ကံဆိုးခြင်း
Vol. 26 Ch. 347
သူဓားနောက် အရင်လိုက်သွားလျှင် ဂျန်ဖန်းလှုပ်ရှားမှုနည်းလမ်းဖြင့် တစ်ခဏအတွင်း ပျောက်သွားမည်ဖြစ်သည်။
ဂျန်ဖန်းနောက် အရင်လိုက်လျှင်လည်း ထိပ်တန်းမှော်အဆင့်ဓား ဘယ်နေရာပျံသွားလဲ မည်သူမှမသိပေ။
တစ်ခဏတွေဝေသွား၏။
ထို့နောက် အံ့ကြိတ်ပြီး ဓားနောက်ပြတ်ပြတ်သားသားလိုက်တော့သည်။
ဤခရီးက မူလကတည်းက ထိပ်တန်းမှော်အဆင့်ဓားအတွက်ဖြစ်ပြီး ဂျန်ဖန်းကိုသတ်တာက အပိုဆုသာဖြစ်သည်။
အရေးကြီးကိစ္စနှင့် အရေးမပါတာကို ခွဲခြားသိသင့်၏။
ဂျန်ဖန်းသက်သာယာရစွာ သက်ပြင်းချပြီး စိတ်ဝိညာဥ်စွမ်းအားအကုန်သုံးကာ အသင်္ချေဓားမြို့သို့ တည့်တည့်မတ်မတ်ပြေးတော့သည်။
သူမသိတာက....
သူတို့နှစ်ယောက်လမ်းခွဲလိုက်ချိန်....
ပိုင်ကျာတောင်တန်း၌...
တိမ်တိုက်တစ်ခု တောင်ထိပ်ပေါ်ဆင်းသက်လာခဲ့သည်။
ထိုအရာက ကောင်းကင်ဝါးမျိုကျားပင်။
သူ့ကျောပေါ်၌ ဒေါသထွက်နေဆဲလျိုလီ ရှိနေခဲ့သည်။
သူမမျက်နှာက ရေကဲ့သို့တည်ငြိမ်နေပြီး ဤအခိုက်အတန့်၌ ဒေါသထွက်နေတာကို ပြောနိုင်၏။
"သခင်မလေး, လူသားကလန်ကနေငါသိခဲ့တဲ့စကားတစ်ခွန်းက အတော်ကျိုးကြောင်းဆီလျော်တယ်...."
"လူကြီးလူကောင်းတစ်ယောက် လက်စားချေဖို့ ၁၀ နှစ်တောင် နောက်မကျဘူးတဲ့...."
"အဲ့ဒီကလေး မျက်နှာဖုံးတပ်ထားတယ်ဆိုရင်တောင် ခဏပဲလွတ်နိုင်မှာပါ။ တစ်သက်လုံးတော့ မလွတ်နိုင်ပါဘူး...."
"သခင်မလေးစိတ်ရှည်သရွေ့ အနှေးနဲ့အမြန် သူ့ကိုရှာတွေ့ပြီး ဒီနေ့ရဲ့လက်စားချေမှုကို ပြန်ယူနိုင်မှာပါ..."
လျိုလီ ဤစကားတွေကို ဂရုတစိုက် စဥ်းစားနေခဲ့သည်။
သူမစိတ်တဖြည်းဖြည်းရှင်းလင်းလာပြီး နားသယ်ကိုသပ်ကာ ပြောလိုက်သည်။
"ငါဒေါသကြောင့် မျက်ကန်းဖြစ်သွားတာပဲ...."
"ကိစ္စကြီးတွေအောင်မြင်ချင်တဲ့လူက အသေးအမွားလေးတွေနဲ့ စိတ်ရှုပ်မခံဘူး။ တဒင်္ဂအမုန်းတရားကြောင့် မျက်ကန်းဖြစ်သွားရင် ငါက ဘယ်လိုလုပ် နတ်ဆိုးအင်ပါယာတစ်ယောက်ဖြစ်လာမှာလဲ။ ဘယ်လိုလုပ်ပြီး နတ်ဆိုးတွေကို ဦးဆောင်မှာလဲ..."
