အခန်း (၇၅၅-၇၅၆)
Vol. 47 Ch. 755-756
အပိုင်း (၇၅၅)
“ကျုပ်ရဲ့ ဦးရီးတော် ရန်နန်းဖေး ဘယ်မှာလဲ။”
“တပ်မှူးကို မတွေ့ရပါဘူး။”
ရွှယ်ဖန်က ကင်ထားသည့် ငါးကိုစားပြီး အရည်ကို သောက်၏။ အစပိုင်းတုန်းက ဘေးအန္တရာယ် တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့သောကြောင့် ဝမ်းသာခဲ့ရသော်လည်း မကြာခင်မှာပဲ ဝမ်းနည်းမှုများက သူ၏ နှလုံးသားထဲ၌ ပေါ်ပေါက်လာခဲ့၏။
သင်္ဘောပေါင်း ၂၀၀ နှင့်အတူ အင်အား ၃၀၀၀၀ ရှိသည့် မဟာမိတ်တပ်မတော်ကြီးက လုံးဝ ပျက်စီးသွားခဲ့၏။ ရွှယ်မိသားစု၏ ၁၀ စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သမျှ အားလုံးက ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ ဤရေတပ်မရှိဘဲနှင့် တောင်ပိုင်းပင်လယ်၏ ကုန်သွယ်မှုကို မည်သို့ ထိန်းသိမ်းထားနိုင်တော့မည်နည်း။ ရွှယ်မိသားစု၏ ဂုဏ်ဒြပ်က ပင်လယ်ထဲမှာသာရှိသောကြောင့် သူတို့၏ စစ်ရေးအာရုံက ပင်လယ်ပြင်၌သာ ရှိသည်။
ရွှယ်ဖန်က လုံးဝလည်း အံ့အားသင့် မင်သက်လျက် ရှိ၏။ ရှမ့်လန်က သူတို့၏ ရေတပ်ကို ငရဲဆီသို့ ပို့ဆောင်ခဲ့၏။ ရေအောက် ငလျင်နှင့် ဆူနာမီ ဖြစ်လာမည်ကို မည်ကဲ့သို့ ကြိုတင် သိရှိသနည်း။ ထိုအရာက တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ရည်ရွယ်ချက်ရှိရှိနှင့် ပြုလုပ်ခဲ့သောကြောင့်ပင်။
ထို့အပြင် ရှမ့်လန်က ပျော်ရွှင်မှုကျွန်း၏ အနောက်ဘက် ပင်လယ်အော်တွင် ရေတပ်ကို ကျောက်ချခဲ့ပြီး လူတိုင်းကို ကျွန်းပေါ်ရှိ တောင်ထိပ်ပေါ်သို့ ဦးဆောင် ခေါ်ဆောင်သွားခဲ့၏။ ထိုအရာက ကြိုတင် ပြင်ဆင် ထားကြောင်း သိသာ ထင်ရှား၏။ ဤလူက တကယ့်ကို ကြောက်စရာ ကောင်း၏။ အရာအားလုံးကို ကြိုတင် သိရှိနေသလိုပင်။
လောကကြီးထဲတွင် ဤကဲ့သို့သော လူမျိုးက မရှိသင့်ပေ။ ရွှယ်မိသားစု၏ ရေတပ်က လုံးဝ ပျောက်ကွယ် သွားခဲ့ပြီ ဆိုတော့ သူ ဘာဆက်လုပ်သင့်သနည်း။ စေတီတောင်ကို အကူအညီ တောင်းရမည်လား။ အင်ပါယာဆီ အကူအညီ တောင်းရမည်လား။
ရှမ့်လန်က ဆူနာမီ လှိုင်းလုံးကို အသုံးပြုပြီး လူ ၃၀၀၀၀ ကို သတ်ဖြတ်နိုင်ခဲ့သည်။ ကြောက်စရာ ကောင်းလွန်းသောကြောင့် စေတီတောင် နှင့် အင်ပါယာက ထိုအရာကို လက်သင့်ခံလိမ့်မည် မဟုတ်ချေ။ ရွှယ်ဖန်က ဤလူသူကင်းမဲ့သည့် ကျွန်းမှ ထွက်ခွာရန်နည်းလမ်းများကို ရှာဖွေရန် ဆုံးဖြတ်လိုက်၏။
ပြီးနောက် သူက နေရာအနှံ့ကို လိုက်လံကာ ရှာဖွေကြည့်၏။ ပြီးနောက် သူက ငါးကင်နှင့် ဟင်းရည်ကို သောက်ပြီး မေးမြန်းလိုက်သည်။ “မင်းတို့အားလုံးက ငါတို့ ရွှယ်မိသားစုရဲ့ ရေတပ်သားတွေလား။”
ရေတပ်သား ဒါဇင်ပေါင်းများစွာတို့က နာကျင်စွာ ပြုံးလိုက်၏။ “ကျုပ်တို့က သေးငယ်တဲ့ ငါးကလေးတွေပါပဲ။ သခင်လေးက ကျုပ်တို့ကို တကယ် မမှတ်မိဘူးပဲ။”
ရွှယ်ဖန်က သူ၏ အချိန်အများစုကို ထျန်းရွှဲ့မြို့ရှိ ကုန်းပေါ်တွင်သာ ကုန်ဆုံးသောကြောင့် မမှတ်မိပေ။ သို့သော်ငြား ဤရေတပ်သားအားလုံးက ရွှယ်မိသားစု၏ ဝတ်စုံများကို ဝတ်ဆင်ထားခဲ့ပြီး လည်ပင်းတွင်လည်း ရွှယ်မိသားစု၏ ဆေးမင်ကြောင်များ ရေးထိုးထားသည်။
“ဒါဆိုရင် ထွက်သွားဖို့ အစီအစဉ်က ဘယ်လိုရှိလဲ။” ရွှယ်ဖန်က မေး၏။
ရွှယ်မိသားစု၏ ရေတပ်သားက ပြောသည်။ “ကျုပ်တို့က ဒီနေရာမှာ မီးထွန်းပြီး ကုန်သည်သင်္ဘောတွေ တွေ့အောင်လုပ်ရမယ်။ ရှမ့်လန်ရဲ့ ရေတပ် အဝေးကို ထွက်သွားတာ သေချာအောင် ဒီကျွန်းမှာ ရက်အနည်းငယ်လောက် ဆက်နေဖို့ စဉ်းစားထားပါတယ်။”
ရွှယ်ဖန်က ပြော၏။ “ဒါဆိုရင် ဖောင်တွေ ဆောက်ပြီးတော့ လှော်တက်နဲ့ ဒီကျွန်းကနေ ထွက်သွားလို့ ဖြစ်နိုင်လား။ ဒီနဲ့ ကျုပ်တို့ရဲ့ ကျွန်းနဲ့ဆို ဘယ်လောက်လောက် ဝေးနိုင်လဲ။”
“မိုင် ၂၀၀၀ လောက် ရှိပါတယ်။”
ရွှယ်ဖန်က ပြော၏။ “ဒါဆိုရင် လုပ်ထားတဲ့ ဖောင်က မိုင် ၂၀၀၀ လောက် သွားနိုင်လောက်လား။”
ရေတပ်သားခေါင်းဆောင်က ပြောသည်။ “အန္တရာယ်များတယ် ဆိုပေမဲ့ အောင်မြင်နိုင်ခြေကလည်း များပါတယ်။”
ရွှယ်ဖန်က ပြောလိုက်၏။ “ဒါဆိုရင် မြန်မြန်လုပ်ကြရအောင်။ ကျုပ်တို့ ဒီကနေ အမြန်ဆုံး ထွက်ခွာရမယ်။ အောင်မြင်ခဲ့တယ်ဆိုရင် ခင်ဗျားတို့ကို ဆုလာဘ်တွေ အများကြီး ပေးပါ့မယ်။”
