← Chapters

နဂါးနွယ်စိတ်ဝိညာဥ်အရည်

Vol. 26 Ch. 353

နဂါးနွယ်စိတ်ဝိညာဥ်အရည်

Vol. 26 Ch. 353

ကံကောင်းမှုကြုံတွေ့ခဲ့ရ၍ ချောင်ကျန့်၏ ကိုယ့်ကိုယ်ကို ယုံကြည်မှုက မိုးထိထိုးတက်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ့ကျင့်ကြံရေးက အလျှင်အမြန်တိုးတက်လာရုံသာမက အခြေခံတည်ဆောက်ခြင်း အဆင့် ၉ ပါရောက်ရှိနေခဲ့သည်။

ထို့ပြင် မြေကမ္ဘာအဆင့်နည်းစနစ်၏ ပထမအဆင့်ကိုပါ နားလည်နိုင်ခဲ့၏။

ဂျန်ဖန်းကကော?...

ထိုအချိန်က သူဟာ အခြေခံတည်ဆောက်ခြင်းအဆင့် ၄မှာသာရှိသေးပြီး ဂျန်ဖန်းက ရုပ်ခန္ဓားအားကိုးဖြင့် အနိုင်ယူခဲ့တာဖြစ်သည်။

အခြေခံတည်ဆောက်ခြင်း အဆင့် ၈ တန်ထျန်လုံကို အနိုင်ယူနိုင်တာကတင် ကောင်းကင်ကို ဆန့်ကျင်နေပြီဖြစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ၉ နှင့် မြေကမ္ဘာအဆင့်နည်းစနစ် ပိုင်ဆိုင်ထားသည့် သူ့ကို အနိုင်ယူဖို့က ဖြစ်နိုင်အုန်းမည်လား....

ရိုးရှင်းစွာပဲ စိတ်ကူးကြည့်လို့တောင်မရပေ။

သတင်းအချက်အလက်တွေအရ ဂျန်ဖန်း တပည့်အဆင့်သတ်မှတ်ချက်မှာ နာမည်ရေးထိုးနိုင်ခဲ့တာ ရုပ်ခန္ဓာကို မှီခိုပြီးဟူ၍ပင်။

ရုပ်ခန္ဓာကျင့်ကြံခြင်းက အရင်းအမြစ်အများကြီးလိုအပ်၏။

ဧရာမဂိုဏ်းလို ရုပ်ခန္ဓာအထူးလေ့ကျင့်သည့်ဂိုဏ်း၌တောင် အခြေခံတည်ဆောက်ခြင်းအဆင့် ၈ နှင့်ယှဥ်နိုင်သည့် တစ်စုံတစ်ယောက်ကို မွေးထုတ်ပေးဖို့ အတော်ခက်၏။

တိမ်စိမ်းဂိုဏ်းဆိုလျှင်တော့ ပိုလို့တောင် ခက်ခဲမည်ဖြစ်သည်။

ထို့ပြင်...

တပည့်အဆင့်သတ်မှတ်ပွဲပြီး၌ ဂျန်ဖန်းက တာဝန်ထမ်းဆောင်ဖို့ စေလွတ်ခံခဲ့ရ၏။

ထို့ကြောင့် တပည့်အဆင့်သတ်မှတ်ပွဲပြီးကတည်းက သူ့ခွန်အားမတိုးတက်နိုင်တာ ၉၉ ရာခိုင်နှုန်းလောက်သေချာ၏။

"ကောင်းပြီလေ, မင်းက သလင်းကျောက်တွေ စိတ်မဝင်စားဘူးဆိုမှတော့ ဒီပစ္စည်းကိုတော့ မင်း ငြင်းမှာမဟုတ်လောက်ဘူး...."

ထို့နောက် အင်္ကျီအိတ်ထဲမှ ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူလိုက်သည်။

အထဲ၌ အနီရောင်စိတ်ဝိညာဥ်အရည်တွေရှိနေပြီး ထူးတည်းစေးပစ်ကာ ပျားရည်ကဲ့သို့ပင်။

ဝမ်ဟုန်ယောင်မျက်လုံးတွေ အံ့အားသင့်မှုကြောင့် အနည်းငယ်မှေးကျဥ်းသွား၏။

"နဂါးနွယ်စိတ်ဝိညာဥ်အရည်...."