"ကောင်းပြီး, ဒီနေ့လက်စားချေမှုကို ငါမှတ်ထားလိုက်မယ်...."
"အနာဂတ်မှာအခွင့်ရေးရလာရင် ငါသေချာပေါက်ပြန်ပေးမယ်...."
သူမက ကျားကျောပေါ်မှခုန်ဆင်းကာ ပြောလိုက်သည်။
"မြန်မြန်, ငါ့ပစ္စည်းတွေအားလုံးသွားယူမယ်...."
"ဒီနေရာကက အသင်္ချေဓားမြို့နဲ့မဝေးဘူး။ ရှုချင်းယန်သာအာရုံခံမိသွားရင် ပြဿနာတက်ပြီ...."
ကောင်းကင်ဝါးမျိုကျား အလေးအနက်သဘောတူလိုက်သည်။
"ရှုချင်းယန် သူ့ရတနာမှော်ဓားမရှိတော့ အထွတ်အထိပ်ခွန်အားရဲ့ ၇၀ ရာခိုင်နှုန်းပဲ ရှိတော့တယ်...."
"ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ပုန်းကွယ်နေတဲ့အန္တရာယ်ကြီးတစ်ခု လျော့သွားတာပေါ့..."
"ဒီဓားကို ရှုချင်းယန် လုံးဝနောက်တစ်ကြိမ်ပြန်ရလို့မဖြစ်ဘူး..."
လျိုလီ ခေါင်းညိတ်လိုက်သည်။
"ငါလည်းအဲ့လိုခံစားမိတယ်...."
သို့ပေမယ့်....
သူမ မြေပေါ်ရောက်သည်နှင့်....
ရုတ်တရက် တစ်ခုခုမှားနေတာ သိလိုက်သည်။
မြေပြင်၌ တိုက်စားခံထားရသည့်အပေါက်တွေနှင့်ပြည့်နှက်နေပြီး ထိုအပေါ်မှာရပ်နေရတာ သူမခြေထောက်ကို စပ်ဖျဥ်းဖျဥ်းနာကျင်စေ၏။
"ဒါ...."
သူမနှလုံးသား ကျုံ့ဝင်သွားပြီး မကောင်းသည့်နိမိတ်တွေရနေ၏။
အလျှင်အမြန်ပဲ ပတ်ပတ်လည်ကိုကြည့်လိုက်သည့်အခါ သိသာမြင်သာသည့်အနက်ရောင်ကျောက်တုံးကြီးတစ်ခုကိုတွေ့လိုက်သည်။
သို့ပေမယ့် သူမနှလုံးသားကိုကျုံ့ဝင်သွားစေတာက ကျောက်တုံးက နေရာရွေ့နေတာပင်။
သူမထားခဲ့သည့် ကျောက်တုံးအောက်ရှိထောင်ချောက်လည်း ဘေးဖယ်ထုတ်ခံထားရသည်။
ခြေဖျာလက်ဖျားတွေအေးစက်သွားကာ ဟာလာဟင်းလင်းဖြစ်သွားသောခံစားချက်ကြောင့် သူမခန္ဓာကိုယ် တယိမ်တယိုင်ဖြစ်သွားခဲ့သည်။
"မြန်မြန်.. မြန်မြန်, ငါ့ကို အဲ့ဒီနေရာကူတွဲအုန်း..."
