အခန်း (၉၉၈)
Vol. 66 Ch. 998
အခန်း ၉၉၈: သူ့ကို သတ်ပစ်မယ်..! (အပိုင်းတစ်)
ပုပု ဝဝ လအဆင့် လက်ရွေးစင်
ခိုလာ၏ ခန္ဓာကိုယ်မှာ တောင့်တင်သွားသည်။ယခုတောပ သူ့နှလုံးသားထဲမှ နက်နဲသည့် အကြောက်တရားတစ်ခုကြောင့် အရိုးများ သွေးများ အေးခဲသွားသည်။အနည်းငယ် လှုပ်လိုက်လျှင်ပင် သူ့ခန္ဓာကိုယ်က ရေခဲရုပ်ထုလို ကွဲအက်သွားမည်ဟု ခံစားရသည်။
ဖေး ပြန်ပေါ်လာသည်ကို မြင့်သည့်အခါ အလွန်ကြောက်သွားသည်။ စကားတစ်ခွန်းတောင် ထွက်မလာနိုင်တော့ပေ။
“ ဘာလို့ ပြန်ရောက်လာတာလဲလို့ မေးချင်တာလား ငါ ခဏပဲ ပြန်ထွက်သွားတာလေ “
ဖေးက ပြုံးပြီး သူ့ရွှေရောင် စွမ်းအင်မီးလျှံများ ခြံရံကာ ရေကန်ဘေးမှာ ပြန်ပေါ်လာသည်။
ခိုလာသည် အလိုအလျောက် ခေါင်းညိတ်မိသွားသည်။
“မင်းငါ့ကို ရိုးသားစွာမေးတဲ့အတွက် မင်း သနားသော အားဖြင့် အမှန်အတိုင်းပြောလိုက်မယ် ငါ ဘယ်တုန်းကမှ ထွက်သွားဖို့ မကြံစည်ဖူးဘူး ရှောင်ထွက်ပြီး ပုန်းနေခဲ့တာတကယ်တော့ မင်း အချက်ပြမီး မလွှတ်ခင်မှာ ငါပြန်ရောက်နေပြီ မင်းကြည့်ရတာ ရက်စက်ကြမ်းကြုတ်ပြီး အပြုအမူက ပိရိတယ် ခရီးသွားကဗျာဆရာတွေ ပြောပြတဲ့ ပုံပြင်ထဲက လူယုတ်မာတွေရဲ့ ဖော်ပြချက်နဲ့ အံကိုက်ပဲ မင်းက တခြားလူကို အသာလေး အရူးလုပ်နိုင်တယ်”
ဖေးသည် ခိုလာအနားသို့ တစ်လှမ်းပြီးတစ်လှမ်း နီးကပ်လာသည်။
ဤအခိုက်အတန့်တွင် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်ထားသော လအဆင့် လက်ရွေးစင် ကောင်လေးများသည် တစ်ခုခု ပုံမမှန်သည်ကို သဘောပေါက်သွားကြသည်။ ခိုလာကို မတ်တတ်ရပ်နိုင်အောင် ကူညီပေးသော လူငယ်လေးသည် သူ့မျက်လုံးများမှ လူသတ်လိုသောအလင်းတန်းများ စူးရှလာကာ ဓားကိုကိုင်လျက် ဖေးဆီသို့ ပြေးသွားလေသည်။
သို့သော် ဖေးက လူငယ်အား ပေါ့ပေါ့ပါးပါးပင် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။
ထို့နောက် လူငယ်သည် မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားသည်။
ဤလူငယ်သည် အဆင့်နိမ့်လအဆင့် လက်ရွေးစင် တစ်ဦးမျှသာဖြစ်သည်။ သူသည် သာမန်လူများ၏ မျက်လုံးများတွင် အနိုင်မယူနိုင်သော တိုက်ပွဲနတ်ဘုရားကဲ့သို့ ထင်ရသော်လည်း ဖေး၏ အရှေ့၌ ဥမှ ထွက်လာသော ကြက်နှင့် မခြားပေ။
သို့သော် ဖေးက သူ့ကို မသတ်ဘဲ ဖိနှိပ်ထားသည်။ ထိုလူတွေဆီက သတင်းအချက်အလက်တွေ ဖော်ထုတ်ချင်သေးသည်။
“ ကောင်လေးတွေ..မြန်မြန် ဒီလအဆင့် လက်ရွေးစင်တွေကို သတ်စမ်း..
