန်းတန်အာမခံက မည်သို့မလောက်ဘဲနေမည်နည်း။

ထိုဝန်ထမ်းက လေးနက်တည်ကြည်စွာ ပြောလိုက်လေသည်။

"ဆရာ.. ခင်ဗျားရဲ့အာမခံကြေးက တစ်သန်းရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီလျှပ်စစ်စက်ဘီးက သာမန်စက်ဘီးမဟုတ်ပါဘူး။ တန်ဖိုးအားဖြင့် ၅.၈သန်းရှိပါတယ်။ ပျက်စီးဆုံးရှုံးမှုက ပြင်းထန်ပါတယ်။ ဘက်ထရီက ကြေမွသွားတဲ့အတွက် ပြန်ပြင်လို့မရတော့ပါဘူး။ ဒီတော့ အပြည့်လျော်ပေးရတော့မှာပါ။ ဒီတော့ ကျွန်တော်တို့ကုမ္ပဏီဘက်က တစ်သန်းပေးလိုက်ရင် လူကြီးမင်းက ၄.၈သန်း လျော်ရမှာပါ"

"သေလိုက်ပါတော့။ မင်း ငါ့ကို လာနောက်နေတာလား။ လျှပ်စစ်စက်ဘီးအစုတ်တစ်စီးက ၅.၈သန်း ပေးရတယ်တဲ့လား။ ဒါက ရွှေနဲ့လုပ်ထားတာမို့လို့လား"

လီကျယ်လည်း လုံးဝကြောင်အသွားချေသည်။​

ထိုဝန်ထမ်းက ဆို၏။

"ဒီစက်ဘီးက ရွှေနဲ့လုပ်ထားတာမဟုတ်ပေမဲ့ ကာဗွန်ဖိုက်ဘာနဲ့ လုပ်ထားတာပါ။ ဘက်ထရီကလည်း ကမ္ဘာ့အဆင့်အမြင့်ဆုံးလီသီယမ်ဘက်ထရီကို သုံးထားတာမို့ အရမ်းဈေးကြီးပါတယ်။ လူကြီးမင်း မယုံဘူးဆိုရင် တရားဝင်ဝက်ဆိုက်မှာ ရှာကြည့်လို့ရပါတယ်"

ထိုအချိန်တွင် ဖြတ်သွားဖြတ်လာတစ်ယောက်က သူ့လျှပ်စစ်စက်ဘီး၏ အချက်အလက်များကို ရှာဖွေစစ်ဆေးကြည့်လိုက်သည်။

"သေစမ်း.. တွေ့ပြီ။ ဟုတ်တယ်ဟ... ဒီလျှပ်စစ်စက်ဘီးက ကမ္ဘာ့ဈေးအကြီးဆုံးလျှပ်စစ်စက်ဘီးကိုး။ ဈေးနှုန်းက ၅.၈သန်းရှိတယ်။ အဲဒါက တစ်ကမ္ဘာလုံးမှာ ဆယ်စင်းပဲရှိတဲ့ ကန့်သတ်ထုတ်ကုန်တဲ့။ ၂.၅စက္ကန့်အတွင်းမှာ တစ်နာရီကို သုညကီလိုမီတာကနေ တစ်ရာကီလိုမီတာနှုန်းအထိ အရှိန်တင်နိုင်တယ်။ ဝိုး.. ဒီကောင်လေးစီးတဲ့စက်ဘီးက ဒီလောက်အထိမိုက်လိမ့်မယ်လို့ ထင်မထားဘူး"​

လီကျယ်လည်း သူ့ဖုန်းဖြင့် ထိုလျှပ်စစ်စက်ဘီးအကြောင်း ရှာကြည့်လိုက်ပြီးနောက် သေမတတ်လန့်သွားချေသည်။ ​

ယဲ့ချန်းရှေ့တွင် ကြွားဝါရန် ကြိုးစားမိရုံမျှဖြင့် ၄.၈သန်း ပလုံသွားလိမ့်မည်ဟု သူ လုံးဝထင်မထားချေ။​

ထိုအချိန်တွင် လူအုပ်ကြီးမှာ အုတ်အော်သောင်းတင်းဖြစ်ကုန်တော့သည်။

"သေလိုက်ပါတော့။ ဒီကောင်လေးက အရမ်းကြမ်းတာပဲ။ ၅.၈သန်းတန်လျှပ်စစ်စက်ဘီးကြီး စီးတာတဲ့"​

"ရွှေချထားတဲ့ကားတောင် ဒီလောက်မိုက်မှာမဟုတ်ဘူး"

"ဒီကောင်လေးက ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ပဲ ဖြစ်ရမယ်။ အရမ်းမိုက်တယ်။ လျှပ်စစ်စက်ဘီးတောင် ၅.၈သန်းတန်တယ်တဲ့"​​

"အခု ကြီးကျယ်ခမ်းနားမှုဆိုတာ ဘာမှန်း သိပြီလား။ ဒါကမှ အရှက်ဗြန်းဗြန်းကွဲတယ်လို့ခေါ်တာ"

ဘေးနားက ကြည့်နေသူများသာမက ယာဉ်ထိန်းရဲနှင့် အာမခံကုမ္ပဏီဝန်ထမ်းများလည်း ကြောင်သွားကြသည်။

သူတို့သက်တမ်းတစ်လျှောက် ၅.၈သန်းတန် လျှပ်စစ်စက်ဘီးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

