← Chapters

အခန်း (၂၀၀)

Vol. 20 Ch. 200

အခန်း (၂၀၀)

Vol. 20 Ch. 200

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၀၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ထိုအခိုက်အတန့်တွင် လီတောက်ကျိန်းသည် လီဝမ်ဟွေ့အပေါ် လေးစားအားကျသော စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ အကယ်၍ အင်ပါယာတွင် ဤကဲ့သို့ ခိုင်မာပြတ်သားသော သစ္စာရှိသည့် အမျိုးသားများသာ ပြည့်နှက်နေပါက လီချန်ချန်၏ မောက်မာမှုသည် မည်သည့်နေရာတွင် ရှိနိုင်မည်နည်း။ ပေမင်ဓားဂိုဏ်းသည် ဥပဒေများကို ချိုးဖောက်ပြီး ပြည်သူများကို နှိပ်စက်ရန် သူတို့၏ သိုင်းပညာကို အသုံးပြုခွင့် မည်သည့်နေရာတွင် ရရှိနိုင်မည်နည်း။ သူမ မသေချင်ပေ။ သူမရှေ့တွင် လမ်းကြောင်းတစ်ခုတည်းသာ ရှိသည်။ ယင်းမှာ လီချန်ချန်ကို ခေါ်၍ သနားစရာကောင်းသော အခြေအနေဖြင့် ဆုတ်ခွာသွားရန်နှင့် လီဝမ်ဟွေ့ကို မသတ်ဘဲထားရန် ဖြစ်သည်။ ဤသည်မှာ သိုင်းပညာ ဆရာသခင်ကြီး တစ်ဦးဖြစ်သော သူမအတွက် ကြီးမားသော အရှက်ရမှု ဖြစ်ပေလိမ့်မည်။

နင်ဇောင်ဝူနှင့် ဆယ်နှစ်တစ်ကြိမ် ကျင်းပသော ဓားသိုင်းပြိုင်ပွဲကို အခွင့်ကောင်းယူပြီး တုပိုင်ကို သတ်ရန် အစီအစဉ်မှာမူ လုံးဝ မဖြစ်နိုင်တော့ပေ။ တုပိုင်၏ မလွဲမသွေ သေဆုံးရမည့် ကံကြမ္မာကို လီဝမ်ဟွေ့က တကယ် ပြောင်းလဲပစ်နိုင်မည်လော။ တုပိုင်ကို သတ်ဖြတ်ပေးသည့်အတွက် ငွေတုံး သိန်းပေါင်းများစွာ ရရှိမည်ဟု သူမ ကတိကဝတ် ရရှိထားပြီး ဖြစ်သည်။ အကယ်၍ သူမ တုပိုင်ကို မသတ်နိုင်ပါက ဤကတိကဝတ်များ အားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။

သို့သော် ထိုအချိန်တွင် မြင်းခွာသံများသည် လေထုထဲတွင် မြည်ဟိန်းထွက်လာသည်။ မြင်းစီးတပ်ဖွဲ့ တစ်ဖွဲ့လံညးသည် သူတို့ထံသို့ လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်လာနေသည်။ လီတောက်ကျိန်း အလွန် ဝမ်းသာသွားသည်။ အခြေအနေ ပြောင်းပြန် ဖြစ်သွားပြီ။ ကျူးဝူယာ၏ စစ်ကူတပ်ဖွဲ့ ရောက်ရှိလာပြီ ဖြစ်သည်။ လီဝမ်ဟွေ့ သေကို သေရမည် ဖြစ်ပြီး တုပိုင်လည်း သေကို သေရမည် ဖြစ်သည်။ နောက်ဆုံးတွင် ယင်းသည် လီတောက်ကျိန်းအတွက် အကောင်းဆုံးသော ပြီးပြည့်စုံသည့် ဇာတ်သိမ်း ဖြစ်လာခဲ့သည်။ ခဏအကြာတွင် ကျူးဝူယာ၏ မြင်းစီးတပ်သား တစ်ထောင် ရောက်ရှိလာပြီး လီမိသားစု အပန်းဖြေစံအိမ် အတွင်းသို့ ဝင်ရောက် စီးနင်းလိုက်ကြသည်။

