လှည့်ဖြားတယ်?
Vol. 26 Ch. 355
ဂိုဏ်းချုပ်ခန်းမ ထိန့်လန့်ဖွယ် တိတ်ဆိတ်နေ၏။
သို့ပေမယ့် လူတိုင်းစိတ်ထဲမှာတော့ တုန်လှုပ်မှုလှိုင်းတွေ ရိုက်ခတ်နေခဲ့သည်။
လျိုဝူချန်းအမူအရာ အေးခဲသွား၏။
သူ၌ အရင်က ဂျန်ဖန်း နိုင်မည်ဟု မျှော်လင့်ချက်ရေးရေးလေးသာရှိသည်။
ဥပမာ, ဂျန်ဖန်း၏ရုပ်ခန္ဓာက ချောင်ကျန့်ကျင့်ကြံရေးနည်းစနစ်တွေကို အပြည့်အဝခုခံနိုင်မည် စဖြင့်ပင်။
မဟုတ်လျှင် ချောင်ကျန့်ကံမကောင်းပြီး အမှားလုပ်ကာ ဂျန်ဖန်းကို အခွင့်ကောင်းရသွားစေမည်ဟူ၍ပင်။
သူက အတွေးပေါင်း ၁ ထောင်၊ ၁ သောင်း တွေးကြည့်ခဲ့၏။
သို့ပေမယ့် တစ်ခုမှ ဂျန်ဖန်းငြိမ်ငြိမ်ရပ်နေပြီး တွန်းကန်အားဖြင့် ပြိုင်ဘက်လက်တွေကို ချိုးပစ်မည်ဟု မပါပေ။
ဤရလဒ်က ခွန်အားကွာခြားလွန်းမှသာ ဖြစ်နိုင်သည့်အရာဖြစ်သည်။
သူက ဂျန်ဖန်းကို မရင်းနှီးသည့်အမူအရာဖြင့် ကြည့်လိုက်သည်။
တပည့်အဆင့်သတ်မှတ်ပွဲ၌ ဂျန်ဖန်း သူ့အား အမြင်သစ်တစ်ခုဖြင့် မြင်လာစေ၏။
ယခု, သူ့ရှေ့ရှိဂျန်ဖန်းက သူ့တပည့်ဟုတ်သေးရဲ့လားဆိုတာ သံသယရှိလာခဲ့သည်။
ဝမ်ဟုန်ယောင်လည်း အံ့အားသင့်နေပြီး ရေရွတ်လိုက်သည်။
"ဒီကောင်လေး ဘာလို့ ဒီလောက်မောက်မာနေရလဲသိချင်နေတာ..."
"လက်စသတ်တော့ အကြွင်းမဲ့ခွန်အားရှိနေတာကိုး...."
လီချင်ဖုန်းခံစားချက်တွေ ရှုပ်ထွေးနေပြီး ပြောစရာကင်းမဲ့နေခဲ့သည်။
သူက မနေနိုင်ပဲ သူ့ပေါင်ကို ရိုက်ကာ ထပ်ခါထပ်ခါ သက်ပြင်းချလိုက်သည်။
"တော်တော်နောင်တရတယ်ကွာ..."
မည်သူထင်ထားမည်နည်း။
အထီးကျန်လှေမြို့မှ သူကိုယ်တိုင်ခေါ်လာခဲ့သည့် စိတ်ဝိညာဥ်အမြစ်မရှိသည့်ကောင်လေးက သူ့နည်းသူ့ဟန်ဖြင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာခဲ့သည်။
မြေပြင်၌ ချောင်ကျန့် ပြင်းထန်သည့်နာကျင်မှုကို တောင့်ခံနေရ၏။
သူ ဂျန်ဖန်းကို နောက်တစ်ကြိမ် ကြည့်လိုက်ရာ အရင်က ယုံကြည်မှုတွေ မရှိတော့ပေ။
သူက အော်ပြောလိုက်၏။
"မင်း... ကာကွယ်ရေးချပ်ဝတ်ဝတ်ထားတာလား...."
