← Chapters

အခန်း (၉၉၉)

Vol. 66 Ch. 999

အခန်း (၉၉၉)

Vol. 66 Ch. 999

အခန်း ၉၉၉- ဖေးရဲ့နည်းဗျူဟာ (အပိုင်းတစ်)

နေ့လယ်အချိန်၌ ဖေးနှင့် ဘက်ကင်ဟမ် တို့သည် လီယွန်၏ မြို့တော်မှ ကီလိုမီတာ ငါးထောင်အောက် ကွာသော ခီရာနေးမြို့တွင် ရပ်လိုက်ကြသည်။ ခီရာနေးမြို့သည်လီယွန်၏ မြို့တော် ဂါလန်မြို့မြောက်ဘက်တွင် တည်ရှိသည်။

၎င်းသည် လီယွန်အင်ပါယာ၏ စစ်ဘက်မြို့များထဲမှ တစ်ခုဖြစ်ပြီး လီယွန်၏ သူရဲကောင်းငါးဖော်အနက်မှ တစ်ခုဖြစ်သော သွေးမျက်နှာဖုံး သူရဲကောင်းတပ်မဟာသည် ဤနေရာ၌ အခြေချခဲ့သည်။ ဤတပ်စုသည် လွန်ခဲ့သော

နှစ်..ရာပေါင်းများစွာခန့်က လီယွန်အင်ပါယာ စတင်တည်ထောင်ချိန်မှစ၍ တည်ရှိနေခဲ့သည်။

၎င်းသည် ကြီးမားသော စစ်ပွဲများစွာကို ဆင်နွှဲခဲ့ပြီး စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ဖြတ်သန်းခဲ့ရသည်။ အကြိမ်ပေါင်းများစွာ လုံးလုံးနီးပါး သုတ်သင်ခံခဲ့ရသော်လည်း၊ ၎င်းကို ကျော်ဖြတ်ပြီး ပို၍ပင် အတွေ့အကြုံ ရှိလာပြီး ပိုမိုအားကောင်းလာသည်။ သွေးမျက်နှာဖုံး သူရဲကောင်းတပ်မဟာသည် လီယွန်၏ တော်ဝင်မိသားစု၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်ရှိ အရေးအကြီးဆုံး စစ်အင်အားများထဲမှ တစ်ခု ဖြစ်သည်။

ကောင်းကင်မှာ အရှိန်ပြင်းပြင်း ပျံသန်းရခြင်းက ပင်ပန်းလေသည်။ အစွမ်းထက်သော ဖေးပင်လျှင် ပင်ပန်းနွမ်းနယ်မှုကို ခံစားခဲ့ရသည်။

သူတို့နှစ်ဦးသည် သူတို့ကိုယ်သူတို့ ရုပ်ဖျက်ပြီးနောက် ခီရာနေး မြို့သို့ ဝင်ရောက်ကာ စားသောက်ရန် နေရာများကို ရှာဖွေခဲ့ကြသည်။

ထို့နောက် ဖေးသည်

ဘက်ကင်ဟမ်၏ လမ်းညွှန်မှုအောက်တွင်မြို့၏ ဝေးလံခေါင်သီသောတစ်နေရာသို့ရောက်လာပြီး ထီးထီး တည်ရှိနေသော ရဲတိုက်တစ်ခုကို တွေ့ခဲ့သည်။

ကင်းမျှော်စင်များစွာရှိပြီး ကာကွယ်ရေးတံတိုင်းပေါ်တွင် ကင်းလှည့်နေသော ကြေးစား အများအပြား ရှိသည်။ ရဲတိုက်အား ကောင်းစွာ ကာကွယ်ထားသည်။

“ ဒါက ခီရာနေးမြို့ရဲ့ နာမည်ကြီးပြင်းထန်မုန်တိုင်းကြေးစား အစည်းအရုံးရဲ့ ဌာနချုပ်လေ “