ခြေလျင်တပ်သား နှစ်ထောင်သည်လည်း သူတို့ထံသို့ အမြန်ဆုံး အရှိန်ဖြင့် ပြေးဝင်လာနေကြသည်။ ဤမြင်းစီးတပ်သား တစ်ထောင်သည် တောင်ပိုင်းပင်လယ် သိုင်းကျောင်းတော်မှ ဖြစ်ကြသည်။ မနေ့ညက လီဝမ်ဟွေ့သည် ဝမ်ရှန်းမျှော်စင်ကို သိမ်းပိုက်ပြီးနောက် ကျူးဝူယာသည် ချက်ချင်း နန်နင်းမြို့သို့ အမြန်ဆုံး သွားရောက်ကာ တောင်ပိုင်းပင်လယ် သိုင်းကျောင်းတော်မှ မြင်းစီးတပ်သား တစ်ထောင်ကို ဦးဆောင်၍ တောင်ဘက်သို့ ချီတက်လာခဲ့ခြင်း ဖြစ်သည်။ နန်နင်းမှ လျန်ကျိုးစီရင်စုသို့ ခရီးစဉ်သည် လီ ၃၀၀၊ ၄၀၀ ခန့် ဝေးကွာသော်လည်း ကျူးဝူယာ၏ မြင်းစီးတပ်ဖွဲ့သည် ၁၀ နာရီကျော်ကျော်လေးဖြင့် ရောက်ရှိလာခဲ့သည်။ အခြား ခြေလျင်တပ်သား နှစ်ထောင်ကို လျန်ကျိုးစီရင်စုမှ တိုက်ရိုက် စုဆောင်းခဲ့ခြင်း ဖြစ်သည်။

ကွမ်ရှီးပြည်နယ် တစ်ခုလုံးတွင် အာဏာအရှိဆုံး စစ်ဘက် ပုဂ္ဂိုလ်မှာ ကျန်းနန်နယ်စားမင်း ဖြစ်ပြီး ဒုတိယ အာဏာအရှိဆုံးမှာ ကွမ်ရှီးပြည်နယ် ကွပ်ကဲရေးမှူးဟောင်း ကျူးဝူယာ ဖြစ်သည်။ လီဝမ်ဟွေ့ ရူးသွပ်သွားပြီး ဝမ်ရှန်းမျှော်စင်ကို တိုက်ခိုက်ခြင်းသည် ကျူးဝူယာ လိုချင်သော အရာ ဖြစ်သည်။ သို့သော် လီဝမ်ဟွေ့က လီတောက်ကျိန်းကို သတ်ပြီး လီချန်ချန်ကို ဖမ်းဆီးရန် ကြံစည်မှုသည် ကျူးဝူယာ လုံးဝ မလိုလားသော ကိစ္စ ဖြစ်သည်။ အကယ်၍ ထိုသို့ ဖြစ်လာပါက လီရူဟိုင် ရူးသွပ်သွားမည် ဖြစ်ပြီး ထိုသို့ ဖြစ်လျှင် ကျူးဝူယာလည်း ကြီးမားစွာ ခံစားရမည် ဖြစ်ကာ သူ၏ အကျိုးစီးပွားများ ပြင်းထန်စွာ ထိခိုက်နစ်နာမည် ဖြစ်သည်။

ထို့ကြောင့် သူသည် လီချန်ချန်ကို ကယ်တင်ရမည်။ ကျူးဝူယာ၏ မြင်းစီးတပ်သား တစ်ထောင်သည် တိုက်ပွဲဝင်ရန် အသင့်အနေအထားတွင် ရှိနေပြီး အမိန့်ပေးလိုက်သည်နှင့် လီဝမ်ဟွေ့၏ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် သုံးထောင်ကို ရူးသွပ်စွာ ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်ထားကြသည်။

