ထောင်ချောက်ထဲကျခြင်း
Vol. 26 Ch. 352
ရင်းနှီးသည့်အသံကိုကြားသည့်အခါ....
လျိုဝူချန်းနှင့် အကြီးအကဲတွေအားလုံး ပျော်ရွင်သည့်အမူအရာပြသလာ၏။
သူတို့ကြည့်လိုက်သည့်အခါ ခန့်ညားသည့်လူငယ်တစ်ယောက် အေးဆေးတည်ငြိမ်သည့်အမူအရာဖြင့်ဝင်လာတာ တွေ့လိုက်ရသည်။
ထိုအရာက ဂျန်ဖန်းကလွဲပြီး မည်သူဖြစ်နိုင်မည်နည်း။
သူတို့က ဂျန်ဖန်းဆီမှ အချိန်အတော်သတင်းမကြားရ၍ တစ်ခုခုဖြစ်မှာစိုးရိမ်နေခဲ့ကြသည်။
ယခု ရုတ်တရက်ပြန်လာတာမြင်သည့်အခါ သဘာဝအတိုင်း ပျော်ရွင်မှုဖြင့် ပြည့်နှက်သွားခဲ့သည်။
သို့ပေမယ့် လက်ရှိအခြေအနေကို နားလည်သွားသည့်အခါ သူတို့အမူအရာတွေပြောင်းလဲသွားခဲ့သည်။
ဘာကြောင့်ခုချိန်မှပြန်လာရသနည်း။
"ဂျန်ဖန်း, မင်းပဲ...."
အမြဲတမ်းအမူအရာကင်းမဲ့နေခဲ့သည့် ချောင်ကျန့် ရုတ်တရက် ရူးသွပ်သည့်ပျော်ရွင်မှုတစ်ခု ပြသလာ၏။
ဂျန်ဖန်းထံ၌ရှုံးနိမ့်ပြီးကတည်းက အရှက်ရသည့်စိတ်ကလွမ်းမိုးနေပြီး အမြဲတစေလက်စားပြန်ချေမည့်နည်းလမ်းကို စဥ်းစားနေခဲ့သည်။
ဤတစ်ချိန် သူက ဆုံးဖြတ်ပြတ်သားစွာဖြင့် ပြန်ရောက်လာပြီး ဂျန်ဖန်းကို ခြေထောက်အောက်မှာနင်းခြေဖို့ ကြံရွယ်ထား၏။
သူ့အား ဂိုဏ်းသခင်တောင်ထိပ်သို့လက်မခံခဲ့သည့်အတွက် လျိုဝူချန်းဘယ်လောက် မျက်စိကန်းလဲ ပြသဖို့နှင့်...
သူ့လိုပြိုင်ဘက်ကင်းပါရမီရှင်ကိုစွန့်ပစ်ပြီး အမှိုက်ကောင်ကို သဘောကျသည့်အတွက် ဘယ်လောက်မျက်စိတ်ကန်းခဲ့လဲဆိုတာ လျိုချင်းရှန်ကို ပြသဖို့ပဲဖြစ်သည်။
သို့ပေမယ့် သူမမျှော်လင့်ထားတာက ဂျန်ဖန်းက တိမ်စိမ်းဂိုဏ်းမှာရှိမနေခဲ့ပေ။
ဂိုဏ်းသခင်တောင်ထိပ်အခြားတပည့်တွေနှင့်သာ ယှဥ်ပြိုင်ခဲ့ရ၏။
ဤအရာက သူ၏အရှက်တရားကို မဆေးကြောနိုင်ပေ။
သူက နောင်တတွေနှင့်ထွက်သွားရတော့မည်ဟု ထင်ခဲ့၏။
မမျှော်လင့်စွာပဲ ဂျန်ဖန်း ပြန်ရောက်လာခဲ့သည်။
ဘယ်လိုလုပ် ဝမ်းမသာပဲနေမည်နည်း။
ဂျန်ဖန်း သူ့ကိုတစ်ချက်သာကြည့်လိုက်ပြီး လျစ်လျူရှုထားလိုက်သည်။
သူက လျိုဝူချန်းနှင့်အကြီးအကဲတွေဆီလျှောက်သွားပြီး လက်ချင်းယှက်ကာ ပြောလိုက်သည်။
"တပည့်ဂျန်ဖန်း, ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်...."
