← Chapters

ဒါပဲလား

Vol. 26 Ch. 354

ဒါပဲလား

Vol. 26 Ch. 354

သူ့ကို နှစ်ကွက်အကြောပေးမည်။

ဤအရာကိုချောင်းကျန့်ကပြောသင့်သည်မလား။

ယန်ချင်းဟွာ တစ်ခဏကြောင်သွားပြီး မနေနိုင်ပဲ ထရယ်လိုက်သည်။

"ဂိုဏ်းချုပ်လျို မင်းနဲ့နာမည်ကျော်တပည့်က တကယ်ကို စကားကြီးစကားကျယ်ပြောတတ်တာပဲ...."

အခြေခံတည်ဆောက်ခြင်းအဆင့် ၈ က အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကို အကြောပေးနေသည်။

လောကကြီးပြောင်းပြန်ဖြစ်သွားသည်လား။

ဖုန်းဂုချန်း အားတင်းပြုံးလိုက်သည်။

"တကယ်ကို ဂိုဏ်းသခင်လေ့ကျင့်ပေးထားတဲ့ တပည့်တစ်ယောက်ပဲ...."

"တမူထူးခြားတယ်...."

"အထင်ကြီးစရာပဲ, တကယ်ကို အထင်ကြီးစရာပဲ...."

အကြီးအကဲများစွာ ကို့ရို့ကားယားအမူအရာ ပြသလာ၏။

ဂျန်ဖန်းအပြုအမူက တကယ့်ကို လူတိုင်းကို ပဟေဠိဖြစ်စေ၏။

လျိုဝူချန်းလည်း အတော်ရှက်သွားပြီး ဂျန်ဖန်းကို တင်းမာသည့်အကြည့်တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"အလေးအနက်ထားပါ...."

"ဒါက ဟာသမဟုတ်ဘူး..."

ဂိုဏ်းသခင်တောင်ထိပ် ဂုဏ်သိက္ခာပါနေတာတောင် ဂျန်ဖန်း ဤကဲ့သို့ ဟာသလုပ်ရဲ၏။

ချောင်ကျန့် အင်္ကျီလက်ခါယမ်းပြီး မနေနိုင်ပဲ ရယ်လိုက်သည်။

"မင်းက ငါ့ကို နှစ်ကွက်အကြောပေးမယ်..."

ဂျန်ဖန်း တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

"ဒါက ငါ့ပုံစံတော့မဟုတ်ဘူး...."

"ဒါပေမယ့်, နှစ်ဖက်ကြားက လောင်းကြေး တန်ဖိုးအတော်ကွာနေတာ့ ဒီတစ်ချိန်ချွင်းချက်ထားပေးလိုက်မယ်...."

ဂျန်ဖန်း၏ ပုံမှန်အကျင့်အရဆိုလျှင် ပြိုင်ပွဲ၌ အစွမ်းအကုန်ထုတ်သုံးမည်ဖြစ်သည်။

သို့ပေမယ့် ချောင်ကျန့်အရမ်းမြန်မြန်ကြီးရှုံးနိမ့်သွားလျှင် ယန်ချင်ဟွာ လောင်းကြေးမမျှတတာကိုထောက်ပြီး သဘောတူညီမှု ဖျက်သိမ်းသွားနိုင်၏။

ထို့ကြောင့် သူက ဤဆုံးဖြတ်ချက်ကို လုပ်လိုက်တာဖြစ်သည်။

ဂျန်ဖန်း တကယ်ပြောနေမှန်းနားလည်သွားသည့်အခါ ချောင်ကျန့် အထင်သေးသည့်ခံစားချက်တစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။

သူ့အမူအရာ တဖြည်းဖြည်း ပိုကြမ်းကြုတ်လာခဲ့၏။

"ငါ့ကို တစ်ကြိမ်နိုင်ဖူးတာနဲ့ အထင်သေးလို့ရမယ်ထင်နေတာလား...."

"ကောင်းပြီလေ, မင်းဆန္ဒကို လိုက်လျောပေးလိုက်မယ်...."

