← Chapters

လျူယင်လန်းနှင့် ရင်ဆိုင်ခြင်း (၅)

Vol. 132 Ch. 1839

လျူယင်လန်းနှင့် ရင်ဆိုင်ခြင်း (၅)

Vol. 132 Ch. 1839

ထိုဝေ့ဝူယင်မှာ သူ့ အဂ္ဂိရတ် ပါရမီကို လျူယင်လန်းနှင့် လျူစုယင်တို့ထံမှ ဖုံးကွယ်မထားခဲ့ပေ။ လျှို့ဝှက်ချက်အား ထိန်းသိမ်းပေးဖို့ အတွက် ထိုမိန်းကလေး နှစ်ဦးကို သစ္စာဆိုခိုင်းပြီးနောက် ဝေ့ဝူယင် သူ့ စွမ်းရည်များကို ထုတ်ဖော်ပြသခဲ့သည။

ဆေးလုံးအချို့ကို အလွယ်တကူ ဖော်စပ်ပြလိုက်ရုံဖြင့် ဝေ့ဝူယင် သူတို့၏ ထောက်ခံမှုကို ရရှိခဲ့သည်။ ထို့ပြင် သူ့ ခန္ဓာကိုယ်ထဲ၌ သင်္ကေတ ရှိနေသည်ကို သိကြောင်း အရိပ်အမြွက် ပြောပြခြင်းဖြင့် လျူယင်လန်း၏ သံသယကိုလည်း လျှော့ချပစ်ခဲ့သည်။

လျူယင်လန်းကတော့ သိပ်ဂရုမစိုက်ဘဲ ထိုသင်္ကေတကို ဖယ်ရှားပေးလိုက်ပြီဟု လိမ်ညာကာ စင်စစ်တွင် ပိုမို နက်ရှိုင်းစွာ ဝှက်ထားလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း... ပုံရိပ်ယောင် မျက်လုံး ကမ္ဘာအတွင်းမှ ဝေ့ဝူယင်မှာ ၎င်းကို ဖယ်ရှားရန် နည်းလမ်းများစွာကို ပိုင်ဆိုင်ထားလေရာ ဂရုမစိုက်ပါချေ။ ထိုသင်္ကေတ ရှိနေခြင်းကပင်လျှင် သူ့အား အခြေအနေကို စောင့်ကြည့်ရန်နှင့် လိုအပ်ပါက လျူယင်လန်းအား ဆက်စပ်မှု စစ်အလံဖြင့် ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး ပေးထားသကဲ့သို့ ဖြစ်နေသည်။

ဝေ့ဝူယင်၏ အဂ္ဂိရတ် စွမ်းရည်များမှာ အနှိုင်းမဲ့လှသဖြင့် လျူယင်လန်းကို အံ့အားသင့်စေခဲ့သည်။ ဝတ်စုံနက် ဝေ့ဝူယင်မှာ ကျင့်ကြံခြင်း လမ်းစဉ်တွင် အဂ္ဂိရတ် တာအိုကို အရံ အဖြစ်သာ သုံးခဲ့လေရာ ပါရမီ များစွာ ဆုံးရှုံးခဲ့ရသော်လည်း ယခု ဝေ့ဝူယင်ကတော့ ခြားနားလှပေသည်။

နောက်ဆုံးတွင် ဝေ့ဝူယင်၏ ထူးကဲသော စွမ်းရည်များကြောင့် လျူယင်လန်း၏ စိတ်ကူးများမှာလည်း အံ့ဩဖွယ်ရာ ပြောင်းလဲလာခဲ့သည်။ သူမက ဝေ့ဝူယင်ကို မိမိလွတ်မြောက်ရေးအတွက် အစားထိုးသူအဖြစ် သုံးမည့်အစား... ဝေ့ဝူယင်၏ အကူအညီဖြင့် မိမိ၏ ကျင့်ကြံခြင်းကို မြှင့်တင်ရန် စတင် စဉ်းစားလာတော့သည်။ ထိုသို့ဆိုလျှင်... ကလဲ့စားချေဖို့ အခွင့်အလမ်းလည်း မြင့်မားလာပေလိမ့်မည်။

