← Chapters

အခန်း (၁၈၇)

Vol. 18 Ch. 187

အခန်း (၁၈၇)

Vol. 18 Ch. 187

သူတို့နှစ်ဦးသည် လက်သီးများကိုယ်စီ ရှေ့သို့ဆန့်ထုတ်ကာ တစ်ဦးကိုတစ်ဦး အရှိန်အဟုန်ဖြင့် တိုးဝင်လိုက်ကြသည်။ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာပင် ပတ်ဝန်းကျင်ရှိ တောအုပ်တစ်ခုလုံးကို ပြားပြားဝပ်သွားစေသည့် လေဖိအားလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ရိုက်ခတ်မှုကြောင့် နှစ်ဦးစလုံး မီတာအနည်းငယ်ခန့် နောက်သို့ လွင့်ထွက်သွားသော်လည်း ချက်ချင်းပင် တစ်ဦးကိုတစ်ဦး ထပ်မံ တိုက်ခိုက်လိုက်ကြပြန်သည်။ လီယောင်း၏ ဆံပင်များမှာ လေထဲတွင် လွင့်ပျံနေပြီး သူမ၏ လက်သီးများတွင်မူ ကြည့်ရှုနေသူများကို မျက်စိကျိန်းစေလောက်သည့် ပြင်းထန်လှသော လျှပ်စီးများ တဖျတ်ဖျတ် လက်နေတော့သည်။

ဝူမင်ဂိုဏ်းချုပ်သည်လည်း သူမ၏တိုက်စစ်ကို တူညီသော ဒေါသများဖြင့် တုံ့ပြန်သည်။ သူ၏ အက်ကွဲနေသော အရေပြားများကြားမှ မြင်တွေ့နေရသည့် သွေးများမှာ ကြောက်မက်ဖွယ်ကောင်းသော နီရဲသည့် အလင်းရောင်အဖြစ် တောက်ပနေသည်။ သူသည် ကျန်ရှိနေသော ခွန်အားရှိသမျှကို လက်သီးပေါ်သို့ စုစည်းလိုက်သည်။ သူတို့၏ လက်သီးချင်း ထိတွေ့လိုက်ချိန်တွင် လေထုကိုယ်တိုင် အက်ကွဲသွားပြီး ဖြစ်ပေါ်လာသော လေဟာနယ်က အပျက်အစီးများကို အပေါ်သို့ ဆွဲတင်ကာ မိုင်ပေါင်းများစွာ ဝေးရာသို့ လွှင့်ပစ်လိုက်တော့သည်။

ဂိုဏ်းချုပ်သည် အော်ဟစ်လိုက်ရင်း လီယောင်းထံသို့ တိုက်ကွက်များကို အဆက်မပြတ် ဆင့်ကာဆင့်ကာ ထိုးနှက်သည်။ လီယောင်းကလည်း ရိုက်ချက်တိုင်းကို အရှုံးမပေးဘဲ ပြန်လည် တုံ့ပြန်လိုက်ရာ သူတို့နှစ်ဦးမှာ အင်အားချင်း ညီမျှနေပုံရသည်။

သူတို့၏ တိုက်ပွဲမှာ နေရာအနှံ့သို့ ကူးစက်သွားပြီး ထိတွေ့သမျှ အရာအားလုံးကို မြေလှန်ပစ်နေတော့သည်။ ဂိုဏ်းချုပ်သည် လီယောင်း၏ နောက်ကျောဘက်သို့ ချက်ချင်း နေရာရွေ့ပြောင်း၍ ပေါ်လာသည်။ သူမသည် ရန်သူကို ရင်ဆိုင်ရန် အမြန်လှည့်လိုက်နိုင်သော်လည်း သူမ၏ ဝမ်းဗိုက်အောက်ပိုင်းတည့်တည့်သို့ ကျရောက်လာသော လက်သီးချက်ကိုမူ မရှောင်တိမ်းနိုင်ခဲ့ပေ။ ထိုရိုက်ချက်ကြောင့် သူမသည် လွင့်ထွက်သွားပြီး တောင်ထိပ် သုံးခုကို ဖြတ်ကျော်ဝင်တိုက်မိကာမှ အရှိန်ကို ပြန်ထိန်းနိုင်တော့သည်။

