← Chapters

အခန်း (၁၉၂)

Vol. 20 Ch. 192

အခန်း (၁၉၂)

Vol. 20 Ch. 192

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၁၉၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

သံသယ ဖြစ်စရာ မလိုဘဲ ဤသည်မှာ လီမိသားစု၏ ကုန်သွယ်ရေး ငွေကြေး အားလုံး ဖြစ်သည်။ ဝမ်ရှန်းစော်ဘွားအိမ်တော်သို့ အချိန်မီ ပြန်လည် မပို့ဆောင်နိုင်ခြင်း သို့မဟုတ် ပြန်ပို့ရန် ရည်ရွယ်ချ​က်မရှိကြောင်းဖြစ်နိုင်သည်။ မရှိမဖြစ် လိုအပ်သော ပစ္စည်းများကို ဤနေရာတွင် ဝယ်ယူရန် လိုအပ်နေသေးသည်။

ရေကြောင်း ကုန်သွယ်မှုကြောင့် အရှေ့ဘက် အင်ပါယာမှ ငွေတုံးများ ဝင်ရောက်လာသဖြင့် တာ့နင်အင်ပါယာတွင် ရွှေဈေးကြီးပြီး ငွေဈေးပေါလာသည်။ ထို့ကြောင့် ဘဏ္ဍာတိုက် အတွင်းရှိ စုစုပေါင်း ချမ်းသာကြွယ်ဝမှုသည် ငွေတုံး သုံးသန်း အတိ ရှိသည်။ သေချာသည်မှာ ဤသည်မှာ လီမိသားစု ချမ်းသာကြွယ်ဝမှု၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ သို့မဟုတ်ပါက သူတို့သည် စစ်သည် သောင်းချီကို မည်သို့ ထောက်ပံ့နိုင်မည်နည်း။

“ ဟားဟားဟား...။ ” လီဝမ်ဟွေ့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဤနက္ခတ်တာရာ ကိန်းဂဏန်းမျှ များပြားသော ငွေကြေးပမာဏဖြင့် မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် တိုက်ပွဲ၏ တစ်ဝက်ကို သူ အနိုင်ရရှိခဲ့ပြီ ဖြစ်သည်။

အတိုင်းအတာ တစ်ခုအထိ ပြောရလျှင် ရွှေနှင့် ငွေမှ လွဲ၍ ဤလောကရှိ အရာများစွာသည် အတုအယောင်များသာ ဖြစ်သည်။ သူသည် ပြည်သူလူထု၏ အမြင်ကို ဖီဆန်ပြီး ဝမ်ရှန်းမျှော်စင်ကို တိုက်ခိုက်ခဲ့ခြင်းမှာ အဓိကအားဖြင့် ဤရွှေငွေများအတွက် ဖြစ်သည်။

“ အရှင်မင်းကြီး။ ဒီမှာ စာရင်းအင်း စာအုပ်တွေ အများကြီး ရှိပါတယ်။ ” အရှေ့ဘက်ကွပ်ကဲရေးရုံး၏ စာရေးအရာရှိချုပ်က ဝမ်းသာအားရ ပြောလိုက်သည်။ “ ဒီသေတ္တာက စာရင်းအင်း စာအုပ်တွေနဲ့ ပြည့်နေတာပဲ။ ဂျပန်အင်ပါယာနဲ့ အရောင်းအဝယ် စာရင်းတွေ။ အန်နမ်က ငုယင်သူပုန်တွေနဲ့ အရောင်းအဝယ် စာရင်းတွေ။ ဂျာချင်လူမျိုးတွေနဲ့ အရောင်းအဝယ် စာရင်းတွေ ပါဝင်သလို လီမိသားစုရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ အရပ်ဘက်နဲ့ စစ်ဘက် အရာရှိတွေ ရှယ်ယာပါဝင်ထားတာတွေ။ သူတို့ ရရှိတဲ့ လာဘ်ငွေ စာရင်းတွေလည်း ပါတယ်။ ”

