← Chapters

အခန်း (၁၉၇)

Vol. 19 Ch. 197

အခန်း (၁၉၇)

Vol. 19 Ch. 197

ဒေါသကြောင့် ချီယဲ့၏မျက်လုံးများမှာ သွေးတက်သကဲ့သို့ နီမြန်းနေပြီး သူ၏မျက်နှာပေါ်မှ ဒဏ်ရာများမှာလည်း ပေါက်ထွက်ကာ ပြည်နှင့် သွေးများ စိမ့်ထွက်လာတော့သည်။

"ချီယဲ့... စိတ်မလှုပ်ရှားပါနဲ့ဦး။ မင်း သတိလစ်သွားတာ မြင်လို့ ငါတို့က နှိုးချင်ရုံတင်ပါ။ ငါ... ငါပဲ မင်းရဲ့ဝတ်ရုံကို ချွတ်လိုက်တာပါ"

ဂူဖုန်းသည် အပြစ်အားလုံးကို သူ၏ပုခုံးပေါ်သို့ ပုံချလိုက်ကာ ချီယဲ့ကို တားဆီးရန် ကြိုးစားရှာသည်။

"ဂူဖုန်း... တောင်းပန်စရာမလိုဘူး။ ငါတို့တွေ ဘာမှအမှားမလုပ်ခဲ့ဘူး။ ချီယဲ့... မင်းရဲ့ဝတ်ရုံကို ချွတ်ခဲ့တာ ငါပဲ။ မင်းစောစောက သတိလစ်နေတာ။ ငါ အချိန်မီ မလှုပ်ရှားခဲ့ရင် အရမ်းအန္တရာယ်များသွားလိမ့်မယ်"

ချီယဲ့၏ ဒေါသတကြီး လှုပ်ရှားမှုနှင့် ဂူဖုန်း၏ တွန့်ဆုတ်နေသော အမူအရာတို့နှင့် ယှဉ်လျှင် ယွင်ရှန်း၏လေသံမှာ အလွန်ပင် တည်ငြိမ်နေသည်။ ချီယဲ့၏ ကြောက်မက်ဖွယ်မျက်နှာမှာ သူမအပေါ် မည်သည့်သက်ရောက်မှုမှ မရှိသကဲ့သို့ပင်။ စကားပြောနေရင်းဖြင့် ယွင်ရှန်းသည် ရှေ့သို့ အလျင်အမြန် လှမ်းလိုက်ပြီး ချီယဲ့၏လက်မောင်းကို ဖမ်းဆုပ်လိုက်သည်။

ချီယဲ့မှာ တစ်ခါမျှ လူတစ်ယောက်နှင့် ဤမျှနီးကပ်သော ထိတွေ့မှုကို မကြုံဖူးပေ။ ညစ်ပတ်သောအရာတစ်ခုနှင့် ထိမိသကဲ့သို့ သူသည် ယွင်ရှန်း၏လက်ကို အတင်းခါထုတ်ရန် ကြိုးစားသည်။ သို့သော် ယွင်ရှန်း၏ ချီခွန်အား မှာ အလွန်အံ့သြစရာကောင်းလှသည်။ သူမသည် ချီယဲ့၏လက်ကို ဆုပ်ကိုင်လိုက်သည်နှင့် သူမ၏ခန္ဓာကိုယ်အတွင်းမှ ရိုးတွင်းခြင်ဆီ ကျင့်စဉ်စွမ်းအားများကို ချီယဲ့၏ ကိုယ်ထဲသို့ ဖြည်းညှင်းစွာ လွှဲပြောင်းပေးလိုက်သည်။

စောစောက ဂဏာမငြိမ်ဖြစ်နေသော ချီယဲ့သည် သူ၏တစ်ကိုယ်လုံးသို့ အေးမြလှသော အတွင်းအားလှိုင်းတစ်ခု စီးဝင်သွားသည်ကို ခံစားလိုက်ရသည်။ ဤအတွင်းအားမှာ မှော်

စွမ်းအားလည်းမဟုတ်သလို သိုင်းစိတ်ဓာတ်လည်းမဟုတ်ဘဲ ချီယဲ့တစ်ခါမျှ မကြုံဖူးသော ထူးဆန်းသည့် စွမ်းအားတစ်ရပ် ဖြစ်နေသည်။