ဘက်ကင်ဟမ်က ဖေး ဒီကိုလာဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲဆိုတာကို သိချင်နေပေမယ့် ဆက်လက်ရှင်းပြလိုက်သည်။

“ပြင်းထန်မုန်တိုင်းကြေးစားအုပ်စုက ကြီးကြီးမားမားမဟုတ်သလို လူ လေး ငါးဆယ် လောက်သာရှိပေမယ့် သူတို့ရဲ့ ကြံ့ခိုင်မှုကတော့ မဆိုးဘူး မြို့တွင်းရှိ ထိပ်တန်း ကြေးစားအဖွဲ့ နှစ်ဆယ်ထဲမှာ စာရင်းဝင်ပေါ့ သူတို့ဟာ အမြဲတမ်း သိုသိုသိပ်သိပ်နေတတ်တယ် သံသယဖြစ်စရာ ဘာမှမရှိဘူးလို့ ငါ ထင်တယ် ”

“ သူတို့ကို သတ်ပစ်မယ် “

ဖေးက ရှေ့သို့ တိုးလာသည်။

“ဟမ် ဘာကြောင့်လဲ သတ်တာလား သူတို့ကို ဘာကြောင့်လဲ “

ဘက်ကင်ဟမ် စိတ်ရှုပ်သွားသည်။

“မေးခွန်းတွေ အများကြီး မမေးနဲ့။ ငါ မင်းကို နောက်မှ ရှင်းပြမယ် ကောင်းပြီ မင်း အပြင်မှာ စောင့်နေလိုက် ဘယ်သူ့ကိုမှ

မလွတ်စေနဲ့ ”

ထိုသို့ပြောပြီးနောက် ဖေးက မြှားတစ်စင်းသဖွယ်ရှေ့ရှိ ရဲတိုက်ဆီသို့ ပြေးသွားခဲ့သည်။

…

“ဘယ်သူလဲ။ ရပ်စမ်း!”

ဤသည်မှာ ပြင်းထန်မုန်တိုင်းကြေးစားအုပ်စု၏ ဌာနချုပ် ဖြစ်သည်။

ရဲတိုက်ပတ်လည်မှာ အတော်လေးပြောင်ရှင်းနေပြီး မြင်ကွင်းကို ဘာမှ ပိတ်ဆို့ထားခြင်းမရှိပါ။ စောင့်ကြပ်နေသော ကြေးစားများသည် ဖေး ကို ချက်ချင်းမြင်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်ကာ တားဆီးကြသည်။

“သွားစမ်း..မင်းကြီးတော်..ပြင်းထန်မုန်တိုင်းလားကွ..”

ဖေးက ကျိန်ဆဲရင်း လေပြင်းတိုက်သလိုမျိုး ရှေ့သို့ တိုးလာသည်။ သူ့လက်ကို ဝှေ့ယမ်းကာ ရဲတိုက်၏ အကာအကွယ်နံရံသည် စက္ကူစကလေးလို မြေပြင်ပေါ်သို့ အလွယ်တကူ ပြိုကျသွားသည်။

နောက်တစ်စက္ကန့်တွင် သူက ဂိတ်ပေါက်တွင်း ပြေးဝင်သွားပြီဖြစ်သည်။

“မင်း ဘယ်သူလဲ ပြင်းထန်မုန်တိုင်း ကြေးစားအစည်းအရုံးထဲကို ကျူးကျော်ရဲတယ် သတ္တိ ကောင်းလှပါလား “

လူတစ်စုက ကျူးကျော်သူကြောင့် ခမ်းနားကြီးကျယ်သည့် ခန်းမထဲက ဝရုန်းသုန်းကား ပြေးထွက်လာသည်။

“ဟဟ..ငါက မင်းတို့ကို လာနှုတ်ဆက်တာကွ...”

