← Chapters

အခန်း (၁၀၀၂)

Vol. 66 Ch. 1002

အခန်း (၁၀၀၂)

Vol. 66 Ch. 1002

အခန်း 1002- ဘက်ကင်ဟမ်မိသားစု၏ အကျပ်အတည်း (၂) (အပိုင်းတစ်)

ထိုမိန်းမချောလေး အံ့ဩသွားပြီး မျက်လုံးတွေ ပြူးကျယ်သွားသည်။

“ နင် ..နင် ဘာလို့ ဒီလို ပြောရတာလဲ ”

အခုတော့ သူမ မျက်လုံးထဲမှာ မျက်ရည်တွေ ရစ်ဝဲလာပြီး အဖြစ်အပျက်အတွက်

မယုံကြည်နိုင် ဖြစ်နေရသည်။ မဲရစ်ဒါသည် သူမ သိသော မြင်းစီးသူရဲ မဟုတ်တော့ဟု ခံစားရပြီး သူ့ကို မေးခွန်းထုတ်သည့်အမူအရာဖြင့် ပြန်ကြည့်မိသည်။

ခဏတာ ကြာပြီးနောက် မဲရစ်ဒါသည် ဤအမျိုးသမီးကို မျက်လုံးချင်း ရင်မဆိုင်တော့ပါ။ ထိုအစား သူက ခေါင်းခါလိုက်ပြီး ဒီအမျိုးသမီး၏ ခန္ဓာကိုယ်ကို စော်ကားမော်ကား ကြည့်သည်။

သူမ ဆံပင်တွေကို သူ့လက်ချောင်းတွေနှင့် ကစားရင်း သူက

“မင်းကို ကြည့်စမ်း ဆာလောင်မှုကြောင့် ပိန်ပြီး ဖြူဖပ်ဖြူရော်ဖြစ်နေတာ မင်းက အဲ့ဒီလောက် စွဲမက်ဖွယ်ကောင်းတဲ့ မြင့်မြတ်တဲ့မိန်းမ မဟုတ်တော့ဘူး ငါ့အစား ဘက်ကင်ဟမ်ကို မင်း ဘာကြောင့် ရွေးခဲ့တာလဲ ဂုဏ်ကျက်သရေ ရှိလှတဲ့ ဘုရင် ဘက်ကင်ဟမ်က မင်းကို အကာအကွယ်တောင် မပေးနိုင်သလိုပဲ မင်း သူ့ကို ရွေးလိုက်တာတစ်နေ့မှာ မင်း ထောင်ထဲ ရောက်မယ်လို့ မတွေးမိဘူးမလား..ထမင်းတောင် မစားနိုင်ဘူး..ဘယ်လောက် သနားဖို့ ကောင်းလဲ မင်း ဆုံးဖြတ်ချက်ကို အခု နောင်တရနေပြီလား ...ဟားဟား “

မဲရစ်ဒါ စကားဆုံးပြီးနောက် ထိုမိန်းမချောလေး တစ်စုံတစ်ခုကို ဖြည်းညှင်းစွာ သဘောပေါက်သွားသည်။

သူမ၏ မျက်လုံးများမှ မျက်ရည်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမ၏ မေးခွန်းထုတ်သော အကြည့်များသည် အံ့အားသင့်ခြင်းအဖြစ် ပြောင်းလဲသွားကာ သူမသိသော မဲရစ်ဒါအစား အခြားလူကို ကြည့်နေသလို ခံစားရသည်။

သူမ ခေါင်းကို ညင်သာစွာ ခါလိုက်ပြီး ဘာမှ မပြောနိုင်ပေ။ အဆုံးတွင် သူမသည် စိတ်ပျက်သွားပုံ ရသည်။

ဒီလို စိတ်ပျက်စရာကောင်းသည့် အကြည့်အောက်မှာ မဲရစ်ဒါဟာ ဒေါသအနည်းငယ်နှင့် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။

