အခန်း (၇၅၇-၇၅၈)
Vol. 47 Ch. 757-758
အပိုင်း (၇၅၇)
ရွှယ်ချီက စားပွဲပေါ်တွင် တိတ်တဆိတ်နှင့် ထိုင်နေ၏။ သူ၏ရှေ့မှာတော့ သားဖြစ်သူ ရွှယ်ဖန်၏ ဦးခေါင်းရှိနေပြီး ဘေးတစ်ဖက်တွင်လည်း သွေးပန်းကန်တစ်ချပ် ရှိ၏။ ထိုအရာက ရွှယ်ဖန်၏ ခေါင်းထဲမှ ညှစ်ထုတ်ထားသည့် သွေးများပင်။ သူက ထွင်းဓားကို သွေးထဲတွင်နှစ်ပြီး ကျမ်းစာများကို ထွင်းထု၏။ စကားလုံးတစ်ခုလုံးက ဗုဒ္ဓစွမ်းအင်များနှင့် ပြည့်နှက်နေပုံပေါ်၏။
ဟုတ်ပေ၏။ ထိုအရာက အပေါ်ယံသာ ရှိသေး၏။ အနီးကပ် စစ်ဆေးကြည့်မည်ဆိုလျှင် စကားလုံးတိုင်း၌ သေခြင်းတရား၏ ကြောက်မက်ဖွယ်ရာကောင်းသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်ကို မြင်ရပေမည်။ ဦးခေါင်းခွံများစွာဖြင့် ဖွဲ့စည်းထားသည့် လှပသည့် အမျိုးသမီးတစ်ယောက်ပုံ ပန်းချီကားတစ်ချပ် ကဲ့သို့ပင်။ အဝေးမှကြည့်လျှင် ဆွဲဆောင်မှုရှိသော်လည်း အနီးကပ်ကြည့်မည်ဆိုပါက သွေးပျက်ချောက်ခြားဖွယ်ရာ ကောင်းသည်။
“ဝေါ့” ရွှယ်ချီက သွေးအန်မလို ဖြစ်နေသော်လည်း သူက သွေးကို မနည်းဖိနှိပ်ကာ ထိန်းသိမ်းထား၏။ ကျမ်းစာပေါ်သို့ တိုက်ရိုက်ထွေးထုတ်မည့်အစား သူက ဖန်ပုလင်းထဲသို့ ထွေးချ၏။ ပြီးတော့ သူက ကျမ်းစာကို ထွင်းထုရန် သူ၏ကိုယ်ပိုင်သွေးကိုပင် အသုံးပြုခဲ့သေး၏။
အတိုချုပ်ပြောရမည်ဆိုလျှင် သူက သူ၏သွေးကို မဖြုန်းတီးချင်ပေ။ တစ်ကြိမ်လျှင် စကားတစ်လုံးကို ထွင်းထု၏။ ရွှယ်ချီက ရက်ပေါင်းများစွာ၊ ညပေါင်းများစွာ၊ စာလုံးပေါင်း ထောင်ပေါင်းများစွာကို ထွင်းထု၏။ ပြီးနောက် သူက စာအုပ်ကိုပိတ်ပြီး တံခါးပေါက်ဆီသို့ လျှောက်သွားသည်။
အပြင်ဘက်တွင် မျက်လုံးရာပေါင်းများစွာတို့က သူ့ကို စူးစိုက်ကြည့်နေသည်။ ရွှယ်ချီက တည်ငြိမ်သည့် အမူအရာနှင့် ပြောဆိုလိုက်၏။ “အားလုံး.. ဘာလို့ ဒီမှာ ရပ်နေတာလဲ။ ဘာလို့ မင်းတို့အားလုံးရဲ့ မိဘတွေ ဆုံးပါးသွားသလိုမျိုး ဖြစ်နေရတာလဲ။”
“ရွှယ်တင်း... ထွက်ခဲ့စမ်း။” အသက် ၃၀ ကျော် လူငယ်တစ်ယောက်က ထွက်လာ၏။ သူက အရပ်ရှည်ရှည် မျက်လုံးများက မှေးစင်းစင်း နှာခေါင်းချွန်ချွန်နှင့်ပင်။
“ရွှယ်တင်း... မင်းက စေတီတောင်မှာ နှစ်ပေါင်းများစွာ သင်ယူခဲ့တယ်ဆိုပေမဲ့ အရေးကြီးဆုံးက ဘာတစ်ခုလဲ။” ရွှယ်ချီက မေးမြန်းလိုက်၏။
လူငယ်က အော်ပြောသည်။ “အဆိပ်ပါပဲ။”
ရွှယ်ချီက မေး၏။ “အဆိပ်လား။ ဘယ်လိုအဆိပ်လဲ။ နှလုံးသားရဲ့ အဆိပ်လား။”
လူငယ်က ပြောလိုက်၏။ “ရက်စက်တဲ့ အဆိပ်ပါ။”
ရွှယ်ချီက ခေါင်းညိတ်လိုက်သည်။ “ရွှယ်ဖန်က မင်းထက် အများကြီး ပိုပြီး ထူးချွန်ခဲ့တယ်။ ဒါပေမယ့် သူက အကြီးဆုံးသားပဲ။ သူသေသွားခဲ့ပြီ ဆိုတော့ မင်းက ရွှယ်မိသားစုရဲ့ အမွေဆက်ခံသူ ဖြစ်လာလိမ့်မယ်။”
“ကောင်းပါပြီ။”
ရွယ်တင်းက ဦးညွှတ်လိုက်၏။ “ကျေးဇူးတင်ပါတယ် အဖေ။”
ရွှယ်ချီက ပြောသည်။ “မင်းတို့ ကြားခဲ့ရတာ အမှန်ပဲ။ ငါတို့ ရွှယ်မိသားစုရဲ့ ရေတပ်က ဆူနာမီကြောင့် လုံးဝ ပျက်စီးသွားခဲ့တယ်။ ရှမ့်လန်ရဲ့ ရေတပ်က ငါတို့ရဲ့ ကင်းလှည့်ရေတပ်နဲ့ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက် ခဲ့တယ်။ ငါတို့က ကြီးကြီးမားမား ဆုံးရှုံးခဲ့တယ်။ ရွှယ်မိသားစုရဲ့ ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းထားခဲ့တဲ့ အင်အားတွေ အကုန်လုံး ပျက်စီးသွားခဲ့တယ်။”
ထိုစကားကို ကြားချိန်မှာတော့ အပြင်ဘက်ရှိ ရွှယ်မိသားစုဝင် ရာပေါင်းများစွာတို့၏ မျက်နှာများက တုန်လှုပ်လျက်ရှိ၏။ ယခင်က သူတို့၌ မျှော်လင့်ချက်ရှိသည် ဆိုသော်လည်း ယခု မိသားစုအကြီးအကဲက ဟုတ်မှန်ကြောင်း အတည်ပြုလိုက်ပြီ ဖြစ်၏။
“ဒါပေမဲ့ ဘာဖြစ်လဲ။”
ရွှယ်ချီက ပြောသည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်တုန်းက ကျုပ်တို့ရဲ့ ရွှယ်မိသားစုမှာ လူ ၃၊ ၄ ယောက်ပဲ ကျန်ခဲ့တယ်။ ရွှယ်မိသားစုရဲ့ ဘိုးဘေးတွေက မိသားစုတစ်ခုလုံးကို ကယ်တင်ပြီး တောင်ပင်လယ်ဓားဂိုဏ်းကို တည်ထောင်ခဲ့တယ်။ အဲဒီ တောင်ပင်လယ်ဓားဂိုဏ်းကို တည်ထောင်စေခဲ့တာက မြို့စားကြီး ကျင်းကျူးပဲ။
အခု ရေတပ်က ပျက်စီးသွားခဲ့ပြီး လူ ၃၀၀၀၀ သေဆုံးခဲ့တယ်။ ဒါ နောက်ထပ် ကပ်ဆိုးကြီးလား။ ဟုတ်တယ်။ ကျုပ်တို့ဆီမှာ တောင်ပိုင်းကျွန်းစုတွေ ရှိသေးတယ်။ လူဦးရေ သိန်းချီ ရှိသေးတယ်။ ကျုပ်တို့ ရွှယ်မိသားစုမှာ လူဦးရေ ရာနဲ့ချီ သို့မဟုတ် ထောင်နဲ့ချီ ရှိနေသေးတယ်။ ပြီးတော့ တောင်ပင်လယ်ဓားဂိုဏ်းလည်း ရှိသေးတယ်။
