အခန်း (၉၉၇)
Vol. 66 Ch. 997
အခန်း ၉၉၇- ငါ့ရဲ့ တူကို ငှားချင်လား (အပိုင်းတစ်)
တိုက်ခိုက်လာသူများကို သတ်တော့မည့်
ဘက်ကင်ဟမ်ကို ကြည့်ပြီး ဖေးက
မတိုက်ခိုက်ဖို့ ခေါင်းယမ်းပြလိုက်သည်။
ထို့နောက် ရွှေရောင်စွမ်းအင် မီးတောက်များ သူ့ခန္ဓာကိုယ်မှ ထွက်နေသော ဘုရင်သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။ လျှပ်စီးကြောင်းလို အားပြင်းသော တိုက်ခိုက်မှု အားလုံးကို ဆယ်မီတာအကွာမှ အလွယ်တကူ တားဆီးနိုင်ခဲ့သည်။
ဖေးသည် သူ့နေရာတွင် မတ်တပ်ရပ်လိုက်ပြီး အထပ်ထပ် လက်သီးချက်များပစ်သွင်းသည်။
သူသည် အလွန် မမြန်၊ နှေးလည်း မနှေးပါ၊ သူ့လှုပ်ရှားမှုက အံ့မခန်းပင်ဖြစ်သည်။
ဖေးက လျင်မြန်စွာပင် နှစ်ဆယ့်ခြောက် ကြိမ် ထိုးသတ်လိုက်သည်။
စွမ်းအင်လက်သီးချက် နှစ်ဆယ့်ခြောက်ချက်သည် ဖေးနှင့် ဘက်ကင်ဟမ်အား အရှိန်ပြင်းပြင်း တိုက်ခိုက်နေသော လအဆင့် လက်ရွေးစင် ဆယ့်ခြောက်ယောက်အား ထိမှန်သွားသကဲ့သို့ မှော်အခင်းအကျင်းများကို ထိန်းချုပ်သည့် သခင်ဆယ်ယောက်ကိုလည်းပဲ မချန်ရစ်ခဲ့ပေ။
သူတို့အားလုံး မျက်လုံးများ ပြူးကာ အေးခဲသွားကြသည်။ လှုပ်ရှားနိုင်စွမ်းလည်း ဆုံးရှုံးသွားကြသည်။
ခွန်အား ကွာခြားချက်မှာ အလွန် ကွာဟလွန်းသည်။ သူတို့က ဖေးနှင့် လုံးဝ မယှဉ်သာပေ။
အစမှအဆုံးအထိ၊ ချမ်းဘော့ဒ် ဘုရင်သည် သူ့ခြေထောက်ကိုပင် မလှုပ်ခဲ့။ သူသည် သူ့လက်များကိုသာ ဝှေ့ယမ်းရုံမျှဖြင့်
ဤလူများအားလုံး တိုက်ခိုက်ရေးစွမ်းရည်များ ဆုံးရှုံးသွားခဲ့သည်။
ချမ်းစိမ့်စိမ့် တိုက်ခတ်လာသော လေပြည်ကြောင့် ဆရာသခင် နှစ်ဆယ့်ခြောက်ယောက်စလုံး ကြက်သီးထသွားကြသည်။
ဖေး ဖြည်းညှင်းစွာ လျှောက်လာပြီး အနီရောင် ချပ်ဝတ်နှင့် ခပ်ပုပုဝဝ လအဆင့် လက်ရွေးစင်၏ ရှေ့တွင် ရပ်လိုက်သည်။
ဖေးက ထိုလူပုအား ငုံ့ကြည့်ကာ “မင်းကို ဒီကိုလာဖို့ ဘယ်သူ အမိန့်ပေးတာလဲ” ဟု မေးလိုက်သည်။
