ငါကိုနတ်ဆိုးမိန်းခလေးလို့ခေါ်တယ်ပေါ့
Vol. 26 Ch. 349
သူ့ခြေလက်တွေ လှုပ်ရှားလို့မရတော့ပေ။
သို့ပေမယ့် ဓားချက်ထုတ်ဖော်ဖို့ လက်မလိုအပ်ပေ။
သူ့ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဥ်စွမ်းအင် အလျှင်အမြန်လိမ့်တက်လာပြီး ဓားပုံသဏ္ဍာန်တစ်ခု ဖြစ်တည်လာ၏။
ဓားနှလုံးသားအသက်သွင်းလိုက်တာပင်။
သူ့ကျောရှိခရမ်းဓား မည်သူတစ်ဦးတစ်ယောက်၏ထိန်းချုပ်မှုမရှိပဲ ချက်ချင်း ဓားသံတစ်ခုနှင့်ထွက်ပေါ်လာခဲ့သည်။
ထို့နောက် အလွန်အမင်းမျက်စိကျိန်းလောက်သည့်ခရမ်းအလင်းအဖြစ်ပြောင်းကာ ချက်ချင်းပြေးထွက်သွားခဲ့သည်။
ရွစ်!
ဧရာမကျားလက်သည်းကြီး ခရမ်းရောင်အလင်းတန်းဖြင့် ထိုးဖောက်ခံလိုက်ရပြီး ပုတီးလုံးလောက်ရှိသည့်သွေးတွေ ထွက်လာခဲ့သည်။
"အား...."
ကောင်းကင်ဝါးမျိုကျား နာကျင်စွာဟိန်းဟောက်ပြီး လုံးဝမပြင်ဆင်နိုင်ဖြစ်သွား၏။
မျက်လုံးထောင့်မှ ခရမ်းဓားလေထဲမှာ လွတ်လွတ်လပ်လပ်ပျံသန်းနေတာ မြင်သည့်အခါ...
သူ၏ကျားမျက်လုံးတွေ အကြီးအကျယ်ကျုံ့သွားပြီး အံ့အားသင့်စွာ ပြောလိုက်သည်။
"ဓားထိန်းချုပ်ခြင်းနည်းစနစ်...."
"မင်း ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို သိတယ်...."
သူက မယုံနိုင်ဖြစ်နေခဲ့သည်။
လူသားကလန်၌ ရှုချင်းယန်မှလွဲပြီး တကယ်ပဲ အခြား ဓားထိန်းချုပ်ခြင်းနည်းစနစ်ကျွမ်းကျင်သူရှိနေခဲ့သည်။
သို့ပေမယ့် သူ၌ အံ့အားသင့်နေဖို့ အချိန်မရှိပေ။
အဘယ်ကြောင့်ဆိုသော် ခရမ်းဓား သူ့ကျားလက်သည်းကိုထိုးဖောက်သွားပြီးနောက် ရပ်တန့်မသွားပဲ လျိုလီကို ချိန်ရွယ်လာ၏။
အရင်ဆုံး ခေါင်းဆောင်ကိုဖမ်းဖို့ပင်။
ဂျန်ဖန်း သဘာဝအတိုင်း ဤစည်းမျဥ်းကို နားလည်၏။
"သခင်မလေး...."
ကောင်းကင်ဝါးမျိုကျား အကြီးအကျယ်တုန်လှုပ်သွား၏။
ခရမ်းဓား လျိုလီရှေ့ကို ရောက်နေပြီဖြစ်သည်။
သူမမျက်လုံးတွေက ကြောက်ရွံ့မှုတွေနှင့်ပြည့်နှက်နေပြီး နတ်ဆိုးအင်ပါယာသွေးမျိုးဆက်ကိုအသက်သွင်းကာ ခန္ဓာကိုယ်ပတ်လည်၌ ခရမ်းရောင်အလွာတစ်ခုကို ဖန်တီးလိုက်သည်။
သို့ပေမယ့် ခရမ်းဓားရှေ့၌ ဤအကာအကွယ်လွာက စက္ကူတစ်ရွက်ကဲ့သို့ဖြစ်နေပြီး အလွယ်တကူထိုးဖောက်သွားခဲ့သည်။
အေးစက်သည့်ခရမ်းဓား သူမရင်ဘတ်ကို အညာတာကင်းမဲ့စွာ ချိန်ရွယ်လာ၏။
ထိုအရေးကြီးအခိုက်အတန့်၌....
