← Chapters

အခန်း (၁၀၀၀)

Vol. 66 Ch. 1000

အခန်း (၁၀၀၀)

Vol. 66 Ch. 1000

အခန်း 1000- ဂါလန်မြို့ (အပိုင်းတစ်)

ခီရာနေးတွင် ထိုသို့ သတင်းပျံ့နှံ့နေချိန်တွင် ဖေးနှင့် ဘက်ကင်ဟမ်တို့သည် လီယွန်မြို့တော် ဂါလန်ဆီသို့ ပျံသန်းနေပြီဖြစ်သည်။

“ ချမ်းဘော့ဒ်ဘုရင် ငါ သိချင်တာ ရှိတယ်..အဲ့စာချုပ်က... မင်း အဲ့ဒါကို အတုလုပ်လိုက်တာ မဟုတ်လား “

ဘက်ကင်ဟမ်က ဖေးကို ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။

ချမ်းဘော့ဒ်ဘုရင်ကို မရင်းနှိီးသော တခြားလူ တစ်ဦးလို သူ ခံစားလိုက်ရသည်။

သူ့စိတ်ထဲတွင်တော့ သူ့အသက်ကို စွန့်ပြီး လူသားတွေကို ကယ်တင်ဖို့ ပင်လယ်နတ်ဆိုးနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် သူရဲကောင်းကြီးဟာ ဒီလိုကြံစည်မှုတွေနှင့် လှည့်ကွက်တွေကို မသုံးနိုင်ပေ။

“ဟုတ်တယ် အဲ့ဒါက အတု..

အမှောင်နတ်ဘုရားနန်းတော်ရဲ့ ခီရာနေးဌာနခွဲငယ်လေးမှာ ဒီလိုအရေးကြီးတဲ့ စာချုပ်တစ်ခုကို ဘယ်လို သိမ်းထားနိုင်မလဲဒါ့ပြင် ဒီအလက်ဇန်ဒါရိုက ရူးကြောင်ကြောင် ဖြစ်နေရင်တောင်မှ သူ့လိမ်လည်မှုကို အမှောင်နတ်ဘုရားနန်း တော်ကို ဝန်ခံမှာမဟုတ်ဘူး သူတို့ဟာ အတူတူ အလုပ်လုပ်ရုံပဲ ဒီအလက်ဇန်ဒါရိုက ညီနောင်တွေလို အရာအားလုံးကိုအမှောင် နတ်ဘုရား နန်းတော်ကို ပြောစရာ အကြောင်း မရှိဘူး”

ဖေးက ပြောရင်း မာနကြီးစွာ ရယ်သည်။

“ စာချုပ်မှာ လစ်ဟာမှုတွေ အများကြီးရှိလို့ ဒီစာချုပ်ကို လူတော်တော်များများက ယုံမှာမဟုတ်ဘူး ” ဘက်ကင်ဟမ်က ပို၍တောင် စိတ်ရှုပ်သွားသည်။

“ဟားဟားဟား လူတိုင်းက ယုံလိမ့်မယ်လို့ ငါ မမျှော်လင့်ပါဘူး ဒါပေမယ့် တစ်ချို့လူတွေက ကောလာဟလတွေ ပြန့်နှံ့သွားတဲ့အခါ ဒါကို ယုံပြီး အမှန်တရားအဖြစ် သတ်မှတ်ကြလိမ့်မယ် ဒီအလက်ဇန်ဒါရို ငါတို့ကို ချောက်တွန်းဖို့ ကြိုးစားသေးတာပဲ သူ့ဆေးကို သူ့ကို ပြန်ကျွေးရမှာပေါ့ဒါနဲ့ သူ့ကို ငါတို့ မသတ်နိုင်ပေမယ့် အဲ့ဒါတွေက သူ့ကို ပုပ်ပွစေလိမ့်မယ် တစ်နေ့မှာ လှည့်ကွက်သေးသေးလေးတွေက ကြီးမားတဲ့ အကျိုးဆက်တွေ ဖန်တီးလိမ့်မယ်” ဟု ဖေးက ဗီလိန်တစ်ယောက်လို ပြုံးပြရင်း ရှင်းပြပါသည်။

