လျူရှို့ယန်
Vol. 132 Ch. 1841
တောင်ခြေ၌ ရပ်နေသည့် အမျိုးသမီးမှာ လူလတ်ပိုင်းအရွယ် ဖြစ်သော်လည်း လျူယင်လန်းထက် အနည်းငယ် အရပ်ပုသည်။ သို့သော်လည်း... လျူယင်လန်းနှင့် အလွန် ဆင်တူသော ရုပ်ရည်ရှိ၏။
သို့စေကာမူ... သူမနှင့် နှိုင်းယှဉ်လျှင် လျူယင်လန်းမှာ အလွန်နုပျိုနေလေရာ မအေနှင့် သမီးဟုပင် ထင်မှတ်နိုင်ပေသည်။
လျူယင်လန်းတို့ မျိုးနွယ်မှ အမျိုးသမီးများ၏ မျိုးရိုးဗီဇမှာ အလွန်ပင် အားကောင်းလှသည်ဟု ဆိုရမည်။ လျူယင်လန်းဖြစ်စေ၊ လျူစုယင်ဖြစ်စေ၊ လျူရှို့ယန်ဖြစ်စေ သူတို့အားလုံးမှာ ထပ်တူကျလုနီးပါး ဆင်တူသော မျက်နှာသွင်ပြင်များကို ပိုင်ဆိုင်ထားကြသည်။
လျူရှို့ယန်မှာ ပြာလွင်သည့် ဆံနွယ်များနှင့် လိုက်ဖက်လှသည့် ရိုးရှင်းသော အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူမထံတွင် အသက်အရွယ်ရလာသည့် အရိပ်အယောင်အချို့ ရှိနေသော်ငြားလည်း သစ်ခွပန်းကဲ့သို့သော ဆွဲဆောင်မှုနှင့် အတူ ရင့်ကျက်သည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားဆဲပင်။ သူမ၏ မျက်ဝန်းများမှာ တည်ငြိမ်နေသော်လည်း ထိုမျက်ဝန်း၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်တော့ ရှုပ်ထွေးသော ခံစားချက်များ မှိန်ပျပျ တောက်ပနေ၏။
လျူရှို့ယန်မှာ အရာအားလုံးကို အစမှအဆုံး စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ လျူယင်လန်း ရောက်ရှိလာပုံနှင့် ထျန်းတိုက်ကျုံး၏ အတားအဆီးကို ကျော်လွန်ခဲ့ပုံ၊ ထို့နောက်... ဝေ့ဝူယင် တည်ဆောက်ထားသည့် ကန့်သတ်ချက်များကို ချိုးဖျက်ရန် အသည်းအသန် ကြိုးပမ်းနေပုံများကိုလည်း သူမ မြင်တွေ့ခဲ့သည်။
လျူရှို့ယန်မှာ ညီမနှင့် ဝမ်းသာအားရ ပြန်လည်ဆုံတွေ့မည့်အစား ဝေ့ဝူယင်ဘက်သို့ လှည့်ကာ တည်ငြိမ်အေးချမ်းသော လေသံဖြင့် အားလုံးကို အံ့အားသင့်စေမည့် မေးခွန်းတစ်ခုကို မေးလိုက်၏။
"မင်း... ထျန်းရှောင်လော့ကို သတ်လိုက်ပြီလား"
ထိုမေးခွန်းအား မေးလိုက်စဉ်တွင် သူမ၏ လက်ချောင်းများမှာ မသိမသာ လှုပ်ရှားသွားပြီး ခန္ဓာကိုယ်ဟန် အနေအထားမှာလည်း တင်းမာသွားသည်ကို တွေ့ရှိရ၏။ သူမ မကြားချင်သည့် အဖြေတစ်ခုကို ကြားရမည်ကို စိုးရိမ်နေသည့်အလားပင်။
ဝေ့ဝူယင် လျူရှို့ယန်၏ အကြည့်ကို တည့်တည့်ရင်ဆိုင်လိုက်၏။ သူမ၏ မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုတို့ကို အထင်းသား မြင်နေရသည်။
"ထျန်းရှောင်လော့..."