"ဒီနဂါးနွယ်စိတ်ဝိညာဥ်အမြစ် ခုချိန်ထိ ဂိုဏ်း ၉ ဂိုဏ်းမှာရှိနေသေးတာ မဖြစ်နိုင်တာပဲ...."

"အဲ့ဒီစိတ်ဝိညာဥ်သစ်သားက အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့ပြီလေ...."

ဤအရာကိုမြင်သည့်အခါ လျိုဝူချန်းလည်း အံ့အားသင့်သွား၏။

"ဒီတာ့ ဒါက နဂါးနွယ်စိတ်ဝိညာဥ်အရည်ကိုး...."

"ပြောကြတာ လွန်ခဲ့တဲ့နှစ်ငါးရာက ဒီစိတ်ဝိညာဥ်သစ်သားတွေ အလျှံပယ်ပေါများပြီး အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတွေ ကျင့်ကြံဖို့ အဲ့ဒီအပေါ်မှာပဲ မှီခိုခဲ့ကြတာ...."

"ပထမဆုံးအသုံးပြုသူတွေက အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် အတားအဆီးကို မကြာခဏချိုးဖြတ်နိုင်ခဲ့ကြတယ်...."

"ရေရှည်သုံးရင် လူတစ်ယောက်ရဲ့ ကျင့်ကြံရေးက အကြီးအကျယ်တိုးတက်လာနိုင်တယ်...."

ဤကဲ့သို့ပြောပြီးနောက်...

လျိုဝူချန်း မနေနိုင်ပဲ ချောင်ကျန့်ကို ကြည့်လိုက်သည်။

ချောင်ကျန့် ဖုံးကွယ်မထားပဲ ဂုဏ်ယူသည့်အမူအရာဖြင့် ပြောလိုက်သည်။

"ဒါအမှန်ပဲ, ငါ မတော်တဆ ရှေးဟောင်းဂူတစ်ခုတွေ့ခဲ့ပြီး အထဲမှာ နှစ်ရာချီကြာပျောက်ဆုံးနေတဲ့ နဂါးနွယ်တစ်အုပ်တွေ့ခဲ့တယ်..."

"ငါ့ကျင့်ကြံရေး ခုန််တက်သွားတာကလည်း ဒါရဲ့ ကျေးဇူးတွေကြောင့်ပဲ...."

"ခင်ဗျားရှေ့က ဒီကျောက်စိမ်းဗူးက စစ်မှန်မိုးကြိုးဂိုဏ်းက ငါ့ရဲ့စီနီယာညီ၊ညီမတွေအတွက်ပြန်ယူသွားမလို့ပဲ...."

လျိုဝူချန်း စိတ်ထဲမှာ လေးပင်စွာ သက်ပြင်းချလိုက်ပြီး နောင်တရမှုက ပိုပြင်းထန်လာခဲ့သည်။

မူလ၌ ဤအရာအားလုံးက တိမ်စိမ်းဂိုဏ်းပိုင်တာဖြစ်သည်။

နဂါနွယ်စိတ်ဝိညာဥ်မြစ်အကူအညီနှင့်ဆိုလျှင် များစွာသော အခြေခံတည်ဆောက်ခြင်းအလယ်အလတ်အဆင့်ကျင့်ကြံသူတွေ နောက်တစ်ဆင့်ချိုးဖြတ်နိုင်ကြမည်ဖြစ်သည်။

ကံမကောင်းစွာဖြင့် အရာအားလုံးကို စစ်မှန်မိုးကြိုးဂိုဏ်းကရသွားခဲ့သည်။

အကြီးအကဲတွေလည်း စိတ်ဝိညာဥ်အရည်သေတ္တာကို ပြင်းထန်စွာ စိုက်ကြည့်နေခဲ့ကြသည်။

ဤလောက်များသည့်စိတ်ဝိညာဥ်အရည်တွေက အခြေခံတည်ဆောက်ခြင်းအလယ်အလတ်အဆင့် ဆယ်ယောက်လောက်ကို နောက်တစ်ဆင့်ချိုးဖြတ်ဖို့ လုံလောက်၏။

