လျူယင်လန်းနှင့် ရင်ဆိုင်ခြင်း
Vol. 132 Ch. 1835
ဝှစ်...
ဝေ့ဝူယင် ဟူမေဖန်း၏ ရှေ့သို့ အပြုံးနှင့် ဆင်းသက်လာခဲ့၏။ ကျန်းကျဲဝူရှု၏ မျက်လုံးများက မျှော်လင့်ချက်များ၊ စိတ်လှုပ်ရှားမှုများ ပြည့်လျှံနေသည်။
ဟူမေဖန်းက စိုးရိမ်စွာဖြင့် ရှေ့သို့ ခြေလှမ်းနှစ်လှမ်း တိုးလိုက်ရင်း မေးလိုက်၏။
"ကျန်တဲ့သူတွေရော ဘယ်လိုလဲ... အဆင်ပြေကြလား...”
သူမက ကျားယန်ကို အထူးတလည် မေးလိုသော်လည်း ဝေ့ဝူယင် အထင်လွဲမှားမှာ စိုးရိမ်သဖြင့် သတိထားနေရသည်။ ဝေ့ဝူယင်က သူတို့ နှစ်ယောက်၏ သားအဖ ဆက်ဆံရေးကို သိရှိထားပြီး ဖြစ်ကြောင်း သူမ မသိပါသေးချေ။
"အကုန်လုံး အသက်ရှင် နေကြပါတယ်... ထျန်းတိုက်ကျုံး နဲ့ တိုက်ခိုက်ရင်း ကျင့်ကြံခြင်း အခြေခံတွေ နည်းနည်း ပျက်စီးသွားကြတယ် ဆိုပေမဲ့ သူတို့ အသက်မသေကြပါဘူး... အခု သူတို့အားလုံး ချိပ်ပိတ်နယ်မြေထဲမှာ နောက်ထပ် လုပ်ဆောင်ရမယ့် အစီအစဉ်တွေကို ဆွေးနွေးနေကြပါတယ်"
ဝေ့ဝူယင်က ဟူမေဖန်းကို အရှိအတိုင်းပင် ပြောပြလိုက်၏။
“ဟူး...”
ဟူမေဖန်းမှာ ရင်ဘတ်ကို လက်ဖြင့်ဖိကာ သက်ပြင်းချလိုက်မိ၏။ သူမ ဝတ်ဆင်ထားသည့် အဝတ်အစားများမှာ ရိုးရှင်းသော်လည်း ထိုကဲ့သို့ ပြုမူလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်၏ လှုပ်ရှားမှုများမှာ မည်သည့် အမျိုးသား၏ အကြည့်ကိုမဆို ဖမ်းစားနိုင်ပေသည်။ ဝေ့ဝူယင််ည်လည်း ထိုမြင်ကွင်းကို ရှောင်လွှဲခြင်းမရှိဘဲ အားရပါးရ ကြည့်ရှုနေ၏။
ပုံမှန်ဆိုလျှင် သူမလို အဆင့်အတန်းမျိုး ရှိသူအား ဤကဲ့သို့ ရိုင်းစိုင်းစွာ ကြည့်ရှုပါက ထိုလူကို သူမ အပြစ်ပေးမည်ဖြစ်သော်လည်း ယနေ့တွင်မူ သူမသည် ရင်ကို ပို၍ပင် မတ်ထားမိသည်။
ကျန်းကျဲဝူရှုကလည်း အနားသို့ လျှောက်လာ၏။ ထို့နောက် သူမက ပညာရှင်တစ်ဦး၏ စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဒီနေရာကို အင်ပါယာ ဥပဒေသ အော်ရာ တွေနဲ့ ပိတ်ဆို့ထားတာ ရှင် ဘယ်လိုဝင်လာတာလဲ..."