ကောင်းကင်ဝါးမျိုကျား ဒေါသတကြီးဟိန်းဟောက်ပြီး ၎င်း၏ရှည်လျားသောအမြီးမှာ အရိပ်တစ်ခုအဖြစ်ပြောင်းကာ လျိုလီရှေ့အချိန်မှီကာပေးလိုက်သည်။
ရွစ်!
အမြီးချက်ချင်းပဲ ပြတ်ထွက်သွားခဲ့သည်။
သို့ပေမယ့် ထိုအရာက လျိုလီကို တုံ့ပြန်ချိန်ရသွားစေပြီး ဘေးဘက်လှည့်ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။
ကောင်းကင်ဝါးမျိုကျား အမြီးပြတ်ပြီး နာကျင်စွာဟိန်းဟောက်လိုက်တာ မြင်သည့်အခါ လျိုလီ ဒေါသထွက်သွား၏။
"နင် သေဖို့ထိုက်တန်တယ်...."
သူမက ထိပ်တန်းမှော်အဆင့်ဓားကို လက်ပြန်ဆွဲထုတ်ပြီး ဂျန်ဖန်းဆီပစ်လွတ်လိုက်သည်။
ဤအခိုက်အတန့်၌ ဂျန်ဖန်းခန္ဓာကိုယ်အတော်တောင့်တင်းနေဆဲဖြစ်ပြီး မပျော့ပြောင်းသေးပေ။
သူ လုံးဝ မရှောင်တိမ်းနိုင်ပေ။
အံကြိတ်ပြီး ပြတ်ပြတ်သားသားပဲ အတွင်းခံအင်္ကျီကိုထုတ်ကာ ရှေ့မှာ ကာထားလိုက်၏။
စွပ်!
ရပ်တန့်မရပုံပေါ်သည့်ထိပ်တန်းမှော်အဆင့်ဓား အတွင်းခံအင်္ကျီထဲထိုးစိုက်သွားပြီး ချီဘောလုံးတစ်ခုထဲထိုးစိုက်သွားသလိုပင်။
ထိုအခါ ဓားချီ အလျှင်အမြန်ပဲ အာနိသင်ပျက်ပျယ်သွားပြီး ဓားရှည်မြေပြင်ပေါ်ပြုတ်ကျသွားခဲ့သည်။
ဤအရာကိုမြင်သည့်အခါ လျိုလီမျက်နှာနီရဲသွားပြီး ပေါက်ကွဲထွက်လာ၏။
"နင်, နင်အရှက်မရှိတဲ့ကောင်...."
"ငါ့အတွင်းခံပြန်ပေး...."
သူမ၏အတွင်းခံသုံးပြီး သူမတိုက်ခိုက်မှုကို ခုခံခဲ့သည်။
လျိုလီ လဲကျချင်သလိုဖြစ်သွား၏။
ကောင်းကင်ဝါးမျိုကျား ဆက်တိုက်နာကျင်မှုတွေ ခံစားနေရ၍ လုံးဝဒေါသထွက်လာခဲ့သည်။
သူက လျိုလီ၏အသက်ရှင်လျက်ဖမ်းဆိုသည့်အမိန့်ကို ဆက်ပြီး ဂရုမစိုက်တော့ပေ။
ဧရာမလက်သည်းကြီးတစ်ခု ဖျက်ဆီးရေးစွမ်းအားကိုသယ်ဆောင်ကာ အောက်ကိုခုတ်ပိုင်းချလာခဲ့သည်။
သူက ဒေါသတကြီးဟိန်းဟောက်လိုက်၏။
"ပုရွက်ဆိတ်ကောင်, သေစမ်း...."
ထန်!
ထိုအခိုက်အတန့်၌....
ဓားပျံတစ်ခု ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ကောင်းကင်ဝါးမျိုကျားခေါင်းတည့်တည့်ကို ထိုးစိုက်လိုက်၏။
ဓားချီက သက်တန့်တစ်စင်းကဲ့သို့ဖြစ်ပြီး အေးစက်စက်အလင်တန်းတစ်ခု ကောင်းကင်မှာ တောက်ပသွား၏။
ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၌ လူတစ်ဦးသာဤကဲ့သို့အရှိန်အဝါမျိုးထုတ်ဖော်နိုင်၏။
ကောင်းကင်ဝါးမျိုကျားမျက်နှာ အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
သူက ဂျန်ဖန်းကို ဘယ်လိုလုပ် ဂရုစိုက်နေနိုင်တော့မည်နည်း။
မြေပြင်ပေါ်လိမ့်ပြီး လျိုလီကိုသယ်ကာ အစွမ်းထက်ဓားချက်ကို ကပ်သီလေးရှောင်တိမ်းနိုင်လိုက်၏။
ဘန်း...