တန်ဖိုးက တိုင်းတာလို့မရပေ။

သူတို့အမူအရာတွေကိုမြင်သည့်အခါ ယန်ချင်ဟွာ အလွန်ကျေနပ်သွား၏။

ဤစိတ်ဝိညာဥ်သေတ္တာက ချောင်ကျန့်ပိုင်ဆိုင်သည့်နောက်ဆုံးအရာဖြစ်ပြီး သူ့အား လိုက်ပါစောင့်ရှောက်သည့်အတွက် ဆုလာဘ်အဖြစ်ပေးထားတာဖြစ်သည်။

သူက ဤအရာအား ဂိုဏ်းပြန်ယူသွားပြီး နာခံသည့်တပည့်အနည်းငယ်ကိုပေးဖို့ ရည်ရွယ်ထား၏။

ဤသို့ဖြင့် သူတို့တွေ နောက်တစ်ဆင့်ကို ချိုးဖြတ်နိုင်ကြမည်ဖြစ်သည်။

သို့ပေမယ့် ယခုအခါ၌ ရွေးချယ်စရာမရှိပဲ လောင်းကြေးအဖြစ်ထုတ်ယူလာခဲ့ရသည်။

"မင်းဘယ်လိုထင်လဲ, ဂျန်ဖန်း? မင်းကျင့်ကြံရေးနဲ့ဆိုရင် ဒီပစ္စည်းကို အတော်လေးလိုအပ်တယ်မလား..."

ယန်ချင်ဟွာ အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

ဂျန်ဖန်းက အခြေခံတည်ဆောက်ခြင်း အဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်၍ ဤပစ္စည်းကို မလိုအပ်တော့ပေ။

သို့ပေမယ့် ရှုရို့ရန်နှင့် ချန်စီလင်တို့လိုအပ်၏။

ဂိုဏ်းမှထွက်သွားချိန်၌ မိန်းခလေးနှစ်ယောက်က အခြေခံတည်ဆောက်ခြင်းအဆင့် ၄ နှင့် အဆင့် ၃ သာဖြစ်ကြ၏။

ဤစိတ်ဝိညာဥ်အရည်က သူမတို့ကျင့်ကြံရေးကို နောက်တစ်ဆင့် တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။

သူမျက်လုံးတွေ အရောင်လက်သွားပြီး မေးလိုက်သည်။

"ဒါဆို မင်းငါ့ဆီက လောင်းကြေးအဖြစ် ဘာလိုချင်လဲ...."

ယှဥ်ပြိုင်ပွဲဖြစ်၍ နှစ်ဖက်လုံး လောင်းကြေးထပ်ရမည်ဖြစ်သည်။

ဂျန်ဖန်း၌ ပစ္စည်းကောင်းတွေရှားပါးမနေ၍ ဝန်လေးမနေပေ။

"ငါ မင်းဆီက ဘာမှမလိုဘူး...."

ချောင်ကျန့် လက်နောက်ပစ်ထားပြီး မျက်နှာ၌ ရက်စက်သည့်အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ငါလိုအပ်တာ မင်းမြေကြီးပေါ်ဒူးထောက်ပြီး နောင်တရပါပြီလို့ပြောဖို့ပဲ...."

ဤကဲ့သို့ အကျိုးကျေးဇူးမျိုးလည်း ရှိသည်လား။

ဂျန်ဖန်း မတွေးပဲသဘောတူလိုက်သည်။

"ပြဿနာမရှိဘူး...."

ဤအရာက ချောင်ကျန့်ကို ကြောင်သွားစေပြီး သံသယဖြင့် မေးလိုက်သည်။

"မင်းဘာအတွက်နောင်တရမှာလဲ မမေးတော့ဘူးလား...."

ဂျန်ဖန်း ပခုံးတွန့်ပြလိုက်သည်။

"ငါ မရှုံးမှတော့ ဘာလို့ ဂရုစိုက်ရမှာလဲ...."

ဤအရာက ချောင်ကျန့်ကို ဒေါသတကြီးရယ်သွားစေ၏။

"မင်းက တကယ်ယုံကြည်မှုရှိတာပဲ။ တစ်ခါကလို ကံကောင်းပြီး ငါ့ကိုနိုင်နိုင်မယ်ထင်လို့လား..."

"ဒါပေမယ့် သေချာနားထောင်, မင်းရှုံးရင် ဒူးထောက်ပြီး ငါ့အမျိုးသမီးကိုခိုးယူခဲ့လို့ နောင်တရကြောင်းပြောရမယ်။ ဂိုဏ်းသခင်တောင်ထိပ်ဆီ ငါဝင်မှာကို နှောက်ယှက်လို့ နောင်တရကြောင်းပြောရမယ်၊ ငါ့ကိုလှည့်ဖျားပြီးအနိုင်ယူလို့ နောင်တရကြောင်းပြောရမယ်...."