ဟူမေဖန် ကဲ့သို့ပင် သူမသည်လည်း ဝေ့ဝူယင် ရောက်ရှိလာပြီးနောက် မည်သည့် စိုးရိမ်စိတ်မျှ မရှိတော့ပေ။ အာဏာရှင် တစ်ဦးနှင့် ညှိနှိုင်းရသည်ထက် ပညာရှိတစ်ဦးနှင့် ဆွေးနွေးရသည်မှာ ပို၍ လွယ်ကူလိမ့်မည်ဟု သူမ ယုံကြည်ထားသည်။
ကျန်ကျဲဝူရှုမှာလည်း ရင့်ကျက်တည်ငြိမ်သည့် အလှတရားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူမနှင့် ဟူမေဖန်းတို့ နှစ်ယောက်မှာ စာကြည့်တိုက်မှူးများ ဖြစ်ကြပြီး အသိပညာကို ရှာဖွေသူများဖြစ်သဖြင့် အော်ရာချင်းက ဆင်တူလှသည်။
"ဟား... ဟား... ဒါတွေက ကျုပ်ထားထားတဲ့ ကန့်သတ်ချက်တွေပဲလေ... ဒီနေရာကို ကျုပ် လွတ်လွတ်လပ်လပ် ဝင်ထွက်လို့ မရဘူးဆိုရင် အတော်လေး ရယ်စရာကောင်းနေမှာပေါ့ မဟုတ်ဘူးလား"
ဝေ့ဝူယင်က ရယ်မောရင်း လက်ခုပ်တစ်ချက် တီးလိုက်၏။
ဖျောင်း...
ချက်ချင်းပင် အင်ပါယာကောင်းကင်တောင်တန်းကို ပိတ်ဆို့ထားသည့် အင်ပါယာ ဥပဒေသ အော်ရာများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ တစ်ချိန်တည်းမှာပင် သူတို့၏ ဟင်းလင်းပြင် ရတနာများနှင့် အတွင်းပိုင်း လောကများ အပေါ် တားမြစ်ထားမှုများမှာလည်း လွင့်ပျယ်သွားခဲ့၏။
မိန်းကလေး သုံးဦးစလုံးမှာ စွမ်းအားများ ပြန်လည် ရရှိလာခဲ့ကြပြီး လှောင်အိမ်ထဲမှ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့မှာ အလွန် အစွမ်းထက်သည့် လောကရှန့်ထို များ ဖြစ်ကြရာ ပတ်ဝန်းကျင်၏ ပြောင်းလဲမှုများကို ချက်ချင်းပင် သိရှိလိုက်ကြ၏။
"ဒါတွေက ရှင် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ ဟုတ်လား"
ကျန်းကျဲဝူရှု သံသယဖြစ်သွား၏။
ဝေ့ဝူယင်က အသာအယာပင် ပြုံးလိုက်သည်။
“တကယ်လို့ ခင်ဗျား စိတ်ဝင်စားတယ် ဆိုရင် ဒါတွေရဲ့ တည်ဆောက်ပုံနဲ့ အခြေခံ သဘောတရားတွေကို ပညာရှိ ဆွေးနွေးပွဲ တစ်ခုအနေနဲ့ ကျွန်တော်တို့ ဆွေးနွေးနိုင်ပါတယ်"
ကျန်းကျဲဝူရှု၏ မျက်လုံးများ တောက်ပသွား၏။ 'နှစ်ကိုယ်ကြား တာအို ဆွေးနွေးပွဲ' နှင့် 'ပညာရှိ ဆွေးနွေးပွဲ' တို့၏ ကွာခြားချက်မှာ တစ်စုံတစ်ဦးကို အိမ်ထဲသို့ ဖိတ်ခေါ်ခြင်းနှင့် စာကြည့်တိုက်သို့ ဖိတ်ခေါ်ခြင်းကဲ့သို့ပင် ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက် တိုက်ရိုက်မပါဝင်သော်လည်း ပညာရှိ အမျိုးသားနှင့် အမျိုးသမီးကြားတွင် ထိုသို့သော အခွင့်အရေးမှာ အမြဲရှိနေတတ်သည်။ သို့သော်လည်း အဓိက ရည်ရွယ်ချက်မှာ အမျိုးမျိုးသော ခေါင်းစဉ်များကို အပြန်အလှန် ဆွေးနွေးငြင်းခုံရန်ပင် ဖြစ်ပေသည်။