မူလသူရပ်နေခဲ့သည့်နေရာ၌ ဓားချက်ကြောင့် အချင်းပေပေါင်းများစွာကျယ်သည့် ချိုင့်ကြီးတစ်ခုအဖြစ် လောင်ကျွမ်းသွားခဲ့သည်။
ဂျန်ဖန်း မျက်ခွံတွေ တွန့်လိမ်သွား၏။
ဤအရာက ဂိုဏ်း ၉ ဂိုဏ်း၏ နံပါတ် ၁ ဓားဘုရင်၏ တိုက်ခိုက်မှုဖြစ်နေခဲ့သည်။
ဤကမ္ဘာကြီး၌ ဤကဲ့သို့တိုက်ခိုက်မှုကို မည်သူက ခုခံနိုင်မည်နည်း။
သို့ပေမယ့် သူ အလျှင်အမြန်ပဲ တုံ့ပြန်လိုက်သည်။
ရှုချင်းယန် မရောက်ခင် အလျှင်အမြန်ပဲ ခရမ်းဓားကိုသိမ်းလိုက်သည်။
ထို့နောက် ကြေးဓားရှည်ကိုလည်း ကောက်ယူလိုက်သည်။
ဝှစ်! ဝှစ်! ဝှစ်!
ပုံရိပ်များစွာ နောက်ကကပ်ပါလာခဲ့သည်။
ထိုအရာက ရှုချင်းယန်နှင့် အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲတွေမှလွဲ၍ တခြားမဟုတ်ပေ။
ရှုချင်းယန်မျက်နှာ အေးစက်နေ၏။
"မင်း, ကောင်းကင်ဝါးမျိုကျား အတင့်ရဲလိုက်တာ.... ငါ့အသင်္ချေဓားဂိုဏ်းကို ဟင်းသီးဟင်းရွက်ခင်းများမှတ်နေလား..."
"ပြဿနာတွေတစ်ခုပြီးတစ်ခု ဖန်တီးနေတယ်...."
ဓားသစ်တော၌ သူက သူတို့လိုက်ဖမ်းမှုကြောင့် ထွက်ပြေးရပြီးပြီဖြစ်သည်။
ယခု ပြန်လာရဲသေးသည်လား...
လျိုလီမျက်နှာ အကြီးအကျယ်ပြောင်းလဲသွား၏။
ချက်ချင်းပဲ သူမက ဂျန်ဖန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ဂျန်ဖန်း ဤလောက်ထိရင်ဆိုင်ရခက်ခဲမယ်လို့ ထင်မထားခဲ့ပေ။ သူက ရှုချင်းယန်ရောက်လာသည်ထိ အောင်မြင်စွာ အချိန်ဆွဲနိုင်ခဲ့သည်။
သူမက ငွေရောင်သွားလေးတွေကို မုန်းတီးစွာ အံ့ကြိတ်လိုက်သည်။
"ငါတို့က အသင်္ချေဓားဂိုဏ်းက ထွက်မသွားချင်တာမဟုတ်ဘူး...."
"ဒီခွေးကောင်က ငါ့ပစ္စည်းတွေခိုးသွားတာ...."
ဂျန်ဖန်း အလျှင်အမြန်ပဲ ရှုချင်းယန်ဘေးသွားလိုက်သည်။
ထိုအခါမှာသာ လုံခြုံမှုကို ခံစားလိုက်ရပြီး တင်းမာသည့်မျက်နှာဖြင့် ပြောလိုက်သည်။
"နတ်ဆိုးမလေး, နင်စကားကို အရမ်းရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောမနေစမ်းပါနဲ့...."
လျိုလီ ထိုအရာကိုကြားသည့်အခါ ဒေါသထွက်သွား၏။
"နင့်ငါ့ကို ဘယ်လိုခေါ်လိုက်တယ်...."
"စောနကတင် နင်ငါ့ကို ဂုဏ်သရေရှိမင်းသမီးလို့ ခေါ်နေတာမဟုတ်ဘူးလား....."
