← Chapters

စိတ်ဝိညာဥ်အရည်ခွဲဝေခြင်း

Vol. 26 Ch. 356

စိတ်ဝိညာဥ်အရည်ခွဲဝေခြင်း

Vol. 26 Ch. 356

မူလ၌ ချောင်ကျန့် ဤအပြစ်ပေးမှုကို ရှောင်ရှားနိုင်၏။

လက်တွေကျိုးသွားပြီးနောက် ပြန်ဆုတ်လို့ရတာပဲဖြစ်သည်။

သို့ပေမယ့် သူက ရှုံးနိမ့်ကြောင်းဝန်ခံဖို့ ငြင်းဆန်ခဲ့ပြီး ဂျန်ဖန်း လှည့်ဖျားတယ်လို့ အတင်းအကျပ်ပြောဆိုနေခဲ့သည်။

လျိုဝူချန်း အသက်ပြင်းပြင်းရှူလိုက်သည်။

သူ့ရှေ့ရှိဂျန်ဖန်က နောက်တစ်ကြိမ်ပိုသန်မာလာပြီး တစ်ခဏ ကြောင်အစွာ စိုက်ကြည့်နေစေ၏။

ယန်ချင်းဟွာ ချောင်ကျန့်ဒဏ်ရာစစ်ဆေးဖို့ ပြေးထွက်သွားမှသာ အသိပြန်ဝင်လာခဲ့သည်။

ထိုအခါ သူ့မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုတွေ ပြန်ပေါ်လာပြီး ကျယ်လောင်စွာရယ်လိုက်သည်။

"အကြီးအကဲယန်, မင်း ငါ့တပည့်ကို လှည့်ဖျားတယ်လို့သံသရရှိတာ ကျေးဇူးတင်ရမယ်...."

"မဟုတ်ရင်, ငါတို့ဂိုဏ်းက ငါ့တပည့်ရုပ်ခန္ဓာဘယ်လောက်သန်မာလဲ ဘယ်တော့မှ သိရမှာမဟုတ်ဘူး..."

အစောပိုင်း၌ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် လှည့်ဖျားတယ်ဟုစွပ်စွဲခံရတာ အတော်ရှက်စရာကောင်း၏။

ယခု ဂျန်ဖန်းက ယန်ချင်ဟွာကို ကောင်းကောင်းလေး မျက်နှာဖြတ်ရိုက်လိုက်ပြီပင်။

ဤအရာက သူ့ဒေါသကို တကယ်ပြေပျောက်စေ၏။

ဝမ်ဟုန်ယောင်မျက်နှာ၌ ကျေနပ်မှုတွေအပြည့်ဖြင့် ထေ့ငေါ့စွာ ပြောလိုက်သည်။

"အကြီးအကဲယန်, ဒီနေ့ နင် အမြင်ကျယ်သွားပြီလား..."

"နင့်မျက်စိထဲမှာ မနိုင်နိုင်ဘူးလို့ထင်နေတဲ့ ပြင်ပဂိုဏ်းတပည့်က လက်စသတ်တော့ နင့်တပည့် ဆိုးဆိုးဝါးဝါးရှုံးမှာစိုးလို့ အလျော့ပေးနေတာလေ...."

"ကံမကောင်းချင်တော့, နင်က တန်ဖိုးမထားတတ်ခဲ့ဘူး... ဟ..ဟ..ဟ..."

လီချင်ဖုန်းနှင့် ကျောက်ဝူဂျိ နှစ်ယောက်သား ပြုံးလိုက်ပြီး တိတ်တဆိတ် ရယ်နေလိုက်ကြသည်။

သူတို့က စိတ်ထဲမှာ အတော်လေး ကျေနပ်နေကြ၏။

မင်း အစောပိုင်းတုန်းက အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ ချပ်ဝတ်အကြောင်း တဖွဖွပြောနေတာမလား?

အခုကော ဘယ်လိုလဲ?...

ချောင်ကျန့်လက်ကျိုးသွားရုံသာမက ခြေထောက်ပါပေါက်ထွက်သွားခဲ့သည်။

ထို့ပြင် ရစရာမျက်နှာလည်းမရှိတော့ပေ။

ယန်ချင်ဟွာမျက်နှာ အတော်လေး အရုပ်ဆိုးသွား၏။

အစောပိုင်းကတင် သူက တိမ်စိမ်းဂိုဏ်းကို လှောင်ပြောင်နေခဲ့တာဖြစ်ပြီး ယခု တိမ်စိိမ်းဂိုဏ်းက သူ့ကို ပြန်ပြီး လှောင်ပြောင်နေခဲ့သည်။

ချက်ချင်းကို ဝဋ်လည်တာပင်။

သူက ဂျန်ဖန်းကို ဒေါသတကြီးစိုက်ကြည့်ပြီး ပြောလိုက်သည်။

"ဒီလောက်ရက်စက်ဖို့ မလိုဘူးမလား...."