ရေတပ်သားတို့က ထိုစကားကို ကြားတော့ ခေါင်းညိတ်လိုက်သည်။ “ကျေးဇူးပါပဲ သခင်လေး။”
ပြီးနောက် သူတို့က အလုပ်လုပ်ကြ၏။ လမ်းတွင် တွေ့သမျှပစ္စည်းများကို ကောက်ယူပြီး ခိုင်ခန့်သည့် ဖောင်တစ်ခုကို တည်ဆောက်ကြ၏။ မကြာခင်မှာပဲ သူတို့က ရွက်ငယ်လေး တစ်ခုကိုပါ ပြုလုပ်၏။ နာရီ အနည်းငယ်အကြာမှာတော့ ခိုင်ခန့်သည့် သစ်သားဖောင်ကြီးကို ပြုလုပ်ပြီးစီးခဲ့၏။
“သခင်လေး... ထွက်ခွာဖို့ အချိန်တန်ပြီ။”
“သွားကြစို့ သွားကြရအောင်။” ရွှယ်ဖန်က အမိန့်ပေး၏။ ပတ်ဝန်းကျင်ကျွန်းအားလုံးကို သေချာပေါက် ရှာဖွေလိမ့်မည်ဟု သူ ခံစားမိ၏။ သူက အမြန်ဆုံး ထွက်သွားခဲ့ပြီး သူ၏ မာနကို ဘေးဖယ်ကာဖြင့် နင်ဟန်နှင့် ကျူးဟုန်ရွှဲ့တို့ဆီသို့သွားကာ ရှမ့်လန်နှင့် ကျင်းမူလန်ကို သတ်ရန် တိုင်တည်ရပေလိမ့်မည်။
ရွှယ်ဖန်က ဖောင်ပေါ်သို့ တက်၏။ ရွက်များကို ချိန်ညှိပြီး သူတို့က လှေကို သီးခြား ဦးတည်ရာတစ်ခုဆီသို့ လှော်ခတ်ကြ၏။ ပင်လယ်ပြင်ထဲတွင် ရွက်လွှင့်ခြင်းက တကယ့်ကို ပျင်းစရာ ကောင်း၏။ ရှုခင်း အားလုံးကလည်း တစ်ပုံစံတည်းပင်။
ထို့အပြင် ဤအချိန်၌ ကောင်းကင်ကြီးက မှိုင်းညို့လျက် ရှိနေပြီး ကြယ် သို့မဟုတ် လကိုပင် မမြင်ရချေ။ ပင်လယ်ပြင်က ထူးခြားစွာ တိတ်ဆိတ်နေပြီး လှိုင်းလုံးတစ်ခုမှ မရှိချေ။ မှန်တစ်ချပ်ပေါ်တွင် လှေလှော်နေရသကဲ့သို့ပင် ငြိမ်သက်နေ၏။
“အင်း ခင်ဗျားတို့က အရမ်းတော်တဲ့ လုပ်ဆောင်မှုတွေကို လုပ်ခဲ့တာပဲ။ ကျွန်းကို ပြန်ရောက်တာနဲ့ ခင်ဗျားတို့ကို ချမ်းသာတဲ့ ဘဝမှာ နေစေမယ်။”
ရွှယ်ဖန်က ပြောသည်။ “ခင်ဗျားတို့ရဲ့ နာမည်တွေကို ပြောပြပါအုံး။”
“သခင်လေး… အခုလိုမျိုး ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ရဲ့ နိမ့်ကျတဲ့ နာမည်တွေကို မှတ်ထားပေးပါ။” သို့နှင့် ဖောင်ပေါ်ရှိ ရေတပ်သား ၅ ဦးတို့က သူတို့၏ နာမည်များကို ပြော၏။
ရွှယ်ဖန်က ထိုသူတို့နှင့် စကားပြောဆိုပြီး ထိုသူတို့၏ မိသားစု အခြေအနေများကို မေးမြန်း၏။ သူက စကားပြောနေတုန်းမှာ ရေအနည်းငယ် ငတ်လာပြန်၏။ ရေဓာတ် ခန်းခြောက်မှုက တကယ့်ကို ပြင်းထန်၏။ ပင်လယ်ရေကို သောက်လို့ မရချေ။ ဖောင်ပေါ်တွင် သစ်ပင်အမြစ်ရေ တချို့ကို ယူဆောင်လာခဲ့သည်။ အရသာ မကောင်းသော်လည်း ထိုအရာက အနည်းဆုံး ရေချိုများဖြစ်သည်။
ရွှယ်ဖန်က မေးမြန်းလိုက်၏။ “လူတိုင်းက အလုပ်ကြိုးစားကြတယ်။ တစ်ခုခု သောက်ကြမလား။”
ရေတပ်သား တော်တော်များများတို့က ရှိသည့်ရေကို တစ်ငုံ ငုံလိုက်သည်။ “ကျုပ်တို့က ကျွန်းနဲ့ အဝေးကြီးမှာ ရှိနေသေးတယ် ဆိုတော့ ဒီဟာကို နည်းနည်းပဲ သောက်သင့်တယ်။”
ရွှယ်ဖန်က တစ်ငုံလောက် သောက်လိုက်၏။
“သခင်လေး... ပင်ပန်းရင် ခဏလောက် အိပ်လိုက်အုံး။”
ရွှယ်ဖန်က အတွင်းစိတ်ကနေ လှောင်ပြောင်လိုက်မိ၏။ သူ ဘယ်သို့ အိပ်ပျော်မည်နည်း။ အချိန်တိုင်း သတိ ရှိနေရ၏။ ဤအသုံးမကျသည့် ရေတပ်သား ၅ ဦးတို့က အန္တရာယ်နှင့် ရင်ဆိုင်ရသည် ဆိုပါက သူ့ကို ထားခဲ့မှာ သေချာသည်။
ထိုအချိန်မှာပဲ ရွှယ်ဖန်က ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်လာခဲ့၏။ အမြင်အာရုံများက မှုန်ဝါးပြီး မူးဝေလာ၏။ “မကောင်း... မကောင်းတော့ဘူး။”
သူ အံ့အားတသင့် အော်ဟစ်လျက် ရှိနေတုန်းမှာပဲ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက နာကျင်ပြီး အားနည်းလာ၏။ လှုပ်ရှား၍ မရတော့သည်ကို သတိပြုမိသည်။
ပြီးနောက် သူ့အနားသို့ ရေတပ်သား ငါးဦးက စုဝေးလာခဲ့၏။ “အို ဆက်ခံသူကြီး မေ့လဲသွားခဲ့ပြီလား။ ကျုပ်ကို ကျုပ် မိတ်ဆက်ပေးပါရစေ။ ကျုပ်နာမည်က လီတာတိုး လို့ခေါ်တယ်။ ကျုပ်က မိုးချိုကျွန်းမှာရှိတဲ့ ပင်လယ်ဓားပြ တစ်ယောက် ဖြစ်တယ်။ ခင်ဗျားတို့ ရွှယ်မိသားစု နောက်ကို လိုက်ခဲ့ဖူးတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ခင်ဗျားတို့ ရွှယ်မိသားစုက ကျုပ်တို့ကို သုတ်သင်ခဲ့ပြီး ကျုပ်တို့ မိသားစုကို သတ်ဖြတ်ခဲ့တယ်။ ဟုတ်တယ်။ ကျုပ်တို့က ရွှယ်မိသားစုကို သစ္စာဖောက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ပြီးတော့ လက်စားချေဖို့လည်း ရည်ရွယ်ချက် မရှိပါဘူး။ ခင်ဗျားတို့က အင်အားကြီးတာကိုး။ ဒါပေမယ့် ဆက်ခံသူကို ကျုပ်တို့ မတော်တဆ ရှာဖွေတွေ့ရှိခဲ့တယ်။