လျူယင်လန်းမှာ မှင်တက်သွားခဲ့၏။ ဟူမေဖန်းနှင့် ကျန်းကျဲဝူရှုတို့လည်း ထိုနည်းတူပင်။ ထျန်းရှောင်လော့ ဆိုသည်မှာ အနန္တ အသွင်ပြောင်းခြင်း အကယ်ဒမီတွင် အနန္တ အသွင်ပြောင်းခြင်း အဂ္ဂိရတ် ရှန့်ထို၏ အမွေဆက်ခံသူနှင့် အမှတ်တူခဲ့သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်၏အမည်ပင် မဟုတ်ပါလော။
ဝေ့ဝူယင်က ထိုမေးခွန်းအပေါ် အံ့ဩခြင်း မရှိပါချေ။ ထို့အစား ပြုံးရုံသာ ပြုံးလိုက်၏။
“ထျန်းရှောင်လော့ရဲ့ အော်ရာက ဒီချိပ်ပိတ်နယ်မြေ ဆယ့်ရှစ်ခုထဲက ပျောက်ကွယ်သွားပေမဲ့ သူ့ရဲ့ အသက်အဆောင်ကတော့ အသက်ဝင်နေတုန်းပဲ... ဒီတော့ ခင်ဗျား ဇဝေဇဝါ ဖြစ်နေတာပေါ့... ဟွမ်ရီကောင်းလိုမျိုး သေသွားတာ ကြာပြီလို့ ခင်ဗျား ထင်နေတာပေါ့...”
ထို့နောက် သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“ခင်ဗျားလည်း ရောက်နေမှပေါ့ သိချင်နေမှာပေါ့”
သူ့ စကားကြောင့် အမျိုးသမီး လေးဦးစလုံး ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ ထိုအခါ... ဝေဝါးသော ပုံရိပ်တစ်ခု သူတို့ရှေ့တွင် ပေါ်လာခဲ့၏။
ထိုပုံရိပ်မှာ အနှိုင်းမဲ့သော တင့်တယ်မှု၊ ဧကရီတစ်ပါး၏ ဂုဏ်အင်္ဂါနှင့် အလှတရားတို့ကို ပြိုင်စံရှားစွာ ပိုင်ဆိုင်ထားသည်။ သူမက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ နံပတ်တစ် အလှပိုင်ရှင် ထျန်းရှောင်ချွမ်းပင် ဖြစ်လေတော့သည်။
ထျန်းရှောင်ချွမ်းမှာ ပေါ်လာပြီးနောက် တည်ငြိမ်အောင် ကြိုးစားနေသော်လည်း သူမ၏ မျက်နှာက ဖြူရော်နေသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ဧကရီဟောင်းမှာ သူမ၏ အော်ရာကို အလုံးစုံ ဖုံးကွယ်ပေးနိုင်သည့် ထူးခြားသော ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ဝေ့ဝူယင်က သူမဘက်သို့ လှည့်ကြည့်လိုက်သည်နှင့် ထိုဝတ်ရုံမှာ အလုပ်မလုပ်တော့ဘဲ ပုံရိပ်မှာလည်း ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့သည်။
ဝေ့ဝူယင်က လျူစုယင်ကို ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားဆဲပင်။ သူမ၏ ဦးခေါင်းမှာ သူ့ ရင်ဘတ်ကို မှီတွယ်နေ၏။ ဝေ့ဝူယင်၏ မျက်ဝန်းများမှာ ကောင်းကင်ယံနှင့် ငရဲတို့၏ လျှို့ဝှက်ချက်များကို သက်ဆောင်ထားသည့် အလား နက်ရှိုင်းလှပြီး ထျန်းရှောင်ချွမ်းအား အောက်သို့ ဆင်းလာရန် မျက်ရိပ်ပြလိုက်လေသည်။
လောကအတွင်းရှိ ထိပ်သီး ပါရမီရှင်များ၏ လျှို့ဝှက် အကြံအစည်များကြောင့် ဖြစ်ပေါ်လာသည့် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ အားနည်းချက်များကို သူ သိမ်းပိုက်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေတော့သည်။
...