“ ဟားဟား တိရစ္ဆာန် ယုတ်မာတဲ့ သစ္စာဖောက် ငါတို့ဆန္ဒနဲ့ ငါတို့ ဒီကို လာခဲ့တာ ငါ နောက်ဆုံး ထွက်သက်ပဲ ရှိနေရင်တောင်မင်းကို ရှာတွေ့ပြီး သတ်ပစ်ဖို့ လူသားသခင်အားလုံးကို ဆင့်ခေါ်လိုက်မယ် မင်းဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်း လူသားတွေရဲ့ အကြီးမားဆုံး သစ္စာဖောက်ပဲ “
ခပ်ပုပုဝဝ လအဆင့် လက်ရွေးစင်သည် မျက်နှာ ပျက်သွားပြီး အော်ပြောလိုက်သည်။ သူ့မျက်နှာမှာ နီရဲလာ၏။
ဖေးက အထင်အမြင်သေးစွာဖြင့် ခပ်ပုပုဝဝလူနှင့် အခြား မျက်စိပျက်မျက်နှာပျက် ဖြစ်နေသည့် လအဆင့် လက်ရွေးစင် နှစ်ယောက်အားလက်ညှိုးထိုးရင်း
“ဟမ့် မင်းရယ် ..ပြီးတော့ မင်းရော..မင်းရော..မင်းတို့ သုံးယောက်က လူတိုင်းနောက်ကွယ်မှာ ပုန်းအောင်းပြီး ဒီဖြောင့်မတ်တဲ့သခင်တွေကို တိုက်ခိုက်ဖို့ သွေးထိုးလှုံ့ဆော်နေတာ သူများကို မြှောက်ပေးပြီး အခြေအနေဆိုးရင် ထွက်ပြေးဖို့ ကြိုးစားနေတာပဲ “
“ ဘာ..ယုတ်မာပြီး ကောက်ကျစ်တဲ့ ကောင်.. မင်းဘာတွေပြောနေတာလဲ
ငါတို့ကို မစွပ်စွဲနဲ့...”
ခပ်ပုပုဝဝ လအဆင့် လက်ရွေးစင်၏ မျက်နှာသည် အရောင်ပြောင်းလဲသွားပြီး ဖေး၏ စွပ်စွဲချက်များကို အမြန်ငြင်းဆိုလိုက်သည်။
ဖေးက ရိုးရိုးရှင်းရှင်း ရယ်မောလိုက်ပြီး ဒီလူနဲ့ စကား ဆက်မပြောတော့ပေ။
သူသည် သူ့ပတ်ဝန်းကျင်ရှိ လအဆင့် လက်ရွေးစင်ကို ကြည့်ရင်း
“ မင်းတို့အားလုံးကို ငါအလွယ်တကူသတ်နိုင်ပေမယ့် ငါက သွေးဆာနေတဲ့ နတ်ဆိုးမဟုတ်ဘူး မင်းတို့အားလုံးက ဒေသတွေကို စိုးမိုးထားတဲ့ သခင်တွေအနေနဲ့ ဉာဏ်ကြီးတဲ့ လူတွေပါ..ဒါပေမယ့် မင်းတို့အားလုံး တခြားသူတွေရဲ့ စကားကို ပစ်ယုံပြီး ဒီကို လာပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားနေကြတယ် ဘာဖြစ်နေတာလဲ မင်းတို့ နားမလည်နိုင်ကြဘူးလား သေချာပြန်တွေးကြ..မဟုတ်ရင် မင်းတို့အားလုံး ဆိုးရွာစွာ သေရလိမ့်မယ်...!”
