အခန်း (၁၀၀၁)
Vol. 66 Ch. 1001
အခန်း 1001- ဘက်ကင်ဟမ်မိသားစု၏ အကျပ်အတည်း... (အပိုင်းတစ်)
“ အပြည့်အဝလအဆင့်အထွတ်အထိပ်ဆယ်ယောက်ကျော် လီယွန်အင်ပါယာရဲ့အင်အားက အရမ်းကောင်းပါလား နေအဆင့်အရှင် လေးယောက်လည်း ရှိနေသေးတယ် တစ်ယောက်က တော်ဝင်နန်းတော်ထဲမှာ နေပြီး ကျန်သုံးယောက်က မြို့ထဲမှာ ပုန်းနေတယ် ဟဲဟဲ မောက်မာပြီး အတောက်ပဆုံး အရှိန်အဝါက ဒီအလက်ဇန်ဒါရိုပဲ.. ဒီလူယုတ်မာ ဂါလန်မြို့ထဲမှာ ရှိတယ်..”
ဖေး သည် မြို့၏အထက် ကောင်းကင်ယံ၌ ပုန်းခို၍ စောင့်ကြည့်နေသည်။ သူသည် လီယွန်အင်ပါယာ၏ အင်အားနှင့် ပတ်သက်၍ အကြမ်းဖျင်း
အကြံဥာဏ် ရှိနှင့်ပြီး ဖြစ်သည်။
ဤအချိန်သည် စစ်ဖြစ်ချိန် ဖြစ်သောကြောင့် အင်ပါယာကြီး တစ်ခုလုံး သတိထားနေရသည်။ ဂါလန်၏ ကာကွယ်မှုသည် စေ့စေ့စပ်စပ်နှင့် အသေးစိတ်ကျသည်။ ဂါလန်၏ ဂိတ်ပေါက်များမှ ကီလိုမီတာငါးဆယ် အကွာမှ စတင်၍
လီယွန်မြို့တော်နှင့် ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးများအားလုံးကို တစ်ကီလိုမီတာတိုင်းတွင် စစ်ဆေးရေးဂိတ်တစ်ခုရှိပြီး ထိုဂိတ်၌ လက်ရွေးစင်စစ်သားများက စောင့်ကြပ်ထားသည်။ မြင်းတပ်ငယ်များသည် အရာခပ်သိမ်းကို စောင့်ကြည့်ရန် လမ်းမကြီးများတစ်လျှောက် သွားလာကာ ဖုန်မှုန့်များ လေထဲတွင် ချန်ရစ်ခဲ့သည်။
ဂါလန်မြို့ ကာကွယ်ရေး တံတိုင်းသည် တောင်တန်းလို ခိုင်ခံ့သည်။ ကာကွယ်ရေး တံတိုင်း အပြင်ဘက်တွင် လီယွန်၏ သူရဲကောင်းတပ်စု ငါးစုမှ နှစ်စုနှင့် ပင်မတိုက်ပွဲဝင်တပ်စု သုံးစုတို့သည် ထိုနေရာတွင် စခန်းချကြသည်။ ကျွမ်းကျင်သူများသည် နေရာတိုင်းတွင် ရှိကြပြီး စစ်သားများသည် ရေလွှမ်းမိုးသလို ဦးရေ ထူထပ်လှသည်။
စစ်ဘက် အဆောက်အအုံများနှင့် မှော်မျှော်စင်များသည် မြို့ပတ်ပတ်လည်တွင် စနစ်တကျ တည်ရှိပြီး လျှို့ဝှက်မှော်အခင်းအကျင်းများသည် လေထဲတွင် သဘာဝဒြပ်စင်များကို ပိုမိုတက်ကြွစေပါသည်။
ကောင်းကင်ယံ၌ပင် လအဆင့် လက်ရွေးစင်များနှင့် မှော်သားရဲ စီးနင်းသူများသည် လှည့်ပတ်ပျံသန်းကာ အရာအားလုံးကို မျက်ခြေမပြတ် စောင့်ကြည့်နေသည်။