နန်ကျိုးမြို့မှာ ကျုပ်တို့ရဲ့ တပ်သားထောင်ပေါင်းများစွာ ရှိနေသေးတယ်။ ကျုပ်တို့ဆီမှာ စေတီတောင်နဲ့ ဆက်သွယ်မှုရှိသလို အင်ပါယာနဲ့လည်း ဆက်နွယ်မှုရှိတယ်။ ကျုပ်တို့ရဲ့ သင်္ဘောတချို့၊ ငွေကြေးတချို့နဲ့ တပ်ဖွဲ့ဝင်တချို့ ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် အဲဒါက ဘာအရေးကြီးလဲ။ ဆယ်စုနှစ်အတွင်း အဲဒါတွေ အကုန်လုံးကို ပြန်ရလိမ့်မယ်။
အားလုံးပဲ... တိုက်ပွဲအတွက် အဆင်သင့်ပြင်ကြ။ ရှမ့်လန်ရဲ့ တပ်က မကြာခင် ဒီကို ရောက်လာပြီး ကျုပ်တို့ရဲ့ နန်ကျိုးမြို့ကို တိုက်ခိုက်လိမ့်မယ်။ သူတို့အကုန်လုံးကို သတ်ပစ်ရမယ်။”
ပြီးနောက် ရွှယ်ချီက စာရွက်မိတ္ထူများကို နင်ချီထံ ပေးလိုက်၏။ “အရှင်သား... ဒါက ကျုပ် ကူးယူထားတဲ့ ကျမ်းစာတွေရဲ့ မိတ္ထူပဲ။ အရှင်မင်းသားကို ပေးပါ့မယ်။”
နင်ချီက ဦးညွှတ်လိုက်သည်။ “ကျေးဇူးတင်ပါတယ် ဦးရီးတော်ရွှယ်”
ရွှယ်မိသားစု၏ အမြင့်ဆုံး ရဲတိုက်ပေါ်မှာတော့ ရွှယ်ချီ၊ နင်ချီနှင့် ရန်အီတို့က တက်ရောက်နေခဲ့၏။
“ရှမ့်လန်ရဲ့ စစ်တပ်က မကြာခင် ရောက်လာတော့မယ်။” ရွှယ်ချီက ဖြည်းညင်းစွာ ပြောသည်။
နင်ချီက ပြောလိုက်၏။ “ရွှယ်မိသားစုနဲ့အတူ တိုက်ပွဲဝင်ဖို့ ကျုပ်မှာ ဆန္ဒရှိပါတယ်။”
“မလိုပါဘူး... မလိုပါဘူး။”
ရွှယ်ချီက ရယ်လိုက်၏။ “တတိယမင်းသား... ရှမ့်လန်လို ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတာက အရမ်းကို ခက်ခဲမှာပဲ။ တစ်ခါတစ်လေ စိတ်ပျက်အားငယ်မှုကို ခံစားသွားနိုင်တယ်။”
နင်ချီက ကောက်ကျစ်သည့် အပြုံးတစ်ခုကို ပြုံးလိုက်မိ၏။ သူနှင့် ရှမ့်လန်တို့က အဝေးမှ ထိပ်တိုက်တွေ့ဆုံ လုနီးပါး ဖြစ်ခဲ့သော်လည်း ရလဒ်ကတော့ ရင်ကွဲစရာပင်။ ရှမ့်လန် ချောင်မြို့တော်ကို ရုတ်တရက် တိုက်ခိုက်ခဲ့ခြင်းနှင့် ချောင်ဘုရင်နှင့် အပစ်အခတ် ရပ်စဲရေး စစ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ခြင်းက သူ၏ဂုဏ်သိက္ခာကို အထွတ်အထိပ်မှ အောက်ဆုံးဆီသို့ ကျဆုံးသွားစေခဲ့သည်။
ပြီးနောက် ရှမ့်လန်က အရေးကြီးသည့် အခြေအနေမျိုးတွင် ဘုရင် နင်ယွမ်ရှန်းကို ကယ်တင်ခဲ့ပြီး နင်ချီက တစ်နာရီကျော်ကျော် အကြာလေးတွင်ပင် ငယ်ရွယ်သည့် အိမ်ရှေ့စံအုပ်စိုးသူ တစ်ယောက်အဖြစ်မှ ဖြုတ်ချခြင်း ခံရ၏။ ဤအရာက တကယ့်ကို အသက်သေစေနိုင်လောက်သည့် ထိုးနှက်ချက်တစ်ခုပင် မကချေ။ အနက်ရှိုင်းဆုံး ငရဲဆီသို့ ပစ်ချခံရပြီး ဆီနှင့်ကြော်ခံရသလို ဖြစ်ခဲ့၏။ တခြားသော မည်သူမဆိုသည် ထိုသို့ကြုံရပါက ချက်ချင်း သေဆုံးသွားပေလိမ့်မည်။
“ရှမ့်လန်မှာ လူသားတွေ နားမလည်နိုင်တဲ့ စွမ်းအားတစ်ခု ရှိတယ်။ ဒါကြောင့်”
ရွှယ်ချီက ဖြည်းညင်းစွာ ပြောလိုက်၏။ “အရှင်မင်းသားက ဒီတိုက်ပွဲကို ဘေးကနေ စောင့်ကြည့်နေသင့်တယ်။ အခု ရှမ့်လန် ရောက်လာပြီဆိုရင်တော့ သူ ဒီကနေ ပြန်ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး။
ရှမ့်လန်ရဲ့ ရှေ့မှာ ကျင်းမူလန်ကို တစ်လက်မချင်းစီ ညှင်းပန်းနှိပ်စက်ပြီး သတ်ပစ်မယ်။ ပြီးရင် ရှမ့်လန်ရဲ့ ပါးစပ်ထဲကို ထိုးထည့်ပြီး ကျင်းမူလန်ရဲ့ အသားက စားလို့ကောင်းလားလို့မေးမယ်။ ပြီးရင် လူတိုင်းရဲ့ရှေ့မှာ ရှမ့်လန်ကို တဖြည်းဖြည်းချင်းစီ ညှင်းပန်းနှိပ်စက်မယ်။ ဒါပေမဲ့ နောက်ဆုံး သတ်ဖြတ်မှုကိုတော့ တတိယမင်းသား ဆီ ထားခဲ့ပါမယ်။”
ထိုစကားပြောနေသည့် အချိန်တွင် ရွှယ်ချီက အံကို ကြိတ်မထားချေ။ ဆန့်ကျင်ဘက် အနေဖြင့် သူက အလွန်အမင်း တည်ငြိမ်လို့ နေသည်။ “ရှမ့်လန်က ကျုပ်တို့ရဲ့ ရွှယ်မိသားစု အားအင်အကြောင်း လုံးဝ မသိဘူး။”
ရွှယ်မိသားစု၏ အားအင်ကို ပြင်ပလူများ မသိရှိခဲ့ချေ။ ဤတစ်ကြိမ်မှာတော့ ရွှယ်ချီက စုစုပေါင်း ပုလင်း ဆယ်လုံး ပေးအပ်ခဲ့၏။ အစိမ်းရောင်အရိပ်တစ်ခုက အထဲတွင် စူးရှစွာ ပေါ်ပေါက်လာခဲ့၏။ ထိုအရာအားလုံးက စေတီတောင်မှ ကူပိုးကောင်များ ဖြစ်ပြီး ပုလင်းတစ်လုံးတွင် တစ်လီတာလောက် ပါ၏။ ဤအရာက တကယ့်ကို များပြားသည့် ကိန်းဂဏန်းပမာဏတစ်ခုပင် ဖြစ်၏။
“လာကြ... ဒီကို လာကြ။”
ရွှယ်ချီက လက်ပြလိုက်၏။ အသက် ၁၆ နှစ်အရွယ် ကလေးတစ်ယောက်က လျှောက်လာသည်။ “အဘိုး...”