သေချာ စဉ်းစားပြီးတဲ့ နောက်မှ ရှမ့်လန်က ပိုပြီး ရက်ရောလိမ့်မယ်လို့ ထင်တယ်။ ကျုပ်ပြောတာကို ယုံပါ။ ကျုပ်တို့က ပထမတော့ တွန့်ဆုတ်ခဲ့တယ်။ ဒါပေမယ့် ခင်ဗျားက အိမ်ကိုရောက်ရင် ဆုလာဘ်ပေးမယ် ဆိုရင်တောင်မှ အရမ်းနည်းမှာပဲ။ ခင်ဗျားကို ရှမ့်လန်ဆီ လွှဲအပ်လိုက်တာက ပိုပြီး သင့်တော်တယ်။ ရှမ့်လန်က ငွေကို မစင်လို သဘောထားတဲ့ လူတစ်ယောက်လေ။ သူက ကျုပ်တို့ကို ငွေတွေအများကြီး ပေးမှာ သေချာတယ်။”
ရွှယ်ဖန်က တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။ ပြီးနောက် သူက တီးတိုး ပြောလိုက်သည်။ “မင်းတို့... မင်းတို့ ငါ့ကို ဘာသောက်စရာ ပေးလိုက်တာလဲ။”
“ကျွန်းပေါ်က သစ်ပင်တစ်ခုရဲ့ အဆိပ်က မျိုချမိရင် လူကို အကြောတွေ သေသွားစေနိုင်တယ်။”
ရေတပ်သား တစ်ယောက်က ပြော၏။ “ဒါကြောင့် ကျုပ်တို့က ခင်ဗျားကို တိုက်လိုက်တာပဲ။”
ရွှယ်ဖန်က ပြောသည်။ “ရွှေဒင်္ဂါးပြား တစ်ထောင်ပေးမယ်။ ပြီးရင် ငါ့ကို တောင်ပိုင်းကျွန်းဆီ ခေါ်သွားကြ။”
ရေတပ်သားက ပြော၏။ “ကျုပ်တို့ စိတ်မကောင်းပါဘူး သခင်လေးရွှယ်ဖန်။ ခင်ဗျား ဒီစကားကို စောစောသာ ပြောခဲ့မယ်ဆိုရင် ကျုပ် အရမ်းကို ပျော်မှာပဲ။ ဒါပေမယ့် ကျုပ်တို့က ခင်ဗျားကို ထိခိုက်အောင် လုပ်ခဲ့ပြီးပြီ ဆိုမှတော့ ဘယ်လိုလုပ် ပြန်လှည့်လို့ ရတော့မှာလဲ။”
ရွှယ်ဖန်က ဒေါသထွက်၏။ သူက ရုတ်တရက် ထခုန်လိုက်၏။ လက်ဝါးနှင့် ရိုက်ချလိုက်၏။ သူ၏ သိုင်းပညာစွမ်းရည်က တကယ့်ကို အံ့အားသင့်စရာ ကောင်း၏။ သူက လေဖြတ်ပြီး အကြောသေသွားသည် ဆိုသော်လည်း ပင်လယ်ဓားပြ နှစ်ယောက်ကို သတ်နိုင်သေးသည်။
အခြေအနေ မကောင်းသည်ကိုမြင်တော့ ကျန်သည့် ပင်လယ်ဓားပြသုံးယောက်တို့က ပင်လယ်ထဲကို ချက်ချင်း ခုန်ဆင်းပြီး အဝေးသို့ ကူးခတ်သွား၏။ ရွှယ်ဖန်က လှော်တက်ကို ကောက်ယူပြီး ချက်ချင်း လှော်ခတ်၏။ သို့သော်ငြား ၁၅ မိနစ်ခန့်မှာပဲ သူက လုံးဝ မေ့မျောပြီး လဲကျသွား၏။
ပင်လယ်ဓားပြ ခေါင်းဆောင်တို့က ပါးနပ်သောကြောင့် ချဉ်းကပ်မလာခဲ့သေးချေ။ ရွှယ်ဖန် တကယ် အဆိပ် မိသွားသည် သေချာအောင် နာရီဝက်ထိ စောင့်၏။ ပြီးမှ သူတို့က တဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့၏။ သူတို့က လှော်တက်များကို ယူကာဖြင့် အနောက်ဘက်ဆီသို့ ဆက်လက်ကာ လှော်ခတ်သွားခဲ့သည်။
“မီး ထွန်းညှိလိုက်။ ရှမ့်လန်ရဲ့ ရေတပ် ငါတို့ကို တွေ့အောင်လို့။”
.......................
ရွှယ်ဖန်က ပြန်နိုးလာခဲ့၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များက တကယ့်ကို လျော့ပါးသွားခဲ့၏။ သူက ပြန်လည်ကာ လှုပ်ရှားလာနိုင်ခဲ့၏။
“ဪ နိုးလာပြီကိုး။ အံ့အားသင့်စရာပဲ။”
ကောင်းကင်ယံထက်ဆီမှ စိတ်လှုပ်ရှားသည့် အသံများကို ကြားရ၏။ သူက မျက်လုံးကို ဖွင့်ရန် မနည်း ရုန်းကန်နေရ၏။ နှိုင်းယှဉ်၍ မရအောင် ချောမောသည့် မျက်နှာတစ်ခုကို မြင်လိုက်ရ၏။
“ရှမ့်လန်”
ရွှယ်ဖန်က ချက်ချင်းပင် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်သွားခဲ့၏။ သူ ချက်ချင်း ပြန်လည်မေ့မျောသွားလျှင် မည်မျှကောင်းလိုက်မည်နည်း။
မျက်နှာဖုံးများကို ဝတ်ဆင်ထားသည့် ရေတပ်သား သုံးဦးက ရှမ့်လန်၏ ရှေ့တွင် ဒူးထောက်နေသည်။
“ခင်ဗျားတို့ ဘယ်လောက် လိုချင်လဲ။” ရှမ့်လန်က မေး၏။
“ရွှေဒင်္ဂါး တစ်ထောင်ပါ။” ခေါင်းဆောင်က ပြော၏။
“ဘာ ရွှေဒင်္ဂါး တစ်ထောင်လား။”
ရှမ့်လန်က အော်ဟစ်လိုက်သည်။ “ခင်ဗျားတို့ ကျုပ်ကို အထင်သေးတာလား ဒါမှမဟုတ် ဆက်ခံသူ ရွှယ်ဖန်ကို အထင်သေးတာလား။ ခင်ဗျားတို့ ရွှေဒင်္ဂါး တစ်ထောင်ပဲ လိုချင်တာလား။ ကင်းသမားတွေ... ဒီရဲရင့်တဲ့ ယောက်ျား သုံးယောက်ကို ရွှေဒင်္ဂါး သုံးထောင် ပေးလိုက်။”
အမိန့်အရ ဓားပြသုံးယောက်၏ ရှေ့တွင် သေတ္တာ သုံးခုရောက်လာ၏။ သေတ္တာတစ်လုံးစီတွင် တောက်ပနေသည့် ရွှေဒင်္ဂါးပြား တစ်ထောင်စီ ပါဝင်၏။ ပင်လယ်ဓားပြ ခေါင်းဆောင်က မျက်ရည်ကျလုနီးပါး ခံစားလိုက်ရသည်။ သူတို့၏ ဆုံးဖြတ်ချက်က တကယ့်ကို မှန်ကန်ခဲ့၏။ သခင်လေး ရှမ့်လန်က တကယ့်ကို ရက်ရောလွန်းသူ တစ်ယောက်ပင်။
