← Chapters

အမှတ်အသား ချမှတ်ခြင်း

Vol. 132 Ch. 1843

အမှတ်အသား ချမှတ်ခြင်း

Vol. 132 Ch. 1843

"ဘာကြီး..."

လျူယင်လန်းမှာ မယုံနိုင်စရာ ကိစ္စတစ်ခုကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။

“...”

လျူရှို့လန်၊ ထျန်းရှောင်ချွမ်း၊ ကျန်းကျဲဝူရှုနှင့် ဟူမေဖန်းတို့မှာ ဆွံ့အသွားခဲ့ကြ၏။ ကျန်းကျဲဝူရှုကတော့ ဝင်္ကပါများနှင့် အစီအရင်များ အပေါ် သူမ၏ နက်ရှိုင်းလှသော ဗဟုသုတများကို သုံးကာ ဤအဖြစ်အပျက်ကို ချက်ချင်းပင် ဆက်စပ်တွေးတော သိမြင်သွားလေသည်။

ဝေ့ဝူယင်က လျူယင်လန်း၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်၏။

"အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံရဲ့ အာဏာနဲ့ စွမ်းအားတွေကို ထိန်းချုပ်နိုင်ဖို့အတွက် သွေးမျိုးဆက် ချိတ်ဆက်မှု ရှိဖို့ လိုအပ်တယ်"

သူ ခဏမျှ ရပ်တန့်လိုက်သည်။ လျူယင်လန်းမှာ သူမ၏ ကလဲ့စားချေရေး အစီအစဉ်အတွက် ဝတ်စုံနက် ဝေ့ဝူယင်၏ သွေးမျိုးဆက်ကို ဖယ်ရှားကာ သူမ၏ သွေးဖြင့် အစားထိုးရန် ကြိုးပမ်းခဲ့ပုံများကို ပြန်လည် မြင်ယောင်မိသွားသည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ရှိုက်လိုက်ရင်း စိတ်ကို တည်ငြိမ်အောင် ထိန်းကာ ဆက်ပြောဖို့ ပြင်လိုက်စဉ် ထျန်းရှောင်ချွမ်းမှာ သူ့အနားသို့ ပျံတက်လာ၏။

"ကျေးဇူးပြုပြီး ရှေ့ဆက် မပြောပါနဲ့တော့"

သူမက သနားစဖွယ် အသံဖြင့် တောင်းပန်လိုက်သည်။

ဝေ့ဝူယင် သူမကို တစ်ချက် ကြည့်လိုက်သည်။

"အပြင်လောကကို ထွက်ဖို့အတွက် ထျန်းရှောင်လော့ကို ယဇ်ကောင်အဖြစ် သုံးဖို့ ကျုပ်မှာ ရည်ရွယ်ချက် မရှိဘူး... ကျုပ်ရဲ့ ကိုယ်ပိုင် အစွမ်းအစနဲ့တင် ဒီ ရှေးဟောင်း ချိပ်ပိတ် နယ်မြေကနေ ထွက်ဖို့ဆိုတာ အသက်တစ်ချက် ရှူရသလောက်ပဲ လွယ်ကူတယ်... ထျန်းတိုက်ကျုံးလို ယုတ်မာပြီး အသုံးမကျတဲ့သူမျိုးကသာ သွေးမျိုးဆက် ပုံတူ တစ်ခု ဖန်တီးပြီး ကိုယ့်ရင်သွေးကို စတေးလို့ လွတ်မြောက်မှုကို ရှာတာ... သူက ဘယ်လို နတ်ဘုရား အင်ပါယာလဲ... အဲဒီဘွဲ့နဲ့ သူနဲ့ မထိုက်တန်ဘူး"

ထျန်းရှောင်ချွမ်း၏ မျက်ဝန်းများထဲတွင် စိတ်သက်သာရာရမှုနှင့် ရှက်ရွံ့မှုတို့ ယှဉ်တွဲ၍ ထွက်ပေါ်လာခဲ့သည်။ သူမက မိခင်တစ်ဦး၏ ကြင်နာမှုမျိုးဖြင့် ဝမ်းဗိုက်ကို အသာအယာ ထိတွေ့လိုက်မိသည်။ သူမထံတွင် ကလေးဘယ်တော့မှ မရနိုင်သည့် ခန္ဓာကိုယ် တည်ဆောက်ပုံ ရှိသော်လည်း ဤအတွေ့အကြုံကို မည်သည့်အရာနှင့်မျှ မလဲနိုင်ခဲ့ချေ။ သို့သော်လည်း... လောကကြီးက အလွန်ပင် ရက်စက်လွန်းလှပေသည်။

