← Chapters

အခန်း (၁၀၀၃)

Vol. 66 Ch. 1003

အခန်း (၁၀၀၃)

Vol. 66 Ch. 1003

အခန်း 1003-ရင့်သီးသောစမ်းသပ်မှု (အပိုင်းတစ်)

မာရီဒါအတွက် အခြေအနေ မကောင်းပေ။

ထိုအခိုက်အတန့်၌ အနည်းငယ် ခါးကိုင်းနေသည့် ခန္ဓာကိုယ် ပိန်ပါးသော ပုံရိပ်သည် ဂိတ်ပေါက်မှ ဘက်ကင်ဟမ် စံအိမ်သို့ လွင့်ပျံလာသည်။

သူသည် နတ်ဆိုးတစ်ကောင် သွားဖြဲနေသော အနက်ရောင် မျက်နှာဖုံးကို ၀တ်ဆင်ထားသည့် အဘိုးအိုတစ်ဦး ဖြစ်ပြီး ရှည်လျားသော ဆံပင်များက ဖြူဖွေးနေပါသည်။

အဘိုးအိုက သဲပွင့်များ အချင်းချင်း ပွတ်ကြိတ်မိနေသကဲ့သို့ အက်ကွဲသော အသံဖြင့်

“ ဘက်ကင်ဟမ် မိသားစုရဲ့ ဂုဏ်သိက္ခာကို စွန်းထင်းချင်တာလား အိမ်နဲ့ ဆယ်မီတာအကွာမှာ ရှိတဲ့ ဘယ်သူမဆို အသတ်ခံရမယ် “

ထိုအသံက ထူးဆန်းပြီး ငရဲမှ တက်လာသည့် ငရဲနတ်ဘုရားက ငြင်းမရသည့် အရာတစ်ခုကို ပြောနေသည့်နှယ်။

“ အဘိုးကြီး..သေချင်ပြီလား ခင်ဗျား ဘယ်သူလဲခင်ဗျား အခု ဘလုပ်နေလဲ သိလား..ကြီးကြပ်ရေးဌာနကို ခင်ဗျား ဘယ်လိုသတ္တိရှိရှိ စိန်ခေါ်နေလဲ... အား

ငါ့လက် နာလိုက်တာ သူ့ကို သတ်..အမြန် ဖမ်းစမ်း” မဲရစ်ဒါက သွေးရူးသွေးတန်း ထအော်သည်။

တစ်ဖက်တွင်၊ လှပသော ဂျူလီယာသည် ယခု ဖြစ်ရပ်ကြောင့် သိသိသာသာ တုန်လှုပ်သွားခဲ့သည်။

“ စကားအရမ်းများတဲ့ ကောင်စုတ်လေး...သေလိုက်တော့ “

ပြောပြောဆိုဆိုနှင့် ဆံပင်ဖြူ အဘိုးကြီးက မဲရစ်ဒါထံ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဆူညံစွာ အော်ငေါက်နေသော မဲရစ်ဒါ သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေ့ရှိသွားပြီး အကြီးအကျယ် မျက်နှာ ပျက်သွားသည်။

ဘုန်း!

သံတူဖြင့် ရိုက်ခံရသော ဖရဲသီး တစ်လုံးလို မဲရစ်ဒါသည် သွေးစီးကြောင်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရိုး အဖြူအပိုင်းအစများပဲ့ကြွေကျကာ မြေပြင်ပေါ်တွင် သွေးများ ဒရဟော စီးဆင်းသည်။

လအဆင့် နယ်ပယ် တက်လှမ်းရန် မဝေးတော့သည့် ကြီးကြပ်ရေး သူရဲကောင်းဟာ လက်ရွေးစင် စစ်သားများ၏ အကာအကွယ်ကိုလည်း ကောင်းကောင်းခံယူထားချိန်မှာပင် ဝက်တစ်ကောင်လို ချက်ချင်း အသတ်ခံခဲ့ရသည်။

“ ဒီလူကြီးရဲ့ အစွမ်းက ကြောက်စရာကြီးပါလား “

လူတော်တော်များများက ကောက်ချက်ချနေကြသည်။

ကြီးကြပ်ရေးဌာနက စစ်သားများနှင့် မြင်းတပ်သားများက ထိုအဘိုးကြီး၏ အစွမ်းကြောင့် ထိတ်လန့်သွားပြီး တုပ်တုပ် မလှုပ်ရဲကြပေ။