လူတိုင်းက ယဲ့ချန်းကို မတူညီသောအကြည့်များဖြင့် ကြည့်လိုက်ကြသည်။

၅.၈သန်းတန်လျှပ်စစ်စက်ဘီးကို စီးနိုင်သူမှာ သာမန်လူတစ်ယောက်မဟုတ်ပေ။

သူတို့သာ မျက်စိနှင့်တပ်အပ်မမြင်ပါက မည်သူမှ ယုံမိမည်မဟုတ်။

ယခုမူ လူတိုင်းက လီကျယ်ကို ငတုံးတစ်ယောက်နှယ် ကြည့်နေကြတော့သည်။​

မင်းက ကြွားနေခဲ့တာမဟုတ်လူး။ အခု ဘယ်သူက ငတုံးဖြစ်သွားပြီလဲ...​

ဘီအမ်ဒဗလျူမောင်းသောလူက ချမ်းသာလှပြီဟု ထင်ထားသော်ငြား ယခုမူ အကြီးအကျယ်အရှက်ခွဲခံလိုက်ရလေပြီ။

ဟားဟား... သူ့ရဲ့လျှပ်စစ်စက်ဘီးက ဘီအမ်ဒဗလျူငါးစီးလောက်တောင် ဝယ်နိုင်တယ်.. ဒါတောင် မင်းက သူ့ရှေ့မှာ ကြွားနေသေးတာလား...

ယခုအချိန်တွင်မူ ယဲ့ချန်းကိုကြည့်သော လီကျယ်၏အကြည့်က လုံးဝပြောင်းလဲသွားလေတော့သည်။

ယဲ့ချန်းအကြောင်းကို သူတို့ စုံစမ်းထားပြီးသားပင်။ သူသည် တက္ကစီဒရိုင်ဘာတစ်ယောက်ပင်။

သေစမ်း..တက္ကစီဒရိုင်ဘာတစ်ယောက်က ၅.၈သန်းတန်လျှပ်စစ်စက်ဘီးကို စီးနိုင်တယ်ဆိုတာကြီးက ပေါက်ကရဆန်လိုက်တာ...

လီမိသားစုတွင် ပိုက်ဆံရှိပါသော်လည်း ၄.၈သန်းဆိုသည်မှာ သူတို့၏တစ်နှစ်စာဝင်ငွေပင်။

သူ့ခြေထောက်များ ချက်ချင်းဆိုသလို ပျော့ခွေသွားလေတော့သည်။

တစ်ချီတည်းနှင့် ပိုက်ဆံအများကြီးကို ဆုံးရှုံးလိုက်ရသဖြင့် အိမ်ပြန်ရောက်လျှင် သူ့အဖေက သူ့ခြေထောက်ကို ရိုက်ချိုးတော့မည်သာ။

"အစ်ကိုချန်း.. ဝမ်ယိ့မျက်နှာကိုထောက်ပြီး ကျွန်တော့်ကို နည်းနည်းလောက်လျှော့ပေးလို့ရမလား"

စိတ်ဓာတ်ကျသွားသော လီကျယ်လည်း ယဲ့ချန်းကို တောင်းပန်ခယရတော့သည်။

ယဲ့ချန်း လှောင်ပြုံးပြုးလိုက်လေသည်။

"မင်းက လီမိသားစုရဲ့အကြီးဆုံးသခင်လေးလေ.. ဒီလောက်ပမာဏလေးကတော့ မင်းအတွက် စာမဖွဲ့လောက်ဘူးမလား"

လီကျယ်ခမျာ ခါးသက်သက်ဖြစ်သွားလေသည်။ သူ့တစ်လစာမုန့်ဖိုးက နှစ်သောင်းမျှသာရှိသည်။ သန်းလေးရာ့ရှစ်ဆယ်ကို ဘယ်နေရာက သွားခိုးရလေမလဲ။

ယဲ့ချန်းလည်း လီကျယ်ကို ဂရုစိုက်မနေချင်တော့သဖြင့် ယာဉ်ထိန်းရဲကို ပြောလိုက်၏။

"အရာရှိကြီး.. ခုနတုန်းက ဗီဒီယိုကို ခင်ဗျားလည်းမြင်လိုက်တာပဲ။ သူက ကျွန်တော့်ကို တမင်သက်သက် အနောက်က ဝင်တိုက်ခဲ့တာ။ သူ ကျွန်တော့်ကို လုပ်ကြံဖို့ကြိုးစားခဲ့တယ်လို့ သံသယဖြစ်မိတယ်။ ဒါက သာမန်ယာဉ်မတော်တဆမှုမဟုတ်ပါဘူး"

ယာဉ်ထိန်းရဲကလည်း ခေါင်းညိတ်ပြသည်။

"အင်း.. အမှန်ပဲ။ ဒီကားက ခင်ဗျားကိုသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်မျိုးရှိတယ်။ ကျုပ် ရာဇဝတ်မှုစုံစမ်းရေးဌာနကို ချက်ချင်းဖုန်းဆက်လိုက်မယ်။ သူတို့တွေ ဒီကိစ္စကို ဆက်စုံစမ်းပါလိမ့်မယ်"