အခုအချိန်မှာတော့ ဖေး၏ ဖိနှိပ်မှုကို ခံခဲ့ရပြီး ဖေး ခွန်အားကို ကြောက်လန့်သွားကြပါသည်။ ဘုရင်၏ စကားကိုကြားပြီးနောက် အချို့က ဒေါသထွက်ကာ ကျိန်ဆဲကြပြီး အချို့က ခေါင်းငုံ့ကာ တိတ်တဆိတ်ပြန်လည် တွေးတောနေကြသည်။ အချို့မှာ ကြောက်လန့်နေပုံ ရပြီး အချို့မှာ တစ်စုံ တစ်ရာကို ရိပ်မိသွားပုံ ရသည်။
ဖေးက စကား ထပ်မပြော လှည့်၍ ထွက်သွား၏။
“ ဟေး..ငါတို့ ဒီအတိုင်း ထွက်သွားမှာလား။” ဘက်ကင်ဟမ် စိတ်ရှုပ်သွားသည်။
“ဒါပေါ့ကွ၊ ငါတို့ သူတို့တွေအားလုံးကို သတ်ပစ်လို့ ရမလား”
ဖေးက မေးခွန်းတစ်ခုဖြင့် ပြန်ဖြေသည်။
ဘက်ကင်ဟမ်က သူ့ပါးစပ်ကို ဖွင့်ပြီး တစ်ခုခုပြောချင်ပေမယ့် သူ့မှာ ပိုကောင်းတဲ့ အကြံဥာဏ်တွေ မရှိပါ။ ထို့ကြောင့် သူသည် ဖေး၏ အနောက်သို့ လိုက်ကာ တွန့်ဆုတ်စွာ ထွက်ခွာသွားခဲ့ရသည်။
သူတို့နှစ်ယောက် အရှိန်ပြင်းပြင်းပင် တောအုပ်ထဲသို့ ချက်ချင်း ပျောက်ကွယ်သွားကြသည်။
“ မင်းတို့ကို ငါ ပိတ်လှောင်ထားတဲ့ စည်းတံဆိပ်တွေက မိနစ် သုံးဆယ် အကြာမှာ ပျောက်သွားလိမ့်မယ် အကြံသမားရဲ့ နောက်ထပ် အလှည့်စား မခံရစေနဲ့ မင်းတို့ငါ့ကို နောက်တစ်ကြိမ် ရန်ပြုဖို့ကြိုးစားရင် ကံကောင်းမှာ မဟုတ်ဘူး နော် “
ဖေး အသံက အဝေးကနေ လူတိုင်းကြားနိုင်အောင် ရှင်းရှင်းလင်းလင်းထွက်ပေါ်လာသည်။
လအဆင့် လက်ရွေးစင် များအားလုံးသည် ထိုအခါမှ သက်ပြင်းချနိုင်ခဲ့သည်။ ယခု သူတို့သည် သေခြင်းမှ လွတ်မြောက်ပြိ မဟုတ်ပါလား။ အစွမ်းမဲ့သော်လည်း ကံကောင်းပါသေးသည်။
- ငါးမိနစ်အကြာ၌ -
“တောက်..!ခွေးကောင်..! သစ္စာဖောက်..! သတ္တိရှိရင် ငါ့ကို လာသတ်စမ်း..! “
“ခွေးကောင် ..ချမ်းဘော့ဒ်ဘုရင်...!”
ဖေးနှင့် ဘက်ကင်ဟမ်တို့အား တကယ်
မတွေ့ရတော့သည်မှာ သေချာသောအခါ လူတချို့က အားရပါးရ ထပ်ပြီး ဆဲဆိုကြပါတော့သည်။
သူတို့ထဲက တချို့က ပြသနာအား အသေးစိတ်ကျကျကျ သုံးသပ်လာကြသည်။
ချမ်းဘော့ဒ်ဘုရင်အကြောင်း သူတို့ အရင်က သိပ်မသိကြပေ။
ယနေ့ သူနှင့်တွေ့ဆုံပြီးနောက်တွင် ချမ်းဘော့ဒ်ဘုရင်သည် သူ့အား ထင်ကြေးပေးကြသလို ဆိုးသွမ်းကြမ်းတမ်းသော နတ်ဆိုးမဟုတ်ဘဲ ခန့်ညားချောမောသော လူငယ်စစ်သည်တော်တစ်ဦးဟု ခံစားလိုက်ရသည်။
.....သူတကယ် ချောက်ချခံရတာလား....