“ အခုချိန်ကစပြီး ဘက်ကင်ဟမ် စံအိမ်ဟာ ငါ့ရဲ့စောင့်ကြည့်မှုအောက်မှာ ရှိတယ်၊ ဟီးဟီး၊ မင်းတို့တွေ နားမထောင်ချင်ရင် ကြီးကြပ်ရေးဌာနက ဂိုဗူကို တိုင်တန်းပြီး သူ့ကို ငါ့ဆီ လာပြောခိုင်း ” ဟု ဆံပင်ဖြူအဖိုးအိုက အက်ကွဲသော အသံဖြင့် ပြောသည်။

သူ့မျက်နှာမှာ တင်းတင်းကြပ်ကြပ် စွပ်ထားသည့် အနက်ရောင်မျက်နှာဖုံးက မရဏနတ်ဆိုး တစ်ပါးလို အခြားသူများကို ထိတ်လန့်စေသည်။

အဘိုးကြီး စကားပြောနေစဉ်တွင် အဖြူမှိုင်းမှိုင်း မြူထုတစ်ခုပေါ်လာပြီး ဘက်ကင်ဟမ် စံအိမ် တစ်ခုလုံးကို ဖုံးအုပ်လာတော့သည်။

သဘာဝ၏ နိယာမအရ မြူထုများကြားတွင် နေရောင်တစ်ခုရွေ့လျားနေပြီး ထူးခြားသောအလှကို ပုံဖော်သည်။

“ နေ..နေအဆင့် သခင်... ဒီဆံပင်ဖြူ

အဘိုးကြီးက နေအဆင့်သခင်ပဲ.. “

လူတိုင်းနီးပါး အလွန် မှင်သက်သွားကြသည်။

“ နောက်ဆုတ်ကြ “

အထက်တန်းကျသည့် စစ်အရာရှိကြီးတစ်ယောက်က ထိတ်လန့်တကြား ထအော်သည်။

ထို့နောက် ဘက်ကင်ဟမ် စံအိမ် ဂိတ်တံခါးကို ဝိုင်းထားသည့် စစ်သားများအားလုံး အလျင်အမြန် နောက်ပြန်ဆုတ်သွားကြသည်။

သူတို့က အကြောက်တရားကြောင့် ကျောခိုင်းရုံသာ မဟုတ်ပါ။

နေအဆင့် သခင်တစ်ယောက် ပေါ်ထွက်လာမှုသည် ဤအခြေအနေအတွက် ပြင်းထန်သည်။ မိမိတို့၏ တာဝန် နယ်ပယ်ထက် ကျော်လွန်နေသောကြောင့် ကြီးကြပ်ရေး ၀န်ကြီး ဌာနသည် မပါဝင်နိုင်တော့ပေ။

ချက်ချင်းပင် ဘက်ကင်ဟမ် စံအိမ်တစ်ခုလုံးကို ဝိုင်းရံထားသည့် သာမန်စစ်သားများပင် ဆုတ်ခွာသွားခဲ့သည်။

အကယ်၍ ဤနေအဆင့်သခင်သည် တစ်ခုခု လုပ်လိုပါက သာမန် ကြယ်အဆင့်စစ်သည်တော်များသည် မည်သည့်အရာကိုမျှ အချိန်မှီ သိနိုင်စွမ်း မရှိသည့်အပြင် သူတို့ သိလျှင်ပင် နေအဆင့်သခင်ကို တားဆီးနိုင်မည် မဟုတ်ပါ။

ဂျူလီယာသည် သူမ မြင်လိုက်ရသော အရာကို ထိတ်လန့်သွားသည်။ သူမသည် အဆိုးရွားဆုံး အခြေအနေတွင် ရှိနေကာ သတ်သေတော့မည်အပြု မမျှော်လင့်ထားဘဲ အံ့ဩစရာတစ်ခု ရုတ်တရတ် ပေါ်ပေါက်လာသည်။

