← Chapters

ဂျင်ယွင်လဲ့

Vol. 26 Ch. 346

ဂျင်ယွင်လဲ့

Vol. 26 Ch. 346

ရုတ်တရက် အနက်ရောင်မှန် ဂျန်ဖန်းလက်မောင်းထဲမှထွက်ပေါ်လာ၏။

လုရှီယီ ကြောင်သွားပြီး တစ်ခဏ အခြေအနေကို နားမလည်နိင်ဖြစ်သွားသည်။

ဂျန်ဖန်း နတ်ဆိုးစိတ်ဝိညာဥ်နှင့်ပူးပေါင်းခဲ့သည်လား?

ချက်ချင်းပဲ သူက လှောင်ပြောင်လိုက်သည်။

"ငါမင်းကိုချီူးကျူးတယ်လို့ ပြောရမှာပဲ..."

"မင်းက နတ်ဆိုးစိတ်ဝိညာဥ်တစ်ခုကိုတောင် ယဥ်ပါးအောင်လုပ်နိုင်တယ်...."

"ဒါပေမယ့်, ငါဘယ်သူလဲဆိုတာ မင်းမေ့သွားပြီထင်တယ်...."

"နတ်ဆိုးစိတ်ဝိညာဥ်တစ်ခုကို ငါနဲ့ရင်ဆိုင်ခိုင်းတာ, ကြွက်ကို ကြောင်နဲ့တိုက်ခိုက်ခိုင်းနေတာမဟုတ်ဘူးလား...."

စစ်မှန်မိုးကြိုးဂိုဏ်း၏စွမ်းအားက ဤကဲ့သို့နတ်ဆိုးတွေအတွက် အားနည်းချက်ပင်။

အစောပိုင်း သူ့လိုက်ဖမ်းမှုကြောင့် မှန် အရှက်တကွဲထွက်ပြေးခဲ့ရ၏။

ယခု, သူ့ကိုရင်ဆိုင်ဖို့ ထိုမှန်လာသုံးနေသည်။

ဂျန်ဖန်း ဦးနှောက်ပျက်သွားပြီလား....

လှောင်ပြောင်မှုဖြင့်...

မိုးခြိမ်းသံတစ်ခု သူ့ခန္ဓာကိုယ်ထဲမှာ ပဲ့တင်ထပ်လာပြီး လက်ရှိခုတ်ပိုင်းထားသည့်ဓားချီနှင့်အတူ အနက်ရောင်မှန်ကို ထိမှန်သွား၏။

အနက်ရောင်မှန် ချက်ချင်းပဲ သနားစရာကောင်းစွာ အော်ဟစ်လိုက်သည်။

"အား... အား...အား...."

၎င်းက နာကျင်စွာအော်ဟစ်၍ မြေပြင်မှာလူးလိမ့်နေခဲ့သည်။

လုရှီယီ နှာမှုတ်လိုက်သည်။

"ဒါပဲလား...."

"နံပါတ် ၁ အရိပ်စောင့် မင်းဘယ်လောက်ရူးမိုက်လဲ မင်းသိလား...."

"ငါ့ကိုရင်ဆိုဖို့ ဒီလိုနတ်ဆိုးစိတ်ဝိညာဥ်အမှိုက်တစ်စကို လာသုံးနေတယ်...."

ပြောပြီးနောက်...

သူက အနက်ရောင်မှန်ဆီ သွားလိုက်သည်။

ထို့နောက် ခြေထောက််မှာ လျှပ်စီးတစ်ခုပေါ်လာပြီး နှာမှုတ်လိုက်သည်။

"နတ်ဆိုးစိတ်ဝိညာဥ်လေးတစ်ခုက ငါ့ကိုရင်ဆိုင်ရဲတယ်လား...."

"သေစမ်း...."

ဘုန်း!

လျှပ်စီး အနက်ရောင်မှန်ကို အသံတစ်ခုနှင့်အတူ ထိမှန်သွားခဲ့သည်။

အနက်ရောင်မှန်၏အော်ဟစ်မှုက ပိုးဆိုးမလာပေ။ ထိုအစား ရုတ်တရက် ရပ်တန့်လိုက်ပြီး လှောင်ပြောင်သည့်အသံတစ်ခု အစားထိုးလာ၏။

"ဟီ... ဟီ.... ငါက မင်းနဲ့ကစားနေတာကို အလေးအနက်ကြီးလုပ်နေတယ်ပေါ့...."