မလိုလားအပ်သည့် ပြဿနာများကို ရှောင်ရှားရန်အတွက် သူတို့ဟာ ပုံမှန်လမ်းအတိုင်း မြို့ထဲကို မဝင်ခဲ့ကြပါ။ ထို့အစား သူတို့သည် ဖရိုဖရဲပလ္လင်၏ နေရာလပ် သွားလာရေးစွမ်းရည်ကို အသုံးပြုကာ လီယွန်မြို့တော်ကို မည်သူမျှ သတိမပြုဘဲ တိတ်တဆိတ် ဝင်ရောက်ခဲ့ကြသည်။
“ အဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ သခင်ကို ရှာဖို့ အရင် လိုက်ပို့ပေးမယ် ပြီးရင် ငါ အိမ်ကိုသွားမယ် “ ဘက်ကင်ဟမ်က ခဏစဉ်းစားပြီး စိတ်အားထက်သန်စွာ ပြောခဲ့သည်။
ဖေးသည် ဘက်ကင်ဟမ်အား လှည့်ကြည့်လိုက်သည်။
ဘက်ကင်ဟမ်အတွက် ၎င်းက ခက်ခဲသော ဆုံးဖြတ်ချက် တစ်ခုပါ။ သူသည် မဟုတ်မမှန် ချောက်တွန်းခြင်း ခံရပြီး လူအများစုက သူသည် လူသားမျိုးနွယ်၏ သစ္စာဖောက်သူဟု ယုံကြည်ကြသည်။
ထို့ကြောင့် လီယွန်မြို့တော်ရှိ သူ့မိသားစုသည် အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှုကို ခံရမည် ဖြစ်ကာ ယခုအချိန်တွင် အကြီးအကျယ် ဒုက္ခရောက်နေနိုင်သည်။
သူ့မိသားစု ထိုအခက်အခဲကို ဘယ်လို ရင်ဆိုင်နေလဲ မသိပေမယ့် သူသည် တစ်မိနစ်နောက်ကျ သွားခဲ့လျှင် သူ့မိသားစုက တစ်မိနစ် ပိုဒုက္ခတွေ့မည် ဆိုတာ သူ သိပါသည်။
“ အိမ်ကို အရင်သွားပါ “ ဖေးက
ဘက်ကင်ဟမ် ပခုံးကို ပုတ်ပြီး ပေါ့ပါးစွာ ပြောလာ၏။
“ မစ်ရှင်က အလျင်စလို မဟုတ်ဘူး ငါ မင်းနဲ့အတူ လိုက်ခဲ့မယ် “
ဘက်ကင်ဟမ်သည် တစ်စက္ကန့်မျှ အေးခဲသွားပြီး ဖေးအား ကျေးဇူးတင်သော အပြုံးဖြင့် ခေါင်းညိတ်ပြသည်။
ဂါလန်မြို့၊ နိုဘယ် ခရိုင်၌
ဤနေရာက မြို့၏ အလှဆုံးဒေသဟု ဆိုနိုင်သည်။ သစ်ပင်များက စိမ်းလန်းစိုပြေပြီး ရှုခင်းများက ပန်းချီကားတစ်ချပ်သဖွယ် လှပသည်။ အထူးခြားဆုံးနှင့် အမြင့်မြတ်ဆုံးသော မိသားစုများသာ ဤဒေသတွင် အိမ်ရာ ပိုင်ဆိုင်နိုင်ကြပြီး ၎င်းတို့အားလုံးသည် လီယွန်တော်ဝင်မိသားစု သို့မဟုတ် အဆင့်မြင့်မှူးမတ်များ၏ ဆွေမျိုးများဖြစ်သည်။ နိုင်ငံရေးအာဏာ အလုံအလောက်မရှိလျှင် သူတို့မည်မျှချမ်းသာနေပါစေ ဤဒေသရှိ မည်သည့်အိမ်ခြံမြေကိုမျှ ဝယ်ယူ၍မရနိုင်ပေ။
ဘက်ကင်ဟမ် စံအိမ်သည် နိုဘယ် ခရိုင်၏ဗဟိုတွင်တည်ရှိပြီး တစ်ချိန်ကအင်ပါယာ၏ အရေးပါဆုံးနေရာများထဲမှတစ်ခု ဖြစ်သည်။