ဟူမေဖန်းမှာ ငွေလ စာကြည့်တိုက်မှူးတစ်ဦး ဖြစ်သလို ပညာရှိ အမျိုးသမီးတစ်ဦးလည်း ဖြစ်သည့်အတွက် ထိုစကားရပ်နှစ်ရပ်၏ အနက်အဓိပ္ပာယ် ကွာခြားချက်ကို ချက်ချင်းပင် နားလည်လိုက်သည်။
အခြားတစ်ဖက်၌ လျူယင်လန်း၏ မျက်ဝန်းများမှာမူ ဝေဝါးနေလျက် ရှိ၏။ ဝေ့ဝူယင်၏ လက်ဟန် တစ်ချက်တည်းဖြင့် ပွင့်ထွက်သွားသည့် အင်ပါယာကောင်း ကင်တောင်တန်း၏ အကာအကွယ်တံတိုင်းကို ကြည့်ရင်း သူမ၏ စိတ်နှလုံး တစ်ခုလုံးက မဖော်ပြနိုင်အောင်ပင် ရှုပ်ထွေး တုန်လှုပ်နေခဲ့သည်။
သူမက အားအင်ကုန်ခမ်းကာ အက်ရှနေသော အသံဖြင့် တောင်ခြေကိုသာ စိုက်ကြည့်ရင်း မေးလိုက်၏။
"ထျန်းတိုက်ကျုံး ... သူ ဘာဖြစ်သွားပြီလဲ"
ဝေ့ဝူယင်က လျူယင်လန်းရှိရာသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း သွားလိုက်၏။ အတွေးနက်နေသည့် ကျန်းကျဲဝူရှုနှင့် စိတ်သက်သာရာရနေသော ဟူမေဖန်းတို့ကို ကျော်ဖြတ်ကာ သူမ၏အနားသို့ ရောက်ရှိလာခဲ့သည်။
ဝေ့ဝူယင် သူမကို ငုံ့ကြည့်လိုက်သည်။ ဝေ့ဝူယင်၏ ရင်ဘတ်အတွင်း၌ ခရာတိုမှာ တဒိတ်ဒိတ် ခုန်နေခဲ့၏။ သူ့ အသိစိတ် ပင်လယ်ထဲတွင်လည်း ဝတ်စုံနက် ဝေ့ဝူယင်၏ ဘဝမှ နာကျင်ခံစားရမှုများက ကွက်ကွက်ကွင်းကွင်း ပြန်လည် ပေါ်ပေါက်လာနေခဲ့သည်။
ထိုဘဝမှာတုန်းက လျူယင်လန်းမှာ သူ့ ခံစားချက်ကို နည်းနည်းလေးမျှပင် ဂရုမစိုက်ဘဲ သူမ၏ ကိုယ်ပိုင် ဆန္ဒအတွက် သူ့ ခန္ဓာကိုယ်ကို တစ်ကိုယ်ကောင်းဆန်ဆန် အသုံးချခဲ့သည်။ ခရာတိုကို ထုတ်ယူခဲ့သည်။ ထိုဝေဒနာက ဖော်ပြ၍ မရနိုင်လောက်အောင်ပင် နက်ရှိုင်းလှသည်။
မိမိချစ်ရသူတစ်ဦး မျက်စိရှေ့တွင် သေဆုံးသွားသည်ကို မြင်တွေ့ခဲ့ရဖူးသူများသာ ထိုခံစားချက်ကို နားလည်နိုင်ပေလိမ့်မည်။
လျူယင်လန်း အပေါ် ဝေ့ဝူယင်၏ နှလုံးသားထဲမှ မုန်းတီးမှုမှာ လောကကြီးကို ဖျက်ဆီးပစ်နိုင်သည့် မိုးကြိုး မုန်တိုင်းတစ်ခုကဲ့သို့ ပြင်းထန်လှသည်။
အားအင်ကုန်ခမ်းနေသည့် လျူယင်လန်းမှာ သူမ၏ ကိုယ်ပေါ်သို့ ကျရောက်လာသည့် သတ်ဖြတ်လိုသော အငွေ့အသက်နှင့် သေခြင်းတရား၏ အရိပ်အယောင်များကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမ၏ ရင်ဘတ်တစ်ခုလုံး မွန်းကျပ်လာပြီး ဝိညာဉ် ပြင်းထန်စွာ တုန်လှုပ်သွားကာ အသိစိတ် ပင်လယ် တစ်ခုလုံးမှာလည်း ပြိုလဲလုနီးပါး အထိ ဖြစ်သွားခဲ့၏။
သူမ စကားတစ်လုံးပင် ဟနိုင်ခြင်း မရှိတော့ဘဲ သတိလစ် မေ့မြောသွားတော့သည်။
"..."
