← Chapters

ရန်စဖို့ ရောက်ရှိလာခြင်း

Vol. 26 Ch. 351

ရန်စဖို့ ရောက်ရှိလာခြင်း

Vol. 26 Ch. 351

"ဂျူနီယာညီလေးဂျန်, ချောင်ကျန်းလို့ခေါ်တဲ့တပည့်ကို မင်းမှတ်မိသေးလား...."

ထိုတပည့် အနည်းငယ်စိတ်ရှုပ်သည့်အသံဖြင့် ပြောလိုက်သည်။

ချောင်ကျန်း?...

ဂျန်ဖန်း ဘယ်လိုလုပ်မေ့မည်နည်း။

အဆုံးမှာတော့ သူက ဖုန်ဂုချန်း၏ သဘောအကျဆုံးတပည့်ဖြစ်ပြီး အဆင့် ၇ စိတ်ဝိညာဥ်အမြစ်နှင့် ပါရမီရှင်ဖြစ်၏။

ထိုအချိန်က တိမ်စိမ်းဂိုဏ်း၌ အသစ်ရောက်လာသူထဲမှာ အသန်မာဆုံးဖြစ်သည်။

နောက်ပိုင်း မကျေနပ်ချက်နှင့်အတူ တိမ်စိမ်းဂိုဏ်းမှ ထွက်ခွာသွားခဲ့သည်။

"ဘာလဲ, သူ့ကျင့်ကြံရေးအဆင့်မြင့်လာလို့ အခု ကြွားလုံးလာထုတ်တာလား...."

ဂျန်ဖန်းမေးလိုက်သည်။

တပည့် သက်ပြင်းချလိုက်သည်။

"ကျင့်ကြံရေးအဆင့်မြင့်လာတာထက်ပိုတယ်...."

"ဒါက အတော်မြန်တဲ့တိုးတက်မှုလိုပြောရမယ်...."

"သူက အခု အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကျွမ်းကျင်သူဖြစ်နေပြီ...."

အို?...

ဂျန်ဖန်း အတော်လေးအံ့အားသင့်သွား၏။

လအနည်းငယ်ကြာပြီးနောက် ထိုကောင်ကတကယ်ပဲ အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကို ချိုးဖြတ်ပြီးပြီဖြစ်သည်။

သူက ချောင်ကျန်း တိမ်စိမ်းဂိုဏ်းကထွက်သွားသည့်အချိန်ကို မှတ်မိသေး၏။

အခြေခံတည်ဆောက်ခြင်းအဆင့် ၆ သာရှိသေးသည်။

ဤကဲ့သို့အရှိန်က အခွင့်ရေးကြီးကြီးမားမားအချို့တွေ့ခဲ့ရတာ ဖြစ်နိုင်၏။

"ဒီကောင် တကယ် ကံကောင်းမှုတွေ့ခဲ့တယ်ထင်တယ်...."

ဂျန်ဖန်းရေရွတ်လိုက်သည်။

တပည့်တစ်ယောက် တွေဝေနေပြီး ပြောလိုက်သည်။

"ဂျူနီယာညီလေးဂျန်, ချောင်ကျန့်မင်းအတွက်လာတယ်ဆိုတာ သိသာတယ်..."

"ဘာလို့ အခုရှောင်နေပြီး တစ်ရက်၊ နှစ်ရက်နေမှ ပြန်မလာတာလဲ...."

"ငါတို့အားလုံး မင်းကို မမြင်ချင်ယောင်ဆောင်နေလိုက်မယ်...."

"မဟုတ်လို့ သူသာ မင်းပြန်လာမှန်သိသွားရင် သေချာပေါက်အလွတ်ပေးမှာမဟုတ်ဘူး...."

ယခုချိန်၌ ချောင်ကျန့်က အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကိုချိုးဖြတ်ပြီးပြီဖြစ်၍ တိမ်စိမ်းဂိုဏ်း၌ ပြိုင်ဘက်သိပ်မရှိပေ။

သူသာ ဂျန်ဖန်းကိုပြဿနာရှာချင်လျှင် မည်သူမှရပ်တန့်နိုင်မည်မဟုတ်ပေ။

သို့ပေမယ့် ဂျန်ဖန်း ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။

"အဝေးကမိတ်ဆွေရောက်နေတာ ဝမ်းသာရမှာမဟုတ်ဘူးလား..."

"ဘာလို့ ရှောင်နေရမှာလဲ...."

