← Chapters

အခန်း (၇၄၉-၇၅၀)

Vol. 47 Ch. 749-750

အခန်း (၇၄၉-၇၅၀)

Vol. 47 Ch. 749-750

အပိုင်း (၇၄၉)

ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုနှင့်အတူ မျိုးဆက်အသီးသီးတို့၏ ကြိုးပမ်းအားထုတ်မှု အပြီးမှာတော့ ရွှယ်မိသားစုက နောက်ဆုံးတွင် အောင်မြင်မှုတချို့ကို ရရှိခဲ့၏။ တဖြည်းဖြည်းနှင့် သူတို့၏ အာရုံစိုက်မှု အားလုံးကို ပင်လယ်ပြင်ဆီသို့ ပြောင်းလဲခဲ့သည်။

သို့ပေမည့် ဤအချိန်လောက်မှာပဲ ကျင်းမိသားစု၌ ပင်လယ်ပြင်ကို တန်ဖိုးထားသည့် အကြီးအကဲ တစ်ယောက် ဖြစ်သည့် ကျင်းယု ပေါ်ထွက်လာခဲ့၏။ ကျင်းယုက ယင်ယွမ်အဖွဲ့အစည်းဆီမှ ရွှေဒင်္ဂါး တစ်သန်းကို အချေးယူခဲ့ပြီး ရေတပ်သားပေါင်းများစွာကို ခေါ်ဆောင်ခဲ့သည်။ ထိုသူက ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေကို တိုက်ခိုက်ပြီး လေ့ကျိုးကျွန်းစု တစ်ခုလုံးကို သိမ်းပိုက်ရန် ထွက်ခွာသွားခဲ့၏။

ထိုအချိန်တုန်းက ရွှယ်မိသားစုက ကျင်းမိသားစု၏ မဟာမိတ် ဖြစ်ရုံသာမက မျိုးဆက်ပေါင်းများစွာ အိမ်ထောင်ပြုပြီး ဆွေမျိုးတော်စပ်ခဲ့သည့် မိသားစုလည်း ဖြစ်ခဲ့၏။ ထို့အပြင် ကျင်းမိသားစုနှင့် စီးပွားရေး ဆက်စပ်မှုများ ရှိသောကြောင့် နှစ်ဦးလုံးက အတူတူ တိုက်ခိုက်ရန်ပင် သဘောတူညီခဲ့၏။ ထို့အပြင် ရွှယ်မိသားစုက ကျင်းမိသားစုကို ကူညီရာတွင် အလွန်အမင်း စိတ်အားထက်သန်မှုကို ပြသခဲ့သည်။

ရွှယ်မိသားစုက ယင်ယွမ်အဖွဲ့အစည်းနှင့် ပူးပေါင်းပြီး ကျင်းမိသားစု၏ မဟာမိတ် တပ်ဖွဲ့များကို ငရဲထဲသို့ ဆွဲသွင်းခဲ့လိမ့်မည်ဟု မည်သူက ထင်မှတ်မည်နည်း။

လူတော်တော်များများက အဘယ်ကြောင့်နည်း ဆိုသည်ကို မသိကြချေ။ ကြီးမားသည့်ကျေးဇူးကြောင့် ကြီးမားသည့် ရန်ငြိုးအဖြစ် ပြောင်းလဲသွားရခြင်းလား။

ဘယ်ဟုတ်မည်နည်း။

ရွှယ်မိသားစုက ပင်လယ်ပြင်၏ အကျိုးကျေးဇူးကို ခံစားနေရပြီ ဖြစ်သောကြောင့် ကျင်းမိသားစုကို ဤကဲ့သို့သော အကျိုးကျေးဇူးများ မခံစားစေချင်သောကြောင့်ပင်။

ထို့အပြင် ယင်ယွမ်အဖွဲ့အစည်း၏ ဦးဆောင်မှုအောက်၌ ရွှယ်မိသားစုနှင့် ချောင်ထျန်းဝေတို့က ကြီးမားသည့် စီးပွားရေး ဆက်စပ်မှုများ ရှိခဲ့၏။ ချောင်ထျန်းဝေက အရှေ့ဘက်ပင်လယ်ရှိ ကုန်သွယ်မှု အခွင့်အရေးများ အားလုံးကို လက်ဝါးကြီးအုပ်ထားပြီး ရွှယ်ချီက တောင်ပင်လယ်ဒေသရှိ ကုန်သွယ်မှု အခွင့်အရေးများ အားလုံးကို လက်ဝါးကြီးအုပ်ထား၏။

မြို့စားကြီး ကျင်းယုက ရည်မှန်းချက် ကြီးမားသော်လည်း အရည်အချင်း မပြည့်မီပေ။ သူက အလျင်စလို တိုက်ခိုက်ခဲ့ပြီး အလျင်စလိုဖြင့် သေခြင်းတရားကို ရင်ဆိုင်ခဲ့ရသည်။

လေ့ကျိုးကျွန်းစုက စတုရန်းကီလိုမီတာ တစ်သောင်းကျော် ကျယ်ဝန်း၏။ ရွှယ်မိသားစု၏ နန်ကျိုးကျွန်းများကလည်း အလားတူပင် ဖြစ်၏။ ခန့်မှန်းခြေအားဖြင့် ၁၇,၀၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်း၏။ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် လူဦးရေက သိန်းနှင့်ချီကာ ကြီးထွားလာခဲ့၏။

ဤကျွန်းပေါ်ရှိ စိုက်ပျိုးနိုင်သည့် မြေများက သိပ်ပြီး မကျယ်ဝန်းသော်လည်း ပူပြင်းသည့် ရာသီဥတုကြောင့် တစ်နှစ်လျှင် သုံးကြိမ် သီးနှံ ရိတ်သိမ်းနိုင်၏။ ထို့အပြင် ကောက်ပဲသီးနှံများကို မိမိကိုယ်တိုင် ထုတ်လုပ် စားသုံးနိုင်ရုံသာမက ဆားကိုလည်း အများအပြား ထုတ်လုပ်နိုင်သည်။

ကျင်းချန်ကျွန်းတွင် သတ္တုတွင်းများ ရှိပြီး နန်ကျိုးကျွန်းတွင်းလည်း ရှိ၏။ ထို့အပြင် ရွှယ်မိသားစုတွင် စီးပွားရေးလုပ်ငန်း တစ်ခုလည်း ရှိ၏။ စာအုန်းဆီနှင့် အဖိုးတန်သစ် ပင်။ တောင်ဘက်ပင်လယ်မှ မိုင်ထောင်ပေါင်းများစွာ အကွာတွင် အရွယ်အစား အမျိုးမျိုးနှင့် နိုင်ငံများစွာ ရှိပြီး သစ်တောနှင့် ဆီအုန်းများ ပေါများ၏။

ရွှဲ့ပြည်နယ်၏ တစ်လျှောက်လုံးနှင့် အရှေ့ပိုင်း မင်းဆက်တစ်ခုလုံးက ချမ်းသာကြွယ်ဝကြပြီး မင်းမျိုးမင်းနွယ် အားလုံးတို့က သစ်သားများကို နှစ်သက်ကြ၏။ ရွှယ်မိသားစုနှင့် ယင်ယွမ်အဖွဲ့အစည်းတို့က ဤစီးပွားရေး လုပ်ငန်း အများစုကို လက်ဝါးကြီးအုပ်ထားခြင်းပင်။

ကျင်းမိသားစု နုရှောင့်မြို့ကို ပိုင်ဆိုင်ပြီး ကြွယ်ဝလာသည်နှင့် နှိုင်းယှဉ်ရမည် ဆိုလျှင် ရွှယ်မိသားစုက တကယ့်ကို တိတ်တိတ်ဆိတ်ဆိတ်နှင့် ကြွယ်ဝချမ်းသာနေခြင်းပင်။ ဤမိသားစုက တကယ်ကို ချမ်းသာကြွယ်ဝ၏။ ရွှယ်မိသားစုက စေတီတောင်နှင့် ပူးပေါင်းပြီး အင်ပါယာနှင့် ခိုင်မာသည့် ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့၏။ ထိုသို့တည်ဆောက်နိုင်ခြင်းက ကြီးမားသည့် အကျိုးအမြတ်နှင့် ချမ်းသာ ကြွယ်ဝမှုကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် ရွှယ်ချီ တော်ဝင်ရန်မြို့တော်မှ ရွှဲ့ပြည်နယ်ဆီသို့ ပြန်လာသည့် အချိန်တွင် နင်ယွမ်ရှန်းက လုံးဝ ပွင့်လင်းရိုးသားသူကဲ့သို့ ပြုမူခဲ့သော်လည်း ရွှယ်ချီက ပြင်းပြင်းထန်ထန် စိတ်ပါလက်ပါနှင့် တုံ့ပြန်ခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ၏အမြင်က ရွှဲ့ပြည်နယ်ထက် ကျော်လွန်သွားခဲ့ပြီး တော်ဝင်ရန် အင်ပါယာဆီသို့ ရောက်ရှိသွားခဲ့သောကြောင့်ပင်။ ရွှယ်မိသားစုက အင်အားကြီးသည့် ရေတပ်နှင့် ကြောက်မက်ဖွယ်ရာကောင်းသည့် တောင်ပင်လယ်ဓားဂိုဏ်းကို တည်ဆောက်ထားနိုင်ခဲ့၏။ ကြီးမားသည့် ချမ်းသာကြွယ်ဝမှု ကြောင့်ပင်။