“ အရှင်မင်းကြီး။ ကျွန်တော်တို့ လူတချို့ကို ဖမ်းမိထားပါတယ်။ အဲဒီအထဲမှာ ဂျာချင်သံတမန် တစ်ယောက်နဲ့ ဂျပန်အင်ပါယာ သံတမန် တစ်ယောက်လည်း ပါပါတယ်။ သူတို့ နှစ်ယောက်စလုံးက လီမိသားစုနဲ့ တရားမဝင် ကုန်သွယ်မှုတွေ ပြုလုပ်ခဲ့ပြီး စစ်ရေး မဟာဗျူဟာ ပစ္စည်းတွေ ဝယ်ယူ ရောင်းချခဲ့ကြောင်း ဝန်ခံထားကြပါတယ်။ ”

သိုင်းပညာ ကျွမ်းကျင်သော သက်လတ်ပိုင်း မိန်းမစိုး လီလွန်းက ပြောလိုက်သည်။

“ ဂျူနီယာညီလေး။ လီမိသားစုက အင်ပါယာကို သစ္စာဖောက်ပြီး ပူးပေါင်းကြံစည်တယ် ဆိုတဲ့ သက်သေအထောက်အထားက ငြင်းလို့ မရတော့ဘူး။ ဒီစာရင်းအင်း စာအုပ်တွေနဲ့ ငါတို့ နိုင်ပြီ။ ”

လီဝမ်ဟွေ့ ခေါင်းခါပြီး ပြောလိုက်သည်။

“ ဒီစာရင်းအင်း စာအုပ်တွေက အသုံးမဝင်ဘူး။ လီမိသားစု စော်ဘွားအိမ်တော်က အရာရှိတွေကို လာဘ်ထိုးပြီး ရန်သူ့နိုင်ငံတွေနဲ့ စစ်ရေး မဟာဗျူဟာ ပစ္စည်းတွေ တရားမဝင် ရောင်းဝယ်နေတယ် ဆိုတာ လူတိုင်း သိကြတယ်။ ဧကရာဇ်မင်းမြတ်တောင် သိပေမဲ့ မသိချင်ယောင် ဆောင်နေရတာပဲ။ ငါတို့ကို အခြေအနေ ပြောင်းပြန်လှန်နိုင်အောင် ကူညီပေးနိုင်တဲ့ တစ်ခုတည်းသော အရာက ဒီငွေတုံး သုံးသန်းပဲ။ ”

ထို့နောက် လီဝမ်ဟွေ့က ပြောလိုက်သည်။

“ လီဝေ။ ”

လီဝေ ရှေ့တိုးလာပြီး ပြောလိုက်သည်။

“ ကျွန်တော်မျိုး ရှိပါတယ်။ ”

လီဝမ်ဟွေ့က ပြောလိုက်သည်။

“ အရေးကြီးတဲ့ စာရင်းအင်း စာအုပ်တချို့ကို ယူပြီး မွေးစားအဖေ လီလျန်တင်းကို တွေ့ဖို့ အမြန်ဆုံး သွားပါ။ ပြီးရင် မင်းသမီးနင်းရွှဲ့ကို သွားတွေ့ပြီး နောက်ဆုံးကျရင် ဧကရာဇ်မင်းမြတ်ဆီ စာရင်းအင်း စာအုပ်တွေကို ဆက်သလိုက်။ ပြီးတော့ ဒီငွေတုံး တစ်သန်းကို ဧကရာဇ်မင်းမြတ်ဆီ ဆက်သပေးဖို့ မွေးစားအဖေကို ပြောလိုက်ပါ။ ”

လီဝေက ပြောလိုက်သည်။

“ ဟုတ်ကဲ့။ ”

လီဝမ်ဟွေ့က ပြောလိုက်သည်။

“ စီနီယာအစ်ကို။ ”

သိုင်းပညာ ကျွမ်းကျင်သော သက်လတ်ပိုင်း မိန်းမစိုး လီလွန်းက ပြန်ပြောလိုက်သည်။

“ ဟုတ်ကဲ့။ ”