လျိုဝူချန်း စိတ်ထဲမှာစိုးရိမ်သွားပေမယ့် တည်ငြိမ်သည့်မျက်နှာပြင်နှင့် ပြောလိုက်သည်။
"အင်း, မင်းလုံလုံခြုံခြုံနဲ့ပြန်လာနိုင်တာ ကောင်းတယ်...."
"အရင်ဆုံး တာဝန်ခန်းမကို သတင်းဖို့ပို့သွားလိုက်...."
သူ ဂျန်ဖန်းအား ဤနေရာမှပထုတ်ဖို့ကြိုးစားနေတာ ရှိနေသည့်လူတိုင်းမျက်စိထဲမှ မလွတ်ပေ။
ချောင်ကျန်နှင့် ယန်ချင်းဟွာ သဘောမတူမှာကို မပြောလိုသေးပေ။
ဖုန်းဂုချန်းတောင် သဘောတူမည်မဟုတ်ပေ။
သူက လက်မြောက်တားပြီး ပြောလိုက်သည်။
"ဂျန်ဖန်း, နေပါအုန်း...."
ဂျန်ဖန်း မဟာအကြီးအကဲကိုကြည့်ပြီး ထူးမခြားနားစွာပြောလိုက်သည်။
"မဟာအကြီးအကဲ ဘာညွှန်ကြားစရာရှိလို့လဲ....."
ဂျန်ဖန်း၏ အထင်သေးသည့်အသံကိုကြားသည့်အခါ ဖုန်းဂုချန်းမကျေမနပ်ဖြစ်သွားပြီး စိတ်ထဲမှာအေးစက်စွာပြောလိုက်သည်။
'အသိဉာဏ်မရှိတဲ့စောက်ရူး, မင်းမကြာခင် အရှက်ခွဲခံရတော့မှာ...'
မျက်နှာပေါ်၌ မည်သည့်အမူအရာမှမပြပဲ ပြောလိုက်သည်။
"ဒီနေရာမှာ မင်းနဲ့သိုင်းပညာဖလှယ်ချင်တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ရောက်နေတယ်...."
"ဧည့်သည်ဆိုမှတော့ သူ့ဆန္ဒကောင်းကို မင်းမငြင်းသင့်ဘူး...."
ဤစကားတွေက လျိုဝူချန်းနှလုံးသားအား ဒေါသကြောင့် လောင်ကျွမ်းသွားစေပြီး ဖုန်းဂုချန်းကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
အခြားအကြီးအကဲတွေလည်း စိုးရိမ်စိတ်တွေနှင့်ပြည့်နှက်သွားခဲ့သည်။
ဖြစ်လာမည့်အရာက ရှောင်လွဲလို့မရတော့ပေ။
ဂျန်ဖန်း ရောက်လာကတည်းက ထွက်သွားဖို့က မလွယ်တော့ပေ။
ယန်ချင်ဟွာ ဂျန်ဖန်းကိုစေ့စေ့စပ်စပ်ကြည့်ပြီး သူ့နှုတ်ခမ်းတွေက အနည်းငယ်တွန့်ကွေးနေခဲ့သည်။
"မင်းက တစ်ခါက ငါတို့ဂိုဏ်းတပည့် ချောင်ကျန့်ကို ခန္ဓာသန့်စင်ခြင်းသုံးပြီး အနိုင်ယူသွားတဲ့ဂျန်ဖန်းလား..."
"ငါမင်းကို ကျေးဇူးတင်ချင်နေတာ အတော်ကြာပြီ...."
"မင်းကြောင့်သာမဟုတ်ရင် ငါတို့ ဒီလိုထူးခြားတဲ့တပည့်မျိုးရှာတွေ့မှာမဟုတ်ဘူး..."