“ကျုံးမိသားစုက ရှုံးနိမ့်သွားပြီ။”

ရွှယ်ချီ၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ “ဒီလောက်မြန်မြန်နဲ့။ နိဗ္ဗာနတပ်တော်က လောကမှာ ပေါ်မလာသင့်ဘူး။”

သူက လက်ထဲတွင် ကျောက်စိမ်းတုံး တစ်တုံးနှင့် ဆော့ကစားနေ၏။ မကြာသေးခင်က တူးဖော်ရရှိ ထားသည့် ကျောက်စိမ်းတုံးတစ်တုံးဖြစ်ပြီး အဆင့်မြင့် အမျိုးအစား ကျောက်စိမ်းပင်။ သူက ဘယ်ဘက်လက်တွင် ကျောက်စိမ်းကို ကိုင်ထားပြီး ညာဘက်လက်တွင် ဖန်ခွက်ကို ကိုင်ထားသည်။

ရှမ့်လန် ထုတ်လုပ်သည့် ဤဖန်ခွက်က အရှေ့တိုင်းလောကတစ်ခုလုံးတွင် ရေပန်းစားသည့် ဇိမ်ခံပစ္စည်း တစ်ခု ဖြစ်လာခဲ့၏။ ဂရုတစိုက် နှိုင်းယှဉ်ရမည်ဆိုလျှင် ဖန်သားက ပို၍ ကြည်လင်နေသည်ကို တွေ့မြင်ရမှာ ဖြစ်၏။

“ကျောက်စိမ်းလုပ်ငန်းကို ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး။”

ရွှယ်ချီက ပြောသည်။ “ရှမ့်လန်ရဲ့ ဖန်ထုတ်လုပ်မှု ကုန်ကျစားရိတ်က အံ့အားသင့်စရာ ကောင်းအောင် နိမ့်ကျတယ်။ ငါတို့ရဲ့ ကျောက်စိမ်းတွင်းကို တူးဖော်ရင်တောင်မှ သူတို့နဲ့ ဈေးအတူတူ ရောင်းဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ သူတို့ရဲ့ဖန်က အရောင် အမျိုးမျိုးနဲ့ ထွက်တယ်။ ဒါပေမဲ့ ငါတို့ရဲ့ ကျောက်စိမ်းကတော့ သဘာဝ အရောင်အတိုင်း ပဲရှိတာ။”

“ရှမ့်လန်ရဲ့ ဖန်ကတော့ လူလုပ်တာ။ ဒီတော့ ကျုပ်တို့နဲ့ တန်ဖိုးချင်း ယှဉ်မယ်ဆိုရင် အများကြီး နိမ့်ကျတယ်။”

ကျောက်စိမ်းရောင်းချမှု တာဝန်ခံက ပြော၏။ “ဒါကြောင့် နောက်ဆုံးတော့ ဖန်က ကျောက်စိမ်းကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။”

ရွှယ်ချီက ပြောသည်။ “ဟုတ်တယ်။ ဒါပေမဲ့ အနည်းဆုံး ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက်ကြာရင် ကျောက်စိမ်းရှားပါးမှုကြောင့် ဈေးနှုန်း မြင့်တက်လာလိမ့်မယ်။ ရှမ့်လန်နဲ့ ကောင်းကင်တာအို အဖွဲ့အစည်းကတော့ အရေအတွက်များများကို ထုတ်လုပ်နိုင်ကြတယ်။ ရှားပါးမှုမရှိဘူး။ ဒီဖန်ခွက်ကို ကျောက်စိမ်းကနေ ထုတ်ယူတယ်ဆိုတဲ့ ကောလဟလတွေတောင် ထွက်ပေါ်နေတယ်။ လူကြိုက်များပြီပေါ့။”

ကျောက်စိမ်းကနေ ဖန်ကို ထုတ်လုပ်သည်ဆိုသည့် စကားများကို မည်သူ ဖြန့်ခဲ့သနည်း။ ဟုတ်ပေ၏။ ရှမ့်လန်ပင် ဖြစ်သည်။ မဟုတ်ပါက ဤဖန်ခွက်ကို အဘယ်သို့ မြင့်မားသည့် ဈေးနှုန်းဖြင့် ရောင်းချနိုင်မည်နည်း။

ဆိုင်ရှင်ကပြော၏။ “ကျုပ်တို့ ကျောက်စိမ်းတွင်းတွေကို ထပ်ရှာရမှာလား။”

“ဟုတ်တယ်။”

ရွှယ်ချီကပြောသည်။ “ငါတို့ ဒီကျောက်စိမ်းတွင်းအနည်းငယ်ကို လိုချင်ရုံတင် မကဘူး။ ကျောက်စိမ်းတွင်း အားလုံးကို သိမ်းပိုက်ပြီး ပိတ်ချပစ်ရမယ်။ အရှေ့ပိုင်းလောကကြီး တစ်ခုလုံးမှာ ကျောက်စိမ်းထုတ်လှုပ်မှု လျော့ကျ သွားစေရမယ်။ ဒါမှ ပိုပြီး ရှားပါးလာမှာပေါ့။ ဆယ်စုနှစ် ကြာပြီဆိုရင် ဖန်က ဇိမ်ခံပစ္စည်းကနေ သာမန်ပစ္စည်းအဖြစ် ပြောင်းလဲ သွားလိမ့်မယ်။ အဲအချိန်ကျရင် ကျောက်စိမ်းရဲ့ ဈေးနှုန်းက ပြန်ပြီး တက်လာလိမ့်မယ်။”

ဆိုင်ရှင်က ခါးသည်းသည့် မျက်နှာဖြင့် ပြောလိုက်၏။ “အရှင်... အရှင်က ဉာဏ်ပညာ ကြီးမားပါတယ်။”

ဤဆုံးဖြတ်ချက်က တကယ့်ကို ဉာဏ်ပညာရှိ၏။ သို့ပေမည့် အရှင်၏ မဟာဗျူဟာ အသက်ဝင်ရန် အနည်းဆုံး ဆယ်စုနှစ်ကျော် ကြာမှာ ဖြစ်၏။ ထိုသို့သောအချိန်တွင် သူက အငြိမ်းစား ယူသွားလောက်ပေပြီ။

“အဖေ.. တော်ဝင်သံတမန် ရောက်လာတယ်။” ရွှယ်ဖန် ပြောသည်။

..............