ချီယဲ့၏လက်ထဲမှ မှော်တုတ်တံမှာ အလိုလိုပင် အောက်သို့ စိုက်ကျသွားပြီး သူသည် ယွင်ရှန်းကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။

မိုယွိကျောက်စိမ်းကဲ့သို့ နက်မှောင်လှသော မျက်ဝန်းတစ်စုံက သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။ ထူးဆန်းလှသည်မှာ ချီယဲ့၏ရင်ထဲမှ ပေါက်ကွဲလုမတတ် ဖြစ်နေသော ဒေါသနှင့် ခံစားချက်များမှာ ထိုမျက်ဝန်းများအောက်တွင် တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။ နေရောင်မှာ အလွန်ပူပြင်းလှသော်လည်း စိတ်ထဲတွင် လုံးဝပူလောင်ခြင်းမရှိဘဲ ကျယ်ပြောလှသော ပင်လယ်ပြင်ထက်တွင် ရပ်နေရသကဲ့သို့ ချီယဲ့ ခံစားလိုက်ရသည်။

ချီယဲ့၏ နှလုံးခုန်နှုန်းနှင့် အသက်ရှူသံမှာ ပုံမှန်ပြန်ဖြစ်သွားပြီဟု သိလိုက်ရချိန်တွင် ယွင်ရှန်းလည်း သက်ပြင်းချနိုင်တော့သည်။

ဒီကောင်လေးကတော့ တကယ်ကို ကိုင်တွယ်ရခက်တာပဲ။

"ပြန်ပြီးတော့ ခဏလောက် အနားယူလိုက်ဦး။ သကြားနဲ့ ဆားနည်းနည်းရောထားတဲ့ ရေကို သောက်ပေး။ ခန္ဓာကိုယ်ထဲက ရေဓာတ်ပြန်ဖြည့်လိုက်ရင် အဆင်ပြေသွားမှာပါ"

ယွင်ရှန်း၏ ပြတ်သားသော အသံမှာ သူ၏နားထဲတွင် ပဲ့တင်ထပ်သွားပြီးနောက် သူမက သူ၏လက်ကို လွှတ်ပေးလိုက်သည်။

ချီယဲ့သည် ယွင်ရှန်းကို လှမ်းကြည့်လိုက်မိသည်။ တောက်လောင်နေသော နေရောင်အောက်တွင် သူမ၏ နီမြန်းနေသော ပါးပြင်လေးများနှင့် နူးညံ့သောအသားအရေမှာ ပိုမိုထင်ရှားလှပနေရာ သူသည် ငေးမောသွားမိသည်။ ဂူဖုန်းက သူ့ကို ခပ်ဖွဖွတွန်းလိုက်မှသာ သတိပြန်ဝင်လာတော့သည်။

"ကျေးဇူးပဲ"

ချီယဲ့က ခြင်လေးတစ်ကောင် မြည်သံလောက်မျှသာရှိသော လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

ယွင်ရှန်းက သူ့ကို တစ်ချက်ကြည့်ကာ "ချီယဲ့... ငါမမှားဘူးဆိုရင် မင်းမျက်နှာပေါ်က ဒဏ်ရာတွေက အဆိပ်ကြောင့် ဖြစ်နေတာ မဟုတ်လား"

ချီယဲ့က ဘာမှပြန်မပြောဘဲ ဂူဖုန်း၏လက်ထဲမှ မှော်ဝတ်ရုံကို ယူကာ စကားတစ်ခွန်းမှ မဆိုဘဲ ပြန်ဝတ်လိုက်သည်။

"တကယ်လို့ ငါက မင်းရဲ့မျက်နှာကို ကုသပေးနိုင်မယ့် နည်းလမ်းသိတယ်လို့ ပြောရင်ရော။ ဒါပေမဲ့ အဲဒီအတွက် မင်းရဲ့ အဆိပ်အတတ်ကို စွန့်လွှတ်ရမယ်။ မင်းက သာမန်လူတစ်ယောက် ဖြစ်သွားမယ်ဆိုရင်ကော... မင်း လုပ်နိုင်မလား"