"နားလည်လား..."

ဘာတွေမှန်းကိုမသိတော့ပေ။

ဂျန်ဖန်း ကြောင်တောင်တောင်ဖြစ်သွားပြီး နားကုတ်လိုက်သည်။

"မင်းနိုင်မှ ဆက်ပြောကျတာပေါ့...."

ချောင်ကျန့် နှာမှုတ်လိုက်သည်။

"ဒါဆိုလည်း မင်းစိန်ခေါ်မှုကိုလက်ခံတယ်လို့ ယူဆလိုက်မယ်...."

"မင်း အနားယူဖို့ တစ်နာရီအချိန်ပေးမယ်။ နောင်ပိုင်းရှုံးသွားမှ ခရီးပမ်းလာလို့ပါ အခွင့်ကောင်းယူပြီးအနိုင်ယူသွားတာပါတွေ လာမပြောနဲ့....."

ဤနေ့အတွက် သူက အချိန်အတော်ကြာ အရှက်ကွဲမှုကို တောင့်ခံခဲ့ရတာဖြစ်သည်။

ဘယ်လို အမှားတစ်စုံတစ်ရာမှ လက်မခံနိုင်ပေ။

ဂျန်ဖန်း ပြိုင်ပွဲကို လက်ခံလိုက်တာမြင်သည့်အခါ....

လျိုဝူချန်း ဂျန်ဖန်း မရှုံးအောင်ကြိုးစားပေးဖို့တာ တတ်နိုင်တော့၏။

"ဂျန်ဖန်း, ဒီကိုလာအုန်း...."

လျိုဝူချန်း လက်ယပ်ခေါ်လိုက်သည်။

ဂျန်ဖန်း ရှေ့လျှောက်လာပြီး ပြောလိုက်သည်။

"ဆရာ, ညွှန်ကြားစရာတစ်ခုခုများရှိလို့လား...."

လေးနက်သည့်အကြည့်ဖြင့် လျိုဝူချန်း ပြောလိုက်သည်။

"မင်းရဲ့အနိုင်အရှုံးက ဂိုဏ်းသခင်တောင်ထိပ်ဂုဏ်သိက္ခာနဲ့သက်ဆိုင်နေတယ်၊ ကုန်ကုန်ပြောရရင် တိမ်စိမ်းဂိုဏ်းဂုဏ်သိက္ခာနဲ့တောင် သက်ဆိုင်နေတယ်...."

"မင်း နိုင်ကိုနိုင်ရမယ်။ မဟုတ်ရင် အနည်းဆုံး သရေတော့ကျရမယ် နားလည်လား..."

သူစိတ်ကူးမကြည့်ရဲပေ။

ဂျန်ဖန်းသာ ရှုံးနိမ့်သွားလျှင် အပြင်လူတွေ သူ့အား အမြင်မရှိသည့်အတွက် ဘယ်လောင်တောင်လှောင်ပြောင်လိုက်မည်နည်း။

ချောင်ကျန့်လိုပါရမီရှင်ကို မောင်းထုတ်ပစ်ခဲ့သည်။

သရေနှင့် အနိုင်ရတာကပဲ အတင်းအဖျင်းပြောသည့်လူတွေ၏ပါးစပ်တွေကို ပိတ်နိုင်မှာဖြစ်သည်။

ဖုန်ဂုချန်း လှောင်ပြောင်လိုက်၏။

"ဂိုဏ်းချုပ်, ဒါက မင်းတို့ဂိုဏ်းသခင်တောင်ထိပ်မျက်နှာပျက်တာပဲ။ ဂိုဏ်းကို ဆွဲမထည့်ပါနဲ့...."

"အနည်းဆုံး, ငါတို့ ပြန်လည်မွေးဖွားခြင်းတောင်ထိပ်က ခန့်မှန်းချက်မှားပြီး ချောင်ကျန့်ကို ထွက်သွားခိုင်းခဲ့မိတာ...."