ထိုသို့ လှောင်ပြောင်ရင်း ဖေးသည် လေဆင်နှာမောင်းလို လှည့်ပတ်သွားသောအခါ ခန်းမအတွင်း လေထုက ဖရိုဖရဲ ဖြစ်နေသည်။ သူ တိုက်ခိုက်ရန်

မလိုအပ်ဘဲ ဤကြေးစားများ ဘာမှမတတ်နိုင်ဘဲ လွင့်ပါးသွားခဲ့သည်။

ဤလူများက အသေးအမွှားလေးများသာ ဖြစ်သောကြောင့် ဖေးသည် ၎င်းတို့ကို ပစ်မှတ်မထားပေ။

သူသည် ရှေ့သို့ လျင်မြန်စွာ ချီတက်ပြီး ထောင်ချောက်များနှင့် ပိတ်ဆို့ခြင်း

တစ်ဒါဇင်ကျော်ကို ဖြတ်ကျော်သွားခဲ့သည်။ ခပ်ပုပု ဖက်တီးခိုလာ၏ မှတ်ဉာဏ်ကနေ ရရှိသည့် အချက်အလက်များ၏ကျေးဇူးအရ ရဲတိုက်၏ မြေအောက်ခန်းကို ခပ်မြန်မြန်ပဲ ရောက်လာပြီဖြစ်သည်။

နောက်ဆုံးတော့ ရဲတိုက်ထဲ၌ နားကွဲမတတ် စူးရှသော ဥဩသံ ထွက်ပေါ်လာသည်။ ဖေးက မြေအောက်ခန်းနံရံရှိ နတ်ဆိုးသားရဲကျောက်ရုပ်တုရှေ့တွင် ရပ်ကာ ရုပ်တု၏ နားနှစ်ဖက်ကို ဖိထားလိုက်သည်။ ဘာမှ မဖြစ်ပျက်ခဲ့ပေ။

“ သောက်ကျိုးနည်း ဒီလူသတ်သမားတွေ က ငါ့ထက် မြန်နေတယ် “

လျှို့ဝှက်ခန်းထဲမှာ ပုန်းအောင်းနေသည့် များက ယန္တရားကို ပိတ်ထားပြီးဖြစ်ကြောင်း သိရာ ဖေး စိတ်တိုကာ အော်ဟစ်လိုက်တော့သည်။

ထို့နောက် အချိန်မဖြုန်းဘဲ သူ့ညာခြေနောက်ဘက်ရှိ ကြမ်းပြင်အပိုင်းကို ဝုန်းခနဲ ကန်လိုက်သည်။

ဘမ်း

ရွှေရောင်စွမ်းအင်လက်သီးက မြေပြင်ကို ချက်ချင်းရိုက်ချိုးလိုက်ပြီး တစ်မီတာကျော်အထူ စိမ်းလန်းသော ကျောက်သားကြမ်းပြင်အောက်တွင်မြင်းလှည်းတစ်စီး ဖြတ်သန်းနိုင်လောက်သော အကျယ်ရှိ မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခု ပေါ်လာသည်။

စိတ်မချမ်းသာဖွယ် ငိုကြွေးသံများ ဆက်တိုက်ထွက်ပေါ်လာပြီး သွေးများ စီးကျလာသည်။

ဝှစ်... ဝှစ်!

ရွှေရောင်လျှပ်စီးကြောင်းအသွင် ပြောင်းလိုက်ကာ ဖေးဥမင်လိုဏ်ခေါင်းထဲသို့ ပြေးဝင်သွားသည်။ နောက်အခိုက်အတန့်တွင် တိုက်ပွဲသံများ ဆက်တိုက် မြည်ဟီးလာသည်။

တူညီသော အနက်ရောင်ချပ်ဝတ်များ ၀တ်ထားသော စစ်သည်တော် အများအပြားသည် ဥမင်လိုဏ်ခေါင်း၏ အနက်မှ မကြောက်မရွံ့ ပြေးလာကြ၏။ သူတို့ထဲတွင် ကြယ်ခြောက်ပွင့်နှင့် ကြယ်ခုနစ်ပွင့် စစ်သည်တော် အနည်းငယ်လည်း ပါဝင်သည်။ ကြေးစားအဖွဲ့အနေနှင့် သူတို့၏ ခွန်အားက ကြီးမားလှသည်။