ချမ်းဘော့ဒ်ဘုရင်အတွက် ငါ့တာဝန်ထား “
အရပ်ပုပုဝဝ ခိုလာသည် နောက်ဆုံးတွင် ထိတ်လန့် တုန်လှုပ်ခြင်းမှ နိုးလာပြီး အရူးတစ်ယောက်လို ကြွေးကြော်လိုက်သည်။
ခိုလာက လအဆင့် လက်ရွေးစင်လေးတွေအတွက် အချိန်ဆွဲဖို့ ဘုရင်ကို ခဏတာ ရပ်တန့်ရန် မကြောက်မရွံ့ ပြေးလွှားလာသည်။
ဖေးသည် အရှက်မရှိသော ဖက်တီးအား ဤကဲ့သို့ ရက်စက်မည်ဟု မမျှော်လင့်ထားသော်လည်း သူ့အမူအရာမှာ မပြောင်းလဲခဲ့ပေ။
သူတို့၏ ခွန်အား ကွာခြားချက်က အလွန် ကွာဟသည်။
နောက်ထပ်အချိန်ကို မဖြုန်းချင်တော့ဘဲ ဖေးသည် လက်ချောင်းများကို ရွှေ့လိုက်ရာ ရွှေဓားစွမ်းအင်များ ပေါက်ကွဲလာပြီး ခိုလာ နှင့် အခြားလူငယ်များ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
အုန်း...!
ဘုန်း....!
ဤလအဆင့် လက်ရွေးစင်များအားလုံး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ထို့နောက် ဖေးက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်စွမ်းအင်မီးတောက်တစ်ခုသည် ရှေ့သို့ရွေ့လျားသွားပြီး ခိုလာအား ဆုပ်ကိုင်ကာ ဖေးထံ ဆွဲချလာ၏။
ခိုလာ၏ အော်သံကို လျစ်လျူရှုရင်း ဖေး သည် သူ့လက်ကို ဤဖက်တီး၏ နဖူးပေါ်သို့ ဖိကာ သူ၏ များပြားလှသော ဝိညာဉ်စွမ်းအင်များကို ခေါင်းထဲသို့ ထိုးသွင်းကာ မှတ်ဉာဏ်များကို ဖတ်ရှုလိုက်သည်။
ဖေးက ဤနည်းကို လူသားတစ်ဦးထံ ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤအဖြစ်အပျက်က အရေးကြီး၍ ဖေး သူ့ကိုဖမ်းပြီး စစ်ဆေးမေးမြန်းဖို့ အချိန်မဖြုန်းတော့ပေ။ ထို့အပြင် ဤဖက်တီးသည် အမှန်တကယ် ရက်စက်ကြမ်းကြုတ်ပြီး ဆိုးရွားသောအဆုံးသတ်ကို ထိုက်တန်သူ ဖြစ်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဖေးသည် လက်ကို ပြန်ရုပ်သည်။
အုန်း!
ဝဝ ပုပု လအဆင့် လက်ရွေးစင်သည် သူ၏အသက်ရှူသံများ အားနည်းလာသဖြင့် အရုပ်ကြိုးပြတ် မြေပြင်ပေါ်သို့ ပြိုကျသွားသည်။ သူ့ခွန်အားတွေ အကုန်ပျောက်ရှကုန်ပြီဖြစ်သည်။
ဖေး သက်ပြင်းတစ်ချက်ချလိုက်ပြီး ထိတ်လန့်နေဆဲ အခြားလအဆင့် လက်ရွေးစင်တွေကို ဝေ့ဝဲ ကြည့်လိုက်သည်။
သူက ဟက်ခနဲ ရယ်ပြီး..