ကံမကောင်းစွာပဲ၊ မကြာသေးမီက လဝက်အတွင်း ဖြစ်ပျက်ခဲ့သည်က အရာအားလုံးကို ပြောင်းလဲသွားစေခဲ့ပါသည်။
ဘုရင် ဘက်ကင်ဟမ်သည် ပင်လယ်မျိုးနွယ် နှင့် ပူးပေါင်းကြံစည်မှု ရာဇ၀တ်မှုဖြင့် စွဲချက်တင်ခံရပြီးကတည်းက လီယွန်အင်ပါယာနှင့် အခြားသူများ၏ အမြင်တွင် ရာဇ၀တ်ကောင် ဖြစ်လာခဲ့သည်။ ရလဒ်အနေဖြင့် ဤဧရာမအိမ်ကြီးအား ကြီးကြပ်ရေး ဝန်ကြီးဌာန၏ ထိပ်တန်းစစ်သားများက ဝိုင်းရံထားသဖြင့် မည်သူမျှ ဝင်ထွက်မသွားလာနိုင်ပေ။ အင်အားသုံး၍ ထွက်ခွာရန် ကြိုးစားသူတိုင်းသည် အလောင်းဘဝ ပြောင်းရသည်။
ကြီးကြပ်ရေး ဝန်ကြီးဌာနရှိ သခင်များ၏ တင်းကျပ်သော စောင့်ကြည့်မှုအောက်တွင် လူသားတစ်ဦး မဆိုထားနှင့်၊ ယင်ကောင်များနှင့် ကြွက်များပင် ခိုးမထွက်နိုင်ပေ။
ယခုအချိန်တွင် ဘက်ကင်ဟမ် စံအိမ် သည် သေရေးရှင်ရေး အန္တရာယ်ရှိနေပြီဖြစ်သည်။
အင်ပါယာရှိ နိုဘယ်များသည် ဘုရင်
ဘက်ကင်ဟမ်၏ မိသားစုကို ဆက်ဆံရမည်ကို ပိုင်းခြားထားသည်ဟု ကြားသိရသည်။ ဘက်ကင်ဟမ် မိသားစု၏ ဂုဏ်သိက္ခာကို လူအချို့က ယုံကြည်ခဲ့ကြသည်။ အချို့က ကောလာဟလများသည် အမှန်ဟု ထင်ခဲ့ကြသော်လည်း
ဘက်ကင်ဟမ်အား ခွင့်လွှတ်ရန် လီယွန်၏ တော်ဝင်မိသားစုထံ တောင်းဆိုခဲ့ကြသည်။ လူအများစုကမူ လူထု၏ ဒေါသကို ငြိမ်းအေးစေရန် ဘုရင်မင်းမြတ်အား ဘက်ကင်ဟမ် မိသားစုမှ လူတိုင်းအား သတ်ပစ်ရန် အကြံပြုထားသည်။
ထိုအချိန်တွင် ဧကရာဇ် ဂျုနင်ဟို၏ စိတ်နေ သဘောထားသည် တိတ်ဆိတ်နေခဲ့ပြီး လျှို့ဝှက် ဆန်းကြယ်နေခဲ့သည်။
အခန်း 1001- ဘက်ကင်ဟမ် မိသားစု၏ အကျပ်အတည်း (အပိုင်းနှစ်)
တော်ဝင်မိသားစုက အဆုံးအဖြတ် မချသေးသည့်အတွက် ကြီးကြပ်ရေး ဝန်ကြီးဌာနက အလျင်စလို မလုပ်ရဲပေ။
ထောင်နှင့် ချီသော အစောင့်များ၊ အိမ်ဖော်များနှင့် ကျွန်များကို ယခုထိ
မသတ်သေးသော်လည်း လူအချို့၏ လှုံ့ဆော်မှုအောက်တွင် ဘုရင်မင်းမြတ် ဂျုနင်ဟိုထံ ဘက်ကင်ဟမ် မိသားစုအားကွပ်မျက်ရန် တောင်းဆိုထားသည့် နိုဘယ်များနှင့် တော်ဝင်အဖွဲ့ဝင်များ ပို၍...ပို၍ များပြားလာသည်။
ဘက်ကင်ဟမ် မိသားစုသည် အန္တရာယ်
ရှိသော အခြေအနေတွင် ရှိနေခဲ့သည်။
ယခုအချိန်တွင် စစ်သားအဖွဲ့များသည် ဘက်ကင်ဟမ် စံအိမ်အပြင်ဘက်တွင် ကင်းလှည့်နေကြသည်။
ကျွီ...!