ဘက်ကင်ဟမ် တိတ်ဆိတ်သွားပြီး ထူးဆန်းသလို ခံစားလိုက်ရသည်။

နောက်ဆုံးတွင် သူ၏ အကဲဖြတ်ချက်ကို အတည်ပြုခဲ့သည်။ ချမ်းဘော့ဒ်ဘုရင်သည် ဉာဏ်ကြီးရှင် တစ်ဦး ဖြစ်သော်လည်း သူ၏အတွင်းပိုင်းတွင် နက်ရှိုင်းသော ဗီလိန် တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။

ဤလူသည် ခွန်အားကြီးသော်လည်း သူ့ဖဲချပ်များကို သာမာန် ယုတ္တိဗေဒအရ

ဘယ်သောအခါမှ မကစားတတ်၊ လေးစားမှုနှင့် ဂုဏ်ကျက်သရေကို ထည့်တွက်နေမည် မဟုတ်ပေ။

ချမ်းဘော့ဒ်ဘုရင်သည် သူ့အသက်ကို စတေးလိုသည့် သူရဲကောင်းတစ်ယောက်ဖြစ်ပြီး ဒီလူက အရိုးတွေကိုတောင် ထွေးမထုတ်ဘဲ ကိုက်စားမည့် ဆာလောင်နေသော ဝံပုလွေတစ်ကောင်လည်း ဖြစ်၏။

မမှားပါ။ ဤလူမှာ အချိန်အများစုတွင် အလွန် ယုံကြည်စိတ်ချရပြီး သင်သည်

သူ့ကို မသိစိတ်ကနေ ယုံကြည်ပြီး အားကိုးမိလိမ့်မည်။ တစ်ခုတည်းသောအခြေအနေအရ သင်သည် သူ၏ မိတ်ဆွေတော့ ဖြစ်ရမည်။

သင်ဟာ ရန်သူ ဖြစ်ခဲ့လျှင် သင့်ဘဝအတွက် ဆုသာ တောင်းရပါမည်။ ဤလူသည် သင့်အား အိပ်မက်ဆိုးများစွာ ပေးလိမ့်မည်။

ခဏတာ တုံ့ဆိုင်းပြီးနောက် ဘက်ကင်ဟမ်သည်

“ဒီအလက်ဇန်ဒရို ဂါလန်မှာလို့ ငါ ကြားတယ်မြို့တော်ရဲ့ ဒီခရီးစဉ်မှာ ငါတို့ အဲဒီလူယုတ်မာနဲ့ ထပ်တိုက် ဆုံနိုင်တယ် “ ဟု ဖေးအား စိုးရိမ်စွာ သတိပေးခဲ့သည်။

“စိတ်မပူနဲ့ ငါက သူနဲ့ တွေ့ချင်နေတာ ဒီ လူယုတ်မာကို ကောင်းကောင်းရိုက်နှက်ရမယ် “ ဖေးက လက်သီးတွေကို တင်းတင်းဆုပ်ရင်း အံကြတ်ကာ ပြောလိုက်ပါသည်။

သူ၏ ခွန်အားသည် ဒီအလက်ဇန်ဒါရို ထက် ညံ့ဖျင်းသော်လည်း သူ၏ အဆုံးစွန်သော ဝှက်ဖဲအဖြစ် ထိုလျှို့ဝှက်ဆန်းကြယ်သော ကျောက်စာတိုင်ကို ပိုင်ဆိုင်ထားသည်။ နတ်ဆိုးနတ်ဘုရားအား ရှုံးနိမ့်သွားသော အလက်ဇန်ဒါရိုအား မပြောနှင့် နတ်ဆိုးနတ်ဘုရားအား ရင်ဆိုင်ရန်ပင် သူ စိတ်မပူခဲ့ပေ။၊

