သူက ငါ့ကို စားချင်နေတာလား
Vol. 8 Ch. 77
မီးရောင်တဖျပ်ဖျပ်သည် မြင့်မားသော ချောက်ကမ်းပါးကို လင်းထိန်သွားစေသည်အထိ ဖြစ်ပေသည်။
ဟုန်လေ့၏မျက်နှာ ရုတ်တရက် ပြောင်းလဲသွားသော်လည်း ထိုလူစု၏ကျင့်ကြံခြင်း အဆင့်များကို မြင်ပြီးနောက် သူ၏မျက်လုံးများထဲတွင် သံသယ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပေသည်။
အားလုံး၏စောင့်ကြည့်နေမှုအောက်တွင်။
ပခုံးပေါ်သို့ ငွေရောင်ဆံနွယ်များ ဖြန့်ကျနေသော ပိန်လှီသည့် အဘိုးအိုသည် ဖြည်းညင်းစွာ ခြေတစ်လှမ်း တိုးလာပေသည်။
သူ၏ခြောက်သွေ့နေသော မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိပါပေ။
ထို့နောက် သူသည် ချောက်ကမ်းပါးပေါ်မှ တည့်တည့် ခုန်ချလိုက်ရာ သူ၏ဘောင်းဘီရှည် လိပ်တက်သွားပြီး ဝါးလုံးကဲ့သို့ ပိန်လှီသော ခြေထောက်အောက်မှ ဖိနပ်ဖြင့်မြေပြင်ပေါ်သို့ ခိုင်မြဲစွာ သက်ဆင်းလိုက်ပေသည်။
"ပုံစံတကျ နေရာယူကြ"
ဟုန်လေ့၏မျက်ဝန်းအိမ်များ ကျုံ့သွားပြီး ဓားကို ဆွဲထုတ်လိုက်ပေသည်။
ကျောက်ခန်းလင်၏အမိန့်မပါဘဲ အတွင်းပိုင်းစခန်းမှ ရွှေလင်းယုန်တပ်မှူး အယောက် ၂၀ ကျော်သည် သူတို့၏နေရာများကို ထိရောက်စွာ ယူလိုက်ကြသည်။
သူတို့၏လက်ဝါးများကို လှည့်လိုက်သည်နှင့် ဧရာမစပါးအုံးမြွေကြီးများကဲ့သို့ အနက်ရောင် သံကြိုးများသည် သူတို့၏လက်မောင်းဝတ်များမှ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်ဖော်ပြသလိုက်ကြပေသည်။
အပြင်ဘက်စခန်းမှ ကျန်ရှိသူများသည်လည်း သူတို့၏ထူးခြားသော စွမ်းရည်များကို အသီးသီး ပြသလိုက်ကြရာ၊အထူးသဖြင့် သက်ကြီး ကျောက်စိမ်းနယ်ပယ် စစ်ကဲသည် လခြမ်းကွေး ဆူးချွန်တစ်စုံကို ထုတ်ဖော်လိုက်သည်မှာ အံ့သြစရာ ကောင်းလှပေသည်။
ထိုအခြေအနေအောက်တွင် အကြီးအကဲ နီကျန့်၏ အနိုင်ရရန် အခွင့်အလမ်းမှာ အလွန် နည်းပါးလှပေသည်။
သို့သော် သူ၏တည်ငြိမ်သော အမူအရာက ဟုန်လေ့ကို ရှင်းပြ၍မရနိုင်အောင် စိတ်အနှောင့်အယှက် ဖြစ်စေပေသည်။
ထိုအချိန်တွင် လေးလံသော အရာဝတ္ထုတစ်ခုသည် ညကောင်းကင်ယံမှ ပျံဝဲကျလာပေသည်။
၎င်းသည် မြေပြင်ပေါ်သို့ ပြိုကျလာပြီး ပုံပျက်ပန်းပျက် ပုံသဏ္ဌာန်ကို ထုတ်ဖော်ပြသလိုက်သောအခါ လူတိုင်း အံ့သြမှင်တက်သွားကြပေသည်။
ကျောက်ခန်းလင်၏လည်ပင်းသည် နောက်သို့ လိမ်ထွက်နေပြီး၊ ခေါင်းသည် အသက်မဲ့စွာ တွဲလောင်းကျနေကာ ခြေလက်အင်္ဂါများ အားလုံး ကျိုးပဲ့နေပေသည်။
သူ၏လက်မောင်းရိုးများ ကျိုးထွက်နေပြီး ဓားများကဲ့သို့ ခါးထဲသို့ ထိုးစိုက်နေကာ မသေဆုံးမီ လုံးဝ နားမလည်နိုင်သော အမူအရာသည် သူ၏မျက်နှာပေါ်တွင် ဖုံးလွှမ်းနေပေသည်။
