← Chapters

အမျိုးသမီးသုံးယောက်ပြိုင်ဆိုင်ခြင်း

Vol. 26 Ch. 357

အမျိုးသမီးသုံးယောက်ပြိုင်ဆိုင်ခြင်း

Vol. 26 Ch. 357

လက်ရှိရှိနေတာ တောင်ထိပ် ၅ခုဖြစ်ပြီး လေးခုက ဝေစုရရှိ၏။ ပြန်လည်မွေးဖွားခြင်းတောင်ထိပ်သာ ဘာမှမရတာဖြစ်သည်။

ဘာလို့လဲ?...

ဂျန်ဖန်း သူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"မဟာအကြီးအကဲကို တင်ပြပါတယ်..."

"ဒီတပည့် ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကိုဝေစုပေးဖို့ တကယ်ပဲ ရည်ရွယ်ချက်မရှိပါဘူး။ မဟာအကြီးအကဲနားလည်ဖို့ မျှော်လင့်ပါတယ်...."

ဤတည့်တိုးဆန်သည့်စကားက ဖုန်းဂုချန်း၏အိုမင်းသည့်မျက်လုံးတွေကို ကျဥ်းမြောင်းသွားစေ၏။

"ဂျန်ဖန်း, မင်းက ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကိုလျစ်လျူရှုတာလား..."

သူလိုချင်တာမရတော့, ယခု မတတ်သာအဆုံး ခြိမ်းခြောက်လာခဲ့သည်။

ဂျန်ဖန်း တုန်လှုပ်မသွားပဲ ယခင်တိုင်းတည်ငြိမ်နေဆဲဖြစ်သည်။

"မဟာအကြီးအကဲ ဟာသပြောနေပြန်ပြီ...."

"ကျွန်တော်က တပည့်လေးတစ်ယောက်ပါ။ ဘယ်လိုလုပ် ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကို လျစ်လျူရှုရဲမှာလဲ...."

"ကြည့်ရတာ မဟာအကြီးအကဲ ဒီတပည့်အပေါ်အမြင်စောင်းနေတယ်နဲ့တူတယ်...."

"ကျွန်တော်က အပြစ်လှုပ်ဖို့မတတ်နိုင်မှတော့ ဝေးဝေးကရှောင်ရမယ်လေ..."

"ဒါကြောင့်, ပြန်လည်မွေးဖွားခြင်းတောင်ထိပ်နဲ့ မပတ်သက်ချင်တာပါ။ မဟာအကြီးအကဲနာလည်မယ်လို့ မျှော်လင့်ပါတယ်...."

ဟာသပင်။

အစောပိုင်းကတင် မဟာအကြီးအကဲ အပြင်လူနှင့်ပေါင်းပြီး ဂျန်ဖန်းကို ထေ့ငေါ့လှောင်ပြောင်ခဲ့ကာ လှည့်ဖျားတယ်ဆိုပြီး ရှုတ်ချခဲ့၏။

ယခု သူက ဝေးစုလိုချင်နေသည်တဲ့လား?...

ဆုတောင်းလေ....

ဝမ်ဟုန်ယောင် အမြဲတမ်းစိတ်ဆတ်သူဖြစ်၍ တိုက်ရိုက်ပဲပြောလိုက်သည်။

"ဖုန်းဂုချန်း, နင့်မှာ အရှက်တရားနည်းနည်းလေးတောင်မရှိဘူးလား...."

"အစောပိုင်းနင့်လုပ်ရပ်ကို အပြစ်မပြောတာပဲ သက်ညာရာရောက်နေပြီ။ အခု အကျိုးအမြတ်အတွက် တပည့်တွေကို ခြိမ်းခြောက်နေတာလား...."

ပုံမှန်ဘာမှမဖြစ်သည့်လီချင်ဖုန်းတောင် နောက်ထပ်သည်းမခံနိုင်တော့ပေ။

"မဟာအကြီးအကဲ, မင်းနဲ့ ဂိုဏ်းချုပ် ဘယ်လိုပဲတိုက်ခိုက်တိုက်ခိုက် ဒါက ဂိုဏ်းရဲ့အတွင်းရေးကိစ္စပဲ...."

"ဒါပေမယ့် အပြင်လူကိုကူညီပြီး ကိုယ့်လူကိုဖိနှိပ်တာကတော့, အရမ်းလွန်သွားပြီ။ ဒါက ဂိုဏ်းဂုဏ်သိက္ခာကိုလျစ်လျူရှုရာရောက်လွန်းတယ်..."