လီဝမ်ဟွေ့က ပြောလိုက်သည်။

“ စီနီယာအစ်ကို။ အစ်ကို့တာဝန်က အရေးအကြီးဆုံးပဲ။ ရှားလုံစော်ဘွားအိမ်တော်ကို သွားပြီး ကျွန်တော် လီဝမ်ဟွေ့က သူ့ကို ကိစ္စနှစ်ခု လုပ်ပေးဖို့အတွက် ငွေတုံး ၅ သိန်း ပေးမယ်လို့ ကတိပေးကြောင်း ပြောပြပါ။ ပထမအချက်။ သူ့သားတွေထဲက တစ်ယောက်ကို ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုဖို့ မြို့တော်ကို စေလွှတ်ပြီး နန်းတွင်း အကယ်ဒမီမှာ ပညာသင်ကြားခိုင်းပါ။ အဲဒါက နန်းတော်ကို ချစ်ကြည်ရင်းနှီးမှု ပြသရာ ရောက်တယ်။ ဒုတိယအချက် သူ့ရဲ့ စစ်သည် ၂ သောင်းကို လှုပ်ရှားခိုင်းပြီး ဝမ်ရှန်းစော်ဘွားအိမ်တော်နဲ့ ပဋိပက္ခတချို့ ဖန်တီးခိုင်းပါ။ ”

ရှားလုံစော်ဘွား၏ နေအိမ်သည် အင်ပါယာ၏ အနောက်တောင်ဘက် အစွန်ဆုံးတွင် တည်ရှိသည်။ စီးပွားရေး ဆင်းရဲပြီး လူဦးရေ နည်းပါးကာ ကြမ်းတမ်းသော အခြေအနေတွင် နေထိုင်ကြသည်။ သို့သော် ထိုဒေသရှိ လူများသည် အလွန် အရိုင်းဆန်ပြီး ကြမ်းကြုတ်ကာ တိုက်ခိုက်ရေး စွမ်းရည် ကောင်းမွန်ကြသည်။

ထို့အပြင် အင်ပါယာ အုပ်ချုပ်ရေး ဗဟိုချက်နှင့် အလွန် ဝေးကွာသောကြောင့် ရှားလုံစော်ဘွားနယ်မြေသည် အမည်ခံသာ ဖြစ်သည်။ လက်တွေ့တွင် တာ့နင်အင်ပါယာနှင့် ဆက်နွယ်မှု မရှိဘဲ ရာစုနှစ် တစ်ခုကျော်ကြာ အင်ပါယာ အုပ်ချုပ်ရေး ဗဟိုချက်နှင့် အဆက်အသွယ် မလုပ်ခဲ့သော လွတ်လပ်သည့် အင်အားစု တစ်ခု ဖြစ်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း လီမိသားစု၏ ပူးပေါင်းကြံစည်မှုကြောင့် ရှားလုံစော်ဘွားသည် သေဆုံးခဲ့ရပြီး ရှားလုံစော်ဘွားအိမ်တော် တစ်ခုလုံးသည် သဲပုံပြိုကျသကဲ့သို့ ပြိုကွဲသွားခဲ့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ရှားလုံမိသားစုမှ ရှားလုံရွှိုသည် ကြယ်တံခွန်ကဲ့သို့ ထင်ရှားကျော်ကြားလာခဲ့သည်။ နန်းတွင်းနှင့် အနောက်တောင်ပိုင်း စော်ဘွား မဟာမိတ်တပ်ဖွဲ့များအကြား ဖြစ်ပွားသော စစ်ပွဲကို အခွင့်ကောင်းယူပြီး သူသည် ရှားလုံစော်ဘွားအိမ်တော်၏ ဂူအကြီးအကဲ ဒါဇင်ပေါင်းများစွာ အားလုံးကို အနိုင်ယူခဲ့သည်။ ဆယ်စုနှစ် အတော်ကြာပြီးနောက် သူသည် ရှားလုံစော်ဘွားအိမ်တော် တစ်ခုလုံးကို ပေါင်းစည်းခဲ့ပြီး ရှားလုံမိသားစုသည် သူတို့မြေ၏ သခင်များ တစ်ဖန် ပြန်ဖြစ်လာခဲ့သည်။

ရှားလုံစော်ဘွားအိမ်တော်သည် လူဦးရေ နယ်မြေ စစ်တပ်နှင့် ချမ်းသာကြွယ်ဝမှု အပိုင်းတွင် လီစော်ဘွားအိမ်တော်ထက် များစွာ နိမ့်ကျ၏။ သို့သော် ရှားလုံစော်ဘွားအိမ်တော်ရှိ လူတိုင်းနီးပါးသည် သေရမည်ကို မကြောက်သော စစ်သည်များ ဖြစ်ကြပြီး လီမိသားစု စော်ဘွားအိမ်တော်၏ အနောက်ဘက်တွင် တည်ရှိနေသဖြင့် လီရူဟိုင်သည် နောက်ကျောကို ဓားဖြင့် ထိုးခံရသလို ခံစားနေရသည်။