သူ၏ ထေ့လုံးငေါ့လုံးကြောင့် တိမ်စိမ်းဂိုဏ်းအဖွဲ့ဝင်တွေ မျက်နှာပျက်သွားပြီး နောင်တရစိတ်ကြောင့် ရင်ထဲအောင့်သွားသလို ခံစားလိုက်ရသည်။
သူတို့သာ ထိုအချိန်က ဂျန်ဖန်းအလွန်အကျွံလက်ပါတာကိုတားပြီး ချောင်းကျန့်ကိုသာ ဂုဏ်သိက္ခာအချို့ချန်ထားပေးခဲ့လျှင် ယနေ့ ဤအခြေအနေတွေဖြစ်လာမည်မဟုတ်ပေ။
ဂျန်ဖန်း စစ်မှန်မိုးကြိုးဂိုဏ်းဒုတိယအကြီးအကဲကို တည်ငြိမ်စွာကြည့်လိုက်သည်။
မနှိမ့်ချသလို မောက်လည်းမမောက်မာပဲ ပြောလိုက်သည်။
"အကြီးအကဲယန်, မင်း ချီူးကျူးလွန်းနေပါပြီ...."
"ငါတို့တိမ်စိမ်းဂိုဏ်းစွန့်ပစ်ထားတဲ့အမှိုက်ကို မင်းတို့သဘောကျတယ်ဆိုရင် စိတ်ကြိုက်ယူနိုင်ပါတယ်...."
"တကူးတကလာပြီး ကျေးဇူးတင်ဖို့ မလိုပါဘူး..."
ယန်ချင်ဟွာအပြုံး တောင့်တင်းသွားပြီး ချက်ချင်းပဲ မျက်လုံးအနည်းငယ်မှေးကျဥ်းသွားခဲ့သည်။
"ဂိုဏ်းချုပ်လျို, မင်းရဲ့နာမည်ကျော်တပည့်ကတော့ တကယ်ကို တစ်ခုခုပဲ..."
ဤနေရာက တိမ်စိမ်းဂိုဏ်းပိုင်နက်ဖြစ်သော်လည်း ဂျူနီယာတစ်ယောက်က အကြီးအကဲတစ်ယောက်ကို ဤကဲ့သို့ပြောရဲတာ အတော်ရှား၏။
ဘန်း!
ဖုန်းဂုချန်း စားပွဲကိုရိုက်လိုက်ပြီး အေးစက်စွာဆူပူလိုက်သည်။
"ဂျန်ဖန်း မင်းဘယ်လိုတောင်ပြောရဲတာလဲ...."
"ခုချက်ချင်း ဒူးထောက်ပြီး အကြီးအကဲယန်ကို တောင်းပန်စမ်း..."
ဘုန်း!
လျိုဝူချန်း ဒေါသထွက်လာ၏။
သူက စားပွဲကိုရိုက်ပြီး အေးစက်စွာနှာမှုတ်လိုက်သည်။
"ဖုန်းဂုချန်း, မင်းဘယ်အချိန်က ငါ့တပည့်ကို အမိန့်ပေးခွင့်ရှိသွားတာလဲ..."
သိသာစွာပင်၊ ဂျန်ဖန်းက တိမ်စိမ်းဂိုဏ်း၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးနေတာဖြစ်သည်။
ဖုန်းဂုချန်းက ကိုယ့်လူကိုမကူညီသည့်အပြင် ထိုအစား ဂျန်ဖန်းကို ဒူးထောက်ပြီး တောင်းပန်ခိုင်းနေခဲ့သည်။
ရဲတင်းလွန်း၏။
အကြီးအကဲများစွာလည်း ဒေါသတကြီးစိုက်ကြည့်လာပြီး ဝမ်ဟုန်ယောင်လို ဒေါသကြီးသူတွေဆို စိတ်ဝိညာဥ်စွမ်းအင်တွေတောင် စတင်စုစည်းနေပြီဖြစ်သည်။
အချိန်မရွေးတိုက်ခိုက်ဖို့ အသင့်ဖြစ်နေခဲ့သည်။
ဖုန်းဂုချန်း အခြားလူတွေအားဒေါသထွက်အောင်လုပ်မိတာသိ၍ နှာမှုတ်လိုက်ပြီး ခံစစ်ကိုပြောင်းလိုက်သည်။
"ငါလည်း ဂိုဏ်းကောင်းကျိုးအတွက် စဥ်းစားပေးတာပဲ..."