သူမ၏ ဘဝ စွန်းထင်းတော့မည်ဟု ဝမ်းနည်းခဲ့ရသော်လည်း အရာအားလုံး ပြောင်းပြန်လှည့်သွားခဲ့သည်။

“ဒီဆံပင်ဖြူ အဘိုးက ဘယ်သူလဲ သူက ဘယ်က လာတာလဲ သူနဲ့ ဘက်ကင်ဟမ်ကြားက ဆက်စပ်နေတာလား ဘက်ကင်ဟမ် စံအိမ်ကို သူက ဘာလို့

ကာကွယ်ပေးနေတာလဲ”

သူမစိတ်ထဲတွင် ထိုမေးခွန်းများ ဆက်တိုက်ပေါ်လာပြီး ဂျူလီယာသည် ရှုပ်ထွေးသော စိတ်အခြေအနေနှင့် စံအိမ်ထဲကို ပြန်ဝင်သွားသည်။ ဆံပင်ဖြူ အဘိုးကြီးသည် သူမနှင့် အတူ စံအိမ်ထဲသို့ လိုက်ပါလာသည်။

ဘုန်း!

တံခါးကို ပိတ်လိုက်သောအခါတွင် ဂျူလီယာ၏ ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် အေးခဲသွားသည်။

သူမ မြင်နေရသော လူက....

သူမ နေ့စဉ်ညတိုင်း လွမ်းဆွတ်နေသော ထိုလူသည် သူမရှေ့တွင် ရပ်နေလေသည်။

“ ငါ ထင်‌ယောင်ထင်မှား ဖြစ်နေတာလား “

ဂျူလီယာသည် မယုံကြည်ရဲစွာ

ဘက်ကင်ဟမ်၏ မျက်နှာကို သူမ၏ ချောမွတ်ဖြူစင်သော လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။

“ငါ ပြန်ရောက်ပါပြီ”

ဘက်ကင်ဟမ်က ပြန်ဖြေလိုက်သည်။

အခန်း 1003- မာနကြီးသောစမ်းသပ်မှု (အပိုင်းနှစ်)

“ကျွန်မသိတယ်၊ ကျွန်မ သိတယ်... ရှင် ပြန်လာမယ်လို့..ကျွန်မ သိနေတယ်”

ဂျူလီယာသည် သူမ၏ မျက်လုံးများတွင် မျက်ရည်များဝဲလျက် ခင်ပွန်းသည်၏ နွေးထွေးပြီး ရင်းနှီးသော ရင်အုပ်ကျယ်ထဲသို့ တိုးဝှေ့လိုက်သည်။

သူတို့ဘေး၌ ရပ်နေသည့် ဆံပင်ဖြူ

အဘိုးကြီးက ချောင်းဟန့်လိုက်ပြီး

“အဟမ်း..အဟမ်း ငါ ဒီမှာ ရပ်နေတုန်းပဲ လူရှေ့သူရှေ့ မချစ်ကြနဲ့”

ဤအဘိုးကြီး ဖြစ်ရန် ရုပ်ဖျက်ထားသူကတော့ ဖေးပင်ဖြစ်သည်။

လှပသော ဂျူလီယာသည် ဖေး ချောင်းဆိုးခြင်း၏ အဓိပ္ပါယ်ကို ချက်ချင်း နားလည်သွားပြီး ဘက်ကင်ဟမ်၏ လက်မောင်းများကြားမှ ရှက်ရွံ့စွာ ရုန်းကန်လိုက်သည်။

“ဒီစီနီယာက ဟိုးအရင်နှစ်က ငါ အမှတ်မထင် ကယ်တင်ခဲ့တဲ့ သူတော်စင်လေ သူ..သူက အဲ့ဒီတုန်းက ရန်သူနဲ့ တိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန်ရခဲ့တာ...”