“ကဲ မင်းတို့ကောင်တွေက တုံးအတဲ့ ဝက်တွေ မဟုတ်ဘူး ဘာတွေဖြစ်နေလဲ သဘောပေါက်မယ်ထင်တယ် မင်းတို့ကို အကုန် ရှင်းပြစရာ လိုသေးလား”
သူ့စကားကြောင့် လအဆင့် လက်ရွေးစင်များသည် ရှက်စိတ်ဖြင့် ခေါင်းငုံ့ထားကြသည်။
မီးဒြပ်စင် အခြေပြု ကျင့်ကြံသော ခရမ်းရောင် ၀တ်စုံဝတ် ထွားကျိုင်းသော စီနီယာက မတ်တပ်ရပ်ကာ ဖေးကို ဦးညွှတ်လိုက်သည်။ သူက ရိုကျိုးစွာဖြင့်
“ ကျုပ်တို့ ဒီလောက်အမှားကြီးလုပ်မိမှန်း ငါတို့မသိလိုက်ဘူး ခိုလာလို ဝံပုလွေတစ်ကောင်ကို မိတ်ဆွေအဖြစ် ယုံမှားပြီး တောထဲမှာ အသတ်ခံရတော့မလို့ ကျုပ်တို့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..ချမ်းဘော့ဒ် ဘုရင်”
အခန်း ၉၉၈ သူ့ကို သတ်ပစ်မယ် (အပိုင်းနှစ်)
“ ဟုတ်ပါတယ်ဗျာ၊ ကျုပ်တို့ကို ကယ်တင်ပေးလို့ တကယ့်ကို ကျေးဇူးတင်ပါတယ်၊ ချမ်းဘော့ဒ် ဘုရင် “
တစ်ယောက်ကလည်း ရိုသေစွာ ဦးညွတ်၍
“အခုတော့ အရှင်ဟာ ကောလဟာလတွေကလို လူသားတွေကို သစ္စာဖောက်တာ မဟုတ်မှန်း ကျွန်တော် ယုံကြည်ပါပြီ..’”
နောက်တစ်ဦးကလည်း ဖေးအား မေးမြန်းလာသည်။
“အရှင် ဘာကို ရှာတွေ့ထားပါသလဲ ဒီလူတွေနောက်မှာ ဘယ်သူတွေရှိနေတာလဲဗျာ ဘာလုပ်ဖို့ ကြိုးစားနေတာလဲဗျာ”
“အရှင်..ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ခဲ့လို့ ကျေးဇူး အထူးတင်ရှိပါတယ်၊ ဒီသုံ့ပန်းတွေကို ဘယ်လို ကိုင်တွယ်ရန် ဆုံးဖြတ်ထားပါသလဲ..”
လအဆင့် လက်ရွေးစင် များသည် မတ်တပ်ရပ်ရန် ရုန်းကန်ခဲ့ရပြီး ဖေးအား အလျင်အမြန် ကျေးဇူးတင်ကြသည်။
အားလုံး ရှက်ရွံ့သွားကြသည်။
ဖေးသည် တစ်စက္ကန့်နောက်ကျ၍ ပြန်လာခဲ့ပါက မိမိတို့သည် အလောင်းကောင်များနှင့် သရဲတစ္ဆေများဘဝ ပြောင်းလဲသွားကာ တောထဲတွင် လူမသိသူမသိသေဆုံးသွားကြမည်ဖြစ်သည်။ သေမင်းနှင့် ပက်ပင်းရင်ဆိုင်ရမှ သူတို့အားလုံး ငြိမ်သက်သွားပြီး အရာရာကို ဆင်ခြင် တွေးတောမိကြသည်။
ဖေးက လက်ကိုင်ပုဝါကိုထုတ်ပြီး သူ့လက်ကို သန့်စင်လိုက်သည်။
ထို့နောက် သူက ပြုံးပြီး ပြောသည်။
“ဒီလူတွေကို မင်းတို့အတွက် ကိုင်တွယ်ဖြေရှင်းဖို့ ငါထားခဲ့မယ် အဖြေသိချင်ရင် မင်းသူတို့ကို စုံစမ်းမေးမြန်းလို့ရတယ် ငါကိုယ်တိုင် ပြောတာထက် ပိုယုံကြည်နိုင်လိမ့်မယ် ဒီညမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို နယ်မြေတွေက အင်ပါယာအားလုံးကို ပြောပြနိုင်ရင် မင်းတို့