လီမိသားစုနှင့် စစ်ရေး ပဋိပက္ခ ဖြစ်ပွားစေရန် ငွေတုံး ၅ သိန်း သုံးစွဲခြင်းသည် အခြား စော်ဘွားများ အိပ်မက်ပင် မမက်ရဲသော အရာဖြစ်သော်လည်း ရှားလုံရွှိုသည် ရဲဝံ့စွာ လုပ်ဆောင်ပေလိမ့်မည်။ ထို့အပြင် ဤငွေပမာဏသည် ရှားလုံရွှိုအတွက် ကြီးမားသော ချမ်းသာကြွယ်ဝမှု ဖြစ်သည်။

လီလွန်း ဦးညွှတ်ပြီး ပြောလိုက်သည်။

“ ဟုတ်ကဲ့။ ”

“ ရွှီကွမ်ချန်။ ”

“ ကျွန်တော်မျိုး ရှိပါတယ်။ ” အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူးငယ် ရွှီကွမ်ချန်က ပြောလိုက်သည်။

လီဝမ်ဟွေ့က ပြောလိုက်သည်။

“ အန်လုံစော်ဘွားအိမ်တော်ကို သွားပြီး ဗိုလ်ချုပ် ချူဟုန်မြန်ကို ဂါရဝပြုပါ။ အန်လုံစော်ဘွားအိမ်တော်က ချန်ထားခဲ့တဲ့ ဝံပုလွေတပ်ဖွဲ့ အားလုံးကို ဦးဆောင်ပြီး လီမိသားစု စော်ဘွားအိမ်တော်နားကို ချဉ်းကပ်ဖို့ တောင်းဆိုပါ။ ဒါပေမဲ့ နယ်စပ်ကို မဖြတ်ကျော်ပါနဲ့။ ပဋိပက္ခ မဖန်တီးပါနဲ့လို့ ပြောပါ။ ”

“ ဟုတ်ကဲ့။ ” ရွှီကွမ်ချန်က ပြန်ပြောလိုက်သည်။

“ ကွေ့တုန်းယန် အခုလောက်ဆို သေလောက်ပြီ။ အဲဒီအပြစ်ကို ငါ့အပေါ် ပုံချလိမ့်မယ်။ ကွေ့တုန်းယန်ရဲ့ အလွဲသုံးစားမှုနဲ့ လာဘ်စားမှုဆိုင်ရာ စာရင်းအင်း စာအုပ်ထဲက အချက်အလက် အားလုံးကို ထုတ်ယူပြီး မိတ္တူ ထောင်ချီ။ သောင်းချီ ကူးပြီး တစ်နိုင်ငံလုံးကို ဖြန့်ဝေလိုက်။ ” လီဝမ်ဟွေ့ အမိန့်ပေးလိုက်သည်။

အရှေ့ဘက်ကွပ်ကဲရေးရုံး၏ စာရေးအရာရှိချုပ်က ပြောလိုက်သည်။ “ တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ အရှင်ကွေ့တုန်းယန်က ရွှေငွေတွေ အမျိုးသမီးတွေတင် မကဘဲ ချောမောတဲ့ အမျိုးသားတွေကိုပါ လာဘ်ငွေအဖြစ် လက်ခံခဲ့တာပဲ။ ”

လီဝမ်ဟွေ့သည် လီမိသားစုက ကွမ်ရှီးတွင် သိုလှောင်ထားသော ငွေတုံး သုံးသန်းအနက် ထက်ဝက်ကို သုံးစွဲလိုက်သည်။ ကျန်ရှိနေသော ထက်ဝက်တွင် ပိုမို အရေးကြီးသော အသုံးဝင်မှု ရှိသည်။ ထို့နောက် လီဝမ်ဟွေ့သည် ရှည်လျားသော စာတစ်စောင်ကို ရေးသားလိုက်သည်။

“ ဒီစာနဲ့ ကန်လော့ရဲ့ ခေါင်းကို လျန်ကျိုးစီရင်စုက လီမိသားစု အပန်းဖြေစံအိမ်ဆီ အမြန်ဆုံး ပို့လိုက်။ လီချန်ချန်က စာနဲ့ ခေါင်းကို ကိုယ်တိုင် လက်ခံရရှိကြောင်း သေချာအောင် လုပ်ပါ။ မိုးမလင်းခင် ရောက်အောင်ပို့။ ”