မမှားပါ။ ဘက်ကင်ဟမ်က ဂျူလီယာအား ဖေးဖြစ်ကြောင်း ထုတ်မပြောနိုင်တာကြောင့် စောစောက ဖေး ရေးခဲ့သည့် ဇာတ်လမ်းကိုပဲ ပြောပြရမည်သာဖြစ်သည်။

ဘက်ကင်ဟမ်က ဇာတ်လမ်းကို ပြောပြရင်း အနည်းငယ် အဆင်မပြေဖြစ်ပုံ ရပြီး စကားထစ်အသွားသည်။ ထိုဇာတ်လမ်းက နယ်လှည့်ကဗျာဆရာတွေ ပြောပြတဲ့ စိတ်ကူးယဉ်ပုံပြင်တွေထဲက တစ်ပုဒ်လို ဖြစ်နေရပေမယ့် ဖြူစင်ပြီး အဆင်အခြင်မဲ့ သော ဂျူလီယာကို အယုံသွင်းဖို့ လုံလောက်ပါသည်။

ဖေးသည် ဟားတိုက် မရယ်မိရန် အတော် ထိန်းနေရသည်။

ဤဇာတ်လမ်းက ဖေး ၏ယခင်ဘဝက ဖတ်ဖူးသော ဝတ္ထုများတွင် ပါ၀င်သော အကြောင်းအရာများဖြစ်သည်။ ထိုဇာတ်လမ်းမျိုး ဖန်တီးဖို့ သူ့အတွက် လွယ်လွန်းသည်။

“ ကျွန်မတို့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် သူတော်ကြီး “

ဂျူလီယာက ကျေးဇူးတင်ကြောင်း ထပ်မံဖော်ပြခဲ့သည်။

ဖေးက သူ့လက်ကို ဝှေ့ယမ်းပြီး

“အို ..မလိုပါဘူးကွယ်..”

“ဟင်..သခင်..အသံဘယ်လိုပြောင်းသွားတာလဲ”

ဖေး အနည်းငယ် အံ့အားသင့်သွားကာ သူ၏ အသံကြိုးကို ထပ်မံပြောင်းလဲရန် သူ၏ စွမ်းအင်ကို အသုံးပြုခဲ့သည်။

သူက အက်ကွဲသည့် အသံဖြင့် ပြန်ပြောသည်။

“အင်း ငါ့လည်ချောင်းက အရင်က ဒဏ်ရာရဖူးတယ် တစ်ခါတလေမှာ ငါ့အသံက မတည်မငြိမ်ဖြစ်ပြီး ပြောင်းလဲသွားတာပေါ့ကွာ...”

“ ဂျူလီယာ ဒီစီနီယာနဲ့ ငါရောက်တာနဲ့ ပတ်သက်ပြီး တခြားသူတွေကို မပြောနဲ့ ငါတို့ အရေးကြီးတာတစ်ခု လုပ်စရာ ရှိတယ်ကွ “ ဘက်ကင်ဟမ်က သူ့မိန်းမကို ထပ်ခါထပ်ခါ သတိပေးသည်။

“ စိတ်မပူပါနဲ့ “

“ ဂျူလီယာ မင်းဘာလို့ဘာမှမမေးတာလဲ ငါက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်ကောင်လို့ ကောလဟာလတွေ ဘာကြောင့် ဖြစ်ရတာလဲ မသိချင်ဘူးလား”

“ဟင့်အင်း ကျွန်မ မလိုပါဘူး

ဘာဖြစ်လာမလဲဆိုတာ အရေးမကြီးပါဘူး ရှင့်ကို အမြဲယုံကြည်တယ်”

“ ဂျူလီယာ.... ငါ မင်းကို ချစ်တယ် ”

“ ကျွန်မလည်း ရှင့်ကို ချစ်ပါတယ်…”

“…”

ဖေးသည် သူ့အရေပြားတစ်ပြင်လုံး ယားယံလာပြီး ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ကာ တစ်ယောက်ကိုတစ်ယောက် ပေါ်ပေါ်ထင်ထင် ချစ်နေကြသော ဤစုံတွဲကို ခေါင်းခေါက်ချင်လာသည်။

ဖေးနှင့် ဘက်ကင်ဟမ်တို့သည် ဘက်ကင်ဟမ် စံအိမ် တွင် ယခုအချိန်အထိ လျှို့ဝှက်စွာနေခဲ့ကြသော်လည်း ဘက်ကင်ဟမ် မိသားစု၏ အကျပ်အတည်းသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