သူက မိုးကြိုးစွမ်းအားကိုကြောက်၏။

သို့ပေမယ့် ထိုအရာက ဂျန်ဖန်း၏မိုးကြိုးစွမ်းအားသာဖြစ်သည်။

ဤသနားစရာကောင်းသည့်မိုးကြိုးက သူ့ကို ကလိုထိုးနေသလိုပင်။

ဘာ?...

လုရှီယီမျက်နှာ ပြောင်းလဲသွား၏။

ချက်ချင်းပဲ ခြေထောက်ပြန်ရုတ်လိုက်ပေမယ့် အနည်းငယ်နောက်ကျသွားခဲ့သည်။

အနက်ရောင်မှန်ချက်ချင်းပဲ အနက်ရောင်မြူတစ်ခုထုတ်လွတ်ပြီး သူ့ခြေထောက်ကို ဖုံးလွမ်းလိုက်သည်။

ရှဲကနဲအသံတစ်ခုနှင့်...

ဂျယ်လီတစ်ခုစားသကဲ့သို့ သူ့ခြေထောက်အလျှင်အမြန်ဝါးမျိုးခံလိုက်ရပြီး အရိုးသာကျန်တော့၏။

ပြင်းထန်သည့်နာကျင်မှု နောက်ကလာခဲ့သည်။

"အား...."

လုရှီယီ စူးစူးဝါးဝါးအော်ဟစ်လိုက်၏။

သူက ခြေထောက်တစ်ဖက်ဖြင့် နောက်ကို တယိမ်းတယိုင်ဆုတ်သွားပြီး မြေပြင်ပေါ် ဖင်ထိုင်လဲကျသွားခဲ့သည်။

ထို့နောက် ခြေထောက်အခြေအနေကို မကြည့်အားပဲ ထိတ်ထိတ်ပျာပျာ အော်ဟစ်လိုက်သည်။

"ဆရာ, ကယ်ပါ..."

အဘယ်ကြောင့်ဆိုသော် အနက်ရောင်မှန်မှ ကျေနပ်သည့်သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသောကြောင့်ပင်။

"ငါ့ကိုယ်ငါပြုပြင်မယ်လို့ကတိပေးထားပေမယ့် တစ်ကိုက်လောက်ကိုက်ချင်စိတ်ကို ထိန်းမထားနိုင်ဘူး...."

"အတော်အရသာရှိတာပဲ..."

"ဒါပေမယ့် ငါ့ရဲ့ယွမ်စွမ်းအင်ကို ပြန်ဖြည့်တင်းဖို့ နောက်ထပ််နည်းနည်းပိုလိုသေးတယ်...."

ဆိုးယုတ်သည့်ရယ်သံနှင့် အနက်ရောင်မှန် လုရှီယီရင်ဘတ်ဆီ ပြေးဝင်သွားခဲ့သည်။

ထိုအရေးကြီးအခိုက်အတန့်၌....

အနက်ရောင်ဝတ်ရုံဖြင့် ထူးဆန်းသည့်သိုင်းပညာရှင် ပြင်းထန်စွာနှာမှုတ်လိုက်သည်။

"နတ်ဆိုးပစ္စည်းလေးတစ်ခုက, ဘယ်လိုတောင် ဒီအကြီးအကဲရှေ့မှာ မောက်မာရဲတာလဲ...."

ဖျစ်!

လက်မောင်းလုံးလောက်တုတ်သည့်မိုးကြိုးတစ်စင်း သူ့အင်္ကျီအိတ်ထဲမှ ထွက်ပေါ်လာပြီး အနက်ရောင်မှန်ကို ပြင်းထန်စွာ မှန်သွားခဲ့သည်။

မိုးကြိုးစွမ်းအားက ဂျန်ဖန်းထက် အများကြီးပိုကြောက်စရာကောင်း၏။

အနက်ရောင်မှန် ကြောက်လန့်တကြားအော်ဟစ်ပြီး အလျှင်အမြန်ပဲ သူ့ကိုယ်သူ အနက်ရောင်မြူဖြင့် ဖုံးအုပ်လိုက်၏။

ဘန်း!