"သတ်ဖြတ်မှု"ဟူသော စကားကို ကြားလိုက်ရချိန်ဝယ် လီကျယ်ခမျာ ချက်ချင်းဆိုသလို ကြောက်လန့်တကြားဖြစ်သွားချေသည်။

"အရာရှိကြီး.. တစ်ဖက်လူက ဒီလျှပ်စစ်စက်ဘီးအတွက် ငွေအပြည့် ချေပေးရပါမယ်။ တစ်ပြားတောင် လျော့လို့မရပါဘူး။ ကျွန်တော့်မှာ ကိစ္စလေးရှိသေးလို့ သွားလိုက်ပါဦးမယ်"

ယဲ့ချန်းက ထိုသို့ပြောပြီးနောက် ဖုန်းဆက်လိုက်သည်။

ခဏအကြာတွင် လင်းဝမ်ယိုက လိုင်ကန်ပြိုင်ကားနှင့်အတူ ယဲ့ချန်းရှေ့သို့ ရောက်ချလာသည်။

လိုင်ကန်ပြိုင်ကားကို မြင်သောအခါ လူတိုင်း မှင်တက်ကုန်ကြသည်။

"သေစမ်း.. ငါ အဲဒီကားကိုမှတ်မိတယ်။ အဲဒါက လိုင်ကန်ပြိုင်ကားပဲ။ ဟွားနိုင်ငံမှာ တစ်စင်းတည်းပဲရှိတာ။ လျှို့ဝှက်ဆန်းကြယ်တဲ့ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက် ပိုင်တာတဲ့"

"ဒီတော့ ဒီကောင်လေးက အဲဒီလျှို့ဝှက်ဆန်းကြယ်သူဌေးကြီးပေါ့"

"၅.၈သန်းတန်လျှပ်စစ်စက်ဘီးကို စီးနိုင်တာလည်း မအံ့ဩတော့ပါဘူး။ ဒီကားက သန်း၁၂၀တန်တယ်လို့ ပြောကြတယ်"

လီကျယ်ခမျာ လုံးဝကြောင်အသွားချေသည်။

ယဲ့ချန်းက မည်မျှအံ့ဩဖို့ကောင်းသလဲဆိုသည်ကို ယခု သူ သဘောပေါက်လိုက်လေပြီ။

တက္ကစီဒရိုင်ဘာတဲ့။ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်က အခြားလူများကို အငိုက်ဖမ်းရန်အတွက် အားနည်းချင်ယောင်ဆောင်နေကြောင်း သိသာလှသည်။

ယဲ့ချန်းက ကလပ်အဝင်ဝသို့ ရောက်လာခဲ့ပြီး လင်းဝမ်ယိုကတော့ ကားမောင်း၍ အရင်ပြန်နှင့်လေသည်။

ထိုအချိန်တွင် ကျူးကျီနှင့် မိုတုမြို့ထဲရှိ သူဌေးသားတချို့လည်း အကုန်ရောက်နေကြပြီဖြစ်၏။

လူအုပ်ကြီး အထူးတဆန်းအမူအရာများဖြင့် ယဲ့ချန်းကို ကြည့်လိုက်လေသည်။

ယဲ့ချန်း လာရဲလိမ့်မည်ဟု မည်သူကမှ ထင်မထားပေ။

စုဝမ်ယိလည်း ထိုနေရာတွင် ရှိနေပေသည်။ ဧည့်ခံပွဲတစ်ခုလုံး၏ လေထုအခြေအနေကား အလွန်ထူးဆန်းလှသည်။

ကျူးကျီက ယဲ့ချန်းကို အေးစက်မာကျောသော အကြည့်များဖြင့် ကြည့်လိုက်၏။

"မနေ့တုန်းက ငါ့ညီလေးကို သင်္ဂြိုလ်ခဲ့ရတယ်"

ဖြစ်ရမည့်အရာကား နောက်ဆုံးတော့ ဖြစ်လာပြီဟု သိလိုက်သဖြင့် လူတိုင်း၏အမူအရာမှာ တင်းကျပ်သွားလေသည်။

ကျူးကျီက ယဲ့ချန်းကို အေးတိအေးစက်ကြည့်ပြီး ပြောလိုက်၏။

"မင်းက ယဲ့ချန်းလား"

ကျူးကျီ၏မျက်ဝန်းထဲရှိ ရက်စက်ခက်ထန်မှုကို စုဝမ်ယိလည်း ခံစားလိုက်ရသဖြင့် ယဲ့ချန်းကိုယ်စား စကားပြောရန် ပြင်လိုက်သည်။

သို့သော် ယဲ့ချန်းက သူ(မ)ကို တားလိုက်ပြီး စားစရာကိုတစ်လုတ်စားကာ အေးအေးလူလူပြောလိုက်၏။

"ဟုတ်တယ်။ ငါက ယဲ့ချန်းပဲ"

"ငါ့ညီရဲ့သေဆုံးမှုက မင်းနဲ့ပတ်သက်နေတယ်လို့ ကြားထားတယ်"

ကျူးကျီက ယဲ့ချန်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်၏။

ကျူးကျီက သရုပ်ဆောင်ကောင်းကြောင်းကိုမူ ဝန်ခံရပေလိမ့်မည်။ သူကိုယ်တိုင် သူ့ညီကို သတ်ပစ်ခဲ့ပါသော်ငြား အခြားလူတစ်ယောက်ကို အကွက်ဆင်ထားသည့်တိုင် သူ့ပုံစံမှာ တရားမျှတမှုရှိနေဟန်ပင်။