"မင်း ငါ့ဆီက လှုပ်ရှားမှုဘယ်နှစ်ခု တောင့်ခံနိုင်မလဲ ကြည့်ကြတာပေါ့....."

ဝှစ်!

သူက မြေပြင်ကို ခြေဆောင့်လိုက်သည့်အခါ ကြမ်းပြင်ရှိ အနက်ရောင်အုတ်ချပ်နှစ်ခု လွင့်စင်ထွက်သွား၏။

ထို့နောက် ရှေ့ကို စပိန်လိန်တစ်ခုကဲ့သို့ ခုန်ထွက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပဲ, ဂျန်ဖန်းရှေ့ရောက်သွားပြီး ရင်ဘတ်ဆီ လက်ဝါးချက်တစ်ခု ထုတ်ဖော်လိုက်၏။

ဂျန်ဖန်း မရှောင်ပေ။ သူက စိတ်ဝိညာဥ်စွမ်းအင်တောင်မသုံးပဲ ရုပ်ခန္ဓာကိုမှီခိုပြီး တိုက်ခိုက်မှုကို တိုက်ရိုက်ခုခံလိုက်၏။

ဤမြင်ကွင်းက လျိုဝူချန်းအား စိုးရိမ်ဒေါသထွက်သွားစေ၏။

"မင်းဘာလုပ်နေတာလဲ...."

အမြုတေဖွဲ့စည်းခြင်းအဆင့်တောင် အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ၏ တိုက်ခိုက်မှုကို တိုက်ရိုက်မခုခံရဲပေ။

ပိုဆိုးတာ ဂျန်ဖန်းက အခြေခံတည်ဆောက်ခြင်းအဆင့် ၈ နှင့်ညီမျှသည့် ရုပ်ခန္ဓာအဆင့်သာ ရောက်သေး၏။

ဘယ်လိုလုပ် ခုခံနိုင်မည်နည်း။

ဝမ်ဟုန်ယောင် အံ့အားသင့်သွားပြီး ခြေဆောင့်လိုက်သည်။

"ဒီကလေး, ခရီးထွက်ပြီးမှ ဘယ်လိုလမ်းမှားလိုက်သွားတာလဲ..."

"ဘာမှမတတ်ခဲ့ပေမယ့် မောက်မာတာပဲ သင်ယူလာတယ်...."

"သူ့ကိုလမ်းမှားညွှန်ပေးလိုက်တဲ့လူကိုသာရှာတွေ့လို့ကတော့ ငါ သူတို့ကို အလွတ်မပေးဘူး....."

လီချင်ဖုန်း မျက်ခွံတွေ တွန့်လိမ်သွား၏။

စိုးရိမ်မှုကော အကူအညီမဲ့မှုကော နှစ်ခုလုံးပင်။

"တပည့်အဆင့်သတ်မှတ်ခြင်းမှာ အဆင့် ၁ ရသွားတာနဲ့ ဘဝင်မြင့်သွားတာလား။ အရင်က အဲ့လိုမဟုတ်ပါဘူး...."

ဖုန်ဂုချန်း လှောင်ပြောင်လိုက်၏။

သူ့မျက်နှာ၌ အားရသည့်အမူအရာတစ်ခုပြသလာခဲ့သည်။

"လုံးဝကို ဆင်ခြင်ပိုင်ခြားနိုင်စွမ်းမရှိဘူးပဲ..."

"မင်းရဲ့တောင်မကျမြောက်မကျရုပ်ခန္ဓာလေးက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်မယ် တကယ်ထင်နေတာလား...."

"စောင့်နေလိုက်ပါ, ခနနေရင် ခွေးသေတစ်ကောင်လို အရိုက်ခံရတော့မှာပါ...."

အနည်းငယ်တောင့်တင်းနေသည့် ယန်ချင်းဟွာ ယခုတော့ လုံးဝကို သက်သာယာရသွားခဲ့သည်။

သူ့အကြည့်က ဂျန်ဖန်းဆီရွေ့သွားပြီး အထင်သေးသည့်အရိပ်အယောင်တွေ ရှိနေခဲ့သည်။

"ငါက သူ့မှာ အရည်အချင်းအချို့ရှိတယ်ထင်ခဲ့တာ...."