သူက လှည်းကိုတပည့်အချို့အားပေးခဲ့ပြီး လက်နှောက်ပစ်၍ ဂိုဏ်းထဲလျှောက်ဝင်သွားခဲ့သည်။

လူတိုင်းသာ အံ့အားသင့်သည့်မျက်နှာတွေဖြင့် ကျန်နေခဲ့သည်။

တစ်ချိန်တည်းမှာပဲ....

ဂိုဏ်းသခင်ခန်းမထဲ၌....

ချောင်ကျန့် တန်ဖိုးကြီးအဝတ်အစားဝတ်ဆင်ထားပြီး လက်နှောက်ပစ်၍ ဂုဏ်ယူဝင့်ကြွားစွာ ခန်းမအလယ်မှာ မတ်တပ်ရပ်နေခဲ့သည်။

သူက မြေပြင်ပေါ်မှာလဲပြီး မရပ်မနားညီးညူးနေသည့် တောက်ကျန်းဂျွန်ကို ဘေးတိုက်တစ်ချက်ကြည့်ပြီး ထူးမခြားနားစွာ ပြောလိုက်သည်။

"တစ်ခါက ငါနဲ့ ၁၀ ကွက်တိုက်နိုင်ခဲ့တယ်...."

"အခုတော့ တစ်ကွက်တောင် မခံနိုင်တော့ဘူး...."

"မင်းကို တစ်ချက်ခုခံဖို့တောင် အားနည်းလွန်းတယ်လို့ပြောသင့်လား...."

"ဒါမှမဟုတ် ဂိုဏ်းသခင်တောင်ထိပ်က ပါရမီရှိတဲ့လူတွေ ပျိုးထောင်မပေးနိုင်တော့ဘူးလို့ပြောသင့်လား...."

နှစ်ယောက်လုံးက လူသစ်တွေဖြစ်၏။

သို့ပေမယ့် ခွန်အားကွာခြားချက်က မိုးနှင့်မြေလိုပင်။

လျိုဝူချန်းမျက်နှာ မဲမှောင်သုန်မှုန်သွား၏။

သူနှင့်အတူထိုင်နေသည့် တိမ်စိမ်းဂိုဏ်းအကြီအကဲများစွာလည်း မျက်နှာထားတင်းမာသွားကြသည်။

အဘယ်ကြောင့်ဆိုသော် ချောင်ကျန့်က တိမ်စိမ်းဂိုဏ်းကထွက်သွားပြီးနောက် စစ်မှန်မိုးကြိုးဂိုဏ်းကိုဝင်ရောက်ခဲ့ပြီး ယခု စစ်မှန်မိုးကြိုးဂိုဏ်းကို ကိုယ်စားပြု၏။

ပြင်ပဂိုဏ်းတပည့်တစ်ယောက်က ကိုယ့်ဂိုဏ်းတပည့်ကို အပြတ်အသတ်ဖိနှိပ်နေတာမြင်ရသည့်အခါ....

အကြီးအကဲတွေအနေဖြင့် အတော်လေး ရှက်နေကြ၏။

သေချာပေါက်ပင်။ ဖုန်းဂုချန်းကတော့ ချွင်းချက်ဖြစ်၏။

"ချောင်ကျန့်, မင်း ဒီလိုပြောစရာမလိုပါဘူး။ တောက်ကျန်းဂျွန်က ခန္ဓာကိုယ်နဲ့ကျင့်ကြံရေး နှစ်မွာကျင့်ကြံသူပဲ...."

"သာမန်ကျင့်ကြံရင်တောင် သူက ဒီလောက်ထိ အားနည်းမှာမဟုတ်ဘူး...."

"တစ်ခုပဲပြောစရာရှိတယ်။ ဒါဟာ ဂိုဏ်းသခင်တောင်ထိပ် အသုံးမကျလို့ပဲ...."

"သူတို့က ပါရမီရှင်တွေကို ဖြုန်းတီးနေတာပဲ...."

ဖုန်းဂုချန်း မချေမငံပြောလိုက်သည်။

သူက နောက်ဆုံးမှာတော့ သက်သာယာရသွားခဲ့သည်။

ဂျန်ဖန်း သူ၏ဂုဏ်ယူရသည့်တပည့် တန်ထျန်းလုံကို စုတ်ပြတ်သတ်နေအောင်ထိုးချိန်က ဂိုဏ်းသခင်တောင်ထိပ် အတော်မောက်မာခဲ့၏။