ဝေ့ဝူယင်မှာ အထက်ကောင်းကင်သို့ ဆက်လက် ပျံတက်ရင်း ရှင်းပြနေ၏။ အခြားသူများမှာလည်း တစ်စုံတစ်ခုသော အာဏာစက်ကြောင့် ဆွဲဆောင်ခံရသည့်အလား သူ့ နောက်သို့ လိုက်ပါလာကြသည်။ မကြာမီမှာပင် သူတို့မှာ လေထု အလွှာ အထက်သို့ ရောက်ရှိလာခဲ့ကာ ဝေ့ဝူယင်က ရပ်တန့်လိုက်သည်။

သူက လျူရှို့လန်ကို ကြည့်လိုက်၏။

"ခင်ဗျားလည်း ဒီအစီအစဉ်မှာ ပါဝင်ခဲ့တာပဲ... ခင်ဗျားမှာလည်း အပြစ်မကင်းသလို ရက်စက်မှုကလည်း အတူတူပဲ... ထျန်းတိန်းကျန့် အပါအဝင် ခင်ဗျားတို့ သုံးယောက်စလုံးက လွတ်မြောက်မှု တစ်ခုတည်းအတွက် ထျန်းရှောင်လော့ကို နယ်ရုပ်တစ်ခုလို ပျိုးထောင်ခဲ့ကြတာ... အဲဒီကောင်မလေးသာ ထွက်မပြေးခဲ့ရင် ထျန်းတိုက်ကျုံးက သူ့ကို သုံးပြီးသွားလောက်ပြီ"

"သူ့မှာ ထူးခြားတဲ့ အဂ္ဂိရတ် ပါရမီ ရှိနေတာကို သတိထားမိပြီး ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲက အဂ္ဂိရတ် အမွေအနှစ်ကို သိမ်းပိုက်ဖို့ အစီအစဉ်မှာ မပါဝင်ခဲ့ဘူးဆိုရင် အသုံးချဖို့ လိုအပ်တဲ့ အချိန်အထိ ထျန်းရှောင်လော့က လှောင်အိမ်ထဲမှာပဲ ကြီးပြင်းလာရမှာ မဟုတ်လား"

" သွေးမျိုးဆက် ချိတ်ဆက်မှုကို အသုံးချပြီးတော့ ထျန်းတိုက်ကျုံးက လျူယင်လန်းရဲ့ အာဏာစက်ကို အတုယူရင်း အားနည်းချက်တစ်ခု ဖန်တီးဖို့ ရည်ရွယ်ခဲ့တာ... အဲဒီကနေတစ်ဆင့် ဘယ်သူမှ မသိအောင် လွတ်မြောက်ဖို့ပေါ့... ထျန်းရှောင်ချွမ်းက လျူယင်လန်းရဲ့ သွေးမျိုးဆက်ကို အပြည့်အဝ တုပနိုင်ဖို့အတွက် လျှို့ဝှက် အာဏာရှင်အဆင့်ကို ရောက်ဖို့ပဲ လိုတာ... အဲဒါက အရမ်း ရက်စက်တယ် ဆိုပေမဲ့ သူ ရင်ဆိုင်နေရတဲ့ ရန်သူကို ကြည့်ရင်တော့ အရမ်းကို ပါးနပ်လှတဲ့ အစီအစဉ်ပဲ"

ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူက ဟင်းလင်းပြင် စွမ်းအင်ကို အသုံးပြု၍ နဖူးထက်တွင် အမိန့်ပေး သင်္ကေတ တစ်ခုကို ဖော်ဆောင်လိုက်ရာ လောကကြီး တစ်ခုလုံး တုန်ရီ သွားခဲ့သည်။

အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံရဲ့ အမိန့်ပေး တံဆိပ်တော်...