အနက်ရောင်မှန် လွင့်ထွက်သွားပြီး ၎င်း၏အနက်ရောင်မြူတွေလုံးဝကိုပျောက်ကွယ်သွားခဲ့သည်။

ကံကောင်းစွာဖြင့် အသက်တော့မသေခဲ့ပေ။

သူက အလျှင်အမြန်ပဲ ဂျန်ဖန်းဘေးသွားပြီး ရေးကြီးသုတ်ပြာအော်ဟစ်လိုက်သည်။

"မြန်မြန်ပြေးတော့, ဒါ စစ်မှန်မိုးကြိုးဂိုဏ်းက ကျွမ်းကျင်သူတစ်ယောက်ပဲ...."

ဂျန်ဖန်း မျက်ခွံတွေ ကျုံ့သွား၏။

ထိုအရာဘယ်သူလဲဆိုတာ သူ့ကို ပြောဖို့မလိုအပ်ပေ။

ဂျင်ယွင်လဲ့....

ပျောက်နေသည့် ဂျင်ယွင်လဲ့ပင်။

သူက မသေခဲ့ပဲ ကပ်သီလေး အသက်ဘေးမှ လွတ်မြောက်ခဲ့၏။

ထိပ်တန်းမှော်အဆင့်ဓားကိုလက်မလျှော့နိုင်သေးပဲ သူ့တပည့်နှင့်အတူ လာရှာတာဖြစ်သည်။

ဝှစ်!

ဂျန်ဖန်း တွေဝေမနေရဲပဲ အနက်ရောင်မှန်ကိုဆုပ်ကိုင်ကာ လှုပ်ရှားနည်းလမ်းသုံးပြီး ချက်ချင်းပြေးတော့သည်။

ဤလူက အစကတည်းက သူတော်စင်တစ်ယောက်မဟုတ်ပေ။

ထို့ပြင် သူက ရှုချင်းယန်ဓားရှာနေသည့် သူ့လျို့ဝှက်ချက်ကိုပါ ရှာတွေ့ထား၏။

ဘယ်လိုနည်းနှင့်မှ အသက်ရှင်လျှက်ထွက်သွားခွင့်ပြုမည်မဟုတ်ပေ။

ဂျင်ယွင်လဲ့သူ့ဦးထုတ်ကိုဆုတ်ဖြဲပြီး ရုပ်ပျက်ဆင်းပျက်နီးပါးဖြစ်နေသည့်မျက်နှာကို ထုတ်ပြလိုက်သည်။

နက်ရှိုင်းသည့်လက်သည်းရာငါးခုက အရိုးတွေမြင်နေရပြီး ညာဖက်မျက်လုံးတစ်လုံးလည်း ဖောက်ထုတ်ခံထားရ၏။ ထို့ပြင် နှုတ်ခမ်းတွေလည်း ပါးထိဆုတ်ဖြဲခံထားရ၏။

ပုံစံက အတော်ကိုကြောက်စရာကောင်း၏။

ထိုအားကောင်းသည့်မိုးကြိုးစွမ်းအားကြောင့်သာမဟုတ်လျှင် ဤရုပ်ပျက်ဆင်းပျက်လူက ဂျင်ယွင်လဲ့ဆိုတာ ပြောရခက်၏။

သူ၏ကျန်ရှိသည့်ညာဖက်မျက်လုံးက ထွက်ပြေးသွားသည့်ဂျန်ဖန်းပုံရိပ်ကို အေးစက်စွာ ကြည့်နေခဲ့သည်။

"ဒီအကြီးအကဲရှေ့မှာ, မင်းလွတ်မယ်ထင်လို့လား...."

ဖျစ်!

