← Chapters

အခန်း (၉၉၆)

Vol. 66 Ch. 996

အခန်း (၉၉၆)

Vol. 66 Ch. 996

အခန်း ၉၉၆- ဒီလောက် မရိုးရှင်း...(အပိုင်းတစ်)

ဤလအဆင့် လက်ရွေးစင်များ ပြောသည်ကို ကြားပြီးနောက် ဖေးနှင့်

ဘက်ကင်ဟမ် နှစ်ဦးစလုံး မျက်မှောင်ကြုတ်ကာ ဒေါသထွက်သွားကြသည်။

သို့သော် ဖေးက အသေအချာတွေးပြီး စိတ်သက်သာရာ ရသွားသည်။

အဆိုပါ လအဆင့်လက်ရွေးစင်များသည် သိုင်းသူတော်စင်၏ တပည့်ဖြစ်သူ၏ လှည့်စားခြင်း ခံခဲ့ရသည်။

ထိုသူတို့က ဒေါသထွက်နေလေလေ ထိုသူတို့က ဖြောင့်မတ်လေလေ ဖြစ်သည်။

သူတို့သည် ဉာဏ်မမှီဘဲ လှည့်စားခံရသော်လည်း ဆိုးသွမ်းသူများ မဟုတ်ကြပါ။

သို့သော် ဘက်ကင်ဟမ်က ထိုသို့

မတွေးခဲ့ပေ။ သူသည် ဒေါသတကြီး ဖြစ်နေသေးသည်။

သူကိုယ်တိုင်က လအဆင့် လက်ရွေးစင် တစ်ယောက် ဖြစ်ပြီး လီယွန် အင်ပါယာမှာ သြဇာ ညောင်းသည့် ပုဂ္ဂိုလ် တစ်ယောက်ဖြစ်သည်။ ပင်လယ်အောက် တိုက်ပွဲတွင် ပြင်းထန်စွာ ဒဏ်ရာရပြီး ပင်ပန်းနွမ်းနယ်ခဲ့သော်လည်း ၎င်းက ကောင်းချီးတစ်ခု ဖြစ် နေသေးသည်။

အတားအဆီးကို ဖြတ်ကျော်ပြီး ယခု သူသည် အဆင့်နိမ့် လပြည့်အဆင့် လက်ရွေးစင် ဖြစ်လာခဲ့သည်။ ထို့အပြင် ချမ်းဘော့ဒ်ဘုရင်နှင့် အတူရှိစဉ် အကြံဥာဏ်များနှင့် ညွှန်ပြချက်အချို့ကို ရရှိခဲ့ပြီး သူ၏ ခွန်အားသည်ပိုမို မြင့်မားလာသည်။

သူသည် လီယွန်၏ သြဇာအကြီးဆုံး ဒေသဆိုင်ရာ ဘုရင်များထဲမှ တစ်ဦးဖြစ်ပြီး အင်ပါယာ၏ ရေတပ်ကို ကွပ်ကဲရသူ ဖြစ်သည်။ သူ့အမိန့်ကို နားထောင်သည့်

လအဆင့်လက်ရွေးစင် အများအပြားရှိခြင်းကြောင့် ထိုလူများကို ဂုဏ်သိက္ခာကြီးသည်ဟု သူ တကယ် မထင်ပါ။ ရလဒ်အနေဖြင့် ဤလအဆင့်လက်ရွေးစင် အနည်းစုသည် သူ့ကို မရိုမသေပြုဝံ့သောကြောင့် ဒေါသထွက်ခဲ့သည်။

သို့သော် သူသည် ထက်မြက်သူ ဖြစ်သည်။ ဖေး ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူသည် ဖေး၏ သဘောထားကို ရိပ်မိသည်။

ထိုလူများသည် လှည့်စားခံရသူများသာ ဖြစ်ကြောင်း ဘက်ကင်ဟမ် သဘောပေါက်လိုက်သည်။ ထို့ကြောင့် ဘက်ကင်ဟမ်သည် သူ၏ ဒေါသကို မျိုသိပ်ကာ