နတ်ဆိုးဘုရင်ဓားလာ နည်းပညာအချို့ကို အသုံးပြု၍ ဖေးသည် ဆံပင်ဖြူနှင့် အနက်ရောင်မျက်နှာဖုံးရှိသော နေအဆင့်သခင် အဘိုးကြီး၏ ပုံစံကို ဖန်တီးနိုင်ခဲ့ပြီး သူ၏ အရှိန်အဝါနှင့် စွမ်းအင်ခံစားမှုကို ပြောင်းလဲနိုင်ခဲ့သည်။

သူသည် ဘက်ကင်ဟမ်စံအိမ်ကို ခေတ္တကာကွယ်ခဲ့ပြီး လီယွန် တော်ဝင်မိသားစုသည် ထူးဆန်းသော နေအဆင့်သခင်ကို မည်သို့မည်ပုံ ဆက်ဆံမည်လဲ... မြင်ရဖို့ ကြိုးစားနေပါသည်။

ထိုအချိန်တွင် တော်ဝင်နန်တော် အတွင်းပိုင်းနေရာ၌ ရာဇပလ္လင်ပေါ်တွင် ထိုင်နေသော ပိန်ပိန်ပါးပါး ယောက်ျားတစ်ဦးသည် ဖေး၏ အရှိန်အဝါအသစ်ကို တွေ့ရှိပြီး မျက်လုံးများကို မှေးစင်းလိုက်ကာ

“အရှိန်အဝါ အသစ်တစ်ခု... အို မပေါ်လာဖူးတဲ့ သခင်အသစ်ပါလား သူဘယ်သူလဲ ဘက်ကင်ဟမ်မိသားစုက ပြိုင်ဘက်ကင်းတဲ့ သခင်အသစ်ကို ရုတ်တရက် ဆက်သွယ်ခဲ့တာ ဖြစ်နိုင်တယ်”

“ ဒီအဖြစ်အပျက်ကို စုံစမ်းပါ “

ခဏကြာတော့ ဤကြွက်သားတောင့်တင်းသည့် လူသည် ဒီစကားများကို ပြောပြီး ငြိမ်သွားပြန်သည်။

“ အလိုတော်အတိုင်းပါ “ အမှောင်ထဲမှ သက်ပြင်းတစ်ချက် ရုတ်တရက် ထွက်ပေါ်လာသည်။

……….

“ဟူး ဒါက ဘယ်သူလဲ ဘက်ကင်ဟမ် မိသားစုကို သူ ဘယ်လိုကာကွယ်ရဲတာလဲ အဲဒီလူနှစ်ယောက် ပြန်လာတာများလား နေဦး ဆံပင်အနက်ရောင် လူယုတ်မာရဲ့ အရှိန်အဝါအဟုတ်ဘူ မဖြစ်နိုင်ဘူးလေ ဒီလူ့ရဲ့ အရှိန်အဝါကို ငါ ဘာလို့ စောစောစောစီးစီး သတိထားမိတာလဲ သူ့အစွမ်းက ငါ့ထက် သာလွန်နေလို့လား ငါ့ထက် သန်မာတဲ့ သခင်တစ်ယောက်က လီယွန်မြို့တော်မှာ ဘယ်လိုရှိနိုင်မလဲ “

ဂါလန် ရှိ ပရီမီယံအကျဆုံးဟိုတယ်တွင် သိုင်းသူတော်စင်၏နံပါတ် နှစ်တပည့်ဖြစ်သူ ဒီအလက်ဇန်ဒါရိုသည် စေ့စေ့စပ်စပ် စဉ်းစားရင်း ဒေါသတကြီး ရယ်မောလိုက်တော့သည်။

“မင်းရဲ့ အစစ်အမှန် ခွန်အားကို ငါ စမ်းသပ်မယ်...”

ဒီအလက်ဇန်ဒါရိုသည် ရုတ်တရက်

မတ်တပ်ထရပ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်ကို ဖန်တီးကာ ဘက်ကင်ဟမ် စံအိမ်ဆီသို့ အညှာအတာမဲ့စွာ ပစ်လွှတ်လိုက်တော့သည်။

မှောင်မိုက်နေသော ကောင်းကင်တွင် ဓားစွမ်းအင်သည် တောက်ပနေသော ဥက္ကာပျံတစ်ခုနှယ်။

End

All Chapters