"လက်စသတ်တော့ အထင်ကြီးမိသွားတာကို...."

"သူ့ခွန်အားက ချောင်ကျန့်ထက်သာရင်တောင် နှစ်ကွက်အကြောပေးတာက အဆင်ပြေနေပြီ။ ဒါက သဘောထားကြီးရာရောက်တယ်...."

"ဒါပေမယ့် ချောင်ကျန့်ထက် အများကြီးနိမ့်ကျပြီး နှစ်ကွက်အကြောပေးချင်တာကတော့ ရူးမိုက်ပြီး အာရုံစိုက်ခံချင်နေတာပဲ....."

ထိုအရာကိုတွေးပြီး....

အပြုံးတစ်ခုနှင့် လျိုဝူချန်း စိတ်အေးအေးနေဖို့ ပြောလိုက်သည်။

"ဂိုဏ်းချုပ်လျို, ဒေါသထွက်နေဖို့မလိုပါဘူး...."

"လူငယ်တွေက အမှားတွေကနေ သင်ယူသင့်တယ်...."

"နည်းနည်းလောက်ခံစားပြီး သင်ခန်းစာယူနိုင်တာ တိုးတက်မှုရဲ့ တစ်စိတ်တစ်ပိုင်းပဲ...."

သို့ပေမယ့်....

နောက်တစ်ခဏ၌, သူ့မျက်နှာ အေးခဲသွားခဲ့သည်။

ဂျန်ဖန်းလွင့်ထွက်သွားပြီး သွေးအန်သည့်မြင်ကွင်းက ပေါ်မလာခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့်....

ဒုန်း ဆိုသည့်အသံကျယ်ကြီးထွက်ပေါ်လာက ပုံရိပ်တစ်ခု နောက်ကို ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။

သေချာကြည့်လိုက်တော့ ထိုအရာက ချောင်ကျန့်ဖြစ်နေခဲ့သည်။

သူ့မျက်နှာ၌ တုန်လှုပ်မှုတွေအပြည့်ဖြစ်နေပြီး ခြေလှမ်း ငါးလှမ်းခြောက်လှမ်း ဆုတ်လိုက်ရသည်။

လက်ဝါးကို အပြင်းအထန်ခါယမ်းနေပြီး မျက်နှာ၌ နာကျင်မှုအရိပ်အယောင်အချို့ ပြသနေ၏။

မသိလျှင် သူကရပ်နေပြီး ဂျန်ဖန်းက ရိုက်လိုက်သလိုပင်။

"ချောင်ကျန့် ဘာဖြစ်တာလဲ..."

ယန်ချင်းဟွာ စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။

သူက ခုလေးတင် လျိုဝူချန်းနှင့် စကားပြောနေ၍ မြင်ကွင်းကို သတိမထားမိလိုက်ပေ။

ချောင်ကျန့် သစ္ဆေသရဲတစ်ကောင်မြင်နေသည့်မျက်နှာဖြင့် အတော်လေးမသေချာစွာဖြင့် ပြောလိုက်သည်။

"သူ့ရုပ်ခန္ဓာ.. ကြည့်ရတာ အခြေခံတည်ဆောက်ခြင်းအဆင့် ၈ မဟုတ်ဘူးနဲ့တူတယ်..."

သူ ဂျန်ဖန်း ရင်ဘတ်ကို တိုက်ခိုက်လိုက်သည့်အခိုက်အတန့်၌...

ဂျန်ဖန်းလွင့်ပျံသွားပြီး ဝမ်းနည်းစရာအခြေအနေနှင့် အဆုံးသတ်မည်ဟု သူလည်းထင်ထားခဲ့၏။

သို့ပေမယ့် လက်တွေ့မှာတော့....