ဤကောင်လေးက ရွှယ်ချီ၏ မြေး၊ ရွှယ်မင်ပင် ဖြစ်၏။
ရွှယ်ချီက ထိုသူ့ကို လေးတစ်ချောင်းပေး၏။ ရှမ့်လန်က သူ၏တပ်ကို ဤကဲ့သို့သော လေးမျိုး တပ်ဆင်ပေးထးကြောင်း သူ မြင်ခဲ့၏။ ထို့ကြောင့် ရွှယ်မိသားစုက ရှမ့်လန်၏ လေးကို နမူနာပြု ကူးယူခဲ့ခြင်း ဖြစ်၏။ ဤအရာက နှစ်ပိသာရှိသည့် အစွမ်းထက်သည့် လေးတစ်စင်း ဖြစ်သည်။
“အဲဒီမှာ... ပစ်သတ်လိုက်။” ရွှယ်ချီက လက်ညှိုးထိုးပြ၏။ မီတာ ၂၀၀ ခန့်အကွာတွင် အဘိုးကြီးတစ်ဦးကို ကြိုးတုတ်ထား၏။ အမျိုးသမီးတစ်ဦးကို ထိုသူ၏ ဘေးဖက်တွင် ချည်နှောင်ထားခဲ့ပြီး ကလေးတစ်ဦးကိုတော့ ထိုသူ၏ ညာဘက်ခြမ်းတွင် ချည်နှောင်ထား၏။
“တစ်ခုကို ရွေးပြီး ပစ်သတ်လိုက်။” ရွှယ်ချီက ပြောသည်။
“ဆရာ... ကျုပ်ကို ချမ်းသာပေးပါ။ ကျုပ်ကို ချမ်းသာပေးပါ။ ကျုပ် ဘာမှ မသိပါဘူး။ ကျုပ်တို့က လုံးဝ သစ္စာရှိပါတယ်။ ကျုပ်တို့က မူလက ကျင်းမိသားစုက ဖြစ်တယ်ဆိုပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာတို့က မင်္ဂလာလက်ဖွဲ့အဖြစ် ရွှယ်မိသားစုကို ရောက်ရှိလာခဲ့တာပါ။”
အသက် ၁၆ နှစ်အရွယ် ရွှယ်မင်က သူ၏လေးကို ထုတ်ယူပြီး မီတာ ၂၀၀ အကွာဆီမှ ကလေးဆီသို့ ချိန်ရွယ်လိုက်၏။ ဤအရာက နှစ်ပိသာလေးဖြစ်သော်လည်း ကွန်ပေါင်းလေးတစ်ခု ဖြစ်သောကြောင့် လေးကြိုးဆွဲရတာ လွယ်ကူ၏။
“ဝှစ်” အသက် ၁၆ နှစ်အရွယ် ရွှယ်မင်က ရုတ်တရက် မြားတစ်စင်းကို ပစ်လွှတ်လိုက်၏။ မြားက မိုးကြိုးသွားလိုပင် လွင့်ထွက်သွားခဲ့၏။ တိုင်၌ ချည်နှောင်ခြင်းကို ခံထားရသည့် ကလေးက အရမ်းကို ကြောက်လန့်လွန်းသောကြောင့် မျက်ရည်များပင် ကျလာ၏။ သို့သော်ငြား လွှဲချော်သွားခဲ့၏။ အကွာအဝေးက အလွန်ပင် ဝေးကွာလွန်းသောကြောင့် လွဲချော်သွားသည်။
“မြားကို ပြောင်းလိုက်...” ရွှယ်ချီက အထူးမြားတောင့်တစ်ခုဆီမှ မြားတစ်ချောင်းကို ထုတ်ယူလိုက်၏။ ရွှယ်မင်က သူ၏လေးကို တစ်ဖန်ပြန်ဆွဲပြီး မြားတစ်ချောင်းနှင့် ချိန်ရွယ်က ပစ်၏။
“ဝှစ်”
နှစ်ပိသာလေးမှ မြားက တကယ့်ကို အစွမ်းထက်ပြီး မိုးကြိုးကဲ့သို့ပင် တစ်ဖန်ပေါက်ကွဲကာ ရှေ့သို့သွားသည်။
မီတာ ၂၀၀ အကွာဝေးတွင် ထိုအရာက အလွယ်တကူ ထိမှန်၏။ သို့ပေမည့် ရွှယ်မင်က ငိုနေသည့်ကလေးကို ပစ်ချင်ခဲ့၏။ သို့ပေမည့် မြားက လူ ၃ ယောက်ကြားကို ဖြတ်ကာ ထိုးခွင်းသွားသည့် အချိန်မှာတော့ ရုတ်တရက် ပေါက်ကွဲသွား၏။ အစိမ်းရောင် မီးခိုးငွေ့များက ထွက်ပေါ်လာခဲ့ပြီး လူ ၃ ယောက်ပေါ်သို့ ထိုအငွေ့များက ပက်ဖြန်းသွားခဲ့၏။
“အား... အား...” လူ ၃ ယောက်ဆီမှ အလွန်ကို နာကျင်သည့် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ သူတို့ခန္ဓာကိုယ်များက ဆွေးမြေ့သွားခဲ့ပြီး လုံးဝကောက်ကွေးလာ၏။ စက္ကန့်အနည်းငယ်အတွင်း ကြောက်မက်ဖွယ်ရာကောင်းသည့် သေဆုံးမှုမျိုးနှင့် သေဆုံးသွားခဲ့သည်။ သေဆုံးပုံက တကယ့်ကို ရက်စက်ကြမ်းကြုတ်လှပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ အရေပြားက ဆာလဖျူရစ် အက်ဆစ်ကြောင့် ပျက်စီးသွားခဲ့ပုံ ပေါ်သည်။
ဤအရာက ကူပိုးကောင်များပင် ဖြစ်၏။ ပစ်မှတ်ကို ထိမှန်ဖို့ မလိုအပ်ချေ။ အကွာအဝေးတစ်ခုကို ကျော်လွန်သွားသည်နှင့် ပေါက်ကွဲသွားပေလိမ့်မည်။ ပြီးနောက် အထဲရှိ ကူပိုးကောင်များက မီးခိုးကဲ့သို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ပြီး အပေါက်မြင်သမျှကို ထိုးဝင်ကာ ဖျက်ဆီးပေလိမ့်မည်။ အရေပြားနှင့် ထိတိုင်းက၏ ပျက်စီးမည်။ ကြောက်မက်ဖွယ်ရာကောင်းပြီး ဝမ်းနည်းစရာကောင်းသည့် သေဆုံးမှုမျိုးနှင့် သေဆုံးရပေလိမ့်မည်။
ရွှယ်ချီနှင့် ရွှယ်မင်တို့က မြေပြင်ပေါ်တွင် ရှိသည့် အလောင်း ၃ ခုကို စစ်ဆေးရန် ရှေ့သို့တိုးသွား၏။ လူကို မှတ်မမိနိုင်လောက်အောင် ဆွေးမြေ့နေ၏။ သနားစရာ မြင်ကွင်းတစ်ခုပင်။ လုံးဝ မမှတ်မိလောက်ချေ။ ထွက်လာသည့် သွေးများကပင်လျှင် အစိမ်းရောင် ဖြစ်နေ၏။
“မြေးလေး... ဒီအလောင်းတွေကို ဖျက်ဆီးပစ်လိုက်တော့။” ရွှယ်ချီက ပြောသည်။
အသက် ၁၆ နှစ်အရွယ် ရွှယ်မင်က ဆီပုံးတစ်ခုကို ယူပြီး အလောင်း ၃ လောင်းပေါ်သို့ ပက်ဖြန်း၏။ ပြီးနောက် မီးရှို့လိုက်၏။ သက်သေ အထောက်အထထားများကို ဖျက်ဆီးပြီး ရာဇဝတ်မှုကို ဖုံးကွယ်ခြင်းပင်။
ရွှယ်ချီက ရွှယ်မင်၏ ဦးခေါင်းကို အသာပွတ်သပ်၏။ “မြေးလေး... ရှမ့်လန်ရဲ့တပ်တွေ မကြာခင် ရောက်လာတော့မယ်။ မင်း ဘယ်လို ခံစားရလဲ။”
ရွှယ်မင်က မေးလိုက်သည်။ “ကျင်းမူလန်လည်း လာမှာလား။”
ရွှယ်ချီက ပြော၏။ “အင်း... သူလည်း လာလိမ့်မယ်။”