"ပြီးတော့ အခုလည်း မင်းက ဂျန်ဖန်းရဲ့ နဂါးနွယ်စိတ်ဝိညာဥ်အရည်ကို တောင်းနေတယ်? သူပေးရင်တောင် ငါက မပေးဖို့တားမှာ...."

ကျောက်ဝူဂျိလည်း နောက်ထပ်ထိန်းမထားနိုင်တော့ပဲ ပြောလိုက်သည်။

"မဟာအကြီးအကဲ, အရာရာတိုင်းမှာ အကန့်အသတ်ဆိုတာရှိတယ်...."

"ဂျန်ဖန်း ခုချိန်ထိ မြင့်မြတ်အကြီးအကဲတွေကို မတိုင်ရသေးတာပဲ မင်းကျေးဇူးတင်သင့်တယ်....."

"အဲ့တာကို မင်းက အရှက်မရှိ သူ့အရင်းအမြစ်ကိုတောင်းရဲသေးတာလား..."

လျိုဝူချန်း ကျေနပ်သွား၏။

အတိတ်၌, သူ မဟာအကြီးအကဲနှင့်အငြင်းပွားတိုင်း အခြားအကြီးအကဲတွေ ပြဿနာရှောင်ဖို့ ကြားနေကြ၏။

ယခု အကြီးအကဲသုံးယောက် သူ့ကို အပြည့်အဝထောက်ခံလာပြီဖြစ်သည်။

ဤအရာက သူ့ကို တိတ်တဆိတ် စိတ်လှုပ်ရှားသွားစေ၏။

ဒါပေါ့။ အကြီးအကဲသုံးယောက် ရပ်တည်ချက်ပြောင်းလာသည့်အကြောင်းပြချက်ကို သူနားလည်၏။

သူတို့က ဂျန်ဖန်းကို တန်ဖိုးထားသောကြောင့်ပင်။

ဤအရာကိုတွေးပြီး ဂျန်ဖန်းကိုကြည့်သည့်သူ့အကြည့်တွေ ပိုသဘောကျလာခဲ့သည်။

ဂျန်ဖန်း တကယ်ပဲ သူ၏ကံကောင်းသည့်ကြယ်ပင်။

ဖုန်းဂုချန်းနှင့်ရင်ဆိုင်ရာ၌ သူက အရင်ကထက် ပိုတည်ငြိမ်အေးဆေးလာ၏။

"မဟာအကြီးအကဲ, မင်းကြားတယ်နော်...."

"နဂါးနွယ်စိတ်ဝိညာဥ်အရည် ဘယ်တပည့်ကိုပေးပေး ဒါ သူ့လွတ်လပ်ခွင့်ပဲ...."

"မင်းဝင်မစွက်ဖက်တာ ပိုကောင်းမယ်..."

ဖုန်းဂုချန်းမျက်နှာ ပြောင်းလဲသွားပြီး အကြီးအကဲသုံးယောက်၏ရပ်တည်ချက်ကြောင့် တိတ်တဆိတ်တုန်လှုပ်သွားခဲ့သည်။

ဘာတွေဖြစ်ကုန်သနည်း။

သူ ဂျန်ဖန်းကိုပစ်မှတ်ထားရုံရှိသေး လျိုဝူချန်းဘက်မှာ အကြီးအကဲသုံးယောက်ရှိသွားခဲ့သည်။

ထိုအရာက သူ့အတွက် ယုံကြည်ဖို့ ခက်ခဲနေ၏။

ဂျန်ဖန်းက ဤလောက်ထိတောင် အရေးကြီးသည်လား?...

ဂျန်ဖန်းသာ မြင့်မြတ်အကြီးအကဲများစွာ၏သဘောကျမှုရထားမှန်းသိလျှင် သူ ပဟေဠိဖြစ်နေမည်မဟုတ်ပေ။

ရှိနေသည့်လူတွေ ဂျန်ဖန်းကိုကာကွယ်ပေးနေတာမြင်တော့ ဖုန်းဂုချန်း, သူ နဂါးနွယ်စိတ်ဝိညာဥ်အရည်မရတော့ဘူးဆိုတာ နားလည်လိုက်သည်။

အလွန်မတန်ရှက်သွားပြီး ဒေါသတွေထွက်လာခဲ့သည်။

"ကောင်လေး, မင်းကတော့ မသိလောက်သေးဘူး။ ငါတို့တိမ်စိမ်းဂိုဏ်းကို ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက အထူးတာဝန်ခံတစ်ယောက်ရောက်နေတယ်...."