ဆန့်ကျင်ဘက်အနေဖြင့် သူ၏ပြန်လည်မွေးဖွားခြင်းတောင်ထိပ်က အတော်အရှက်ကွဲခဲ့ရသည်။

လဝက်ကျော်လောက် သူ အပြင်ထွက်ပြီးလူတွေနှင့်တွေ့ဖို့ မျက်နှာတောင်မပြရဲခဲ့ပေ။

မည်သူထင်ထားမည်နည်း။ ဂျန်ဖန်းကြောင့် တိမ်စိမ်းဂိုဏ်းမှထုတ်ပယ်ခံခဲ့ရသည့် ချောင်ကျန့်က ယခု အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ထိပ်တန်းကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီဖြစ်သည်။

ထို့ပြင်, သူက ခွန်အားနှင့်ပြန်လာခဲ့ပြီး ဂိုဏ်းသခင်တောင်ထိပ်အား မျက်နှာဖြတ်ရိုက်ခဲ့၏။

"မဟာအကြီးအကဲ, နင့်စကားတွေကြည့်ပြောပါ...."

ဝမ်ဟုန်ယောင် အသာအယာကြိမ်းမောင်းလိုက်သည်။

ကျောက်ဝူဂျိ၊ လီချင်ဖုန်းနှင့် အခြားအကြီးအကဲတွေလည်း မကျေနပ်သည့်အမူအရာပြသလာကြ၏။

တိမ်စိမ်းဂိုဏ်းအစော်ကားခံရသည့်အခိုက်အတန့်မှာ မဟာအကြီးအကဲတစ်ယောက်အနေဖြင့် သူက အပြင်လူဘက်မှာရှိနေသေး၏။

ထိုအရာက ဘယ်လိုယုတ္တိကြီးနည်း။

ဖုန်းဂုချန်း အမှုမထားပဲ ပြန်ပြောလိုက်သည်။

"ဘာလဲ, ဒီအကြီးအကဲက အမှန်တရားတောင်ပြောလို့မရဘူးလား..."

"ငါ့စိတ်ကိုဆန့်ကျင်ပြီး ဂိုဏ်းသခင်တောင်ထိပ်ကို မျက်နှာချိုးသွေးရမှာလား..."

"ဂိုဏ်းသခင်တောင်ထိပ် ဘယ်လောက်ရူးမိုက်တဲ့ကိစ္စမျိုးလုပ်လိုက်လဲ မင်းတို့မမြင်ဖူးလား...."

"အမှိုက်ကောင်ဂျန်ဖန်းအတွက်နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပါရမီရှင်ကို မောင်းထုတ်ခဲ့တယ်လေ..."

"ဒါက တိမ်စိမ်းဂိုဏ်းအတွက် ဆုံးရှုံးမှုကြီးတစ်ခုပဲ။ ပြီးတော့ ဒါက ဂိုဏ်းချုပ်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားပျက်ကွက်မှုပဲ...."

"ငါ ခုထိ ဂိုဏ်းချုပ်ကို ဖြေရှင်းချက်မတောင်းရသေးဘူး။ အခု မင်းတို့က ငါ့ကို စကားတောင်မပြောခိုင်းတော့ဘူးပေါ့...."

အကြီးအကဲများစွာ အလွန်အမင်းဒေါသထွက်သွားကြ၏။

ဒီဖုန်းဂုချန်း....

သူ့အကြောင်းပြချက်နှင့်သူ အဆင်ခြင်မဲ့ပြုမူနေခဲ့သည်။

လျိုဝူချန်းလည်း ဒေါသတွေနှင့်ပြည့်နှက်နေပြီး ပြောလိုက်သည်။

"ငါ့တပည့်ဂျန်ဖန်းက ဘာလို့ အသုံးမကျတဲ့ကောင်ဖြစ်ရမှာလဲ...."

"သူသာအမှိုက်ကောင်ဆိုရင်, မင်းတပည့်တန်ထျန်လုံကကော...."

"မမေ့နဲ့၊ တန်ထျန်လုံ ငါ့တပည့်လက်သီးချက်အောက်မှာ စုတ်ပြတ်သတ်တဲ့ထိအရိုက်ခံထားရတာ...."

ပြောရလျှင် ဤစကားက အတော်လေးနာကျင်ရ၏။

ချက်ချင်းပဲ ဖုန်းဂုချန်း ဒေါသထွက်သွားပြီး စားပွဲကိုရိုက်ကာ ပြောလိုက်သည်။

"အချင်းချင်းတိုက်ခိုက်တာ ဘာအရည်အချင်းလဲ...."

"မင်းသတ္တိရှိရင်, ဂျန်ဖန်းကို ချောင်ကျန့်နဲ့ တိုက်ခိုင်းလိုက်...."

