လျူယင်လန်းနှင့် ရင်ဆိုင်ခြင်း (၃)
Vol. 132 Ch. 1837
"ဟင်..."
လျူယင်လန်း၏ စိတ်အစဉ်က တစ်ဖန် ကြည်လင်လာပြန်၏။ ဘာတွေ ဖြစ်နေတာပါလိမ့်။ ယခုအခါ သူမမှာ ဝိညာဉ်ကြေမုံ တစ်ခုမှ တစ်ဆင့် ကာကွယ်သူမြို့တော်တါင် ဖြစ်ပျက်နေသည်များကို ကြည့်ရှုနေခြင်း ဖြစ်သည်။ ထိုနေရာတွင် သူမ၏ ဩဇာအာဏာနှင့် လွှမ်းမိုးမှုတို့မှာ များစွာ နည်းပါးသည် ဆိုသော်လည်း အခြေအနေကို စောင့်ကြည့်နိုင်သည့် နည်းလမ်း တစ်ချို့တော့ ရှိနေသေးဆဲ ဖြစ်သည်။ ဝေ့ဝူယင်နှင့် လျူစုယင်တို့၏ ခရီးစဉ်ကို သူမ လိုက်လံ ကြည့်ရှုနေခြင်း ဖြစ်၏။
လျူစုယင်၏ မျိုးရိုးနောက်ခံနှင့် ပတ်သက်နေသည့် စကားဝိုင်းကိုပင် သူမ ကြားလိုက်ရသည်။ လျူစုယင်မှာ အာကာသ လမ်းစဉ်၌ ထူးခြားသည့် ပါရမီကို ပိုင်ဆိုင်ထားလေရာ အာကာသ ဝိညာဉ်ကို ကျင့်ကြံဖို့ သင့်တော်သူ ဖြစ်သောကြောင့် လျူယင်လန်းမျာ သူမကို လျူကလန်မှ ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်သည်။
လျူယင်လန်းမှာ လျူစုယင်ကို သူမ၏ သမီးအရင်းကဲ့သို့ပင် ပြုစုပျိုးထောင်ခဲ့သည်။ လျူစုယင်၏ တစ်ခုတည်းသော အားနည်းချက်မှာ စိတ်လှုပ်ရှား လွယ်ခြင်းနှင့် အရေးကြီးသည်ဟု ထင်ရသော အရာများအပေါ် အလွန်အမင်း စိတ်ထက်သန်လွန်းခြင်း ဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းဖို့ အတွက် လျူယင်လန်းက သူမကို 'စိတ်ဝိညာဉ် ကိုယ်ပွား' နည်းလမ်းအား ကျင့်ကြံခိုင်းပြီး သူမ၏ စိတ်ကို တည်ငြိမ်စေခဲ့ခြင်း ဖြစ်၏။ ၎င်းမှာ ကြီးမားသည့် စွန့်လွှတ် စတေးမှု ဖြစ်သော်လည်း လျူစုယင်ကိုယ်တိုင်က လိုလိုလားလား လက်ခံခဲ့ခြင်း ဖြစ်သည်။ ယခုအခါ... ထိုမိန်းကလေးမှာ အားကိုးထိုက်သော ကျင့်ကြံသူ တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
ဝေ့ဝူယင်နှင့် လျူစုယင်တို့နှစ်ဦး၏ အာကာသ သဘောတရားဆိုင်ရာ ဆွေးနွေးမှုများကို နားထောင်ရင်း လျူယင်လန်း၏ ရင်ထဲတွင် အံ့ဩတုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ဝေ့ဝူယင်၏ ထိုးထွင်းသိမြင်မှုများမှာ အံ့မခန်းလောက်အောင် ထူးကဲလှလေရာ သူမ၏ နေရာကို အစားထိုးနိုင်မည့်သူမှာ ဝေ့ဝူယင်သာလျှင် ဖြစ်ကြောင်း သူမ ပိုမို ယုံကြည်လာမိသည်။