ထိုသူတို့ တိတ်တဆိတ် တွေးမိကြသည်။
အခုချိန်မှာတော့ သူတို့အားလုံး မတ်တပ်ထရပ်ဖို့ ကြိုးစားနေကြပြီး အနီးနားက ရင်းနှီးသူများကတော့အအချင်းချင်း စကားစမြည် ပြောနေကြပြီ။
“ဟေ့လူတွေ ဒီညအဖြစ်အပျက်ကို မင်းတို့. ဘယ်လို ထင်လဲ” ကိုယ်ခန္ဓာ ထွားကြိုင်းသည့် မီးအခြေပြု စီနီယာ တစ်ယောက်က အသက်ရှူရှိုက်ပြီး မေးလိုက်သည်။
“ ချမ်းဘော့ဒ်ဘုရင်က ရက်စက်ယုတ်မာတဲ့ ရာဇ၀တ်ကောင်ပုံတော့ မပေါ်ပါဘူး ကောလဟာလက မှားနေတာလား “
“ဟုတ်တယ် ဒီလူငယ်စစ်သည်တော်က ဖြောင့်မတ်ပြီး ရဲရင့်တယ်လို့ ငါ ခံစားရတယ် ဇင်းနစ်အင်ပါယာက သူ့အကြောင်းတွေလည်း ငါ ကြားဖူးတယ် သူက သစ္စာဖောက်နိုင်ပုံ မပေါ်ဘူး နောက်ပြီး ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေတဲ့ ပင်လယ်မျိုးနွယ်စုနဲ့ ပူးပေါင်းပြီး လူသားအနေနဲ့ သူက ဘာအကျိုး ရနိုင်မလဲ “
“ဟုတ်တယ်ကွ..ငါတို့ အတပ်မပြောနိုင်ပေမယ့် အခြေအနေက ငါတို့ထင်ထားသလို မဟုတ်ဘူး “
ထိုမီးအခြေပြု စစ်သည်တော်သည် စကားစမြည် စပြောလာ၍ အခြားသူများ ပါဝင်လာခဲ့သည်။
အခန်း ၉၉၇- ငါ့ရဲ့ တူကို ငှားချင်လား... (ဒုတိယပိုင်း)
ဖေး စကား မှန်လေသည်။ ထိုလူတွေများ သူ့ထက် အများကြီး အားနည်းပေမယ့် အတွေ့အကြုံရှိပြီး လိမ္မာပါးနပ်သည်။ သိုင်းသူတော်စင် မာရာဒိုနာ၏ တပည့်တစ်ဦးဟူသော အရှိန်အဝါကြောင့် အံ့အားသင့်ခဲ့ကြပြီး ဒီအလက်ဇန်ဒါရို၏ ပြောဆိုချက်ကို ယုံကြည်ခဲ့ကြခြင်းသာ ဖြစ်ပါသည်။
ယခု ဤသို့ ဖြစ်ပျက်ပြီးနောက်မှာ တစ်ခုခု မှားယွင်းသွားမှန်း သူတို့ သိပါပြီ။
ဖေး လက်ညှိုးထိုးပြခဲ့သော လအဆင့်လက်ရွေးစင် သုံးယောက်သည် အဖွဲ့၏ အပြင်ဘက်အစွန်းတွင် ထိုင်ကာ ဘာမှ
မပြောဘဲ အချင်းချင်း လှောင်ပြောင်ကာ ကြည့်လိုက်ကြသည်။
သူတို့ထဲက တစ်ယောက်က သူ့လက်မှ မှော်လက်နက်တစ်ခုကို ထုတ်ဖော်ကာ ကောင်းကင်သို့ အနီရောင်အလင်းတန်းတစ်ခု ပစ်ခတ်ခဲ့ပြီး အမှောင်ကို လင်းစေခဲ့ပါတယ်။ အဝေးရှိ ဤသွေးရိုလာတောအုပ်တွင် ဤအလင်းတန်းသည် လူ့မျက်လုံးအား ဖမ်းစားစေသည်။
“ဟေး ခိုလာ မင်း ဘာလုပ်နေတာလဲ” အချင်းချင်း စကားပြောနေကြသော လအဆင့်သူတော်စင်များသည် ရုတ်တရက် ရပ်သွားကာ ထွားကြိုင်းသော စီနီယာက မျက်မှောင်ကြုတ်ကာ မေးသည်။