လက်ဝါးချက်က လူတစ်ယောက်အပေါ် ကျရောက်သွားပုံနှင့်မတူပေ။

ကြေးရုပ်ထုကြီးတစ်ခုပေါ်ကျရောက်သွားသလိုပင်။

ပြန်ကန်အား သူ့လက်ဝါးကို ခြေမွလုနီးပါးပင်။

ဒေါသထွက်နေသည့်လျိုဝူချန်းကြာင်သွားပြီး အံ့အားသင့်စွာ ပြောလိုက်သည်။

"ဂျန်ဖန်း, မင်းရုပ်ခန္ဓာတိုးတက်သွားပြီလား...."

ဝမ်ဟုန်ဟောင်၊ လီချင်ဖုန်းနှင့် ကျောက်ဝူဂျီတို့လည်း သူ့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေခဲ့ကြသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။

လူတစ်ယောက်၏ရုပ်ခန္ဓာကိုတိုးမြှင့်ဖို့ ကောင်းကင်နှင့်မြေကြီးရတနာတွေလိုအပ်၏။

ဂျန်ဖန်း တစ်ယောက်တည်းအပြင်ထွက်သွားရာ ဘယ်နေရာက ဤကဲ့သို့ အဖိုးတန်အရင်းအမြစ်ရှာတွေ့လာသနည်း။

ဂျန်ဖန်း ၂ သိန်းတန် သလင်းကျောက်တုံကင်နှစ်ခုကိုင်ထားတာကိုတွေးပြီး....

လေးယောက်သား ရုတ်တရက် နားလည်သွားကြသည်။

ဂျန်ဖန်းလည်း အခွင့်ရေးတစ်ခုကြုံတွေ့ခဲ့၏။

ဤအတွေးဖြင့် သူတို့မျက်လုံးတွေ အကြီးအကျယ်တောက်ပသွားခဲ့သည်။

ဂျန်ဖန်း စိန်ခေါ်မှုကို လက်ခံရဲပြီး ယုံကြည်မှုရှိနေတာ မဆန်းတော့ပေ။

လေးယောက်သား ဂျန်ဖန်း အနိုင်ရဖို့ မျှော်လင့်လာကြ၏။

ဖုန်ဂုချန်းမျက်နှာ တွန့်လိမ်သွားပြီး မပျော်ရွင်စွာဖြင့် နှာမှုတ်လိုက်သည်။

"သူ ဒီလောက်မောက်မာနေတာ မအံ့သြတော့ပါဘူး။ သူ့ရုပ်ခန္ဓာက အတော်လေးတိုးတက်လာတာကိုး..."

"ဒါပေမယ့် ချောင်ကျန့် အစောပိုင်းက ငါတို့တိမ်စိမ်းဂိုဏ်းအတွက် စဥ်းစားပေးလို့ ခွန်အားကုန်ထုတ်မသုံးခဲ့ဖူး...."

"သူသာအစွမ်းကုန်ထုတ်သုံးရင်, မင်းခုချိန် မှောက်နေလောက်ပြီ..."

ဂျန်ဖန်း သူ့ကို တစ်ချက်ကြည့်လိုက်သည်။

သူ့ရင်ဘတ်ကဖုန်တွေကိုခါပြီး တည်ငြိမ်စွာပြောလိုက်သည်။

"ချောင့်ကျန့်, ဒုတိယအကြိမ်မှာ ခွန်အားကုန်ထုတ်သုံးပါ....."

"ဒါက မင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ..."

သူလှုပ်ရှားလျှင် ချောင်ကျန့် ဘယ်နည်းနှင့်မှ ခုခံနိုင်မည်မဟုတ်ပေ။

"မောက်မာလိုက်တာ..."

ယန်ချင်းဟွာ စားပွဲကို လက်ဖြင့်ရိုက်လိုက်သည်။

သူ့မျက်လုံးထဲ၌ သိသာသည့်ထိတ်လန့်မှုအချို့ရှိနေပြီး ချောင်ကျန့်ကိုအော်ပြောလိုက်သည်။

"ထိန်ချန်မထားနဲ့..."

"မင်းရဲ့အားအကောင်းဆုံးတိုက်ကွက်နဲ့ အနိုင်ယူလိုက်..."