“ လူမိုက်တွေ လူသားမျိုးနွယ် သစ္စာဖောက်က သိုင်းသူတော်စင်မာရာဒိုနာရဲ့ တပည့် ဒီအလက်ဇန်ဒါရိုဟ မင်းတို့ တကယ်ဖြစ်ပျက်ခဲ့တာကို ဘာတစ်ခုမှ မသိဘူး မင်းတို့ကို ဒီအလက်ဇန်ဒါရိုက အသုံးချနေတာပဲကွ ဟမ့်! ရန်သူကို ထိန်းချုပ်ခဲ့တဲ့ ချမ်းဘော့ဒ်ဘုရင်ကြောင့်သာ မဟုတ်ရင် ပင်လယ်မျိုးနွယ်ရဲ့ နတ်ဆိုးနတ်ဘုရား ပေါ်လာပြီး သင်းရနံ့ ပင်လယ် ပတ်လည်ရှိ လူသားအားလုံး အသက်ပျောက်ကုန်ပြီပဲကွ “

သို့သော်လည်း ဘက်ကင်ဟမ်၏ ရှင်းလင်းချက်အား လအဆင့်လက်ရွေးစင် များ အားလုံး လှောင်ရယ်ကြသည်။

“အရှက်မရှိတဲ့ လူ မင်းက ဒီအလက်ဇန်ဒါရိုကို ဆဲဆိုပြီး ကိုယ့်ကိုယ်ကို ကိုယ်ရည်သွေးနေတာလား ချမ်းဘော့ဒ်ဘုရင်က ဘယ်သူမလို့လဲ၊ ပင်လယ်မျိုးနွယ်ရဲ့ နတ်ဆိုးနတ်ဘုရားကို သူ ဘယ်လိုတားဆီးနိုင်မလဲ ဒီမှာ ဘက်ကင်ဟမ် မင်းက လီယွန်ရဲ့ ဒေသဆိုင်ရာဘုရင် တစ်ပါး နိုင်ငံသားအားလုံးက မင်းကို အထင်ကြီးလေးစားကြတယ် ဒါ့အပြင် မင်းရဲ့ အဆင့်အတန်းကြောင့် အခွင့်ထူးတွေ စည်းစိမ်ဥစ္စာ‌တွေအကုန် မင်း ခံစားရတယ် ဒါတောင် မင်းက ဒီယုတ်မာတဲ့ ဇင်းနစ်သားနဲ့ ပူးပေါင်းပြီး လူသားမျိုးနွယ်ကို သစ္စာဖောက်ရသလား မင်းကိုယ်မင်း

မရှက်တတ်ဘူးလား ဧကရာဇ် ဂျုနင်ဟိုရဲ့ မျက်နှာကို မထောက် “

ထိုသို့ အသက် လေးဆယ် အရွယ်ရှိ

ထွားကြိုင်းသော ယောက်ျားတစ်ဦးသည်

ဘက်ကင်ဟမ်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဘာကွ…”

ဘက်ကင်ဟမ် သူ့ဒေါသကို

မထိန်းနိုင်တော့ပေ။

“ထားလိုက်ပါ၊ ဒီလူမိုက်တွေကို မင်းရှင်းပြလို့ မရဘူး ကဲ အရင် ကိုင်တွယ်ရအောင်” ဖေး သူ့လက်ကို မြှောက်လိုက်ပြီး ဘက်ကင်ဟမ်ကို တားလိုက်သည်။

ထို့နောက် သူ့ပတ်ဝန်းကျင်ရှိ လအဆင့်လက်ရွေးစင်ကို လှည့်ကြည့်ကာ စိတ်မရှည်စွာ ရယ်ရင်း

“လအဆင့်လက်ရွေးစင်လေးတွေ တခြားသူတွေက မင်းတို့ကို အသုံးချနေတာ အခြေအနေကို နားမလည်နိုင်တဲ့ ဉာဏ်မွဲကောင်တွေ ဒါပေမယ့် မင်းတို့က မကောင်းမှုကို ဆန့်ကျင်ရဲတဲ့ ရဲရင့်တဲ့ လူသားတွေပဲ ဒါကြောင့် ငါ မင်းတို့ကို

အနိုင်မကျင့်ချင်ဘူး မင်းတို့က အားနည်းလွန်းပါတယ် မင်းတို့ရဲ့ စည်းတံဆိပ်က ငါ့အပေါ် အလုပ်ဖြစ်မယ် ထင်လား “

ထိုသို့ ပြောပြီးနောက်တွင် ဖေးသည် စွမ်းအားကြီး ရွှေရောင်စွမ်းအား တစ်ခု စုစည်းလိုက်ပြီး ကောင်းကင်သို့ ရွှေရောင်လက်သီးချက်တစ်ခု ပစ်ခွင်းလိုက်သည်။