ထျန်းရှောင်ချွမ်း၏ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် လောကရှန့်ထို သုံးဦးစလုံးမှာ အံ့အားသင့်သွားကြပြီး သူမ ဝတ်ဆင်ထားသော ဝတ်ရုံကို အသေအချာ စစ်ဆေးကြည့်လိုက်ကြသည်။ ထိုဝတ်ရုံမှာ အလွန် ပါးလွှာပြီး အလင်းပေါက် ဝတ်စုံတစ်ခု ဖြစ်နေသော်လည်း အာရုံခံကြည့်၍ မရနိုင်ချေ။ ယခုလို အကာအကွယ်မဲ့ ပေါ်လာချိန်မှသာ မျက်စိဖြင့် မြင်တွေ့နိုင်ခြင်း ဖြစ်သည်။ ကျန်းကျဲဝူရှုနှင့် ဟူမေဖန်းတို့မှာမူ ထိုဝတ်ရုံ၏ ရင်းမြစ်ကို ချက်ချင်းပင် သိမြင်လိုက်ကြ၏။
"နတ္ထိ ဝတ်ရုံ..."
နတ္ထိ ဝတ်ရုံ ဆိုသည်မှာ အဇူရာ မူလ ဂလက်စီ နယ်မြေ အတွင်း အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းပြီး ကျော်ကြားလှသော ရတနာတစ်ပါး ဖြစ်သည်။ ၎င်းကို နတ္ထိဟု အမည်ရသည့် လုပ်ကြံရေးအဖွဲ့အစည်းကသာ သီးသန့် ဖန်တီးခြင်း ဖြစ်သည်။
သို့သော်လည်း... ထိုအဖွဲ့အစည်းမှာ အလွန်ပင် လျှို့ဝှက်လွန်းလှလေရာ သူတို့၏ သင်္ကေတဖြစ်သည့် ‘နတ္ထိ ဝတ်ရုံ' နှင့် 'ဝိညာဉ်ဓားမြှောင်' တို့မှလွဲ၍ ကျန်အကြောင်းအရာများကို သိရှိသူ အလွန်နည်းပါးလှသည်။
နတ္ထိ အဖွဲ့၏ အုပ်ချုပ်ပုံစနစ်နှင့် အဖွဲ့ဝင်များမှာ လျှို့ဝှက်ချက် ဖြစ်သော်လည်း... ပေးကမ်းသည့် အဖိုးအခ ထိုက်တန်ပါက မည်သူ့ကိုမဆို သုတ်သင်ပေးသည့် ကြောက်စရာ အကောင်းဆုံး အင်အားစုတစ်ခု ဖြစ်ကြောင်းကိုမူ လူတိုင်း သိထားကြသည်။
သူတို့ ကောင်းကင် ရှန့်ထို အဆင့် ကျင့်ကြံသူများကိုပင် သုတ်သင်ခဲ့ဖူးသူများ ဖြစ်ကြသည်။ တစ်ကြိမ်တွင်မူ လျှို့ဝှက် အရှင်သခင် တစ်ဦးကိုပင် ဒဏ်ရာ ပြင်းထန်စွာ ရရှိစေခဲ့ဖူးပြီး ထိုပုဂ္ဂိုလ်ကြီး ကိုယ်တိုင်မှာလည်း တံခါးပိတ် ကျင့်ကြံမှု အတွင်း ဝင်ရောက်သွားခဲ့ကာ ယခုအချိန်ထိ အသက်ရှင်သလား၊ သေဆုံးသွားပြီလား ဆိုသည်မှာ ပဟေဠိဖြစ်နေဆဲပင်။
နတ္ထိ အဖွဲ့မှာ ‘ငွေပေးလျှင် သတ်၍၊ ငွေပေးလျှင် လွှတ်တတ်ကြောင်း’ ကျော်ကြားသည်။ ဒဏ်ရာ ရသွားသည့် လျှို့ဝှက် အရှင်သခင်မှာ သူ့ဆွေမျိုးထဲမှ တစ်ဦးကို နတ္ထိ အဖွဲ့က သုတ်သင်ခဲ့သဖြင့် လက်စားချေဖို့ ကြိုးစားခဲ့သူ ဖြစ်သည်။ သို့သော်လည်း နတ္ထိ အဖွဲ့၏ အင်အားကို မယှဉ်နိုင်ခဲ့ပဲ အပြတ်အသတ် ရှုံးနိမ့်ခဲ့ကာ အသက်ရှင်လျှက် ကျန်ရစ်ခဲ့သည်မှာလည်း သူ့ အသက်အတွက် အဖိုးအခ ပြန်ပေးခဲ့ရသောကြောင့်သာ ဖြစ်သည်။