"ပြောရရင် ငါတို့ပြန်လည်မွေးဖွားခြင်းတောင်ထိပ် ဒီလိုပါရမီရှင်တစ်ယောက်ကို ဆုံးရှုံးရတာ မင်းအမှားတွေပဲ...."

အကြီးအကဲများစွာ ဤအရာကိုကြားသည့်အခါ အားလုံး ဖုန်ဂုချန်းကို စိုက်ကြည့်လိုက်ကြသည်။

"ဂိုဏ်းဂုဏ်သိက္ခာက အရေးကြီးအခြေအနေရောက်နေပြီ။ မင်းရဲ့ ထေ့လုံးငေါ့လုံးမှတ်ချက်တွေအတွက် နေရာမရှိဘူး...."

လီချင်းဖုန်း မကျေမနပ်ပြောလိုက်သည်။

ထို့နောက် ဂျန်ဖန်းကို နှစ်သိမ့်လိုက်သည်။

"စိတ်လှုပ်ရှားဖို့မလိုပါဘူး..."

"မင်းရဲ့ရုပ်ခန္ဓာက သာမန်သိုင်းပညာရှင်တွေအပေါ်မှာ အသာစီးရနိုင်တယ်...."

"လက်တွေ့တိုက်ပွဲမှာ ခံစားရတဲ့သူက မင်းဟုတ်ချင်မှဟုတ်မှာ...."

ဝမ်ဟုန်ယောင် လီချင်ဖုန်းကို စိုက်ကြည့်လိုက်သည်။

ဘယ်လောက်ပဲ အသာစီးရရ ကန့်သက်ချက်အတွင်းသာဖြစ်သည်။

အဆင့် ၈ ရုပ်ခန္ဓာက အဆင့် ၉ ကို အသားစီးရမည်လား....

သူက ဂျန်ဖန်းကိုချော့နေရအောင် ကလေးများမှတ်နေသည်လား?

သူမက ဂျန်ဖန်းကို အနီရောင်လိမ်းဆေးတစ်ခုပေးပြီး ပြောလိုက်သည်။

"ဒီတိုက်ပွဲမှာ မင်းနိုင်ဖို့အခွင့်အရေးထက် ရှုံးဖို့က ပိုများနေတယ်...."

"မင်းဒါကို နားလည်ထားရမယ်။ ဒါမှ တိုက်ပွဲမှာ ထိန်ချန်မထားပဲ အကုန်ထုတ်သုံးလာမှာ..."

"ဒါက မင်းကို ငါကူညီနိုင်တဲ့ အရာလေးပဲ..."

"ဒီသွေးလှုံဆော်ခြင်းလိမ်းဆေးကို နှောက်စေ့မှာလိမ်းထားမယ်ဆိုရင် နာကျင်မှုအချို့ကို တောင့်ခံနိုင်ပြီး အကြောက်အရွံ့မရှိ တိုက်ခိုက်နိုင်လိမ့်မယ်...."

ကျောက်ဝူဂျိ ဂျန်ဖန်းလက်မောင်းကို တိုက်ရိုက်ဆုပ်ကိုင်လိုက်ပြီး ခွန်အားပြန်ပြည့်ဖို့ စိတ်ဝိညာဥ်စွမ်းအင်အနည်းငယ်ပြန်ဖြည့်သွင်းပေးလိုက်သည်။

"အကောင်းဆုံးလုပ်ပါ။ နိုင်နိုင် ရှုံးရှုံး မင်းက ငါတို့တိမ်စိမ်းဂိုဏ်းရဲ့ ဂုဏ်ယူစရာပဲ..."

ဂျန်ဖန်း ရယ်လည်းရယ်ချင် ဒေါသလည်းထွက်သွား၏။

ဤအရာက ချောင်ကျန့်နှင့်ပြိုင်ရုံလေးဖြစ်ပြီး သူတို့က ဘာကြောင့် မဟာရန်သူကြီးအဖြစ်ပြုမူနေရသနည်း။

သို့ပေမယ့် ခရီးတစ်လျှောက် လူများစွာနှင့်ဆက်ဆံပြီးနောက်...

လျိုဝူချန်းနှင့် အကြီးအကဲတွေ၏အပြုအမူက သူ့ကို တစ်ခဏ နွေးထွေးသွားစေ၏။

"မစိုးရိမ်ပါနဲ့, အခု ကျွန်တော် စိန်ခေါ်မှုကိုလက်ခံလိုက်မှတော့ ယုံကြည်မှုရှိလို့ပါ..."