မကြာမီမှာပင် ရဲ့ကျိလင်မှာလည်း ဝေ့ဝူယင်၏ အကူအညီဖြင့် လိုအပ်ချက်များ ပြည့်စုံလာကာ အာကာသ ဝေဟင်ဂိုဏ်း၏ ဂိုဏ်းချုပ် ရာထူးကိုပင် ဆက်ခံတော့မည် ဖြစ်သည်။ လျူယင်လန်းသည်လည်း ဝေ့ဝူယင်၏ ကျေးဇူးကြောင့် လွတ်လပ်ခွင့် ရတော့မည် ဖြစ်၏။ လျူစုယင်၏ စိတ်ဝိညာဉ် ကိုယ်ပွား နည်းလမ်း မှာလည်း ဝေ့ဝူယင်၏ ရှေ့မှောက်၌ အလုပ်မဖြစ်တော့သဖြင့် သူမက အခြားသော လမ်းစဉ်ကို ရွေးချယ်ကာ ဝေ့ဝူယင်နှင့် အတူ အဆုံးမဲ့ ကောင်းကင်အောက်၌ ခရီးနှင်ဖို့ ဆုံးဖြတ်လိုက်လေတော့သည်။ ၎င်းမှာ လုံးဝခြားနားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

အရေးကြီးဆုံး ရလဒ်က... ဤအချိန်စီးကြောင်းရှိ လျူယင်လန်းမှာ ဝေ့ဝူယင်၏ သွေးမျိုးဆက်ကို အတင်းအကြပ် ရယူရန် ကြိုးပမ်းခြင်း မရှိတော့သလို၊ သူ့ကို အာကာသ ဝေဟင်ဂိုဏ်းချုပ် အဖြစ် အတင်း အဓမ္မ ခန့်အပ်၍ ရှေးဟောင်း ချိပ်ပိတ် နယ်မြေ အတွင်း ချုပ်နှောင်ထားဖို့ ရည်ရွယ်ခြင်းမျိုးလည်း မရှိတော့ခြင်းပင်။

ထိုဝေ့ဝူယင်မှာ နောင်တစ်ချိန်တွင် အချိန်လေပွေ အတွင်း ဝင်ရောက်ကာ လောကီ မျက်လုံး အဆင့် ကပ်ဘေးကို ဖြတ်ကျော်လိမ့်မည် ဖြစ်ပြီး စစ်မှန်သည့် အချိန်သခင် တစ်ဦး ဖြစ်လာပေလိမ့်မည်။ ထိုအချိန်သို့ ရောက်လျှင် လူငယ်မှာ အခြား အချိန်စီးကြောင်းမှ သူ၏ မှတ်ဉာဏ်များကို ပြန်လည် ရှာဖွေတွေ့ရှိပေလိမ့်မည်။

"..."

ထိုဘဝမှ ဝေ့ဝူယင်မှာ လျူယင်လန်းအပေါ် သံသယနှင့် နာကျည်းမှုများ ရှိနေပြီး ကလဲ့စားချေရန် ကြံစည်နေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးတော့ပေ။

ယခုမျက်မှောက်ဘဝမှ လျူယင်လန်းမှာ ဝေ့ဝူယင်ကို မိတ်ဆွေတစ်ဦးအဖြစ်သာ သဘောထားခဲ့ပြီ ဖြစ်ရာ သူ့ကို ကျိန်စာများနှင့် ချည်နှောင်ခြင်း သို့မဟုတ် ဂိုဏ်းချုပ်ရာထူးဖြင့် အကျပ်ကိုင်ခြင်းမျိုး ဘယ်တော့မှ ဖြစ်မလာနိုင်တော့ပေ။