ဤအရှက်မရှိသည့်ကောင်...
အားကိုးမရှိခင်က သူမကို လေးစားသည့်အမူအရာဖြင့် ဂုဏ်သရေရှိမင်းသမီးဟု ခေါ်ခဲ့သည်။
အားကိုလည်းရှိကော ချက်ချင်းပဲ နတ်ဆိုးမလေးဖြစ်သွားခဲ့သည်။
တကယ်ကိုလွန်လွန်း၏။
သူမက ငွေရောင်သွားလေးတွေကို အသံမြည်အောင် အံ့ကြိတ်လိုက်သည်။
"နင်ငါ့ပစ္စည်းတွေယူတာ , အဲ့တာခိုးတာမဟုတ်လို့ဘာလဲ...."
ဂျန်ဖန်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"နင့်ဟာ? တောင်းပန်ပါတယ်, ငါအဲ့တာတွေကို တောင်ပေါ်က ရှာတွေ့ခဲ့တာ...."
"ဒါ သဘာဝကပေးတဲ့ လက်ဆောင်တစ်ခုပဲ...."
ဘာ?....
လျိုလီ သူမနားသူမ မယုံနိုင်ဖြစ်နေ၏။
သဘာဝကပေးတဲ့လက်ဆောင်?....
"နင့်ဘိုးဘေးတွေပဲ လက်ဆောင်ပေးလိုက်..."
လျိုလီ ဒေါသထွက်လွန်း၍ ခြေဆောင့်လိုက်သည်။
"အဲ့တာတွေက ငါ့ဟာတွေဆိုတာ အသိသာကြီးပဲ...."
ဂျန်ဖန်း သူမကို လျစ်လျူရှုထားခဲ့သည်။
သူက ကြေးဓားရှည်ကို ရှုချင်းယန်အား ပေးလိုက်သည်။
"စီနီယာ, ငါ မင်းဓားကို ဒီနတ်ဆိုးမလေးဆီက ပြန်ယူထားတယ်...."
ရှုချင်းယန် အလွန်ပျော်သွား၏။
သူက ဓားကိုဆုပ်ကိုင်လိုက်ပြီး အိုမင်းသည့်မျက်နှာ၌ စိတ်လှုပ်ရှားမှုတွေ ထွက်ပေါ်လာခဲ့သည်။
"ကောင်းတယ်, ကောင်းတယ်, ကောင်းတယ်, ငါက စစ်မှန်မိုးကြိုးဂိုဏ်းကို ဖြေရှင်းချက်သွားတောင်းမလို ပြင်ထားတာ..."
"ဒီတော့ ဓားကို နတ်ဆိုးအင်ပါယာသမီးတော် ယူသွားတာပဲ...."
ဆုံးရှုံးသွားသည့်တစ်စုံတစ်ခုပြန်ရခြင်းက သူ့ကို အလွန်အမင်းပျော်ရွင်သွားစေခဲ့သည်။
"ကောင်လေး, ဒီလူအိုကြီး မင်းကို နောက်ထပ် အကြွေးတစ်ခုထပ်တင်သွားပြီ...."
"မင်းလိုချင်တာရှိရင် ပြောလိုက်...."
ဂျန်ဖန်း ပြောလိုက်သည်။
"စီနီယာ ယဥ်ကျေးနေဖို့မလိုပါဘူး။ နတ်ဆိုးသုတ်တဲ့ကိစ္စကြီးအတွက် ဒါက ဒီဂျူနီယာရဲ့ အားထုတ်မှုသေးသေးလေးပါ...."
"စီနီယာ ဒီနတ်ဆိုးမလေးကိုဖမ်းနိုင်သရွေ့ ဂျူနီယာရဲ့စွန့်စားမှုကို ထိုက်တန်စေပါတယ်...."
ရှုချင်းယန် မျက်လုံးမှေးကျဥ်းသွားပြီး ဖြည်းဖြည်းချင်း လျိုလီကို ကြည့်လိုက်သည်။
"နတ်ဆိုးအင်ပါယာသမီးတော်, ငါ့လူသားနယ်မြေထဲမှာ ပြဿနာရှာရဲတယ်...."
"တကယ်ပဲ, သူမက ငါတို့လူသားကလန်ကို အလေးမထားတာပဲ...."
သူစကားထွက်ပေါ်လာသည်နှင့်....