ဂျန်ဖန်း လက်နှောက်ပစ်ရပ်နေပြီး ထူးမခြားနားစွာပြောလိုက်သည်။

"ငါ နှစ်ကွက်အကြောပေးတုန်းက လှည့်စားနေတာလို့ မင်းစွပ်စွဲခဲ့တယ်...."

"တိမ်စိမ်းဂိုဏ်းနဲ့ ငါ့ဘိုးဘေး ၁၈ ဆက် ဂုဏ်သိက္ခာကိုတောင် ဆွဲချသွားတယ်လေ...."

"ငါလှုပ်ရှားတဲ့အခါကြပြန်တော့လည်း ရက်စက်လွန်းတယ်ပြောပြန်ပြီ...."

"မင်း ဘာဖြစ်ချင်နေတာလဲ..."

ယန်ချင်ဟွာ ဒေါသထွက်သွား၏။

"မင်း ဒီအကြီးအကဲကို ဘယ်လိုတောင်ပြောရဲတာလဲ..."

အဆုံးမှာတော့ သူက အကြီးအကဲတစ်ယောက်ဖြစ်၏။

ဂျန်ဖန်းလိုဂျူနီယာတစ်ယောက်က သူနှင့်ငြင်းခုန်ဖို့ အဆင့်မှီသည်လား?...

သို့ပေမယ့် ဂျန်ဖန်း ကြောက်မသွားပဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"အကြီးအကဲယန်, မင်းမေ့သွားပြီလား။ ဒီနေရာမှာ ရန်စဖို့ မင်းတပည့်ကို ခေါ်လာတာ ဘယ်သူလဲ...."

"ပြီးတော့ မင်းမေ့နေပုံရတယ်။ အစက ငါ ချောင်ကျန့်ကို မတိုက်ခိုက်ချင်ခဲ့ဘူး။ မင်းတောင်းဆိုလို့ လုပ်ပေးလိုက်ရတာ..."

"ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးတာ ဘာလို့ ဒေါသထွက်နေတာလဲ...."

သူ့စကားတွေက ယန်ချင်ဟွာကို ဆွံ့အသွားစေ၏။

နှလုံးသားထဲမှာ စိတ်ပျက်မှုနှင့် နောင်တတွေ ပြည့်နှက်သွားခဲ့သည်။

သူတို့က အစော်ကားခံဖို့ ကိုယ်တိုင်တောင်းဆိုခဲ့တာဖြစ်သည်။

မူလ၌ ချောင်ကျန့်က ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေကို အနိုင်ယူခဲ့ပြီး တိမ်စိမ်းဂိုဏ်း သူ့အားစွန့်ပစ်ခဲ့သည့်အတွက် လက်စားချေပြီးပြီဖြစ်သည်။

ထိုအရာက တိမ်စိမ်းဂိုဏ်းကို အရှက်ရစေဖို့ လုံလောက်၏။

သို့ပေမယ့် သူတို့က မကျေနပ်နိုင်သေးပဲ ဂျန်ဖန်းကို စိန်ခေါ်မှုလက်ခံအောင် တွန်းအားပေးခဲ့သည်။

ထို့ပြင် ရလဒ်က....

ဂျန်ဖန်းကြောင့် မြေပြင်ပေါ်မှာ စုတ်ပြတ်သတ်သွားခဲ့သည်။

"မင်း အတော်တော်အကြင်နာကင်းမဲ့တဲ့ကောင်ပဲ...."

ယန်ချင်းဟွာ ဂျန်ဖန်းကို စိုက်ကြည့်ပြီး ချောင်ကျန့်အား လက်မောင်းမှတွဲကာ ထွက်သွားဖို့ပြင်လိုက်သည်။

သို့ပေမယ့် ဂျန်ဖန်း ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"အကြီးအကဲယန်, ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ကြီးမေ့သွားရတာလဲ..."

"မင်းကတိပေးထားတဲ့ နဂါးနွယ်စိတ်ဝိညာဥ်အရည် ခုထိမပေးရသေးဘူးနော်...."