ရွှယ်မင်က ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ်ရဲ့ ဆန္ဒက ကျင်းမူလန်ကို သတ်ပစ်ချင်တယ်။ သူက နှိုင်းယှဉ်လို့ မရအောင် ရှိတဲ့ အလှတရား၊ ကမ္ဘာပေါ်မှာ အလှဆုံး မိန်းမတစ်ယောက်လို့လည်း ကြားတယ်။”
ရွှယ်ချီက ပြော၏။ “အင်း... တကယ့်ကို ကောင်းတဲ့ ရည်မှန်းချက်ပဲ။”
ပြီးနောက် ရွှယ်ချီက နန်းဆောင်ဆီသို့ လှမ်းကာ ငုံ့ကြည့်၏။ လူပေါင်းများစွာတို့က စုဝေးနေခဲ့၏။ သူတို့အားလုံးက တောင်ပင်လယ်ဓားဂိုဏ်းဆီမှ တပည့်များဖြစ်ပြီး အားလုံးက သိုင်းပညာရှင်များပင်။ သူတို့၏ နောက်တွင်လည်း လူထောင်ပေါင်းများစွာတို့ ရှိနေ၏။ အားလုံးက ရွှယ်မိသားစုမှ စစ်သည်များပင်။
“လေးသစ်တွေ တပ်ဆင်ကြ။” အမိန့်ပေးလိုက်သည်နှင့် တောင်ပင်လယ်ဓားဂိုဏ်းမှ တပည့်ထောင်ပေါင်း များစွာတို့က အသစ်စက်စက် လေးနှင့် မြားများကို ကိုင်ဆောင်လိုက်ကြ၏။ ရှမ့်လန်၏ နိဗ္ဗာနတပ်တော်နှင့် အတူတူပင်။ ကွန်ပေါင်းလေး၊ ကျောက် ၂ ပိသာလေးများ၊ အစွမ်းထက်သည့် လေးများပင်။
တောင်ပင်လယ်ဓားဂိုဏ်း၏ တပည့်နှင့် စစ်သည်အားလုံးတို့က သိုင်းပညာရှင်များ ဖြစ်သည့်အတွက် သူတို့၏ ကိုယ်ခံစွမ်းအားက သန်မာပြီး ၂ ပိသာလေးကို အလွယ်တကူ ဆွဲဆန့်နိုင်ကြ၏။
“မင်းတို့ ကိုင်ဆောင်ထားတဲ့ လေးတွေက ရှမ့်လန်ရဲ့ နိဗ္ဗာနတပ်တော်နဲ့ တစ်ထပ်တည်းပဲ။ နှစ်ခုလုံးက ၂ ပိသာ အစွမ်းရှိတဲ့ လေးတွေပဲ။ ဒါပေမယ့် မင်းတို့ရဲ့ မြားတွေ အားလုံးကတော့ အထူးပြုလုပ်ထားတာပဲ။ ချိန်စရာ မလိုဘူး။ ပစ်လိုက်ရုံပဲ။ လေထုထဲမှာ ပေါက်ကွဲသွားလိမ့်မယ်။ ပြီးရင် အထဲမှာ ရှိတဲ့ ကူပိုးကောင်တွေက ပြန့်နှံ့သွားပြီး ပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းကို သတ်ပစ်လိမ့်မယ်။ တစ်ယောက်လောက် စမ်းသပ်ကြည့်လိုက်။”
စစ်သည်တော် တစ်ယောက်က ရှေ့သို့တိုး၏။ အားကောင်းလွန်းသည့် လေးတစ်ခုကို ကောက်ယူပြီး မြားတစ်စင်းကို ပစ်လွှတ်၏။ မီတာ ၂၀၀ အကွာဝေးရှိ လူ ၃ ဦးထံ ချိန်ရွယ်လိုက်သည်။
“ကြုံသလို ပစ်လိုက်တော့။ မျက်လုံးကို မှိတ်ပြီးသာ ပစ်။”
“ရွှီး” ရုတ်တရက် ပစ်ခတ်လိုက်၏။ မြားက မိုးကြိုးကဲ့သို့ပင် လျင်မြန်စွာ ထွက်ခွာသွားခဲ့ပြီး မီတာ ၂၀၀ အကွာအဝေးကို လွှမ်းခြုံကာ လူ ၃ ယောက်၏ အနီးအနားတွင် ပေါက်ကွဲသွားခဲ့၏။ အစိမ်းရောင် မီးခိုးငွေ့များ ထွက်ပေါ်လာခဲ့၏။
“အား...”
မရေတွက်နိုင်သည့် ကူပိုးကောင်များက မီးခိုးကဲ့သို့ပင် ထိုသူ ၃ ယောက်တို့အပေါ်သို့ ရောက်ရှိ၏။ လူ ၃ ယောက်၏ အလောင်းများက တစ်ခါတည်း ပုပ်ပွလာခဲ့၏။ ပြီးနောက် နာကျင်စွာ အော်ဟစ် လိုက်သံများက ဆက်တိုက် ထွက်ပေါ်နေ၏။ ခဏအကြာမှာတော့ ဝမ်းနည်းဖွယ်ရာ ကောင်းစွာဖြင့် ထိုသူ ၃ ဦးက ကွယ်လွန်သွားခဲ့သည်။
ချိန်ရွယ်စရာပင် မလိုပေ။ မျက်လုံးကို မှိတ်၍ ပစ်လျှင်တောင် ပစ်မှတ်ကို ထိမှန်၏။
ရွှယ်ချီက တစ်လုံးချင်းစီ ပြောလိုက်သည်။ “ကိုယ့်လူတို့... ရှမ့်လန်ရဲ့စစ်သည်တွေ မကြာခင် ရောက်လာတော့မယ်။ သူတို့အားလုံးကို သတ်ပစ်ရမယ်။ ရှမ့်လန်က အချိန်ယူနစ်တွေ ဖြစ်တဲ့ နာရီ၊ မိနစ်၊ စက္ကန့်လို့ အသုံးအနှုန်း အသစ်တွေ အများကြီးကို ဖန်တီးခဲ့တယ် ဆိုတာ မင်းတို့သိလား။ အသက်ရှူရှိုက်စာ တစ်ခုက ၁ စက္ကန့်ပဲ။ ရှမ့်လန်ရဲ့ နိဗ္ဗာနတပ်တော်ကို ၁၀ စက္ကန့်အတွင်း ဖျက်ဆီးပစ်ဖို့ ငါတောင်းဆိုတယ်။ ဒါပဲ။”
ရွှယ်ချီက ဤတိုက်ပွဲအတွက် လိုအပ်ချက်တစ်ခုတည်းသာ ရှိ၏။ မြန်မြန်သတ်ဖို့ပင်။ ရွှယ်ချီ၏ ရဲတိုက်အတွင်းမှာတော့ မဟာပညာရှင်အဆင့် ကျွမ်းကျင်သူ အများအပြားတို့က တိတ်တဆိတ် ထိုင်လျက် ရှိနေကြ၏။
“ဂိုဏ်းတူအစ်ကိုတို့... ရှမ့်လန်ကို ဖယ်ရှားဖို့အတွက် မဟာပညာရှင်အဆင့် ကျွမ်းကျင်သူတွေ အများကြီး မလိုပါဘူး။ ဒါပေမယ့် ဒီတစ်ခါမှာ လူ ၃ ယောက်ကို အသက်ရှင်လျက် ဖမ်းမိဖို့ လိုအပ်တယ်။ ရှမ့်လန်၊ ကျင်းမူလန်နဲ့ အရူးကြီးတို့ပဲ။
ရှမ့်လန်ရဲ့ ရှေ့မှာ ကျင်းမူလန်ကို ဖြည်းဖြည်းချင်း လှီးဖြတ်ပြီး သတ်ဖြတ်မယ်။ ရာနှင့်ချီအောင် လှီးဖြတ်ပြီးသွားရင် သူမရဲ့ သွေးနဲ့ ရိုးတွင်းခြင်ဆီတွေကို ခန္ဓာကိုယ်ကနေ ထုတ်ယူရမယ်။ ဒါက စေတီတောင်အတွက် အရမ်းကို အသုံးဝင်လိမ့်မယ်။”၏
အရူးကြီးကတော့ ရတနာသိုက်တစ်ခုပဲ။ သူ့ရဲ့ ရိုးတွင်းခြင်ဆီ၊ သွေး၊ အရိုး၊ အရွတ်၊ အားလုံးကို ထုတ်ယူသင့်တယ်။ ဒါက တကယ့်ကို ခမ်းနားလွန်းတဲ့ ရတနာတွေပဲ။ ဒါဆိုရင် ကျုပ်က ခင်ဗျားတို့ကို ဒုက္ခပေးရအုံးမယ်။
အပိုင်း (၇၅၈)
မဟာပညာရှင်အဆင့် ကျွမ်းကျင်သူ အများပြားတို့က ရွှယ်ချီကို ဦးညွှတ်၏။” “စိတ်ချပါ။ ဆရာတူညီလေး... ဆရာတူညီလေးရဲ့ ဆန္ဒတွေ ပြည့်ဝသွားအောင် ကျုပ်တို့က လုပ်ပေးပါမယ်။”