မြင်းစီးတပ်ဖွဲ့သည် ခြေလျင်တပ်ဖွဲ့နှင့် ရင်ဆိုင်လျှင် တစ်ဖက်သတ်သတ်ဖြတ်ပြစ်နိုင်စွမ်း ရှိသည်။ ကွမ်ရှီးပြည်နယ် ကွပ်ကဲရေးမှူးဟောင်းနှင့် နန်ဟိုင် သိုင်းကျောင်းတော်၏ ကျောင်းထိုင် ဖြစ်သူ ကျူးဝူယာသည် ဟိန်းဟောက်လိုက်သည်။

“ လီဝမ်ဟွေ့။ မင်း ကောင်းကင်ဘုံကို ဒေါသထွက်အောင် လုပ်မိပြီ ဆိုတာ သိရဲ့လား။ အခုချက်ချင်း မြင်းပေါ်ကဆင်းပြီး လက်နက်ချလိုက်။ ပြီးရင် သခင်မလေး လီချန်ချန်ကို ဒီကို ခေါ်လာခဲ့။ ”

လီဝမ်ဟွေ့သည် မလှုပ်မယှက် ကျန်ရှိနေသည်။

ကျူးဝူယာ ထပ်မံ ဟိန်းဟောက်လိုက်သည်။ “ လီဝမ်ဟွေ့။ မင်းက လီမိသားစု စော်ဘွားအိမ်တော်ကို တကယ် ပုန်ကန်စေချင်နေတာလား။ အင်ပါယာ အနောက်တောင်ပိုင်း တစ်ခုလုံး လုံးဝ ပျက်စီးသွားတာကို တကယ် မြင်ချင်နေတာလား။ ထာဝရ အပြစ်သား ဖြစ်ချင်နေတာလား။ ”

လီချန်ချန်က အေးစက်စွာ ပြောလိုက်သည်။ “ ကျူးဝူယာ။ သူ့ကို ဘာလို့ စကားတွေ အများကြီး ပြောပြီး အချိန်ဖြုန်းနေတာလဲ။ အဲဒီ မိန်းမစိုး လီဝမ်ဟွေ့ကို မြန်မြန်သတ်ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးက မိန်းမစိုးတွေ အကုန်လုံးကို သုတ်သင်ရှင်းလင်းလိုက်။ ”

ကျူးဝူယာက သူမကို လာကယ်သည့်တိုင် လီချန်ချန်သည် မောက်မာနေဆဲ ဖြစ်ပြီး အမိန့်ပေးသော လေသံဖြင့် ပြောဆိုနေသည်။ သူမ အရမ်း တုံးအလွန်း၍ မဟုတ်ဘဲ ကျူးဝူယာနှင့် သူ၏ စစ်ဘက် ဗိုလ်ချုပ်များသည် လီမိသားစု၏ လက်ပါးစေများအဖြစ် အချိန်ကြာမြင့်စွာ အမှုထမ်းခဲ့သောကြောင့် ဖြစ်သည်။ ကျူးဝူယာသည် လီမိသားစုထံမှ နှစ်စဉ် ငွေတုံး တစ်သိန်းထက် မနည်း ရရှိသဖြင့် လီချန်ချန်ကို မြင်တိုင်း အမြဲတမ်း အလွန်အမင်း မျက်နှာလိုမျက်နှာရ လုပ်လေ့ ရှိပြီး ကွမ်ရှီးဗိုလ်ချုပ်ကြီး တစ်ဦး၏ ဂုဏ်သိက္ခာကို လုံးဝ မပြသခဲ့ပေ။ ဤအချိန်တွင် လီဝမ်ဟွေ့သည် တကယ့်ကို သေလမ်း ရောက်နေပြီ ဖြစ်သည်။

ကျူးဝူယာ ဟိန်းဟောက်လိုက်သည်။

“ လီဝမ်ဟွေ့။ ငါ ငါးကနေ ရေတွက်မယ်။ မင်း အခုချက်ချင်း ထွက်သွားတာ ပိုကောင်းမယ်။ မဟုတ်ရင် ငါ မင်းကို ချက်ချင်း သတ်ပစ်မယ်။ ”

“ ငါး...။ ”

“ လေး...။ ”

လီဝမ်ဟွေ့သည် သွေးကွမ်ရင်မယ်တော်နှင့် ဆုန်ယွီကျန့်တို့ထံ ချဉ်းကပ်လာပြီး ပြောလိုက်သည်။