ယွင်ရှန်းသည် ချီယဲ့၏ အဆိပ်မှာ ကုမရသည့်အဆင့်မဟုတ်ကြောင်း စောစောကတည်းက သတိထားမိခဲ့သည်။ သူမ သေချာစစ်ဆေးကြည့်ရာတွင် ချီယဲ့သည် အဆိပ်မှော်ကို ကျင့်ကြံနေခြင်းကြောင့် ဤအဆိပ်များ တက်နေခြင်းဖြစ်သည်ကို တွေ့ရသည်။

ချီယဲ့၏ အဆိပ်မှော်ဝိညာဉ်သည် သူအသုံးပြုသမျှ မှော်ပညာတိုင်းတွင် အဆိပ်သင့်စေသော အာနိသင်ကို ပါဝင်စေသည်။ သို့သော် ထိုဝိညာဉ်၏ တည်ရှိမှုကပင် ပြင်ပရှိ အဆိပ်အတောက်များကို မသိစိတ်ဖြင့် စုပ်ယူစေကာ သူ၏ခန္ဓာကိုယ်အပေါ် ဧရာမဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်။

လောလောဆယ်တွင် ထိုအဆိပ်များသည် သူ၏အသားအရေပေါ်တွင်သာ စုပုံနေသော်လည်း ချီယဲ့၏ မှော်စွမ်းအား ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ အဆိပ်မှော်ဝိညာဉ်၏ သက်ရောက်မှုက ပိုမိုကြီးမားလာမည်ဖြစ်သည်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်မှာ ထိုဒဏ်ကို မခံနိုင်ဘဲ ပြိုလဲသွားမည်ဖြစ်ပြီး အဆိပ်သင့်အနာများမှာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပေလိမ့်မည်။

"ဟင့်အင်း... တကယ်လို့ ငါ့ရဲ့ အဆိပ်မှော်ပညာကို ဆုံးရှုံးရမယ်ဆိုရင် ဒီမျက်နှာနဲ့ပဲ တစ်သက်လုံး နေသွားဖို့ ငါရွေးချယ်တယ်"

ချီယဲ့သည် ယွင်ရှန်း ထင်ထားသည်ထက်ပင် ပိုမိုခေါင်းမာလှသည်။

"ချီယဲ့... ဘယ်အရာမှ မင်းရဲ့အသက်ထက် အရေးမကြီးဘူးလေ"

ယွင်ရှန်းက ဆက်လက်ဖျောင်းဖျသည်။

"နင်မှားနေပြီ... ငါ့အသက်ထက် ပိုအရေးကြီးတဲ့အရာ ရှိတယ်။ အဲဒါက ခွန်အားပဲ"

ချီယဲ့က တုန့်ဆိုင်းခြင်းမရှိဘဲ ပြောလိုက်ပြီး သူ၏ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ ရှေ့သို့ ဆက်လျှောက်သွားသည်။

ယွင်ရှန်းနှင့် ဂူဖုန်းတို့မှာ ရပ်ကျန်ခဲ့ကြသည်။ ဂူဖုန်းက သက်ပြင်းချလိုက်ပြီး "ချီယဲ့က တို့သုံးယောက်ထဲမှာ အခေါင်းမာဆုံးပဲ။ တကယ်လို့ မင်းက သူ့ရဲ့အစွမ်းတွေကို မပျောက်ပျက်စေဘဲ ကုပေးနိုင်တဲ့ တခြားနည်းလမ်းမျိုး မတွေ့မချင်း သူကတော့ မင်းကို ကုသခွင့်ပေးမှာ မဟုတ်ဘူး"

ထိုသို့ပြောကာ ချီယဲ့နောက်သို့ အမြန်လိုက်သွားပြီး တွဲကူပေးလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ချီယဲ့က ဂူဖုန်းကို တွန်းမထုတ်ခဲ့ပေ။