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"အဲဒီလိုလား။ ပုံမှန်ဆိုရင် လူသတ်မှုဆိုတာ သတ်ဖြတ်လိုတဲ့ရည်ရွယ်ချက်တစ်ခု ရှိရတယ်လေ။ မင်းရဲ့ရည်ရွယ်ချက်က ငါ့ထက်တောင် ပိုစိတ်ဝင်စားဖို့ကောင်းသေးတယ်"

ယဲ့ချန်း၏စကားကိုကြားသော် ကျူးကျီ မျက်ခုံးပင့်လိုက်မိသည်။

"ဟမ့်.. မင်းက ဝန်ခံရမှာကို ကြောက်နေတာလား"

ကျူးကျီလည်း အန္တရာယ်ပြုလိုဟန်ဖြင့် ပြောလိုက်၏။

ယဲ့ချန်း ခေါင်းခါယမ်းလိုက်သည်။

"ငါက ဝန်ခံရမှာကို ကြောက်နေတာမဟုတ်ဘူး။ ငါမလုပ်ထားတဲ့ကိစ္စတစ်ခုအတွက်တော့ တာဝန်မခံနိုင်ဘူးလေ"

ကျူးကျီလည်း လှောင်ပြုံးပြုံးလိုက်လေသည်။

"မင်းဘာသာ ဝန်ခံတာပဲဖြစ်ဖြစ် ဝန်မခံတာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ငါ့ညီရဲ့သေဆုံးမှုကိုတော့ အလကားမဖြစ်စေရဘူး။ စုဝမ်ယိနဲ့ ယဲ့ချန်း... မင်းတို့နှစ်ယောက် ငါတို့ကျူးမိသားစုရဲ့ဒေါသကို ရင်ဆိုင်ရမယ်"

မောက်မာပြီး အထက်စီးဆန်သော ကျူးကျီက စကားခံမနေတော့ဘဲ စုဝမ်ယိနှင့် ယဲ့ချန်းတို့ကို စစ်ကြေညာလိုက်သည်။

ယဲ့ချန်းကတော့ ပြုံးရုံသာပြုံး၏။

"ကောင်းပြီလေ။ မင်းက ကစားချင်နေမှတော့ ငါလည်း မင်းနဲ့ကစားပေးရတာပေါ့"

သူ့ဘေးရှိ စုဝမ်ယိမှာမူ အသက်ပြင်းပြင်းရှူသွင်းလိုက်ချေသည်။

"ကျွန်မတို့စုမိသားစုက အဆုံးအထိ ရှင့်ဘက်က နေပေးမှာ"

နှစ်ဖက်စလုံးရှိ ခွန်အားကို ထည့်တွက်ကြည့်လိုက်သောအခါ ယဲ့ချန်း၏ကြိုးစားမှုက အချည်းနှီးသာဟု လူတိုင်း ထင်နေကြသည်။

ကျူးကျီက ကျူးမင်ထက် ပိုသာပေသည်။ နည်းနည်းလေးသာလွန်ခြင်းလည်း မဟုတ်ချေ။

ယဲ့ချန်းက သာမန်တက္ကစီဒရိုင်ဘာလေးတစ်ယောက်ဖြစ်သည့်တိုင် ကျူးကျီကို စိန်ခေါ်နေခြင်းမှာ ဟာသလုပ်နေခြင်းလေလား။

စုမိသားစု၏နောက်ခံရှိနေလျှင်ပင် ကျူးကျီကို မယှဉ်နိုင်ပေ။

ထိုအချိန်မှာပင် စားသောက်ဆိုင်တံခါးက ရုတ်ခြည်းတွန်းဖွင့်ခံလိုက်ရသည်။

လူတစ်ယောက်က ယဲ့ချန်းနားသို့ အလျင်အမြန်ချဉ်းကပ်လာသည်။

လီကျယ်လား...

ဝင်လာသူကို မြင်လိုက်ရချိန်ဝယ် လူတိုင်း အံ့ဩမှင်တက်ကုန်သည်။

ပိုပြီးမယုံနိုင်စရာကောင်းသည်မှာ လီကျယ်က ယဲ့ချန်းရှေ့တွင် ဒုန်းခနဲဒူးထောက်လိုက်ခြင်းပင်။

ဤမြင်ကွင်းကို မြင်သောအခါ လူတိုင်း ကြောင်အကုန်ကြသည်။

ဘာတွေဖြစ်နေတာလဲ...

​

•••••••••••••••••

​

အပိုင်း ၃၂၁ - တိုက်ပွဲကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ခြင်း

လီကျယ်က တံခါးကိုတွန်းဖွင့်၍ ဝင်သွားပြီးနောက် ယဲ့ချန်းကိုကြည့်လိုက်၏။

ထို့နောက် ယဲ့ချန်းအနားသို့ အမြန်လျှောက်သွားနေချိန်မှာ သူ့မျက်လုံးထဲတွင် လေးစားကြောက်ရွံ့သော အရိပ်အယောင်များ ထင်ဟပ်နေချေသည်။

"အစ်ကိုချန်း.. ကျွန်တော်မှားသွားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

လီကျယ်ကလည်း ဒုတိယအဆင့်သခင်လေးတစ်ယောက်ပင်။ ကျူးမင်တို့လောက် ဩဇာမညောင်းသော်ငြား အတော်အတန်အာဏာရှိသည်။

လီကျယ်က ယဲ့ချန်းရှေ့တွင် ဒူးထောက်နေသည်ကိုမြင်သောအခါ လူတိုင်း မှင်တက်သွားကြသည်။

ဒီမှာ ဘာတွေဖြစ်နေတာလဲ...