ယန်ချင်းဟွာမျက်နှာ တောင့်တင်းသွား၏။

ထိုနဂါးနွယ်စိတ်ဝိညာဥ်အရည်သေတ္တာက ချောင်ကျန့် နောက်ဆုံးကျန်သည့်အရာဖြစ်၏။

ထိုဂူထဲရှိ နောက်ဆုံးလက်ကျန်လည်းဖြစ်သည်။

ဤပမာဏလောက်ထိသိပ်သည်းဖို့ဆို နောက်ထပ် ၁၀ နှစ်လောက်စောင့်ရမည်ဖြစ်သည်။

ထို့ကြောင့် သူက မပေးချင်ပေ။

သို့ပေမယ့် သူတွေဝေနေစဥ် လျိုဝူချန်း စားပွဲကိုခေါက်ပြီး သြဇာအပြည့်အသံဖြင့် ပြောလိုက်သည်။

"အကြီးအကဲယန်, မင်းစည်းကမ်းဖောက်မယ်လို့တော့ ငါ့ကို မပြောနဲ့နော်...."

တိမ်စိမ်းဂိုဏ်းဆီ လာရှိုးပြ အရှက်ကွဲပြီး နောက်ဆုံး ဂျန်ဖန်းကြောင့်ခံစားရသည့်အခါမှ ပြောပြီးစကားပြန်ပြင်ပြီး ထွက်သွားချင်နေသည်။

လောကကြီး၌ ဤလောက်ကောင်းသည့်ကိစ္စမျိုးရှိသည်လား?

ယန်ချင်းဟွာစိတ်ထဲရှိ ဤအတွေး ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့သည်။

သူသာ ယနေ့ နဂါးနွယ်စိတ်ဝိညာဥ်အရည်ကို လက်လွဲမပေးလျှင် ကြည့်ရတာ တိမ်စိမ်းဂိုဏ်းမှထွက်သွားဖို့မဖြစ်နိုင်ပေ။

အံကြိတ်ပြီး နဂါးနွယ်စိတ်ဝိညာဥ်အရည်ကို တွန့်ဆုတ်စွာထုတ်ယူကာ ဂျန်ဖန်းဆီသို့ ကြမ်းကြမ်းတမ်းတမ်း ပစ်ပေးလိုက်သည်။

ထို့နောက် မုန်းတီးစွာပြောလိုက်သည်။

"ကောင်လေး, ဒီအကြီးအကဲမင်းကို မှတ်ထားမယ်..."

ကျောက်စိမ်းသေတ္တာပေါ်ရှိ ပုန်းကွယ်နေသည့်အားကို ခံစားမိတော့ ဂျန်ဖန်းအမူအရာ အနည်းငယ်လေးနက်သွား၏။

ဤယန်ချင်းဟွာ....

အရှုံးကို လက်မခံချင်သည့်အပြင် ထွက်မသွားခင် သူ့ကို ခံစားရအောင်လုပ်သွားချင်သေးသည်။

ဂျန်ဖန်း မည်သည့်အမူအရာမှမပြပဲ ဆင်နဂါးတိုက်ပွဲခန္ဓာကိုအသက်သွင်းကာ ခွန်အားကို အဆုံးစွန်ထိ တွန်းပို့လိုက်၏။

ထို့နောက် လက်မြောက်ပြီး ပျံသန်းလာသည့် ကျောက်စိမ်းသေတ္တာကို ဖမ်းလိုက်သည်။

ကျောက်စိမ်းသေတ္တာထဲရှိ ကြီးမားသည့်စွမ်းအား ချက်ချင်းပဲ ပေါက်ကွဲထွက်လာခဲ့သည်။

အကောင်းဆုံးရလဒ်က ဂျန်ဖန်းလက်မောင်းကျိုးသွားပြီး အဆိုးဆုံးကတော့ လွင့်ထွက်သွားစေမှာပဲဖြစ်သည်။

ဒဏ်ရာအပြင်းအထန်ရခြင်းနှင့် အရှက်ကွဲဖို့က ရှောင်လွဲလို့မရပေ။

ဂျန်ဖန်း ပေါ့ပေါ့တန်တန်မလုပ်ရဲပဲ စုဆောင်းထားသည့်ခွန်အားတွေကိုထုတ်လွတ်၍ ထိုအင်အားကို ထိန်းချုပ်ပြီး ချေဖျက်လိုက်သည်။