သူမခန္ဓာကိုယ်တောင့်တင်းနေပြီး ခြေထောက်တွေက ရှေ့ဆက်မသွားနိုင်တော့ပေ။
လှပသည့်မျက်နှာက စက္ကူတစ်ရွက်လိုဖြူဖြော့နေခဲ့သည်။
ထိုနေရာ၌ ရှုချင်းယန်ဓားသာမက သူမပိုင်ဆိုင်မှုအားလုံးလည်းရှိ၏။
ကောင်းကင်ဝါးမျိုကျားလည်း ပတ်ဝန်းကျင်ရှိပုံမှန်မဟုတ်မှုကို ခံစားမိပြီး အလျှင်အမြန်သူမကိုသယ်ကာ အနက်ရောင်ကျောက်တုံးဆီသွားလိုက်သည်။
ထိုအခါ မြင်ကွင်းထဲသို့ အိတ်တစ်လုံး ဝင်လာခဲ့သည်။
နဂိုကတည်းက တုန်ယင်နေသည့်လျိုလီ၏အမြင် မဲမှောင်သွား၏။
တကယ်ပင်။ ပစ္စည်းတွေအားလုံး ယူသွားခံရပြီဖြစ်သည်။
သူမက တုန်ယင်နေသည့်လက်ဖြင့် အိတ်ကိုကောက်ယူလိုက်သည်။
တစ်ခုခုကျန်ခဲ့မလားဆိုသည့်မျှော်လင့်ချက်နှင့်ပင်။ အနည်းဆုံးတော့ အတွင်းခံအင်္ကျီတော့ ကျန်ခဲ့သင့်၏။
ထိုသို့ဆိုလျှင် သူမအနည်းငယ် စိတ်သက်သာယာရမည်ဖြစ်သည်။
သို့ပေမယ့် ဖွင့်ကြည့်လိုက်သည့်အခါမျက်လုံးတွေ ဗလာကျင်းသွားပြီး ကြောင်ကြောင်ကြီး ဖြစ်သွား၏။
ပစ္စည်းတွေအားလုံး ပါသွားပြီပင်။
ကောင်းကင်ဝါးမျိုကျားလည်း ပင့်သက်ရှိုက်လိုက်သည်။
"ပ..ပစ္စည်းတွေအားလုံး ပါသွားပြီ..."
ခဏရပ်တန့်သွားပြီး သူက အလျှင်အမြန်ပြောလိုက်သည်။
"သခင်မလေး, အောက်ကိုမြန်မြန်စစ်၊ လေးများကျန်ခဲ့အုန်းမလားလို့..."
"အခြားပစ္စည်းတွေက နောင်မှာ ပြန်ရှာနိုင်တယ်...."
"အဲ့ဒီကောင်းကင်ခွဲလေးက နတ်ဆိုးမျိုးနွယ်ရဲ့ အထွတ်အမြတ်ရတနာပဲ ပျောက်သွားလို့မဖြစ်ဘူး...."
လျိုလီအသိပြန်ဝင်လာပြီး ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်, ဟုတ်တယ်, လေးရှိနေသေးရင် အဆင်ပြေတယ်..."
"ငါလေးကို အနက်ပိုင်းမှာဖွက်ခဲ့တာ။ အိတ်ရတဲ့လူက ပျော်လွန်းပြီး သတိထားမိမှာမဟုတ်ဘူး...."
"အောက်မှာ ပိုအရေးကြီးတဲ့ပစ္စည်းရှိသေးတာ သိဖို့က မဖြစ်နိုင်ဘူး...."
သို့ပေမယ့်....
သူမ အိတ်ကိုမလိုက်သည့်အခါ....
အောက်၌ ဘာမှမရှိတော့ပေ။
လေးနှင့်မြားချန်ထားခဲ့သည့် ချိုင့်ရာတစ်ခုသာကျန်ခဲ့သည်။
"ကောင်းကင်ခွဲလေး... မရှိတော့ဘူး..."