ပုံရိပ်ယောင် မျက်လုံးကမ္ဘာထဲမှ နောက်ဆုံး မှတ်ဉာဏ်တွင် လျူယင်လန်းမှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ အပေါက်ငယ်လေးမှ တစ်ဆင့် ပြင်ပလောကမရှိ ကြယ်တာရာများကို ငေးမော ကြည့်ရှုနေခဲ့သည်။ သူမ၏ လက်တစ်ဖက်တွင် အာဏာ၊ အလှတရားတို့ဖြင့် တောက်ပနေသည့် ညီအစ်မ ဖြစ်သူ၏ ငယ်စဉ်က ပုံရိပ်ပါသော ဝိညာဉ်ကျောက်စိမ်းကို ဆုပ်ကိုင်ထား၏။ သူမ၏ ရင်ထဲတွင်တော့ လွတ်လပ်ခွင့်နှင့် ကလဲ့စားချေလိုသော ဆန္ဒများ ပြင်းပြစွာ စီးဆင်းနေခဲ့သည်။ အခြား လက်တစ်ဖက်တွင်တော့ သူမက ဆေးတောင့်တစ်လုံး ပါရှိသော ဆေးပုလင်းကို ကိုင်ထားလေသည်။

"သူ ငါ့အနားမှာ ရှိနေသရွေ့... တစ်နေ့နေ့တော့ နင့်ကို ငါ ကယ်တင်မှာပါ..."

ယခု သူမ အပါးတွင် ဒုတိယမြောက် ထာဝရ ဧကရာဇ် ဖြစ်လာနိုင်ခြေရှိသူ ရှိနေပြီဖြစ်ရာ လျူယင်လန်းအတွက် ဆိုးယုတ်သည့် အစီအစဉ်များ မလိုအပ်တော့ချေ။ သူမ လုပ်ဖို့ လိုအပ်သမျှက ဝေ့ဝူယင်၏ နှလုံးသားကို ဖမ်းစားနိုင်ရန်သာ ဖြစ်လာသည်။ ထို့နောက် ဝေ့ဝူယင်၏ အကူအညီနှင့် အတူ သူမ၏ ညီအစ်မ ဖြစ်သူကို ဤစွန့်ပစ်ခံ လှောင်အိမ်ကြီးအတွင်းမှ ကယ်ထုတ်ကာ အဆုံးမဲ့လှသော ပြင်ပကမ္ဘာကြီးသို့ ခေါ်ဆောင်သွားနိုင်မည်ဟု သူမ ယုံကြည်ထားသည်။ ထိုအခြေအနေကို အတည်ပြုဖို့ အတွက်လည်း သူမ ဆုံးဖြတ်လိုက်၏။

သေမျိုးပြန်လည် ဆေးတောင့်ကို ဆုပ်ကိုင်ရင်း မျှော်လင့်ချက် အလင်းရောင်တို့ တဖိတ်ဖိတ် တောက်ပနေသည့် မျက်ဝန်းများနှင့် အတူ ဝေ့ဝူယင်၏ အခန်းတံခါးရှေ့တွင် သူမ ရပ်နေလေတော့သည်။

ထို့နောက်... ကမ္ဘာကြီးတစ်ခုလုံး မှောင်အတိ ကျသွား၏။ ပုံရိပ်ယောင် မျက်လုံး ကမ္ဘာအတွင်းရှိ အချိန်စီးကြောင်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

...

ဤအချိန်စီးကြောင်းမှ လျူယင်လန်းအပေါ် ကလဲ့စားချေလိုသည့် ဝေ့ဝူယင်၏ ဆန္ဒများမှာ ပူပြင်းသော နွေရာသီမှ နှင်းမြူများကဲ့သို့ပင် လုံးဝ ဥဿုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း အခြားသော ဘဝလမ်းကြောင်းမှ လျူယင်လန်းအပေါ် ထားရှိသည့် သူ၏ ဒေါသနှင့် နာကျည်းမှုများမှာမူ လျော့ပါးသွားခြင်း မရှိပေ။