ဖေး ပြောသောစကားသည် လအဆင့်သူတော်စင်များသည် ဤလူသုံးယောက်ကို သံသယ စဝင်နေပြီ ဖြစ်သည်။
“ဟီးဟီး၊ ဘာလုပ်နေရမှာလဲ၊ ငါတို့အတွက် အကူအညီ တောင်းခံနေတာပဲ...” ဟု ခပ်ပုပုဝဝ လအဆင့်သူတော်စင်က အပြုံးဖြင့် ပြန်ပြောသည်။ သူ့လေသံနှင့် အေးစက်သောအမူအရာသည် အခြားသူများအား လန့်စေသည်။
ခဏကြာတော့ အလင်းတန်းများစွာ ပေါ်လာပြီး အနီရောင်အလင်းတန်းဆီသို့ ပျံသန်းသွားသည် ။
ဤအလင်းတန်းများသည် လူတိုင်း ရှိနေသည့် ရေကန်ဘေးတွင် ချက်ချင်း ပေါ်လာပြီး ၎င်းတို့သည် အနက်ရောင် တင်းကျပ်သော ချပ်ဝတ်နှင့် လအဆင့်လက်ရွေးစင်များ ဖြစ်ကြောင်း ထင်ရှားလာသည်။
သူတို့အားလုံးက အသက် နှစ်ဆယ်မှ
သုံးဆယ်ဝန်းကျင် ငယ်ရွယ်သူများဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ဆန်းသစ်လ လက်ရွေးစင်များ ဖြစ်သောကြောင့်
သူတို့က သိပ် မသန်မာကြပါ။
တစ်ခုတော့ ရှင်းပါသည်။ သူတို့သည် တူညီသော အဖွဲ့အစည်းမှ ဖြစ်ကြသည်။
“စီနီယာအစ်ကို ခိုလာ ၊ အခြေနေ ဘယ်လိုလဲ”
အသက် နှစ်ဆယ်လောက် ရှိသည့် လူငယ်တစ်ယောက်က လူတိုင်းကို ဝေ့ဝဲ ကြည့်ပြီး ခပ်ပုပု ဝဝလအဆင့်လက်ရွေးစင် ဆီကို လျှောက်လာသည်။
“ ပြီးခါနီးပြီ ဒါပေမယ့် ချမ်းဘော့ဒ် ဘုရင်က ဒီလူတွေကို မသတ်ဘဲ လွှတ်လိုက်တယ် “
အသက် နှစ်ဆယ်လောက် ရှိသည့် လူငယ်က ခိုလာ့အား မတ်တပ်ရပ်နိုင်ဖို့ ကူညီပေးစဉ်မှာ အဆီဖုံးနေသော ခိုလာ့မျက်လုံးသေးသေးလေးတွေက ကောက်ကျစ်သည့် အလင်းတန်းများ ထွက်ပေါ်လာသည်။သူက ပြောသည်။
“ ငါ့ရဲ့ စစ်သည်တော် စွမ်းအင်ကို ချမ်းဘော့ဒ် ဘုရင်က တံဆိပ်ခတ်ထားတယ် အဲ့ဒီလူယုတ်မာက အစွမ်းထက်လွန်းတယ်၊ မင်းတို့က ငါ့ကို ချိုးဖျက်လို့ မရဘူး ဟမ့်..! မြန်မြန်၊ ဒီလူမိုက်တွေကိုသာ သူတို့ခွန်အား တွေပြန်မရခင် အမြန် သတ်စမ်း “
ထိုသို့ ပြောဆိုပြီးနောက် ခိုလာသည် သူ့မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ဟားတိုက် ရယ်နေတော့သည်။
“ဘာလဲ၊ မင်း ငါတို့ကို သတ်ချင်နေတာလား…” အားလုံးက အံ့သြသွားကြသည်။
“ခိုအာ..! မင်း ဒါ ဘာလုပ်တာလဲ၊ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ကြံစည်ထားတာလားကွ...!”