ရုတ်တရက် ခြံတံခါး ပွင့်လာသည်။
ရိုးရှင်းသော အဖြူရောင်ဝတ်စုံဝတ်ထားသော မိန်းမချောလေးတစ်ဦးသည် တံခါးဝမှ တဖြည်းဖြည်း ထွက်လာပြီး လှပသော အိမ်ဖော်အချို့လည်း သူမနောက်မှ လိုက်ပါလာခဲ့သည်။
“ ရပ် ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး “
စစ်သားများသည် ချက်ချင်းတုံ့ပြန်ကြပြီး လက်နက်များကို မြှောက်ကာ အားနည်းသော အမျိုးသမီးများအား ဓါးများဖြင့် ဆတ်ခနဲ ချိန်ထားကြသည်။
အန္တရာယ်ရှိသော ရန်သူနှင့် ရင်ဆိုင်ရသလို အော်ဟစ်လိုက်ကြသည်။
ထိုမိန်းမချောလေးနှင့် အိမ်ဖော်တို့သည် ကြောက်လန့်သွား၏။ မိန်းမချောသည် နိုဘယ် တစ်ယောက်ဖြစ်၏။ အိမ်ဖော်များသည်လည်း ငြိမ်သက်အေးဆေးသော ဘဝကို ဖြတ်သန်းခဲ့ကြ၏။ ယခုလို ကြောက်စရာကောင်းသည့် မြင်ကွင်းကို တစ်ခါမှ မမြင်ဖူးကြ၍ ကြောက်လန့်တကြား ငိုကြွေးကြသည်။
“အထင်မလွဲပါနဲ့...အထင်မလွဲပါနဲ့။”
အိမ်အကူ တစ်ယောက်က သတ္တိရှိရှိဖြင့် ဖြေရှင်းလာသည်။
သူမက မိန်းမချောလေးကို ညွှန်ပြကာ တောင်းပန်လာသည်။
“စစ်သားကြီးတို့ သူက ဘုရင်
ဘက်ကင်ဟမ်ရဲ့ မိဖုရားပါ ဧကရာဇ် ဂျုနင်ဟို ဘုရင်မင်းမြတ်က လူတွေကို အိမ်ပြင်မထွက်ဖို့ တားမြစ်ထားတယ်ဆိုတာ ကျွန်မတို့ သိတယ် ကျွန်မတို့က အပြင်ကို ထွက်ဖို့ ကြိုးစားတာ မဟုတ်ပါဘူး၊ ရှင်တို့က ဒီနေရာကို ဆယ်ရက်လောက် ဝိုင်းထားပြီးတော့ စားစရာနဲ့ ရေတွေ ကုန်သွားပြီ။ကျွန်မတို့ စားစရာတွေ လာကူပေးပါလားရှင်..ဒါလေးတွေ လက်ခံပေးပါ..”