“ သခင်လေး၊ ကွမ်ရင်လေး။ မင်းတို့ ထွက်သွားသင့်တယ်။ ကျူးဝူယာက မင်းတို့ကို တားရဲမှာ မဟုတ်ဘူး။ ”

သွေးကွမ်ရင်မယ်တော်၏ မျက်နှာထား ပြောင်းလဲသွားပြီး အာမေဋိတ် ပြုလိုက်သည်။

“ မွေးစားအဖေ။ ဘာလုပ်မလို့လဲ။ ”

ဤတစ်ကြိမ်တွင် သူမသည် စဉ်းစားခြင်း မရှိဘဲ နှုတ်မှ ထွက်သွားခြင်း ဖြစ်သည်။ လီဝမ်ဟွေ့ အံ့အားသင့်သွားပြီးနောက် သွေးကွမ်ရင်မယ်တော်၏ ဆံပင်ကို ချစ်ခင်စွာ ထိတွေ့ကာ ပြောလိုက်သည်။

“ လိမ္မာတဲ့ ကလေးမလေး။ ငါ့သား တုပိုင်က တော်တော် ကံကောင်းတာပဲ။ ”

သို့သော် လီဝမ်ဟွေ့သည် ဆုတ်ခွာရန် ဆန္ဒမရှိသဖြင့် သူတို့ အမှန်တကယ်ပင် အတူတူ သေဆုံးရတော့မည် ဖြစ်သည်။

“ တပ်ဖွဲ့ ပုံစံပြောင်း။ ” လီဝမ်ဟွေ့ အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် အရှေ့ဘက်ကွပ်ကဲရေးရုံးစစ်သည်သုံးထောင်သည် အဖွဲ့နှစ်ဖွဲ့ ကွဲသွားပြီး ၁၅၀၀ သည် နောက်ပြန်လှည့်ကာ ကျူးဝူယာ၏ မြင်းစီးတပ်ဖွဲ့ကို ခုခံကာကွယ်ရန် တန်းစီလိုက်ကြသည်။ အခြား စစ်သည် ၁၅၀၀ သည် ဓားများကို ဆွဲထုတ်ပြီး လီတောက်ကျိန်းနှင့် လီချန်ချန်တို့ကို ရင်ဆိုင်လိုက်ကြသည်။

“ လီတောက်ကျိန်း။ မင်းက ဆရာသခင်ကြီး တစ်ယောက် ဖြစ်ပြီး အရမ်း စွမ်းအားကြီးတယ်။ မင်းနဲ့ လီချန်ချန်ရဲ့ အသက်ကို ငါ့လူ တစ်ထောင်နဲ့ လဲလို့ ရမလား။ ” လီဝမ်ဟွေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

ဤပမာဏက သေချာပေါက်လုံလော​​က်သည်။ လူတစ်ထောင်မပြောနှင့် လီတောက်ကျိန်းအကောင်းဆုံး ရုန်းကန်ပင်လျှင် လူရာကျော်လောက်ကိုသာ သတ်နိုင်ပြီး သူမသည်လည်း အသတ်ခံရပေလိမ့်မည်။

လီတောက်ကျိန်း၏ မျက်နှာထား ပြောင်းလဲသွားသည်။ “ မင်း...။ ရူးနေပြီလား။ ”