ထိုမီးအခြေပြု လူထွားကြီးသည် ယခုမြင်ကွင်းကြောင့် ထိတ်လန့် တုန်လှုပ်သွားသည်။
“ဟားဟား ငါတို့ ဘာတွေ လုပ်နေလဲ..
ဆိုဒါကို နားလည်ဖို့ မင်း ဒီလောက် ကြာနေပြီလား”
ခိုလာက ဂုဏ်ယူစွာ ကြည့်သည်။
ထိုစကားကြောင့် ကျန် လအဆင့် လက်ရွေးစင်နှစ်ဆယ့် သုံးယောက်စလုံးသည် ဖြူဖတ်ဖြူလျော်ဖြစ်သွားကြသည်။
“အောက်..အောက်တန်းကျတဲ့ လူယုတ်မာ..! ချမ်းဘော့ဒ်ဘုရင်ပြောတာ မှန်တယ်! ကောက်ကျစ်တဲ့ လူ.! ငါတို့အားလုံး မင်းတို့ရဲ့ အသုံးချခံလိုက်ရတာပဲ...!”
ကိုယ်ခန္ဓာ ထွားကြိုင်းသော စီနီယာသည် ဒေါသထွက်ကာ ထရပ်ရန် ကြိုးစားသော်လည်း မအောင်မြင်။
ချမ်းဘော့ဒ် ဘုရင်က သူတို့အပေါ် ပိတ်လှောင်သည့် စည်းတံဆိပ်များက အချိန်အနည်းငယ်ကြာပြီးမှ ပျောက်ကွယ်သွားနိုင်မည်။
“ဟာဟားဟား သူရဲကောင်းကြီး..!အခြေအနေကို နားလည်ဖို့ နှေးလွန်းတယ် အခု နောက်ကျသွားပြီ “ ခပ်ပုပု ဝဝ ခိုလာက ထေ့ငေါ့သည်။
“သတ်ကြစမ်း တခြား တစ်ခုခု မဖြစ်ခင်..!
အနက်ရောင်ဝတ်စုံဝတ်ထားသည့်
လအဆင့် လက်ရွေးစင် လူငယ် ကိုယ်စီ လက်နက်များကို ဆွဲထုတ်ကာ ပိတ်လှောင်ထားခံရသူတို့အား သတ်ပစ်တော့မည်ဖြစ်သည်။
“ထောင်ချောက် ဆင်တဲ့ ကောင်တွေ ဒီတော့ မင်းတို့တွေက ချမ်းဘော့ဒ် ဘုရင်ကို ဆဲရေးဖို့ ကြိုးစားနေတဲ့လူတွေပဲလား ယုတ်မာတဲ့ သစ္စာဖောက်တွေ မင်းရဲ့အကြံအစည်ကို ဖော်ထုတ်လိမ့်မယ် ငါ့သူငယ်ချင်းတွေနဲ့ မိသားစုတွေက မင်းကို ခွင့်မလွှတ်ဘူး...” လူတချို့က အော်ဟစ်ကြသည်။
“မင်းရဲ့နောက်မှာ ဘယ်သူ ကြိုးကိုင်နေလဲ”
“မင်းဘာလို့ ချမ်းဘော့ဒ် ဘုရင်ကိုသတ်ဖို့ကြိုးစားနေတာလဲ”
“တောင်းပန်ပါတယ်ဗျာ ကျုပ်ကို မသတ်ပါနဲ့ ကျုပ် ဒီအကြောင်း ဘာမှမပြောဘူးလို့ ကတိပေးပါတယ်ဗျာ...”