သူ့ယခင်အစီအစဥ်က အနည်းငယ်ထိန်ချန်ထားပြီး တိမ်စိမ်းဂိုဏ်းအား အရမ်းကြီး အရုပ်ဆိုးမသွားစေဖို့ပင်။

ယခု ထိုအရာကနောက်ထပ်အရေးမပါတော့ပေ။

နဂါးနွယ်စိတ်ဝိညာဥ်အရည်သေတ္တာကို မဆုံးရှုံးရရင် တော်လှပြီဖြစ်သည်။

သူ့၏အလိုလိုသိစိတ်အရ ဤဂျန်ဖန်း၏ ရုပ်ခန္ဓာက အဆင့် ၈ ကို နည်းနည်းလေးကျော်နေတာမဟုတ်ပေ။

အစောပိုင်းချောင်ကျန့်တိုက်ခိုက်မှုက အားကုန်သုံးမထားသော်လည်း ၆၀၊ ၇၀ ရာခိုင်နှုန်းလောက်ရှိနေဆဲဖြစ်သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၁ တောင် ဤကဲ့သိုတိုက်ခိုက်မှုမျိုးနှင့် အသေးစားထိခိုက်မှုဖြစ်မည်ပင်။

သို့ပေမယ့် ဂျန်ဖန်းက မည်သည့်ဒဏ်ရာရသည့်လက္ခဏာမှမပြပေ။

သူက သံလူသားတစ်ယောက်လိုဖြစ်နေပြီး လုံးဝမမှုပေ။

ဤအရာက နဂိုယုံကြည်မှုရှိနေသည့်သူ့အား အတော်လေး မလွယ်ကူသလိုခံစားရစေ၏။

ချောင်ကျန့် အနည်းငယ် ကသိကအောက်ဖြစ်သွား၏။

မျှော်လင့်ထားသည့် ဂျန်ဖန်း သူ့ခြေထောက်အောက်မှာဒူးထောက်ပြီးတောင်ပန်နေသည့်မြင်ကွင်းက ဖြစ်မလာပေ။

ထိုအစား, သူက အားကုန်ထုတ်သုံးဖို့ တွန်းအားပေးခံခဲ့ရ၏။

ဤအရာ အစောပိုင်း သူ့ခန့်မှန်းချက်နှင့် လုံးဝသွေဖယ်နေခဲ့သည်။

"ကောင်းတယ်, ငါကိုအစွမ်းကုန်ထုတ်သုံးအောင် တွန်းအားပေးနိုင်တယ်။ မင်းရှုံးရင်တောင် ဂုဏ်ယူနိုင်ပြီ..."

ချောင်ကျန့် လည်ပင်းရှိသွေးကြောတွေ ဖောင်းပွလာပြီး တွန့်လိမ်လှုပ်ရှားသွား၏။

ကိုယ်တွင်းရှိစိတ်ဝိညာဥ်စွမ်းအားတွေလည်း ရေကြီးသလိုလိမ့်တက်လာပြီး သူ့လက်သီးတွေမှာ စုဝေးလာခဲ့သည်။

ထို့နောက် ခြေလှမ်းပြင်းပြင်းဖြင့် ရှေ့ကို ပြေးဝင်လာခဲ့သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ၉ နှင့် မြေကမ္ဘာအဆင့်နည်းစနစ်ကို တွဲသုံးထားတာဖြစ်သည်။

ဤအခိုက်အတန့်၌ သူ့ခွန်အား အလုံးစုံကို ထုတ်သုံးထားပြီဖြစ်သည်။

မြေကမ္ဘာအဆင့်လက်သီးချက်က ပြင်းထန်စွာထိုးချလာပြီး လေထုကို မီးပွားတွေပွင့်ထွက်သွားစေခဲ့သည်။

ဥက္ကာခဲနှစ်ခုကဲ့သို့ ဂျန်ဖန်းဆီ ပြင်းထန်စွာထိုးချလာခဲ့သည်။

"ဥက္ကာခဲလက်သီး..."

"သေစမ်း..."

ဤကဲ့သို့အစွမ်းထက်လက်သီးနည်းစနစ်က လျိုဝူချန်းမျက်ခွံတွေကို အထိန်းကွပ်မဲ့တုန်ယင်သွားစေပြီး တီးတိုးရေရွတ်လိုက်သည်။

"ရှောင်လိုက်..."