ရွှယ်ချီက ပြောသည်။ “အဲဒီအချိန်ကို ရောက်ပြီဆိုရင် ကျုပ်တို့ အားလုံး ဝေစုကို ခွဲဝေပြီး ယူကြတာပေါ့။”
အရာအားလုံးက အဆင်သင့်ဖြစ်နေ၏။ အစုလိုက်အပြုံလိုက် ဖျက်ဆီးပစ်နိုင်သည့် လက်နက်များ တစ်ခုပြီး တစ်ခုကလည်း အဆင်သင့်။ ရွှယ်ချီ၏ ခြေတစ်ဖက်က သေမျိုးလောကတွင် ရှိနေပြီး နောက်ထပ် ခြေတစ်ဖက်ကတော့ သဘာဝလွန်နယ်ပယ်တွင် ရှိနေ၏။
တောင်ပင်လယ်ဓားဂိုဏ်းက စေတီတောင်၏ အရွယ်အစားသေးငယ်လွန်းသည့် ဂိုဏ်းခွဲတစ်ခု ကဲ့သို့ပင်။ ထို့ကြောင့် သူတို့က သေမျိုးလောက၏ ဘုရင်များ ဖြစ်ကြပြီး မြေပေါ်တွင် တိုက်ခိုက်နေကြသည့် သာမန် တိုက်ပွဲများကို အထင်သေး၏။ ဟုတ်ပေ၏။ ဤလျှို့ဝှက်လက်နက်များက လွန်ခဲ့သည့် ဆယ်စုနှစ်များစွာတည်းက ကြိုးစားအားထုတ်မှု၏ အသီးအပွင့်များလည်း ဖြစ်၏။ ယခု သုံးရမည်ဟု မထင်မှတ်ခဲ့ချေ။
“ရှမ့်လန်... မင်းက လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေ အကြောင်းကို မသိဘူး။ မင်းက ဘယ်တော့မှ မထိသင့်တဲ့ ရန်သူတစ်ယောက်ကို လာပြီး ထိခဲ့တယ် ဆိုတာကို မကြာခင် သဘောပေါက်ရလိမ့်မယ်။”
သူ၏ အသိပညာက ကျယ်ပြန့်ပြီး သူ ပေါင်းသင်းဆက်ဆံသည့် အသိုင်းအဝန်းကလည်း ကျယ်ပြန့်လွန်း သောကြောင့် သူက ရှမ့်လန်၏ နိဗ္ဗာနတပ်တော်နှင့် ရှမ့်လန်၏ လက်ဖြောင့်လေးသမားများကို အထင်အမြင် သေးခဲ့၏။ ရိုးရိုးလူရွှင်တော်များ ကဲ့သို့ပင် ထင်မှတ်ခဲ့၏။ သို့သော်ငြား မဟုတ်တော့ချေ။
ရှမ့်လန်၏ စွမ်းဆောင်ရည်က တကယ့်ကို ကောင်းမွန်ခဲ့၏။ ရှမ့်လန်က နန်ကျိုးမြို့ကိုပင် တိုက်ခိုက်ပေ တော့မည်။ သူက ရှမ့်လန်ကို အနိုင်ယူဖို့လား။ ထိုမျှမကချေ။ တကယ်တမ်း သူလိုချင်သည့် ရလဒ်က တစ်ခုတည်းသာလျှင် ရှိ၏။ ထိုအရာက ချက်ချင်း သတ်ဖြတ်ဖို့ပင်။
ရှမ့်လန်၏ ရေတပ်က နန်ကျိုးမြို့နှင့် မိုင် ၂၀၀ သို့မဟုတ် မိုင် ၃၀၀ အကွာတွင် ကင်းလှည့်နေဆဲ ဖြစ်၏။ ဤနေရာတွင် ပင်လယ်ဓားပြ ခေါင်းဆောင် ၃ ယောက်ကို မှတ်မိသေးရဲ့လား။ ထိုသူတို့က ရွှယ်ဖန်ကို သစ္စာဖောက်ပြီး ရှမ့်လန်ထံ ရောင်းချခြင်းအားဖြင့် ရွှေဒင်္ဂါး ၃ ထောင် ရကာ ချမ်းသာကြွယ်ဝလာခဲ့၏။
တိုက်ဆိုင်စွာပင် သူတို့က ရှမ့်လန်ထံသို့ အထူးပုလင်း ၃ လုံးကို ပေးအပ်ခဲ့၏။ ထိုပုလင်း ၃ လုံးက အသုံးမဝင်သည့် အရာများမဟုတ်ပေ။ ထိုပင်လယ်ဓားပြ ခေါင်းဆောင်တို့ကို လျှော့မတွက်သင့်ပေ။ ထိုသူတို့က အမျှော်အမြင်ကြီးသူများ ဖြစ်သောကြောင့်ပင်။ သူတို့ မသိသည့် အကြောင်းအရာက ရှားပါး၏။ ရှားပါးသည့် အရာများကလည်း အမြဲတန်ဖိုးရှိကြောင်းကိုလည်း သိ၏။
ရှမ့်လန်က ထိုသူတို့ကို တစ်ချက်ကြည့်ပြီး ပြော၏။ “ဒီစစ်သည်တော် ၃ ယောက်ကို ရွှေဒင်္ဂါး ၁ ထောင် ပေးလိုက်။”
လူ ၃ ယောက်တို့က ချက်ချင်းပင် ပျော်ရွှင်သွားခဲ့၏။ လူတိုင်းက ပျမ်းမျှအားဖြင့် ရွှေဒင်္ဂါး ၁၃၀၀ ကျော်ကို ရရှိပြီး ချမ်းသာကြွယ်ဝလာကြ၏။ သူတို့က ဇိမ်ခံနိုင်သည့်ဘဝတွင် နေထိုင်ကြပြီး ငွေကြေးဘယ်တော့မှ မကုန်ဆုံးနိုင်ချေ။
ရှမ့်လန်က နည်းလမ်းအမျိုးမျိုးကိုသုံးကာ သတိထား ဆောင်ရွက်နေသည်။ နောက်ဆုံး၌ ပုလင်းတစ်လုံးကို ဖွင့်လိုက်၏။ အထဲတွင်တော့ စေတီတောင်၏ ကူပိုးကောင်များနှင့် ပြည့်နှက်နေသည့် အစိမ်းရောင် အရည်များ ရှိ၏။ မရေတွက်နိုင်အောင် များပြားပြီး တကယ့်ကို များပြားလွန်းသည့် အရေအတွက်ပင်။
သို့သော်ငြား ဤကူပိုးကောင်များက လက်ရှိအချိန်တွင် အထူးအရည်တစ်ခုထဲတွင် နစ်မြုပ်ပြီး အိပ်ပျော် နေခဲ့၏။ ထိုအရာကို အသက်ဝင်စေပြီးနောက် ကူပိုးကောင်များက လှုပ်ရှားလာ၏။ အစိမ်းရောင်မီးခိုး ကဲ့သို့သော အရာများက ထွက်ပေါ်ပြီး ရှမ့်လန်၏ မျက်နှာပေါ်သို့ ရုတ်တရက် ခုန်တက်၏။
ကူပိုးကောင်များက နိုးထလာပြီး ရှမ့်လန်၏ အသားနှင့် သွေးကို စားသုံးရန် အလျင်စလို ကြိုးစားကြ၏။ ပြီးနောက် အားလုံးက သေဆုံးသွားခဲ့ကြ၏။ မရေတွက်နိုင်သည့် အစိမ်းရောင်ဖုန်မှုန့်များ ကဲ့သို့ပင် သူတို့က ရှမ့်လန်၏ မျက်နှာပေါ်မှ ပြုတ်ကျလာသည်။
ရှမ့်လန်က ရက်စက်လွန်း၏။ ကူပိုးကောင်များကို မသတ်ရန် ရှမ့်လန်က မျက်နှာဖုံးနှင့် လက်အိတ်များကို ဝတ်ဆင်ထား၏။ နမူနာတစ်ခုကို ထုတ်ယူပြီး သူတီထွင်ထားသည့် မိုက်ခရိုစကုပ်၏ အောက်တွင် ကြည့်ရှု၏။ “အင်း... အဆင့်နှစ် အလောင်းပုပ်သိုးစေတဲ့ ကူပိုးကောင်ပဲ။”
ဤနာမည်က ရှမ့်လန် ပေးထားခဲ့ခြင်း မဟုတ်ဘဲ စေတီတောင်က ပေးထားခဲ့ခြင်းပင်။ ဝူတူကျိ၏ သတင်း အချက်အလက်များထဲတွင် ဤအကြောင်းက ရှင်းလင်းသည့် မှတ်တမ်းများအဖြစ် ပါရှိ၏။ ဤကူပိုးကောင် များက အစုလိုက် အပြုံလိုက် သတ်ဖြတ်ရန် အထူးမွေးမြူထားခဲ့၏။ လူ၏ အရေပြားနားကို ရောက်သည်နှင့် အသားထဲသို့ အလွယ်တကူ ထိုးဝင်သွားပေလိမ့်မည်။