ထိပ်တန်းမှော်အဆင့်ဓား သူ့လက်ထဲမှထွက်သွားပြီး အလင်းတန်းတစ်ခုအဖြစ်ပြောင်းကာ လျိုလီကို ချိန်ရွယ်လိုက်၏။
ကောင်းကင်ဝါးမျိုကျား ဦးရေပြားထုံကျဥ်သွား၏။
ထိပ်တန်းအဆင့်မှော်ဓားနှင့် ရှုချင်းယန်ခွန်အားက အကြီးအကျယ်တိုးတက်လာမည်ဖြစ်သည်။
ဤအခိုက်အတန့်၌ ဂျန်ဖန်းနှင့် သူ့ကိုယ်ပေါ်က ပစ္စည်းတွေကို ဘယ်လိုလုပ် ဂရုစိုက်နိုင်တော့မည်နည်း။
လျိုလီကိုသယ်ပြီး ပြတ်ပြတ်သားသားထွက်ပြေးတော့၏။
ရှုချင်းယန် အေးစက်သည့်မျက်နှာဖြင့် နှာမှုတ်လိုက်သည်။
"မင်းလွတ်နိုင်မလား ငါကြည့်ချင်သေးတယ်...."
သူက ချက်ချင်းပဲ မြင့်မြတ်အကြီးအကဲတွေကိုဦးဆောင်ပြီး နောက်ကလိုက်သွားခဲ့သည်။
ဂျန်ဖန်း အားရသည့်အမူအရာပြသလာ၏။
"နတ်ဆိုးမလေး, အခုအမဲလိုက်ခံရတဲ့အရသာကို ခံစားဖူးပြီမလား...."
ထိုအခိုက်အတန့်၌....
သူ့လက်မောင်းထဲရှိ နတ်ဆိုးစိတ်ဝိညာဥ် ခေါင်းပြူထွက်လာပြီးပြောလိုက်သည်။
"မြန်မြန်သွားကြစို့...."
"ဒီမကောင်းဆိုးဝါးအိုကြီးတွေနဲ့နေရတာ လုံခြုံမှုမရှိဘူး....."
ဂျန်ဖန်း နှုတ်ခမ်းတွန့်ကွေးလိုက်သည်။
မင်းကမှ မကောင်းဆိုးဝါးအိုကြီးအစစ်မဟုတ်ဘူးလား?...
သူက စဥ်းစားလိုက်သည်။
"ငါတို့ထွက်မသွားခင်, ဂျင်ယွင်လဲ့သေပြီလားဆိုတာ သွားစစ်ရအောင်...."
"ဂိုဏ်းတစ်ခုရဲ့ မဟာအကြီးအကဲတစ်ယောက်အနေနဲ့ သူ့မှာ ပစ္စည်းကောင်းတွေ အများကြီးရှိမှာပဲ...."
မဟုတ်လျှင် ဂျန်ဖန်း အများကြီးဂရုစိုက်နေမည်မဟုတ်ပေ။
သို့ပေမယ့် ဂျင်ယွင်လဲ့အသုံးပြုခဲ့သည့် ထိုမိုးကြိုးစွမ်းအားက သူ့ကို အတော်လေး သိချင်စိတ်ပြင်းပြစေ၏။
ပိုင်ကျာတောင်ခြေ၌....
လုရှီယီ ဖြည်းညင်းစွာနိုးထလာပြီး ခေါင်းပြတ်နေသည့်ဂျင်ယွင်လဲ့ကို တွေ့လိုက်သည်။
သူက မနေနိုင်ပဲ ကြောက်ရွံ့သည့်အမူအရာတစ်ခု ပြသလာ၏။
"ဆရာ...."
သို့ပေမယ့် မကြာမီ, ကောင်းကင်ဝါးမျိုကျားနှင့် လျိုလီထွက်သွားတာမြင်၍ အလျှင်အမြန်ပဲ တည်ငြိမ်သွားခဲ့သည်။
ဂျင်ယွင်လဲ့အလောင်းကိုကြည့်ပြီး သူ့မျက်နှာ၌ လောဘကြီးသည့်အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဆရာ, မင်းကသေသွားပြီဆိုမှတော့ တပည့် ဆရာ့ပညာတွေဆက်ခံသွားပါ့မယ်...."