ထို့နောက် အပြာနှင့်အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် ဖြည်းညင်းစွာ လျှောက်လှမ်းလာပေသည်။
အင်္ကျီလည်ဝိုင်းမှ အကြေးခွံများဖုံးလွှမ်းနေသော ပြားချပ်ချပ် ခေါင်းတစ်လုံး ထွက်ပေါ်နေပြီး ခေါင်း၏တစ်ဖက်တစ်ချက်တွင် စူထွက်နေသော ဒေါင်လိုက်မျက်လုံးအိမ်များ ရှိနေကာ အနည်းငယ် ဟနေသော ပါးစပ်ရှည်ထဲမှ ချွန်ထက်သော သွားနှစ်တန်း ပေါ်နေပေသည်။
"ယန်ချွန်းမြစ် နဂါးမိကျောင်းကလန် ဝင်လား"
ဟုန်လေ့သည် ထူးခြားသော နတ်ဆိုးကို မှတ်မိလိုက်သဖြင့် အသက်ပြင်းပြင်း ရှူလိုက်ပေသည်။
အဝေးမှနေ၍ပင် သွေးညှီနံ့ ပြင်းထန်သော ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ လွှမ်းမိုးနေပေသည်။
သူသည် သူ့ရှေ့ရှိ ငွေရောင်ဆံပင်နှင့် အဘိုးအိုကို ပြန်ကြည့်လိုက်မိပေသည်။
"..."
"နတ်ဆိုးနှိမ်နင်းရေးဌာန က ကျုပ်တို့ကို နတ်ဆိုးတွေနဲ့ ပူးပေါင်းကြံစည်တယ်လို့ စွပ်စွဲနေတာ၊ ကျုပ် အဲဒါကို သေချာစဉ်းစားခဲ့တယ်"
အကြီးအကဲ နီကျန့်၏ခြေလှမ်းများသည် တည်ငြိမ်နေပြီး ခြေလှမ်းတိုင်းတွင် သူ၏မျက်လုံးထဲရှိ ဒေါသများ တစ်ဝက်ခန့် လျော့နည်းသွားသော်လည်း ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည် ပိုမို အားကောင်းလာချေ၏။
သူသည် ငါးပေရှည်သော သံဓားကို ထောင့်ဖြတ် ကိုင်ထားရာ ဓားသွားသည် မြေကြီးနှင့် ပွတ်တိုက်ပြီး မီးပွားများ ထွက်ပေါ်နေပေသည်။
အဘိုးအို၏အသံမှာ အက်ကွဲနေပေသည်။
"ကျုပ်တကယ်ပဲ နတ်ဆိုးတွေနဲ့ ပူးပေါင်းကြံစည်လိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်"
တပ်မှူးများစွာ၏မျက်နှာများ ဖြူဖျော့သွားကြပေသည်။
သူတို့သည် ထိတ်လန့်ခြင်း မရှိ၍ ပုံစံတကျ နေနေကြခြင်း မဟုတ်ဘဲ သူတို့၏ကံကြမ္မာကို ခန့်မှန်းမိပြီး ဖြစ်သောကြောင့် ဖြစ်ပေသည်။
စစ်ကဲကျောက်ကို ဤမျှတိုတောင်းသော အချိန်အတွင်း ရှင်းလင်းပစ်နိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် ၎င်းသည် အနည်းဆုံး ကျောက်စိမ်းနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ရှိ နတ်ဆိုးတစ်ကောင် ဖြစ်ရပေမည်။
ဖြစ်နိုင်သည်မှာ အကြီးအကဲ နီကျန့်ထက်ပင် ပိုမို သန်မာနိုင်ပေသည်။
"ဘာလို့ ဒုက္ခခံနေတာလဲ၊ကျုပ်တို့က နတ်ဆိုးတွေ ရောနှောမလာအောင်နဲ့ ထွက်မပြေးနိုင်အောင် တောင်ကို စောင့်ကြပ်ဖို့ပဲ အမိန့်ရထားတာပါ။ ခင်ဗျားတို့ တောင်ပေါ်မှာ အေးအေးဆေးဆေး နေသရွေ့..."