ပြီးနောက် သူတို့က တကယ့်ကို သေးငယ်ပြီး ဖုန်မှုန့်များကဲ့သို့ပင်။ သံချပ်ကာ၏ အပေါက်ထဲသို့ အလွယ်တကူ ဝင်နိုင်၏။ တစ်နည်းအားဖြင့် နိဗ္ဗာနတပ်တော်၏ သံချပ်ကာက လုံးဝ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။ ကူပိုးကောင်များ ပျံ့နှံ့သွားသည်နှင့် နိဗ္ဗာနတပ်တော် တစ်ခုလုံးက ချက်ချင်း ပျောက်ကွယ် သွားပေလိမ့်မည်။
ဤပုလင်းသုံးခုကို ပေါင်းလျှင် သုံးလီတာခန့် ဆံ့၏။ ထိုအရာက ရန်နန်းဖေး တစ်ယောက် ဘာလုပ်မည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းပင်။ ရှမ့်လန်၏ ရေတပ်ကို တိုက်ခိုက်တုန်းက သူက ထိုအရာကို မသုံးခဲ့ချေ။ ရှင်းနေသည်က သူက ထိုအရာကို မလိုအပ်ဟု ခံစားရပြီး နုရှောင့်မြို့ တိုက်ပွဲတွင် သာ ကူပိုးကောင်ကို အသုံးပြုရန် ရည်ရွယ်ထား၏။
ရွှယ်မိသားစုက တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်း၏။ အနိုင်ရဖို့အတွက် တကယ့်ကို အောက်ခြေ စည်းမျဉ်းဟူ၍ မရှိချေ။ သူတို့က လူမည်မျှ သေရမည်ဆိုသည်ကို ဂရုမစိုက်ကြချေ။ ရန်နန်းဖေး၏ ရပ်တည်ချက်က သူက နုရှောင့်မြို့ထဲတွင် သာမန်စစ်ပွဲတစ်ခုကို ဆင်နွှဲရန် ရည်ရွယ်ချက် မရှိဟု ညွှန်ပြနေ၏။ သူတို့က နုရှောင့်မြို့တစ်ခုလုံး၊ ကျင်းမိသားစု တစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်ရန် ဤကဲ့သို့ ရက်စက် ကြမ်းကြုတ်သည့် ထူးဆန်းသည့် နည်းလမ်းများကို အသုံးပြုဖို့ ရည်ရွယ်ထားသည်။
ဤအရာက ဇီဝလက်နက်ပင်။ ထိုအရာကို တော်ဝင်ရန်အင်ပါယာက ရှင်းလင်းစွာ တားမြစ်ထား၏။ သို့သော်ငြား ရွှယ်မိသားစုက ထိုအရာကို ထုတ်ဖော်ကာ အသုံးပြုနေ၏။ ပိတ်ပင်မှုကလည်း ရယ်ရွှင်စရာ ကောင်းလွန်းလှ၏။ ပြောရမည်ဆိုလျှင် လောကထဲတွင် အသစ်အဆန်း ဆိုသည်က တကယ်မရှိခဲ့ချေ။ လောက သဘာဝလေလား။
ဆီရီးယား တပ်ဖွဲ့များက ဇီဝဗေဒ သို့မဟုတ် ဓာတုဗေဒ လက်နက်များကို အသုံးမပြုရသော်လည်း သူပုန်များကတော့ အသုံးပြုနိုင်၏။ ထိုကဲ့သို့ပင် ရွှယ်ချီက ရန်နန်းဖေးကို ကူပိုးကောင် သုံးပုလင်း ပေးလိုက်ခြင်းအားဖြင့် ရွှယ်မိသားစုဆီ၌ ပုလင်းသုံးလုံးထက် ပိုကာ တည်ရှိနေမှာ သေချာ၏။
ဆယ်ပုလင်းလား။ ရွှယ်ချီတွင် တခြားသော ကူပိုးကောင်များ ရှိနေသေးသည်လား။ ဖြစ်နိုင်ချေ ကတော့ များသည်ဟု ထင်၏။ ရွှယ်မိသားစုနှင့် တောင်ပင်လယ်ဓားဂိုဏ်းတို့က စေတီတောင်၏ သေးငယ်သည့် ဌာနခွဲတစ်ခု ကဲ့သို့ပင်။ တစ်ဖက်လူများက ရွှယ်မိသားစုကို အစွမ်းထက်သည့် လျှို့ဝှက်လက်နက်တစ်ခု ပေးဖို့ဆိုသည်က ဖြစ်နိုင်သည်။
ဤအဆင့်နှစ် အလောင်းပုပ်စေသည့် ကူပိုးကောင်က လောကီလောကတွင် ပုံမှန်တပ်တော်ကို ခြေမှုန်းရန်လုံလောက်အောင် အစွမ်းထက်ပြီးသား ဖြစ်၏။
ထို့ကြောင့် နန်ကျိုးမြို့ကို တိုက်ခိုက်သည့် အချိန်တွင် ရွှယ်ချီက ဤကဲ့သို့သော ကူပိုးကောင်များကို သေချာပေါက် အသုံးပြုပေလိမ့်မည်။ ကြိုတင်ကာကွယ်မှုသာ မရှိပါက ရှမ့်လန်၏ နိဗ္ဗာနတပ်တော်က ချက်ချင်းပဲ ပျောက်ကွယ်သွားပေလိမ့်မည်။ သူတို့က မိနစ်ဝက်အတွင်းပင် သေဆုံးသွားနိုင်သည်။
အထူး ပြုလုပ်ထားသည့် မြားများကို မြန်မြန်ဆန်ဆန် ပစ်ခတ်ပြပေလိမ့်မည်။ ပေါက်ကွဲပြီးနောက် ကူပိုးကောင် များက ထိုနေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး နေရာတိုင်းကို ထိုးဖောက်ဝင်ရောက်ကာဖြင့် တိုက်ခိုက်ပေလိမ့်မည်။ ဤအရာကို ကာကွယ်ရန် ဆိုသည်က မဖြစ်နိုင်ချေ။
အဆိပ်ရှိသည့် ကူပိုးကောင်များက လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် အလျင်အမြန် မျိုးပွားပေလိမ့်မည်။ ထိုအရာက လူတစ်ဦးကို အချိန်တိုအတွင်း သေစေနိုင်သည်အထိ ပြင်းထန်၏။ ထိုအရာကို ရှမ့်လန်က သတိရှိနေခဲ့သည်။
ဟုတ်ပေ၏။ သူက ကူပိုးကောင် ငါးမျိုးကိုပင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့၏။ သို့သော်ငြား ရွှယ်မိသားစုတွင် မည်သည့် ကူပိုးကောင် အမျိုးအစားများ ရှိသည်ကို အတိအကျ ဆုံးဖြတ်ရန်က ခက်ခဲနေ၏။
သို့သော်ငြား သူက အဆင့်နှစ် အလောင်းပုပ်စေသည့် ကူပိုးကောင်ဟု အကြမ်းဖျင်း ကောက်ချက်ချ၏။ ဤကူပိုးကောင် အမျိုးအစားက အဆင့်မြင့် မဟုတ်သော်လည်း သေဆုံးမှုနှုန်းကတော့ အံ့အားသင့်စရာ ကောင်း၏။ ထို့အပြင် ကုန်ကျစရိတ်ကလည်း သေချာပေါက် မြင့်မားသည်။