“ ဟုတ်ကဲ့။ ”

ဝမ်ရှန်းမျှော်စင်ကို သိမ်းပိုက်ပြီးနောက် လီဝမ်ဟွေ့သည် တစ်ဆင့်ပြီးတစ်ဆင့် လှုပ်ရှားခဲ့သည်။

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော သံတမန်များသည် ကွမ်ရှီးဘုရင်ခံရုံးမှ မြင်းအမြန်စီး၍ အင်ပါယာ၏ ထောင့်တိုင်းသို့ ဦးတည် ထွက်ခွာသွားကြသည်။

ငှက်ထိန်းများ မွေးမြူထားသော မရေမတွက်နိုင်သော ခိုစာများသည် ဒီရေလှိုင်းလုံးအလား ပျံသန်း ထွက်ခွာသွားကြသည်။

ယခင်က အများဆုံး တစ်ဒါဇင်ခန့်သာ ပျံသန်းလေ့ ရှိသော်လည်း ဤတစ်ကြိမ်တွင် ရာပေါင်းများစွာ ပျံသန်း ထွက်ခွာသွားကြပြီး တာ့နင်အင်ပါယာ၏ အရှေ့တောင် အနောက်မြောက်နှင့် အရှေ့မြောက် ဒေသများသို့ ဦးတည်သွားကြသည်။

အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဝိုင်းရံပိတ်ဆို့ပြီး လီဝမ်ဟွေ့ကို ဖယ်ရှားမည့် စစ်ဆင်ရေးကြီး တရားဝင် စတင်ပြီဖြစ်လေ၏။ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲကြီး စတင်၏။

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် လျန်ကျိုးစီရင်စု တစ်ဝိုက်မှ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များသည် လျန်ကျိုးမြို့အတွင်းသို့ အရပ်ရပ်မှ လျင်မြန်စွာ ဝင်ရောက်လာပြီး လီမိသားစု အပန်းဖြေစံအိမ်ကို ဝိုင်းရံပိတ်ဆို့ရန် ပြင်ဆင်နေကြသည်။

လီမိသားစု အပန်းဖြေစံအိမ် အတွင်းတွင် လီချန်ချန် အိပ်ပျော်နေသည်။ သူမ၏ ရင်ဘတ် ကြီးမားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူမသည် ဘေးစောင်း အိပ်လေ့ ရှိသည်။ အိပ်ပျော်နေစဉ်မှာပင် သူမ၏ မျက်ခုံးများသည် လူသတ်လိုစိတ်ကြောင့် တွန့်ချိုးနေသည်။ နောက်တစ်နေ့တွင် တုပိုင်ကို လက်စားချေတော့မည် ဖြစ်သည်။ သူ့ကို သတ်ရုံဖြင့် မလုံလောက်ပေ။ သူ့ကို အပိုင်းပိုင်းအစစ ဆွဲဖြဲပြီး အရိုးများကို မီရှို့ပြီးပြာကျအောင် လုပ်ရမည်။

ထိုစဉ် သူမ၏ ယုံကြည်စိတ်ချရသော ကိုယ်ရံတော်က အပြေးအလွှား ဝင်ရောက်လာပြီး သူမကို နှိုးကာ ပြောလိုက်သည်။ “ သခင်မလေး။ ပြဿနာကြီး တက်ပါပြီ။ တကယ့်ကို ကြီးမားတဲ့ ပြဿနာကြီး တက်ပါပြီ။ ”

**--**--**--**--**--**--**--**

သွေးကွမ်ရင်မယ်တော်၏ နေအိမ်အတွင်း။

တုပိုင်သည် အချိန်ကို လုနေရဆဲ ဖြစ်ပြီး သေမင်းနှင့် ပြိုင်ဆိုင်နေရဆဲ ဖြစ်ကာ ဝဲကတော့ ဓားသိုင်းကို အသည်းအသန် လေ့ကျင့်နေသည်။

ထိုအချိန်တွင် သွေးနဂါးဂိုဏ်း၏ ခေါင်းဆောင် သွေးကွမ်ရင်မယ်တော်ထံသို့ လျှို့ဝှက်ဧည့်သည်တစ်ဦး ရောက်ရှိလာသည်။ ထိုသူမှာ ဝူကျိုးစီရင်စု အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ကွပ်ကဲရေးမှူး ကျုံးထိန် ဖြစ်သည်။