သူနှင့် ဘက်ကင်ဟမ် ကို အသရေဖျက်သော ကောလာဟလ၏ မူလဇစ်မြစ်ကို နှိမ်နင်းနိုင်ခဲ့ပါက၊ယ သူသည် သူတို့၏ နာမည်များဖြင့် ဆဲဆိုခံရခြင်းကို အဆုံးသတ်နိုင်မည် ဖြစ်သည်။

ဖေး ၏ ပြင်းထန်သော တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် ဘက်ကင်ဟမ်သည် ပို၍ပင် စိုးရိမ်လာသည်။

“ မင်းတို့နှစ်ယောက် တိုက်ပွဲဝင်ရင် ဂါလန်မှာ ကပ်ဆိုးတစ်ခု ကြုံရလိမ့်မယ် မြို့တော်မှာရှိတဲ့ မှော်ကာကွယ်ရေးစနစ်က အဲဒီအဆင့်မှာ တိုက်ပွဲကနေ သက်ရောက်တဲ့ နောက်ဆက်တွဲ စွမ်းအင်တွေကို မကာကွယ်နိုင်ဘူး အလက်ဇန္ဒား၊ ငါတောင်းပန်ပါတယ် မင်း ဒီအလက်ဇန်ဒရိုကို ချက်ချင်း အနိုင်မယူနိုင်ရင် မတိုက်ခိုက်စေချင်ဘူး လီယွန်တော်ဝင်မိသားစုနဲ့ ဇင်းနစ် တော်ဝင်မိသားစုဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေး မပြေလည်ပေမယ့် မြို့ထဲမှာ သန်းနဲ့ ချီတဲ့ မြို့သူမြို့သားတွေ ရှိနေတယ်လေကွာ ဒါ့အပြင် ဇင်းနစ်နဲ့ စစ်ပွဲကို ရပ်ဖို့ တော်ဝင်မိသားစုကို စည်းရုံးဖို့ ငါပြန်သွားမယ် အင်ပါယာနှစ်ခုက မဟာမိတ်တွေ ဖြစ်ကောင်းပါရဲ့ “

ဘက်ကင်ဟမ်က ဖေးအား ထိခိုက်နစ်နာစေမည့် မည်သည့်အရာမှ မလုပ်နိုင်ရန် သိမ်းသွင်းခဲ့သည်။

“ကောင်းပြီ မင်း ဒီလို ပြောတဲ့အတွက် ငါနည်းနည်း သည်းခံလိုက်မယ် အဓိကတာဝန်က ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ တည်ရှိမှုကို ရှာဖို့ပဲ ဒါကြောင့် ဒီအလက်ဇန်ဒရိုကို ရင်ဆိုင်ဖို့က ကြီးကြီးမားမားတော့မဟုတ်ပါဘူး ဒါပေမယ့် ငါ့ကို လှည့်ကွက်တွေမကစားနဲ့ နော် ပြောရရင် ဂါလန်ဟာ မင်းရဲ့နယ်မြေပဲ မင်း လွန်ကဲတာ တစ်ခုခု လုပ်ရင် ငါလည်း လူမဆန်စွာနဲ့ ဘေးဥပဒ်ဖြစ်စေနိုင်တယ် “ ဖေးက သဘောတူပြီး

မဆိုင်းမတွ ခေါင်းညိတ်သည်။

အခန်း 1000- ဂါလန် မြို့ (အပိုင်းနှစ်)

“ အာ..ငါ့ကို ယုံလိုက်၊ ငါ မင်းရဲ့ စကားကို နားထောင်ပြီး မင်းနဲ့ ညှိနှိုင်းပေးမယ် “

ဘက်ကင်ဟမ်သည် ပိုမို ဆွဲဆောင်ရန် အဆင်သင့်ဖြစ်ခဲ့ပြီး ချမ်းဘော့ဒ်ဘုရင်သည် အထွန့်မတက်ဘဲ သဘောတူလိုက်သောအခါ သူ ပီတိဖြစ်ခဲ့ရသည်။