ထိုအခါ ဂျန်ဖန်းအင်္ကျီလက်တွေအပြင်းအထန်လှုပ်ခါသွားပြီး ပေါက်ကွဲသံခပ်သဲ့သဲ့ ထွက်ပေါ်လာ၏။

အသက်ရှူသုံးချိန်လောက်ကြာပြီးမှသာ နောက်ဆုံးတည်ငြိမ်သွားခဲ့သည်။

ဂျန်ဖန်း ကျောက်စိမ်းသေတ္တာကို သာမန်အတိုင်း ကိုင်ထားလိုက်ပြီး ယန်ချင်ဟွာကို အရိုအသေပေးလိုက်သည်။

"အကြီးအကဲယန်ရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်...."

ယန်ချင်းဟွာမျက်ခွံတွေ ကျုံ့သွား၏။

ကျောက်စိမ်းသေတ္တာကိုပစ်လိုက်ချိန် သူက ခွန်အားကုန်သုံးမထားပေမယ့် ဆယ်ပုံ ၃ သုံလောက်တော့သုံးထား၏။

ဂျန်ဖန်းကတော့ ပေါ့ပေါ့ပါးပါးပဲ ဖမ်းထားလိုက်သည်။

ထိုအခါမှသာ သူနားလည်လိုက်၏။

အစောပိုင်းဂျန်ဖန်းကန်ချက်က လုံးဝခွန်အားကုန်သုံးထားတာမဟုတ်ပေ။

ဤကောင်လေးက ခွန်အားထိန်ချန်ထားသေး၏။

ထိုအတွေးက ယန်ချင်းဟွာကို တုန်လှုပ်သွားစေခဲ့သည်။

မည်သည့်အချိန်က တိမ်စိမ်းဂိုဏ်း ဤလောက်ကြောက်စရာကောင်းသည့် တပည့်ကို ရသွားသနည်း။

သို့ပေမယ့် ချောင်ကျန့် ယန်ချင်ဟွာကာကွယ်မှုအောက်၌ ဆက်လက်မောက်မာနေပြီး မကျေမနပ်ပြောလိုက်သည်။

"ဂျန်ဖန်း...."

"မင်းနဲ့ ငါနဲ့ကိစ္စမပြီးသေဘူး..."

ဂျန်ဖန်း သူ့ကို ထူးမခြားနားစွာ တစ်ချက်သာကြည့်ပြီး ပြောလိုက်သည်။

"နားနားနေနေ နေစမ်းပါ...."

"စစ်မှန်မိုးကြိုးဂိုဏ်းက မင်းကိုလက်ခံထားမှတော့ စစ်မှန်မိုးကြိုးဂိုဏ်းဂုဏ်တက်အောင်လုပ်ပေးသင့်တယ်...."

"မင်းရဲ့ အတိတ်ကအရှက်ရမှုအတွက် တိမ်စိမ်းဂိုဏ်းကို နောင်တရအောင်လုပ်မယ်ဆိုရင်တော့.... အဲ့အကြောင်းကို မေ့ထားလိုက်ပါ...."

ချောင်ကျန့် ဒေါသထွက်သွားပြီး ပြန်ပြောဖို့ပြင်လိုက်သည်။

သို့ပေမယ့် ယန်ချင်ဟွာ၏အေးစက်စက်နှာမှုတ်သံကြောင့် နှောက်ယှက်ခံလိုက်ရ၏။

"တော်လောက်ပြီ, ငါတို့ပြန်ရောက်ရင် မင်းရဲ့ကျင့်ကြံရေးကိုပဲအာရုံစိုက်...."

"အခြားကိစ္စတွေအားလုံးကို မေ့လိုက်တော့...."

သူတို့နှစ်ယောက်ကြားရှိကွာဟချက်က ကြီးမားလွန်၏။ ဂျန်ဖန်းက ရပ်နေရုံနှင့်တောင် ချောင်ကျန့်ကျိုးကျေသွားအောင်လုပ်နိုင်၏။

ချောင်ကျန့်သာ နောက်တစ်ကြိမ်ထပ်လာလျှင် ယနေ့အရှက်ကွဲတာထက်ပိုဆိုးမည်ဖြစ်သည်။

ဂျန်ဖန်းကို ပြင်းပြင်းထန်ထန်တစ်ချက်ကြည့်ပြီးနောက် ယန်ချင်းဟွာ မဲမှောင်သည့်မျက်နှာနှင့်ချောင်ကျန့်ကို ခေါ်ကာ ထွက်ခွာသွားခဲ့သည်။

လျိုဝူချန်း မျက်ခုံးတွေ ပျော်ရွင်မှုတွေ အပြည့်ပင်။

သူက စိတ်အားထက်သန်စွာမေးလိုက်သည်။

"ဂျန်ဖန်း, မင်းရုပ်ခန္ဓာက ဘာဖြစ်တာလဲ..."