ကျန်းကျဲဝူရှု၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ ဤတံဆိပ်ရှိပါက အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ နှင့် ရှေးဟောင်း ချိပ်ပိတ် နယ်မြေ တစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့ စိတ်ကြိုက် အဝင်အထွက် ပြုလုပ်နိုင်တော့မည် မဟုတ်ပါလော။

လျူယင်လန်းကို တားဆီးထားသည့် တစ်ခုတည်းသော အရာမှာ သူမ၏ ကျိန်စာများသာ ဖြစ်သည်။ ယင်းကို ချိုးဖောက်ခြင်းက မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် မခြားသလို အကယ်၍ ရှင်သန်ခဲ့လျှင်လည်း စည်းမျဉ်းဖောက်ဖျက်မှုကြောင့် အာဏာရှင် အင်ပါယာကြီးများ၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

သို့သော်လည်း... ဝေ့ဝူယင်တွင်မူ မည်သည့် ကျိန်စာမှ မရှိချေ။ သို့သော်လည်း... သူ ထိုအရာကို မည်ကဲ့သို့ ရရှိခဲ့သနည်း။

"ငါ့ရဲ့ အာရုဏ်ဦး ကြယ်ကွင်းပြင်နဲ့ ငါ့အိမ်အတွက် ထျန်းတိုက်ကျုံးရဲ့ အစီအစဉ်တွေ အားလုံးကို ငါ ရှင်းလင်းပစ်မယ်"

သူက လက်ကို အထက်သို့ မြှောက်လိုက်ရာ အမိန့်ပေး သင်္ကေတမှ သက်တံရောင် အလင်းတန်းများ ဖြာထွက်လာခဲ့တော့သည်။

...

အင်ပါယာကောင်းကင်ထက်တွင် ဝေ့ဝူယင်မှာ လက်တစ်ဖက်ဖြင့် အလှပဂေးတစ်ဦးကို တင်းကျပ်စွာ ပွေ့ပိုက်ထားပြီး ကျန်လက်တစ်ဖက်ကိုမူ ကောင်းကင်သို့ ဆန့်တန်းထားလျက် ခန့်ညားထည်ဝါစွာ ရပ်တန့်နေခဲ့၏။ သူ့ နဖူးထက်ရှိ တောက်ပလှသည့် သင်္ကေတမှာ ဝေခွဲမရနိုင်သည့် ဟင်းလင်းပြင် အလင်းတန်းများကို ထုတ်လွှတ်နေကာ သူ့ ခန္ဓာကိုယ်မှာလည်း အတိုင်းအဆမရှိ နက်ရှိုင်းလှသည့် အော်ရာများနှင့် ဖြာထွက် နေခဲ့လေသည်။

သင်္ကေတမှာ ရှေးဟောင်း ချိပ်ပိတ် နယ်မြေ၏ အထပ်ထပ် အလွှာများကို ထိတွေ့ရုံမျှသာ မကဘဲ... ထိုနယ်မြေ တည်ရှိရာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံနှင့်ပါ တဖြည်းဖြည်းချင်း ပေါင်းစည်းသွားခြင်း ဖြစ်သည်။ အကယ်၍ အဆုံးမဲ့ ခရီးသွား နယ်မြေမှာ ဒိုင်မန်းရှင်း အလွှာတစ်ခုအတွင်း ထွင်းထုထားသည့် နယ်မြေတစ်ခု ဖြစ်ပြီး၊ ထိုအလွှာအပြင်ဘက်ရှိ ကမ္ဘာမှာ အဇူရာ မူလ ဂလက်စီ နယ်မြေ နှင့် အပြောကျယ်လှသော ပြင်ပလောက ဖြစ်ပါက... ရှေးဟောင်း ချိပ်ပိတ် နယ်မြေမှာမူ ထိုအလွှာများ၏ အောက်ခြေတွင် ရှိနေသော လောကပင် ဖြစ်သည်။

အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံမှာ လှောင်အိမ် ဖြစ်သလို အကာအကွယ်လည်း ဖြစ်သည်။ ၎င်းမှာ နေရာတိုင်းတွင် ရှိနေပြီး အရာအားလုံးလည်း ဖြစ်ပေသည်။