သူက ဒီအမျိုးသမီး၏ အနားကို ချဉ်းကပ်ပြီး

“ ဂျူလိီယာ ငါ့ကို ဒီလို မကြည့်နဲ့ မင်းနဲ့ ဘက်ကင်ဟမ် အိမ်ရာမှာ ရှိတဲ့ လူတွေက ငါ့အမိန့်မပါဘဲ အစာမစားရဘူးဆိုတာ မင်းနားလည်လား ဘက်ကင်ဟမ် တစ်နေ့ပြန်လာရင်တောင် သူ အလောင်းတွေနဲ့ အရိုးဖြူတွေပဲ မြင်လိမ့်မယ်။”

ဂျူလီယာသည် သူမ၏မျက်လုံးများတွင် ကျန်နေသောမျက်ရည်များကို သုတ်လိုက်ပြီးရယ်မောရင်း ချက်ချင်းပင် အေးစက်သွားသည်။

“ ငါ့ကို ပြော နင် ဘာလိုချင်လဲ “

“ဘာလိုချင်လဲ ဟုတ်လား?”

မဲရစ်ဒါက ရယ်မောပြီး သူ့နှလုံးသားထဲမှာ တစ်ခုခု ကွဲကြေသွားသလို ခံစားလိုက်ရသည်။ သို့သော်လည်း သူသည် မဆိုင်းမတွဘဲ ရက်စက်ယုတ်မာစွာ လှည့်လာကာ

“ ဒါကို မင်းသိပါတယ် ငါ မင်းကို ဆယ်နှစ်သားကတည်းက လိုချင်ခဲ့တာ ဒီနေ့ထိတောင် မပြောင်းလဲဘူး “

ဂျူလိီယာ သည် ဝမ်းနည်းစွာ ပြုံးကာ မဲရစ်ဒါ နှင့် သူမ၏ ကြည်နူးဖွယ် ကလေးဘဝ အမှတ်တရ အားလုံးကို လွှင့်ပစ်ခဲ့သည်။ သူမက ခေါင်းကိုမော့ပြီး မဲရစ်ဒါ အား အေးစက်သောလေသံဖြင့်

“ နင့်မှာ ဒီလိုညစ်ပတ်တဲ့ အတွေးတွေရှိနေတုန်းပဲအတိတ်ပဲဖြစ်ဖြစ် အခုပဲဖြစ်ဖြစ် အရေးမကြီးဘူးနင်က ဘက်ကင်ဟမ် ထက် သေချာပေါက် ယုတ်ညံ့တယ် “

“မင်း…” မဲရစ်ဒါ ဒေါသထွက်သွားသည်။

ဂျူလီယာက နောက်တစ်ကြိမ် သူ့အား မော့ကြည့်ကာ

“ သဘောတူတယ် ”

“ဘာ...” မဲရစ်ဒါ အံ့ဩသွားသည်။

“ နင့်ရဲ့ တောင်းဆိုတာကို ငါသဘောတူတယ် ဒါပေမယ့် နင် စားစရာတွေကို ဘက်ကင်ဟမ်စံအိမ်ကို ရွှေ့ရမယ် ဆန် ၁၀၀၀ ကီလိုဂရမ်၊ ရေ ၁၀၀၀ ကီလိုဂရမ်၊ ဝက်သား ၁၀၀၀ ကီလိုဂရမ်...”