အဆင့်နှစ် အလောင်းပုပ်စေသည့် ကူပိုးကောင်ကို ခုခံနိုင်ရန် ခက်ခဲပါသလား။ လုံးဝ ခက်ခဲသည်တော့ မဟုတ်ချေ။ ဤကူပိုးကောင်များက အဆိပ်မရှိသော်လည်း လူ၏ သွေးကြောထဲသို့ ဝင်ရောက်သွားသည်နှင့် ချက်ချင်းပဲ အရာဝတ္ထုတစ်ခုကို ထုတ်လွှတ်၏။ ထိုအရာဝတ္ထုက သွေးနှင့်ရောနှောပြီး ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဓာတုပစ္စည်းတစ်မျိုး အဖြစ် ပြောင်းလဲသွား၏။
ထို့ကြောင့် ရှမ့်လန်က လူတစ်ယောက်ချင်းစီကို ကြိုတင်၍ တိကျသည့် ဆေးဝါးတစ်မျိုးဖြင့် ထိုးနှံထားရန်သာ လိုအပ်၏။ ထိုဆေးဝါးက ကူပိုးကောင်များကို သတ်ရန် သီးသန့်ထုတ်လုပ်ထားသည့် ဆေးဝါးမျိုးပင်။
ဤအဆင့်နှစ် ရှိသည့် အလောင်းပုပ်စေသည့် ကူပိုးကောင်က သွေးကြောထဲသို့ ဝင်ရောက်သွားသည်နှင့် သွေးကို ဦးဆုံး မြည်းစမ်း၏။ ပြီးနောက် ဓာတုပစ္စည်းလို ပြင်းထန်သည့် အက်ဆစ်တစ်မျိုးကို ထုတ်လွှတ်မည်။ သို့သော်ငြား သူတို့က ပထမဦးဆုံး သွေးထဲသို့ ရောက်ရှိသွားသည်နှင့် သေစေနိုင်သည့် အဆိပ်ကဲ့သို့သော အက်ဆစ်မျိုးကိုပင် ထုတ်လွှတ်ရန် အခွင့်အရေး မရဘဲ ချက်ချင်းသေဆုံးသွားပေလိမ့်မည်။
ရှမ့်လန်က သူ၏ ကိုယ်ပိုင်သွေးနှင့် ပြုလုပ်ထားသည့် အဆင့်နှစ် အလောင်းပုပ်စေသည့် ကူပိုးကောင်ကို ကာကွယ်ရန် ဆေးရည်ကို အသုံးပြုခဲ့သည်လား။ မဟုတ်ချေ။ ထိုသို့ တကူးတက ပြုလုပ်ရန် မလိုအပ်ချေ။ ထိုကဲ့သို့သော အဆိပ်မျိုးကို ကာကွယ်ရန် ကာကွယ်နည်း နည်းလမ်း သုံးမျိုးမှ ငါးမျိုးခန့်ပင် ရှိ၏။
ထိုအရာကို ဝူတူကျိ၏ မှတ်တမ်းထဲတွင် မတွေ့ရသလို ကျင်းကျွင်း၏ ရှေးဟောင်း ဂန္ဓဝင်စာပေထဲတွင်လည်း မတွေ့ခဲ့ချေ။ ရှမ့်လန်က အလွယ်ကူဆုံးသော နည်းလမ်းကို ရွေးချယ်ပြီး ခုခံကာကွယ်ဆေးရည်ကို တီထွင်ခဲ့ခြင်း ဖြစ်သည်။
“တစ်ယောက်ယောက် ဒီကို လာအုံး။” ရှမ့်လန်၏ အမိန့်အရ လူနှစ်ယောက် ဝင်လာ၏။ တစ်ယောက်က သာမန်လူတစ်ယောက် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ နိဗ္ဗာနတပ်တော်၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။ တစ်ယောက်က အမျိုးသမီးတစ်ယောက် ဖြစ်ပြီး တစ်ယောက်က အမျိုးသားတစ်ယောက်ပင်။
ရှမ့်လန်က ဆေးထိုးအပ် တစ်ချောင်းစီကို ထုတ်ယူပြီး လူနှစ်ယောက်ကို ကာကွယ်ဆေး ထိုးသွင်းပေး၏။ ပြီးနောက် ခဏလေး စောင့်ဆိုင်းနေ၏။ နှစ်ဦးစလုံး၏ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုကို ကြုံတွေ့ရပြီး နာရီဝက်ခန့် အဖျားတက်ခြင်း၊ ခန္ဓာကိုယ်တွင် အဖုအပိမ့်များ ဖြစ်ပေါ်ခြင်းတို့ ပေါ်၏။ သူတို့၏ အသားအရေက ထူးဆန်းစွာဖြင့် ခရမ်းရောင် ပြောင်းလဲသွား၏။ ခဏအကြာမှာပဲ ထိုလက္ခဏာ အားလုံး ပျောက်ကွယ်သွားခဲ့၏။
“လက်ကို ဆန့်ကြ။” လူနှစ်ယောက်က လက်နှစ်ဖက်ကို ဆန့်ထုတ်သည်။
ရှမ့်လန်က ဖန်ကွဲစ တစ်ခုကို အလောင်းပုပ်စေသည့် ကူပိုးကောင် အနည်းငယ်ထဲသို့နစ်၍ လူနှစ်ယောက်၏ လက်ဝါးပေါ်တွင် သုတ်လိမ်းလိုက်၏။
မူလက အိပ်ပျော်နေသည့် ကူပိုးကောင်များက ရုတ်တရက် နိုးထ၏။ အက်ကွဲကြောင်းများမှ တစ်ဆင့် အရေပြားနှင့် သွေးကြောထဲသို့ တိုးဝင်သွားခဲ့၏။ ပြီးနောက် ထိုအစိမ်းရောင်က ထိုသူတို့၏ လက်ဖဝါးထဲတွင် တိုက်ရိုက်ပင် ပျောက်ကွယ်သွား၏။
ထူးဆန်းသည့် မြင်ကွင်းတစ်ခုက ဖြစ်သင့်သည့် အချိန်တွင် ဖြစ်ပေါ်လာပေလိမ့်မည်။ လူနှစ်ဦး၏ လက်များက အရင်ဆုံး ပုပ်ပွသွားခဲ့ပြီးနောက် တဖြည်းဖြည်း ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားပေလိမ့်မည်။ အတွင်းကလီစာများ အားလုံးက ဆွေးမြေ့ပျက်စီးခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသည့် သေဆုံးမှုမျိုးကို ကြုံတွေ့ရပေလိမ့်မည်။
သို့ပေမည့် ရလဒ်အားဖြင့် ဤနေရာတွင် လုံးဝ ဘေးကင်းလုံခြုံလျက် ရှိ၏။ အဆင့်နှစ် အလောင်းပုပ်စေသည့် ကူပိုးကောင်များက လူနှစ်ယောက်၏ သွေးကြောထဲသို့ ဝင်ရောက်သွားသည်နှင့် ချက်ချင်း သေဆုံးသွား၏။ ရှမ့်လန် ထိုးသွင်းထားခဲ့သည့် ခုခံကာကွယ်ဆေးက ကူပိုးကောင်များကို လုံးဝ ခုခံနိုင်စွမ်း ရှိနေ၏။ ဤအရာက မျှော်လင့်ထားပြီးသား ကိစ္စရပ်တစ်ခုပင်။
နောက်တစ်ခုအနေဖြင့် ရှမ့်လန်က နိဗ္ဗာနတပ်တော် စစ်သည်အားလုံးတို့ကို ကူပိုးကောင် ခုခံကာကွယ်ဆေး များ ထိုးပေးပြီး ရေတပ်သားအားလုံးကိုလည်း ထိုးပေးလိုက်၏။ ရလဒ်အားဖြင့် လူတစ်ဒါဇင်ကျော်တို့က ဘေးထွက်ဆိုးကျိုးများကို ကြုံတွေ့ရ၏။ လူ ၉ဦး သေဆုံးခဲ့ပြီး ၆ဦးက နားပင်းခြင်း သို့မဟုတ် မျက်စိကန်းခြင်း အခြေအနေသို့ ရောက်ရှိသွားခဲ့၏။
သို့သော်ငြား ရလဒ်က မျှော်မှန်းထားသည်ထက် ပိုကောင်း၏။ နောက်ထပ် တစ်ရက် ကုန်ဆုံးသွားပြန်၏။ ခုခံကာကွယ်ခြင်း ဆေးရည်က နိဗ္ဗာနတပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ကြပြီး သူတို့၏ သွေးကြော အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းတွင် စိမ့်ဝင်နေကြသည်မှာ သေချာ၏။ ရွှယ်မိသားစု၏ ကူပိုးကောင် တွေက မည်သူ့ကိုမှ ဒုက္ခမပေးနိုင်ဘူး ဆိုသည်မှာ သေချာသွားခဲ့ပြီ ဖြစ်သည်။