မျက်စိ တစ်ဆုံး လှမ်းမြင်နေရသည့် ကြယ်တာရာ ကောင်းကင်ယံမှာ အမှန်စင်စစ် မည်သူမှ ဖြတ်ကျော်၍ မရနိုင်သည့် အတုအယောင် အကာမျှသာ ဖြစ်သည်။ မြေကြီးရှန့်ထို တစ်ဦးမှာ ထိုနေရာတွင် နှစ်ပေါင်းထောင်ချီ ခရီးနှင်ပါစေဦးတော့... စက်ဝိုင်းပုံအတိုင်းသာ အစွန်းသတ် အနားသတ်များတစ်လျှောက် လှည့်လည်နေရပေလိမ့်မည်။

အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံနှင့် ဆက်သွယ်လိုက်သည်နှင့် တစ်ပြိုင်နက် ဝေ့ဝူယင်၏ မျက်ဝန်းအစုံမှာ တောက်ပလွန်းလှသည့် ကြယ်တာရာများကဲ့သို့ လင်းလက်လာတော့၏။

"ဘာ... ဘာတွေ ဖြစ်နေတာလဲ"

ဟူမေဖန်း အံ့အားသင့်နေမိသည်။ သူမက မယုံကြည်နိုင်မှု၊ ကြောက်ရွံ့မှုတို့ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်နေ၏။

တစ်ဖက်တွင်မူ... ကျန်းကျဲဝူရှု၏ အကြည့်များမှာ အဝေးသို့ ရောက်ရှိနေပြီး မြင်တွေ့နေရသည့် အခြေအနေကြောင့် မှင်သက်နေမိသည်။ ဝင်္ကပါနှင့် အစီအရင်များကို ကျွမ်းကျင်သည့်အားလျော်စွာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံမှာ အခြေခံအားဖြင့် ခမ်းနားထည်ဝါလှသည့် ဝင်္ကပါများဖြင့် ဖွဲ့စည်းထားသည့် ကောင်းကင်ရတနာ တစ်ပါး ဖြစ်ကြောင်း၊ ၎င်းမှာ ကောင်းကင်ဘုံ၏ ဥပဒေသ သုံးထောင်၊ ကောင်းကင် ပဲ့တင်ထပ်ခြင်း ဆိုသည့် ခက်ခဲနက်နဲလှသော အယူအဆများနှင့် ထိတွေ့နေကြောင်း သိထားသည်။

သူမ မြင်ရသလောက် ဝေ့ဝူယင်မှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို မိမိ၏ အပိုင်အဖြစ် အမှတ်အသား ခတ်နှိပ်နေခြင်းပင် ဖြစ်သည်။

တစ်ချိန်တည်း၌... လျူယင်လန်း၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်နေခဲ့၏။ သူမ၏ မျက်ဝန်းများက ပြူးကျယ်သွားကာ ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည်ဖြင့် အသက်ရှူသံများ ပြင်းထန်လာခဲ့သည်။ မယုံကြည်နိုင်မှု၊ စိတ်ရှုပ်ထွေးမှုများကြောင့် သူမ အသက်ရှူခြင်းကိုပင် မထိန်းချုပ်နိုင်တော့ချေ။

အမွှာ မီးပြတိုက် ကြယ်တာရာ နယ်မြေတွင်တော့ စုနန်ကျူး၏ သံချပ်ကာ ခေါင်းဆောင်းမှာ တုန်ခါသွားကာ အထက်သို့လည်းကောင်း၊ ပတ်ဝန်းကျင်သို့လည်းကောင်း ရုတ်တရက် လှည့်ကြည့်လိုက်မိသည်။ သူ၏ ခေါင်းဆောင်းအောက်မှ တောက်ပသည့် အလင်းတန်းနှစ်ခု ထွက်ပေါ်လာ၏။ ထိုအခိုက်၌ သူ လောကကြီးကို စူးစိုက်ကြည့်နေပုံမှာ ဝတ်လစ်စလစ် အလှပဂေးတစ်ဦးကို အသည်းအသန် ကြည့်နေသည့်အလား ထင်မှတ်ရပေသည်။

"ဘာဖြစ်လို့လဲ..."

စုနန်ကျူး၏ တုံ့ပြန်မှုကြောင့် ကျားယန်မှာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။

"..."