"မင်းကို အချိန်မရွေးစစ်မေးဖို့ ရည်ရွယ်ထားတယ်..."

"မူလကတော့ မင်းအတွက်စကားကောင်းလေးတွေပြောပေးမလို့ပဲ။ အခုတော့ ကြည့်ရတာ မလိုတော့ဘူးထင်တယ်...."

ဂျန်ဖန်း အံ့အားသင့်သွား၏။

ငါ့ကိုစစ်မေးဖို့ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက အထူးတာဝန်ခံ?....

သူတို့က ဘာကြာင့် တိမ်စိမ်းဂိုဏ်းအထိ အပင်းခံလာရသနည်း။

ထို့ပြင် သူ့ကိုစစ်မေးဖို့ သီးသန့်လာခဲ့တာဖြစ်သည်။

မကြာသေးခင်က ကြုံတွေ့ခဲ့ရတာတွေကို အမြန်ပြန်စဥ်းစားကြည့်လိုက်ရာ ဂိုဏ်း ၉ ဂိုဏ်းဝင်စွက်ဖက်ရလောက်တဲ့ကိစ္စ ဒါမှမဟုတ် ကောင်းကင်ဘုံစယန္ဒယားခန်းမ၏ သံမဏိစည်းမျဥ်းတွေကို ချိုးဖောက်ခဲ့တာမျိုးတွေ တစ်ခုမှမရှိပေ။

ခေါင်းခါယမ်းလိုက်ပြီး မတွေးတော့ဖို့သာ ဆုံးဖြတ်လိုက်သည်။

သူ့စိတ်ကရှင်းနေ၍ ကောင်းကင်ဘုံ စက်ယန္ဒယားခန်းမ မေးလာမည်ကို ကြောက်စရာမလိုပေ။

ဖုန်းဂုချန်းကို အရိုအသေပေးလိုက်ပြီး တည့်တည့်ပဲပြောလိုက်သည်။

"မဟာအကြီးအကဲအသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...."

"မဟာအကြီးအကဲ ဒီတပည့်အတွက် စကားကောင်းပြောပေးဖို့ကတော့, ဒီတပည့် မမျှော်မှန်းရဲပါဘူး...."

"ရေနစ်နေချိန် ဝါးကူမထိုးရင်ပဲ ဝမ်းသာလှပါပြီ...."

ထိုအရာကိုကြားသည့်အခါ....

ဝမ်းဟုန်ယောင် မနေနိုင်ပဲ ကျယ်လောင်စွာ ရယ်လိုက်၏။

"ဖုန်းဂုချန်း,နင် ဂျန်ဖန်းကို အရူးများထင်နေတာလား? ဒီလိုစကားမျိုးပြောဖို့ မျက်နှာကရှိသေးတယ်...."

လီချင်ဖုန်းနှင့် ကျောက်ဝူဂျီလည်း လုံးဝဆွံ့အသွားကြ၏။

ဖုန်းဂုချန်းက တကယ်ကို အရှက်မရှိပေ။

ဘယ်လိုတောင် ဂျန်ဖန်းအတွက်စကားကောင်းပြောပေးမည်နည်း။ သူ့စကား သူကိုယ်တိုင်တောင်ယုံရဲ့လား မသိပေ။

ဂျန်ဖန်းပြောသလိုပင်, ဖုန်းဂုချန်း ထပ်ပြီး ဒုက္ခမပေးရင်ကို အံ့အားသင့်စရာဖြစ်နေပြီဖြစ်သည်။

ဂျန်ဖန်းကို ခြိမ်းခြောက်လို့မရပဲ ပြန်လှောင်ခံလိုက်ရတော့ ဖုန်းဂုချန်း ပိုလို့တောင် ဒေါသထွက်သွားပြီး နှာမှုတ်ပြီး မတ်တပ်ရပ်လိုက်သည်။

"ကောင်းတယ်, ကောင်းတယ်...."

"အထူးတာဝန်ခံရောက်လာတဲ့အချိန် မင်းရယ်နိုင်အုန်းမလားကြည့်ကြတာပေါ့...."

သူဒေါသတကြီးထွက်ခွာသွားတာကိုကြည့်ပြီ...

ဂျန်ဖန်း ပဟေဠိဖြစ်စွာဖြင့် မေးလိုက်သည်။

"ဆရာ, ဒါအမှန်ပဲလား..."