ရှမ့်လန်က အမိန့်ပေးလိုက်သည်။ နိဗ္ဗာနတပ်တော်က နန်ကျိုးမြို့ဆီသို့ ဆင်းသက်၏။ ရွှယ်မိသားစု၏ စစ်မှန်သည့် ခံတပ်ဖြစ်သော နန်ကျိုးမြို့ကို တိုက်ခိုက်ရပေမည်။ နန်ကျိုးမြို့၏ ဆိပ်ကမ်းများက ပျက်စီးမှု မရှိသေးချေ။ ရှမ့်လန်၏ ရေတပ်က အလွယ်တကူ ကမ်းကပ်နိုင်၏။
နိဗ္ဗာနတပ်တော်မှ စစ်သည်ပေါင်း သုံးထောင်ကျော်တို့က နန်ကျိုးမြို့ဆီသို့ အလွယ်တကူ ဆင်းသက်နိုင်ခဲ့၏။ ပြီးနောက် သူတို့က သေသပ်စွာ တန်းစီပြီး နန်ကျိုးမြို့ဆီသို့ ဦးတည်၏။ လုပ်ငန်းစဉ် တစ်လျှောက်လုံးက ကျယ်ပြန့်ပြီး စနစ်တကျ ရှိ၏။ လမ်းပေါ်တွင်တော့ မည်သည့်လူတစ်ဦးတစ်ယောက်မှ မရှိဘဲ မည်သည့် ချုံခို တိုက်ခိုက်မှုမှ မခံရချေ။ ရွှယ်ချီက နန်ကျိုးမြို့ကို လာရောက်တိုက်ခိုက်ရန် စောင့်မျှော်နေသကဲ့သို့ပင်။
နာရီဝက်ကြာချိန်မှာတော့ ရှမ့်လန်၏ နိဗ္ဗာနတပ်တော်က မြို့တံခါးဝသို့ ရောက်ရှိ၏။ ဤအရာက နန်ကျိုးမြို့ပင်။ ဤအရာက ရွှယ်မိသားစု၏ ရှေးဟောင်း ခံတပ်တစ်ခုဖြစ်ပြီး တောင်ပိုင်းပင်လယ် ဒေသတစ်ခုလုံး ၏ ကုန်သွယ်ရေး ဗဟိုချက်လည်း ဖြစ်သည်။
ရွှယ်ချီက စစ်တပ်ကို ကွပ်ကဲရန် မြို့ရိုးပေါ်တွင် ရပ်မနေခဲ့ချေ။ ထိုအရာက မလိုအပ်ဟု ခံစားနေပြီး မြို့ရိုးပေါ်သို့ ကိုယ်တိုင်တက်ရန်မှာ သူ့အတွက် သိမ်ငယ်လွန်းစရာပင်။ လက်ရှိတိုက်ပွဲက ချက်ချင်း ဖျက်ဆီးမည့် တိုက်ပွဲမျိုးပင်။ ရွှယ်မိသားစု၏ ခေါင်းဆောင်ဖြစ်သော သူ ကိုယ်တိုင် ဦးဆောင်ရန် မလိုအပ်ချေ။
သို့သော်ငြား ရွှယ်ချီက မြို့ရိုး၏ တစ်နေရာတွင် မသိမသာနှင့် ရပ်လျက်ရှိနေပြီး လက်ထဲတွင် ဦးခေါင်းခွံ တစ်ခုကို ကိုင်ထား၏။ သူက ရှမ့်လန်၏ စစ်သည်များ ရောက်ရှိလာမည်ကို တိတ်တဆိတ် ကြည့်နေ၏။ ထိုဦးခေါင်းခွံ က သူ၏သား ရွှယ်ဖန်ပင်။
“ရှမ့်လန်... မင်း ရောက်လာပြီ။ ကျင်းမူလန်... မင်း ရောက်လာပြီပဲ။”
ကျင်းမူလန်က ကောလာဟလများက ပြောထားသကဲ့သို့ပင် တကယ့်ကို လှပ၏။ အထူးသဖြင့် သူမ၏ မကောင်းဆိုးဝါးဆန်သည့် ခန္ဓာကိုယ်က လှပလွန်း၏။ ဤကဲ့သို့ လုံလောက်သည့် အလှတရားမျိုးကို မည်သူက မလိုချင်ဘဲ နေမည်နည်း။
သို့ပေမည့် အနည်းဆုံးတော့ ရှမ့်လန်က ထိုအရာကို ခံစားဖို့ အရည်အချင်း မပြည့်ဟု သူ ခံစားမိ၏။ နောက်ပိုင်း ဩဇာအာဏာ ကြီးမားသည့် ပုဂ္ဂိုလ်များ၏ သဘောကျ နှစ်သက်ခြင်းကို ခံရမည့် ကိုယ်ခန္ဓာ မျိုးပင်။
ရွှယ်ချီက ထိုကဲ့သို့သော ရင်သပ်ရှုမောဖွယ် အလှတရားကို ခံစားနိုင်မှာ မဟုတ်ပေ။ ထို့ကြောင့် သူက သူမကို အလုံးစုံ ဖျက်ဆီးပစ်ရန်သာ စဉ်းစားလိုက်၏။ သူမ၏ သွေးနှင့် ရိုးတွင်ခြင်ဆီများကို စုပ်ယူပြီးနောက် တစ်ဖက်လူကို သေသေချာချာ သတ်ဖြတ်ရပေလိမ့်မည်။
ရွယ်ချီက ထွင်းဓားတစ်ချောင်းနှင့် စန္ဒကူးသစ်သားပြားများကို ထုတ်ယူပြီး စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းနေ၏။ ရှမ့်လန်နှင့် ကျင်းမူလန်တို့ကို အသက်ရှင်လျက် ဖမ်းမိပြီးနောက် သူက ဖြည်းဖြည်းချင်း လှီးဖြတ်ကာ ကွပ်မျက်မည်။ သွေးများဖြင့် ကျမ်းစာ ရေးရန် အသုံးပြုပေလိမ့်မည်။ ထိုအရာကလည်း အရမ်း မြန်ပေလိမ့်မည်။ ၁၀ မိနစ်၊ ၁၅ မိနစ်ထက် ပိုလိမ့်မည် မဟုတ်ချေ။ ရွှယ်ချီက လုံးဝကို သေချာလွန်းနေ၏။
မြို့ရိုးပေါ်ရှိ တပ်မှူးက ရွှယ်တင်း ဖြစ်ပြီး ရွှယ်မိသားစု၏ အမွေဆက်ခံသူ အသစ်စက်စက်၊ စေတီတောင်၏ တပည့်ဟောင်း တစ်ဦးပင်။
ရှမ့်လန်၏ နိဗ္ဗာနတပ်တော် ပေါ်လာသည်ကို မြင်တော့ ရွှယ်တင်းက လက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် မြို့ရိုးပေါ်တွင် ထူထပ်သည့် ကင်းသမားများ ပေါ်လာ၏။
တောင်ပင်လယ်ဓားဂိုဏ်း၏ တပည့်ငါးထောင်နှင့် ရွှယ်မိသားစုမှ တစ်သောင်းနီးပါးပင်။ တောင်ပင်လယ် ဓားဂိုဏ်း၏ ဤတပည့်ငါးထောင်လုံးက ကွန်ပေါင်းလေးများကို ကိုင်ဆောင်ထားခဲ့ကြသည်။
ရှမ့်လန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ဤအရာက သူ၏လေးကို နမူနာကူးယူထားခြင်းပင်။ လေးတပ်၊ နှစ်တပ်၏ လေးများက တကယ့်ကို တစ်ပုံစံတည်းပင် ဖြစ်၏။ သို့ပေမည့် တောင်ပင်လယ် ဓားဂိုဏ်း၏ တပည့်များ ကိုင်ဆောင်ထားခဲ့သည့် မြားများကမူ ကွာခြားနေ၏။
သူတို့က အထူးမြားတောင့်များကို ကိုင်ဆောင်ထားခဲ့ကြပြီး မြားတစ်ချောင်းစီတွင် အဆင့်နှစ် အလောင်းပုပ် စေသည့် ကူပိုးကောင်များ ပါဝင်၏။ မီတာအကွာအဝေး အနည်းငယ်တွင် ရှိသည့် ရန်သူအားလုံးကို သတ်ဖြတ်ပစ်နိုင်သည်။