လီဝမ်ဟွေ့သည် ဓားကြီးကို ဆွဲထုတ်ပြီး အော်ဟစ်လိုက်သည်။ “ အတူတူ သေကြတာပေါ့။ လီတောက်ကျိန်းကို သတ်။ လီချန်ချန်ကို သတ်။ ” ထို့နောက် သူသည် အရှေ့ဘက်ကွပ်ကဲရေးရုံး ကျွမ်းကျင်သူ ရာပေါင်းများစွာနှင့် စစ်သည် ထောင်ပေါင်းများစွာကို ဦးဆောင်ပြီး လီတောက်ကျိန်းဆီသို့ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ကျူးဝူယာ ထိတ်လန့်သွားပြီး ဟိန်းဟောက်လိုက်သည်။ “ တိုက်။ အကုန်သတ်။ အကုန်သတ်။ ” ချက်ချင်းပင် မြင်းစီးတပ်သား တစ်ထောင်သည် တိုက်ခိုက်မှုကို စတင်လိုက်ပြီး လမ်းကြောင်းပေါ်ရှိ ရန်သူ အားလုံးကို ချေမှုန်းရန် ကြံရွယ်လိုက်ကြသည်။ လီဝမ်ဟွေ့က အသေခံ တိုက်ခိုက်မှုကို စတင်လိုက်သောအခါ သွေးကွမ်ရင်မယ်တော်သည် နောက်မဆုတ်ဘဲ ရူးသွပ်စွာ ရှေ့တိုးလာပြီး လီဝမ်ဟွေ့နှင့် အနီးဆုံးတွင် ရှိနေသည်။ လီတောက်ကျိန်းသည် လီဝမ်ဟွေ့ တစ်ယောက်တည်းကိုသာ စိုက်ကြည့်နေပြီး အံကြိတ်ကာ ပြောလိုက်သည်။

“ မင်းအသက်အတွက် တိုက်ခိုက်လေ။ သေလိုက်တော့။ ”

ထို့နောက် သူမသည် ရွှမ်းချီ အားလုံးကို စုစည်းကာ လီဝမ်ဟွေ့ကို တစ်ချက်တည်းဖြင့် အသေ သတ်ရန် ပြင်ဆင်လိုက်သည်။

‘အတူတူ သေကြတာပေါ့။ အတူတူ သေကြတာပေါ့။’

“ ရပ်။ ရပ်။ ရပ်။ ရပ်ကြစမ်း။ ”

ရုတ်တရက် ဆရာသခင်ကြီး နင်ဇောင်ဝူ၏ အသံသည် အပြင်ဘက်မှ ထွက်ပေါ်လာပြီး သူသည် ဒုန်းစိုင်းပြေးလာသော မြင်းတစ်ကောင်ကဲ့သို့ အပြေးအလွှား ရောက်ရှိလာသည်။

“ လီတောက်ကျိန်း။ ငါတို့ရဲ့ ဆယ်နှစ်တစ်ကြိမ် တိုက်ပွဲ အချိန်ကျရောက်လာပြန်ပြီ။ မင်း ငါနဲ့ ယှဉ်တိုက်ရဲလား။ ”

ချက်ချင်းပင် အခြား လူတစ်ယောက် အပြေးအလွှား ရောက်ရှိလာသည်။ ထိုသူမှာ ကျွန်တော်တို့၏ ဥပမပါသော ဇာတ်လိုက်ကျော်ကြီးတုပိုင် ပင်ဖြစ်လေ၏။

**--**--**--**--**--**--**--**

“ လီချန်ချန်။ မိန်းမယုတ်။ မင်းက လီတောက်ကျိန်းရဲ့ တပည့်။ ငါက နင်ဇောင်ဝူရဲ့ တပည့်။ ငါတို့က ကိုယ့်ဆရာတွေအတွက် ကိုယ်စားပြုပြီး သေတဲ့အထိ တိုက်ခိုက်ကြမယ်။ မင်း ရဲလား။ ”

တုပိုင် ပေါ်လာသောအခါ အားလုံးက အံ့သြသွားကြသည်။

လီဝမ်ဟွေ့ အလွန် စိတ်ပူပန်သွားသည်။ သူသည် တုပိုင်ကို သေလမ်းမှ ကယ်တင်ရန် နေ့ရောညပါ ခရီးနှင်ခဲ့ပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ဤအရေးကြီးသော ကိစ္စရပ်၌ တုပိုင် ပါဝင်ပတ်သက်မည်ကို မလိုလားသောကြောင့် မည်သူ့ကိုမျှ တုပိုင်အား ပြောပြခွင့် မပေးခဲ့ပေ။ သူသည် တုပိုင်ကို ကာကွယ်ချင်ပြီး ဤကိစ္စကို သူ့တစ်ယောက်တည်း ဖြေရှင်းကာ တုပိုင်ကို အခြေအနေမှ အမြဲတမ်း ဖယ်ရှားထားချင်ခဲ့သည်။