အသက်ကို ကယ်ခဲ့တဲ့အတွက် ငါ့ကို ကျေးဇူးတင်ရာ ရောက်ပါတယ် “
ထိုစကားကို ပြောပြီးနောက် ဖေးက သူ၏
ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ဤလအဆင့် လက်ရွေးစင်များ၏ကိုယ်ခန္ဓာမှ ရွှေရောင်စွမ်းအင် လှိုင်းများ ထွက်ပေါ်လာကာ ဖေး၏လက်ဖဝါးထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။
သူတို့အပေါ်ရှိ တံဆိပ်များကို ရုတ်သိမ်းလိုက်သည်နှင့်အမျှ လအဆင့် လက်ရွေးစင်များသည် ပို၍ ပေါ့ပါးလာသည်ဟု ခံစားလိုက်ရသည်။ စစ်သည်တော် စွမ်းအင်အား သူတို့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ထုတ်ဖော်နိုင်သောအခါ ထိုရင်းနှီးသောခံစားချက်က သူတို့ကို ပိုမိုလုံခြုံစေသည်ဟု ခံစားရသည်။
သူတို့သည် ခေါင်းမော့ပြီး ချမ်းဘော့ဒ် ဘုရင် နှင့် ဘက်ကင်ဟမ် ဘုရင်တို့ကို အထပ်ထပ်အခါခါ ကျေးဇူးတင်စကား ဆိုခဲ့ကြသည်။ စက္ကန့်ပိုင်းတွင် ဤလူနှစ်ယောက် ပျောက်ကွယ်သွားခဲ့ပြီဆိုတာ သူတို့ သိလိုက်ရသည်။
ညဘက် လေအေးတိုက်ခတ်လာသောအခါ အနည်းငယ် ချမ်းသလို ခံစားလိုက်ရသည်။
ဤလအဆင့် လက်ရွေးစင်များသည် ပို၍ နိုးကြားလာပြီး တစ်ယောက်ကို
တစ်ယောက်ကြည့်ကာ သူတို့၏ မျက်လုံးများတွင် ထိတ်လန့်ကြောက်ရွံ့မှုကိုယ်စီအား မြင်လိုက်ရသည်။
သူတို့အားလုံးဟာ ဖြောင့်မတ်ပြီး သူရဲကောင်းဆန်သည့် ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ ထိုသို့ ဖြစ်၍သာ သူတို့က ဤနေရာသို့လာပြီး တခြားသူများ၏ လှုံ့ဆော်မှုကြောင့် သွေးဆူကာ ဖေးကို သတ်ဖို့ ကြိုးစားခြင်း ဖြစ်၏။
သို့သော်လည်း၊ ယနေ့ညတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် သူတို့ကို အံ့အားသင့်စေကာ သူတို့သည်
ချမ်းဘော့ဒ် ဘုရင်ကို နားလည်မှုလွဲကာ
ခိုလာက သူတို့အား လှည့်စားခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။ချမ်းဘော့ဒ် ဘုရင် အပေါ် စွပ်စွဲ ရန်မူခဲ့သည်ကို စိတ်မကောင်း ဖြစ်သွားကြသည်။
သူတို့၏ ခွန်အားများ မြန်မြန်ပြန်ရလာပြီးနောက်စိတ်မြန်လက်မြန် ရှိသူများက ဖေး ဖိနှိပ်ထားသည့် အနက်ရောင်ချပ်ဝတ် ဝတ် လအဆင့် လက်ရွေးစင်များကို စတင်၍ စစ်ဆေးမေးမြန်းနေသည်။ ပြသနာများ၏ နောက်ကွယ်က အမှန်တရားကို သိလိုနေကြသည်။
ငြိမ်သက်အေးချမ်းသော ရေကန်ဘေးတွင် စိတ်မချမ်းမြေ့ဖွယ် အော်ဟစ် မြည်တမ်း သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
လရောင်အောက်တွင် ဖေးနှင့်