ဟုန်လေ့သည် ခေါင်းငုံ့ကာ သက်ပြင်းချလိုက်ပေသည်။
သူ၏အသံမှာ အချက်အလက် တစ်ခုကို ပြောပြနေသကဲ့သို့ အက်ကဲနေချေ၏။
"ခင်ဗျားတို့ နတ်ဆိုးတွေနဲ့ ပူးပေါင်းကြံစည်လိုက်တာ၊ ဒီတစ်ခါတော့ ချင်းဖုန်းတောင် တကယ် သွားပြီပဲ"
နတ်ဆိုးနှိမ်နင်းရေး မဟာစစ်သူကြီး တစ်ဦးတည်းကပင် ချင်းဖုန်းတောင်ကို အသက်ရှူကျပ်အောင် လုပ်နိုင်ပေသည်။
ထိုကဲ့သို့သော သိုင်းပညာရှင်များသည် ချင်ကျိုး၏ စီရင်စု ၁၂ ခု တိုင်းတွင် ရှိနေကြချေ၏။
အကယ်၍ သူတို့က ကုန်ကျစရိတ်ကို ထည့်မတွက်ဘဲ ဒုတိယမြောက် တစ်ယောက်ကို ထပ်ခေါ်လိုက်လျှင် မျိုးဖြုတ်သတ်ဖြတ်ခြင်းသည် မဟာစစ်သူကြီးထံမှ အမိန့်တစ်ခွန်းသာ လိုအပ်တော့မည် ဖြစ်ပေသည်။
"ငါ့တစ်သက်လုံး နတ်ဆိုးတွေကို သတ်ဖြတ်ခဲ့တယ်၊ ဂုဏ်သတင်းနဲ့ စည်းစိမ်ဥစ္စာအတွက် ဆိုပေမယ့် သူတို့ရဲ့သားရဲမူလအမြုတေကို အဖိုးတန် ဆေးလုံးတွေနဲ့ လဲလှယ်ဖို့အတွက် လုပ်ခဲ့တာ၊ ဒါပေမယ့် ငါ့လိပ်ပြာသန့်သန့်နဲ့ လုပ်ခဲ့တာပါ"
"အခု သူတို့နဲ့ ပူးပေါင်းကြံစည်ရမယ့် အဖြစ်ရောက်သွားတာ ဘယ်လောက် ရယ်စရာကောင်းလိုက်သလဲ"
"ငါ့လက်ထဲက ဓားက ငါနဲ့အတူ နှစ်ပေါင်း သုံးရာလောက် ရှိနေခဲ့တာ၊ ဒါပေမယ့် တခြားသူတွေရဲ့ ထိန်းချုပ်မှုကို ခံနေရတယ်"
အကြီးအကဲ နီကျန့်သည် ခြေလှမ်းတိုင်းတွင် ပိုမို နီးကပ်လာပြီး သူ၏အရှိန်အဝါသည် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေချေ၏။
"ဂိုဏ်းချုပ်က စိတ်တွေ ရှုပ်ထွေးပြီး ငါတို့ကို သစ္စာဖောက်ခဲ့တယ်။ဒီနေ့ ငါ့ရဲ့သေလုမြောပါး ခန္ဓာကိုယ်နဲ့ မင်းတို့ သူကောင်းမျိုးတွေရဲ့ အသက်ကို လဲလှယ်ပြီး ချင်းဖုန်းတောင်ရဲ့အပြစ်မဲ့ တပည့်တွေအတွက် ရှင်သန်ခွင့် လမ်းစတစ်ခု ဖောက်ပေးမယ်"
သူ၏မျက်လုံးများထဲရှိ ဒေါသအရှိန်သည် လေထဲတွင် တဖျပ်ဖျပ်လှုပ်ရှားနေသော ဖယောင်းတိုင်ကဲ့သို့ လုံးဝ လောင်ကျွမ်းသွားသော်လည်း မီးတောက်မှာ အံ့သြဖွယ်ကောင်းလောက်အောင် တောက်လောင်နေပေသည်။
ကံမကောင်းစွာဖြင့် လိုအပ်ချက် အနည်းငယ် လိုနေသေးပြီး အကြွင်းမဲ့ အထွတ်အထိပ်သို့ မရောက်နိုင်သေးပေ။
အကြီးအကဲနီကျန့်၏မျက်နှာထားသည် အနည်းငယ် ရှုပ်ထွေးနေပြီး လူအုပ်ကြားမှ ရှန်းယီထံသို့ ဓားကို မြှောက်လိုက်ပေသည်။
"မင်းက ငါ့ရဲ့ ချစ်လှစွာသော တပည့်ရဲ့ အသက်ကို ချမ်းသာပေးခဲ့ပေမယ့် ငါက မင်းအသက်ကို ချမ်းသာပေးလို့ မရဘူး။ စစ်ကဲ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်၊ ငါ မင်းရဲ့ ခေါင်းကို ခဏလောက် ငှားရလိမ့်မယ်"
"..."