သူ့အင်္ကျီလက်ဝှေ့ယမ်းလိုက်ရာ လက်မောင်းလောက်ရှိသည့်မိုးကြိုးနဂါးကြီးတစ်ကောင် ဂျန်ဖန်းနောက်လိုက်သွား၏။

ဂျန်ဖန်း အမူအရာ ချက်ချင်းပြောင်းလဲသွားခဲ့သည်။

ဤအရာက ဂိုဏ်း ၉ ဂိုဏ်းမဟာအကြီးအကဲတစ်ယောက်ဆီမှ တိုက်ခိုက်မှုဖြစ်သည်။

သူ့လိုတပည့်လေးတစ်ယောက်က ဘယ်လိုလုပ် ခုခံနိုင်မည်နည်း။

ကံကောင်းစွာဖြင့် လှုပ်ရှားနည်းလမ်းရှိနေ၍ ချက်ချင်းရှောင်တိမ်းလိုက်သည်။

ရွစ်!

စွမ်းအင်လှိုင်း သူ့ပခုံးကို ရှပ်ထိသွားခဲ့သည်။

ချက်ချင်း ပခုံးရှိအဝတ်တွေ ပြာအဖြစ်လောင်ကျွမ်းသွားပြီး သူ့ခန္ဓာကိုယ် တစ်ခဏ ထုံကျဥ်သွား၏။

ဂျင်ယွင်လဲ့မျက်လုံးတွေ သတ်ဖြတ်လိုစိတ်ဖြင့်ပြည့်နှက်နေပြီး အခွင့်အရေးကိုမြင်သည့်အခါ နောက်ထပ်မိုးကြိုးကြောင်းတစ်ခုကို ဂျန်ဖန်းကျောကို ပစ်လွတ်လိုက်သည်။

ထိုအခိုက်အတန့်၌, ဂျန်ဖန်းထုံနေ၍ မရှောင်တိမ်းနိုင်တော့ပေ။

သူ့ကို မိုးကြိုးထိမှန်တော့မှာ မြင်သည့်အခါ....

ပြတ်ပြတ်သားသားတစ်ဖက်လှည့်၍ လက်ထဲရှိ အောက်ခံအင်္ကျီဖြင့် ရင်ဘတ်ကို ကာလိုက်သည်။

ဘန်း...

မိုးကြိုးသံပေါက်ကွဲထွက်သွားပြီး အစွမ်းထက်လျှပ်စီးကြောင်းက သူ့ရင်ဘတ်ကို အပြင်းအထန်ထိမှန်သွားခဲ့သည်။

မူလ၌ ဤတိုက်ခိုက်မှုက ဂျန်ဖန်းကို အပိုင်းအစတွေဖြင့် လောင်ကျွမ်းသွားစေနိုင်၏။

အံ့အားသင့်စွာပဲ...

အတွင်းခံအင်္ကျီက မိုးကြိုးစွမ်းအား အားလုံးကို စုပ်ယူလိုက်သည်။

အကြွင်းအကျန်စွမ်းအားသေးသာ ဖောက်ထွက်လာပြီး ဂျန်ဖန်းရင်ဘတ်ကို ထိမှန်သွားခဲ့သည်။

ကံကောင်းပြီး ဂျန်ဖန်း အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ ၏တိုက်ခိုက်မှုကို ခုခံနိုင်သည့် ချပ်ဝတ်တစ်ခု ဝတ်ထားခဲ့သည်။

ဤသို့ဖြင့် မိုးကြိုးစွမ်းအား ခြေဖျက်ခံလိုက်ရသည်။

သူလက်ခံရသည့်စွမ်းအားက တိုက်ခိုက်မှု၏ ၁၀ ပုံ ၁ ပုံထက်နည်း၏။

ထိုသို့ဆိုလျှင်တောင် သူ့ကို အဝေးလွင့်ထွက်သွားစေတုန်းဖြစ်ပြီး ပါးစပ်အပြည့်သွေးတစ်လုတ်အန်လိုက်ရ၏။

"သူမသေဖူးလား..."

ဂျင်ယွင်လဲ့ အံံ့အားသင့်သွား၏။

အပြင်းအထန်ဒဏ်ရာရထားလျှင်တောင် သူ့စွမ်းအားက ဂျူနီယာတစ်ယောက်ခုခံနိုင်တာမဟုတ်ပေ။

တွေဝေနေတဲ့အခိုက်အတန့်မှာပဲ...