သူ မယုံပေ။
သူက ဂျန်ဖန်းပြိုင်ဘက်မဟုတ်တာ မယုံပေ။
သူ၏အားကုန်တိုက်ခိုက်မှုက ရပ်နေသည့်ရန်သူကိုတိုက်ခိုက်တာတောင် တွန်ကန်အားကြောင့် အပြင်းအထန်ဒဏ်ရာရသွားခဲ့သည်။
ဤအရာက ဂျန်ဖန်းနှင့်တိုက်ခိုက်ပြီးရှုံးတာထက် ပိုစော်ကားခံရ၏။
သူ ဘယ်လိုလုပ် ဤရလာဒ်ကို လက်ခံနိုင်မည်နည်း။
ဂျန်ဖန်း နားလည်သွား၏။
"မင်းမပြောရင်, ငါတကယ်ကို မေ့တော့မလို့...."
"တကယ်ပဲ ငါ ထိပ်တန်းအဆင့်ချပ်ဝတ်ဝတ်ထားတယ်။ အဲ့ဒါက အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်တယ်...."
ဤစကားတွေထွက်ပေါ်လာသည်နှင့်...
လျိုဝူချန်း သက်သာယာရသည့်အမူအရာပြသလာ၏။
"မအံ့သြတော့ပါဘူး..."
တစ်လက်ထက်နည်းသည့်အချိန်လေးနှင့် ဂျန်ဖန်းက သူမမှတ်မိနိုင်လောက်တဲ့ထိ ပြောင်းလဲသွားခဲ့တာ အံ့သြစရာမဟုတ်တော့ပေ။
လက်စသတ်တော့ သူက ချပ်ဝတ်တစ်ခုဝတ်ဆင်ထားပြီး ထိုအရာက ချောင်ကျန့်ကို အတွင်းဒဏ်ရာရသွားစေတာဖြစ်သည်။
ဝမ်ဟုန်ယောင်၊ လီချင်ဖုန်း နှင့် ကျောက်ဝူဂျိ အကြည့်ချင်းဖလှယ်လိုက်ပြီး ခံစားချက်တွေရောထွေးနေ၏။
သူတို့က ဂျန်ဖန်းရုပ်ခန္ဓာအကြီးအကျယ်တိုးတက်သွားသည်ဟုထင်ခဲ့ပေမယ့် အမှန်တကယ်တော့ ချပ်ဝတ်ကြောင့်ဖြစ်နေခဲ့သည်။
တစ်ချိန်လုံး မျက်နှာမဲမှောင်နေသည့် ယန်ချင်ဟွာ သက်ပြင်းရှည်ကြီးချလိုက်သည်။
"တစ်ခုခုမှားနေမှန်း ငါသိတယ်..."
"ဘယ်လိုလုပ် စစ်မှန်မိုးကြိုးဂိုဏ်းရဲ့ ပါရမီရှင်က ဒီလိုပုံစံနဲ့ ရှုံးနိုင်မှာလဲ...."
သူက လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး အများကြီးပိုစိတ်အေးလာ၏။
ထို့နောက် ပြောလိုက်သည်။
"ဂျန်ဖန်း, ကာကွယ်ရေးရတနာသုံးပြီး တစ်ဖက်လူကို ဒဏ်ရာရစေတာ အတော်ကို သိက္ခာမရှိတဲ့လုပ်ရပ်ပဲ...."
"ဒီအပေါ်မှာအခြေခံပြီး သုံးသပ်မယ်ဆိုရင် ဘယ်သူမှလက်ခံမယ်မထင်ဘူး...."
"ဒီတော့ ဒီနေ့ရလာဘ်ကို သရေလို့ သဘောထားလိုက်ရအောင်...."
ပြောပြီးနောက်, သူက လျိုဝူချန်းနှင့် အခြားလူတွေကို တစ်ယောက်ပြီးတစ်ယောက်ကြည့်လိုက်သည်။
လျိုဝူချန်းအကြည့်ရွေ့သွားပြီး ပြောလိုက်သည်။
"ဒီကာကွယ်ချပ်ဝတ်က ငါ့တပည့်ဘယ်ကရလာလဲ ငါတို့မသိဘူး...."
"ပြီးတော့ အနိုင်ရချင်လို့ တပည့်ကို ဝတ်ခိုင်းခဲ့တာလဲမဟုတ်ဘူး...."