ဝေ့ဝူယင်နှင့် လျူစုယင်တို့မှာ ‘ကာကွယ်သူ မြို့တော်'၊ ‘အထွတ်အမြတ် စာကြည့်တိုက်' နှင့် ‘အနန္တ အသွင်ပြောင်းခြင်း အကယ်ဒမီ’ သို့ အသီးသီး ဝင်ရောက်ခဲ့ကြသည်။ အနန္တ အသွင်ပြောင်းခြင်း အကယ်ဒမီတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက လျူယင်လန်း၏ မျက်ဝန်းများကို တဖိတ်ဖိတ် တောက်ပလာစေခဲ့သည်။ ဝေ့ဝူယင်မှာ အာကာသ လမ်းစဉ်တွင် အံ့အားသင့်ဖွယ် ကျင့်ကြံသူ တစ်ဦး ဖြစ်ရုံသာမက အဂ္ဂိရတ် ဝိညာဉ် မရှိပါဘဲနှင့်ပင် အကယ်ဒမီမှ ထိပ်တန်း ပါရမီရှင်များကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေခဲ့သည်။ ထိုလူငယ်လေး၏ တောက်ပမှုများက အဆုံးအစ မရှိပေ။
အခြားသူများ အနေဖြင့် ဝေ့ဝူယင်နှင့် ထျန်းရှောင်လော့တို့ကြားမှ လျှို့ဝှက်ပြိုင်ပွဲ၏ ရလဒ်ကို မမြင်နိုင်သော်လည်း သူမမူ အလုံးစုံ သိရှိနေခဲ့သည်။ ဝေ့ဝူယင်မှာ ကောင်းကင်နှင့် ကံတရား၏ ကောင်းချီးကို ရရှိထားသကဲ့သို့ သာလွန်ခြင်း အဆင့် ရှိသော ဆေးလုံးကို ဖော်စပ်ကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း... လျူယင်လန်းမှာ ထျန်းရှောင်လော့ကဲ့သို့ အယုံလွယ်သူ မဟုတ်သဖြင့် ဝေ့ဝူယင်၏ ပါးနပ်မှုကို ရိပ်မိခဲ့သည်။ သူမ၏ အမြင်တွင် ဝေ့ဝူယင်မှာ ထျန်းရှောင်လော့ထက် များစွာ သာလွန်လှပြီး ထိုအချက်ကို တမင်တကာ ဖုံးကွယ်ထားခြင်းသာ ဖြစ်သည်။
၎င်းမှာ ပုစ္ဆာအားလုံးကို မှားအောင် ဖြေဆိုခဲ့သည့် ကျောင်းသားတစ်ဦး၏ လုပ်ရပ်နှင့် ဆင်တူလှပေသည်။ အဖြေမှန်အားလုံးကို ကြိုတင်သိရှိထားသည့်အပြင် မိမိကိုယ်ကိုယ် အကြွင်းမဲ့ ယုံကြည်မှုရှိမှသာလျှင် ထိုကဲ့သို့ အမှားချည်းသက်သက် ရွေးချယ်နိုင်သည့် ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်နိုင်ပေသည်။
ဝေ့ဝူယင် အနန္တ မိုင်ချီ စာကြည့်တိုက်သို့ ရောက်ရှိလာခဲ့ခြင်းက သူမ၏ သံသယများကို ပိုမိုခိုင်မာစေခဲ့သည်။ လူငယ်လေးမှာ စာကြည့်တိုက် အတွင်းရှိ အဂ္ဂိရတ်ပညာရပ် အားလုံးကို လေ့လာခွင့်ရရန်အတွက် သာလွန်ခြင်း အရည်အသွေးရှိသည့် အဂ္ဂိရတ် ထုတ်ကုန် မြောက်မြားစွာကို ပေးအပ်ခဲ့သည်။
"ပြင်ပလောကက သတင်းတွေက အမှန်ပဲကိုး... သူက အဂ္ဂိရတ် တာအိုမှာ အံ့မခန်း ပါရမီပါတာပဲ... တကယ်လို့ သူသာ အဂ္ဂိရတ် လမ်းစဉ်ကိုပဲ ရွေးချယ်ခဲ့ရင် တစ်နေ့မှာ ထာဝရ ဧကရာဇ်ရဲ့ အောင်မြင်မှုတွေကိုတောင် ယှဉ်နိုင်မှာ... နောက်ပြီး သူ့မှာ ငွေရောင်မျက်ဝန်းတွေ ရှိနေတာပဲ..."