“ကျေးဇူးတင်ပါတယ် သခင်လေး။ ကျေးဇူးတင်ပါတယ် သခင်လေး။”
ထိုလူသုံးယောက်တို့က ရှမ့်လန်ကို ဦးတိုက်၏။ “အခုကစပြီး သခင်လေး ရှမ့်ဆီမှာ အမိန့်တစ်ခုခုများ ရှိရင် ပြောပါ။ ကျုပ်တို့က ချက်ချင်း လုပ်ပေးပါ့မယ်။”
ရှမ့်လန်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ “ပြဿနာ မရှိဘူး။ ပြဿနာ မရှိဘူး။”
ပင်လယ်ဓားပြ သုံးယောက်တို့က မြန်မြန်ဆန်ဆန်နှင့် ထွက်ခွာသွားခဲ့၏။ ရှမ့်လန်က တုန်ယင်လျက် ရှိနေသည့် ရွှယ်ဖန်ထံသို့ ထပ်မံကာ ချဉ်းကပ်လာခဲ့၏။ “အင်း အစ်ကိုတော်... စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ ကျင်းမိသားစုကို လာခဲ့တည်းက ခင်ဗျားနဲ့ ပြန်တွေ့ရဖို့ ကျုပ် ဘယ်လောက်တောင် လွမ်းနေတယ် ဆိုတာ သိလား။ ခင်ဗျားတို့ ရွှယ်မိသားစုက လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ကျုပ်တို့ရဲ့ ကျင်းမိသားစုကို ဒုက္ခပေးခဲ့တယ်။ အဲဒီတည်းက ကျုပ် ခင်ဗျားနဲ့ ဘယ်လောက်ထိ တွေ့ချင်နေလဲ ဆိုတာ သိလား။”
ရွှယ်ဖန်က စိတ်ထဲတွင် ကျိန်ဆဲလျက် ရှိနေ၏။ ထိုအရာက လွန်ခဲ့သည့် နှစ် ၂၀ ကျော်တုန်းက ဖြစ်ခဲ့သည့် အကြောင်းအရာပင်။ တစ်ဖက်လူနှင့် ဘာမှသက်ဆိုင်ခြင်း မရှိချေ။
သို့ပေမည့် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
“အင်း... ညီလေးရှမ့်လန် ... ကျုပ်တို့က စကားပြောနိုင်တယ်။ ကောင်းကောင်း စကားပြောကြတာပေါ့။ မင်းက အရမ်းကို တော်တဲ့လူပဲ။ ဘယ်လို သဘောတူညီမှုမျိုးက အကိုက်ညီဆုံးနဲ့ အကောင်းဆုံး ဖြစ်မလဲ ဆိုတာ သိတယ် မဟုတ်လား။ အာ့” ရုတ်တရက် သူ၏ အသံက ရပ်တန့်သွား၏။ စူးရှသည့် အော်သံတစ်ခု ထွက်ပေါ်လာသည်။
ရှမ့်လန်က သူ၏ လက်ကို အသာ လှုပ်ရှားလိုက်၏။ ရွှယ်ဖန်၏ ခြေထောက်ကြားထဲသို့ အရာဝတ္ထုတစ်ခုက ပြုတ်ကျလာခဲ့၏။ အစပိုင်းတွင် ချမ်းစိမ့်စိမ့် ခံစားရ၏။ ပြီးနောက် ပူနွေးလာ၏။ တစ်ခုခု ပျောက်ဆုံးသလို ခံစားလိုက်ရ၏။
ရှမ့်လန်က အံ့အားသင့်စွာဖြင့် အော်ပြောလိုက်မိသည်။ “အား... တောင်းပန်ပါတယ် ကျုပ် မရည်ရွယ်ဘဲနဲ့ ခင်ဗျား ခင်ဗျားရဲ့ လိင်တံကို ဖြတ်လိုက်မိပြီ။ နေပါအုံး။ နေပါအုံး... ကျုပ် ဆိုးဆိုးရွားရွားများ ဖြတ်လိုက်မိလား။ မဟုတ်ဘူး၊ မဟုတ်ဘူး။ တုံးတိကြီးတော့ မဟုတ်ဘူး။ သိပ်ပြီး မညီတဲ့ ပုံစံပဲ။ ဒီတိုင်းဆို အားလုံးကို ဖြတ်လိုက်ရမလား။”
“ရွှက်...”
ရှမ့်လန်က နောက်ထပ်လက်တစ်ဖက်ဖြင့် ဓားကိုကိုင်ကာ ခုတ်ချလိုက်၏။ ယခုတော့ လုံးဝကို သန့်ရှင်းသွားခဲ့၏။ လောကတွင် မည်သည့် ဒုက္ခမှ မရှိတော့ချေ။
“အား... ရှမ့်လန် ငါ မင်းကိုသတ်မယ်။ မင်းရဲ့ မိသားစုတစ်ခုလုံးကို သတ်မယ်။ မင်းရဲ့ မိသားစုတစ်ခုလုံးကို သတ်မယ်။” ရွှယ်ဖန်က ဒေါသတကြီးဖြင့် အော်ဟစ်လျက် ရှိနေ၏။ တစ်ဖက်လူက သူ့ကို သင်းကွပ်ခဲ့၏။
ရှမ့်လန်က ပြောလိုက်၏။ “လောကကြီးမှာ ဒုက္ခအများစုက ဒီအရာကြောင့် ပေါ်ပေါက်လာခဲ့တာပဲ။ ဒီဟာကို ဖြတ်လိုက်မယ်ဆိုရင် အကောင်းဆုံးပါပဲ။”
“ရှမ့်လန်.. ငါ မင်းရဲ့မိသားစုတစ်ခုလုံးကို သတ်မယ်။ မင်းကို ငါသတ်မယ်။” ရွှယ်ဖန်က ဒေါသတကြီးနှင့် ဟိန်းဟောက်လျက် ရှိနေ၏။ ရုတ်တရက် သူက အနံ့တစ်ခုကို ရ၏။ ပြီးနောက် နောက်တစ်ကြိမ် မေ့လဲသွားခဲ့သည်။
အပိုင်း (၇၅၆)
နောက်တစ်ကြိမ် ပြန်လည်နိုးထလာခဲ့၏။ အချိန်မည်မျှကြာသွားပြီမှန်း သူမသိချေ။
“ဟင်.. ထူးဆန်းလိုက်တာ။ ဖြတ်ပစ်ခံရတဲ့နေရာက မနာကျင်တော့ဘူး။ တိတိကျကျပြောရရင် ဘာမှ မခံစားရတော့ဘူး။”
“အစ်ကိုတော်.. ပြီးခဲ့တဲ့တစ်ခေါက် ထျန်းရှစ်ပြည်နယ်မှာတုန်းက ခင်ဗျားကျုပ်ကို ခြိမ်းခြောက်ခဲ့တယ်။ အဲဒီနောက်မှာ ကျုပ် အိပ်မပျော်တော့ဘူး။ ကျုပ် ခင်ဗျားကို ဘယ်လောက်လွမ်းနေလဲဆိုတာ သိလား။”
ရွှယ်ဖန်က တုန်ယင်စွာ ပြောလိုက်၏။ “ညီလေး.. စကားပြောကြရအောင်၊ စကား... အား”
ရှမ့်လန်က နီရဲပြီး ပူလောင်လျက်ရှိနေသည့် သံပြားတစ်ချက်ကို ကိုင်ပြီး ရွှယ်ဖန်၏မျက်နှာကို ဖိလိုက်သည်။
အချိန်မည်မျှကြာသွားသည် မသိချေ။ ရွှယ်ဖန်က ပြန်လည်နိုးထလာပြန်၏။ “ညီလေး...”