ဤအရာက လျိုဝူချန်းနှင့် အကြီးအကဲတွေမျက်နှာကို တောက်ပသွားစေခဲ့သည်။

သို့ပေမယ့် ဂျန်ဖန်းနှင့် ချောင်ကျန့်ကြားကွာဟချက်ကိုတွေးမိသည့်အခါ မချိပြုံးပြုံးလိုက်ကြသည်။

ဤကောင်က လူတွေကိုနှစ်သိမ့်ရာ၌ အတော်ကောင်း၏။

ချောင်ကျန့်နှင့် ယန်ချင်ဟွာအတွက်တော့ သူတို့က ထူးထူးခြားခြားပဲ တည်ငြိမ်နေခဲ့သည်။

ယန်ချင်ဟွာ ညွှန်ကြားလိုက်သည်။

"အနိုင်ရရုံပဲလုပ်၊ အလွန်အကျွံ့ကြီးမလုပ်နဲ့...."

ဂိုဏ်းသခင်တောင်ထိပ် တပည့်အားလုံးကို ရိုက်ထားတာကကို လျိုဝူချန်းကို အရှက်ရစေပြီးနေပြီဖြစ်သည်။

ဂျန်ဖန်းသာ အလွန်အကျွံ့အစော်ကားခံရလျှင် သူ ဒေါသထွက်မှာ အသေအချာပင်။

ချောင်ကျန့် ဝင့်ကြွားစွာထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကောက်ကိုင်၍ ထူးမခြားနားစွာ ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့ အကြီးအကဲယန်...."

"ငါ့ရဲ့ အတိတ်ကအရှက်တရားအတွက်ကြောင့်သာမဟုတ်ရင် ဒီလိုအဆင့်လူတစ်ယောက်နဲ့ တိုက်ခိုက်နေမှာမဟုတ်ဘူး..."

"ယှဥ်ပြိုင်ဖို့ တောင်းဆိုရင်တောင် စိတ်ဝင်စားမှာမဟုတ်ဘူး..."

ယန်ချင်ဟွာ စိတ်အေးသွား၏။

ဤအရာက မောက်မာပြီးပြောတာမဟုတ်ပေ။

ချောင်ကျန့်၏ခွန်အားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ၉ အနည်းငယ်တောင် သူ့ပြိုင်ဘက်မဟုတ်ပေ။

သဘာဝအတိုင်း အဆင့် ၈ ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်ဖို့ စိတ်ဝင်စားမည်မဟုတ်ပေ။

ယနေ့ သူ့အတိတ်က အရှက်ရမှုကို လက်စားချေဖို့သာဖြစ်သည်။

ဂျန်ဖန်းကိုတိုက်ခိုက်ဖို့ ခွန်အားကုန်သုံးစရာမလိုပေ။

အရှက်ခွဲမှာကတော့ မလွဲမသေပင်။

တစ်နာရီကြာပြီးနောက်...

ချောင်ကျန့် လက်ဖက်ရည်ခွက်ချကာ အကြည့်တွေက စူးရှနေခဲ့သည်။

"အနားယူတာ တော်လောက်ပြီ...."

ဂျန်ဖန်း နားဖို့မလိုအပ်ပေ။

သူက ချောင်ကျန့်ကို အနားယူဖို့ အချိန်ပေးလိုက်တာဖြစ်သည်။

အဆုံးမှာတော့ ချောင်ကျန့်က ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေနှင့် ခုလေးမှ တိုက်ခိုက်ထားတာဖြစ်သည်။

ဂျန်ဖန်း မတ်တပ်ရပ်ပြီး ကွင်းပြင်အလယ်သွားကာ လက်နောက်ပစ်ထားခဲ့သည်။

"မင်းအရင်စပါ..."

"လောင်ကြေးက တန်ဖိုးကြီးတော့ မင်းကို နှစ်ကွက်အကြောပေးမယ်...."

ဟမ်?....

လျိုဝူချန်း၊ အကြီအကဲတွေ၊ ဖုန်းဂုချန်း နှင့် ယန်ချင်းဟွာတို့....

မေးခွန်းကြီးတစ်ခု သူတို့နဖူးတွေမှာ ပေါ်လာခဲ့သည်။

သူတို့များ နားကြားမှားသွားသည်လား?....

All Chapters