ရှန်းယီ မော့ကြည့်လိုက်ပေသည်။
"တကယ်ပဲ မငှားပဲနေလို့မရတဲ့ နည်းလမ်း မရှိဘူးလား"
'ပိုက်ဆံချေးတာထားလိုက်အုံး၊ ဒါပေမယ့် ဘာလို့ သူတို့က ငါ့ခေါင်းကို ချက်ချင်းဖြတ်ယူချင်နေရတာလဲ။'
ယခုအချိန်တွင် သူသည် အခြေအနေကို အတန်အသင့် သဘောပေါက်သွားပြီ ဖြစ်ပေသည်။
နတ်ဆိုးနှိမ်နင်းရေးဌာနသည် မှားယွင်းခြင်း မရှိပေ။တောင်ပေါ်တွင် နတ်ဆိုးများ အမှန်တကယ် ရှိနေပြီး သူတို့သည် ချင်းဖုန်းတောင်ကို အရေးယူရန် အမှန်တကယ် စီစဉ်ထားခြင်း မရှိပေ။
သို့မဟုတ်ပါက တောင်တက်လမ်းကို စောင့်ကြပ်ရန် စစ်ကဲများလောက်သာ ထားရှိမည် မဟုတ်ပါပေ။
ချင်းဖုန်းတောင် တပည့်များသည်လည်း အမှားမလုပ်ခဲ့ကြပေ။ သူတို့သည် နတ်ဆိုးများနှင့်အတူ အတင်းအကျပ် အသေခံရမည်ကို မလိုလားရုံသာ ဖြစ်သော်လည်း သူတို့ ဆုံးဖြတ်နိုင်သည့် အနေအထားတွင် မရှိကြပေ။
သူတို့၏ကျင့်ကြံခြင်းများကအစ တစ်ခြားတစ်ယောက်၏ထိန်းချုပ်မှုအောက် ရောက်နေသကဲ့သို့ ဖြစ်နေပေသည်။
သူတို့အားလုံးသည် ရေထဲတွင် ရှင်သန်နေရသော သက်တမ်းတိုသတ္တဝါများ ဖြစ်ကြပြီး မိမိတို့၏ အနာဂတ်နှင့် အသက်အိုးအိမ်အတွက် ရုန်းကန်နေကြရသူများ ဖြစ်ကြချေ၏။
ရှန်းယီ၏သွယ်လျသော လက်ချောင်းများသည် ဓားလက်ကိုင်ပေါ်တွင် တင်ထားပြီးနောက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပေသည်။
"ငါ့မှာ အချိန် သိပ်မရှိတော့ဘူး၊ ငါ မင်းခေါင်းကို မယူနိုင်မှတော့... သူ့လက်ထဲပဲ ထားခဲ့လိုက်မယ်"
အဘိုးအို ဖြည်းညင်းစွာ ပြောလိုက်ပေသည်။
"မင်း ထွက်ပြေးဖို့လည်း ကြိုးစားကြည့်လို့ ရပါတယ်၊ မင်းအတွက် အခွင့်အလမ်း ကောင်းကောင်း ရှိနိုင်ပါတယ်"
အကြီးအကဲနီကျန့်သည် လူငယ်လေး၏ခွန်အားကို ပွင့်ပွင့်လင်းလင်း အသိအမှတ်ပြုလိုက်ပေသည်။