သူမ ကိုယ်ဟန်ပြန်ပြင်လိုက်ချိန်တွင် ဂိုဏ်းချုပ်မှာ သူမ၏ရှေ့သို့ ရောက်ရှိနေပြီဖြစ်ကာ နောက်ထပ် ရိုက်ချက်တစ်ခုအတွက် ပြင်ဆင်နေသည်။ သူမသည် အမြန်ပင် စွမ်းအင်များကို စုစည်းလိုက်ပြီး ကောင်းကင်ကို နှစ်ခြမ်းခွဲမည့် ကြီးမားလှသော လျှပ်စီးတန်းကြီးကို ဆင့်ခေါ်လိုက်သည်။ ထိုလျှပ်စီးကြီးမှာ အပေါ်မှ ကျဆင်းလာပြီး သူမထံသို့ တိုးဝင်လာသော ဂိုဏ်းချုပ်ကို မရောက်မီမှာပင် ထိမှန်သွားတော့သည်။ ၎င်းက ဂိုဏ်းချုပ်ကို မြေကြီးထဲသို့ နက်ရှိုင်းစွာ ရိုက်သွင်းလိုက်ရာ မိုင်ဝက်ခန့် ကျယ်ဝန်းသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။

သူတို့၏ တိုက်ပွဲ ဆက်လက်ပြင်းထန်လာသည်နှင့်အမျှ သူတို့အောက်ရှိ မြေပြင်မှာလည်း ပုံပျက်သွားလိုက် ပြန်လည် ဖွဲ့စည်းလိုက်နှင့် ဖြစ်နေသည်။ တစ်ချိန်က အေးချမ်းခဲ့သော ချိုင့်ဝှမ်းလေးမှာ ယခုအခါ အက်ကွဲနေသော မြေပြင်နှင့် အရည်ပျော်နေသော ကျောက်ဆောင်များဖြင့် ငရဲခန်းတစ်ခုသဖွယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ လေဖိအားလှိုင်းများကြောင့် သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ကုန်ပြီး သူတို့၏ စွမ်းအင်ချင်း ပွတ်တိုက်မှုမှ ထွက်ပေါ်လာသော အပူရှိန်ကြောင့် ရေကန်များမှာလည်း ခမ်းခြောက်ကုန်သည်။ လေထုကိုယ်တိုင်ပင်လျှင် သိပ်သည်းလှသော ချီစွမ်းအင်များကြောင့် စတင် ပျက်စီးလာတော့သည်။

အစပိုင်းတွင် အင်အားချင်း ညီမျှနေသော်လည်း တိုက်ပွဲကြာလာသည်နှင့်အမျှ သိမ်မွေ့သော ပြောင်းလဲမှုများ သိသာလာသည်။ ဂိုဏ်းချုပ်၏ လှုပ်ရှားမှုများသည် အစွမ်းထက်နေဆဲ ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် နှေးကွေးလာသည်။ သူ၏ အရေပြားပေါ်ရှိ အက်ကြောင်းများမှာလည်း ပို၍ ပို၍ ကျယ်လာတော့သည်။

သူ၏ သက်တမ်းမှာ သူထင်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ကုန်ဆုံးနေကြောင်း ဂိုဏ်းချုပ် သတိပြုမိလိုက်သည်။ လီယောင်းကို လှမ်းကြည့်လိုက်သောအခါ သူမမှာ အထွတ်အထိပ် အခြေအနေတွင် ရှိနေဆဲပင်။

'သူမက ငါ့လိုမျိုး အတားအဆီးကို ချိုးဖျက်နေတာ မဟုတ်ဘူးလား'

သူ တွေးတောမိသည်။

သူမမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ကျန်ရှိနေသေးတာလဲ။

သူ၏ သက်တမ်းများ လုံးဝ မကုန်ဆုံးမီ ဤတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။

လီယောင်းသည် ရန်သူ၏ နှေးကွေးလာသော လှုပ်ရှားမှုများကို အခွင့်ကောင်းယူကာ ပိုမိုပြင်းထန်သော တိုက်ကွက်များကို ဆက်တိုက် ထိုးနှက်တော့သည်။ သူမ၏ တိုက်စစ်မှာ အရှိန်တက်လာပြီး သူ၏ ခုခံမှုမှာမူ ယိုင်နဲ့လာသည်။ ဂိုဏ်းချုပ်က သူတို့ကြားရှိ အကွာအဝေးကို ခွာရန် ကြိုးစားသော်လည်း လီယောင်းက အနားမပေးဘဲ ဇွဲရှိရှိ လိုက်လံတိုက်ခိုက်သဖြင့် သူ အသက်ရှူပင် မချောင်တော့ပေ။