“မင်းသား ဂါရဝပြုပါတယ်”

ရွှယ်ချီက ဒူးထောက်လိုက်၏။ အင်ပါယာ၏ သံတမန်ကတော့ ထုံးစံအတိုင်း မင်းသားလျန်ပင် ဖြစ်၏။

“ကျုံးယောင် ရှုံးနိမ့်ခဲ့ပြီ။” မင်းသားလျန်က ပြောသည်။

ရွှယ်ချီက ပြောလိုက်၏။ “ကြားပြီးပါပြီ။”

အင်ပါယာ၏ မင်းသားလျန်က ပြောသည်။ “ကျုံးယောင် ရှုံးရင် ရှုံးပါစေ။ ဒီက အစီအစဉ်တွေ ဆက်လုပ်ရအောင်။”

ရွှယ်ချီက ပြော၏။ “ဟုတ်ပါတယ်၊ အခု ကျုပ်တို့ စစ်တပ်ကြီးကို စုစည်းနေတယ်။ စစ်စပြီ ဆိုတာနဲ့ ကျင်းမိသားစုရဲ့ ရေတပ်ကို လုံးဝ ဖျက်ဆီးပြီး နုရှောင့်မြို့ကို သိမ်းပိုက်မယ်။ အရှေ့ဘက် ပင်လယ်ဒေသ တစ်ခုလုံးကို ပိတ်ဆို့လိုက်မယ်။”

အင်ပါယာ၏ မင်းသားလျန်က ပြောလိုက်သည်။ “တစ်ချိန်တုန်းက နိဗ္ဗာနတပ်တော်ကို ဖျက်ဆီးနိုင်ရင် ကျုံးမိသားစုကို ကိုယ်ပိုင်နိုင်ငံ ထူထောင်နိုင်မယ်လို့ ကျုံးယောင်ကို ကတိပေးခဲ့တယ်။ အခု အင်ပါယာရဲ့ ကိုယ်စား ကျင်းမိသားစုရဲ့ ရေတပ်ကို ဖျက်ဆီးပြီး ရွှဲ့ပြည်နယ်ရဲ့ အရှေ့ဘက် ရေပိုင်နက် တစ်ခုလုံးကို ပိတ်ဆို့ထားနိုင်မယ်ဆိုရင် အင်ပါယာက ရွှယ်မိသားစုကို ကိုယ်ပိုင်နိုင်ငံ ထူထောင်ခွင့်ပြုမယ်လို့ ကတိပေးတယ်။ နန်ကျွန်းမင်းကြီးဘွဲ့ ဆိုရင်ရော ဘယ်လိုလဲ။”

ရွှယ်ချီက ချက်ချင်း ဒူးထောက်က ဦးညွှတ်လိုက်၏။ “မင်းသားဆီမှာ ဒီလိုအတွေးမျိုး ရှိနေတယ် ဆိုပေမယ့် ကျုပ်က ဒါမျိုးကို ဘယ်တော့မှ မဝံ့ရဲပါဘူး။ ရွှယ်မိသားစုက အင်ပါယာရဲ့ သစ္စာရှိတဲ့ လူတွေပဲ ဖြစ်ချင်ပါတယ်။ ကိုယ်ပိုင်နိုင်ငံကို ထူထောင်ချင်တာ မဟုတ်ပါဘူး။”

ထိုစကားကို ကြားချိန်မှာတော့ အင်ပါယာ မင်းသားလျန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ဤစကား တစ်ခွန်းတည်းနှင့်ပင် ရွှယ်ချီက ကျုံးယောင်ထက် အများကြီး သာကြောင်းကို ပြသနေ၏။ ကျုံးယောင်ဖြစ်စေ၊ စုနန် ဖြစ်စေ သူတို့နှစ်ဦးလုံးပင် နက်ရှိုင်းသည့် ရည်မှန်းချက် တစ်ခုစီ ရှိ၏။ ထိုအရာက လွတ်လပ်သော နိုင်ငံတစ်ခု တည်ထောင်ရန်ပင်။

သို့ပေမည့် အင်ပါယာ၏ ဆန္ဒက တစ်လောကလုံးကို လုံးဝ ပေါင်းစည်းချင်နေသည် ဆိုသည်ကို မသိပေဘူးလား။ နိုင်ငံတော် တည်ထောင်သည်ဆိုပါက အင်ပါယာ၏ဆန္ဒနှင့် သွေဖယ်နေလေသည်။

ရွှယ်ချီကတော့ ထိုသို့ မဟုတ်ချေ။ တစ်ယောက်တည်း လျှို့ဝှက်စွာ နေထိုင်ပြီး ချမ်းသာကြွယ်ဝလာခဲ့၏။ ရွှယ်မိသားစုက စုနှင့် ကျုံးမိသားစုတို့ထက် အများကြီး ချမ်းသာသလို ရည်မှန်းချက်လည်း ပိုကာ ကြီးမား၏။

အင်ပါယာ၏ မင်းသားလျန်က ပြောသည်။ “ဒါဆိုရင် ခင်ဗျား ဘာလိုချင်တာလဲ။ အင်ပါယာကတော့ ခင်ဗျားကို အလကား အလုပ်လုပ်ခွင့် မပေးဘူး”

ရွှယ်ချီက ပြော၏။ “လေ့ကျိုးကျွန်းစုနဲ့ နုရှောင့်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ကျုပ်က လေ့ကျိုးကျွန်းစုကို အင်ပါယာ ကိုယ်စား စီမံခန့်ခွဲဖို့ ဆန္ဒရှိပါတယ်။”

အင်ပါယာ၏ မင်းသားလျန်က အနည်းငယ် ခန္ဓာကိုယ်ကို နောက်သို့ မှီလိုက်၏။ ဤအရာက တကယ့်ကို ဉာဏ်ကောင်းလွန်းသည့် ဆုံးဖြတ်ချက်ပင်။ နယ်မြေတစ်ခုကို မပိုင်ဆိုင်ချင်သလို နိုင်ငံတစ်ခုကိုလည်း မအုပ်စိုးချင်ပေ။ သူက လေ့ကျိုးကျွန်းစုကို အင်ပါယာကိုယ်စား အုပ်ချုပ်ချင်ခြင်းပင် ဖြစ်၏။ ဤအရာက ကျွန်းစုတစ်ခု သက်သက် မဟုတ်ချေ။ ရွှဲ့ပြည်နယ်၏ အရှေ့ဘက် ပင်လယ်ပြင်၏ ကုန်သွယ်ရေးဇုန် တစ်ခုလည်း ဖြစ်နေသောကြောင့်ပင်။

“ရွှယ်ချီ... ခင်ဗျားက လေ့ကျိုးကျွန်းကို တိုက်ခိုက်ချင်နေတာ ကြာပြီ မဟုတ်လား။” မင်းသားလျန်က မေး၏။

ရွှယ်ချီက ဦးညွှတ်လိုက်သည်။ “မင်းသား... မြှောက်ပင့်လွန်းနေပါပြီ။”

ရွှယ်မိသားစုက ပင်လယ်လမ်းကြောင်းကို ရွေးချယ်ခြင်းအားဖြင့် ထင်ရှားကျော်ကြားလာခဲ့ပြီး ယခု ကျင်းမိသားစုက ရွှယ်မိသားစု၏ လမ်းကြောင်းကို ပုံတူကူးချင်၏။ ထိုအရာကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။ လွန်ခဲ့သည့် ၁၀ နှစ်တုန်းက ရွှယ်ချီက ကျင်းမိသားစု၏ ပင်လယ်ကို သွားသည့် လမ်းကြောင်းကို တားဆီးနိုင်ခဲ့၏။ ယခု ကျင်းမိသားစု ပြန်လည် ထကြွလာပြီ ဆိုသောကြောင့် သူက အဘယ်သို့ စိတ်မပူဘဲ နေနိုင်မည်နည်း။

ထို့ကြောင့် နည်းလမ်းတစ်ခုပဲ ရှိသည်ဟု ပြောရမည်။ ရှမ့်လန်က ချောင်ထျန်းဝေကို ဖျက်ဆီးပြီး နုရှောင့်မြို့ကို သိမ်းပိုက်လိုက်စဉ်တည်းက ရွှယ်မိသားစုက ဤတိုက်ပွဲအတွက် ပြင်ဆင်မှုများကို စတင်ခဲ့၏။ ကျင်းမိသားစုကို ဖျက်ဆီးပြီး နုရှောင့်မြို့ကို သိမ်းပိုက်ဖို့ ရည်ရွယ်ချက်က သူတို့၏ ရည်ရွယ်ချက်ပင်။

“ကောင်းပြီ၊ လေ့ကျိုးကျွန်းနှင့် နုရှောင့်မြို့က မင်းရဲ့ အပိုင်ပဲ။” အင်ပါယာ မင်းသားက ပြော၏။

သူတို့နှစ်ဦးလုံးက ပုဂ္ဂလိက သဘောတူညီချက်များကို ဆွေးနွေးထားခြင်း မရှိသော်လည်း မင်းသားလျန်က ရွှယ်မိသားစု၏ စီးပွားရေးတွင် ပါဝင်ပတ်သက်လျက် ရှိ၏။ တော်ဝင်ရန်မြို့တော်၌ နေထိုင်စဉ် ဆယ်စုနှစ် တစ်ခုကြာကာလအတွင်း ရွှယ်ချီက ကြီးမားသည့် စီးပွားရေး ကွန်ရက်ကြီး တစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။