နားလည်မှုမလွဲအောင် သူက ရှင်းပြရမည်ပင်။
ထို့နောက် ဂျန်ဖန်းကို ကြည့်ပြီး ပြောလိုက်သည်။
"ဒါပေါ့, ဂျန်ဖန်းလည်း ရည်ရွယ်ချက်ရှိရှိဝတ်ခဲ့တာ မဟုတ်ဘူးလို့ ငါယုံတယ်...."
"မေ့သွားတာပဲနေမှာ..."
"ချောင်ကျန့်လက်တွေ ဒဏ်ရာရသွားတာတော့ စိတ်မကောင်းစရာပဲ။ မဟုတ်ရင် ငါ ဂျန်ဖန်းကို ချပ်ဝတ်ချွတ်ခိုင်းပြီး မျှမျှတတတိုက်ခိုက်ခိုင်းတယ်...."
"အခုတော့, ရပ်ထားရုံပဲတတ်နိုင်ပြီး ပြိုင်ပွဲကို နောက်နေ့မှဆက်ပြိုင်တာပေါ့...."
ဝမ်ဟုန်ယောင်နှင့် အခြားလူတွေ ယန်ချင်ဟွာအကြည့်အောက်၌ စိတ်ရှုပ်သည့်အမူအရာပြသလာ၏။
ဂျန်ဖန်း ချပ်ဝတ်ဝတ်ထားခြင်းက သူတို့ကို အတော်လေးအပြစ်ရှိသလိုခံစားရစေ၏။
ထိုအရာက ရှက်စရာကောင်းလွန်၍ ဂျန်ဖန်း အနိုင်ရတယ်လို့ မပြောနိုင်ပေ။
သရေက မမျှော်လင့်ထားသည့်ရလဒ်ဖြစ်နေပြီဖြစ်သည်။
အရင်က ဂျန်ဖန်း အပြတ်အသတ်ရှုံးပြီး တိမ်စိမ်းဂိုဏ်း အရှက်ကွဲမည်ဟု မျှော်လင့်ထား၏။
ယခု သရေကျတာကကို မျက်နှာဆယ်ရာရောက်နေပြီဖြစ်သည်။
ဖုန်ဂုချန်း နှာမှုတ်လိုက်ပြီး လက်မခံပေ။
"ဂိုဏ်းသခင်တောင်ထိပ်က အဆင့်မြင့်တပည့်က တကယ် အံံ့သြစရာပဲ...."
"သာမန်ပြိုင်ပွဲမှာတောင် လှည့်ဖျားနေတယ်...."
ကံမကောင်းစွာဖြင့် ချောင်ကျန့်လက်ပျက်စီးသွား၍ မတိုက်ခိုက်နိုင်တော့သဖြင့် သူ့ကန့်ကွက်မှုက အချည်းနှီးပင်။
သူက ယန်ချင်ဟွာကို ဦးညွှန်ပြီး ပြောရုံသာတတ်နိုင်၏။
"အကြီးအကဲယန်, ဒီအရှက်ရမှုကို ခွင့်လွတ်ပေးပါ..."
"ဒါက တိမ်စိမ်းဂိုဏ်း ဂိုဏ်းသခင်တောင်ထိပ်ရဲ့ အပြုအမူပါ။ မင်း နားလည်မယ်လို့ မျှော်လင့်ပါတယ်..."
သူက လျိုဝူချန်း အရှက်ကွဲပြီး ဂုဏ်သိက္ခာကျဆင်းတာ မြင်ချင်ခဲ့တာဖြစ်သည်။
သို့ပေမယ့် အခုတော့, ထေ့လုံးငေါ့လုံးဖြင့်သာ သူ့ဒေါသကို ပုံချနိုင်ခဲ့သည်။
ယန်ချင်ဟွာ အမူအရာကင်းမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"တကယ်ပဲ, ငါဒီနေ့ ကိစ္စတော်တော်များများ မြင်တွေ့လိုက်ရတာပဲ...."
"အရင်က အရှုံးလက်မခံနိုင်တဲ့လူတော်တော်များများ မြင်ဖူးတယ်...."
"ဒါပေမယ့် ဒီလောက်ထိတော့ တစ်ခါမှမမြင်ဖူးဘူး။ ဒါပထမဆုံးပဲ..."
"အခြေခံတည်ဆောက်ခြင်းအဆင့်ပြိုင်ပွဲမှာ အမြုတေအဆင့် ၅ ချပ်ဝတ် သုံးတယ််တဲ့။ တကယ်လည်း အမြင်ကျယ်ပါတယ်...."