ပြင်းထန်မုန်တိုင်းကြေးစားအုပ်စုသည် ခီရာနေးရှိ နံပါတ်တစ် ကြေးစားအဖွဲ့ဖြစ်လာရန် ခွန်အားရှိသည်။ သူတို့၏ အစစ်အမှန် စွမ်းအားကို ဖုံးကွယ်ထားသည်မှာ ထင်ရှားပါသည်။

“ ဟိတ်..မင်း ဘယ်သူလဲ ဒီထဲ ဘယ်လိုဝင်လာတာလဲ.. “

“ သတ်ကြ.. သူ့ကိုသတ် ငါတို့ရဲ့ လျှို့ဝှက်ချက်ကို ဒီကောင် ရှာတွေ့သွားပြီ ငါတို့ သူ့ကို အသက်ရှင်ခွင့် ပေးလို့ မရဘူး “

အနက်ရောင် ချပ်ဝတ်နှင့် စစ်သည်‌တော်များသည် လက်နက်များကို အရှိန်ပြင်းပြင်း ဝှေ့ယမ်းကာ ဖေးအား ပြေးဝင်တိုက်ခိုက်ကြသည်။

အခန်း ၉၉၉- ဖေးရဲ့ နည်းဗျူဟာ (အပိုင်းနှစ်)

“ ကောက်ကျစ်တဲ့ လူယုတ်မာတွေ ပဲ အနက်ရောင် ယူနီဖောင်း ချပ်ဝတ်တွေကို ကြည့်ရတာ မင်းတို့က မနေ့ညက လျှို့ဝှက်ဆန်းကြယ်လအဆင့်လက်ရွေးစင်တွေနဲ့ တစ်ဖွဲ့တည်းမလားဟဲဟဲ၊ မင်းတို့ ငါ့ကို သတ်ချင်နေတာလား..လာလေ.. အားလုံးကို ငါ ရှင်းပစ်မယ်။”

ဖေးသည် မဆိုင်းမတွ လှည့်ပတ်ကာ ပျက်စီးခြင်း များစွာကို ဖြစ်ပေါ်စေခဲ့သည်။

သူ့ကို မည်သူမျှ မတားနိုင်ဘဲ သူ့နောက်တွင် သွေးခြေရာများ ကျန်ရစ်ခဲ့သည်။ အနက်ရောင်ဝတ်ထားသည့် ထိုစစ်သည်တော်များ တစ်ယောက်မှ အသက်ရှင်လျက် မကျန်ရစ်ရစ်ခဲ့ပေ။

ဤလူများအားလုံးသည် လူသတ်အဖွဲ့အစည်းမှ ဦးနှောက်ဆေးကြောခြင်း ခံခဲ့ရပြီး အကောင်းနှင့်အဆိုးကို မခွဲခြားနိုင်သော စက်များလို သူတို့က သတ်ဖြတ်ခြင်းကို အရူးအမူး စွဲလမ်းကြသည်။

ထိုကဲ့သို့လူများကို အသက်ချမ်းသာပေးလျှင်ဖရိုဖရဲကမ္ဘာကြီးတွင် မသေချာမရေရာမှုများကို တိုးစေမည်ဖြစ်သည်။

“အရမ်းမြန်လွန်းတယ် ဘယ်လိုလုပ် ဒီလောက် မြန်တာလဲ ငါတို့ သူ့ကို လုံးဝ မတားနိုင်ပါလား”