လီကျယ်က ယခုမူ အရှက်သိက္ခာများကို မငဲ့နိုင်တော့ချေ။ သူ့တွင် ရွေးချယ်စရာမရှိပေ။

အစောပိုင်းက ရဲအရာရှိများက သူ့အား အသိပေးထားသည်။

ယဲ့ချန်းဘက်က အခိုင်အမာတောင်းဆိုနေသရွေ့ ရည်ရွယ်ချက်ရှိရှိ ထိခိုက်ဒဏ်ရာရစေမှုနှင့် သူ့ကို ထောင်ချရလိမ့်မည်ဟုပင်။

သူ့အနေနှင့် ပြစ်မှုမှတ်တမ်းရှိ၍မဖြစ်ပေ။ လီကျယ်သည် နိုင်ငံရေးလမ်းကြောင်းကို လျှောက်လှမ်းရန် စီစဉ်ထားသည်။

ထိုဆုံးဖြတ်ချက်က ယခုမူ ယဲ့ချန်းအပေါ် မူတည်နေသည်။

ယဲ့ချန်းကသာ ဤကိစ္စကို ရှေ့ဆက်မည်ဆိုပါက လီကျယ်လည်း ခြောက်လမှ သုံးနှစ်အထိ သေချာပေါက်ထောင်ကျပေလိမ့်မည်။

ထောင်ဒဏ်ခြောက်လမျှဖြင့်လည်း သူ့အနာဂတ်က ပျက်စီးသွားနိုင်သည်။

အကယ်၍ ယဲ့ချန်းသာ သူ့ကို ခွင့်လွှတ်ပေးပါက ဤကိစ္စကို တိတ်တဆိတ်ဖြေရှင်းနိုင်သည်။

ထို့ကြောင့် လီကျယ်လည်း လူတစ်ယောက်ကိုခေါ်၍ သူ့အား အာမခံဖြင့်ထုတ်ခိုင်းလိုက်ပြီး ယဲ့ချန်းရှေ့တွင် ဒူးထောက်၍ တောင်းပန်နေခြင်းပင်။

ယဲ့ချန်းသာ သူ့ကို ချမ်းသာပေးမည်ဆိုပါက သူ့အနေနှင့် ထောင်ထဲသွားစရာမလိုပေ။

သူ့အနာဂတ်ကား ယဲ့ချန်း၏လက်ထဲတွင် ရှိနေချေပြီ။

သို့သော် သူ ဒူးထောက်လိုက်ခြင်းကြောင့် ထိုနေရာရှိ လူအားလုံး ကြောင်ကုန်ကြသည်။

ဒါက ဘယ်လိုအခြေအနေကြီးလဲ...

လီကျယ်က ကျူးမိသားစုဝင်ဖြစ်လေရာ ယဲ့ချန်းနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်သင့်သည်။ အဘယ်ကြောင့်များ ယဲ့ချန်းရှေ့တွင် ဒူးထောက်နေရသလဲ။

ကျူးကျီ မျက်မှောင်ကြုတ်လိုက်မိသည်။

"လီကျယ်.. မင်းဘာလုပ်နေတာလဲ။ ကျူးမင်က သူ့ကြောင့်သေသွားတာမှန်း မင်းမသိဘူးလား"

ကျူးကျီက ဤသို့ပြောပြီးနောက် အနားသို့ကပ်သွားပြီး လီကျယ်ကို ဆွဲထူရန် ပြင်လိုက်၏။ လီကျယ်ကမူ ကျူးကျီကို တွန်းထုတ်၍ ယဲ့ချန်း၏ခြေထောက်ကို ဆွဲဖက်ထားလိုက်သည်။

"အစ်ကိုချန်း.. ကျွန်တော် ထောင်ထဲမဝင်ချင်ဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဗျာ"

အခြားသခင်လေးများလည်း လုံးဝနားမလည်နိုင်တော့ပေ။

လီကျယ်က ယဲ့ချန်းရှေ့တွင် ဘာကြောင့်ဒူးထောက်နေရသလဲဆိုသည်ကို သူတို့ နားမလည်နိုင်ပေ။ သူက တက္ကစီဒရိုင်ဘာမဟုတ်လား...

"လီကျယ်.. မင်း ဘာဖြစ်နေတာလဲ။ မြန်မြန်ထစမ်းပါ"

"စကားနဲ့ပဲပြောလေ မင်းဘာလုပ်နေတာလဲ"

"ဘာတွေဖြစ်ကုန်တာလဲ"

…

လူတိုင်း၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးနေဟန် အရိပ်အယောင်တို့က အထင်းသားပင်။

ထိုအချိန်တွင် သခင်လေးတစ်ယောက်က ဆိုလာလေသည်။

"ခုနက ငါလာတုန်းက လီကျယ်က ယဲ့ချန်းရဲ့လျှပ်စစ်စက်ဘီးကို ဝင်တိုက်လိုက်တာကို မြင်လိုက်တယ်။ နောက်တော့ ရဲတွေရောက်လာရော။ ယဲ့ချန်းက လီကျယ်ကို ထိခိုက်ဒဏ်ရာရစေမှုနဲ့ တိုင်လိုက်ပုံရတယ်"