သူ့လက်သီးထဲက ရွှေရောင်အလင်းတန်းတစ်ခု လွင့်ထွက်သွားပြီး ပတ်ပတ်လည် ဧရိယာကို ဖုံးအုပ်ထားသည့် ငွေရောင်မှော်စွမ်းအင် စက်လုံးမှာ အပိုင်းပိုင်း ကွဲအက်သွားပြီး ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။

လအဆင့် နယ်ပယ်တွင် ရှိကြပြီး စွမ်းအင် စက်ကွင်းကို လျှို့ဝှက် ထိန်းချုပ်ထားသည့် မှော်ဆရာ အနည်းငယ်မှာ တန်ပြန်အား သက်ရောက်ခံရကာ သူတို့အားလုံးမှာ သွေးများ အန်ထုတ်လိုက်ပြီး မျက်နှာများ ဖြူဆုတ်သွားကြသည်။

နေရာရှိ လအဆင့် လက်ရွေးစင်များ အားလုံး ထိတ်လန့်သွားပြီး ဖေးကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်ကြသည်။

လတစ်ဝက် အဆင့် မှော်ဆရာ ရှစ်ယောက်က ဖန်တီးထားသည့် စစ်သည်တော် တားမြစ်စည်းတံဆိပ်ကို ဤကောင်လေးက အခုလို အလွယ်တကူ ဖျက်ဆီးပစ်လိုက်လေသည်။

“ ဒီ ....ဒီသစ္စာဖောက် ကောင်စုတ်က ဘယ်လိုလုပ် ဒီလောက်အင်အားကြီးရတာလဲ “

စစ်သည်တော် တားမြစ်စည်းတံဆိပ်သည် စစ်သည်တော်များ၏ ထိပ်တန်း လူသတ်လက်နက် ဖြစ်ပြီး၊ ထိုကဲ့သို့သော မှော်အခင်းအကျင်းအတွင်းတွင် ကျော်ကြားသော စစ်သည်တော်များစွာ အသက်ပေးခဲ့ရသည်။

သီအိုရီအရ လတစ်ဝက်မှော်ဆရာ ရှစ်ယောက်နှင့် အဆင့်မြင့် မှော်ကျောက်တုံးများစွာ စိုက်ထုတ်မှုက နေအဆင့် အရှင်ကို လုံးလုံး မဖျက်ဆီးနိုင်သည့်တိုင် ကြီးမားစွာ ဖိနှိပ်နိုင်သည် မဟုတ်ပါလား။

အခန်း ၉၉၆- ဒီလောက် မရိုးရှင်း...(အပိုင်းနှစ်)

ယခင်အစီအစဉ်အရ၊ စစ်သည်တော် တားမြစ်စည်းတံဆိပ်အတွင်းရှိ လအဆင့် လက်ရွေးစင်များသည် သူတို့အား သက်ရောက်နေသော စစ်သည်တော်စွမ်းအင်စည်းတံဆိပ်ခတ်ခြင်း အခင်းအကျင်း၏ သက်ရောက်မှုကို ပယ်ဖျက်ပေးသည့် မှော်အဆင်တန်ဆာများကို ဝတ်ဆင်ထားသည်။

ထို့ကြောင့် ချမ်းဘော့ဒ် ဘုရင်၏ စစ်သည်တော် စွမ်းအင်များ အကြီးအကျယ် ဖိနှိပ်ခံရသောအခါတွင် ဤသစ္စာဖောက်ကို တွန်းလှန်နိုင်မည်ဟု တစ်ထစ်ချ တွက်ဆထားကြသည်။ သို့သော် ပြင်းထန်သော အဖြစ်မှန်က သူတို့ကို အံ့အားသင့်စေခဲ့သည်။

ချမ်းဘော့ဒ် ဘုရင်က နေအဆင့်အရှင် ဖြစ်ကြောင်း သူတို့ သိထားပြီးဖြစ်သော်လည်း သူ့ ခွန်အားသည် သူတို့ နားလည်နိုင်ရန် အလွန် ဆန်းကြယ်လှသည်။

သစ္စာဖောက်များကို နှိမ်နင်းမည်ဟု ယုံကြည်ထားသော ရဲရင့်သူများမှာ သူတို့မတ်တပ်ရပ်နေသည့် နေရာမှာ အေးခဲသွားပြီး ဘာဆက်လုပ်ရမလဲ မသိကြပေ။