ကောင်းကင်ဝါးမျိုကျားခေါင်း မူးဝေသွား၏။
ဤအရာက ပြဿနာများပြီပင်။
သခင်မလေးတောင် ဤလေးပျောက်လျှင် ပြန်ရောက်သည့်အခါ နတ်ဆိုးအင်ပါယာ၏ အပြင်းအထန် အပြစ်ပေးချင်းခံရနိုင်၏။
လျိုလီခန္ဓာကိုယ် အကြိမ်ကြိမ်ယိမ်းယိုင်နေပြီး နောက်ဆုံးမြေပြင်ပေါ် ဖင်ထိုင်ကျသွားခဲ့သည်။
သူမမျက်လုံးတွေဗလာကျင်းနေပြီး ပြောလိုက်သည်။
"အားလုံး...မရှိတော့ဘူး..."
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...."
သူမစိတ်ထဲ၌ သူမအဖေ၏ဒေါသတကြီးမျက်နှာနှင့် ပြည့်နှက်နေခဲ့သည်။
ဤအရာကိုတွေးပြီး မနေနိုင်ပဲ တကိုယ်လုံးတုန်ယင်သွားခဲ့သည်။
ကောင်းကင်ဝါးမျိုကျား ခက်ခက်ခဲခဲဆံထွေးမျိုချလိုက်ပြီး အသိပေးလိုက်သည်။
"သခင်မလေး, ခုအရေးကြီးလုပ်ရမှာက ပစ္စည်းတွေကို ပြန်ယူဖို့ပဲ...."
"ဒါက အမှားပြင်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ...."
လျိုလီ အသိပြန်ဝင်လာ၏။
ခုန်ထလိုက်ပြီး သူမမျက်လုံးတွေက ဒေါသမီးတွေ တောက်လောင်နေခဲ့သည်။
"ဘယ်သူလဲ...."
"ဘယ်သူ ဒီသခင်မလေးရဲ့ပစ္စည်းတွေခိုးသွားတာလဲ..."
"အတင့်ရဲလိုက်တာ..."
"ငါနင့်ကိုတွေ့အောင်ရှာမယ်။ ပြီးရင် အပိုင်းပိုင်းဆုတ်ဖြဲပြီး မြစ်ထဲကလိပ်တွေကျွေးပစ်မယ်...."
သူမက ဒေါသတကြီးအော်ဟစ်လိုက်သည်။
နတ်ဆိုးသားရဲတစ်ကောင်အနေဖြင့် သူမ၌ အစွမ်းထက်အာရုံခံနိုင်စွမ်းရှိ၏။
သူမ၏ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေကိုမပြောလိုသေးပေ။
ထိပ်တန်းမှော်အဆင့်ဓား၌တောင် သူမအငွေ့အသက်ချန်ထားခဲ့သည်။
အကွာအဝေးတစ်ခုအတွင်းရှိနေသ၍ ရှာတွေ့ဖို့မခက်ခဲပေ။
ရုတ်တရက်....
သူမက တောင်ခြေကို စူးရှစွာကြည့်လိုက်ပြီး မျက်လုံးတွေ၌ ဒေါသတကြီးအလင်းတန်းတစ်ခုထွက်ပေါ်လာခဲ့သည်။
"တွေ့ပြီ...."
"ထိပ်တန်းမှော်အဆင့်ဓားရဲ့အော်ရာက အဲ့ဒီဘက်မှာပဲ..."
တောင်ခြေ၌....
ဂျင်ယွင်လဲ့ ထိပ်တန်းမှော်အဆင့်ဓားကို စိတ်လှုပ်တရှားကိုင်ထားပြီး ပြောလိုက်သည်။
"ဒီဓား နောက်ဆုံးတော့ ငါ့လက်ထဲပြန်ရောက်ပြီ...."
"ဟ...ဟ...ဟ..."
"ကောင်းကင်ဘုံက ငါ့ကို ကူညီနေတာပဲ...."
ခြေထောက်၌ပတ်တီးနှင့် လုရှီယီ နာကျင်မှုကို တောင့်ခံပြီး လက်ချင်းယှက်ပြောလိုက်သည်။
"ဂုဏ်ယူပါတယ်, ဆရာ၊ ဂုဏ်ယူပါတယ် ...."