"လျှပ်စစ်စက်ဘီးကို ဝင်တိုက်တာလား"

လူတိုင်းမှာ ပို၍ပင်ခေါင်းခြောက်သွားရသည်။

ထိုလျှပ်စစ်စက်ဘီးက မည်မျှတန်ဖိုးရှိသလဲ။ ဤသည်မှာ တန်ရောတန်ရဲ့လား။

ကျူးကျီကမူ အေးတိအေးစက်လှောင်ရယ်လိုက်သည်။

"ယဲ့ချန်း..လီကျယ်က မင်းကို နောက်နေတာလေ။ ဒီလောက်အထိ လုပ်စရာမလိုပါဘူး"

"ဟုတ်တယ်။ လီကျယ်က မင်းကို ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်တာလည်းမဟုတ်ဘူး။ နောက်လိုက်တာဖြစ်မှာပါ"

"ဒီလိုလုပ်ရင်ရော.. လီကျယ့်ကို လျော်ကြေးတစ်သိန်းပေးခိုင်းလိုက်။ ဒီလောက်ဆိုရင် လောက်ပြီမလား"

ကျူးကျီက အထင်အမြင်သေးဟန်ဖြင့် ပြောလိုက်၏။

ယဲ့ချန်းက လျှပ်စစ်စက်ဘီးစီးသည်ဟု ကြားလိုက်ရသောအခါ လူတိုင်း ယဲ့ချန်းကို ပိုအထင်သေးသွားကြသည်။

လျှပ်စစ်စက်ဘီးစီးသော လူတစ်ယောက်မှာ အလွန်ဆင်းရဲလှသည်။ လူတော်တော်များများ၏အမြင်တွင် လျှပ်စစ်စက်ဘီးဆိုသည်မှာ တစ်ထောင်နှစ်ထောင်မျှသာ ရှိသည်။

ယွမ်တစ်သိန်းဆိုလျှင် ကားအသေးစားတစ်စီးပင် ဝယ်နိုင်လေပြီ။

ယန်ချွမ်းကတော့ ဘေးနားမှ နှာခေါင်းရှုံ့လိုက်သည်။

"မင်းတို့တွေက ဘာတွေဖြစ်ပျက်နေတာလဲ။ ကားတိုက်မှုက အသေးစားအမှုလေးဆိုပေမဲ့ ရည်ရွယ်ချက်က ယုတ်ညံ့တယ်လေ။ တကယ်လို့ အစ်ကိုချန်း ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ။ ဒါက ငွေနဲ့ဖြေရှင်းလို့ရတဲ့ကိစ္စမဟုတ်ဘူး"

ကျူးကျီက အေးတိအေးစက်နှာခေါင်းရှုံ့လိုက်သည်။

"ယဲ့ချန်း.. ငါ့မျက်နှာကိုထောက်ပြီး ဒီကိစ္စကို လျှော်လိုက်ပါ"

ယဲ့ချန်း၏နှုတ်ခမ်းကား တွန့်ကွေးသွားလေသည်။

"မင်းမျက်နှာကို ထောက်ထားရမှာလား။ မင်းမျက်နှာက တန်လို့လား"

"မင်း.."

ကျူးကျီ၏အကြည့်ကား မှောင်မိုက်သွားလေသည်။

အချင်းများထားသည့်တိုင် မိုတုမြို့ရှိ မည်သူကမှ ကျူးကျီကို မလေးမစားမပြုရဲပေ။

ကျူးကျီလည်း အေးစက်မာကျောစွာ နှာခေါင်းရှုံ့လိုက်ပြန်သည်။

"မင်းက ပိုက်ဆံလိုချင်တာမလား။ ငါးသောင်းဆိုရင် လောက်လား"

လီကျယ်က သူ့လူဖြစ်နေလေရာ ဤကိစ္စကို သူ ဖြေရှင်းပေးမှဖြစ်ချေမည်။ ဤသည်မှာ ဂုဏ်သိက္ခာနှင့်ဆိုသော ကိစ္စပင်။

ယဲ့ချန်းကတော့ အေးစက်စက်ရယ်မောလိုက်၏။

"ငါးသောင်းက လျော်ကြေးအတွက် မလောက်ဘူး။ ငါ့လျှပ်စစ်စက်ဘီးက ၅.၈သန်းတန်"

"၅.၈သန်းလား"

လူတိုင်း ကြက်သေသေကုန်ကြသည်။

လီကျယ်လည်း ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်လေတော့သည်။

"ယဲ့ချန်း.. မင်း ရူးနေတာပဲဖြစ်ရမယ်။ လျှပ်စစ်စက်ဘီးတစ်စီးက ၅.၈သန်းတန်တယ်ပေါ့။ မင်း တောင်းရဲတယ်နော်"

လီကျယ်၏မျက်နှာကား အကျည်းတန်နေချေသည်။ သူက ခါးသက်သက်ဖြင့် ဝင်ပြောလိုက်သည်။

"တကယ်.. သခင်လေးယဲ့ရဲ့လျှပ်စစ်စက်ဘီးက ၅.၈သန်းတန်တာ"

"ဘာ"