ထို့နောက် အိမ်အကူအချို့က ရွှေချောင်းနှင့် ငွေချောင်းများ ထည့်ထားသော ရတနာသေတ္တာ တစ်လုံးကို အင်အားစိုက်ထုတ်၍ မလာကြသည်။ သူတို့က ရတနာသေတ္တာကို ဖွင့်လိုက်ကြသည်။ ရွှေချောင်းနှင့် ငွေချောင်းများ၏ တောက်ပသောအလင်းရောင်သည် စစ်သားများကို မျက်စိ ကျိန်းစပ်စေသည်။
တံခါးရှေ့မှာ စစ်သားတွေက ရတနာများကို မြင်သောအခါ လောဘတကြီး ဝမ်းသာအားရ ဖြစ်သွားသည်။ သို့သော် သဘောတူရန် မဝံ့ရဲကြပေ။ အချင်းချင်း စကားအနည်းငယ် ပြောပြီးသောအခါ ရဲဘော်
တစ်ယောက်က ကြီးကြပ်ရေးမှူးထံ သတင်းပို့ရန် လှည့်သွားသည်။
ထိုအခိုက်အတန့်တွင် ဓားသတ္တု ခုတ်သံများ လျင်မြန်စွာ ထွက်ပေါ်လာသည်။
မြင်းတပ်သား တစ်ဒါဇင်ကျော် ဤနေရာသို့ အရှိန်ပြင်းပြင်း ဦးတည်လာကာ သူတို့၏ လင်းယုန် ဦးထုပ်များပေါ်ရှိ အမွှေးများသည် လေထဲတွင် တလူလူ လွင့်ဝဲ
လျက်။
သူတို့၏ ချပ်ဝတ်တွင် ရင်ဘတ်အကာအကွယ်တွင် ကြီးကြပ်ရေး ဝန်ကြီးဌာနကို ကိုယ်စားပြုသော အနီရောင်ပန်းဖူး သင်္ကေတများ ပါရှိသည်။
အဆိုပါ မြင်းတပ်သားများ တံခါးဝသို့ ရောက်သောအခါ ဇက်ကြိုးကို အလျင်အမြန် အုပ်ကာ တိခနဲ ရပ်လိုက်ကြသည်။ သူတို့၏ မြင်းစီး စွမ်းရည်က အလွန် ကောင်းလှသည်။
ရှေ့က ကြံ့ခိုင်သန်စွမ်းသည့် မြင်းစီးသူရဲက
သူ့မြင်းပေါ်ကနေ အရင် ခုန်ဆင်းသည်။
အနက်ရောင်မျက်နှာဖုံးကို ချွတ်ပြီးနောက် ချောမောသော မျက်နှာတစ်ခု ပေါ်လာသည်။ တံခါးဝတွင် တုန်လှုပ်ချောက်ချားနေသော ခပ်ချောချော နိုဘယ် အမျိုးသမီးကို ကြည့်လိုက်သောအခါ သူ၏ အစိမ်းရောင် မျက်လုံးများတွင် မရိုးသားသော ဆန္ဒတစ်ခု ပေါ်လာသည်။
ထိုသူသည် သူ့ခံစားချက်များကို အမြန်ဖုံးကွယ်လိုက်ပြီး ရယ်မောကာ
“ မင်းသမီးပါလား၊ အဆင့်မြင့်ဝတ်စုံနဲ့ စွဲမက်ဖွယ်ကောင်းတဲ့ လက်ဝတ်ရတနာတွေကို ချွတ်ပြီးနောက်မှာလည်း မင်းက ပိုတောင် လှလာတယ်။ ဒါပေမယ့် မင်းရဲ့ သနားစရာကောင်းတဲ့ အသွင်အပြင်က ရှားရှားပါးပါး ရင်သပ် ရှုမောစရာပါပဲ ”
“အာ မဲရစ်ဒါ.. နင်လား.. “
မိန်းမချောလေးသည် ဤတပ်သားကို မြင်သောအခါ အံ့အားသင့်သွားသည်။
သူမသည် အံ့အားသင့်ပြီးနောက် ပျော်သွားသလို ရှိသည်။
“နင်နဲ့ တွေ့ရတာ ကောင်းလိုက်တာ ဒီနေ့ နင့်ကို တွေ့ဖို့ မမျှော်လင့်ထားဘူး ငါတို့က ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပဲ
မလား..နင် ငါတို့ကို စားစရာ ရအောင် ကူညီပေးနိုင်မလား လူတိုင်းက အစာရေစာ ငတ်မွတ်နေကြတယ် “
“ ဟင် “ ဤချောမောသော မြင်းစီးသူရဲ၏ မျက်နှာပေါ်တွင် စနောက်သောအပြုံးတစ်ခု ပေါ်လာသည်။
သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီး
“ဘာလဲ ဘက်ကင်ဟမ် အိမ်ရာက စားစရာ မရှိတာလား မယုံနိုင်စရာကြီး...”