မင်းသားလျန်က ပြော၏။ “ရွှယ်ချီ.. ထပ်ပြောအုံးမယ်။ ရှုံးနိမ့်တာက ကိစ္စမရှိဘူး။ အရေးမကြီးဘူး။ ဒါပေမယ့် ကျင်းမိသားစုကို ဖျက်ဆီးပြီး အရှေ့ဘက်ပင်လယ်ကို လုံးဝ ပိတ်ဆို့ထားနိုင်ဖို့ ဆိုတာက အရမ်းကို အရေးကြီးတယ်။ နားလည်လား။ မင်းက အမိန့်ကို လက်ခံရရှိတဲ့ လူတစ်ယောက်ပဲ။

မြောက်ဘက်မှာ ရှိနေတဲ့ အင်ပါယာရဲ့ ရေတပ်နဲ့ မြောက်ဘက်မှာ ရှိနေတဲ့ စစ်တပ်တွေက အင်ပါယာရဲ့ ဆန္ဒကို လက်ခံရရှိခဲ့ကြတယ်။ မြောက်ဘက်ကနေ တောင်ဘက်ထိ လီတစ်သောင်းကျော် ရှည်လျားတဲ့ အရှေ့ဘက်လောက ပင်လယ်ပြင်တစ်ခုလုံးကို လုံးဝ ပိတ်ဆို့ဖို့အတွက်ဆို ရေတပ်ပေါင်းများစွာ လိုအပ်လိမ့်မယ်”

ထိုစကားကို ကြားချိန်မှာတော့ ရွှယ်ချီ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွား၏။ ဤမျှ ကြီးမားသည့် လုပ်ငန်းကြီးလား။ ကမ်းရိုးတန်း နယ်မြေ မိုင်တစ်သောင်းငါးထောင်လား။ ရွှယ်ချီက မိုင် ၂၀၀၀၊ ၃၀၀၀ လောက်ကိုသာ ထိန်းချုပ်နိုင်ခဲ့၏။ ဘာဖြစ်သနည်း။ အင်ပါယာက တကယ်တော့ မိုင်ပေါင်း သောင်းချီသည့် ပင်လယ်ပြင်ကိုလည်း ပိတ်ဆို့ချင်နေသည်လား။

မင်းသားလျန်က ပြောလိုက်သည်။ “မင်းက ထက်မြက်တဲ့ လူပဲ။ ဒီကိစ္စရဲ့ အတိမ်အနက်ကို မင်း သိသင့်တယ်။ ဘာကြောင့်လဲဆိုတာတော့ ငါမပြောဘူး။ ဒါပေမယ့် မကြာခင် ကပ်ဘေးကြီး ရောက်လာတော့မယ် ဆိုတာတော့ ပြောနိုင်တယ်။”

ရွှယ်ချီက ဦးညွှတ်လိုက်၏။ “လက်အောက်ငယ်သားအားလုံးက အင်ပါယာရဲ့ ဆန္ဒကိုပဲ နာခံမှာ ဖြစ်ပါတယ်။ ဘယ်တော့မှ ပြန်ပြီး မေးခွန်း ထုတ်မှာ မဟုတ်ပါဘူး။”

အင်ပါယာ၏ မင်းသားလျန်က ပြောသည်။ “ကောင်းပြီ။ ဒါဆိုရင် ကိုယ့်အလုပ်ကို ဆက်လုပ်တော့။ တစ်သက်မှာ တစ်ခါတည်းရတဲ့ အခွင့်အရေးပဲ။ အကျိုးစီးပွား ကြီးမားတယ် ဆိုပေမယ့် လွယ်လွယ်ကူကူနဲ့ ရရှိမှာတော့ မဟုတ်ဘူး။”

“ကျုပ် အမိန့်ကို နာခံပါ့မယ်။”

အင်ပါယာ၏ မင်းသားလျန် ထွက်ခွာသွားပြီးနောက် ရွှယ်ချီက မြေပုံကြီး ရှေ့သို့ ရောက်လာ၏။ ဤမြေပုံကို ကြည့်လိုက်ရုံနှင့် သူက ရွှဲ့ပြည်နယ်၏ အခြားသောမှူးမတ်များနှင့် မတူကြောင်း သိသာနေ၏။

ကျင်းမိသားစု၏နယ်မြေက ရွှဲ့ပြည်နယ်၏ အရှေ့ဘက်ပင်လယ် ဧရိယာထဲ ပါဝင်၏။ နင်ယွမ်ရှန်း၏ မြေပုံတွင် ရွှဲ့ပြည်နယ်အား ဝန်းရံထားသည့် ဧရိယာသာ ပါဝင်သည်။

သို့သော်ငြား ရွှယ်ချီ၏ မြေပုံကတော့ အရှေ့တိုင်း လောကကြီးတစ်ခုလုံး၏ ပင်လယ်ပြင်နှင့် ကျွန်းများကို ပုံဖော်ထား၏။ သူ၏အကြည့်က မြောက်ဘက်အကျဆုံး ရေခဲပြင်ကနေ တောင်ဘက်အကျဆုံး ကျွန်းထိ မိုင်ပေါင်း သောင်းခြောက်ထောင်ရှစ်ရာကျော် ဖြောင့်တန်းသည့် အကွာအဝေးကို ဖြန့်ကျက်ထားခြင်းပင်။ တကယ့်ကို ကြီးကျယ်မြင့်မြတ်တဲ့ အရာတစ်ခုကို ပြုလုပ်တော့မည့်ပုံပင်။

နိုင်ငံတော်တော်များများက မိုင်ပေါင်း သောင်းကျော်သည့် ပင်လယ်ပြင် ဧရိယာကို ပိတ်ဆို့ရန် ရေတပ်သားပေါင်း များစွာကို ဖြန့်ကျက်ခဲ့၏။ ဤအရာက ဘာကို တိတိကျကျ ပိတ်ဆို့ထားသနည်း။ သို့မဟုတ် မည်သူ့ကို ပိတ်ဆို့ထားသနည်း။ ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။

ရွှယ်ချီက သိရန် စိတ်မဝင်စားချေ။ သူက သူရရှိနိုင်သည့် အကျိုးကျေးဇူးကိုသာ သိရှိချင်၏။ မင်းသားလျန်က ဤမျှ ကြီးကျယ်သည့် အောင်မြင်မှုကို အလွယ်တကူ ရရှိရန် တစ်သက်တွင် တစ်ကြိမ်သာ ရရှိသည့် အခွင့်အရေးဟု ပြောကြားခဲ့၏။

ကျင်းမိသားစု ဆိုသည်က ကြီးကျယ်ခမ်းနားသည့် ဇာတ်လမ်းတစ်ခုထဲတွင် ပါဝင်သော သေးငယ်သည့် အရေး မပါသော ဇာတ်ပို့ဇာတ်ရံ တစ်ယောက်သာ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော်ငြား ကျင်းမိသားစုနှင့် လေ့ကျိုးကျွန်းစုက အင်ပါယာ၏ အစီအစဉ်အတွက် အတားအဆီးတစ်ခု ဖြစ်ခဲ့သည်လား။

ရွှယ်မိသားစု၏ ရေတပ်က စုစည်းပြီးသွားလေပြီ။ သူ မထွက်ခွာရသေးသည့် အကြောင်းရင်းက သဘော တူညီချက် မရသေးသောကြောင့်ပင်။ ယခု အရာအားလုံးက အဆင်သင့် ဖြစ်နေပြီ ဖြစ်သောကြောင့် သူ့အနေနှင့် ခရီးထွက်ခွာ၍ ရပြီဖြစ်သည်။

လက်ရှိ ထွက်ခွာသွားသည့် ခေါင်းဆောင်က ရန်နန်းဖေး ဖြစ်ပြီး တောင်ပင်လယ်ဓားဂိုဏ်း၏ မဟာပညာရှင် တစ်ဦးနှင့် အရှင်သခင်တစ်ဦး ဖြစ်ရုံသာမက စေတီတောင်နှင့် အလွန်ရင်းနှီးသည့် ဆက်ဆံရေးလည်း ရှိ၏။