ကျူးကျီတို့တစ်သိုက်မှာ ချက်ချင်းဆိုသလို ရယ်မောနေခြင်းကို ရပ်တန့်လိုက်မိသည်။

သူတို့အားလုံး မယုံကြည်နိုင်ဟန်ဖြင့် လီကျယ်ကို ကြည့်လိုက်ကြသည်။

လီကျယ်က ပြောလိုက်သည်။

"အစ်ကိုချန်းရဲ့လျှပ်စစ်စက်ဘီးက သာမန်စက်ဘီးမဟုတ်ဘူး။ နာမည်ကြီးနိုင်ငံခြားဒီဇိုင်နာတစ်ယောက်က ဒီဇိုင်းဆွဲထားပြီး ကာဗွန်ဖိုက်ဘာကုန်ကြမ်းနဲ့လုုပ်ထားတာ။ အာမခံကုမ္ပဏီကလည်း အဲဒါကို အတည်ပြုပေးထားတယ်။ တကယ်ကြီး ၅.၈သန်းပေးရတာ"

အမလေး...

ထိုနေရာရှိ လူတိုင်း ပင့်သက်ရှိုက်မိသွားသည်။

၅.၈သန်းတန်လျှပ်စစ်စက်ဘီးတစ်စီးက ရွှေဖြင့်လုပ်ထား၍များလား။

လူတိုင်း ကြောင်အကုန်သည်။

ဤလူများက အလွန်ချမ်းသာပါသော်ငြား လျှပ်စစ်စက်ဘီးတစ်စီးက ၅.၈သန်းတန်ကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

ဤသည်မှာ ချဲ့ကားလွန်းလှသည်။

ထိုအချိန်မှာပင် ယဲ့ချန်းကြောင့် အကုန်လုံး မှင်တက်သွားကြသည်။

သူတို့သည် ဇိမ်ခံကားများစွာကို မြင်ဖူးပါသော်လည်း ၅.၈သန်းတန်လျှပ်စစ်စက်ဘီးကိုမူ ပထမဆုံးအကြိမ်ကြားဖူးခြင်းပင်။

ယခုမူ ယဲ့ချန်းက တစ်ချိန်လုံး သူ့အစွမ်းအစကို သိုဝှက်ထားခြင်းဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။ တက္ကစီဒရိုင်ဘာတစ်ယောက်က ၅.၈သန်းတန်လျှပ်စစ်စက်ဘီးကို မည်သို့စီးနိုင်မည်နည်း။

လီကျယ်က ပြောလိုက်၏။

"ကျွန်တော့်အဖေကို ပြောပြီးသွားပါပြီ။ ကျွန်တော့်အဖေကလည်း လျှပ်စစ်စက်ဘီးအတွက် လျော်ကြေးပြင်နေပါပြီ။ ဒါပေမဲ့ ရဲတွေက နေ့တစ်ဝက်ပဲအချိန်ပေးမယ်တဲ့။ အစ်ကိုချန်းသာ ကျွန်တော့်ကို ခွင့်မလွှတ်ဘူးဆိုရင် ကျွန်တော် ရည်ရွယ်ချက်ချက်ရှိရှိ ထိခိုက်ဒဏ်ရာရစေမှုနဲ့ ထောင်ကျတော့မှာ"

ယဲ့ချန်းက လီကျယ်ကို အေးစက်မာထန်စွာ လှမ်းကြည့်လိုက်၏။

"မင်း လီဗာဖိနင်းလိုက်တဲ့အချိန်ကတည်းက မင်းရဲ့အနာဂတ်ကို ဆုံးဖြတ်ပြီးသွားပြီ။ ချာတိတ်.. အထဲကိုဝင်ပြီး ကိုယ့်ကိုယ်ကိုယ်ပြုပြင်လိုက်"

ယဲ့ချန်းနှင့် စုဝမ်ယိတို့လည်း တစ်ဖက်သို့လှည့်၍ ထွက်သွားလေတော့သည်။

သူက လီကျယ်ကို ခွင့်မလွှတ်ခဲ့ပေ။

ထိုစဉ်က သူ့တုံ့ပြန်မှုက မြန်သွားခြင်းကြောင့်သာမဟုတ်ပါက ယခုလောက်ဆိုလျှင် ဆေးရုံသို့ ရောက်နေလောက်ပြီဖြစ်၏။

သူ့ကို ထောင်ထဲပို့လိုက်ခြင်းကပင် သက်ညှာရာကျနေချေပြီ။

ယဲ့ချန်းက သူ့အား ခြိမ်းခြောက်သူမှန်သမျှကို ဘယ်တုန်းကမှ မညှာဖူးပေ။

သူသည် ကားမောင်း၍ စုဝမ်ယိကို အိမ်ပြန်ပို့ပေးလိုက်သည်။

"ယဲ့ချန်း.. ဒီတစ်ခေါက် ကျူးမိသားစုက ကျွန်မတို့စုမိသားစုကို ပေါ်တင်စစ်ကြေညာလိုက်ပြီ။ တိုက်ပွဲက ပြင်းထန်လာမှာကို ကျွန်မစိုးရိမ်မိတယ်"

"မပူနဲ့။ ကိုယ်ရှိတယ်"