မြေအောက်ဥမင်လိုဏ်ခေါင်းအဆုံးရှိ လျှို့ဝှက်ခန်းအတွင်းတွင် ကိုယ်မှအားကောင်းမောင်းသန် အရှိန်အဝါများ ထွက်ပေါ်နေသည့် အနက်ရောင်ချပ်ဝတ် ယောက်ျားအချို့က တစ်ယောက်ကို တစ်ယောက် အထိတ်တလန့် ကြည့်ကာ တုန်လှုပ်နေကြသည်။

သူတို့၏အဖွဲ့အစည်းသည် ခီရာနေးမြို့တွင် အလွန် သိုဝှက်စွာ နေထိုင်ခဲ့ပြီး ကြီးမားသော မစ်ရှင်များကို မလုပ်ဆောင်ခဲ့ပါ။ သူတို့သည် ဤမျှကြီးကျယ်သော ရန်သူကို အဘယ်ကြောင့် ရင်ဆိုင်ရသလဲ နားမလည်နိုင်စရာပင်။

အုန်း!

ဝုန်း ! ဝုန်း!

မြေအောက်ဥမင်လိုဏ်ခေါင်းနှင့် လျှို့ဝှက်ခန်းသည် ပြင်းထန်စွာ တုန်ခါသွားသည်နှင့်အမျှ ပေါက်ကွဲသံများ ပိုနီးကပ်လာသည်။

“ကျုပ် သွားကြည့်မယ် ကျုပ်တို့ကို ဘယ်သူက တိုက်ခိုက်ရဲတာလဲ ဒီလူရဲ့ ခေါင်းကို ဖြတ်ပြီး သူ့ဦးခေါင်းခွံကို ဝိုင်ခွက် လုပ်ပြမယ်၊ ဟားဟား!”

အနက်ရောင် ၀တ်စုံ ၀တ်ထားသည့် ယောက်ျား တစ်ယောက်က တစ်ချက် ရယ်ပြီး လေထုထဲတွင် ပျောက်ကွယ်သွားသည်။

သူသည် ရက်စက်ကြမ်းကြုတ်သော လုပ်ကြံသတ်ဖြတ်သူ ဖြစ်ပြီး သူ၏ ကိုယ်ပျောက်နည်းပညာသည် ထိပ်သီးအဆင့် ဖြစ်သည်။

နောက်တစ်စက္ကန့်တွင် လျှို့ဝှက်ခန်းအပြင်ဘက်တွင် ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ တစ်ဆက်တည်းတွင် မှော်အလင်းတန်းများ တောက်လောင်နေသည့် မှော်ကျောက်မျက်တစ်ခု ရုတ်တရက် အက်ကွဲသွားသည်။

ဤသို့ မှော်ကျောက်မျက်တစ်ခု အက်ကွဲလာမည်ကို မည်သူမျှ မမျှော်လင့်ထားကြပါပေ။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ဂုဒ် ဆုံးသွားပြီလားမြန်လိုက်တာကွာ ဒီလူက ဘယ်လိုဖြစ်လို့ ဒီလောက် တန်ခိုးကြီးရတာလဲ ကြည့်ရတာ ဒိီလူက အနည်းဆုံး အပြည့်အဝ လ လက်ရွေးစင် ဖြစ်နိုင်တယ်...”

အနက်ရောင်ဝတ် လူများသည် ထိတ်လန့်တုန်လှုပ်နေကြစဉ် ခေါင်းဆောင်ပုဂ္ဂိုလ်က အမြန် တုံ့ပြန်သည်။

“ ငယ်သားတို့..အမြန် ထွက်ခွာမယ် ဒီလူကို ငါတို့ မခုခံနိုင်ဘူး အမြန် တခြားမြို့မှာရှိတဲ့ တခြားအကိုင်းအခက်တွေကို စာပို့ ငါတို့ အင်အားကြီး ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရပြီလို့.. “