အနည်းဆုံးတော့ ၎င်းမှာ ခိုင်လုံသည့် အထောက်အထား မရှိသော်လည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော ကောလာဟလများ ဖြစ်သည်။ ထိုအဖွဲ့၏ လုပ်ဆောင်ပုံမှာ အလွန် ထူးဆန်းလှသည်။ အချို့သော အဖြစ်အပျက်များတွင် နတ္ထိ အဖွဲ့မှာ ပစ်မှတ်ကို ချမ်းသာပေးရန်အတွက် ငွေပြန်ယူသည်ဟု ဆိုကြသည်။ ပုံမှန် လုပ်ကြံရေးအဖွဲ့အစည်းများနှင့် မတူသည့် ဤအချက်က အလွန် ထူးခြားနေပြီး... သူတို့မှာ တကယ်တမ်း လုပ်ကြံသူများလော သို့မဟုတ် လိမ်လည်လှည့်ဖြားသူများလော ဟူ၍ပင် သံသယဖြစ်ဖွယ် ကောင်းလှပေသည်။
နတ္ထိဝတ်ရုံမှာ နတ္ထိ အဖွဲ့၏ အထင်ရှားဆုံး သင်္ကေတများထဲမှ တစ်ခု ဖြစ်သည်။ ဝေ့ဝူယင်မှာ ထိုကဲ့သို့ ဝတ်ရုံမျိုးကို ယခင်က မြင်ဖူးခဲ့ပြီးသား ဖြစ်ရာ ၎င်းမှာ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများအောက်မှ လွတ်မြောက်နိုင်ခြင်း မရှိချေ။
လောကီ ပြန်လည် မွေးဖွားသူ စန်းယွန်းလီမှာ မကောင်းဆိုးဝါး စောင့်ကြပ်သူများကို တိုက်ခိုက်စဉ်က ထိုဝတ်ရုံကို အသုံးပြုခဲ့ဖူးသည်။ သို့သော်လည်း... သူမ၏ ဝတ်ရုံမှာ ပျက်စီးနေပြီး အပေါစား ပြုပြင်ထားခြင်းသာ ဖြစ်ကြောင်း သူ သတိပြုမိခဲ့သည်။
ယခု ထျန်းရှောင်ချွမ်း အသုံးပြုနေသည့် ဝတ်ရုံမှာမူ အလွန် ရှေးကျလှပြီး စန်းယွန်းလီ၏ လက်ထဲရှိ ဝတ်ရုံ၏ ရှေ့ပြေး ပုံစံငယ်တစ်ခုနှင့် ပိုတူနေသည်။ သို့သော်ငြားလည်း ၎င်းမှာ လောကရှန့်ထို တစ်ဦး၏ အာရုံခံနိုင်စွမ်းကိုပင် အေးအေးလူလူ ရှောင်ကွင်းနိုင်စွမ်း ရှိနေသေးသည်။
"သူ ဘယ်မှာလဲဆိုတာ ရှင် သိသလား"
ထျန်းရှောင်ချွမ်းက ထွက်ပြေးရန် သို့မဟုတ် ပုန်းကွယ်ရန် မကြိုးစားသလို လျူရှို့လန်ကိုလည်း တစ်ချက်မျှ လှည့်မကြည့်ချေ။ သို့သော်လည်း... ထိုအရာက အပြင်ပန်းသာ ဖြစ်သည်။
ထျန်းရှောင်ချွမ်းမှာ လျူရှို့လန်၏ လှုပ်ရှားမှုတိုင်းကို ဝိညာဉ်အာရုံဖြင့် လျှို့ဝှက်စွာ စောင့်ကြည့်နေကြောင်း ဝေ့ဝူယင် သတိပြုမိသည်။ ထို့အပြင်... သူမ၏ အသိစိတ် ပင်လယ် အတွင်းတွင်လည်း အလောတကြီး သိချင်နေသည့် စိတ်အာရုံ ခံစားမှုများက လှိုင်းထနေခဲ့သည်။
လျူယင်လန်း၏ မျက်ဝန်းများတွင်မူ သတ်ဖြတ်လိုသည့် အရိပ်အယောင်များ လက်ခနဲ ပေါ်လာ၏။ သူမ၏ အမြင်အရဆိုလျှင်.... ထျန်းရှောင်ချွမ်းမှာ ထျန်းတိုက်ကျုံး၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ယခုလို အဆင့်အတန်းမျိုး ရရှိအောင် လုပ်ဆောင်ခဲ့သည့် မိန်းမပျက် ဖြစ်သည်။