"သူတကယ် အမှိုက်ဟုတ်လား မဟုတ်လား ကြည့်ကြတာပေါ့...."

လျိုဝူချန်း ဂျန်ဖန်း ခုချိန်ထိပြန်မလာသေးတာ သက်သာယာရ၏။

မဟုတ်လျှင် ယနေ့ ဂျန်ဖန်းနှင့် ချောင်ကျန့်ကြားရှိတိုက်ပွဲက ရှောင်လွဲဖို့ခက်ပြီပင်။

တစ်ယောက် အဆင့် ၈ ခန္ဓာသန့်စင်သူဖြစ်ပြီး အခြားတစ်ယောက်က အခြေခံတည်ဆောက်ခြင်း အဆင့် ၉ သန်မာသူဖြစ်၏။

တိုက်ပွဲရလဒ်က ကြိုတင်ခန့်မှန်းလို့ရတာပဲဖြစ်သည်။

ဂျန်ဖန်းသာ သနားစရာကောင်းစွာရှုံးနိမ့်သွားလျှင် ဂိုဏ်းသခင်တောင်ထိပ် အမှန်တကယ်မျက်နှာပျက်ပြီပင်။

ယခုတော့ သူက ရဲရဲတင်းတင်းပြောနိုင်သေး၏။

"ဟီ.. ဟီ... ဂျန်ဖန်း အပြင်လေ့ကျင့်ဖို့ထွက်သွားတာ တစ်လလောက်ရှိပြီး၊ ယခုဆို သူ့ခွန်အားက အရင်ကနဲ့ မတူလောက်တော့ဘူး...."

"တကယ့်ပြိုင်ပွဲမှာ သူ ချောင်ကျန့်ကို ရှုံးမှာမဟုတ်ဘူး...."

အကြီးအကဲများစွာ အပြစ်ရှိသည့်အမူအရာ ပြသလိုက်ကြ၏။

ရုပ်ခန္ဓာလေ့ကျင့်ခြင်းသာတိုးတက်ဖို့လွယ်ကူနေလျှင် ဧရာဂိုဏ်း အစောကြီးကတည်းက နံပါတ် ၁ ဂိုဏ်းဖြစ်နေပြီး ဂိုဏ်း ၉ ဂိုဏ်းကိုတောင် ပေါင်းစည်းနေလောက်ပြီဖြစ်သည်။

သို့ပေမယ့် ဂျန်ဖန်း ပြန်ရောက်မလာသေးသရွေ့ တိမ်စိမ်းဂိုဏ်း ဂုဏ်သိက္ခာကို ထိန်းထားနိုင်သေး၏။

လျိုဝူချန်းလည်း သိသာစွာပင် အတော်လေးယုံကြည်မှုကင်းမဲ့နေပြီး ဤကိစ္စကို ပိုကြီးအောင်မပြောချင်တော့ပေ။

သူ့အကြည့် ချောင်ကျန့်ပေါ်ရွေ့လိုက်ပြီး ရှုပ်ထွေးသည့်အမူအရာ ပြသလာ၏။

သူက နောင်တမရှိဟန်ဖြင့်ပြောလိုက်သော်လည်း သူ့ရင်ထဲမှာ နှောင်တတွေနှင့် ပြည့်နှက်နေခဲ့သည်။

ချောင်ကျန့်သာ ယနေ့လိုဖြစ်လာမည်မှန်းသိလျှင် ထိုစဥ်က သူ့ကိုဘယ်လိုနည်းနှင့်ဖြစ်ဖြစ် ထိန်းသိမ်းထားခဲ့မှာဖြစ်သည်။

ကံမကောင်းစွာပဲ ချောင်ကျန့်က ယခု စစ်မှန်မိုးကြိုးဂိုဏ်းတပည့်တစ်ယောက်ဖြစ်သွားခဲ့သည်။

ထို့ပြင်, သူက အတော်လေး တန်ဖိုးထားခံရ၏။

ထို့ကြောင့် ဤတစ်ချိန် တာဝန်လုပ်ဆောင်ရာ၌ စစ်မှန်မိုးကြိုးဂိုဏ်းက သူနှင့်အတူအကြီးအကဲတစ်ယောက်ထည့်ပေးပြီး ကာကွယ်ပေးခဲ့သည်။

"အကြီးအကဲယန်, အခု ပြိုင်ပွဲကပြီးသွားပြီ။ မင်းမှာ အခြားကိစ္စရှိသေးလား...."