ထုံးစံအတိုင်း ညနေခင်းတွင် အပြင်ခန်းမမှ သိုင်းသမားများမှာ ညဘက်တိုက်ခိုက်ရေးလေ့ကျင့်ခန်းများကို လုပ်ဆောင်ကြသည်။ သို့သော် ထူးဆန်းသည်မှာ စိတ်အနှောင့်အယှက်ပေးတတ်သော ကျန်းကျစ်ဖော် တစ်ယောက် ပေါ်မလာခြင်းပင်။

ပတ်ဝန်းကျင်ကို စုံစမ်းကြည့်ရာတွင် ကျန်းကျစ်ဖော်သည် နေ့လယ်ခင်း လေ့ကျင့်ရေးကွင်းမှ ထွက်ခွာသွားပြီးနောက် သူ၏တစ်ကိုယ်လုံးတွင် နီရဲနေသော အဖုအပိမ့်များ ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု သိရသည်။ ထိုအဖုများမှာ ယားယံလွန်းပြီး နာကျင်လှရာ ကျန်းကျစ်ဖော်သည် မည်သည့်နည်းလမ်းဖြင့် ကုသသော်လည်း မသက်သာဘဲ ဖြစ်နေသည်။

နောက်ဆုံးတွင် သူသည် ခွင့်ယူကာ အတွင်းခန်းမသို့ ပြန်၍ အနားယူနေရတော့သည်။

ကျန်းကျစ်ဖော် ဒုက္ခရောက်နေသည့် သတင်းပျံ့နှံ့သွားချိန်တွင် အပျော်ဆုံးသူများမှာ အခြားသူမဟုတ်ဘဲ အမျိုးသမီးသိုင်းသမားများပင်။ သူတို့အတွက်တော့ ကျန်းကျစ်ဖော်သည် ခြောက်လှန့်နေသော အိမ်မက်ဆိုးတစ်ခုနှင့် တူလှသည်။

ယွင်ရှန်းကမူ ထိုသတင်းကို ကြားသောအခါ နားလည်မှုရှိသော အပြုံးတစ်ခုကိုသာ ပြုံးလိုက်

သည်။ ကျန်းကျစ်ဖော်နှင့် ဆေးခန်းမတို့ မည်သို့မျှ ဖြေရှင်းမရဘဲ ဖြစ်နေသော အခြေအနေကို သူမ ကောင်းစွာ သိရှိထားသည်။ အမှန်စင်စစ် သူ ခံစားနေရသော အဆိပ်မှာ အဆိပ်အစစ်အမှန် မဟုတ်ပေ။

၎င်းမှာ ဆရာဝန်ကြီးဖန်၏ ဆေးမှတ်တမ်းစာအုပ်ထဲမှ ယွင်ရှန်း ရှာဖွေတွေ့ရှိခဲ့သော ယင်ဓာတ်ရှိသည့် ဆေးနံ့သာမှုန့် တစ်မျိုးသာ ဖြစ်သည်။ ဤဆေးမှုန့်ကို ထူးခြားသော ယင်ဂုဏ်သတ္တိရှိသည့် ဆေးဖက်ဝင်အပင် ၄၊ ၅ မျိုးဖြင့် ဖော်စပ်ထားခြင်းဖြစ်ပြီး အမျိုးသမီးများအတွက် အမှန်တကယ်ပင် အသားအရေကို လှပစေသော်လည်း အမျိုးသားများနှင့် ထိတွေ့မိပါက ဓာတ်မတည့်ခြင်းကို ပြင်းထန်စွာ ဖြစ်စေတတ်သည်။ ထိုဓာတ်မတည့်မှုမှာ တစ်လကျော်ကြာအောင် အကြိမ်ကြိမ် ပြန်လည်ဖြစ်ပွားတတ်ပြီး နောက်နောင် ထပ်မံထိတွေ့မိပါက ယခင်ကထက် ပိုမိုဆိုးဝါးသော ဝေဒနာကို ခံစားရစေသည်။

ဝူကျိတိုက်ကြီးမှ လူများသည် ဓာတ်မတည့်ခြင်းဟူသော သဘောတရားကို နားမလည်ကြသော်လည်း ယွင်ရှန်းကမူ ၎င်းကို အပိုင်တွက်ထားပြီးသား ဖြစ်သည်။