ထိုသို့ ပြုလုပ်ရန် သူသည် ထူးခြားသော အရာတစ်ခုကို လုပ်ဆောင်ခဲ့ပြီး ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရကာ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး အင်ပါယာ အနောက်တောင်ပိုင်း ကောင်းကင်ယံကိုပင် ဆွဲဖြဲပစ်ခဲ့သည်။ သို့သော် တုပိုင်သည် ဤအချိန်တွင် ပေါ်လာပြီး မဆိုင်းမတွ ပါဝင်ပတ်သက်လာခဲ့သည်။ လီဝမ်ဟွေ့ မည်သို့ မကြောက်လန့်ဘဲ နေမည်နည်း။

တုပိုင် ဝင်ရောက်လာသည်ကို မြင်သောအခါ လီတောက်ကျိန်း အလွန် ဝမ်းသာသွားပြီး ကျူးဝူယာလည်း အလွန် ဝမ်းသာသွားသည်။

သူတို့သည် သွေးသားတော်စပ်သော သားအဖ မဟုတ်သော်လည်း တူညီစွာ မိုက်မဲကြသည်။ တုပိုင် ချဉ်းကပ်လာသည်ကို မြင်သောအခါ လီဝမ်ဟွေ့ မူးမေ့လဲကျလုနီးပါး ဖြစ်သွားသည်။ မိန်းမစိုးဂိုဏ်း၏ အနာဂတ် ဖြစ်သော သူ့မွေးစားသားသည် ဤနေရာတွင် သေဆုံးတော့မည်လော။ သူ မနေ့ညက လုပ်ခဲ့တာတွေ အားလုံး အလကား ဖြစ်သွားတော့မည်လော။ တုပိုင်သည် လီဝမ်ဟွေ့၏ ဘေးနားသို့ ရောက်လာပြီး ဒူးထောက်ကာ ပြောလိုက်သည်။

“ သားက အဖေ့ကို ဂါရဝပြုပါတယ်။ ”

လီဝမ်ဟွေ့ တစ်ကိုယ်လုံး တုန်ရီနေပြီး လည်ချောင်းများ ခြောက်ကပ်ကာ အသံမထွက်နိုင် ဖြစ်နေသည်။ တုပိုင်သည် လီဝမ်ဟွေ့၏ လက်ကို ကိုင်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“ မွေးစားအဖေ။ ကျွန်တော့်ကို ယုံပါ။ ”

ထိုစကားကို ကြားသောအခါ လီဝမ်ဟွေ့ ချက်ချင်း တိတ်ဆိတ်သွားသည်။ တုပိုင်က သူ့ကို ယုံကြည်သလို သူကလည်း တုပိုင်ကို ယုံကြည်သည်။ တုပိုင်က ထိုစကားများကို ပြောလိုက်သည်နှင့် တပြိုင်နက် ဆိုလိုသည်မှာ သူ အောင်မြင်မည်ဟု ယုံကြည်မှု ရှိနေခြင်း ဖြစ်သည်။ ထို့အပြင် လက်ရှိ အခြေအနေသည် ပြန်လည် ပြင်ဆင်၍ မရနိုင်တော့ပေ။

တုပိုင်သည် ကြောက်ရွံ့မှု လှိုင်းလုံးတစ်ခုကို ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာ သူ အချိန်မီ ရောက်ရှိလာခဲ့သည်။ သို့မဟုတ်ပါက ဘယ်တော့မှ ပြန်လည် အစားထိုး၍ မရနိုင်သော တစ်သက်တာ နောင်တရစရာ ဖြစ်သွားပေလိမ့်မည်။ တုပိုင်သည် လီချန်ချန်ထံသို့ ချဉ်းကပ်သွားပြီး ပြောလိုက်သည်။

“ မိန်းမယုတ်။ ဒီနေ့ ပြဿနာက မင်းနဲ့ငါကနေ စတင်ခဲ့တာမို့ မင်းနဲ့ငါနဲ့ပဲ အဆုံးသတ်လိမ့်မယ်။ ”

“ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက လီတောက်ကျိန်းနဲ့ ဆရာသခင်ကြီး နင်ဇောင်ဝူတို့ ပင်လယ်ထဲက လက်ချောင်းငါးချောင်း သန္တာကျောက်တန်းမှာ တိုက်ပွဲ ဖြစ်ခဲ့ပြီး လီတောက်ကျိန်း ရှုံးနိမ့်ခဲ့တယ်။ ဒီနေ့ ငါတို့ အဲဒီမှာ နောက်ဆုံး တိုက်ပွဲ ဆင်နွှဲကြမယ်။ ငါတို့ထဲက တစ်ယောက်ပဲ အသက်ရှင်ရမယ်။ ဘယ်လိုလဲ။ ”

လီချန်ချန်သည် တုပိုင်ကို ကြည့်ကာ မောက်မာစွာ ပြောလိုက်သည်။

“ နင်လို သင်းကွပ်ထားတဲ့ ခွေးတစ်ကောင်မှာ ငါ့ကို ပြန်ကိုက်ခွင့် မရှိဘူး။ ငါ နင့်ကို ပုရွက်ဆိတ်တစ်ကောင်ကို ချေမှုန်းသလို အလွယ်တကူ သတ်ပစ်နိုင်တယ်။ ဒါပေမဲ့ နင့်မွေးစားအဖေက ငါ့ လီမိသားစုဝင် တစ်ယောက်ကို သတ်ခဲ့တဲ့အတွက် ငါ့လက်ချက်နဲ့ တရားမျှတစွာ အသတ်ခံရမယ့် အခွင့်အရေးကို ငါ နင့်ကို ပေးမယ်။ ”

တုပိုင်က ပြောလိုက်သည်။ “ တရားမျှတတဲ့တိုက်ပွဲမှာ အနိုင်ရသူက ရှင်ပြီး ရှုံးတဲ့သူက သေရမယ်။ ကောင်းကင်ဘုံကိုရော တခြားသူတွေကိုရော အပြစ်မတင်သင့်ဘူး။ ”

လီချန်ချန်က ပြောလိုက်သည်။ “ နင်ဘာလို့ စကားတွေ အများကြီး ပြောနေတာလဲ။ ”

တုပိုင်သည် ရေးသားထားသော သဘောတူညီချက်ကို ဖြန့်လိုက်ပြီး လက်မှတ်ထိုးကာ လက်ချောင်းကို ကိုက်ပြီး လက်ဗွေနှိပ်လိုက်သည်။ ထို့နောက် လီချန်ချန်ထံသို့ ကမ်းပေးလိုက်သည်။ လီချန်ချန်သည် လက်သည်းဖြင့် လက်မှတ်ထိုးလိုက်ပြီး အခြားသူတစ်ဦး၏ သွေးကို ပေါ့ပေါ့ပါးပါး တို့ယူကာ လက်ဗွေနှိပ်လိုက်သည်။

တုပိုင်က ပြောလိုက်သည်။

“ အချိန်မဖြုန်းနဲ့။ အခုပဲ သွားကြမယ်။ ပင်လယ်ပြင်ကို ထွက်ပြီး သေတဲ့အထိ တိုက်ခိုက်ကြမယ်။ ”

“ သွား။ ” လီချန်ချန်က ပြောလိုက်သည်။ “ နင်လို သင်းကွပ်ထားတဲ့ ခွေးတစ်ကောင်ကို ငါ မြန်မြန်သတ်လေ အိမ်ပြန် ရေချိုးပြီး အဝတ်အစား မြန်မြန် လဲနိုင်လေပဲ။ နင့်ရဲ့အနံ့က ငါ့ကို အန်ချင်စိတ် ပေါက်စေတယ်။ ”

သူတို့ နှစ်ဦး ချက်ချင်း ထွက်ခွာသွားကြပြီး လှေတစ်စင်းပေါ် တက်ကာ သေသည်အထိ တိုက်ခိုက်ရန် ပင်လယ်ပြင်သို့ ထွက်ခွာသွားကြလေသည်။

အပိုင်း ၂၀၀ ပြီး။

All Chapters