နောက်ပြန်လွင့်နေစဥ် ဂျန်ဖန်း သူ့ခါးမှလေးထုတ်ပြီး ဂျင်ယွင်လဲ့ဆီ ပစ်လွတ်လိုက်သည်။

သလင်းကျောက်မြား နောက်ခံပုံရိပ်တွေချန်ထားခဲ့ပြီး လျှပ်စီးကြောင်းကဲ့သို့ မျက်စိတ်တစ်မှိတ်အတွင်း အနားရောက်လာခဲ့သည်။

ဂျင်ယွင်လဲ့ တုံ့ပြန်သည့်အချိန်၌ မြားက သူ့ရှေ့ရောက်နေပြီဖြစ်သည်။

မျက်ခွံတွေကျုံ့သွားပြီး ခေါင်းစောင်းရှောင်တိမ်းလိုက်သည်။

မျက်နှာမှ သေစေနိုင်သည့်တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်နိုင်ပေမယ့် နားရွက်တစ်ဖက်ပြတ်ထွက်သွားခဲ့သည်။

"ဟစ်..."

ဂျင်ယွင်လဲ့ နာကျင်စွာဖြင့် မျက်နှာရှုံ့သွား၏။

ထို့နောက် သူ့မျက်လုံးတွေ ဒေါသကြောင့် ပေါက်ကွဲထွက်လာခဲ့သည်။

"မင်းက သေချင်နေတာပဲ...."

ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

ဂျူနီတစ်ယောက်ကြောင့် သူ့နားဆုံးရှုံးသွားခဲ့သည်။

တရားလွန်လွန်း၏။

ဂျန်ဖန်း ပါးစပ်ထောင့်မှသွေးကိုသုတ်ပြီး အကြည့်တွေက အေးစက်နေခဲ့သည်။

"ငါ့ကိုသတ်ချင်တယ်? မင်း တန်ဖိုးတစ်ခုတော့ ပြန်ပေးရမယ်...."

ဝှစ်!

ပစ်လွတ်လိုက်သည့်မြားက ထူးဆန်းစွာပဲ တစ်ပတ်ပတ်ပြီး ဂျန်ဖန်းလက်ထဲပြန်ရောက်လာခဲ့သည်။

ဤအရာကြောင့် ဂျန်ဖန်း လေး၏မှော်အစွမ်းကို အံ့အားသင့်ချီးကျူးလိုက်၏။

သို့ပေမယ့် အစောပိုင်းက ရုတ်တရက်တိုက်ခိုက်မှုကြောင့် ဂျင်ယွင်လဲ့ကို ဒဏ်ရာရသွားစေတာဖြစ်သည်။

သတိထားနေသည့်အခြေအနေ၌ နောက်တစ်ကြိမ်အောင်မြင်ဖို့ခက်၏။

သူ့မျက်လုံးတွေ အရောင်လက်သွား၏။

ဂျန်ဖန်း ကြေးဓားရှည်ကိုနောက်ကျောမှဆွဲထုတ်ပြီး အေးစက်စွာပြောလိုက်သည်။

"မင်းက ရှုချင်းယန်ဓားကိုရှာနေတာမလား...."

"မင်းမှာ အရည်အချင်းရှိရင်, ယူလိုက်..."

သူက ဓားနှလုံးသားကိုအသက်သွင်းပြီး တွေဝေမနေပဲ ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို အသုံးပြုလိုက်သည်။

ထိပ်တန်းမှော်အဆင့်ဓား အလင်းတန်းတစ်ခုအဖြစ်ပြောင်းကာ အဝေးကို ပြေးထွက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပဲ လှုပ်ရှားမှုနည်းလမ်းသုံးပြီး အသင်္ချေဓားမြို့ဆီ ပြေးတော့သည်။

လမ်းကြောင်းနှစ်ခုက လုံးဝဆန့်ကျင်ဘက်ပင်။

ဂျင်ယွင်လဲ့မျက်နှာ ပြောင်းသွားသည်။

သူကလှုပ်ရှားလိုက်ပေမယ့်, ချက်ချင်းရပ်တန့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် တစ်ခဏ ဂျန်ဖန်းနောက်လိုက်ရမလား ထိပ်တန်းမှော်အဆင့်ဓားနောက်လိုက်ရမလား မသိသောကြောင့်ပင်။

All Chapters