“အစ်ကိုကြီး... ခင်ဗျားရဲ့အဖေက နင်ကျန်းကို နောက်ဆုံးလုပ်ကြံဖို့ ကြိုးစားပြီးတည်းက ကျုပ် ခင်ဗျားကို အရမ်းလွမ်းနေခဲ့တာ။”
ရွှယ်ဖန်က တုန်ယင်စွာ ပြောလိုက်ပြန်သည်။ “ညီလေး.. ကျုပ်တို့ စကားပြောရအောင်၊ စကားပြောရအောင်။ အား”
အချိန်ဘယ်လောက်ကြာသွားမှန်း မသိချေ။ ရွှယ်ဖန်က တစ်ဖန်နိုးထလာခဲ့ပြန်၏။
“အစ်ကိုတော်.. ကျုပ် ခင်ဗျားကို ဘယ်လောက်လွမ်းတယ်ဆိုတာ ခင်ဗျားမသိပါဘူး။”
“ရှမ့်လန်.. ငါ့ကိုသတ်၊ ငါ့ကိုသတ် အား..”
အချိန်မည်မျှကြာသွားသည်ကို သူ မသိတော့ချေ။ ဤအချိန်မှာတော့ ရွှယ်ဖန်က ဘယ်တော့မှ ပြန်လည်နိုးထမလာနိုင်တော့ချေ။ လည်ပင်းအောက်ကနေ ခြေလက်များကို ဖြတ်တောက်ခံရသောကြောင့် သူနိုးလာဖို့ ဖြစ်နိုင်ခြေကလည်း နည်းသည်။
ရှမ့်လန်က ကျောက်သင်ပုန်းပေါ်တွင်ရှိသည့် ရန်သူတစ်ယောက်၏နာမည်ကို ဖျက်ချလိုက်၏။
“ရွှယ်ဖန်” ရွှယ်ဖန်နေရာတွင် ကြက်ခြေခတ်ကြီးတစ်ခုရှိ၏။ ထိုအချိန်မှာတော့ ရွှယ်ဖန်၏ခေါင်းက သေတ္တာတစ်လုံးထဲသို့ ရောက်နေသည်။
ရှမ့်လန်က တစ်ဖက်လူ၏မျက်လုံးများကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။ “အစ်ကိုတော်... ခင်ဗျားကို ကျုပ် လွမ်းနေတာ။”
“ကိုယ့်လူတို့... ဆက်ခံသူ ရွှယ်ဖန်ရဲ့ခေါင်းကို တောင်ပိုင်းကျွန်းစုက သခင်ကြီးရွှယ်ချီဆီကို ပို့လိုက်။ ငါ သူ့ကို ဘယ်လောက်လွမ်းနေလဲဆိုတာပါ ပြောပြလိုက်။”
ထို့နောက်တွင်တော့ ရှမ့်လန်က တောင်ပိုင်းကျွန်းများကို ချက်ချင်းမတိုက်ခိုက်ခဲ့ချေ။ ထိုအစား သူက ရွှယ်မိသားစု၏ အသက်ရှင်ကျန်ရစ်သည့် သင်္ဘောများကို အပြင်းအထန်ဖြင့် စီးနင်း တိုက်ခိုက်ခဲ့၏။ မုန်တိုင်းမမိခဲ့သည့် ရွှယ်မိသားစု ရေတပ် အစိတ်အပိုင်းများက ကျန်ရှိနေသေး၏။ သို့သော်လည်း ဤစစ်သင်္ဘောများက အခြေခံအားဖြင့် ပြန့်ကျဲနေသည်။
ရှမ့်လန်၏သင်္ဘောများက တစ်ခုချင်းစီကို အနိုင်ယူနိုင်ခဲ့၏။ ရှမ့်လန်က ပင်လယ်ပြင်ပေါ်ရှိ သင်္ဘောများကို နစ်မြှုပ်ခဲ့၏။ စစ်သင်္ဘောများတင် မကသေးဘဲ ရွှယ်မိသားစု၏ ကုန်သည်သင်္ဘောအားလုံးကိုလည်း နစ်မြှုပ်ခဲ့၏။ အဘယ်ကြောင့် မလုယက်ရသနည်း။ လုယက်ရန် အချိန်မရှိသောကြောင့်ပင်။
ရက်အနည်းငယ်အတွင်းမှာပဲ တောင်ပိုင်းပင်လယ် တည်နေရာတစ်ခုလုံး၏ မိုင်နှစ်ထောင်ပတ်လည်အတွင်းရှိ ရွှယ်မိသားစု၏ စစ်သင်္ဘောများနှင့် ကုန်သွယ်သင်္ဘောများအားလုံးက ပျက်စီးသွားခဲ့၏။ စုစုပေါင်း သင်္ဘော တစ်ရာကျော် ပျက်စီးခဲ့သည်။ ဤအရာက ရိုးရိုးလေးပင်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်၏။ ဆုံးရှုံးမှုများက မရေတွက်နိုင်အောင် များပြား၏။
ရှမ့်လန်က ရွှယ်ဖန်၏ဦးခေါင်းကို နန်ကျိုးကျွန်းဆီသို့ တိုက်ရိုက်သွားပို့ရအောင် တုံးအသည့် လူများ မဟုတ်ချေ။ ထို့ကြောင့် သူတို့က လမ်းတွင်ရှိသည့် ကုန်သည်သင်္ဘောတစ်စင်းကို တားပြီး ရှမ့်လန်ကိုယ်တိုင် ရေးသားထားသည့်စာနှင့်အတူ ရွှယ်ဖန်၏ဦးခေါင်းကို ရွှယ်ချီထံသို့ လွှဲပြောင်းပေးသည်။
........
နန်ကျိုးမြို့အတွင်းမှာတော့ ...