လီယောင်းသည် သူမ၏ လှုပ်ရှားမှုနည်းစနစ်ကို အသက်သွင်းလိုက်ရာ ပတ်ဝန်းကျင်ရှိ လျှပ်စီးတန်းများကြားတွင် ကိုယ်ပျောက်ကွယ်သွားတော့သည်။ ဂိုဏ်းချုပ်သည် သူမ ဘာလုပ်ရန် ကြိုးစားနေသည်ကို ချက်ချင်းရိပ်မိသွားပြီး အမြန်လှည့်ကြည့်လိုက်သည်။ သူ၏ထံသို့ တိုးဝင်လာသော လျှပ်စီးတန်းတစ်ခုကို သူ မြင်လိုက်ရသည်။ သူက ပြုံးလိုက်မိသည်ဤလှည့်ကွက်ဟောင်းကို သူ နှစ်ကြိမ်တိုင်တိုင် အလိမ်ခံရမည် မဟုတ်ပေ။ သို့သော် ထိုသို့တွေးလိုက်သည့် ခဏမှာပင် သူ၏နောက်ကျော၊ ညာဘက်နှင့် ဘယ်ဘက်တို့တွင်လည်း အလားတူ လျှပ်စီးတန်းများကို အာရုံခံမိလိုက်ပြန်သည်။

၎င်းတို့အနက် မည်သည့်အရာက လီယောင်း၏ အစစ်အမှန်ကိုယ်ထည်ဖြစ်ကြောင်း သူ လုံးဝ ခွဲခြား၍မရတော့ပေ။ ထိုအတိုင်း ဆက်သွားနေပါက အဆင်မပြေနိုင်တော့ကြောင်း သိသဖြင့် သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကြီးမားလှသော စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်ကာ ဝင်လာသော လျှပ်စီးတန်းများကို ကြားဖြတ်နှောင့်ယှက်လိုက်သည်။ ထိုစွမ်းအင်လှိုင်းကြားမှ လျှပ်စီးတစ်တန်းတည်းသာ ပျက်ပြယ်မသွားဘဲ သူ့ထံသို့ ဆက်လက်တိုးဝင်လာသည်။ "မိပြီ"

သူက မကောင်းဆိုးဝါးဆန်စွာ ပြောလိုက်ရင်း ထိုလျှပ်စီးကို သူ၏လက်သီးဖြင့် ဆီးကြိုတိုက်ခိုက်လိုက်သည်။

သို့သော် သူ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ သူ၏လက်သီးနှင့် လျှပ်စီး ထိတွေ့လိုက်ချိန်တွင် လီယောင်း၏ ကိုယ်ထည် ပေါ်ထွက်လာမည့်အစား လျှပ်စီးများက သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး သူ့ကို ပိုမိုပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။

ဘာဖြစ်နေတာလဲ။

သူ တွေးတောနေစဉ်မှာပင် သူ၏နောက်ကျောဘက်၌ တစ်စုံတစ်ယောက်၏ တည်ရှိမှုကို ခံစားလိုက်ရသည်။ ဤတစ်ကြိမ်တွင်မူ ၎င်းမှာ လီယောင်းအစစ်ဖြစ်ကြောင်း သူ သေချာပေါက် သိလိုက်ရသည်။

လီယောင်းသည် သူမ၏ စွမ်းအင်အားလုံးကို လက်သီးပေါ်သို့ စုစည်းလိုက်ပြီး ဂိုဏ်းချုပ်ကို လွင့်ထွက်သွားစေမည့် ပြင်းထန်သော ရိုက်ချက်တစ်ခုကို ထိုးနှက်လိုက်သည်။ သူသည် တောင်ကမ်းပါးယံတစ်ခုတွင် မြှုပ်ဝင်သွားတော့သည်။ သူသည် အသည်းအသန် ပြန်လည်ထရပ်ရန် ကြိုးစားစဉ် သူ၏မျက်နှာတွင် ပထမဆုံးအကြိမ်အဖြစ် စစ်မှန်သော ကြောက်ရွံ့မှုများ ပေါ်ပေါက်လာသည်။ သူ၏ခန္ဓာကိုယ်မှာ သိသိသာသာ အိုမင်းရင့်ရော်လာနေပြီဖြစ်သည်

ဆံပင်များ ဖြူဖွေးလာပြီး အရေပြားများ တွန့်လိပ်ကာ ကြွက်သားများမှာလည်း နွမ်းလျလာတော့သည်။

"တကယ်ပဲ ဒီလိုနဲ့ပဲ အဆုံးသတ်သွားတော့မှာလား"

သူက တုန်ရင်နေသော သူ၏လက်များကို ကြည့်ရင်း တွေးနေမိသည်။

"ငါ့ရဲ့ အကြံအစည်တွေ၊ ငါ့ရဲ့အာဏာတွေ၊ ငါ့ရဲ့ ရည်မှန်းချက်တွေအားလုံး..."