ဖေးက သူ့လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းပြီး

“ မင်းတို့ ငါ့ကို မယှဉ်နိုင်ဘူးလို့ ငါပြောတယ်မလား တခြားဘာမှမရှိရင်ထွက်သွားတော့ မင်းတို့လို လူမိုက်တွေအတွက် ဖြုန်းတီးဖို့ အချိန်မရှိဘူး ခေါင်းသုံးပြီးဘယ်သူက လိမ်လဲဆိုတာကို တွေးကြည့်စမ်း မင်းတို့အားလုံးက ကလေးမဟုတ်တော့ဘူး ဘာလို့ အယုံလွယ်နေကြတာလဲ အမြင့်ဆုံးအဆင့်အတန်း ရှိတဲ့လူဆိုရင် ယုံကြည်စရာလို့ ထင်လား ဒီအလက်ဇန်ဒါရိုက မလိမ်နိုင်ဘူးလို့ တစ်ထစ်ချ တွက်တာလား...!”

ဖေး၏ စကားများသည် တစ်ချိန်တည်းတွင် ဤလူများကို ဒေါသထွက်ကာ အရှက်ရစေခဲ့သည်။

သို့သော် ဤအစွမ်းထက်သော လူများသည် မွေးရာပါ ဉာဏ်ရည် မသန်စွမ်းသူများ မဟုတ်ပေ။ ထို့ကြောင့် ဖေး၏ စကားကို နားထောင်ပြီးနောက်တွင် အချင်းချင်း ပြောဆိုလာကြသည်။

“ချမ်းဘော့ဒ် ဘုရင်က လူသားတွေရဲ့ ရွံရှာဖွယ်သစ္စာဖောက်မဟုတ်နိုင်ဘူး သူသာ လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီး ပင်လယ်မျိုးနွယ်ရဲ့ နတ်ဆိုးကို လွှတ်ပေးရင် အခု ငါတို့ကို သတ်လိုက်နိုင်တာပဲ...သူက ဒီလို လုပ်ဆောင်နိုင်တဲ့ စွမ်းအားရှိတယ်လေ ဒါ့အပြင် ဒီအလက်ဇန်ဒါရိုကပင်လယ်နတ်ဆိုး ထွက်လာပြီး သင်းရနံ့ပင်လယ်က လူသားအားလုံးကို သတ်ပစ်မယ်လို့ ပြောခဲ့တာ.. ဒါပေမယ့် ဒီနတ်ဆိုးက သူ့မျက်နှာကိုတောင် မပြသေးဘူး... ချမ်းဘော့ဒ် ဘုရင် တကယ် လိမ်လည်စွပ်စွဲခံရတာ ဖြစ်နိုင်တယ် “

ထိုအခိုက်အတန့်၌ ဆူညံသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။

“ ရောင်းရင်းတို့ ဒီသစ္စာဖောက်ရဲ့ စကားကို နားမထောင်နဲ့ သူ့မုသားအောက်မှာ အလှည့်စားမခံရစေနဲ့ သူ့ကို အခုချက်ချင်း သတ်ကြ..!”

“ဟုတ်တယ် လူကြီးမင်းဒီအလက်ဇန်ဒါရို သိုင်းသူတော်စင်တောင်က လာတာ သူက ဂုဏ်သိက္ခာရှိတဲ့ သိုင်းသူတော်စင် မာရာဒိုနာရဲ့ တပည့်ကွ ဆက်စပ်နိုင်ငံတစ်ခုရဲ့ ဘုရင်ငယ်လေးကို ကျိန်စာတိုက်ဖို့ ဘာကြောင့် စိတ်ဝင်စားမလဲ...!”

လူတချို့က လူစုလူဝေးအနောက်မှာ ပုန်းပြီး ဤသို့ဤပုံ သွေးထိုးကြသည်။

ရွှီး ...ရွှီး ...ရွှီး..!

လေထု ဆုတ်ဖြဲသံများ ထွက်ပေါ်လာပြီး ည ကောင်းကင်ယံတွင် တောက်ပသော အလင်းတန်း လေးခု လွင့်စင်ကာ ဖေးနှင့် ဘက်ကင်ဟမ်ဆီ တည့်တည့် ဦးတည်သွားခဲ့သည်။

ကြိုးစားအားထုတ်မှုများစွာဖြင့် ငြိမ်သက်သွားခဲ့သော လေထုသည် ပြန်လည် လောင်ကျွမ်းလာသည်။ မီးစကျသွားသော မိုင်းဗုံးကဲ့သို့ တိုက်ပွဲသည် ချက်ချင်း အစပျိုး၏။

“သတ်စမ်းသူတို့ကို သတ်ပြီးတာနဲ့ ငါတို့ကလူသားတွေရဲ့ သူရဲကောင်းတွေ ဖြစ်ပြီကွ!”