ကျန်းကျဲဝူရှုနှင့် ဟူမေဖန်းတို့မှာ ချက်ချင်းပင် ထိတ်လန့်သွားကြ၏။ ထိုစဉ်မှာပင် ကမ္ဘာပျက်ကပ်တစ်ခု အလား ပြင်းထန်လှသော သတ်ဖြတ်လိုစိတ် အော်ရာကို ခံစားလိုက်မိလေရာ သူတို့ နှစ်ယောက်စလုံး ကျောရိုးထဲအထိ စိမ့်တက်သွားခဲ့သည်။ အကယ်၍ သူတို့သာ လောကရှန့်ထို များ မဟုတ်ပါက ကြောက်လန့်တကြားနှင့် ဆီးပင်ထွက်ကျသွားနိုင်ပေသည်။
မိန်းကလေး နှစ်ဦး တုံ့ပြန်မှု မပြုနိုင်ခင်မှာပင် ဝေ့ဝူယင်က ပြောလိုက်၏။
"ထျန်းတိုက်ကျုံး မရှိတော့ဘူး..."
ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး စုနန်ကျူး၊ ကျန့်ယန်နှင့် ကျန်ရှိသူများ၏ တိုက်ပွဲဖြစ်စဉ်အားလုံးကို ပြသလိုက်၏။
ထျန်းတိုက်ကျုံး၏ ကြောက်မက်ဖွယ် လွှမ်းမိုးနိုင်သည့် စွမ်းအားနှင့် အဆုံးမဲ့ ခရီးသွား နယ်မြေသားများ ခက်ခဲစွာ ရုန်းကန်ရမှုများကို အရှိအတိုင်း မြင်တွေ့လိုက်ရသည်။
တိုက်ပွဲတစ်လျှောက်လုံးတွင် ထျန်းတိုက်ကျုံးမှာ လုံးဝ အသာစီး ရနေခဲ့ပြီး ရန်သူ အားလုံးကို သုတ်သင်နိုင်လုနီးပါး အခြေအနေ အထိ ရောက်ရှိခဲ့သည်။
သို့သော်လည်း... ဝေ့ဝူယင်နှင့် ပိုင်လင် တို့ ရောက်ရှိလာချိန်တွင်မူ... ထျန်းတိုက်ကျုံး၏ ကျရှုံးမှုမှာ ကောင်းကင်ဘုံက ပြဋ္ဌာန်းလိုက်သကဲ့သို့ ပြတ်သားလွန်းလှသည်။
ထျန်းတိုက်ကျုံး၏ ခန္ဓာကိုယ်မှာ မြေမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ စိုးမိုးခဲ့သည့် ခေတ်သမယမှာလည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ရလေပြီ ဖြစ်သည်။ သူ မည်မျှပင် အစွမ်းထက်စေကာမူ နောက်ဆုံး ဝေ့ဝူယင်၏ ရှေ့မှောက်တွင် ဒူးထောက်ကာ အသေခံရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ပေ။