ဘက်ကင်ဟမ်၏ ဇနီးသည် ဖြူစင်သောမိန်းမ တစ်ယောက်ပါ။
အိမ်ထောင်ကျပြီးသား ဖြစ်ပေမယ့်လည်း နုံအသည့် မိန်းကလေး တစ်ယောက်လိုပါပဲ။ မဲရစ်ဒါ၏ မျက်လုံးများရှိ ထိုမရိုးသားသော ဆန္ဒအရိပ်အယောင်ကို မရိပ်မိပါ။ သူမက ဒေါသတကြီးဖြင့် နှုတ်ခမ်းစူကာ
“ဟုတ်တယ် ငါတို့ အစာပြတ်သွားပြီ လွန်ခဲ့တဲ့ လေးရက်လောက်က ကြီးကြပ်ရေး ဝန်ကြီးဌာနကို တောင်းဆိုမှုတွေ အများကြီး ပို့ထားပေမယ့် ဘယ်သူမှ ဂရုမစိုက်ဘူး ဒါက အရမ်းလွန်ကဲတယ် သူတို့ကို ငါ တရားစွဲမယ် မဲရစ်ဒါ နင် ငါတို့ကို ကူညီမှာ မဟုတ်လား ငါတို့က သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့တယ်လေ “
မြင်းစီးသူရဲက သူ့ခမောက်ကို ဖယ်လိုက်ပြီး “ဟုတ်တယ် ငါတို့က သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့တယ်..” ဟု ရယ်မောကာ ဆိုလိုက်သည်။
ထို့နောက် သူက ခေတ္တရပ်ပြီး ရုတ်တရက် အေးစက်သောအမူအရာဖြင့် ဤမိန်းမချောလေး၏ နားထဲသို့ ခပ်တိုးတိုး ပြောသည်။
“မင်းပြောသလိုပဲ ငါတို့က သူငယ်ချင်း ဖြစ်ခဲ့တာပဲ မင်း ငါ မဲရစ်ဒါကို ပစ်ပယ်ပြီး သစ္စာဖောက် ဘက်ကင်ဟမ်ကို ရွေးခဲ့တာ စိတ်မကောင်းဘူးအခု ငါတို့ကြားထဲမှာ ဘာပတ်သက်မှုမှ မရှိတော့ဘူး ဘာလို့ ငါ မင်းကို ကူညီရမှာလဲ ငတုံးမ၊ မင်း အခြေအနေကို သဘောမပေါက်ဘူးလား
အင်ပါယာမှာ မင်းတို့ကို ကူညီချင်သူ
တစ်ယောက်မှ မရှိဘူး..လူတွေ အများကြီးက မင်းတို့ကို သေစေချင်နေတာ.. မင်းတို့ ငတ်မွတ်နေပေမယ့်လည်း ဘယ်သူမှ
မကူညီနိုင်ဘူး”
End