အသက် ၃၀၀ ကျော်နေပြီ ဖြစ်သော သူ၏ ခန္ဓာကိုယ်သည် ခြောက်သွေ့နေပြီ ဖြစ်ရာ နောက်ဆုံး လက်ကျန် အသက်စွမ်းအားကို ညှစ်ထုတ်ရန် လျှို့ဝှက်နည်းလမ်းများကို အသုံးပြုလျှင်ပင်၊ မိုးမြေ၏တန်ဖိုးကြီးဆေးဝါးများကဲ့သို့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားပြီး ကျောက်စိမ်းနယ်ပယ် ပြည့်စုံခြင်းအဆင့်ကို ရောက်ရှိခါစ လူငယ်လေးကို ယှဉ်နိုင်မည် မဟုတ်ပါပေ။
သို့သော် အလားတူပင် လူငယ်လေးသည်လည်း နှစ်ထောင်ချီသက်တမ်းရှိသော နဂါးမိကျောင်း ကို ယှဉ်နိုင်ဖွယ် မရှိပေ။
ထိုစကားကို ကြားသောအခါ ဟုန်လေ့သည် အံ့သြတကြီး ဝေ့ဝဲကြည့်လိုက်ပေသည်။
လူတိုင်း သေခြင်းတရားကို စောင့်ဆိုင်းနေပြီး ဂုဏ်သိက္ခာရှိစွာ သေဆုံးနိုင်ရန် အစွမ်းကုန် တိုက်ခိုက်ချင်နေကြသည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။
ရှန်းယီတွင် အသုံးချစရာ ခွန်အား ကျန်ရှိနေသေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့သလို၊ အဘိုးအိုကပါ သူ့ကို ယှဉ်နိုင်စွမ်းမရှိကြောင်း ဝန်ခံလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ခဏတာ စကားပြောဆိုမှု အတွင်းမှာပင်။
နဂါးမိကျောင်း ရောက်ရှိလာပြီး ၎င်း၏ပြူးကျယ်နေသော မျက်လုံးများထဲတွင် လူသားတို့၏စိတ်ခံစားမှုများ တဖျပ်ဖျပ် လှုပ်ရှားနေချေ၏။
"သူ့စကားကို အတည်မယူနဲ့၊ တကယ်တမ်းကျတော့ အခွင့်အရေးရှိကိုမရှိတာ"
၎င်းသည် လက်သည်းတစ်ခုကို ထုတ်လိုက်ပြီး နှာခေါင်းပေါက်ကို ဖွဖွလေး ထိလိုက်ကာ အသံမှာ အနည်းငယ် စိတ်လှုပ်ရှားပြီး အနည်းငယ် ရှက်ရွံ့နေပုံ ရပေသည်။
"မင်းဆီမှာ ငါ့သခင်ရဲ့အနံ့ ရနေတယ်... ငါ တကယ် ကြိုးစားပြီး ထိန်းချုပ်ထားပါတယ်... ဒါပေမယ့် ငါ မင်းရဲ့ အသားတွေကို ချေမွပြီး ဝါးစားချင်စိတ် ပြင်းပြနေတယ်"
ထိုသို့ ပြောလိုက်စဉ် ၎င်း၏ရှည်လျားသော ပါးစပ်ထောင့်များမှ ကြည်လင်သော တံတွေးများ စီးကျလာပေသည်။
"ဒီလိုမျိုးလေး..."