ယဲ့ချန်းကတော့ တည်ငြိမ်စွာ ပြောလိုက်လေသည်။

ကျူးမိသားစု၏အဆင့်အတန်း၊ စည်းစိမ်နှင့် နောက်ခံအင်အားတို့က စုမိသားစုထက် မနိမ့်ကျပေ။ ယခုနှစ်များအတွင်း သူတို့သည် စုမိသားစုထက်ပင် ခပ်မြန်မြန်တိုးတက်လာသည်။

ထို့ပြင် စုမိသားစုက စက်မှုလုပ်ငန်းများစွာကို ပိုင်ဆိုင်ထားပြီး စုကျိုးနှင့် ဟန်ကျိုးဒေသတို့တွင် အလွန်အာဏာကြီးလှသည်။

"ယဲ့ချန်း.. ကျူးကျီက လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်ကို ငှားလိမ့်မယ်လို့ထင်လား"

ယဲ့ချန်း ခေါင်းခါယမ်းပြလိုက်၏။

"သူ မလုပ်ရဲပါဘူး။ သူက သူ့ညီလိုမဟုတ်ဘူး။ သူ့မှာ ဦးနှောက်ရှိတယ်။ ဒီလိုတုံးအတဲ့လုပ်ရပ်မျိုးကို လုပ်မှာမဟုတ်ဘူး"

"ဒါပေမဲ့ ရှင် သတိထားရမယ်နော်"

စုဝမ်ယိ အတန်ငယ်စိတ်ပူမိသည်။

"မပူပါနဲ့။ မေ့ထားလိုက်။ ကိုယ်က အရာအားလုံးကို ခန့်မှန်းနိုင်တယ်။ ဒါနဲ့ ဦးလေးဘက်က အကုန်အဆင်သင့်ဖြစ်ပြီမလား"

"အင်း.. အကုန် အဆင်သင့်ပဲ။ ကျူးမိသားစုနဲ့တိုက်ခိုက်ဖို့ ကျွန်မတို့ရဲ့ရန်ုပုံငွေတွေလည်း အသင့်ပြင်ထားတယ်"

စုဝမ်ယိက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။

"ကျူးကျီက ကျွန်မတို့စုမိသားစုကို စတော့ဈေးကွက်ကတစ်ဆင့် တိုက်ခိုက်လာလိမ့်မယ်ဆိုတာ သေချာလား"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"သေချာတယ်။ သူက အခု ရန်ပုံငွေတွေစုနေပြီ။ ဒါပေမဲ့ ကိုယ်တို့ဘက်က အရင်တိုက်ခိုက်ရမယ်"

ထိုအချိန်မှာပင် ယဲ့ချန်း၏ကားက လမ်းဘေးတွင် ကပ်ရပ်လိုက်လေရာ မိန်းမလှလေးတစ်ယောက်က ကားထဲသို့ ဝင်လာသည်။

စုဝမ်ယိကလည်း မိတ်ဆက်ပေးလိုက်သည်။

"ဒါက ကျွန်မတို့စုမိသားစုရဲ့ဘဏ္ဍာရေးအကြံပေးဆိုလည်းဟုတ်တယ်။ ဟွားနိုင်ငံထဲကနာမည်ကြီးဘဏ္ဍာရေးဆန်းစစ်သူဆိုလည်းဟုတ်တယ်။ ကျန့်ရှောင်ကျွင်းတဲ့"

[တင်! တက္ကစီရွေးချယ်ရေးစနစ်ကို အတည်ပြုလိုက်ပါပြီ။ အပတ်တိုင်း အထူးဂုဏ်သတ္တိရှိတဲ့ ခရီးသည်တစ်ယောက်နဲ့ ကျပန်းတွေ့ဆုံပြီး ရွေးချယ်ရေးတာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ပြီး အန္တိမဆုလာဘ်များကို လက်ခံရင်း ကမ္ဘာ့ထိပ်တန်းလုပ်ငန်းရှင်တစ်ယောက် ဖြစ်လာလိုက်ပါ!]

[ခရီးသည်အလုပ်အကိုင် : ဘဏ္ဍာရေးဝေဖန်ဆန်းစစ်သူ]

[ရွေးချယ်စရာနံပါတ်တစ် : စောင့်ကြည့်ပြီး နှစ်ဖက်စလုံးက အကျိုးအမြတ်ကိုအရယူပြီး စုလုပ်ငန်းစုနဲ့ ဟုန်ဟွားလုပ်ငန်းစုရဲ့ ရှယ်ယာငါးဆယ်ရာခိုင်နှုန်းကို ရယူလိုက်ပါ]

[ရွေးချယ်စရာနံပါတ်နှစ် : ကျန့်ရှောင်ကျွင်းရဲ့ပထမဆုံးအကြိမ်ကို ရယူပြီး အလှလေးရဲ့နှလုံးသားကို အပိုင်သိမ်းရင်း စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ လိုတယ်ကုမ္ပဏီခွဲကို ရယူလိုက်ပါ]

[ရွေးချယ်စရာနံပါတ်သုံး : စုမိသားစုကို ကျူးမိသားစုကို အနိုင်ပိုင်းနိုင်အောင် ကူညီပေးပြီး နတ်ဘုရားအဆင့်စတော့ရှယ်ယာကျွမ်းကျင်မှု၊ စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ မော်ဂန်လုပ်ငန်းစုရဲ့ရှယ်ယာ ၂၁ရာခိုင်နှုန်းကို အရယူလိုက်ပါ]

All Chapters