ထာဝရ ဧကရာဇ်၏ ဘုန်းကျက်သရေ တောက်ပလှသော ငွေရောင်မျက်ဝန်းများအကြောင်းကို ပြန်လည် တွေးတောမိသောအခါ ဝေ့ဝူယင်မှာ သူနှင့် မျိုးရိုးချင်း ဆက်နွှယ်မှု ရှိနိုင်သည်ဟု လျူယင်လန်း ထင်မြင်မိသွားသည်။ သို့သော်လည်း... အခွင့်အလမ်း အလွန်နည်းပါးလှသည်ဟု သူမ ယူဆမိသည်။
ထာဝရ ဧကရာဇ် ချိပ်ပိတ်နယ်မြေမှ ထွက်ခွာသွားခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... အဆိုပါ ပုဂ္ဂိုလ်ကြီးမှာ မိဘမဲ့၊ သားသမီးမဲ့ တစ်ကောင်ကြွက်သမား အဖြစ် လူသိများပေသည်။ ထို့အပြင်... ဝေ့ဝူယင်၏ ငွေရောင်မျက်ဝန်းမှာ မျိုးရိုးလိုက်ခြင်းလော သို့မဟုတ် ကျင့်စဉ်ကြောင့်လော ဆိုသည်ကို ခွဲခြားရန် ခဲယဉ်းလှပေသည်။
ထို့နောက်... ဝေ့ဝူယင်၊ ချောင်စွေ့ဖုန်းနှင့် လျူစုယင်တို့မှာ အနန္တ အသွင်ပြောင်းခြင်း အကယ်ဒမီ၏ ၇၇ ထပ်မြောက်သို့ ဝင်ရောက် သွားကြသည်။ ထိုနေရာ၏ လုံခြုံရေး အစီအရင်ကို အကယ်ဒမီအား အသိမပေးဘဲ ကျူးကျော်ရန် သူမ မရည်ရွယ်ခဲ့သော်လည်း...
ရုတ်တရက် လျူစုယင်၏ အသက်အဆောင်ထံမှ ပြင်းထန်သော တုန်ခါမှုများကို သူမ ခံစားလိုက်ရသည်။ စိုးရိမ်စိတ်နှင့် စူးစမ်းလိုစိတ်တို့ကြောင့် သူမ အကယ်ဒမီ၏ လုံခြုံရေးစနစ်ကို ရှောင်ကွင်းကာ ထိုအခန်းတွင်းသို့ ခိုးယူကြည့်ရှုမိလေသည်။
ထိုအခါ သူမ မြင်လိုက်ရသည့် မြင်ကွင်းက အလွန်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။ ဝေ့ဝူယင်နှင့် ချောင်စွေ့ဖုန်းတို့မှာ စိတ်ဇောအဟုန် ပြင်းစွာဖြင့် ငြိတွယ်နေကြသည်ကို သူမ တွေ့လိုက်ရ၏။ အဝေးမှ ကြည့်နေရရုံမျှနှင့်ပင် လျူယင်လန်း၏ ခန္ဓာကိုယ်မှာ ပူထူလာပြီး ချောင်စွေ့ဖုန်းအတွက် စိုးရိမ်စိတ်များ ဝင်လာမိသည်။
သို့သော် ချောင်စွေ့ဖုန်းမှာ နာကျင်နေပုံမရဘဲ သူမ၏ မျက်ဝန်းများ အတွင်းတွင် လျူယင်လန်း တစ်သက်နှင့် တစ်ကိုယ် မခံစားဖူးသည့် ကာမသုခ အရသာများကို မြင်တွေ့နေရသည်။ လျူစုယင်ပင်လျှင် ငေးမောကြည့် နေမိပြီး နာရီအနည်းငယ်အကြာတွင်တော့ ဝေ့ဝူယင်မှာ လျူစုယင်ကိုပါ သိမ်းပိုက်လိုက်လေတော့သည်။ အခန်းတွင်း၌ ညည်းညူသံများနှင့် တောင်းပန်တိုးလျှိုးသံများ ပြည့်နှက်သွားချိန်တွင် လျူစုယင်၏ စိတ်ဝိညာဉ် ကိုယ်ပွား ကျင့်စဉ်မှာလည်း စိတ်လှုပ်ရှားမှုများအောက်တွင် လုံးဝ ပြိုကွဲသွားခဲ့ရတော့သည်။
လျူယင်လန်းမှာ မျက်နှာလွှဲထားသင့်သည်ကို သိသော်လည်း သူမ၏ ခန္ဓာကိုယ်က အလိုအလျောက် လှုပ်ရှားလာကာ လက်ချောင်းများမှာ ဝတ်ရုံအောက်သို့ ရောက်ရှိသွားလေသည်။
"အဲဒါက... အင်း..."