"ဒီတိုက်ကွက်က တိုက်ရိုက်ခံယူလို့မရဘူး...."

ဝမ်ဟုန်ယောင်နှင့် လီချင်ဖုန်းလည်း ကြီးစွာသောသံသယတွေနှင့် ကြည့်နေခဲ့သည်။

ဤတိုက်ချက်, သေချာပေါက် အခြေခံတည်ဆောက်ခြင်းအဆင့် ၉ တွေထဲမှာ အသန်မာဆုံးဖြစ်သည်။

ကျောက်ဝူဂျိတောင် မနေနိုင်ပဲစိုးရိမ်သွားပြီး ပြောလိုက်သည်။

"ဂျန်ဖန်း သူ့အကန့်အသတ်သူသိပါတယ်။ သေချာပေါက် ရပ်ပြီး ခုခံမှာမဟုတ်ပါဘူး..."

သို့ပေမယ့်...

လေးယောက်သားကို အံ့အားသင့်စွာပဲ....

ဂျန်ဖန်း လက်နောက်ပစ်ရပ်နေဆဲဖြစ်ပြီး မားမားမတ်မတ်ရပ်နေခဲ့သည်။

သူက မည်သည့်စိတ်ဝိညာဥ်စွမ်းအင်မှ ထုတ်လွတ်မထားပေ။

ဤကြောက်စရာတိုက်ခိုက်မှုကို ခုခံဖို့ အသွေးနှင့်အသားကိုသာ သုံးထားခဲ့သည်။

ဖုန်ဂုချန်းနှင့် ယန်ချင်းဟွာ တိတ်တဆိတ် အားရသွားကြ၏။

ဟုတ်တယ်...

မရှောင်နဲ့....

ဒီအတိုင်းဆို တစ်ကွက်တည်းနဲ့ ပြိုင်ပွဲကို ဆုံးဖြတ်နိုင်ပြီ...

ဘန်း!

အချိန်ကြာတယ်ထင်ရပေမယ့် လက်တွေ့မှာတော့ ချောင်ကျန့် ဂျန်ဖန်းကို တိုက်ခိုက်လိုက်ချိန်ထိ မျက်စိတ်တစ်မှိတ်အတွင်းသာဖြစ်သည်။

လက်သီးနှစ်လုံး ဂျန်ဖန်းရင်ဘတ်ကို ထိမှန်သွားခဲ့သည်။

သို့ပေမယ့်...

လူတိုင်းကို အံ့အားသင့်စွာပဲ...

သွေးအန်ပြီးလွင့်ထွက်သွားတာ ဂျန်ဖန်း ဟုတ်မနေခဲ့ပေ။

ချောင်ကျန့်သာ ပြင်းထန်သည့်တွန်းကန်အားဖြင့် နောက်ကို ပြန်လွင့်သွားခဲ့သည်။

"အား..."

ချောင်ကျန့် ကျယ်လောင်စွာအောင်ဟစ်လိုက်ပြီး နောက်ကို လွင့်ပျံသွားကာ မြေပြင်ပေါ် အပြင်းအထန်ပြုတ်ကျသွားခဲ့သည်။

သူ့လက်ဆယ်ချောင်း၌ သွေးတွေးယိုစီးကျနေပြီး အဖြူရောင်အရိုးတွေ ရှင်းရှင်းလင်းလင်း မြင်နေရ၏။

လက်မောင်းလည်း ကြောက်စရာကောင်းလောက်အောင် တွန့်လိမ်နေခဲ့သည်။

လက်နှစ်ဖက်လုံးပျက်စီးသွားပြီပင်။

တစ်ဖက်မှာတော့ ဂျန်ဖန်း တည်တည်ငြိမ်ငြိမ်ပဲဖြစ်သည်။

သူက အနည်းငယ်ခေါင်းခါယမ်းပြီး ပြောလိုက်သည်။

"ကြည့်ရတာ, ငါလှုပ်ရှားစရာမလိုတော့ဘူးပဲ...."

All Chapters