ရွှယ်ချီက ရန်အီ၊ နင်ချီတို့နှင့် စကားပြောနေ၏။ သူ၏ စိတ်ထဲတွင် တစ်ခုခုတော့ ဖြစ်နေ၏။ လွန်ခဲ့သည့်ရက် အနည်းငယ်က မိုင်ထောင်ပေါင်းများစွာအကွာရှိ ပင်လယ်ပြင်တွင် ကြီးမားသည့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီအရိပ်အယောင်များ ရှိခဲ့၏။
ဟုတ်ပေ၏၊ သူက အဓိကရေတပ်အတွက် စိတ်ပူခဲ့ခြင်းမဟုတ်ချေ။ ရန်နန်းဖေးက နုရှောင့်မြို့ကို တိုက်ခိုက်ရန် အဓိကရေတပ်ကို ဦးဆောင်သွားခဲ့သောကြောင့် သူတို့က ငလျင်ဇုန်မှ ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။ သို့သော်ငြား တောင်ပိုင်းပင်လယ်ဒေသတွင် မကြာသေးမီက မကြာခဏ ငလျင်လှုပ်ခတ်မှုများက စိုးရိမ်စရာကောင်းလောက်အောင် ပေါ်လာသည်။
ထိုအရာအားလုံးက စေတီတောင်၏ ရှေးဟောင်းအပျက်အစီးများ ပေါ်ပေါက်လာသည့်အချိန်မှစ၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ တောင်ပိုင်းပင်လယ်များက ရွှယ်မိသားစု၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ပင်လယ် ရေအောက်ငလျင်များက မကြာခဏလှုပ်ခတ်မည်ဆိုပါက ကုန်သွယ်မှုကို ထိခိုက်စေလိမ့်မည်။
သို့သော်ငြား ယခုအချိန်ထိ ကုန်သွယ်သင်္ဘောများစွာ အရှုံးပေါ်ခြင်း မရှိသေးချေ။ သို့ပေမည့် ဝင်ထွက် သွားလာနေသည့် ကုန်သွယ်သင်္ဘောအရေအတွက်က ၂၀ ရာခိုင်နှုန်းခန့် သိသိသာသာ ကျဆင်းသွား၏။ ဤအရာက ရွှယ်မိသားစုအတွက် ကြီးမားသည့် ဆုံးရှုံးမှုကို ဖြစ်ပေါ်စေ၏။ သို့သော်ငြား ရွှယ်ချီက စေတီတောင်ကို သွားရောက်တိုင်တန်းရန် ရည်ရွယ်ချက် မရှိဘဲ အသာတကြည် နေထိုင်နေ၏။
“အချိန်အားဖြင့် တွက်ချက်မယ်ဆိုရင် ရန်နန်းဖေးရဲ့ရေတပ်က ရက်အနည်းငယ်အတွင်း လေ့ကျိုးကျွန်းစုရဲ့ ရေပိုင်နက်ထဲသို့ ရောက်ရှိလိမ့်မယ်။ ကျင်းမိသားစု၏ရေတပ်ကို လုံးဝဖျက်ဆီးပစ်လိမ့်မယ်။ အစ်ကိုရွှယ်... ဝူပြည်နယ်က အရင်က နုရှောင့်မြို့ကို တိုက်ခိုက်ဖို့ တပ်သားသုံးသောင်းကို စေလွှတ်ခဲ့တယ်ဆိုပေမဲ့ အကြီးအကျယ် ရှုံးနိမ့်ခဲ့တယ်။ သူတို့က လက်ချည်းပြန်လာခဲ့ရတယ်။” ရန်အီက ပြောလိုက်သည်။
ရွှယ်ချီက ပြော၏။ “ဝူက ဝူ၊ ငါတို့က ငါတို့ပဲ။ ပြီးတော့ အခု လေ့ကျိုးကျွန်းစုက လွန်ခဲ့တဲ့နှစ်နှစ်ကနဲ့ မတူတော့ဘူး။ ပြောင်းရွှေ့နေထိုင်သူ ၇ သောင်းကနေ ၈ သောင်းထိ ရှိလာပြီး။ အားလုံးက ကျင်းကျိုးရဲ့ သားစဉ်မြေးဆက်တွေပဲ။ ကျင်းကျိုးရဲ့ အားနည်းချက်က ဘာလဲ။ တရားမျှတမှုနဲ့ သမာဓိလေ။ ဒီတော့...”
ထိုအရာကိုကြားတော့ ရန်အီက သဘောပေါက်သွား၏။ ရန်နန်းဖေး၏ အင်အားသုံးသောင်းရှိသည့် တပ်မတော်က နုရှောင့်မြို့ကို တိုက်ရိုက်တိုက်ခိုက်ရန် မရည်ရွယ်ဘဲ လေ့ကျိုးကျွန်းစုရှိ ပြောင်းရွှေ့ နေထိုင်သူများနှင့် ကျင်းမိသားစုဝင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် စီစဉ်ခြင်းပင်။ ထိုရွာနှင့် မြို့များက ရန်နန်းဖေး၏စစ်တပ်ကို ခုခံနိုင်စွမ်းရှိလိမ့်မည် မဟုတ်ချေ။ သူတို့က ကျင်းမိသားစုဝင် ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာကို သတ်ဖြတ်နိုင်ပေလိမ့်မည်။
တခြားသော မှူးမတ်များက ထိုအရာကို လျစ်လျူရှုကြပေမည်။ သို့သော်လည်း ကျင်းကျိုးကတော့ သူ၏လက်အောက်ရှိလူများ သေဆုံးသည်ကို ဤအတိုင်း ရပ်ကြည့်နေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကျင်းမိသားစု၏ တပ်စခန်းက မြို့မှ သေချာပေါက် ထွက်ခွာလာပေလိမ့်မည်။
“ဒါပေမဲ့ ရှမ့်လန်ရဲ့ နိဗ္ဗာနတပ်တော်က အရမ်းကို အစွမ်းထက်တယ်။ အထူးသဖြင့် ဒုတိယနိဗ္ဗာန တပ်တော်ဆိုရင် လက်ဖြောင့်မြားပစ်သမားတွေပဲ။” ရန်အီက ပြော၏။
ရွှယ်ချီက ပြောလိုက်သည်။ “သူတို့က အရမ်းကို အစွမ်းထက်တယ်ဆိုပေမဲ့ ရန်နန်းဖေးက သူတို့နဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မှာ မဟုတ်ဘူး။ အဲတာက .... နုရှောင့်မြို့တစ်ခုလုံးကို မြေပေါ်မှာတင် မီးရှို့ပစ်လိုက်မှာပေါ့။”
ထိုအရာကိုကြားတော့ ရန်အီက အလိုလို တုန်လှုပ်သွားခဲ့မိ၏။ တကယ်တော့ ရွှယ်ချီ၏အစီအစဉ်က ထိုထက်ပင် များစွာကြမ်းတမ်းသေး၏။ ဥပမာအားဖြင့် သူတို့က စေတီတောင်ဆီမှ အဆိပ်နှင့် တိတ်တဆိတ် တိုက်ခိုက်ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် ကျင်းမိသားစု၌ ရောဂါဆိုးတစ်ခု ဖြစ်ပေါ်အောင် ပြုလုပ်နိုင်၏။