သူမ၏ မျက်ဝန်းများမှာ ဝေဝါးလာပြီး ကိုယ်တိုင်ကိုယ်ကျပင် ထိုသားရဲကြီး၏ ကျူးကျော်မှုကို ခံနေရသယောင် စိတ်ကူးယဉ် အာရုံထဲ၌ နစ်မျောသွားခဲ့တော့၏။
...
အပြင်လောကတွင်တော့ ဝေ့ဝူယင်မှာ လျူယင်လန်း၏ ခန္ဓာကိုယ်ထက်၌ အပူချိန်များ တိုးလာနေသည်ကို အေးစက်စွာ စောင့်ကြည့်နေခဲ့သည်။ သူမက သူ့ ပုံရိပ်ယောင် မျက်လုံးအောက်တွင် ပြင်းထန်သည့် ကာမစိတ်များကို ထုတ်လွှတ်နေသော်လည်း ဝေ့ဝူယင်ကတော့ သူမ၏ ဆွဲဆောင်မှုရှိသော လှုပ်ရှားမှုများအပေါ် အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိပေ။ ဝေ့ဝူယင်မှာ သူမ၏ မှတ်ဉာဏ်များကို ပြန်လည်နှိုးဆွပေးရင်း သူမ အမှန်တကယ် ခံစားနေရသည်ဟု ထင်မှတ်အောင် ဖန်တီးနေခြင်း ဖြစ်သည်။
အဆုံးမဲ့ ခရီးသွား နယ်မြေမှာတုန်းက သူ အမြဲတမ်း အန္တရာယ်ရှိနေသည်ဟု ခံစားခဲ့ရခြင်းမှာ မဆန်းတော့ပေ။ လျူယင်လန်းက သူ့ကို အမြဲမပြတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း... ယခုအခါတွင်မူ ဇာတ်လမ်းကို ပြောင်းလဲရမည့်အချိန် ရောက်ပြီဖြစ်သည်။
တစ်ချိန်တည်း၌... လောကရှန့်ထိုနှစ်ဦးမှာမူ ဝေ့ဝူယင်၏ လျှို့ဝှက်ဆန်းကြယ်လှသည့် စွမ်းအားကို ကြည့်ကာ မှင်သက်နေမိကြ၏။ ကျန်းကျဲဝူရှုကတော့ မသိမသာ မျက်မှောင်ကြုတ် နေခဲ့သည်။ လျူယင်လန်းမှာ ပြင်းထန်သည့် မိန်းမော တွေဝေခြင်း အောက်သို့ ရောက်နေသည်ကို သူမ သိသော်လည်း ၎င်းက သူမ သိထားသည့် ဝိညာဉ်ကျင့်စဉ်မျိုး မဟုတ်ချေ။ အခြား တစ်ဖက်တွင်မူ ဟူမေဖန်းမှာ ဝေ့ဝူယင် အတားအဆီးကို ဖယ်ရှားပေးလိုက်ပြီးနောက် ပြင်ပလောကကိုသာ အေးအေးလူလူ ကြည့်ရှုနေခဲ့သည်။
သူမက အမွှာ မီးပြတိုက် နယ်မြေကို လှမ်းကြည့လိုက်ရာ စုနန်ကျူးနှင့် ကျားယန်တို့၏ အော်ရာများမှာ မောပန်း နွမ်းနယ်နေသော်လည်း ကျန်းမာစွာ ရှိနေသေးသည်ကို တွေ့မြင်ရသဖြင့် စိတ်သက်သာရာ ရသွားခဲ့သည်။ ဝေ့ဝူယင် လိမ်ညာခဲ့ခြင်း မဟုတ်ပေ။ သူက ထျန်းတိုက်ကျုံးကို အမှန်တကယ်ပင် ကိုင်တွယ်ဖြေရှင်းခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့်ပင်... သူမက ဤနေရာ၌သာ စောင့်ဆိုင်းကာ လျူယင်လန်း ဘာဆက်ဖြစ်မည်ကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
...