"ဘယ်လိုလုပ် ဒီလောက်အားကောင်းလာရတာလဲ..."

ဝမ်ဟုန်ယောင်၊ လီချင်ဖုန်း၊ ကျောက်ဝူဂျိ တို့လည်း သူ့ကို သိချင်စိတ်ကြီးစွာဖြင့် ကြည့်နေခဲ့ကြသည်။

အစောပိုင်းကန်ချက်ကိုသုံးသပ်ကြည့်လျှင် ဂျန်ဖန်းရုပ်ခန္ဓာတစ်ခုတည်းနှင့်ကို အမြုတေဖွဲ့စည်းခြင်းအဆင့် ၁ လောက်သန်မာနေပြီဖြစ်သည်။

ဖုန်ဂုချန်း တိတ်ဆိတ်နေ၏။

သို့ပေမယ့် သူ့နားရွက်တွေထောင်မတ်နေပြီး ဂျန်ဖန်းလျို့ဝှက်ချက်ကို ခိုးနားထောင်နေခဲ့သည်။

သူလည်း ဤကောင်လေး ဘယ်လိုလုပ် ဤလောက်ထိသန်မာလာလဲသိချင်၏။

ဂျန်ဖန်း ဖုန်းဂုချန်းကိုတစ်ချက်ကြည့်ကာ အနည်းငယ်ပြုံးပြီး ပြောလိုက်သည်။

"ဆရာ,ကျွန်တော့်ကျင့်ကြံရေးနဲ့ပတ်သက်ပြီး နောက်မှသီးသန့်ပြောပါ့မယ်..."

"အခုတော့, ဒီနဂါးနွယ်စိတ်ဝိညာဥ်အရည်ကို ဘယ်လိုခွဲမလဲ ဆွေးနွေးကြတာပေါ့...."

လျိုဝူချန်း ရိပ်မိသွားပြီး ဖုန်းဂုချန်းကို တစ်ချက်ကြည့်လိုက်သည်။

ထိုအခါမှ သူဂရုမမူမိဖြစ်သွားတာ နားလည်လိုက်၏။

ဘယ်လိုလုပ် ဂျန်ဖန်းနောက်ခံကို ဤသူပုန်ကောင်,ဖုန်းဂုချန်းရှေ့မှာ မေးမိသွားရသနည်း။

သူက ခေါင်းညိတ်လိုက်ပြီး ဂျန်ဖန်းလက်ထဲရှိနဂါးနွယ်စိတ်ဝိညာဥ်အရည်ဆီအကြည့်ရွေ့သွားကာ မျက်လုံးထဲမှာ စိတ်အားထက်သန်မှုအနည်းငယ်ရှိနေ၏။

ဤအရာက ရှားပါးပစ္စည်းဖြစ်ပြီး အလယ်အလတ်အဆင့်အခြေခံတည်ဆောက်ခြင်းတပည့်တွေကို ချက်ချင်း နောက်တစ်ဆင့် ထိုးဖောက်သွားစေ၏။

အသင်္ချေဓားဂိုဏ်း၏ဓားသစ်တောပြီးလျှင် ဒုတိယအာနိသင်အရှိဆုံးဖြစ်သည်။

သို့ပေမယ့်....

သူက တစ်ဖက်သတ်မဆုံးဖြတ်ပဲ သဘောထားကြီးစွာပြောလိုက်သည်။

"ဒီနဂါးနွယ်စိတ်ဝိညာဥ်အရည်ကို မင်းခွန်အားနဲ့ရခဲ့တာပဲ..."

"မင်းပဲ ထိန်းသိမ်းထားသင့်ပါတယ်..."

"ပြင်ပဂိုဏ်းက တစ်ယောက်ယောက်ကို မပေးသရွေ့ ဂိုဏ်းက ဝင်စွက်ဖက်မှာမဟုတ်ဘူး...."