သူတို့ စကားပြောနေစဉ်တွင် ဖေး၏ အမူအရာ ရုတ်တရက်ပြောင်းလဲသွားကာ ဖရိုဖရဲ ပလ္လင်မှ ရုတ်တရက် ထရပ်လိုက်သည်။

ဘက်ကင်ဟမ် ဘာမှ မမေးနိုင်မီ ဓါးစွမ်းအင်လေးခုသည် လမ်းကြောင်းလေးခုမှ ရုတ်တရက်ပေါ်လာပြီး ၎င်းတို့သည်ဖရိုဖရဲ ပလ္လင်ဆီသို့ လျင်မြန်စွာ ခုတ်ပိုင်းလာကြသည်။

ထို့နောက် အနက်ရောင် လူရိပ်လေးခုသည် ထိုလမ်းကြောင်းလေးခုတွင် ပေါ်လာပြီး ၎င်းတို့ပတ်ဝန်းကျင်ရှိ ဓါးစွမ်းအင်များစွာဖြင့် ရှေ့သို့ ပြေးဝင်လာသည်။

ချွင် ....ချွင် .....

ချွင်..... ချွင် .....

သိမ်မွေ့သော သတ္တုနှင့် တိုက်မိသော အသံလေးမျိုး ထွက်ပေါ်လာသည်။

ပါးလွှာသော ဓားသွားလေးစင်းသည် ဖရိုဖရဲ ပလ္လင်ပတ်ပတ်လည်ရှိ စွမ်းအင်စက်လုံးပေါ်သို့ ခုတ်ထစ်သွားကာ ၎င်းတွင် အရာလေးခုဖန်တီးခဲ့သော်လည်းဖရိုဖရဲ ပလ္လင်ကို မချိုးဖျက်နိုင်ခဲ့ပါ။

ဝှစ်! ဝှစ်! ဝှစ်! ဝှစ်!

သူတို့၏ တိုက်ခိုက်မှု မလုံလောက်သည်ကို တွေ့လိုက်ရသဖြင့် ထိုလူလေးဦးမှာ ရုတ်တရက် မျက်လုံးပြူးသွားတော့သည်။

ဖောင်း!

မီးခိုးငွေ့များကဲ့သို့ပင် သူတို့လေးဦးသည် ဤနေရာတွင် မရှိခဲ့သလို ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

ဤလုပ်ငန်းစဉ်တစ်ခုလုံးသည် စက္ကန့်ပိုင်းလေးသာ ကြာမြင့်ပါသည်။ ဘက်ကင်ဟမ် က တုံ့ပြန်နိုင်ရန် မြန်ဆန်လွန်းသည်။

“ ဒါ အမှောင်နတ်ဘုရားနန်းတော် က လုပ်ကြံသတ်ဖြတ်သူတွေပဲ အရမ်းမြန်တယ် “ ဖေး မျက်မှောင်ကြုတ်ပြီး သူ့ဝိညာဉ်စွမ်းအင်ဖြင့် စစ်ဆေးလိုက်သည်။ သို့သော် သူ ဘာမျှ နားမလည်နိုင်ပါ။

ဤလုပ်ကြံသတ်ဖြတ်သူလေးဦးသည် ထိပ်တန်း ကျွမ်းကျင်သူများ ဖြစ်သည်။

ပျောက်ဆုံးသွားသည်နှင့် တပြိုင်နက် ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားကြသည်။ အချိန်က အစမှ အဆုံးထိ တစ်စက္ကန့်၏ တစ်ထောင်ပုံ တစ်ပုံသာ ရှိလိမ့်မည်။

သူတို့သည် ဘယ်သောအခါမှ လောဘကြီးပြီး အနားမကပ်ကြ။ သူတို့၏ စိတ်ဓာတ်က ကြောက်စရာကောင်းပြီး အန္တရာယ်များပါသည်။