လျိုဝူချန်း ယန်ချင်ဟွာအမည်ရှိ အကြီးအကဲကို ကြည့်လိုက်သည်။

ယန်ချင်ဟွာကြောင့်မဟုတ်ပဲ ချောင်ကျန့်လို တပည့်တစ်ယောက်တည်းဆိုလျှင် သူ့ကိုတွေ့ဖို့ အခွင့်ရေးရှိမည်မဟုတ်ပေ။

ဂိုဏ်းသခင်တောင်ထိပ်က တပည့်နှင့် ပြိုင်ဖို့ဆိုတာကတော့ ဝေးရောပင်။

ဤအရာအားလုံးက စစ်မှန်မိုးကြိုးဂိုဏ်း၏ ဒုတိယအကြီးအကဲ ယန်ချင်းဟွာကို မျက်နှာသာပေးခြင်းဖြစ်သည်။

ယန်ချင်းဟွာ အသက် ၅၀ အရွယ်လောက်ရှိပြီး အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ အသားအရေက အနည်းငယ်ဖြူဖြော့၏။

သူ့ပုံစံက စာသင်သားတစ်ယောက်နှင့်တူပြီး သန့်စင်၏။

သို့ပေမယ့် သူက ဂိုဏ်း ၉ ဂိုဏ်း၌ လွမ်းမိုးနိုင်စွမ်းအရှိဆုံးမိုးကြိုးကျင့်စဥ်ကိုကျင့်ကြံသည့်အချက်အား မည်သူမှ လျစ်လျူရှုလို့မရပေ။

လက်တစ်ဖက်တည်းနှင့် မိုးကြိုးနှင့်လျှပ်စီးစွမ်းအားကို ငှားယူနိုင်ပြီး လျော့တွက်လို့မရပေ။

ထို့ပြင်, သူက ဒုတိယအကြီးအကဲဖြစ်ပြီး ဂျင်ယွင်လဲ့ပြီးလျှင် ဒုတိယဖြစ်သည်။

ထို့ကြောင့် မည်သူမှ မရိုမသေမလုပ်ရဲပေ။

သူက အင်္ကျီလက်ခါပြီး ပေါ့ပေါ့ပါးပါးထရပ်ကာ အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ်လျိုရဲ့ကြင်နာမှုကို ကျေးဇူးတင်ပါတယ်။ ငါ့ဂိုဏ်းက တပည့်လည်း သူ့ဆန္ဒတွေပြည့်ဝသွားပါပြီ...."

"တစ်ခုတည်းသောနောင်တကတော့ ဂျန်ဖန်းလို့ခေါ်တဲ့တပည့်နဲ့ မယှဥ်ပြိုင်လိုက်ရတာပဲ..."

"သူနဲ့သာယှဥ်ပြိုင်ရရင် လုံးဝပြီးပြည့်စုံသွားမှာ...."

ကျေနပ်သည့်အမူအရာဖြင့် သူ့နှုတ်ခမ်းတွေ အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား၏။

တိမ်စိမ်းဂိုဏ်းကမလိုချင်သည့်ပါရမီရှင်က စစ်မှန်မိုးကြိးဂိုဏ်းမှာ မိုးထိမြင့်အောင်ထိုးတက်သွားခဲ့သည်။

မည်သည့်အရာကမှ ဤအရာထက် စစ်မှန်မိုးကြိုးဂိုဏ်းကို ပိုကြည့်ကောင်းအောင် လုပ်နိုင်မည်မဟုတ်ပေ။

လျိုဝူချန်း တိတ်တဆိတ် လက်သီးဆုပ်လိုက်၏။

အကြီအကဲများစွာလည်း အတော်လေး မကျေမနပ်ဖြစ်နေ၏။

ဤကဲ့သို့ ထေ့လုံးငေါ့လုံးပြောပြီးထွက်သွားတာ တကယ်ကိုတရားလွန်လွန်း၏။

သို့ပေမယ့်....

ဤအခိုက်အတန့်မှာပဲ....

ချောမောခန့်ငြားသည့်ပုံရိပ်တစ်ခု လက်နောက်ပစ်ပြီး ခန်းမထဲကို အေးအေးဆေးဆေး လျှောက်ဝင်လာခဲ့သည်။

တည်ငြိမ်သည့်အသံက ခန်းမတစ်လျှောက်ကို ပဲ့တင်ထပ်သွားခဲ့သည်။

"မင်းပြီးပြည့်စုံချင်ရင် ရိုးရိုးလေးပါ...."

"ငါ မင်းဆန္ဒကိုဖြည့်ဆည်းပေးမယ်လေ...."

All Chapters