“ဘဟားဟားဟား “

မဲရစ်ဒါသည် ဂျူလိီယာက သူ့ တောင်းဆိုချက်ကို အလွယ်တကူ လက်ခံလာဖို့ မမျှော်လင့်ထားသောကြောင့် ဝမ်းသာအားရ ဖြစ်သွားသည်။

ဒီဖြူစင်သည့် မိန်းကလေးသည် သူနှင့် အတူ ကြီးပြင်းလာသည့်အတွက် သူက သူမကို ကောင်းကောင်းသိသည်။ သူမလို မိန်းကလေးမျိုးသည် နူးညံ့သိမ်မွေ့သော်လည်း အတွင်းဘက်၌ အလွန် မာကျောသည်။ ထိုကိစ္စမျိုးကို ဘယ်သောအခါမှ သဘောတူမည် မဟုတ်။ သို့သော် သူ့ဆန္ဒသည် မကြာခင် ပြည့်ဝသွားမည်ဖြစ်သည်။

“မင်းကတော့ အရမ်းကောင်းတဲ့ ဇနီးကို ရထားတာပဲ”

ထိုအခါ ဘက်ကင်ဟမ်က ဒေါသတကြီး

ဖြင့် ပြောသည်။

“ ဂျူလိီယာနဲ့ ငါက အဲ့ကောင် မဲရစ်ဒါကို အရမ်းယုံကြည်ခဲ့တယ် ငါက မဲရစ်ဒါကို ကြီးကြပ်ရေးဌာနထဲကို တွန်းပို့ခဲ့တဲ့သူလေ ..ငါ့ရဲ့ စောင်မမှု မရှိဘဲမြင့်မြတ်တဲ့ နောက်ခံ အသိုင်းအဝိုင်းမရှိတဲ့ မဲရစ်ဒါလို စစ်သည်တော်ပေါက်စလေးကဘယ်လို ကြီးကြပ်ရေးဌာနထဲကို ဘယ်လို ဝင်ခွင့်ရပြီး ကြီးကြပ်ရေး သူရဲကောင်းငါးယောက်ထဲက တစ်ယောက်ဖြစ်လာနိုင်မလဲ ကျေးဇူးမသိတဲ့ လူယုတ်မာ”

အခန်း 1002- ဘက်ကင်ဟမ်မိသားစု၏ အကျပ်အတည်း (၂) (အပိုင်းနှစ်)

“ ဒေါသမထွက်ပါနဲ့ လူတိုင်းက ငယ်ရွယ်တုန်းမှာ အမှိုက်ကို တက်နင်းမိကြတာပဲ..”

ဖေးက ဘက်ကင်ဟမ်ကို အား‌ပေးသောလေသံလေးဖြင့် နှစ်သိမ့်ရန် ကြိုးစားခဲ့သည်။

“ ဒီကောင်က အစကတည်းက မင်းကိုမုန်းတီးနေတယ်ဆိုတာကို သတိမထားမိဘဲ မိုက်မဲလွန်းတဲ့အတွက် မင်းကိုယ်မင်းပဲ အပြစ်တင်ရမယ် “

“တောက်..ငါ ဒီသူတောင်းစားကို သတ်မယ်...”

ပြောပြောဆိုဆိုနှင့် ဘက်ကင်ဟမ် တိုက်ခိုက်တော့မည်ပြုသည်။

ဖေးက ဘက်ကင်ဟမ်ကို ချက်ချင်း ပြန်ဆွဲထားပြီး

“ ဟေး..ငါတို့ ကိုယ့်ကိုယ်ကို ဖော်ထုတ်လိုက်လို့ မဖြစ်သေးဘူး...စိတ်မပူနဲ့၊ ငါ့ကို ဒါကို ကိုင်တွယ်ခွင့်ပေး “ ဟု ပြောလိုက်သည်။

မဲရစ်ဒါ၏ တောက်လောင်နေသော အကြည့်သည် ဓားတစ်စင်းလို ထက်ရှနေပြီး ဤလှပပြီး မြင့်မြတ်သော အမျိုးသမီးကို သူ့မျက်လုံးများဖြင့်ပင် အဝတ်များ ချွတ်ချင်နေပုံ ရသည်။

ဂျူလီယာကို ထကြွသော မျက်လုံးဖြင့် ကြည့်နေစဉ်တွင် သူ၏ အမိန့်ပြီးသွားသည်နှင့် သဘောတူညီချက်အရ မြင်းစီးသူရဲများနှင့် စစ်သား အများအပြား ရိက္ခာနှင့်ရေများ ပြည့်နေသော ရထားလုံးများဖြင့် ရောက်ရှိလာကြသည်။