ရွှယ်ချီက ပြောသည်။ “ညီလေး... မင်းတစ်ခုတော့ မှတ်ထားရမယ်။ နုရှောင့်မြို့မှာ လူတိုင်းကို သတ်ရမယ် ဆိုရင်တောင် ကျင်းမိသားစုကို အရင်ဆုံး ဖျက်ဆီးပစ်ရမယ်။ နုရှောင့်မြို့မှာ ဘယ်သူ့ကိုမှ ငါတို့ မလိုဘူး။ အဲဒီကျွန်းကိုပဲ ငါတို့ လိုအပ်တယ်။ ပြီးတော့ ကျင်းမိသားစုကို လုံးဝ ဖယ်ရှားပစ်ရမယ်။ အသက် ၈၀ အရွယ် အမျိုးသမီးတွေနဲ့ နို့စို့အရွယ် ကလေးငယ်တွေထိ ဘယ်သူ့ကိုမှ မလွတ်ပေးနဲ့။ ပေါင်းပင်ကို ခုတ်မယ်ဆိုရင် အမြစ်တွေကို ဖယ်ရှားပစ်ရမယ်။”

အပိုင်း (၇၅၀)

ရန်နန်းဖေးက လက်သီးကို ဆုပ်ကာ ပြော၏။ “အစ်ကိုတော်.. ကျုပ် မှတ်ထားပါ့မယ်။”

ရွှယ်ချီက ဆက်ကာ ပြော၏။ “ငါတို့ညီအစ်ကိုမှာ တစ်ယောက်က ပြည်တွင်းရေးကို တာဝန်ယူပြီး တစ်ယောက်က ပြည်ပရေးကို တာဝန်ယူရမယ်။ အားလုံးက ကြိုးစားရမယ်။”

ရန်နန်းဖေးက ပြောသည်။ “အစ်ကိုတော်.. ကျုပ် ကြိုးစားခဲ့ပါ့မယ်။”

ရွှယ်ချီက ပြော၏။ “ရွှယ်ဖန်... ဒီကိုလာစမ်း။”

ရွှယ်မိသားစု၏ အမွေဆက်ခံသူ ရွှယ်ဖန် အသာလျှောက်လာသည်။

ရွှယ်ချီက ပြော၏။ “မင်းဦးလေးနဲ့အတူ သင်ယူသင့်တယ်။ မင်းက ကုန်းပေါ်မှာ အချိန်တော်ကြာခဲ့ပြီ။ ဒီတော့ ပင်လယ်ပြင်မှာ အတွေ့အကြုံ ရယူဖို့ အချိန်တန်ပြီ။”

ရွှယ်ဖန် ပြောလိုက်သည်။ “ကောင်းပါပြီ။”

ရန်နန်းဖေးက ပြော၏။ “ဒါဆိုရင် သွားပါတောမယ်။”

ရွှယ်ချီက ပြောသည်။ “စိတ်မပူနဲ့။ တောင်ပိုင်းကျွန်းက ပြည်မကြီးကနေ မိုင် ၂၀၀၀ ကျော် ဝေးတယ်။ ဆိုပေမဲ့ ရွှယ်မိသားစုရဲ့ ရေတပ်နဲ့ဆိုရင် တောင်ပိုင်းကျွန်းတွေကို အေးအေးဆေးဆေးနဲ့ အနိုင်ယူလို့ရတယ်။”

ရန်နန်းဖေးနှင့် ရွှယ်ဖန်တို့က ရွှယ်မိသားစု၏ အလံကို မြှင့်တင်ထားသည့် သင်္ဘောပေါ်သို့ တက်သွား၏။

“ခရီးစမယ်။” အမိန့်သံနှင့်အတူ အလံကို လွင့်ထူလိုက်၏။ ရွှယ်မိသားစု၏ သင်္ဘောအုပ်စုက ကြီးကျယ် ခမ်းနားစွာ ထွက်ခွာသွားခဲ့၏။ လီပေါင်း ၃၅၀၀ ကျော် အကွာအဝေးရှိ နုရှောင့်မြို့ဆီသို့ ဦးတည်လျက် ရှိနေသည်။

“မှတ်ထားကြ။ အားလုံး သတ်ပစ်ကြမယ်။”

တောင်ပိုင်းမြို့၏ အမြင့်ဆုံး ရဲတိုက်တစ်ခုပေါ်မှာတော့ နင်ချီနှင့် ရွှယ်ရွှယ်တို့က ရွှယ်မိသားစု သင်္ဘော ထွက်ခွာသွားသည်ကို စောင့်ကြည့်နေ၏။ ဤရေတပ်က တကယ့်ကို ခမ်းနားကြီးကျယ်လွန်းသည်ဟု ပြော၍ရ၏။ အရွယ်အစား အမျိုးမျိုးရှိသည့် သင်္ဘော ၂၀၀ ကျော်နှင့် လူဦးရေ စုစုပေါင်း သောင်းကျော်ရှိခဲ့၏။

ဟုတ်ပေ၏။ ထိုအရာက မဟာမိတ်တပ်ပေါင်း တစ်ခုပင်။ ထိုအထဲ၌ ၆၀ ရာခိုင်နှုန်းက ရွှယ်မိသားစု ပိုင်ဆိုင်သည့် အရာဖြစ်ပြီး၊ ကျန် ၄၀ ရာခိုင်နှုန်းကတော့ အနီးအနား ရေပိုင်နက်များရှိ တပ်ဖွဲ့များပိုင် သင်္ဘောများ ဖြစ်သည်။

စစ်ပွဲတစ်ခု စတင်တိုင်း ထိုကဲ့သို့ပင်။ ရွှယ်မိသားစုက ပထမဦးဆုံး သူတို့၏ တိုက်ခိုက်ရေးအင်အားကို တိုးမြှင့်နိုင်ဖို့၊ ဒုတိယအနေနှင့် သူတို့၏ မွေးရပ်မြေ၏ ငြိမ်းချမ်းရေးကို ကာကွယ်ရန်အတွက် အခြားသော တပ်ဖွဲ့များကို ခေါ်ဆောင်တတ်ကြ၏။ မဟုတ်ပါက အဓိက ရေတပ်က ထွက်ခွာသွားခဲ့ပြီး လက်အောက် ငယ်သား အများအပြားကို ချန်ထားခဲ့လျှင် ဂဏာမငြိမ်ဖြစ်ပြီး မလိုလားအပ်သည့် ကိစ္စရပ်များ ဖြစ်လာပေလိမ့်မည်။

ယခင်က ချောင်တန်းဝေက ပင်လယ်ဓားပြ ၃၀,၀၀၀ ရှိ၏။ ယခုအချိန်တွင် ရွှယ်ချီ၌ မဟာမိတ် တပ်သား ၃၀,၀၀၀ ကို ထပ်မံ စုစည်းနိုင်ခဲ့၏။ ဤပင်လယ်ပြင်ဒေသက ဤမျှ များပြားလှသည့် ရေကြောင်း တပ်ဖွဲ့များကို ပြုစုပျိုးထောင်နိုင်စွမ်း ရှိနေသည်လား။ ဟုတ်ပေ၏။ ပင်လယ်ရေမိုင် ၄,၀၀၀ သို့မဟုတ် ၅,၀၀၀ ကျော်သည့် ကျယ်ပြန့်သည့် ကုန်သွယ်ရေး အကျိုးစီးပွားများနှင့် နိုင်ငံကြီးငယ်များ ပါဝင်နေသောကြောင့်ပင်။

ချင်မင်းဆက်၏ ကျားချင်းခေတ်က နာမည်ဆိုးနှင့် ကျော်ကြားသည့် ပင်လယ်ဓားပြတစ်ဦး ဖြစ်သူ ကျန်းပေါင်ကျိုင်းသည် အစပိုင်း၌ နယ်မြေ အနည်းငယ်ကိုသာ ထိန်းချုပ်ထားသော်လည်း သူ၏ အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိသည့်အချိန်တွင် အရွယ်အစား အမျိုးအစား အမျိုးမျိုးရှိသည့် သင်္ဘော တစ်ထောင်ကျော်နှင့် တပ်ဖွဲ့ကို ကွပ်ကဲနိုင်ခဲ့၏။

နင်ချီက ရေတပ်ကို အင်မတန် စိတ်ရှုပ်ထွေးနေသည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။

“မင်းသား”

ရွှယ်ရွှယ်က ရှေ့ကို တိုးလာ၏။ နင်ချီကို နောက်မှ သိုင်းဖက်ကာ တိုးတိုးပြော၏။ “မင်းသား ဝမ်းနည်းစရာ မလိုပါဘူး။ မင်းသားအတွက် စစ်ပွဲက မကြာခင် စတင်တော့မယ်လို့ ခံစားရတယ်။”