ထျန်းရှောင်ချွမ်းမှာ ရှေးဟောင်း ချိပ်ပိတ် နယ်မြေတွင် အလှတရားနှင့် ကျင့်ကြံခြင်း အခြေခံတို့ကြောင့် ကျော်ကြားသော်လည်း၊ သူမ၏ နောက်ကြောင်းမှန်ကို သိရှိထားသည့် လျူယင်လန်း၏ စိတ်ထဲတွင်မူ ခါးသီးလှသော မုန်းတီးမှုများသာ ပြည့်နှက်နေတော့သည်။
ထျန်းရှောင်ချွမ်းမှာ လျူယင်လန်းထံမှ လူသတ်ငွေ့များကို ခံစားမိလိုက်၏။ သူမက အလွန် လျင်မြန်စွာပင် ဝေ့ဝူယင်၏ ဘေးသို့ ဆင်းသက်လိုက်၏။ ထိုအခါမှသာ တည်ငြိမ်လှသည့် မျက်နှာဖုံး အောက်တွင် ဖုံးကွယ်ထားသည့် တဒိတ်ဒိတ် ခုန်နေသော နှလုံးသားမှာ အနည်းငယ် တည်ငြိမ် သွားခဲ့တော့သည်။
လျူယင်လန်းက အေးစက်စက် ပြုံးလိုက်၏။
"နင်က တစ်ဘဝတည်းမှာပင် ယောက်ျား တစ်ယောက်ဆီကနေ အဲဒီလူကို သတ်ခဲ့တဲ့လူဆီ ကူးပြောင်းနေတာ နှစ်ခါ ရှိပြီ... နင့်အကြောင်း အဆုံးမဲ့ ခရီးသွား နယ်မြေက သိသွားရင် ဘယ်လို မြင်ကြမလဲ ဆိုတာ ငါ တကယ် သိချင်တယ်”
လျူယင်လန်းမှာ ဒေါသထွက် နေသော်လည်း မိမိ၏ အစ်မဖြစ်သူကိုမူ မမေ့လျော့ချေ။ သူမက ထျန်းရှောင်ချွမ်းကို လျစ်လျူရှုကာ အစ်မဖြစ်သူထံသို့ ဦးတည်လိုက်၏။
“...”
လျူရှို့လန်မှာ သူမ၏ လက်ကို လာရောက် ဆုပ်ကိုင်သည့် ညီမဖြစ်သူ၏ လက်ဖဝါးနွေးနွေးကို ခံစားလိုက်ရ၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်မှ ပြန်လည် ဆုံတွေ့ရခြင်းကြောင့် သူမ၏ ရင်အစုံက တဒိတ်ဒိတ် ခုန်လာခဲ့သည်။
"..."
ညီအစ်မ နှစ်ယောာက် စကားလုံး ထောင်ပေါင်းများစွာကို ပြောချင်နေသော်လည်း... ယခု သူမ စိုးရိမ်နေသည့် အရာက ပို၍ အရေးကြီးသည်။
"နောက်မှ..."
လျူရှို့ယန်က “နောက်မှ ပြောကြမယ်” ဟု ပြောဖို့ ပြင်လိုက်သော်လည်း သူမ၏ စကား မဆုံးခင်မှာပင် လျူယင်လန်းက တင်းတင်းကြပ်ကြပ် ပွေ့ဖက် လာခဲ့တော့သည်။
လျူရှို့ယန်မှာ စကားလုံးများကို လောလောဆယ် ပြန်လည် မြိုချထားလိုက်၏။ ကလေးတစ်ဦးနှယ် ပျော်ရွှင်နေသည့် ညီမ ဖြစ်သူကို ကြည့်ရင်း သူမ၏ နှလုံးသားမှာ ပျော်ရွှင်မှု၊ စိတ်သက်သာရာရမှုတို့နှင့်အတူ အပြစ်ရှိစိတ်နှင့် စိုးရိမ်ပူပန်မှုတို့ ဒွန်တွဲ၍ ခံစားလိုက်ရလေသည်။ သို့သော်လည်း ပြန်လည် ပွေ့ဖက်ရုံမှ တစ်ပါး...။
***