ဘုရင်မင်းမြတ် ဂျူနင်ဟိုသည် ဘက်ကင်ဟမ် အိမ်ရာမှ မည်သူမျှ ဝင်ရောက်ခြင်း သို့မဟုတ် ထွက်ခွာခြင်း မပြုရန် အမိန့်ထုတ်ထားသောကြောင့် အစားအသောက်နှင့် ရေများသယ်ဆောင်သည့် ရထားများသည် ဂိတ်ပေါက်ရှေ့တွင် စနစ်တကျရပ်ထားခဲ့သည်။

ဖေး တစ်ခုခုလုပ်တော့မှာ ဖြစ်ပေမယ့် ဒါကိုမြင်သည့်အခါ နည်းနည်းကြာအောင်စောင့်ဖို့ ဆုံးဖြတ်လိုက်သည်။

“အခု အဆင်ပြေရဲ့လား အရှင်မင်းသမီး..” တံခါးရှေ့မှာ ရပ်နေသည့် မဲရစ်ဒါက လှပပြီး မြင့်မြတ်သည့် ဂျူလိီယာကို ဝမ်းသာအားရ မေးသည်။ ဖြစ်လာမည့်အရာကို သူ မစောင့်နိုင်တော့ပေ။

“အားလုံးက အထဲကို ရွှေ့ပါ..”

ဂျူလီယာ လှည့်ကြည့်ကာ သူ့အနားရှိ အိမ်အကူတစ်ဦးအား တစ်စုံတစ်ခု တိုးတိုးပြောပြီး ထိုအိမ်အကူသည် သတင်းပေးပို့ရန် အိမ်ထဲသို့ ပြေးသွားခဲ့သည်။

မကြာမီ ငတ်မွတ်ခေါင်းပါးမှုကြောင့် အားနည်းနေသော အစောင့်များနှင့် ကျွန်အချို့သည် လမ်းလျှောက်လာကာ ရထားများကို ခြံဝင်းထဲသို့ ဆွဲသွင်းရန် အစွမ်းကုန် ကြိုးစားကြသည်။

“ မင်းသမီး.. မင်းရဲ့ကိုယ်ပိုင်စကားတွေကို ပြန်မပြောင်းဖို့ ငါမျှော်လင့်ပါတယ် ဒီလိုမှမဟုတ်ရင် ဘက်ကင်ဟမ်စံအိမ်က ဘာမှစားစရာ ရှိမှာ မဟုတ်သလို ဘက်ကင်ဟမ် မိသားစုမှာ တိုက်ရိုက် မပါဝင်တဲ့ အစောင့်တွေနဲ့ ကျွန်အားလုံးကို ကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ သွေးအကျဉ်းထောင်မှာ ချုပ်နှောင်ထားလိမ့်မယ် “ မဲရစ်ဒါက အပြင်းအထန် ခြိမ်းခြောက်သည်။

ဂျူလီယာက ခေါင်းမော့ပြီး “နင် ဒါကို ဘယ်မှာ လုပ်ချင်လဲ” ဟု အထင်တသေး ပြန်မေးသည်။

“ ဟားဟား ကောင်းတယ် “

မာရီဒါ၏ မျက်လုံးများရှိ ဆန္ဒမီးတောက်များကို ဖုံးကွယ်ထား၍ မရတော့ဘဲ မဲရစ်ဒါက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

အနက်ရောင် သံချပ်ကာတပ်သားတစ်ဦးသည် ခမ်းနား၍ မှော်ဆန်သည့် ဧရာမ ရထားတစ်စီးအား မောင်းနှင်၍ ရောက်လာသည်။