"ဒီထိပ်တန်းမှော်အဆင့်ဓားနဲ့ဆိုရင် အဆင့်တူမှာ ဆရာ့ပြိုင်ဘက်ရှိတော့မှာမဟုတ်ဘူး...."
သူ့မျက်နှာ၌ စစ်မှန်သည့် သဘောကျမှုတွေရှိနေခဲ့သည်။
ဤအရာက ထိပ်တန်းမှော်အဆင့်ဓားဖြစ်ပြီး တစ်လောကလုံးမှာ ရှားပါးသည့်ရတနာတစ်ခုဖြစ်၏။
ရသည့်မည်သူမဆို ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၌ သေချာပေါက် ထိပ်ဆုံးဖြစ်လာမှာဖြစ်သည်။
ဂျင်ယွင်လဲ့ ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
"ဟ..ဟ.. ဒီတစ်ချိန် မင်းအကြီးအကျယ်အကျိုးဆောင်လိုက်တာပဲ...."
"ဂိုဏ်းပြန်ရောက်ရင်, သေချာပေါက် ဆုလာဘ်ကြီးကြီးချရမယ်...."
ဒုန်း...
ရုတ်တရက်...
အနက်ရောင်အရိပ်တစ်ခု ကောင်းကင်မှ ပြုတ်ချလာခဲ့သည်။
ဂျင်ယွင်လဲ့တုံ့ပြန်ချိန်မရလိုက်ပဲ အရိပ်ကြောင့် မြေပြင်ပေါ်ဖိနှိပ်ခံလိုက်ရသည်။
ပြင်းထန်သည့်အားကြောင့် မြေပြင်တုန်ခါသွားကာ ဖုန်မှုန့်နှင့်မီးခိုးတွေ တထောင်းထောင်းထသွား၏။
လုရှီယီကြောင်သွားပြီး ဖုန်မှုန့်တွေနှင့်မမြင်ရဖြစ်နေကာ အံ့အားသင့်စွာ ပြောလိုက်သည်။
"ဆရာ, ဆရာ ဘာဖြစ်တာလဲ...."
ဖုန်မှုန့်တွေ ပျောက်ကွယ်သွားသည့်အခါ...
လုရှီယီမျက်ခွံတွေ အပြင်းအထန်ကျုံ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန်တုန်ယင်သွားခဲ့သည်။
မြင်လိုက်ရတာက ဂျင်ယွင်လဲ့ ကြီးမားသည့်ကျားလက်သည်းကြီးဖြင့် မြေပြင်ပေါ်ဖိကပ်ခံထားရပြီး မလှုပ်နိုင်ဖြစ်နေခဲ့သည်။
မှင်ကဲ့သို့မဲနက်သည့်ကျားတစ်ကောင် ပြိုင်ဘက်ကင်းကြမ်းကြုတ်မှုတွေထုတ်လွတ်နေပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
အကြည့်တစ်ချက်ဖြင့်....
လုရှီယီရင်ထဲတုန်လှုပ်သွားပြီး သွေးတစ်လုတ်အန်လိုက်ရသည်။
ထို့နောက် ချက်ချင်းပဲ သတိလစ်မေ့မြောသွားခဲ့သည်။
မြေပြင်မှာဖိခံထားရသည့် ဂျင်ယွင်လဲ့မျက်ခွံတွေတုန်ယင်နေပြီး အလွန်အမင်းကြောက်လန့်နေခဲ့သည်။
သူက အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။
"ကောင်းကင်ဝါးမျိုကျား, နတ်ဆိုးအင်ပါယာလက်အောက်က မဟာနတ်ဆိုးဘုရင်လေးယောက်ထဲကတစ်ယောက်...."