“ ငါတို့ ဘာလုပ်ကြမလဲ “

ဘက်ကင်ဟမ်က တင်းမာသော မျက်နှာအမူအရာဖြင့် ဖေးအား မေးလိုက်သည်။

“ အမှောင်နတ်ဘုရားနန်းတော်က

ငွေအတောင်ပံ လုပ်ကြံသတ်ဖြတ်သူတွေကို စေလွှတ်ထားပုံ ရတယ် သူတို့က ငါတို့ကို အမှောင်ထဲက စောင့်ကြည့်နေတယ် နောက်လာမယ့် လူသတ် အခွင့်အရေးကို စောင့်နေကြတာ “

အမှောင်နတ်ဘုရားနန်းတော်တွင် ရွှေ၊ ငွေ၊ ကြေး နှင့် သံ ဟူ၍ အဆင့်လေးဆင့် ရှိသည် ဟု ကြားသိရသည်။ ခုနက လုပ်ကြံခဲ့သည့်လုပ်ကြံသတ်ဖြတ်သူတွေက အင်အားကြီးပြီး သူတို့ကို ခြေရာခံဖို့ ခက်သည်။ သူတို့ဟာ အနည်းဆုံး ငွေအတောင်ပံ လုပ်ကြံသတ်ဖြတ်သူတွေပါ။

“သူတို့ကို လျစ်လျူရှုလိုက်! လာ..!သွားကြစို့!”

ဖေး သည် မျက်နှာထားလေးနက်နေတော့သည်။ ဖရိုဖရဲ ပလ္လင်ကို ထိန်းချုပ်ပြီး အရှိန်မြှင့်လိုက်သည်။ သေးငယ်သော ငွေရောင်စွမ်းအင်လွှာသည် သူတို့နှစ်ဦးနှင့် ပလ္လင်ကို ဖုံးအုပ်ထားကာ အရှေ့သို့ ဖောက်ခွဲ ပြေးထွက်သွားတော့သည်။ သူတို့ဟာ ရှေ့ကို ရွေ့လျားသွားသည့်အခါ အာကာသနှင့် ပေါင်းစည်းလိုက်သလိုပဲ မြင်နိုင်ဖို့ ခဲယဉ်းပါသည်။ သူတို့အား တစ်ကြိမ် မြင်ရတိုင်း ကီလိုမီတာ ၅၀ နီးပါး ခရီးနှင်ပြီး ဖြစ်လေပြီ။

နေမ၀င်ခင်မှာ ဖေးနှင့် ဘက်ကင်ဟမ်တို့မှာ လီယွန်၏ ဂါလန် မြို့တော်ကို ရောက်ရှိခဲ့ပါသည်။

လမ်းတွင် အမှောင်နတ်ဘုရားနန်းတော်၏ လုပ်ကြံသတ်ဖြတ်သူများသည် ၎င်းတို့အား ဆယ်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ကိုယ်ပျောက်နည်းပညာများနှင့် လုပ်ကြံသတ်ဖြတ်မှုစွမ်းရည်များဖြင့် ဤကျွမ်းကျင်အဆင့်လုပ်ကြံသတ်ဖြတ်သူများသည် အမှန်တကယ် အန္တရာယ်များသည်။

ဖေး နှင့် ဘက်ကင်ဟမ် တို့သည် အနည်းငယ်မျှ သတိလက်လွတ်ခဲ့လိုက်လျှင် ဤလုပ်ကြံသတ်ဖြတ်သူများသည် အရိပ်များနှင့် ၎င်းတို့၏ နှလုံးသားများကို စူးရှသောဓားသွားများဖြင့် ထိုးဖောက်သွားမည်ဖြစ်သည်။