သူတို့နှစ်ယောက်ပြောဆိုမှုက လျိုဝူချန်းနှင့် အကြီးအကဲအနည်းငယ်အား အရှက်ရမှုကြောင့် မျက်နှာတွေ ပူလောင်သွားစေ၏။
သို့ပေမယ့် ရှင်းပြစရာလည်းမရှိပေ။
ချောင်ကျန့် မနေနိုင်ပဲ ဒေါသတကြီးရယ်လိုက်သည်။
"ဒါကြောင့်ကိုး...."
"မင်းရုပ်ခန္ဓာဘာလို့ ဒီလောက်သန်မာနေရလဲပေါ့။ လက်စသတ်တော့ တစ်ချိန်လုံးလိမ်နေခဲ့တာပဲ...."
ယုံကြည်မှုပြိုကွဲတော့မည့် သူ့မျက်နှာ၌ အထင်မြင်သေးမှုတွေ ထုတ်ပြလာခဲ့သည်။
"အရှုံးက ကြောက်စရာမဟုတ်ပါဘူး။ ဒါပေမယ့် အရှုံးကိုလက်မခံနိုင်တာကတော့ ရှက်စရာကောင်းတယ်..."
"မင်း ရှုံးမှာကြောက်ရင် အစောကြီးကတည်းက ငြင်းသင့်တယ်။ အဲ့လိုဆို ငါမင်းကို အနည်းဆုံး လေးစားအုန်းမယ်..."
"ဒါပေမယ့် လှည့်ဖျားပြီးအနိုင်ယူတာတော့ မင်းဘိုးဘေး ၁၈ ဆက်လောက်ကို အရှက်ရစေတာပဲ...."
သူ ဂျန်ဖန်းထက်အမှန်တကယ်နိမ့်ကျတယ်လို့ တစ်ခဏတွေးလိုက်ဖူး၏။
သို့ပေမယ့် အမှန်တရားကိုသိလိုက်သည့်အခါ ပြောစရာစကားမရှိလောက်အောင် သက်သာယာရသွားပြီး လက်သီးတွေမှ နာကျင်မှုတောင် ပျောက်ကင်းသွားသလိုပင်။
လှည့်ဖျားတယ်?....
ဂျန်ဖန်း မျက်ခွံတွေ အနည်းငယ်မြင့်တက်သွားပြီး ကာကွယ်ရေးချပ်ဝတ်ကို သာမန်အတိုင်းချွတ်ကာ မြေပြင်ပေါ် ပစ်ချလိုက်သည်။
ထို့နောက် တည်ငြိမ်သည့်အကြည့်ဖြင့် ပြောလိုက်သည်။
"လှည့်ဖျားတယ်? ငါအထင်တော့ မင်းနားလည်မှုလွဲနေပြီထင်တယ်...."
သူ့ညာခြေထောက်ကို အနည်းငယ်အားစိုက်လိုက်ရာ အောက်ရှိ ကျောက်ကြမ်းပြင် ခရက်ဆိုသည့်အသံတစ်ခုနှင့် အပိုင်းပိုင်းဖြစ်သွား၏။
ထို့နောက် ခြေဖျားထိပ်ကိုလှုပ်ရှားပြီး ကျောက်တုံးအပိုင်းအစသေးသေးလေးတစ်ခုကို ချောင်ကျန့်ဆီသို့ မြင့်မားသည့်အရှိန်ဖြင့် ကန်လွတ်လိုက်၏။
ယန်ချင်ဟွာမျက်နှာ အနည်းငယ်ပြောင်းလဲသွားသည်။
"ချောင်ကျန့်, ဂရုစိုက်...."
ချောင်ကျန့် အထင်မြင်သေးစွာနှာမှုတ်ပြီး ပြောလိုက်သည်။
"အလိမ်အညာတွေပါ၊ လက်ကျိုးနေရင်တောင် ကျွန်တော်သူ့ကို အလွယ်တကူကိုင်တွယ်နိုင်တယ်...."
သူက လာနေသည့်ကျောက်တုံးကို အထင်မြင်သေးစွာကြည့်နေပြီး ခြေထောက်ဖြင့် ဖြတ်ကန်လိုက်သည်။
သူထင်ထားတာ အလွန်မြန်ပုံထင်ရသည့်ကျောက်တုံး သူ့ခြေထောက်ကြောင့် အမှုန့်ဖြစ်မည်ဟူ၍ပင်။
သို့ပေမယ့် အံ့အားသင့်စွာပဲ...