ထိုသို့ ကျိန်ဆဲခြင်း၊ အော်ဟစ်ခြင်းနှင့် အသက်ချမ်း တောင်းပန်ခယခြင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။
ဤလအဆင့် လက်ရွေးစင် များသည် နောက်ဆုံးတွင် အခြေအနေကို သိရှိနားလည်ခဲ့သော်လည်း အချိန်နှောင်းသွားခဲ့သည်။
အံ့ဖွယ်အမှုတစ်ခုမဖြစ်ခဲ့လျှင် သူတို့သည်
သေဖို့ သေချာနေပြီ။ ထို့အပြင်၊ သူတို့၏ သေဆုံးမှုများကို ပို၍ ပျက်စီးစေရန်အတွက် အခြားသူများ အသုံးချမည်ဖြစ်သည်။
“ဟာဟားဟား သတ်လိုက်၊ အားလုံးကိုသတ်..!အိုး..ဟုတ်ပြီ..!သူတို့ကို တူနဲ့ရိုက်စမ်း ချမ်းဘော့ဒ်ဘုရင်က တူ သုံးတာ..ငါတို့ ဒီကောင်တွေရဲ့ဒဏ်ရာတွေကို ယုံအောင် လုပ်ရမယ် “
ခိုလာ၏ ရယ်သံက မကောင်းဆိုးဝါးတစ်ကောင်လိုပင်။
အနက်ရောင် ချပ်ဝတ်နှင့် လအဆင့် လက်ရွေးစင်လူငယ်များထဲမှ တစ်ယောက်က လအဆင့် လက်ရွေးစင်တစ်ယောက်ကို သူ၏ဓားဖြင့် သတ်ပစ်တော့မည် ဖြစ်ပြီး ခိုလာ့အသံ ကြားပြီးနောက် တုံ့ခနဲ ရပ်သွားသည်။
သူက လှည့်ပြီး
“စီနီယာအစ်ကို ခိုလာ၊ ကျွန်တော်တို့ထဲက တစ်ယောက်မှ သံတူကို လက်နက်အဖြစ် မသုံးဘူး…”
“ မင်းတို့ အရူးတွေ မင်း ဒါကိုတောင် မလုပ်နိုင်ဘူးလား “
ခိုလာက ဒေါသထွက်ပြီး သူ့ခန္ဓာကိုယ်ပေါ် က အဆီတွေက နိမ့်လိုက်၊ မြင့်လိုက် လှုပ်ရှားသွားသည်။
“ဟေး..ရောင်းရင်းတို့.. ငါ့တူကို ငှားချင်လား… ဒဏ်ရာတွေ ထပ်တူကျမယ်လို့ ငါအာမခံတယ်…” ဟု
သူတို့ အနောက်မှ ရွှင်မြူးသော အသံ တစ်ခု ထွက်လာသည်။
“အိုး ကျေးဇူးပါ..ဒါဆို အဆင်ပြေပြီ…”
ခိုလာက ပျော်သွားသော်လည်း သူ့ စကားမဆုံးခင်မှာ ဒီအသံက နည်းနည်းရင်းနှီးနေသလို ခံစားရသည်။ သူ လှည့်ကြည့်လိုက်တော့ အံ့အားသင့်သွားသည်။ သူ့ခန္ဓာကိုယ်က အဆီယစ်သည့် အရေပြားတွေ တုန်ခါလာပြီး စကားတောင် ကောင်းကောင်း မထွက်နိုင်တော့ပေ။
“မင်း... မင်း... မင်းလား မဖြစ်နိုင်ဘူး...”
End