သူက ဆံတွေးမျိုချလိုက်ပြီး နှလုံးသားက ခုန်ပေါက်နေခဲ့သည်။
ဘယ်လိုလုပ် ဤကဲ့သို့ကြောက်မက်ဖွယ်တည်ရှိမှုနှင့် လာတွေ့နေရသနည်း။
လျိုလီ ကျားကျောပေါ်မှခုန်ဆင်းလိုက်သည်။
သူမက သူ့ဆီလျှောက်သွားလိုက်ပြီး မြေပြင်ရှိ ရှုချင်းယန်ဓားကို ကောက်ယူလိုက်သည်။
ဓားအိမ်ပေါ်၌ သူမ၏အေးစက်သည့်မျက်နှာ အလင်းပြန်နေ၏။
"အခြားပစ္စည်းတွေဘယ်မှာလဲ..."
ဂျင်ယွင်လဲ့ တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။
"အခြားဘာပစ္စည်းလဲ...."
ရွစ်!
အေးစက်စက်အလင်းတစ်ချက် ဖြတ်ကနဲလင်းလက်သွားသည်။
လျိုလီ ဂျင်ယွင်လဲ့လက်တစ်ဖက်ကို ဓားဖြင့်ဖြတ်လိုက်ရာ ဂျင်ယွင်လဲ့ နာကျင်စွာ အော်ဟစ်လိုက်ရသည်။
"ငါ နောက်ဆုံးတစ်ကြိမ်မေးမယ်။ အခြားပစ္စည်းတွေဘယ်မှာလဲ...."
ဂျင်ယွင်လဲ့မျက်နှာ နစ်နာချက်တွေအပြည့်ပင်။
"ငါ တကယ်မသိဘူး..."
လျိုလီ သူမဓားကိုနောက်တစ်ကြိမ်မြောက်လိုက်တာမြင်သည့်အခါ အလျှင်အမြန်ပဲ ထိပ်ထိပ်ပျာပျာဖြင့် ပြောလိုက်သည်။
"ခဏနေပါအုန်း..."
"မင်းပြောတာ အတွင်းခံအင်္ကျီတစ်ထည်နဲ့ လေးတစ်လက်လား...."
လျိုလီမျက်လုံးတွေ၌ သတ်ဖြတ်လိုစိတ်တွေရစ်ဝဲနေ၏။
"နင်သိရင် ဘာလို့မပေးသေးတာလဲ..."
ဂျင်ယွင်လဲ့ မတရားသဖြင့် ခံရသလို ငိုကြွေးလိုက်သည်။
"သခင်မလေး, မင်းအထင်လွဲနေပြီ..."
"ပစ္စည်းတွေက ငါဆီမှာမရှိဘူး။ လူတစ်ယောက် အရင်ယူသွားပြီ...."
"ငါ သူ့ဆီက ဒီဓားတစ်ချောင်းပဲရလိုက်တာ...."
ဘာ?....
လျိုလီအမူအရာပြောင်းသွားပြီး စိုးရိမ်စွာဖြင့် မေးလိုက်သည်။
"ဘယ်သူလဲ...."
"သူ အခု ဘယ်မှာလဲ...."
ထိုလူသာ လူသားနယ်မြေဆီပြန်ရောက်သွားလျှင် သွားပြီပင်။
ဂျင်ယွင်လဲ့ သူမ၏လက်ရှိအမူအရာကြောင့် ကြောက်လန့်သွားပြီး ပြောလိုက်သည်။
"ဒါ.. ဒါ မျက်နှာဖုံးတပ်ထားတဲ့လူတစ်ယောက်ပါ..."
""အထောက်အထားအတိအကျတော့ ငါမသိပါဘူး...."
မျက်နှာဖုံးတပ်ထားတယ်?....
လျိုလီကြောင်သွားပြီး ချက်ချင်းပဲ ဂျန်ဖန်းကို သတိရလိုက်သည်။
သူမမျက်လုံးတွေမှေးကျဥ်းသွားပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။
"မျက်နှာဖုံးပေါ်မှာ နံပါတ် ၁ ဆိုတဲ့စာလုံးထွင်းထားလား...."