လျှို့ဝှက်ခန်းအတွင်းမှ မှော်မီးတောက်များ ဆက်တိုက် တောက်လောင်လာသောအခါ မှော်ဆက်သွယ်ရေး လမ်းကြောင်းကလေးတစ်ခု လေထုထဲ၌ ဖြည်းညှင်းစွာ ပွင့်လာသည်။

၎င်းက ဤလူများကို ဘေးကင်းသောနေရာသို့ ပို့ဆောင်ပေးနိုင်သည့် တာတိုမှော်ဆက်သွယ်ရေးစနစ်ဖြစ်သည်။

“ မြန်မြန် လာကြဟေ့ “

ထိုခေါင်းဆောင်သည် မှော်ဆက်သွယ်ရေးလမ်းကြောင်းပေါ်သို့ အမြန်ခုန်ဆင်းသွားခဲ့သည်။ ထိုနေရာကနေ ရုန်းထွက်နိုင်လျှင် ဘေးကင်းလေမည်။

ထိုအခိုက်တွင် ရွှေရောင်အလင်းတန်းတစ်ခု ပျံသန်းလာပြီး ပွင့်ဟနေသော တံခါးပေါက်သည် ရုတ်တရက် ကွဲအက်ကာ ပျောက်ကွယ်သွားတော့သည်။

ဂျုန်း!

ဤလျှို့ဝှက်ခန်း၏ နံရံ ပြိုကျကာ ရွှေရောင်မီးတောက်များ ခြံရံထားသော နတ်ဆိုးတစ်ကောင် ပြေးဝင်လာသည်။

နေ့တစ်ဝက်အကြာ၌...

ပြင်းထန်မုန်တိုင်း ကြေးစားအစည်းအရုံး သည် အသက်ရှင် ကျန်ရစ်သူ တစ်ဦးမျှပင် မရှိဘဲ အမြစ်ဖြတ် သုတ်သင်ခံရကြောင်း သတင်းသည် ခီရာနေး တခွင်လုံးတွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

၎င်းသည် ကြေးစားအစည်းအရုံးများကြား တိုက်ပွဲမျှဟု လူတို့က အစောပိုင်း၌ ထင်ခဲ့ကြသော်လည်း ပြင်းထန်မုန်တိုင်း ကြေးစားအစည်းအရုံး၏ ဖျက်ဆီးခံခဲ့ရသော ဌာနချုပ်သို့ စူးစမ်းသူများသည် ပို၍ ထိတ်လန့်ဖွယ်ရာ သတင်းများကို ပြန်လည်သယ်လာကြသည်။

ပြင်းထန်မုန်တိုင်း ကြေးစားအစည်းအရုံး သည် အမှောင်နတ်ဘုရားနန်းတော် ဟူသော ကြောက်မက်ဖွယ် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်း၏ အခွံသာ ဖြစ်သည်။

ပြင်းထန်မုန်တိုင်း ကြေးစားအစည်းအရုံး၏ ဌာနချုပ်တွင် နေရာ အနှံ့အပြား၌ အမှောင်နတ်ဘုရားနန်းတော် တံဆိပ်ဖြင့် ယဇ်ပလ္လင်များ.. လေ့ကျင့်ရေးခန်းများကဲ့သို့သော ထိတ်လန့်ဖွယ်ရာ မြေအောက်အဆောက်အအုံများကို လူများက တွေ့ရှိခဲ့ကြသည်။

အမှောင်နတ်ဘုရားနန်းတော်သည် တိုက်ကြီးပေါ်တွင် နှစ်ပေါင်းထောင်ချီ ရပ်တည်ခဲ့သော လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည်။ လူများစွာတို့သည် အမှောင်နတ်ဘုရားနန်းတော်၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြသည်။ သူတို့သည် အမှောင်ထဲတွင် ပုန်းအောင်းနေသော သားသတ်သမားများ ဖြစ်ကြပြီး အကျင့်စာရိတ္တ ယိုယွင်းသည်။