နောက်ပိုင်းရက်များတွင် ကျန်းကျစ်ဖော်၏ နှောင့်ယှက်မှုများ မရှိတော့သဖြင့် ယွင်ရှန်း၊ ဂူဖုန်းနှင့် ချီယဲ့တို့၏ လေ့ကျင့်ရေးမှာ ပိုမိုအဆင်ပြေချောမွေ့လာသည်။ သူတို့ သုံးဦးသည် သိုင်းကျောင်း၏ ပတ်ဝန်းကျင်နှင့် စတင်ယဉ်ပါးလာပြီး အခြားသိုင်းသမားများနှင့်အတူ စားသောက်နေထိုင်ကာ တာဝန်များကို တန်းတူ ထမ်းဆောင်ခဲ့ကြသည်။ အစပိုင်းတွင် သူတို့ကို လက်မခံချင်ကြသော သိုင်းသမားများမှာလည်း တဖြည်းဖြည်းနှင့် ရင်းနှီးလာကြသည်။ အထူးသဖြင့် ယွင်ရှန်းသည် သူမ၏ ဆေးပညာအရည်အချင်းကြောင့် အမျိုးသမီးသိုင်းသမားများကြားတွင် အားကိုးရသူတစ်ဦး ဖြစ်လာခဲ့သည်။

တစ်လတိတိ ကုန်ဆုံးသွားချိန်တွင် ယွင်ရှန်းမှာ ထူးထူးခြားခြား ပြောင်းလဲမှုမရှိသော်လည်း ချီယဲ့နှင့် ဂူဖုန်းမှာမူ သိသာစွာ ပြောင်းလဲသွားကြသည်။ နုနယ်လှသော မှော်ဆရာ ခန္ဓာကိုယ်များမှာ ပိုမိုတောင့်တင်းလာပြီး အရပ်ရှည်လာကာ အသားအရေမှာလည်း ကြေးနီရောင်သန်း၍ ကျန်းမာကြံ့ခိုင်လာသည်။ ညဘက်တိုက်ခိုက်ရေး လေ့ကျင့်ခန်းများကြောင့် အခြေခံသိုင်းပညာများကိုပါ တတ်မြောက်လာကြရာ သူတို့မှာ သာမန်မှော်ဆရာများထက် သာလွန်ပြီး မှော်နှင့် သိုင်း နှစ်မျိုးတွဲ ကျင့်ကြံသူများနှင့်ပင် တူနေတော့သည်။

တစ်နေ့တွင် နေ့စဉ်လေ့ကျင့်ခန်းများ ပြီးဆုံးသွားချိန်၌ လိုင်ဟုက သူတို့သုံးဦးကို ခေါ်လိုက်သည်။

"မင်းတို့ ဒီကိုရောက်တာ တစ်လရှိပြီဆိုတော့ ထုံးစံအတိုင်း ဒီနေ့ ဆေးခန်းမကိုသွားပြီး သားရဲသွေး ပေါင်းစပ်ခြင်းအတွက် သားရဲသွေး သွားထုတ်ကြရအောင်"

ဝူရွှမ်း ဝူကျိခန်းမသို့ ရောက်မှသာ ယွင်ရှန်း သိလိုက်ရသည်မှာ သားရဲသွေးဖြင့် ခန္ဓာကိုယ်ကို အားဖြည့်ခြင်းမှာ သိုင်းသမားများအတွက်သာ မဟုတ်ဘဲ ကျန်းမာသန်စွမ်းသူ မည်သူမဆို ပြုလုပ်နိုင်ကြောင်း ဖြစ်သည်။ သိုင်းကျောင်း၏ စည်းကမ်းအရ အပြင်ခန်းမမှ ကျောင်းသားတိုင်းသည် လကုန်တိုင်းတွင် သားရဲသွေး တစ်ကြိမ် ထုတ်ယူခွင့် ရှိကြသည်။

ယွင်ရှန်းသည်လည်း သားရဲသွေး ပေါင်းစပ်ခြင်းအပေါ် စိတ်ဝင်စားနေသဖြင့် ဂူဖုန်း၊ ချီယဲ့တို့နှင့်အတူ ဆေးခန်းမဆီသို့ လျှောက်လှမ်းလာခဲ့သည်။

All Chapters