နင်ချီက တိတ်ဆိတ်နေ၏။ သူက ရွှယ်မိသားစု၏ နယ်မြေကို ရောက်လာပြီးသည့်နောက် ရွှယ်မိသားစုက သူ့ကို လေးစားစွာဖြင့် ဆက်ဆံခဲ့၏။ ရွှယ်ချီက သူ့ဆီသို့ နေ့တိုင်းလာပြီး လူငယ်မင်းသားအဖြစ် သဘောထားကာ စကားပြောဆိုနေသော်လည်း နင်ချီက တခြားလူများအပေါ်တွင် မှီခိုနေရသည် ဆိုသော ခံစားချက်ကို ခံစားနေရဆဲပင်။

ရွှယ်မိသားစု၏ ရေတပ်သင်္ဘောများ ကမ်းမှ ထွက်ခွာသွဦးသည်ကို ကြည့်ရှုနေခဲ့သူက နင်ချီ တစ်ယောက်တည်း မဟုတ်ချေ။ ရေနက်တပ်ဖွဲ့၏ တပ်မှူး ရန်အီကလည်း ပါဝင်၏။ သူက မဟာပညာရှင်တစ်ယောက်၏ စွမ်းရည်ကို ပိုင်ဆိုင်သော်လည်း မဟာပညာရှင်တစ်ယောက်အဖြစ် ဘွဲ့တော့ မရသေးချေ။ သူ၏ ခံစားချက်များက ပိုမို၍ ရှုပ်ထွေးနေသည်။

သူက နင်ယွမ်ရှန်း၏ စစ်မှန်သည့် နောက်လိုက်တစ်ယောက် ဖြစ်ခဲ့ဖူးပြီး ရွှယ်ချီနှင့် ရန်နန်းဖေးတို့၏ တပည့်လည်း ဖြစ်ခဲ့ဖူး၏။ ကိုယ်ကျိုးစီးပွားနှင့် ပိုမိုနက်ရှိုင်းသည့် ရှုပ်ထွေးမှုများ ပါဝင်လာခြင်းကြောင့် သူက ရွှယ်မိသားစု၏ လမ်းကြောင်းအတိုင်း လျှောက်လိုက်ခဲ့၏။

သို့ပေမည့် သူက နင်ယွမ်ရှန်းကို ပုန်ကန်ရန် မစဉ်းစားခဲ့ချေ။ ထို့ကြောင့် သူက နင်ကန်ကို ဖမ်းဆီးဖို့ သွားသည့်အချိန်တွင် နင်ယွမ်ရှန်း နိုးလာသည်ကို မြင်သည်နှင့် တပြိုင်နက် ခုခံမည့်အရာ အားလုံးကို စွန့်လွှတ်ပြီး ဒူးထောက် အရှုံးပေးခဲ့သည်။

သို့သော်ငြား သူက ရွှယ်ချီနှင့် နင်ချီတို့၏ သင်္ဘောပေါ်မှ ဆင်း၍ မရတော့ပေ။ ထို့အပြင် နင်ယွမ်ရှန်းက သူ့ကို ဘယ်တော့မှ ယုံကြည်နိုင်တော့မည် မဟုတ်သောကြောင့်ပင်။ ဤနေရာက ကောင်း၏။ သို့ပေမည့် သူ၏ ဇာတိမြေ မဟုတ်ပေ။ တစ်နေ့နေ့တွင် သူက ထျန်းရျွဲ့မြို့ကို ပြန်လာနိုင်မည်ဟု မျှော်လင့်မိ၏။

...........

ရွှယ်မိသားစုက ပင်လယ်ဒေသကို လုံးဝ လွှမ်းမိုးထားနိုင်သည့် ရေတပ်မျိုး ပိုင်ဆိုင်၏။ သူတို့က ထျန်းနန်ပြည်နယ်၏ ရေပိုင်နက်ကို ရောက်မှသာလျှင် အခြားတပ်ဖွဲ့၏ ရေတပ်တွေ ပေါ်လာပေလိမ့်မည်။ ထို့ကြောင့် ရန်နန်းဖေးအတွက် မိုင်ပေါင်း တစ်ထောင်ကျော် ရှည်လျားသည့် ပင်လယ်ဧရိယာ တစ်ခုလုံးက သူ၏ ကိုယ်ပိုင်ရေချိုးကန်ကဲ့သို့ ဖြစ်လို့နေခြင်းပင်။

အဆုံးစမဲ့ ပင်လယ်ကို ကြည့်ရှု၍ ရွှယ်ဖန်က ပြောသည်။ “ဦးရီးတော်... အရင်တုန်းက မြို့စားကြီး ကျင်းကျုးက ဒီလောက် အစွမ်းထက်နေတဲ့အချိန်မှာ ဘာလို့ အရှေ့နဲ့ တောင်ပင်လယ်က ကျွန်းတွေအားလုံးကို သိမ်းပိုက်ပြီး ကျင်းမိသားစုကို မပြောင်းရွှေ့ခဲ့တာလဲ။”

ရန်နန်းဖေးက ပြောလိုက်၏။ “ပထမဦးဆုံး အချက်ကတော့ သူက မိုက်မဲလို့ပဲ။ ဒုတိယအချက်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားခဲ့လို့ပဲ။”

ရွှယ်ဖန်က မေးလိုက်သည်။ “ဒီတစ်ခါ ကျင်းမိသားစုကို လုံးဝ ဖယ်ရှားပစ်မှာလား။ ကျင်းမူလန် အပါအဝင်။”

ရန်နန်းဖေးက ပြောကြားလိုက်၏။ “အင်း.. သူ အပါအဝင်ပေါ့။ အင်ပါယာရဲ့ဆန္ဒကတော့ အထူး သွေးမျိုးဆက်ရှိတဲ့ လူတွေအကုန်လုံးကို ဖယ်ရှားပစ်လိမ့်မယ်။”

တိတိကျကျ ပြောရမည်ဆိုလျှင် သဘာဝလွန်အင်အားစု ခြောက်ခုမှ မဟုတ်သည့် အထူးသွေးမျိုးဆက်ပိုင်ရှင် အားလုံးကို ဖယ်ရှားပစ်ရမည်ဟု ဆိုလိုခြင်းပင်။ ယနေ့မှစ၍ အင်ပါယာနှင့် သဘာဝလွန် အင်အားစု ခြောက်ခုလုံးကသာ ရှေးဟောင်းယဉ်ကျေးမှု၏ စွမ်းအားကို ပိုင်ဆိုင်နိုင်မည်။

“ဒါက နှမြောစရာပဲ။” ရွှယ်ဖန်က ပြော၏။ သူ၏ စကားက လုံးဝ ယုတ်မာမှုကို ဖော်ပြနေ၏။ ကျင်းမူလန်က အရမ်းကို လှ၏။ အထူးသဖြင့် သွေးပြောင်းလဲပြီးသည့်နောက် သူမ၏အလှတရားက အထွတ်အထိပ်သို့ ရောက်ရှိခဲ့၏။ ရွှယ်ဖန်က ထိုအရာကို ပြုလုပ်ရန် စိတ်အားထက်သန်လျက် ရှိသည်။

ရန်နန်းဖေးက ပြောလိုက်၏။ “ကျင်းမူလန်ကို တပ်မက်တဲ့ နောက်ဆုံးသောလူက နင်ယီ မဟုတ်ဘူး”

ရွှယ်ဖန်က ပြောသည်။ “ဦးရီးတော်က နောက်နေတာလား။”

ရန်နန်းဖေးက ပြော၏။ “နောက်နေတာ မဟုတ်ဘူး။ ကျင်းမူလန်က အရမ်းကို လှတယ်။ အိမ်ရှေ့စံ နင်ယီက ကျင်းမူလန်ကို သူ့ရဲ့ ကိုယ်ပိုင်အရုပ်လေးတစ်ရုပ်လို သဘောထားခဲ့တာ။ အခုတော့ နင်ယီက ပြီးသွားပြီ။ ကျင်းမူလန်က ပိုလှလာတယ်။ မျက်စိတွေ ကွယ်သွားလောက်အောင် လှတာ။ ဒါပေမဲ့ ငါတို့ သူ့ကို ထိလို့မရဘူး။ ထိရင် အရေးကြီးတဲ့ လူတစ်ယောက်ယောက်က မကျေမနပ် ဖြစ်လိမ့်မယ်။ နားလည်လား။”

ရွှယ်ဖန်က ပြောသည်။ “သိပါပြီ။”

ရန်နန်းဖေးက ပြောလိုက်၏။ “ဒါဆိုရင် ဖျက်ဆီးလိုက်ကြစို့။ သတ်ဖြတ်ပစ်လိုက်ကြစို့။ နောက်ထပ် လုံးဝ ထိခိုက်မှုတွေ မဖြစ်အောင် ရှောင်ရှားကြမယ်။”