ဤဘဝမှ လျူယင်လန်းမှာ ခြားနားသည့် လမ်းကြောင်းသစ်ကို ရွေးချယ်ခဲ့သော်လည်း အခြားဘဝမှ လျူယင်လန်းမှာမူ ယုတ်မာမှုများကို ကျူးလွန်ခဲ့ပြီး ဖြစ်လေရာ ဝေ့ဝူယင်၏ ရင်ထဲ၌ ကိန်းအောင်းနေသည့် ဒေါသမီးမှာ တစ်နေ့တွင် ပေါက်ကွဲထွက်ရန် အသင့် စောင့်ကြိုနေဆဲ ဖြစ်သည်။

ပုံရိပ်ယောင် မျက်လုံး၏ စွမ်းအားများ ပြန်လည် ရုပ်သိမ်းသွားသည့်အခါ လျူယင်လန်းမှာ တဖြည်းဖြည်း နိုးထလာ၏။ သူမမှာ မှတ်ဉာဏ် နှစ်မျိုးကြားတွင် ရောက်ရှိနေလေရာ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရ၏။ လက်တွေ့မှတ်ဉာဏ်နှင့် ပုံရိပ်ယောင် မျက်လုံး ကမ္ဘာတို့မှ မှတ်ဉာဏ်များ သူမ၏ ဦးနှောက်ထဲသို့ စီးဝင်လာသည်။ သူမ၏ လက်ချောင်းများမှာ သေမျိုးပြန်လည် ဆေးတောင့် ပါသည့် ဆေးပုလင်းကို ရှာဖွေနေသကဲ့သို့ အလိုအလျောက် ဆုပ်ကိုင်မိသွား၏။

လျူယင်လန်း၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ အသာအယာ ပြန်လည် ကျဆင်း သွားခဲ့သည်။ စွမ်းအင်များ အတန်ငယ် ပြန်လည် ပြည့်ဝလာသဖြင့် သက်သောင့်သက်သာ အသက်ရှူနိုင်သည်ကို လျူယင်လန်း သတိပြုလိုက်မိသည်။ သူမ၏ အကြည့်များက ရှေ့တွင် ပြုံးလျက် ရပ်နေသည့် ဝေ့ဝူယင်ထံသို့ ရောက်ရှိသွား၏။ သူမ အလွန် အံ့အားသင့်သွားခဲ့သည်။

"ခင်ဗျားရဲ့ ညီမ ဒီကို ရောက်လာပြီ... ထျန်းတိုက်ကျုံးလည်း မရှိတော့ဘူး... ခင်ဗျား ဒီအတိုင်း ဘာမှ မသိသလို ရပ်ကြည့်နေဦးမှာလား...”

ဝေ့ဝူယင်က လျူယင်လန်းကို ကျော်၍ ကောင်းကင် တရားစီရင်ရေးတောင် ဘက်သို့ ကြည့်ကာ ပြောလိုက်သည်။

"ညီမ... ထျန်းတိုက်ကျုံး... သေပြီ..."

လျူယင်လန်းမှာ မှတ်ဉာဏ်နှစ်မျိုးကြားတွင် ဇဝေဇဝါ ဖြစ်နေသဖြင့် အခြေအနေမှန်ကို နားလည်ရန် စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရ၏။ ကျန်းကျဲဝူရှုနှင့် ဟူမေဖန်းတို့ကို မြင်လိုက်ရသည့် အခါမှသာ မည်သည်က လက်တွေ့၊ မည်သည်က အိပ်မက် ဖြစ်ကြောင်း ခွဲခြားသွားနိုင်ပြီး သူမ၏ မျက်ဝန်းများမှာလည်း တဖြည်းဖြည်း တောက်ပလာခဲ့သည်။

"ရှင်... ရှင် ထျန်းတိုက်ကျုံးကို သတ်လိုက်တာလား..."

လျူယင်လန်း အော်ဟစ်လိုက်မိ၏။ ဝေ့ဝူယင်က ထိုမေးခွန်းကို မဖြေပါချေ။ ထို့အစား လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လျူယင်လန်း၏ အတွင်းပိုင်း လောကမှာ ပွင့်သွားခဲ့၏။ အာကာသ ဝေဟင်ဂိုဏ်းချုပ်မှာ မည်သို့မျှ မခုခံနိုင်ဘဲ အရာအားလုံး ဝေ့ဝူယင်၏ လက်ခုပ်ထဲ၌ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

ဝှစ်...