အရေးကြီးသည့်အချိန်တွင် သူတို့က စေတီတောင်မှ ကူအဆိပ်ကို အသုံးချရန်လည်း အဆင်သင့်ရှိ၏။ အဆိပ်ပုလင်း တော်တော်များများကို ရန်နန်းဖေး၏ရေတပ်ထဲတွင် လျှို့ဝှက်စွာ သိမ်းဆည်းထား၏။ နုရှောင့်မြို့၏ ကြီးကျယ်ခမ်းနားသည့် ရေတပ်ထဲသို့ အဆိပ်ရှိသည့် အင်းဆက်ပိုးမွှားများကို လောက်လွှဲသုံးပြီး ပစ်ခတ်ပေမည်။
အတိုချုပ်ပြောရမည်ဆိုလျှင် ရွှယ်ချီ၌ လှည့်ကွက်ပေါင်းများစွာ ရှိ၏။ သူက ကျင်းမိသားစုနှင့် ပုံမှန်စစ်ပွဲတစ်ခုကို ဆင်နွှဲရန် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ချေ။ လေ့ကျိုးကျွန်းစုတစ်ခုလုံးရှိ လူတိုင်းနှင့် နုရှောင့်မြို့က လူတိုင်းကို သုတ်သင်ရှင်းလင်းပစ်ရမည်။ ပြီးမှ သူက မြို့ကို သိမ်းဆည်းရပေလိမ့်မည်။ ကျင်းမျိုးနွယ်စုတစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်ရမည်။
ပြီးနောက် သူက ရန်နန်းဖေး၏ ရေတပ်ကို အရှေ့ဘက်ပင်လယ်ဒေသတစ်ခုလုံးကို ပိတ်ဆို့ရန် အမိန့်ပေးခဲ့၏။ ဤအရာက အဓိကအချက်ပင်။ မင်းသားလျန်၏ ပြောဆိုသည့်အဓိပ္ပာယ်ကို သူက နားလည်၏။ နုရှောင့်မြို့က ရွှဲ့ပြည်နယ်၏ တိုးတက်မှုမှတ်တိုင်ဖြစ်လာခွင့် မရှိချေ။
“အင်ပါယာ.. ကျေးဇူးပြုပြီး စိတ်ကို ငြိမ်ငြိမ်ထားပါ။ ကျုပ်ကိုယုံပါ။ မကြာခင် ကျုပ်တို့ရဲ့ အချိန်တွေ စတင်တော့မှာ။” ရွှယ်ချီက မည်သည့်စကားမှ ထပ်မပြောတော့ချေ။ သူတို့က နုရှောင့်မြို့၏ တိုက်ပွဲအခြေအနေကို သိပ်ပြီး မဆွေးနွေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူက ရန်နန်းဖေးကို ယုံကြည်၏။ သူ၏ညီက အစွန်းရောက်သည်အထိ ရက်စက်လွန်း၏။
ရွှယ်ချီက ရန်နန်းဖေးကို တိုက်ခိုက်ရန် တည်နေရာထဲသို့ ပို့လိုက်သည့်အချိန်တွင် တကယ်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့၏။ ပေါင်းပင်ကိုခုတ်တဲ့နေရာ၌ အမြစ်ကိုဖယ်ရှားပစ်ရမယ်။ ရွှယ်ချီက အဘယ်သို့ နာမည်ဆိုးမျိုးကို ချန်ထားချင်မည်နည်း။ သူ ပြုလုပ်ခဲ့သည်ဆိုသည်ကို မည်သူမှ ပြန်လည်ပြောဆိုနိုင်စွမ်း မရှိအောင် အားလုံးကို သတ်ဖြတ်ပစ်ရပေလိမ့်မည်။
“အရှင့်သား.. ဒါက လက်ဆောင်ပါ။” ရွှယ်ချီက စာအုပ်တစ်အုပ်ကို ပေး၏။ ဤအရာက သာမန်စာအုပ် မဟုတ်ပေ။ စန္ဒကူးသားနှင့် ထွင်းထုထားသည့် ကျမ်းစာတစ်အုပ်ပင်။
“ဒါက ကျုပ်ကိုယ်တိုင် ထွင်းထုထားခဲ့တဲ့ စာသားတွေပါပဲ။ အရှင့်သားအနေနဲ့ အခက်အခဲတွေကြားထဲမှာ အထက်ကို ကြိုးစားတက်နိုင်ဖို့ မျှော်လင့်မိတယ်။”
နင်ချီက လေးလံသည့်ကျမ်းစာကို လက်ခံခဲ့၏။ ပြီးနောက် ဖွင့်ကြည့်၏။ တကယ်ပင် ရွှယ်ချီ၏ လက်ရေးဖြစ်၏။ စကားလုံးတစ်လုံးချင်းစီတိုင်းက သံချိတ်လို ထက်မြက်ပြီး အစွမ်းထက်လွန်း၏။ သို့သော် အဘယ်ကြောင့် နီရဲနေရသနည်း။
ညင်သာစွာ ရှုရှိုက်လိုက်တော့ သွေးနံ့သင်းသင်းလေး ပေါ်လာ၏။ သွေးထဲတွင် နှစ်ထားသည့် ဓားနှင့်ထွင်းထားခြင်းပင်။ ဤအရာက မည်သူ၏သွေးဖြစ်သနည်း။ ရွှယ်ချီ၏ သွေးတော့မဟုတ်ချေ။ တကယ်တော့ ဤအရာက ရွှယ်ချီ့ရန်သူများ၏ သွေးပင်ဖြစ်သည်။
ရွှယ်ချီက အရေးကြီးသည့်ရန်သူများကို သတ်ပြီးတိုင်း ထိုသွေးကိုယူ၍ ကျမ်းစာ တစ်မျက်နှာကို ရေးထွင်း၏။ ပြီးခဲ့သည့် ဆယ်နှစ်တာကာလအတွင်း ကျမ်းစာအစုံ တော်တော်များများကို ထွင်းပြီးသားဖြစ်၏။
သွေးနှင့် ရေးထွင်းထားသည့် ကျမ်းစာများ။ ရွှယ်ချီက ဘာကိုဆိုလိုသနည်း။
ပြီးနောက် ရွှယ်ချီက စန္ဒကူးစာအုပ် အလွတ်တစ်အုပ်ကို ထုတ်ယူ၏။ သူက သန့်ရှင်းသည့် ထွင်းဓား တစ်ချောင်းကို ထုတ်ယူလိုက်၏။ ရှမ့်လန်၊ ကျင်းကျိုး၊ ကျင်းမူလန် တခြားသူများ၏သွေးနှင့် နောက်ထပ် ကျမ်းစာအုပ်တစ်အုပ်ကို ထွင်းထုနိုင်မည်ဟု သူက မျှော်လင့်မိ၏။ ဤရှမ့်လန်ဆိုသည့်ကောင်က လောကတွင် ရန်သူမရှိနိုင်ဟု အထပ်ထပ်ပြောဆိုခဲ့၏။ တစ်ဖက်လူက သူနှင့်တူညီသည့် အတွေးအခေါ် ရှိနေ၏။
ရွှယ်ချီက ပြောလိုက်သည်။ “ငါလည်း ရန်သူမရှိတဲ့ လောကတစ်ခု၊ ကမ္ဘာတစ်ခုကို လိုချင်တယ်။”
ထိုအချိန်မှာပဲ လူတစ်ယောက်က အပြင်ဘက်ဆီမှ ပြေးဝင်လာခဲ့၏။ “သခင်ကြီး... ရှမ့်လန်က လက်ဆောင်ပေးလိုက်တယ်ဆိုပြီး လူတစ်ယောက်က သေတ္တာတစ်လုံး လာပေးပါတယ်။”
ရွှယ်ချီ၏မျက်နှာက ပျယ်ယွင်းသွား၏။ သူက သေတ္တာကို ချက်ချင်း မဖွင့်ချေ။
ရွှယ်ရွှယ်က ပြောသည်။ “ကျွန်မ ဖွင့်ချင်တယ်။”
နင်ချီနှင့် ရန်အီတို့က ထွက်ခွာသွားခဲ့၏။ ရွှယ်ချီက စားပွဲပေါ်ရှိ သေတ္တာကို တိတ်ဆိတ်စွာ စိုက်ကြည့်ပြီး အသက်ရှူမဝသလို ဖြစ်နေ၏။
“မလုပ်နဲ့”။ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ပြီးနောက် သေတ္တာက ပွင့်သွားခဲ့သည်။