“မမေ့နဲ့နော် ဒီသစ္စာဖောက် နှစ်ကောင်ကို သတ်နိုင်ရင် ဆုငွေ အများကြီး ရမယ်

အသေရရ အရှင်ရရ အင်ပါယာတစ်ရာကျော်က ဆုလာဘ်ချီးမြှင့်မယ်တဲ့ကွ “

“ သတ်ကြညသတ်ပစ်လိုက် တိုက်ကြီးရဲ့ သြဇာအရှိဆုံးပုဂ္ဂိုလ် လူကြီးမင်း မာရာဒိုနာရဲ့ မျက်နှာသာပေးမှုကိုတောင် ကျုပ်တို့ ခံရနိုင်တယ် “

“လူသားတွေအတွက်၊ ငါတို့ သူတို့ကို သတ်ရမယ်! မတွန့်ဆုတ်ကြနဲ့! မဟုတ်ရင် နောင်မှာ သူတို့ကျူးလွန်မယ့် ရာဇ၀တ်မှုက

ငါတို့ အပြစ် ဖြစ်လာမယ်..!”

စောစောက လူနည်းစုက နေရာများ ပြောင်းရွှေ့ပြီး အသံမျိုးစုံ အော်ဟစ်‌ သွေးဆောင်ကြပြီး လူအုပ်ကြီးကို ဒုက္ခရောက်အောင် နှိုးဆော်ဖို့ ကြိုးစားကြသည်။

ဖေး မျက်မှောင်ကြုတ်သွားသည်။ သူမျှော်လင့်ထားသလိုပင် ကိစ္စများ ဒီလောက် မရိုးရှင်း‌ပေ။

အော်ဟစ်နေကြသည့် လူများက လူသားမျိုးနွယ်အတွက် စေတနာ ရှိသောကြောင့် လုပ်ဆောင်နေခြင်း မဟုတ်ပါ။ သူတို့က မစ်ရှင်တစ်ခု လုပ်နေပြီး လအဆင့်လက်ရွေးစင်တွေအတွက် ဖေးလက်ထဲမှာ သေဆုံးသွားဖို့ လှည့်စားကြခြင်းသာ ဖြစ်သည်။

ဖေးက သူတို့ကို သတ်ပြီး သူ့လက်မှာ ထိုသူတို့၏ သွေးများ စွန်းထင်းခဲ့မည် ဆိုလျှင် ရန်သူအများကြီး ဖြစ်လာလိမ့်မည်။ အမှန်တရား ထွက်လာခဲ့လျှင်ပင် ဖေးနှင့် လအဆင့် လက်ရွေးစင်တွေ၏ မိသားစု အင်အားစုတွေကြားက မုန်းတီးမှုတွေ ပျောက်ကွယ်သွားတော့မှာ မဟုတ်ပါ။

အာဃာတတွေ ရှိလာသည့်အခါ ရှင်းပြချက်က အသုံးဝင်မည် မဟုတ်။

သို့သော် ဖေးသည် ဤနေရာ၌ ငြိမ်ငြိမ်ကလေး ရပ်ကာ ရိုက်နှက်ခံရမည်လား။

‌၎င်းက ဆိုးရွားသည့် ထောင်ချောက်တစ်ခုပင်ဖြစ်သည်။

ထိုသူများ၏ သွေးထိုးလှုံ့ဆော်မှုအောက်တွင် အစောက တုံ့ဆိုင်းနေသော လအဆင့် လက်ရွေးစင် များသည် သူတို့၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများကို အသုံးပြုကာ ဖေးနှင့် ဘက်ကင်ဟမ်အား အညှာတာကင်းစွာ တိုက်ခိုက်ခဲ့ကြသည်။

ဧရာမ ပင်လယ်လှိုင်းများကဲ့သို့ပင် စွမ်းအင်လှိုင်းများသည် သူတို့နှစ်ဦးဆီသို့ အရှိန်အဟုန်ပြင်းစွာ ပျံသန်းလာသည်။

သွေးထွက်သံယို တိုက်ပွဲက ရှောင်လွှဲ၍ မရ တော့ချေ။

End

All Chapters