"ငါတို့ခေါင်းတွေကို သဲထဲမှာမြုပ်ထားတာက အရှက်ရစရာတွေပဲ ယူလာလိမ့်မယ်...."
"လူတိုင်းလဲသိတာပဲ၊ ချောင်းကျန့်က အမှိုက်ဟုတ်လား မဟုတ်ဘူးလားဆိုတာလေ..."
လျိုဝူချန်း သူ့ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
ထို့နောက် ဂျန်ဖန်းဘက်လှည့်ပြီး လက်ခံသည်အမူအရာပြသပြီး ပြောလိုက်သည်။
"မင်းပြောတာမှန်တယ်...."
"ငါတို့တိမ်စိမ်းဂိုဏ်းမလိုချင်တဲ့အရာကို ကြိုက်တဲ့လူယူနိုင်တယ်။ ယဥ်ကျေးနေဖို့မလိုဘူး...."
ယန်ချင်းဟွာမျက်လုံးတွေ ကျဥ်းမြောင်းသွားခဲ့သည်။
သူက လှောင်ပြောင်လိုက်၏။
"မင်းတို့ မဟာအကြီးအကဲပြောတာမှန်တယ်။ မင်းတို့က ကိုယ့်ကိုယ်ကို လှည့်စားနေကြတာပဲ...."
"ငါတို့ချောင်ကျန့်က ပါရမီရှင်ဆိုတာ အမှိုက်ဆိုတဲ့စကားလေးတစ်ခွန်းနဲ့ ငြင်းလို့ရတာမဟုတ်ဘူး...."
သူအကြည့်က ဂျန်ဖန်းအပေါ်မှာရှိနေပြီး ရန်စလိုသည့်ရည်ရွယ်ချက်ကို ဖုံးကွယ်မထားပေ။
ဂျန်ဖန်း လုံးဝကို စိတ်မဝင်စားပေ။
သူက ချောင်ကျန့်ကို ပျင်းတိပျင်းရွဲကြည့်လိုက်ပြီး ထူးမခြားနားစွာပြောလိုက်သည်။
"ငါ အရှုံးသမားနဲ့ ယှဥ်ပြိုင်ချင်စိတ်မရှိဘူး...."
"အကြီးအကဲယန်မှာ အခြားကိစ္စမရှိတော့ရင် မင်းတပည့်ကိုခေါ်ပြီး ထွက်သွားလို့ရပြီ....."
"မဟုတ်လို့ မျက်နှာပျက်စရာတွေဖြစ်လာရင် ဂိုဏ်း ၂ ဂိုဏ်း ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်။ အဲ့လိုကိစ္စမျိုး ငါ့လိုဂျူနီယာက မခံယူနိုင်ဘူး...."
ယန်ချင်ဟွာမျက်နှာ မဲမှောင်သွား၏။
ဤကောင်လေးက ဘယ်လိုမှပြောမရသည့်ကောင်ပင်။
သို့ပေမယ့် ဤနေရာက တိမ်စိမ်းဂိုဏ်းနယ်မြေဖြစ်၍ ဂျန်ဖန်းကို ချောင်ကျန့်နှင့်ပြိုင်ဖို့ တွန်းအားမပေးနိုင်ပေ။
သူ့မျက်လုံးတွေရွေ့သွားပြီး ပြောလိုက်သည်။
"လောင်ကြေးနဲ့ဆိုရင်ကော ဘယ်လိုလဲ၊ မင်းစိတ်ဝင်စားလား...."
အလကားနေရင်းလက်ဆောင်လာပေးတာ ဂျန်ဖန်းဘယ်လိုလုပ် စိတ်မဝင်စားပဲနေမည်နည်း။
ထိုအခါမှသာ သူက စိတ်ဝင်စားသည့်အရိပ်အယောင်အချို့ပြသလာခဲ့သည်။
"အရင်ဆုံး မင်းကမ်းလှမ်းချက်ကို နားထောင်ကြည့်ရအောင်...."