ဝမ်ဟုန်ယောင်၊ လီချင်ဖုန်း နှင့် ကျောက်ဝူးဂျိတို့လည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ဂိုဏ်းက ဤနဂါးနွယ်စိတ်ဝိညာဥ်အရည်ကို တကယ်ပဲ မယူသင့်ပေ။

ဖုန်းဂုချန်းနှုတ်ခမ်းတွေတွန့်လိမ်သွားပြီး တောင်းဆိုဖို့ဆင်ခြေရှာမရဖြစ်နေ၏။

အဆုံးမှာတော့ နဂါးနွယ်စိတ်ဝိညာဥ်အရည်က ဂျန်ဖန်း ယန်ချင်ဟွာကိုထောင်ချောက်ဆင်ပြီး သာလွန်ခွန်အားဖြင့် ရရှိထားတာဖြစ်သည်။

ဂိုဏ်းနှင့်အနည်းငယ်သာသက်ဆိုင်၏။

ထိုစကားတွေကြားသည့်အခါ ဂျန်ဖန်း အနည်းငယ် သက်သာယာရသွား၏။

တကယ်တော့, ယန်ချင်ဟွာက သဘောတူထားတာကို လက်ခံဖို့ရည်ရွယ်ချက်မရှိပေ။

လျိုဝူချန်း ခြိမ်းခြောက်မှုကြောင့်သာမဟုတ်လျှင် နဂါးနွယ်စိတ်ဝိညာဥ်အရည်ကို အလွယ်တကူလက်လွဲပေးမည်မဟုတ်ပေ။

လျိုဝူချန်း ထိုအရာကိုဆင်ခြေတစ်ခုအဖြစ်သုံးပြီး ဝေစုတောင်းလျှင်တောင် ဂျန်ဖန်းကန့်ကွက်မည်မဟုတ်ပေ။

ယခု လျိုဝူချန်း ဤလောက်ထိသက်ညှာပေးမှတော့, ဂျန်ဖန်း တွန့်တိုနေလို့မရပေ။

"ဒီစိတ်ဝိညာဥ်အရည်ကို ၁၀ ပုံပုံလိုက်မယ်...."

"ကျွန်တော် ဆေးတောင်ထိပ်၊ ကောင်းကင်ဓားတောင်ထိပ်နဲ့ အပူပင်မဲ့တောင်ထိပ်တို့ကို တစ်ပုံစီပေးဖို့ ရည်ရွယ်ထားတယ်...."

ဝမ်ဟုန်ယောင်၊ လီချင်ဖုန်းနှင့် ကျောက်ဝူဂျီတို့ ကျေနပ်သွားကြပြီး သူတို့၏ ဂျန်ဖန်းအပေါ်သဘောကျမှုက ပိုမြင့်မားလာခဲ့သည်။

သူတို့ ဂျန်ဖန်းကို ကူညီခဲ့တာ မမှားပေ။

ဤကောင်လေးက အကျိုးအမြတ်ရချိန်၌ သူတို့ကို မမေ့ပေ။

"ဂိုဏ်းသခင်တောင်ထိပ်ကိုတော့ သုံးပုံပေးမယ်...."

ဂျန်ဖန်းဆက်ပြောလိုက်သည်။

လျိုဝူချန်း ကျေနပ်စွာပြုံးလိုက်သည်။

သုံးပုံက အခြေတည်အလယ်အလတ်အဆင့် တပည့်အနည်းငယ်အတွက်လုံလောက်၏။

အခြားတောင်ထိပ်တွေနှင့်ယှဥ်လျှင် ဂျန်ဖန်းက သူတို့ကို သုံးဆပိုပေးခဲ့သည်။

ထိုအရာက သူ့အား ဆရာတစ်ယောက်အဖြစ် မျက်နှာသာပေးတာပဲဖြစ်သည်။

လျိုဝူချန်းလက်ခံတာမြင်သည့်အခါ ဂျန်ဖန်း ချက်ချင်းပဲ ငါးပုံခွဲပြီး သက်ဆိုင်ရာတောင်ထိပ်အသီးသီးကိုခွဲပေးလိုက်သည်။

ထို့နောက် အရိုအသေပေးပြီး ပြောလိုက်သည်။

"အခြားကိစ္စမရှိတော့ရင်, တပည့်သွားလိုက်ပါအုန်းမယ်...."

သူ ထွက်သွားတော့မည့်အချိန်မှာပဲ....

ဖုန်းဂုချန်း အလျှင်အမြန်အော်ခေါ်လိုက်သည်။

"ခနနေပါအုန်း..."

"မင်း ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကိုကော ဝေစုမပေးတော့ဘူးလား...."

All Chapters