"မဖြစ်နိုင်ဘူး ငါ အရှုံးမပေးနိုင်ဘူး"

သူက အော်ဟစ်လိုက်ရင်း ကုန်ခမ်းလုနီးပါးဖြစ်နေသော သူ၏ခွန်အား အကြွင်းအကျန်များကို စုစည်းလိုက်သည်။

လီယောင်းသည် လျှပ်စီးတစ်လက်ကဲ့သို့ သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး သူ မတုံ့ပြန်နိုင်မီမှာပင် သူမ၏ဓားဖြင့် သူ၏ရင်ဘတ်ကို ထိုးဖောက်လိုက်ပြီဖြစ်သည်။

"မင်း ရှုံးနိမ့်သွားပြီ"

သူမက အေးစက်စွာ ပြောလိုက်သည်။ သူမ၏ ငွေရောင်မျက်ဝန်းများတွင် မည်သည့်ခံစားချက်မျှ မရှိဘဲ ဓားသွားကို ပိုမိုနက်ရှိုင်းစွာ ထိုးစိုက်လိုက်သည်။

ဂိုဏ်းချုပ်သည် သူ၏နှလုံးသားကို ထိုးဖောက်ထားသော ဓားကို ငုံ့ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ဆက်လက်အိုမင်းကာ ပြိုကွဲပျက်စီးနေဆဲပင်။ သူ၏ ညှိုးနွမ်းနေသော မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာတော့သည်။

"ဒါဆို ငါ ရှုံးသွားပြီပေါ့ ဟုတ်လား"

သူက ပြောလိုက်ရင်း သူ၏ နှုတ်ခမ်းများကြားမှ ထွက်ပေါ်လာသော အေးစက်စက် ရယ်မောသံမှာ ကြည့်ရှုနေသူအားလုံးကို စိတ်မသက်မသာ ဖြစ်သွားစေသည်။

"ဟုတ်တယ်... ငါ ရှုံးတယ်။ ဒါပေမဲ့ မင်းတို့လည်း အနိုင်မရပါဘူး။ အလယ်ပိုင်း..."

သူ စကားမဆုံးခင်မှာပင် လီယောင်းသည် သူမ၏ ဓားကို ဆွဲထုတ်လိုက်ပြီး လျင်မြန်လှသော လှုပ်ရှားမှုတစ်ခုဖြင့် သူ၏ လည်ပင်းကို ပိုင်းဖြတ်လိုက်တော့သည်။

"ပါးစပ်ပိတ်ပြီး သေစမ်းပါ။ ရှင့်အသံကို ကျွန်မ တကယ် နားခါးတယ်"

သူမက ပြောလိုက်စဉ် သူ၏ ဦးခေါင်းမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားတော့သည်။

စစ်မြေပြင်၏ အောက်ခြေတွင် ရှိနေသော လူများမှာ မှင်တက်ကာ တိတ်ဆိတ်သွားကြသည်။ မဟာမိတ် အဖွဲ့ဝင်များမှာ တဖြည်းဖြည်းနှင့် အောင်ပွဲခံ အော်ဟစ်သံများ ထွက်ပေါ်လာကြသော်လည်း မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများမှာမူ သူတို့၏ ခေါင်းဆောင် ကျဆုံးသွားသည်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ငေးကြည့်နေကြရသည်။

သူတို့၏ ရှောင်လွှဲမရနိုင်သော ကံကြမ္မာကို သိမြင်သွားချိန်တွင် မိစ္ဆာဂိုဏ်းသားများကြားတွင် ထိတ်လန့်မှုများ ပျံ့နှံ့သွားတော့သည်။ သူတို့သည် အရပ်မျက်နှာအသီးသီးသို့ ဦးတည်ကာ ထွက်ပြေးရန် ကြိုးစားကြသည်။

"သတ်ကြ တစ်ယောက်မှ အလွတ်မပေးနဲ့"

မဟာမိတ် အဖွဲ့ဝင်များသည် သူတို့၏ အစောပိုင်းက မောပန်းမှုများကိုပင် မေ့လျော့ကာ အောင်ပွဲရနံ့ကြောင့် တက်ကြွစွာဖြင့် ရှေ့သို့ တိုးဝင် တိုက်ခိုက်ကြတော့သည်။

ထိုအချိန်မှစ၍ ဖြစ်ပျက်သမျှမှာ တိုက်ပွဲတစ်ခု မဟုတ်တော့ဘဲ ဝူမင်ဂိုဏ်း အကြွင်းအကျန်များကို တစ်ဦးချင်းစီ လိုက်လံ အမဲလိုက် သုတ်သင်ခြင်းသာ ဖြစ်တော့သည်။

ထို့ပြင် အတားအဆီး ချိုးဖျက်ခြင်းလုပ်ပြီးနောက် လီယောင်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်၏ အထွတ်အထိပ်မဟုတ်ဘဲ အစောပိုင်းအဆင့်သာ။ ဂိုဏ်းချုပ်သည်လည်း သူ၏ ဝိညာဉ်စွမ်းအား အများစုကို အသုံးမပြုနိုင်တော့သည့်အတွက် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း ထိုအဆင့်အထိ ကျဆင်းသွားခြင်းပင်။

All Chapters