ဝေ့ဝူယင်က လျူယင်လန်း၏ အတွင်းပိုင်း လောကထဲမှ လူရိပ် တစ်ခုကို အပြင်လောကသို့ ထုတ်ယူလိုက်လေ၏။

သူမက မိန်းကလေး တစ်ယောက် ဖြစ်သည်။ မျက်နှာသွင်ပြင်မှာ လျူယင်လန်းနှင့် အလွန် ဆင်တူလှသဖြင့် ညီအစ်မအရင်းဟုပင် အလွယ်တကူ မှားယွင်း နိုင်ပေသည်။ သူမ၏ မျက်ဝန်းများက အေးစက်တည်ငြိမ်နေပြီး လူသတ်သမားများပင် တုန်လှုပ်စေလောက်သည့် အအေးဓာတ်ကို ထုတ်လွှတ်နေသည်။

ဝေ့ဝူယင် တိတ်တဆိတ်ပင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူ့ကို အဆုံးမဲ့ ခရီးသွား နယ်မြေသို့ ခေါ်ဆောင်လာခဲ့သည့် ငွေရောင်ဝတ်စုံဝတ် မိန်းကလေးကို စိုက်ကြည့် နေခဲ့၏။ ထိုညမှာတုန်းက သူမမှာ ဧဒင်၏ အော်ရာကြောင့် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်ကာ စိတ်ဝိညာဉ် ကျင့်စဉ်သည်လည်း ပြိုလဲသွားခဲ့ရပြီး မမျှော်လင့်ဘဲ ဝေ့ဝူယင်နှင့် အတူ စိတ်ဇောအဟုန် ပြင်းစွာဖြင့် တစ်ညတာ ကုန်ဆုံးခဲ့သူ ဖြစ်သည်။

လျူစုယင်မှ ဝေ့ဝူယင်၏ ရှေ့ ဆယ်ပေအကွာတွင် ပေါ်လာခဲ့ပြီး သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အသေအချာ မြင်တွေ့နေရ၏။

"..."

ဖြန်း...

လျူစုယင်က လျှပ်စီးကဲ့သို့ မြန်ဆန်စွာ လှုပ်ရှားလိုက်ပြီး ညာလက်ဝါးဖြင့် ဝေ့ဝူယင်၏ ဘယ်ဘက်ပါးကို ခပ်ပြင်းပြင်း ရိုက်ချလိုက်လေတော့သည်။

ထိုရိုက်ချက်မှာ ပဲ့တင်သံ အဖြစ် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကာ လောကကြီးတစ်ခုလုံးမှာလည်း တိတ်ဆိတ်ငြိမ်သက် သွားသယောင် ရှိသည်။ ရိုက်ချက်၏ အရှိန်အဟုန်မှာ လေထုအတွင်း၌ လှိုင်းတံပိုးတစ်ခုကဲ့သို့ ဖြတ်သန်းသွားရာ လေထုပင် အေးစက် သွားခဲ့၏။

ထိုလက်ဝါးချက်အတွင်း၌ အံ့မခန်းသော ခွန်အားများသာမက ထို့ထက် ပိုမိုပြင်းထန်လှသော စိတ်လှုပ်ရှားမှုများလည်း ပါဝင်နေသည်။ ၎င်းတွင် နှစ်ပေါင်းများစွာ အောင်းအောင်းအောင်းထားခဲ့ရသော မျှော်လင့်ချက် မဲ့မှု၊ နာကျည်းမှုနှင့် ဒေါသမီးများ ပါဝင်နေပေသည်။

"..."

ကျန်းကျဲဝူရှု...။

"..."

ဟူမေဖန်း...။

"..."

လျူယင်လန်း...။

လောကရှန့်ထို သုံးဦးစလုံးမှာ ယခုကဲ့သို့ မြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ကြပါချေ။

***

All Chapters