ရွှဲ့အလံ တင်ထားသည့် သင်္ဘောရွက်တိုင်တွင် အမြင့်ဆုံးနေရာ၌ ရန်သူကို စောင့်ကြည့်နေသည့် လူတစ်ယောက် ရှိ၏။ သူက မူလက အနည်းငယ် ပျင်းရိ၏။ ဤမိုင် ၂,၀၀၀ အတွင်း ရန်သူ၏ လှုပ်ရှားမှု မရှိနိုင်သောကြောင့်ပင်။ ဤနေရာက ရွှယ်မိသားစု၏ အတွင်းပိုင်း ပင်လယ်ဟုပင် သတ်မှတ်နိုင်သည်။

လက်ရှိနေရာက ကျင်းမိသားစု၏ နုရှောင့်မြို့နှင့် မိုင် နှစ်ထောင်၊ သုံးထောင်ကျော် ဝေးသေး၏။ ထို့အပြင် ကျင်းမိသားစု၏ ရေတပ်က အားနည်းလွန်း၏။ နှစ်ပေါင်းများစွာ ကြာသည်ဆိုလျှင်တောင်မှ ပင်လယ်ဓားပြများကို မနှိမ်နင်းနိုင်ခဲ့သေးချေ။

ကြည်းတပ်တစ်ခုကို နှစ်အနည်းငယ်တွင် လေ့ကျင့်ပေးနိုင်သည် ဆိုသော်လည်း အင်အားကောင်းလွန်း လှသည့် ရေတပ်ကြီးတစ်ခု ဖြစ်လာရန် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားရပေလိမ့်မည်။ ရွှယ်ကလန် ရေတပ်၏ အဓိကရည်မှန်းချက်က နုရှောင့်မြို့ကို ဝိုင်းဝန်းတိုက်ခိုက်ရန်ပင်။

ပင်လယ်ပြင်တိုက်ပွဲက လုံးဝ စိတ်လှုပ်ရှားစရာ မရှိဘူးဟုပင် တွေးတောထားခဲ့၏။ ဤအရာက ချက်ချင်း သတ်ဖြတ်မှုပင် ဖြစ်ပေလိမ့်မည်။ ကျင်းမိသားစု၏ ရေတပ်တွင် သင်္ဘော ဘယ်နှစ်စင်းနှင့် လူဘယ်နှစ်ယောက် ပါဝင်လာမည်နည်း။ သို့ဆိုစေကာမူ ရွှယ်မိသားစု၏ တပ်ဖွဲ့များနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အလွန့်ကို အင်အား နည်းပါးပေလိမ့်မည်။ ထို့အပြင် သင်္ဘောများကလည်း သေးငယ်၏။

ရွှယ်မိသားစု၏ စစ်သင်္ဘောက တကယ့်ကို ကြီးမားပြီး ခိုင်ခံ့၏။ စစ်သင်္ဘောများပေါ်တွင် လောက်လွှဲ လက်နက်များကိုလည်း တပ်ဆင်ထားခဲ့၏။ ကျင်းမိသားစု၏ စစ်သင်္ဘောများက အလွန်ပင် သေးငယ်လွန်းသောကြောင့် မည်သည့်ပစ္စည်းကိုမှ တင်ဆောင်နိုင်စွမ်း မရှိချေ။

ထို့အပြင် ရွှယ်မိသားစု၏ မဟာမိတ်တပ်ဖွဲ့များနှင့် ရင်ဆိုင်သည့်နေရာတွင် ကျင်းမိသားစု၏ ရေတပ် ဆိုသည်က လမ်းလျှောက်တတ်စ ကလေးငယ် တစ်ဦးကဲ့သို့ အလွန်အမင်း အားနည်းနေပေလိမ့်မည်။ ဤသို့ အင်အားကြီးမားစွာ နေထိုင်ရသောကြောင့် တိုင်ပေါ်တွင် ရှိနေသည့် ကင်းသမားက စိတ်ဝင်စားမှု လျော့ကျသွားခြင်းလည်း ဖြစ်ပေလိမ့်မည်။ ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်း သူတို့နှင့် နှိုင်းယှဉ်၍ ရနိုင်လောက်အောင် လုံလောက်သည့် အင်အားရှိသော ရန်သူတစ်ဦးတစ်ယောက်မှ မရှိခဲ့ပေ။

ထိုအချိန်မှာတော့ ရုတ်တရက် အဝေးပင်လယ်ပြင်၌ အနက်ရောင်အစက်တစ်ခု ပေါ်လာ၏။ ရွှယ်မိသားစု၏ ကင်းထောက်က အံ့အားသင့်သွား၏။ ထိုအရာက ကုန်တင်သင်္ဘောပေလား။ သူက ထိုအရာကို သိပ်အာရုံမစိုက်ခဲ့ချေ။ ဤနေရာတွင် ကုန်တင်သင်္ဘောများ ပေါ်ပေါက်လာတတ်သည်က ပုံမှန်ပင် ဖြစ်၏။ ရွှယ်မိသားစု၏ ကင်းလှည့်သင်္ဘောများတောင် ပေါ်ပေါက်လာတတ်သေး၏။

သို့သော်ငြား နောက်ခဏမှာပဲ အနက်ရောင် အစက်အပြောက်များစွာက ထူထဲစွာ ပေါ်လာခဲ့၏။ ထိုအရာက ပုံမှန်မဟုတ်ချေ။ လုံးဝ ပုံမှန်မဟုတ်ချေ။ ပထမဦးဆုံးအနေနှင့် ကုန်တင်သင်္ဘောအုပ်စုက ဤမျှ ထူထပ်စွာဖြင့် ပြည့်ကျပ်နေလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် အဝေးကြီးတွင် ရှိနေသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရချေ။

နောက်ထပ် အချိန်၏ လေးပုံတစ်ပုံလောက် ကြာသွားချိန်မှာတော့ သူက ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ သူ အိပ်မက်ပင် မက်နေသည်လား။ သူ သရဲကို မြင်လိုက်နေသည်လား။ ကျင်းမိသားစု၏ ရေတပ်လား။

သင်္ဘောထိန်းက မျက်လုံးများကို အလျင်စလိုနှင့် ပွတ်သပ်ပြီး ခေါင်းကို ခပ်ပြင်းပြင်း ရိုက်လိုက်၏။ သူက သွေးလေ ခြောက်ခြားနေခြင်းများ ဖြစ်နေသည်လား။

နောက်ဆုံးမှာတော့ သူက ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ တကယ့်ကို ကျင်းမိသားစု၏ ရေတပ်ပင် ဖြစ်၏။ ပြီးနောက် သူက လျင်လျင်မြန်မြန်ဖြင့် စည်ကို ထုလိုက်၏။ “ရန်သူ ရန်သူ... ရန်သူ လှုပ်ရှားမှု ရှိတယ်။”

ပြီးနောက် အလုံးစုံသောသူတို့က စိတ်လှုပ်ရှားစွာဖြင့် လက်ကို ယမ်းခါလိုက်ကြ၏။ သင်္ဘောအုပ်စုတစ်ခုလုံးကို သတိပေးဖို့ပင်။ သို့သော်ငြား တကယ်တော့ သတိပေးနေရန်ပင် မလိုအပ်ချေ။ လူတော်တော်များများက မြင်နှင့်ပြီး ဖြစ်သည်။

ရန်နန်းဖေးနှင့် ရွှယ်ဖန်တို့ကလည်း မြင်တွေ့ခဲ့၏။ သူတို့က သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်ခဲ့ချေ။ ကျင်းမိသားစုက ရူးသွပ်သွားလေပြီလား။ ရှမ့်လန်က ရူးသွပ်သွားလေပြီလား။ သူတို့က နုရှောင့်မြို့ကိုတောင် မတိုက်ခိုက်ရသေးချေ။

တစ်ဖက်လူများက ရွှယ်မိသားစုကို တိုက်ခိုက်ရန် လာနေ၏။ ကျင်းမိသားစု၏ ရေတပ်တပ်ဖွဲ့တွင် သင်္ဘောဘယ်နှစ်စင်း ရှိသနည်း။ လူဘယ်နှစ်ယောက် ရှိသနည်း။