မဲရစ်ဒါက သူ့ မျက်နှာမှ ကောက်ကျစ်သော အပြုံးတစ်ခုနှင့် ပြောလာသည်။

“ဘက်ကင်ဟမ် စံအိမ်ကို ဘယ်သူမှ

မထွက်ခွာခဲ့ဖို့ ဘုရင်မင်းမြတ်က အမိန့်ပေးခဲ့တယ် ဒါကြောင့် မင်း ဒီနေရာရဲ့ တံခါးကို အကြာကြီး ထားခဲ့လို့မရဘူး ဟဲဟဲ ငါတို့ ဒီရထားလုံးပေါ်မှာပဲ ပျော်ပျော် နေနိုင်တယ် ဟားဟားဟား မင်း.. ညည်းတွားတဲ့အခါ အသံလျှော့ဖို့ မမေ့နဲ့ဟားဟား မဟုတ်ရင် မင်းရဲ့ ဆွဲဆောင်မှုရှိတဲ့ အော်သံတွေ ငါ့တပည့်တွေအားလုံး ကြားရလိမ့်မယ် “

ဂျူလီယာ၏ တောက်ပသော မျက်လုံးရွဲကြီးများတွင် ဒေါသအခိုး ဝေလာသည်။

ရုတ်တရက် သူမသည် ညာလက်ဖြင့် ဓားတိုလေးတစ်လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူမ၏ ဝတ်ရုံ လက်ရှည်ဖြင့် ထိုဓားကို ဝှက်ထားသောကြောင့် မည်သူမျှ ၎င်းကို မမြင်နိုင်ပေ။

သူမသည် တစ်ခုခုကို ဆုံးဖြတ်ချက် ချခဲ့သည်။

မဲရစ်ဒါသည် သူ့ရှေ့မှ အမျိုးကောင်းသမီးကို စိတ်အားထက်သန်စွာ လှမ်းဆွဲလိုက်စဉ်တွင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။

ဘုန်း!

မဲရစ်ဒါ ဆန့်ထုတ်လိုက်သောလက်သည် ပေါက်ကွဲသွားသည်။

သူ့လက်ကောက်ဝတ်အောက်က အရာအားလုံးဟာ သွေးမြူအဖြစ် ပြောင်းလဲကာ သွေးမီးရှူးမီးပန်းတစ်ခု လေထဲ ပစ်လွှတ်လိုက်သလိုပင်။

“အား!!!”

မဲရစ်ဒါက သူ့ညာလက်ဒဏ်ရာကို ဘယ်လက်နှင့် ဆုပ်ကိုင်ထားပြီး

“ဘယ်သူလဲ ဘယ်သူလဲ” ဟု ကြောက်လန့်တကြား အော်ဟစ်သည်။

ကြီးကြပ်ရေးဌာနမှ စစ်သားများသည် ထိတ်လန့်သွားပြီး တုန်လှုပ်ချောက်ချားမှုမှ နိုးထလာပြီးနောက် လျင်မြန်စွာ လှုပ်ရှားခဲ့ကြသည်။ လီယွန်တပ်သားများသည် ကောင်းစွာလေ့ကျင့်ထားပြီး ကြီးကြပ်ရေးဌာနသည် လီယွန်အင်ပါယာတွင် အရေးပါသော အင်အားစု ဖြစ်သည်။

စစ်သားများသည် အလယ်တွင် မဲရစ်ဒါ ကိုကာကွယ်ပေးသည့် စက် ယန္တရားများကဲ့သို့ အနေအထားကို ချက်ချင်း ဖန်တီးခဲ့သည်။ အဝေးကို လှမ်းကြည့်လိုက်လျင် သံမဏိ ဖြူကောင်ကြီးတစ်ကောင်လို မြင်နေရသည်။

ထို့နောက်တွင်၊ မှော်စွမ်းအင်မီးတောက်သည် ကောင်းကင်သို့ ပျံတက်သွားသည်။ ၎င်းက ကြီးကြပ်ရေး ဝန်ကြီးဌာန၏ အချက်ပြခြင်းပင်။

End

All Chapters