လျိုဝူချန်းအမူအရာ လေးနက်သွားပြီး မေးလိုက်သည်။

"မင်း မြင့်မြတ်ဂိုဏ်းကို တစ်ခုခုများ အမှားလုပ်မိသေးလား...."

"လုပ်ခဲ့ရင်, ငါ့ကိုပြောပြ...."

"ဆရာနဲ့အကြီးအကဲတွေ မင်းအတွက် နည်းလမ်းစဥ်းစားပေးမယ်..."

ဟမ်?....

ကြီးမားသည့်မေးခွန်းကြီးတစ်ခု ဂျန်ဖန်းခေါင်းပေါ်မှာ ပေါ်လာခဲ့သည်။

"မြင့်မြတ်ဂိုဏ်း?...."

အခြားနေရာတွေ၌ သူအမှားလုပ်မိကောင်း လုပ်မိနိုင်၏။

ဥပမာ စိတ်ဝိညာဥ်သားရဲဂိုဏ်း ဂိုဏ်းချုပ်၏အတွင်းခံကိုကြည့်မိခြင်း၊ ဒါမှမဟုတ် ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်က အလိုရှိနေခြင်းပင်။

သို့ပေမယ့် မြင့်မြတ်ဂိုဏ်းမှာတော့ ဘာမှမလုပ်ခဲ့ပေ။

"ဆရာ, တပည့် မြင့်မြတ်ဂိုဏ်းမှာ နေ့ဝက်ပဲနေခဲ့တာ..."

"အဲ့အချိန်အတွင်း, သူတို့တပည့်တွေနဲ့ ဆေးပညာဗဟုသုတအချိုဆွေးနွေးတယ်၊ သိုင်းပညာအနည်းငယ်ဖလှယ်တယ်၊ အဲ့နောက် တာဝန်အတွက် စိတ်ဝိညာဥ်သားရဲဂိုဏ်းကို စိတ်ဝိညာဥ်ဆေးဝါးတွေသွားပို့တယ်... ဒါပဲ...."

"အဲ့ဂိုဏ်းမှာ ဘယ်သူနဲ့မှ အငြင်းမပွားခဲ့ဘူး...."

လျိုဝူချန်းနှင့် အကြီးအကဲသုံးယောက် နားထောင်ပြီး ပဟေဠိဖြစ်သည့်အမူအရာတွေ ပြသလာ၏။

"မင်းတစ်ခုခုမေ့မနေဘူးဆိုတာ သေချာလား?..."

လျိုဝူချန်း မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

"မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်က မင်းနဲ့ပတ်သက်ပြီး ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကို တိုင်တန်းစာရေးထားတယ်..."

"အကြောင်းအရာက မင်းနဲ့တိုက်ရိုက်သက်ဆိုင်နေတယ်...."

ဘာ?....

ဂျန်ဖန်း အံ့အားသင့်သွား၏။

"မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်? ငါနဲ့သက်ဆိုင်နေတယ်?...."

"ဒါပေမယ့် ဒီတပည့်က ဘာအမှားမှမလုပ်ခဲ့ဘူး။ မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်ကိုတောင် အဝေးကပဲမြင်ခဲ့ရတာ..."

"ကျွန်တော်တို့စကားတောင်မပြောခဲ့ဘူး..."

ဒါက...

လျိုဝူချန်းလည်း တစ်ခဏ စိတ်ရှုပ်သွား၏။

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်က အကြောင်းအရင်းမရှိပဲ တိုင်တန်းစာရေးမည်လား?...

သို့ပေမယ့် ဂျန်ဖန်းအမူအရာကလည်း လိမ်နေပုံမပေါ်ပေ။

ဝမ်ဟုန်ယောင်လည်း အတော်လေး ပဟေဠိဖြစ်သွား၏။

"ဆေးပညာဗဟုသုတဆွေးနွေးတယ်။ သိုင်းပညာအနည်းငယ်ဖလှယ်တယ်.... ဒါတွေကတပည့်တွေကြားမှာ သာမန်ကိစ္စတွေပါပဲ...."

"မြင့်မြတ်ဂိုဏ်းဂိုဏ်းချုပ်နဲ့ စကားတောင်မပြောခဲ့ရဘူးဆိုတော့ သူတို့ကိုရန်စဖို့ဆိုတာလည်းဝေးရော..."