သူတို့ရဲ့ နိဗ္ဗာနတပ်တော်က ကုန်းမြေပေါ်တွင် အနိုင်ရရှိနိုင်သည် ဆိုသော်လည်း ပင်လယ်ပြင်တွင်တော့ အသုံးဝင်လိမ့်မည် မဟုတ်ချေ။ ထိုအရာက သေခြင်းတရားဆီသို့ အလျင်စလိုနှင့် တိုးဝင်လာခြင်း မဟုတ်ပါလား။

ရန်နန်းဖေးက ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်ရသည့် အချိန်မှာတော့ မယုံကြည်နိုင်လောက် ဖြစ်နေ၏။ ကျင်းမိသားစု၏ ရေတပ်တွင် သင်္ဘောအစင်း ၄၀ ပါဝင်ပြီး တစ်စင်းကမှ ကြီးကြီးမားမား မဟုတ်ချေ။ သင်္ဘောတစ်စင်းလျှင် လူတစ်ထောင် ပါဝင်ပါက လူဦးရေ စုစုပေါင်းက ၄၀,၀၀၀ ထက် မပိုချေ။ သင်္ဘောများက တကယ့်ကို ပြားချပ်ပြီး အထူးသဖြင့် ရှည်လျား၏။ ထိုအရာကလွဲလျှင် တခြားသော အားသာချက်ဟူ၍ မရှိချေ။

“ရှမ့်လန်... မင်းက သေဖို့ ဆန္ဒရှိနေပြီဆိုမှတော့ ငါ မင်းကို မြှုပ်နှံပေးမယ်။”

ရန်နန်းဖေးက အမိန့်ပေးလိုက်၏။ “တိုက်ပွဲအတွက် ပြင်ဆင်ကြတော့။”

“တိုက်ပွဲအတွက် ပြင်ဆင်ကြ။”

နှစ်ဖက်ရေတပ်များက အလွန် နီးကပ်နေခဲ့ပြီ ဖြစ်၏။ သို့ပေမည့် ရေတပ်တိုက်ပွဲ တစ်ခုကို တရားဝင် စတင်ဖို့ ဆိုသည်က တစ်နာရီကျော် အချိန်ကြာသည်။

“ရွှပ် ရွှပ်... ဗွမ်း... ဗွမ်း..”

ရွှယ်မိသားစု၏ ရေတပ်က အံ့အားသင့်စရာကောင်းသည့် အဝေးပစ် တိုက်ခိုက်ရေး စွမ်းရည်များကို ပြသခဲ့၏။ သူတို့တွင် သင်္ဘောကြီး အစင်း ၃၀ ကျော် အပါအဝင် အရွယ်အစား အမျိုးမျိုးရှိသည့် သင်္ဘောပေါင်း ၂၀၀ ကျော် ရှိ၏။ ဤသင်္ဘောကြီးများထဲတွင် ဧရာမ လောက်လွှဲစက်ကြီးများကိုလည်း တပ်ဆင်ထားသေး၏။

ဖျက်ဆီးနိုင်စွမ်းအားက တကယ့်ကို အံ့အားသင့်စရာ ဖြစ်၏။ သို့ပေမည့် တိကျမှုကလည်း အံ့အားသင့်စရာပင်။ အဘယ်ကြောင့်ဆိုသော် တစ်ချက်မှ မထိသောကြောင့်ပင်။ ရွှယ်မိသားစု၏ ရေတပ်က ဒေါသတကြီးဖြင့် တိုက်ခိုက်နေပြီး အံ့အားသင့်ဖွယ်ရာ အင်အားများကို ပြသခဲ့၏။ သို့ပေမည့် ရလဒ်ကတော့ သုညပင်။

ထိုသို့ဆိုလျှင် ရှမ့်လန်၏ ရေတပ်ကရော၊ သူတို့၌ လောက်လွှဲပစ် ကိရိယာများ မရှိချေ။ တစ်နည်းသာလျှင် ရှိ၏။ လေးသမားများပင်။ ထိုအရာက နောက်ပြောင်နေသည်လား။ ခရစ်တော်မပေါ်မီက လောကပေါ်ရှိ ရေတပ်တိုက်ပွဲ တစ်ခု ဖြစ်လာမည်လား။

“ရွှီး ... ရွှီး”

ရှမ့်လန်၏ ရေတပ်ပေါ်မှာတော့ နိဗ္ဗာနတပ်တော်သားများက မြားများကို တောက်လျှောက် ပစ်ခတ်၏။ ထိုအရာအားလုံးက ရော့ကတ်များပင်။ လေထဲတွင် ကျော့ရှင်းလှပစွာဖြင့် စက်ဝိုင်းပုံ ပျံသန်းသွားပြီး မိုးရေစက်များကဲ့သို့ အောက်သို့ကျရောက်၏။ မြားမိုးများက ရွှယ်မိသားစု၏ ရေတပ်ကို ထိမှန်၏။

ရန်နန်းဖေးနှင့် အခြားသူများက အံ့အားသင့်သွား၏။ ရူးသွပ်လွန်းလှချေ၏။ ကျင်းမိသားစုက မြားသမားများက မည်မျှဝေးဝေးကို ပစ်ခတ်ခဲ့သနည်း။ ဤအရာက အကန့်အသတ်လောက်ပင်။ တကယ့်ကို ဝေးကွာသည်။

ဤသို့နှင့် ရေတပ်နှစ်တပ်က အပြင်းအထန် တိုက်ခိုက်ခဲ့ကြ၏။ ရှမ့်လန်၏ ရေတပ်က အံ့အားသင့်စရာ ကောင်းလောက်အောင် အသာစီး ရနေ၏။ နိဗ္ဗာနတပ်တော်၏ မြားများက ယခုထိ ပစ်လွှတ်နိုင်သေး၏။

ရွှယ်မိသားစု၏ ဧရာမ လောက်လွှဲစက်ကြီးများကလည်း ပစ်ခတ်မှုတွင် ဘယ်တော့မှ အားမနည်းခဲ့ကြချေ။ သို့သော်ငြား ရှမ့်လန်၏ လေးသမား သုံးထောင်ကျော်တို့က ဧရာမ လောက်လွှဲစက်ကြီးများထက် ပိုမိုကာ တိကျ၏။

ပစ်ခတ်သည့် တိုက်ပွဲက နာရီဝက်ခန့် ကြာမြင့်ခဲ့၏။ ထိခိုက်ဒဏ်ရာ ရရှိသူ တစ်ရာကျော် ရှိခဲ့၏။ နှစ်ဖက်ကြား အကွာအဝေးက မီတာ ၃၀၀ ထက် မပိုအောင် ထိန်းသိမ်းထားခဲ့သောကြောင့်ပင်။

ရှမ့်လန်က အန္တရာယ်ကို မယူရဲချေ။ ရေတပ်နှစ်စင်းကြား အင်အားကွာဟချက်က အလွန် ကြီးမား၏။ ရှမ့်လန်၏ သင်္ဘောများက ပေါ့ပါးပြီး လျင်မြန်၏။ သို့သော်လည်း နှိုင်းယှဉ်ရမည်ဆိုလျှင် သူတို့က ပျက်စီးလွယ်၏။ လောက်လွှဲကြီးများသာ ထိမှန်ပါက တော်တော်လေး ထိခိုက်မှုကို ခံစားရမှာ သေချာသည်။

နာရီဝက်ကျော်ကြာ ပြင်းထန်သည့် တိုက်ပွဲတစ်ခုအပြီးမှာတော့ ရှမ့်လန်၏ရေတပ်က ထွက်ပြေး လွတ်မြောက်သွားခဲ့၏။ ရွှယ်မိသားစု၏ ရေတပ်က လိုက်လံဖမ်းဆီး၏။ ထိုအချိန်မှာတော့ ရန်နန်းဖေးက ရှမ့်လန်ရေတပ်၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့၏။ ထိုအရာက အလွန့်ကို မြန်ဆန်ခြင်းပင်။

ရွှယ်မိသားစုရေတပ်က လိုက်လံဖမ်းဆီး၏။ ရှမ့်လန်တို့က မြန်ဆန်သွက်လက်စွာဖြင့် ပြေး၏။ ရှမ့်လန်တို့ သင်္ဘောတစ်အုပ်စုလုံး ၏ အမြန်နှုန်းက ရွှယ်မိသားစု၏ သင်္ဘောအုပ်စုထက် ၂၀ ရာခိုင်နှုန်းထက် ပိုမြန်၏။ ရေတပ်နှစ်ဖွဲ့က အပြင်းအထန်နှင့် လိုက်တမ်းပြေးတမ်း ကစားလျက် ရှိနေ၏။

All Chapters