စုနန်ကျူးက ပြန်မဖြေချေ။ ထို့အစား... ဝေ့ဝူယင် ရှိရာအရပ်ကိုသာ လှည့်ကြည့်လိုက်၏။ အရာအားလုံးမှာ အလွန် လျင်မြန်လွန်းလှသဖြင့် မည်သည့် ဘေးထွက်ဆိုးကျိုးမျှ ခံစားရခြင်း မရှိချေ။ သွေးအန်ခြင်း၊ အားအင်ကုန်ခမ်းခြင်းမျိုးလည်း မရှိပဲ အရာရာက အလိုအလျောက် ဖြစ်ပျက်သွားခြင်းသာ ဖြစ်သည်။

စုနန်ကျူး ခပ်မြန်မြန်ပင် သူ့ အမိန့်ပေး အဆောင်ကို အမှတ်မထင် ထုတ်ယူကြည့်လိုက်မိသည်။ ၎င်းမှာ လျှို့ဝှက် အာဏာရှင်အဆင့် အထွတ်အထိပ် ပုဂ္ဂိုလ်များ ဖန်တီးခဲ့သည့် ကောင်းကင်ရတနာ၏ စွမ်းအားအချို့ကို ထိန်းချုပ်နိုင်ပေသည်။

ကြယ်တာရာ အသိုက်အတွင်းတွင်တော့ ရှုယုမှာ စစ်သည်တော် တစ်ဦး အဖြစ် ပြောင်းလဲ ခံထားရသော်လည်း သူ၏ သွေးမျိုးဆက်၊ ဝိညာဉ်နှင့် ပါရမီများကတော့ ကျန်ရှိနေဆဲ ဖြစ်သည်။ ပြောရလျှင် ၎င်းတို့မှာ စစ်ဥပဒေသ၏ လွှမ်းမိုးမှုကြောင့် ပိုမို၍ပင် အားကောင်း လာခဲ့သေးသည်။

ထို့ကြောင့်ပင် ရှုယုမှာ လျူယင်လန်းနှင့် စုနန်ကျူးတို့ ခံလိုက်ရသည့် ခံစားချက်မျိုးကို ခံစားလိုက်ရသည်။ ၎င်းကား... လောကကြီးနှင့် ချိတ်ဆက်ထားသည့် မမြင်နိုင်သော ကြိုးမျှင်တစ်ခု ဖြတ်တောက်ခံလိုက်ရသကဲ့သို့ပင်။ သို့သော်လည်း... ၎င်းမှာ အလွန် သိမ်မွေ့လှသဖြင့် နာကျင်မှု မရှိဘဲ ဟာလာဟင်းလင်း ဖြစ်သွားသည့် ခံစားချက်မျိုးသာ ဖြစ်သည်။

"ရှင် ဘာလုပ်လိုက်တာလဲ..."

လျူယင်လန်းက ဝေ့ဝူယင်ကို အော်ဟစ် မေးလိုက်၏။ သူမ၏ အသံတွင် ဒေါသထက် စူးစမ်းလိုစိတ်နှင့် စိတ်ပျက်မှုတို့က ပိုမို ကိန်းအောင်းနေသည်။ ဝေ့ဝူယင်ကဲ့သို့ လျှို့ဝှက်ချက် အများအပြားရှိသော ပုဂ္ဂိုလ်တစ်ဦးအပေါ် အမှန်တကယ် ဒေါသထွက်ရန်မှာ ခဲယဉ်းလှပေသည်။

"ကျုပ်လား... သွေးမျိုးဆက် ချိတ်ဆက်မှု အားလုံးကို ဖယ်ရှားပစ်လိုက်တာလေ... အာဏာရှင် အင်ပါယာတွေရဲ့ မရေမရာ ရည်ရွယ်ချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အားနည်းချက်တွေကို ရှင်းလင်းပစ်လိုက်တာ... ဒီနေ့ကစပြီး အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံက...”

ဝေ့ဝူယင်က နောက်ဖက်သို့ ပြန်လှည့်လိုက်ရာ ဟင်းလင်းပြင် အလင်းတန်းများ ထွက်ပေါ်နေသည့် သူ၏ မျက်ဝန်းများမှာ လျူယင်လန်း၏ ခန္ဓာကိုယ်ထံသို့ ကျရောက်လာတော့သည်။

***

All Chapters