"ထူးဆန်းတယ်၊ ဘာလို့ မြင့်မြတ်ဂိုဏ်းချုပ်က ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကို တိုင်တန်းစာရေးတာလဲ...."

ကျောက်ဝူဂျိ ဂျန်ဖန်းကိုကြည့်ပြီး စဥ်းစားနေခဲ့သည်။

"ဂျန်ဖန်းမလိမ်ဘူးလို့ ငါယုံတယ်။ တစ်ခုခုနားလည်မှုလွဲနေတာပဲဖြစ်ရမယ်...."

"တိုင်တန်းတဲ့အကြောင်းအရင်းမသိပဲနဲ့ ဒီနေရာမှာထင်ကြေးပေးနေတာ အကျိုးမရှိဘူး...."

"ငါတို့ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက တာဝန်ခံရောက်တဲ့အထိစောင့်သင့်တယ်။ အဲ့ကျမှ သူနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးရမယ်...."

"ဂျန်ဖန်းစိတ်ရှင်းနေသ၍ ဘာမှစိုးရိမ်ဖို့မလိုဘူး...."

ကောင်းကင်စက်ယန္ဒယားခန်းမမှ အထူးတာဝန်ခံနှင့် သူ့အခြွေအရံတွေက တိမ်စိမ်းဂိုဏ်းကို ရောက်နေပြီဖြစ်သည်။

သူတို့က ဂျန်ဖန်းကိုအချိန်အတော်ကြာစောင့်နေပြီး မကြာသေးခင်ကမှ တံခါးပိတ်ကျင့်ကြံနေတာဖြစ်သည်။

ယခု, အရင်သတင်းပေးဖို့သာ တတ်နိုင်ပြီး စီစဥ်မှုကို စောင့်ရမည်ပင်။

လျိုဝူချန်း အနည်းငယ်ခေါင်းညိတ်လိုက်သည်။

"ဒါ ငါတို့လုပ်နိုင်တာ အကုန်ပဲ..."

"ဂျန်ဖန်း, ဂိုဏ်းမှာ နောက်ရက်အနည်းငယ်လောက်နေအုန်း, ဘယ်မှမသွားနဲ့...."

"တာဝန်ခံက မင်းကို အချိန်မရွေးဆင့်ခေါ်နိုင်တယ်...."

ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့, ဆရာ...."

အုပ်စု မကြာခင်ပဲ လူစုကွဲသွားခဲ့သည်။

ဂျန်ဖန်း အကြီးအကဲသုံးယောက်နောက်မှလိုက်ပြီး ဂိုဏ်းသခင်ခန်းမမှ ထွက်လာခဲ့လိုက်သည်။

သူက သူ့ဂူအိမ်တော်ကိုအရင်ပြန်ရမလားဟု စဥ်းစားနေခဲ့သည်။

ကောင်းကင်ဓားတောင်ထိပ်တပည့် နဲ့ယွင်ရှီး စိုးရိမ်စွာဖြင့် ခန်းမအပြင်မှာစောင့်နေခဲ့သည်။

လီချင်ဖုန်းထွက်လာတာမြင်သည့်အခါ သူမအလျှင်အမြန်ရှေ့တက်လာပြီး ပြောလိုက်သည်။

"ဆရာ, ပြဿနာတက်ပြီ...."

"ရှုယင်းရင်၊ ရှုရို့ရန် နဲ့ ချန်စီလင်တို့ချကုန်ကြပြီ....."

"ဆရာ သွားပြီးစစ်ဆေးကြည့်လိုက်တာ ပိုကောင်းမယ်...."

လီချင်ဖုန်း ခေါင်းကိုက်သွား၏။

"အဲ့ဒီရှုယင်းရင်း, ဘယ်လိုလုပ် ပြန်ရောက်တာနဲ့ ပြဿနာရှာနိုင်ရတာလဲ...."

ဂျန်ဖန်း ပျော်ရွင်သည့်အရိပ်အယောင်ပြသလာ၏။

"ရို့ရန်နဲ့ စီလင်လည်း ပြန်ရောက်နေပြီလား...."

ဝမ်းသာစရာပင်။

လီချင်ဖုန်း ခဏရပ်လိုက်၏။

သူက မနေနိုင်ပဲ သူ့နဖူးကို ရိုက်လိုက်သည်။

သူက ဘာကြောင့် ခေါင်းကိုက်ခံရမည်နည်း။

တကယ်ဒုက္ခရောက်သင့်သည့်လူက ဂျန်ဖန်းပင်။

All Chapters