ဖေး ဒေါသပေါက်ကွဲလာခဲ့ပြီး အထွတ်အထိပ် လအဆင့် လုပ်ကြံသတ်ဖြတ်သူ ခြောက်ယောက်ကို သတ်ပစ်ခဲ့သည်။ ထို့နောက် အမှောင်နတ်ဘုရားနန်းတော်သည် အနည်းငယ် ဟန့်တားခဲ့ပြီး သူတို့အား လုပ်ကြံသတ်ဖြတ်မှုများကို ရပ်တန့်ခဲ့သည်။

ဖေးက ဂါလန် မြို့အထက် ကောင်းကင်တွင် ရပ်နေသောအခါ သူသည် အလ်ုအလျောက်ပင် တအံ့တဩ အော်ဟစ်မိသည်။

လီယွန်အင်ပါယာသည် စိန့်ပီတာဘတ်၏ ကီလိုမီတာ ငါးသိန်း အတွင်း အလွှမ်းမိုးနိုင်ဆုံးသော အင်အား ဖြစ်သည်။ ဂါလန်သည် စိန့်ပီတာဘတ်ထက် အဆများစွာ ကြီးမားသည်။

အောက်ကို ငုံ့ကြည့်လိုက်တော့ အမျိုးမျိုးသော အဆောက်အဦးများ ချိတ်ဆက်ကာ မိုးကုပ်စက်ဝိုင်းသို့ ထိုးဖောက်တည်ရှိသည်။ မှော်ယဉ်ကျေးမှု မြင့်မားစွာ တည်ဆောက်ခဲ့သော ဤမြို့သည် ကမ္ဘာပေါ်ရှိ မည်သည့်မြို့များထက်မဆို များစွာကြီးမားပါသည်။

မရေမတွက်နိုင်သော အဆောက်အဦများသည် မြေပြင်ပေါ်တွင် တည်ရှိနေပြီး

အမှောင်မြေကို ကောင်းကင်ရှိ တိမ်မည်းများနှင့် ချိတ်ဆက်ထားသည်။ လီယွန်၏ တော်ဝင်နန်းတော်သည် မြို့လယ်တွင် ကြီးစိုးစွာ တည်ရှိသည်။

ဤတော်ဝင်နန်းတော်သည် သာမန်မြို့ကြီးတစ်မြို့ အရွယ်အစား နှင့် ညီမျှပြီး အဆောက်အအုံအားလုံးသည် အနက်ရောင် ဖြစ်သည်။ အနက်ရောင်သည် လီယွန်အင်ပါယာ၏ အမှတ်သညာဖြစ်ပြီး အဝေးမှ ကြည့်ရသည်မှာ အပြစ်ကင်းစင်သည်။

သို့သော်၊ ဤအဆောက်အအုံများတွင်နေထိုင်သူများသည် ဤမျှအုံ့မှိုင်းသောပတ်ဝန်းကျင်တွင် အကြာကြီးနေထိုင်ပြီးနောက် စိတ်ကျရောဂါနှင့် အခြားစိတ်ရောဂါများ ခံစားရနိုင်မလားဟု ဖေး တွေးမိသည်။

ယခုအချိန်တွင်ဖေးသည် မီးခိုးလုံးများကဲ့သို့ မြို့တွင်းရှိ သခင်များ၏ တည်ရှိမှုများစွာကို အာရုံခံစားနိုင်သည်။

သာမန်လူများသည် ဤစွမ်းအင်များကို ထောက်လှမ်းနိုင်မည်မဟုတ် သို့သော် လအဆင့်နှင့် အထက်တွင်ရှိသော လူတိုင်းအတွက် ၎င်းတို့က ညဘက် မီးတောက်များကဲ့သို့ ကြည်လင်ပြတ်သားပြီး အလွန်မျက်စိ ဖမ်းစားသည်။

ဤစွမ်းအင်တစ်ခုစီသည် သခင်တစ်ဦးကို ကိုယ်စားပြုသည်။ ဤအရှိန်အဝါများထဲမှ အများအပြားသည် ညဘက်နေရောင်ကဲ့သို့ တောက်ပနေပါသည်။

End

All Chapters