ဘက်ကင်ဟမ်တို့သည် လီယွန်မြို့တော်ဆီသို့ ဦးတည်ကောင်းကင်ယံ၌ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြသည်။
“အဲ့လို ဖြစ်ပျက်လာနိုင်တယ်လို့ မင်း ဘယ်လို သိနေတာလဲ” ဟု ဘက်ကင်ဟမ်က စပ်စုသည်။
“ ငါ ခန့်မှန်းလိုက်တာပဲ “ ဖေးက ရိုးရိုးသားသား ဖြေ၏။
“မင်းရဲ့ ဆဋ္ဌမအာရုံက တစ်ခါတလေ အမျိုးသမီးတွေထက် ပြတ်သားပြီး ထက်မြက်တယ်” ဘက်ကင်ဟမ် သက်ပြင်း တစ်ချက်ချကာ ချီးကျူးလိုက်သည်။
သူသည် ချမ်းဘော့ဒ် ဘုရင်၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်ခဲ့သော ပြသနာနှင့် အဖြစ်အပျက်များကို ပြန်တွေးပြီးနောက် ဘက်ကင်ဟမ်သည် ချမ်းဘော့ဒ် ဘုရင်၏ ထိုးထွင်းသိစိတ်သည် အတော်လေး မှန်ကန်ကြောင်း တွေးမိသည်။
ဖေးသည် အနာဂတ်ကို ခန့်မှန်းနိုင်သည့်အတိုင်းပင်။ သူ့မျက်လုံးနှင့် မမြင်ခဲ့ရလျှင် ဘက်ကင်ဟမ် လည်း ယုံမည် မဟုတ်ချေ။
“ဒါကို ချီးကျူးချက်လို့ ယူဆရမလား”
ဖေးက ဖရိုဖရဲပလ္လင်ကို တိုက်ရိုက်ဆင့်ခေါ်ပြီး ဘက်ကင်ဟမ်နှင့်အတူ ဖရိုဖရဲပလ္လင် ပေါ်တွင် ရပ်ကာ ရှေ့သို့ ပိုမြန်မြန် ပြေးခဲ့သည်။
“ဟေး..မင်း ဘာလို့ လီယွန်မြို့တော်ကို ရောက်ဖို့ အလျင်လိုနေလဲ မင်း တစ်ခုခုကို ရှာတွေ့ခဲ့တာလား “ ဟူ၍ ဘက်ကင်ဟမ်က မေးသည်။
“မဟုတ်ဘူး”
ဘက်ကင်ဟမ် ဆွံ့အသွားရသည်။
ထို့နောက်...ဖေးက ဆက်ပြောသည်။
“ ဒါပေမယ့် ငါ့ ထိုးထွင်းသိစိတ်က ထက်မြက်တယ်လို့ မင်း မပြောခဲ့ဘူးလား ငါတို့ ဂါလန်ကို နှစ်ရက်အတွင်း ရောက်ရင် မင်းရဲ့ခန္ဓာကိုယ်မှာ သွေးစွန်းနေတဲ့ အရိုးစုကို စိုက်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အဖွဲ့အစည်းကို ငါတို့ရှာတွေ့နိုင်မယ်လို့ ငါ့ ထိုးထွင်းသိစိတ်က ပြောနေတယ်ကွ “
“တကယ်လား အဲ့ဒီလူကို ဘယ်လိုရှာမလဲ မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ”
“အဲ့ဒီလူက ငါထင်တဲ့ တစ်ယောက်လား ကြည့်ကြသေးတာပေါ့ “
“ မင်း ထင်တဲ့သူ ဖြစ်နေရင်ရော “
“မေးစရာ လိုလို့လား သူ့ကို သတ်ဖို့ ငါအစွမ်းကုန် ကြိုးစားမယ်...”
ထိုအခါ ဘက်ကင်ဟမ်သည် ပြောစရာ စကားများ ဆုံးရှုံးခဲ့ရပြန်သည်။
ခဏ ရပ်ပြီးနောက် ဘက်ကင်ဟမ်က
“သူ မဟုတ်ခဲ့ရင် ဘယ်လိုလုပ်မလဲ” ဟု ထပ်မေးပါသည်။
ခဏကြာ လေးလေးနက်နက်စဉ်းစားပြီးနောက် ဖေးက ပြန်ဖြေသည်။
“သူ မဟုတ်ခဲ့ရင်လည်း ငါ သူ့ကို သတ်မှာပဲ..”
“ဖူး…” ဘက်ကင်ဟမ်သည် ဖေးကြောင့် သွေးအန်မိတော့မည်။
End