အကယ်၍ ၎င်းတို့၏ ဖောက်သည်များသည် စျေးနှုန်းကို ပေးဆောင်ရန် ဆန္ဒရှိလျှင် ဤလူသတ်သမားများသည် ပစ်မှတ်များကို သတ်ဖြတ်ပေးမည်ဖြစ်သည်။

သူတို့လက်ထဲမှာ သေဆုံးသွားသည့် လူများမှာ အင်အားကြီး သူရဲကောင်းများမှစ‌၍ ညစ်ပတ်သည့် လူ့အမှိုက်ကောင်များ အင်အားကြီးမှူးမတ်များ ဂုဏ်သရေရှိ ဘုရင်များ၊ ဆင်းရဲသား သူတောင်းစားများ အလွန် ချမ်းသာသည့် ကုန်သည်များအထိ အမျိုးမျိုး ရှိကြသည်။

ရှေးဒဏ္ဍာရီများ၌ မှတ်သားထားသည်မှာ

အမှောင်နတ်ဘုရားနန်းတော်၏ လျှို့ဝှက်ဆန်းကြယ်သော ဌာနချုပ်တွင် နေအဆင့် အရှင်များ၏ ဦးခေါင်းခွံများသည် တောင်ပေါ်၌ စုပုံနေပြီး နတ်ဘုရားအချို့၏ ဦးခေါင်းများလည်း ထိုနေရာတွင် ရှိနေသည်။

ဤသည်မှာ ကြောက်စရာကောင်းသော လူသတ် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ မြင့်မားသော အခကြေးငွေသာ ပေးအပ်ပါက နတ်ဘုရားများကို စိန်ခေါ်ပြီး သတ်ဖို့ လည်း လက်မရွံ့တတ်ပေ။

“ အဲ့လိုလူသတ်အဖွဲ့အစည်းကို စိန်ခေါ်ရဲသူက ဘယ်လို လူထူးဆန်းမျိုး ဖြစ်မလဲ “

ခီရာနေးမြို့ တစ်ခုလုံး ဤအကြောင်းကို သိလိုက်ရသောအခါ အလွန်ပင် အံ့အားသင့်သွားကြသည်။

သို့သော် အခြားကိစ္စတစ်ခုမှာ ပို၍ပင် တုန်လှုပ်သွားခဲ့သည်။

ဖျက်ဆီးခံရသောဌာနချုပ်တွင် အမှောင်နတ်ဘုရားနန်းတော်၏ ပစ်မှတ်များနှင့် အမှောင်နတ်ဘုရားနန်းတော်ကို ငှားရမ်းထားသူများအကြား လျှို့ဝှက်စာရွက်စာတမ်းအချို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

လျှို့ဝှက်စာရွက်စာတမ်းများထဲမှ တစ်ခုမှာ အမှောင်နတ်ဘုရားနန်းတော်နှင့် သိုင်းသူတော်စင်တောင်မှ သိုင်းသူတော်စင်၏ နံပါတ်နှစ်တပည့် ဒီအလက်ဇန်ဒါရိုတို့ကြား မှ မှတ်တမ်း ဖြစ်သည်။

“စာချုပ်ပါ အကြောင်းအရာက ကြောက်စရာကြီးကွာ အပိုင်းတစ်ခုမှာ ဒီအလက်ဇန်ဒါရို က ချမ်းဘော့ဒ်နဲ့ ဘက်ကင်ဟမ် ဘုရင်ကို ပုံမှားရိုက်ဖို့ ကြိုးစားနေတယ်လို့ ဝန်ခံထားတယ် နောက်ပြီး ချမ်းဘော့ဒ်ရဲ့ ရတနာနှစ်ပါးကို သူ တပ်မက်နေတာကွ...”

“ ဟုတ်လား..ဘာတွေ ဆက်ရှိသေးလဲ ပြောပါဦးကွ....”

ဤသတင်းသည် တောမီးလို ဒေသအနှံ့ ပျံ့နှံ့သွားသည်။

End

All Chapters