သူက ခန္ဓာကိုယ်ဆီ တွားသွား သွားလိုက်သည်။
ခန္ဓာကိုယ်နားရောက်ပြီး အဝတ်တွေထဲလှန်လှောရှာတော့မည့်အချိန်မှာပဲ ဂျန်ဖန်း ရောက်လာခဲ့သည်။
စကားတစ်ခွန်းမပြောပဲ ပိတ်ကန်လိုက်ရာ လုရှီယီ လွင့်ပျံသွားခဲ့သည်။
"မင်း..."
လုရှီယီ ဒေါသတကြီး အော်ဟစ်လိုက်သည်။
သို့ပေမယ့် ဂျန်ဖန်း၏အေးစက်သည့်မျက်လုံးတွေကို မြင်သည့်အခါ မနေနိုင်ပဲ လည်ပင်းကျုံ့ပြီး မြေပြင်ပေါ်လဲလျောင်းနေလိုက်သည်။
အသံတစ်သံတောင် မထွက်ရဲတော့ပေ။
သူသာ ဂျန်ဖန်းကို အမှန်တကယ်ဒေါသထွက်သွားစေခဲ့လျှင် ဤအချိန်သူ့ကိုသတ်လိုက်လို့ မည်သူမှသိမည်မဟုတ်ပေ။
"တပည့်တစ်ယောက်ကတောင် လောဘတက်စေတယ်ဆိုတော့ ဂျင်ယွင်လဲ့ကိုယ်ပေါ်မှာ ပစ္စည်းကောင်းရှိသင့်တယ်...."
ဂျန်ဖန်း အနည်းငယ်ပြုံးလိုက်သည်။
သူက ဓားသုံးပြီး အဝတ်ကိုဂရုတစိုက်ဖွင့်ကာ ပစ္စည်းတွေကို လှန်လှောရှာဖွေလိုက်၏။
တစ်ခဏကြာပြီးနောက်....
ဂျင်ယွင်လဲ့ ကိုယ်လုံးတီးဖြစ်သွားပြီး သူ့ပိုင်ဆိုင်မှုအားလုံးမြေကြီးပေါ်ရောက်လာခဲ့သည်။
သို့သော် ရရှိသည့်ပစ္စည်းကတော့ ဂျန်ဖန်းကို အကြီးအကျယ်စိတ်ပျက်သွားစေခဲ့သည်။
"ဒါပဲလား...."
ဆေးလုံးအချို့အပြင် ပစ္စည်းများစွာရှိ၏။
အားလုံးကအဖိုးတန်သော်လည်း ဂျန်ဖန်းအတွက်တော့ သိပ်အသုံးမဝင်ပေ။
"အလဟသ အပင်ပန်းခံလိုက်ရတာပဲ...."
ဂျန်ဖန်း အနည်းငယ်သက်ပြင်းချလိုက်ပြီး ထွက်သွားဖို့ပြင်လိုက်သည်။
ထိုအချိန်၌ အမှတ်တမဲ့ လုရှီယီ၏ စိတ်လှုပ်ရှားနေသည့်အမူအရာကို မြင်လိုက်သည်။
ထို့ပြင်, သူက ဂျင်ယွင်လဲ့ဝမ်းဗိုက်ကို သေချာကြည့်နေတာ သူသတိထားမိ၏။
ဂျန်ဖန်း မျက်လုံးတွေ ကျဥ်းမြောင်းသွားသည်။
တိတ်တဆိတ် အနက်ရောင်မှန်ထုတ်ပြီး လုရှီယီပေါ် အလင်းပြန်လိုက်သည်။
ထို့နောက် ရှေးဟောင်းမှန်ကို တိတ်တဆိတ်အသက်သွင်းလိုက်ရာ နတ်ဆိုးစိတ်ဝိညာဥ်တောင် မသိလိုက်ပေ။
ထိုအခါ ရုတ်တရက် မရင်းနှီးသည့်အသံတစ်ခု သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။
ထိုအရာက လုရှီယီအသံမှလွဲပြီး အခြားမဟုတ်ပေ။
"အရူး, ငါ့ဆရာက ဒီလောက်ငွေမက်တာ။ အရေးကြီးဆုံးပစ္စည်းကို ဗြောင်ကြီးထားပါ့မလား..."
ဂျန်ဖန်းမျက်လုံးတွေ အရောင်လက်သွားပြီး တိတ်တဆိတ် ဆက်လက်နားထောင်နေခဲ့သည်။