ကျန်းကျဲဝူရှုမှာ ထိုတိုက်ပွဲကို သူမ၏ ဉာဏ်စွမ်းရှိသမျှ အသုံးပြု၍ ခွဲခြမ်းစိတ်ဖြာနေပြီး ဟူမေဖန်းမှာမူ ငေးမောကြည့်ရှုရင်း အသက်ရှူသံများ ပြင်းထန်စွာဖြင့် ရပ်နေခဲ့သည်။ ထျန်းတိုက်ကျုံးမှာ ပြိုင်စံရှား ပုဂ္ဂိုလ် တစ်ယောက် ဟု ထင်ရသော်လည်း ဝေ့ဝူယင်က ထိုပုံရိပ်ကို အစအနမကျန် ဖျက်ဆီးပစ်နိုင်ခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဝေ့ဝူယင်မှာ လျူယင်လန်း၏ သတိလစ်နေသော ခန္ဓာကိုယ်ကို စိုက်ကြည့်နေမိ၏။ သူ့ မျက်ဝန်းထဲမှ သတ်ဖြတ်လိုသော အရိပ်အယောင်များမှာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့လေသည်။
အချိန်၏ ကုစားမှုမှာ ဆန်းကြယ် လွန်းလှသည်။ ဝေ့ဝူယင် အချိန်မြစ် အတွင်းမှ ထွက်လာခါစတုန်းက လျူယင်လန်းကို အလွန့် အလွန်ပင် မုန်းတီးခဲ့သည်။ အကြိမ်ကြိမ် အဖန်ဖန် သတ်ဖြတ်လိုခဲ့သည်။ အဆုံးမဲ့ နှိပ်စက်မှုများ ပေးလိုခဲ့သည်။ အချိန်လေပွေ အတွင်းတွင် သူ ထောင်ချောက် တစ်ခု ဆင်၍ပင် စောင့်နေခဲ့သည်။ ရှုယုမှာ ကံဆိုးစွာပင် လျူယင်လန်း အစား ထိုထောင်ချောက် အတွင်း သက်ဆင်း သတ်ဖြတ် ခံခဲ့ရသည်။
သို့သော်လည်း... အချိန်တစ်ခု ကြာမြင့်လာခဲ့ပြီး နောက်တွင်တော့ ဝတ်စုံနက် ဝေ့ဝူယင်မှာ ယခုဘဝမှသူ မဟုတ်ကြောင်း ဆင်ခြင်မိလာခဲ့သည်။ မတူညီသည့် ဘဝ နှစ်ခုကို အတင်း ပေါင်းစပ်ဖို့ ကြံစည် နေပါက သူ၏ ကိုယ်ပိုင် လက္ခဏာများ ပျောက်ဆုံးသွားပေလိမ့်မည်။
ယခုလက်ရှိ လျူယင်လန်းမှာလည်း ထိုလျူယင်လန်း မဟုတ်ပါချေ။ သူ့ကို အကြိမ်ကြိမ် အဖန်ဖန် နှိပ်စက် သတ်ဖြတ်ဖို့ စိတ်ကူး ရှိသည်ထားဦး...။ ယခု ဘဝ၌ ဘာကိုမှ မကျူးလွန်ရသေးချေ။
ဝေ့ဝူယင်နှင့် ဝတ်စုံနက် ဝေ့ဝူယင်တို့ လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းများမှာ အခြေခံအားဖြင့် ကွဲပြား ခြားနားပေသည်။ ဝေ့ဝူယင်မှာ ယခု လျူယင်လန်းနှင့် မတူညီသည့် အခြေအနေ၊ မတူညီသည့် အချိန်စီးကြောင်းတွင် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ ပြုလုပ်မည့် ရွေးချယ်မှုများသည်လည်း ထိုလျူယင်လန်းနှင့် ကွဲပြားနိုင်ပေသည်။
ဝေ့ဝူယင် ထိုအရာကို ဆင်ခြင်နိုင်ပေသည်။ သို့သော်ငြားလည်း သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများက သူ့နှလုံးသားကို စိုးမိုးနေဆဲပင်။
***