ထိတွေ့လိုက်သည့်အခါ စိတ်မကူးနိုင်သည့်အားတစ်ခု ကျောက်တုံးမှ ပေါက်ကွဲထွက်လာခဲ့သည်။
ရွပ်!
သူ့ခြေထောက် ချက်ချင်းပဲ ထုတ်ချင်းပေါက်သွားခဲ့သည်။
သွေးစွန်းနေသည့်ကျောက်တုံး ခြေထောက်မှဖောက်ထွက်ပြီး ယောက်ျားသုံးယောက်စာလောက်ထူသည့် ကျောက်တိုင်ကြီးတစ်ခုကို ထိမှန်သွားခဲ့သည်။
ဒုန်း!
ကျောက်တိုင်ကြီး တုန်ယင်သွားပြီး ဖုန်မှုန့်တွေ အောက်ပြုတ်ကျလာ၏။
ထို့နောက် နက်ရှိုင်းပြီး အောက်ခြေမရှိသည့်အပေါက်တစ်ခုမှ အဖြူရောင်မီးခိုးတွေ ထွက်ပေါ်လာပြီး လူတိုင်းမျက်စိရှေ့မှာ ထွက်ပေါ်လာခဲ့သည်။
ချောင်ကျန့်တစ်ခဏကြောင်သွားပြီး ခြေထောက်မှနာကျင်မှုက ဒီရေလှိုင်းတစ်ခုကဲ့သို့ လိမ့်တက်လာခဲ့သည်။
သူက နာကျင်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"အား..., ငါ့ခြေထောက်...."
သူက နာကျင်စွာအော်ဟစ်နေကာ မျှခြေပျက်ပြီး မြေပြင်ပေါ်လဲကျသွားခဲ့သည်။
လက်ကောက်ဝတ်လောက်ထူသည့် သွေးရောင်အပေါက်ကိုကြည့်ပြီး ပိုလို့တောင် နာကျင်လာခဲ့သည်။
လူတိုင်းကြည့်လိုက်ကြပြီး မျက်ခွံ့တွေ ကျုံ့သွားကြ၏။
ကျောက်တုံးအပိုင်းအစလေးတစ်ခုက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ သိုင်းပညာရှင်၏ခြေထောက်ကို ထုတ်ချင်းပေါက်သွားစေသည်လား...
ထို... ထိုအရာ ဘယ်လိုရုပ်ခန္ဓာကြီးနည်း။
လူတိုင်း ဂျန်ဖန်းကိုကြည့်သည့် အမူအရာတွေ ပြောင်းလဲသွားခဲ့သည်။
သူတို့ထင်ခဲ့တာ ဂျန်ဖန်း ချောင်ကျန့်ကို ရိုက်နိုင်ခဲ့တာ ချပ်ဝတ်ကြောင့်ဟူ၍ပင်။
အခုမှသာ နားလည်သွားခဲ့သည်။
ထိုအရာက ဂျန်ဖန်းရုပ်ခန္ဓာသန်မာလွန်း၍ စစ်မှန်မိုးကြိုးဂိုဏ်းကို မျက်နှာသာအချို့ပေးလိုက်တာဖြစ်သည်။
ဖုန်းဂုချန်း၏အိုမင်းသည့်မျက်လုံးတွေကျဥ်မြောင်းသွား၏။
သူက ပါးစပ်ဟလာပေမယ့် တစ်လုံးမှထွက်မလာခဲ့ပေ။
ယန်ချင်ဟွာ မိန်မောစွာပဲ ရပ်နေခဲ့သည်။
ဤလောက်ထိကြောက်စရာကောင်းတာ ဘယ်လိုရုပ်ခန္ဓာမျိုးနည်း။
ဂျန်ဖန်း ကာကွယ်ရေးချပ်ဝတ်ကိုကောက်၍ဖုန်ခါလိုက်ပြီး အနည်းငယ် သက်ပြင်းချလိုက်သည်။
"ငါလှုပ်ရှားအောင် မင်း ဘာလို့တွန်းအားပေးခဲ့လဲ..."