နဂါးမိကျောင်း၏ခေါင်းသည် တုန်ခါနေပြီး သွားများကို အဆက်မပြတ်ကြိတ်နေချေ၏။
ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံး အရသာရှိသော အစားအစာကို မြင်တွေ့လိုက်ရသကဲ့သို့ ၎င်း၏ မျက်လုံးများထဲတွင် လောဘစိတ်များ ပိုမို ပြင်းထန်လာပေသည်။
၎င်းသည် တစ်ဖက်လူကို ရင်ခွင်ထဲထည့်ကာ ညှစ်သတ်ချင်နေပြီး နည်းနည်းခြင်းအရသာခံကာ အသားနှင့် သွေး အစအနတိုင်းကို မျိုချပြီး မိမိခန္ဓာကိုယ်၏အစိတ်အပိုင်း ဖြစ်စေချင်နေပေသည်။
မမျှော်လင့်ထားသော ပျော်ရွှင်မှုပါပင်။
ယန်ချွန်းမြစ်မှ ဤသို့ ထွက်ခွာလာရခြင်းမှာ ဆဋ္ဌမသခင်လေး သည် နတ်ဆိုးနှိမ်နင်းရေးဌာန၏ ပိတ်ဆို့ခြင်း ခံထားရသည်ဟု ကြားသိရသောကြောင့် ဖြစ်ပြီး၊ သခင်ကြီး စိတ်ပူနေသဖြင့် သတင်းစုံစမ်းရန် စေလွှတ်လိုက်ခြင်း ဖြစ်ပေသည်။
ဆဋ္ဌမသခင်လေးသည် မြစ်ဥမင်ဘုံဗိမာန် သို့ ပြန်မလာသည်မှာ နှစ်တစ်ရာ၊ နှစ်ရာခန့် ရှိပြီ ဖြစ်သည်။
နဂါးမိကျောင်းသည် ဆဋ္ဌမသခင်လေးကို နတ်ဆိုးနှိမ်နင်းရေးဌာန လက်ထဲမှ ကယ်တင်နိုင်မည့် အခွင့်အလမ်းကိုပင် ထည့်မစဉ်းစားဘဲ တာဝန်အရ လာရောက် ကြည့်ရှုခြင်းသာ ဖြစ်သော်လည်း သာမန် သိုင်းပညာရှင်လေး တစ်ဦးထံမှ သူ တောင့်တနေသော အနံ့ကို ရရှိလိုက်ခြင်း ဖြစ်ပေသည်။
ဤအတွေးဖြင့် ၎င်းသည် အနည်းငယ် တုန်ရင်နေသော ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက်တစ်ဖန်ပြန်လည် ကြည့်ရှုလိုက်ပေသည်။
ဤမျှ အဖိုးတန်ပြီး နှစ်သက်ဖွယ်ကောင်းသော ရတနာသည် မသေခင် ကြောက်ရွံ့မှုနှင့်သာ တွဲဖက်လိုက်ပါက ပြီးပြည့်စုံသွားပေလိမ့်မည်။
"ငါ တကယ်ပဲ မင်းကို အခုချက်ချင်း စားချင်နေပြီ..."
နဂါးမိကျောင်း၏ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော ကိုယ်နေဟန်ထားကြားတွင် နတ်ဆိုးနှိမ်နင်းရေး အရာရှိများ အများအပြားသည်ကြက်သီးမွေးညင်း ထသွားကြပေသည်။
ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သူမှလွဲ၍ ကျန်သူများအားလုံး ကျောချမ်းနေကြပေသည်။
ဖရိုဖရဲဖြစ်နေသော ဆံနွယ်များအောက်၊စိုက်ကြည့်နေသော မျက်လုံးများထဲတွင် နဂါးမိကျောင်းနှင့် ဆင်တူသော ခံစားချက်များ စတင်လှုပ်ရှားလာသည်ကို အခြားသူများ သတိမထားမိကြပေ။
တူညီစွာ ပြင်းထန်သော်လည်း ပိုမို ထိန်းချုပ်ထားနိုင်ပေသည်။
ရှန်းယီ ခေါင်းမော့လိုက်ရာ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာပေသည်။
"တကယ့်ကို တိုက်ဆိုင်မှုပဲ"
ထို စူးရှသော အကြည့်အောက်တွင် နဂါးမိကျောင်း ရုတ်တရက် အတော်လေး ငြိမ်သက်သွားပြီး မျက်လုံးထဲမှ အပူရှိန်များလျင်မြန်စွာပျောက်ကွယ်သွားကာ အံ့သြမှု၊ ထိတ်လန့်မှုနှင့် နောက်ဆုံးတွင် အကန့်အသတ်မရှိသော စိတ်အနှောင့်အယှက် ဖြစ်မှုအသွင်သို့ ပြောင်းလဲသွားပေသည်။
သူ၏ပန်းကန်ပြားပေါ်မှ ပြည့်ဖြိုးပြီး နူးညံ့သော အသားတုံးကြီးသည် ရုတ်တရက်ခေါင်းမော့လာကာ အစွယ်များကို ထုတ်ဖော်ပြသပြီး လောဘကြီးသော အကြည့်ဖြင့် ကြည့်လိုက်သကဲ့သို့ ဖြစ်နေချေ၏။
သူ့ထက်ပင် ပိုမို လောဘကြီးနေပေသည်။
'သူက ငါ့ကို စားချင်နေတာလား။'