“ တစ်စုံတစ်ယောက်က လီချန်ချန်ကို အသုံးပြုပြီး သခင်လေး တုပိုင်ကို သတ်ချင်နေတယ်။ ” ကျုံးထိန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

သွေးကွမ်ရင်မယ်တော်က မေးလိုက်သည်။ “ ဘယ်သူလဲ။ ”

ကျုံးထိန်က ပြောလိုက်သည်။ “ အရပ်ဘက် အရာရှိအုပ်စု၊ စစ်ဘက် ဗိုလ်ချုပ်အုပ်စု၊ မိန်းမစိုးဂိုဏ်းနဲ့ တခြားလူတွေပေါ့။ ”

သွေးကွမ်ရင်မယ်တော် အံ့အားသင့်စွာ ပြောလိုက်သည်။

“ ဘာလို့လဲ။ တုပိုင်က ဆယ်ကျော်သက်လေး တစ်ယောက်ပဲ ရှိသေးတာလေ။ မိန်းမစိုးအကယ်ဒမီက ကျောင်းသားတစ်ယောက်ပဲ ရှိသေးတာကို။ ”

ကျုံးထိန်က ပြောလိုက်သည်။ “ သခင်လေး တုပိုင်ကို သတ်ချင်တဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က အရှင်မင်းကြီး လီဝမ်ဟွေ့ကို ဖယ်ရှားဖို့နဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဝိုင်းရံပိတ်ဆို့ဖို့ပဲ။ ”

သွေးကွမ်ရင်မယ်တော်က မေးလိုက်သည်။ “ ဘာတွေ ဖြစ်ကုန်တာလဲ။ ”

ကျုံးထိန်က ပြောလိုက်သည်။ “ အရှင်မင်းကြီး လီဝမ်ဟွေ့က သခင်လေး တုပိုင်အတွက်နဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး အကြီးအကဲ လီလျန်တင်းကို ဖီဆန်ခဲ့တယ်။ လူတိုင်းက သူ့မှာ အာဏာမရှိတော့ဘူးလို့ ထင်နေကြပြီး အခွင့်ကောင်းယူပြီး ဖယ်ရှားချင်နေကြတယ်။ သခင်လေး တုပိုင်က သခင်ကြီးရဲ့ အားနည်းချက် ဖြစ်သလို သခင်ကြီးကို ဖယ်ရှားဖို့ သော့ချက်လည်း ဖြစ်နေတယ်လေ။ ”

သွေးကွမ်ရင်မယ်တော်က မေးလိုက်သည်။ “ သူတို့ ဘာလုပ်ကြမှာလဲ။ ”

ကျုံးထိန်က ပြောလိုက်သည်။ “ ဓားမိစ္ဆာ လီတောက်ကျိန်းနဲ့ ဆရာသခင်ကြီး နင်ဇောင်ဝူတို့ တိုက်ခိုက်လာတာ နှစ် ၃၀ ရှိပြီ။ ၁၀ နှစ်တစ်ကြိမ် တိုက်ခိုက်ကြတယ်။ အခု အချိန်ကျရောက်လာပြန်ပြီ။ ဆရာသခင်ကြီး နင်ဇောင်ဝူက ဒဏ်ရာအပြင်းအထန် ရထားပြီး သူ့သိုင်းပညာက ပုံမှန်လို မကောင်းတော့ဘူး။ လီတောက်ကျိန်းနဲ့သာ တိုက်ခိုက်ရင် ဆရာသခင်ကြီး နင်ဇောင်ဝူ သေချာပေါက် သေလိမ့်မယ်။ ”

သွေးကွမ်ရင်မယ်တော် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ အဲဒီကိစ္စကို ငါ သိတယ်။ ဆရာနင်က သေဖို့ ပြင်ဆင်ပြီးသား။ တုပိုင်ကို မပြောဖို့နဲ့ သူ့ကို ဓားသိုင်း ဆက်သင်ပေးနေသယောင် ဟန်ဆောင်ဖို့ ငါ့ကို မှာထားတယ်။ ”

ကျုံးထိန်က ပြောလိုက်သည်။

အပိုင်း ၁၉၂ ပြီး။

All Chapters