သေတ္တာထဲတွင်တော့ လူဦးခေါင်းတစ်ခုက ပေါ်လာခဲ့၏။ ထိုသူကတော့ သူ့သား ရွှယ်ဖန်၏ဦးခေါင်းပင်။ တစ်ဖက်လူက မယုံကြည်နိုင်လောက်အောင်ပင် မျက်လုံးများ ပြူးကျယ်စွာ သေဆုံးနေ၏။ ရွှယ်ဖန်၏ မျက်နှာက ရေတပ်သားသုံးသောင်းလုံး သေဆုံးသွားခဲ့ပြီဟူသည့် စကားလုံးများ ထင်ပေါ်နေသလိုပင်။
ရွှယ်ချီက မိုးကြိုးပစ်ခံလိုက်ရသလိုပင် ခန္ဓာကိုယ်တစ်ခုလုံးက လုံးဝအေးခဲသွားသလို ခံစားနေရ၏။
သူ၏သား ရွှယ်မိသားစုရဲ့ အမွေဆက်ခံသူ ရွှယ်ဖန်က သေဆုံးသွားခဲ့ပြီဖြစ်၏။ ထို့အပြင် မသေဆုံးခင် ခံစားခဲ့ရသည့် လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှုများကို သူက အလွယ်တကူနှင့် မြင်အောင်ကြည့်နိုင်၏။ အင်အား ၃၀၀၀၀ ရှိသည့် မဟာမိတ်စစ်တပ် တစ်တပ်လုံးက လုံးဝပျောက်ကွယ်သွားခဲ့ပြီလား။ ဘာတွေ အတိအကျ ဖြစ်ခဲ့သနည်း။
ရေတပ်စစ်ပွဲက တကယ်ကို ရှုပ်ထွေးလွန်းလှ၏။ နိဗ္ဗာနတပ်တော်က ကုန်းပေါ်တွင် မည်မျှ အင်အားကြီးမားသည်ဖြစ်စေ၊ ပင်လယ်ထဲတွင် ရွှယ်မိသားစု၏ ရေတပ်ကို ယှဉ်ပြိုင်နိုင်စရာ အကြောင်းမရှိချေ။ အချိန်မည်မျှ ကြာသွားခဲ့သနည်း။ အင်အား ၃၀၀၀၀ ရှိသည့် မဟာမိတ်တပ်နှင့် သင်္ဘော ၂၀၀ တို့က လုံးဝပျက်စီးသွားခဲ့၏။ ရွှယ်ချီက လုံးဝမယုံကြည်နိုင်အောင်ပင် ဖြစ်နေမိ၏။
ဘူးထဲတွင် စာတစ်စောင် ပါရှိ၏။ စာထဲတွင် ဤသို့ ရေးထားသည်။
“ရွှယ်ချီသို့...” ထိုအရာက ရှမ့်လန်၏ လက်ရေးဖြစ်ကြောင်း ထင်ရှား၏။ ရွှယ်ချီက အဆိပ်ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး လျှို့ဝှက်စာကို ခေတ္တမျှ စစ်ဆေးကြည့်သေး၏။ ပြီးနောက် လက်အိတ်ကိုဝတ်ကာဖြင့် စာကို ထုတ်ယူလိုက်၏။
“မြို့စားကြီး ရွှယ်ချီ... ခင်ဗျား ကျုပ်ကို တိုက်ခိုက်ဖို့ လာခဲ့တာ။ ဆူနာမီက ခင်ဗျားရဲ့ ရေတပ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ပြီ။ တစ်ယောက်မှ အသက်မရှင်တော့ဘူး။ ဆက်ခံသူ ရွှယ်ဖန်က သစ္စာဖောက်ခံရပြီး ကျုပ်ရှေ့ကို ရောက်ရှိလာခဲ့တယ်။ ကျုပ် သူ့ကို သင်းကွပ်ခဲ့တဲ့အပြင် ဖြည်းဖြည်းချင်း တစစီ လှီးပြီး သတ်ပစ်ခဲ့တယ်။ သူက ကြောက်လန့်လွန်းလို့ ချီးတောင်ထွက်ကျခဲ့တယ်။ အခုလည်း ကြောက်လန့်တကြားနဲ့ သေဆုံးသွားခဲ့တာပေါ့။ ဒါနဲ့ ကျုပ် ခင်ဗျားကို သတ်တော့မယ်။ ဦးလေးရွှယ်ချီ... ကျုပ် ခင်ဗျားကို ဘယ်လောက် လွမ်းနေတယ်ဆိုတာ ခင်ဗျား မသိပါဘူး။”
ဤအရာက ရှမ့်လန်၏ လက်ရေးစာပင် ဖြစ်၏။ ရွှယ်ချီက ဤမျှ ဆိုးဝါးလွန်းသည့် ခြိမ်းခြောက်စာမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ထို့အပြင် ရေးသားထားသည်ကလည်း ဆိုးဆိုးဝါးဝါးပင်။ တစ်ဖက်လူက အရူး သို့မဟုတ် စာမတတ်သူ တစ်ယောက်ယောက်ကဲ့သို့ပင်။
ရွှယ်ချီက ထိုနေရာတွင်ပင် တိတ်တဆိတ်နှင့် မလှုပ်မယှက် ထိုင်လျက်ရှိနေ၏။
နောက်ပိုင်း သတင်းများက ပိုမိုကာ သေချာလာခဲ့၏။ ပျော်ရွှင်မှုကျွန်း၏ ကမ်းလွန်ပင်လယ်ပြင်တွင် ကြီးမားသည့် ဆူနာမီလှိုင်းတစ်ခု ပေါက်ကွဲဖြစ်တည်ခဲ့ပြီး ရွှယ်ကလန်၏ ရေတပ်အလံနှင့် အမှတ်တံဆိပ်အားလုံး အပါအဝင် မရေတွက်နိုင်သည့် အပိုင်းအစများက ရေထဲတွင် မျောပါလျက်ရှိနေ၏။ အလောင်းပေါင်းများစွာတို့က ပျော်ရွှင်မှုကျွန်းတွင် တောင်လိုပုံနေအောင် ကမ်းတင်လာခဲ့သည်။
သေချာ၏။ တကယ်ကို ပြတ်ပြတ်သားသားပင်။ ရန်နန်းဖေး၏ အင်အား ၃၀၀၀၀ ရှိသည့် မဟာမိတ် ရေတပ်တစ်ခုလုံးက လုံးဝပျက်စီးသွားခဲ့၏။ သို့သော်ငြား သတင်းဆိုးက ထိုနေရာတွင် မရပ်တန့်ခဲ့ချေ။ မကောင်းသည့်သတင်းများက တစ်ခုပြီးတစ်ခု ထပ်မံရောက်ရှိလာခဲ့၏။
နန်ကျိုးကျွန်း၏ တောင်ဘက်ရေပြင်ရှိ သင်္ဘောလမ်းကြောင်းက ရှမ့်လန်၏ အပြင်းအထန် တိုက်ခိုက်မှုကို ခံရ၏။ ရွှယ်မိသားစု၏ ကင်းလှည့်သင်္ဘောအားလုံးနီးပါးက ပျက်စီးသွားခဲ့၏။ ကုန်တင်သင်္ဘော အမျိုးမျိုးတို့က ပင်လယ်ပြင်တွင် ပျောက်ဆုံးသွားခဲ့၏။ ကြောက်မက်ဖွယ်ရာကောင်းသည့်သတင်းပင်။
ထိုအရာက မိုးကြိုးပစ်ခံရသည်ထက်ပင် ပိုမိုကာ တုန်လှုပ်ဖွယ်ရာ ကောင်း၏။ ရွှယ်မိသားစုထဲရှိ လူတိုင်းကို ထိတ်လန့်စေခဲ့၏။
မည်သို့ဖြစ်နိုင်မည်နည်း။ သူတို့ ရွှယ်မိသားစု၏ အင်အားကြီးမားသည့် ရေတပ်ကြီးက ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ သူတို့၏ ကုန်တင်သင်္ဘောတွေကလည်း ပျောက်ကွယ်သွားခဲ့ကြ၏။ ဆယ်စုနှစ်ပေါင်း များစွာ သို့မဟုတ် ရာစုနှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သည့် ချမ်းသာကြွယ်ဝမှု အားလုံးက ပျောက်ကွယ် သွားခဲ့သည်။