"ကြိုပြောထားမယ်နော်၊ သလင်းကျောက်တော့ ထုတ်မလာနဲ့ ငါမှာမရှားဘူး..."
ယန်ချင်ဟွာ နှာမှုတ်လိုက်သည်။
"ဂျူနီယာတပည့်တစ်ယောက်က သလင်းကျောက်ကို စိတ်မဝင်စားဘူးတဲ့လား...."
"တိမ်စိမ်းဂိုဏ်း အဲ့လောက်ချမ်းသာမှန်း ငါမသိခဲ့ဘူး....."
လျိုဝူချန်းနှင့် အခြားအကြီးအကဲတွေ ဆွံ့အသည့်အမူအရာပြသလာ၏။
ဂျန်ဖန်းစကားတွေက တကယ်ပဲ အနည်းငယ်ကြွားလွန်း၏။
သူတို့တောင် သလင်းကျောက်မရှားဘူးဟု မပြောရဲပေ။
ဘယ်လိုဖြစ်ပြီး ဂျူနီယာတစ်ယောက်က ဤကဲ့သို့ကိစ္စမျိုးပြောရဲရသနည်း။
သို့ပေမယ့် ဂျန်ဖန်းသာမန်အတိုင်း တစ်သိန်းတန် သလင်းကျောက်တုံကင်နှစ်ခု အင်္ကျီအိတ်ထဲမှ ထုတ်ယူလိုက်သည်။
"အကြီးအကဲယန် သလင်းကျောက် ၁ သိန်း ထုတ်လာနိုင်ရင်တော့ ငါနည်းနည်းစိတ်ဝင်စားနိုင်တယ်...."
"မဟုတ်ရင်တော့, ပြောဖို့မလိုတော့ဘူး..."
"စိတ်မဝင်စားဘူး...."
ယန်ချင်ဟွာ၏ ယဥ်ကျေးသိမ်မွေ့သည့်မျက်နှာ နောက်တစ်ကြိမ်တောင့်တင်းသွား၏။
သူ့၌ သလင်းကျောက် ၂ သောင်းတောင်မရှိပေ။
သူ့ရှေ့က ဂျူနီယာက သာမန်အတိုင်း ၂ သိန်းတန် သလင်းကျောက်တုံကင်နှစ်ခု ထုတ်လာသည်လား....
သူ့ပါးစပ်တွေတွန့်လိမ်သွားပြီး သလင်းကျောက်လောင်းကြေးလုပ်မည့်အကြံကို စွန့်လွတ်လိုက်၏။
သိုပေမယ့် အခြားဘာနဲ့ လောင်းကြေးထပ်ရမည်နည်း။
တစ်ဖက်လူက သူ့ကြွယ်ဝမှုကို ဗြောင်ကျကျ ထုတ်ပြလာခဲ့သည်။
သူက တန်ဖိုးနိမ့်တစ်ခုထုတ်ပြလာလျှင် ဂျန်ဖန်း စိတ်ဝင်စားမည်မဟုတ်ပေ။
ထိုအရာက ကိစ္စကြီးမဟုတ်သေးပေ။
အရေးကြီးတာက စစ်မှန်မိုးကြိုးဂိုဏ်းဒုတိယအကြီးအကဲက ကပ်စေးနှဲဟုထင်သွားမှာပင်။
သို့ပေမယ် သလင်းကျောက်၂ သိန်းဖိုးလောက် လောင်းကြေးထပ်တာက.....
ဤတန်ဖိုးက အတော်များ၏။
သူ အနည်းငယ်စိတ်မအေးဖြစ်လာခဲ့သည်။
ရှုံးသွားလျှင်ဘယ်လိုလုပ်မည်နည်း။ ထိုအရာက အတော်ကို အရှက်ကွဲ၏။
ယန်ချင်းဟွာ တွေဝေနေတာမြင်သည့်အခါ ချောင်ကျန့် မျက်မှောင်ကြုတ်သွားပြီး မကျေမနပ်ပြောလိုက်သည်။
"အကြီးအကဲယန်, တန်ဖိုးကြီးရတနာထုတ်လိုက်ပါ...."
"ငါသူ့ကို ရှုံးမယ်လို့တော့ မထင်ဘူးမလား...."