"ဒါက အချိန်ကောင်း မဟုတ်မှန်း ငါသိပါတယ်... မင်း ဘာကို လိုချင်တာလဲ... မင်းရဲ့ ခံစားချက်တွေက ဘာလဲဆိုတာကို သိအောင် ငါ ဒီထက် အချိန်တွေ ပိုပြီး ကြာကြာ နေချင်ပါသေးတယ်... တကယ်ကို နေချင်တာပါ... ဒါပေမဲ့ ငါ မနေနိုင်တော့ဘူး"
"မင်းကို မေးချင်တဲ့ မေးခွန်းတွေ အများကြီးရှိပေမဲ့ ငါ ထပ်ပြီး မစောင့်နိုင်တော့ဘူး"
"ငါတို့ ပြန်ဆုံကြဦးမှာပါ..."
လျူယင်လန်းမှာ အချိန်အတော်ကြာအောင် အိပ်စက်ခြင်း မရှိခဲ့ချေ။ သို့သော်လည်း... ယခုအခါ သူမ တစ်ကိုယ်တည်း အာသဖြေ အပြီးတွင် မမျှော်လင့်ဘဲ အိပ်ငိုက်လာမိသည်။
ရုတ်တရက် သူမ၏ မှော်ကြေးမုံမှတစ်ဆင့် ထူးခြားသည့် အာကာသလှိုင်းများကို ခံစားလိုက်ရသဖြင့် သူမ ချက်ချင်း လန့်နိုးသွားခဲ့သည်။ လျူယင်လန်း အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ စွမ်းအားကို ချက်ချင်း ထုတ်ယူလိုက်၏။ ပုံမှန်ဆိုလျှင် သူမမှာ အခြေအနေကို အသေအချာ မစစ်ဆေးဘဲ ဤစွမ်းအားကို သုံးလေ့မရှိသော်လည်း ယခုမူ စိုးရိမ်စိတ်က သူမကို အတင်းအကြပ် တွန်းအားပေးနေခဲ့သည်။
ခဏချင်းတွင်ပင် သူမ ဝေ့ဝူယင်၏ တည်နေရာကို ရှာဖွေတွေ့ရှိသွား၏။ သူမသည် သူ့ကို ထိုနေရာ၌ပင် ချုပ်နှောင်လိုက်ပြီး မည်သည့် အာကာသ ခုန်ကူးခြင်းနှင့် ဟင်းလင်းပြင် ရွှေ့လျားခြင်းမျှ မလုပ်နိုင်အောင် တားဆီးလိုက်သည်။
ဝှစ်...
သူမက လက်တစ်ချက် ဝေ့ယမ်းလိုက်ကာ သန့်စင်သည့် ရေလှိုင်းများနှင့် မိမိကိုယ်ကို သန့်စင်ပြီး ဝတ်စုံ တစ်စုံကို လျင်မြန်စွာ ဝတ်ဆင်လိုက်၏။ ထို့နောက်... သူမ ချက်ချင်းပင် ကာကွယ်သူ မြို့တော်ဆီသို့ အပြင်းနှင် ထွက်ခွာသွားလေတော့သည်။
***