← Chapters

အခန်း (၇၆၁-၇၆၂)

Vol. 47 Ch. 761-762

အခန်း (၇၆၁-၇၆၂)

Vol. 47 Ch. 761-762

အပိုင်း (၇၆၁)

မြားများက မြို့ရိုးပေါ်သို့ မကျမီ လေထုထဲမှာပင် ကွဲထွက်သွားခဲ့၏။ ရွှယ်တင်းက အံ့အားသင့်သွား၏။ “ဒါ ဘာတွေလဲ။”

နောက် စက္ကန့်အနည်းငယ် အတွင်းမှာပဲ ...

“ဘန်း ဘန်း ဘန်း” မြားနှင့် ချည်နှောင်ထားခဲ့သည့် ပုလင်းများက လေထုနှင့်အတူ ထိခိုက်ပေါက်ကွဲသွားခဲ့ပြီး မရေတွက်နိုင်သည့် အစိမ်းရောင် မီးခိုးငွေ့များက ရုတ်တရက် ထွက်လာသည်။

ရွှယ်တင်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့၏။ အဆင့်နှစ် အလောင်းပုပ်သိုးစေသည့် ကူပိုးကောင်လား။ ရှမ့်လန်က အဘယ့်ကြောင့် ဤအရာမျိုးကို ရထားရသနည်း။ ရန်နန်းဖေး၏ ရေတပ် ယူဆောင်သွားခဲ့သည့် ပုလင်းသုံးလုံးများ ဖြစ်နေမည်လား။ အဘယ်ကြောင့် ရှမ့်လန်၏ လက်ထဲသို့ ရောက်ရှိသွားရသနည်း။ တိုက်ဆိုင်မှုတစ်ခုပေလား။ ဤအရာက တိုက်ဆိုင်မှုတစ်ခု ဆိုလျှင်တောင်မှ လုံးဝ တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်နိုင်ချေ။

ပုလင်းသုံးလုံးက ရွှယ်ဖန် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်ပြီး ဆူနာမီ လှိုင်းများ တိုက်ခိုက်သည့် အချိန်တွင် သူက သစ်သားတစ်ပိုင်းကို အလိုလို ဆုပ်ကိုင်ထားခဲ့၏။ ထိုပုလင်းသုံးလုံးက ထိုသစ်သားကြီးထဲတွင် ထည့်ထားခဲ့ခြင်းပင်။

တန်ဖိုးကြီးမားသည့် အရာကို သေတ္တာထဲ ထည့်၍ မရချေ။ အဘယ်ကြောင့်ဆိုသော် လူအများအပြားက သေတ္တာထဲတွင် ဖွက်ထားသည့် အရာက အဖိုးတန်သည်ဟု သိရှိသောကြောင့်ပင်။ ထို့ကြောင့် သစ်သားထဲတွင် မြှုပ်ထားခြင်း ဖြစ်၏။ ရွှယ်ဖန်ကို ကယ်တင်ပြီးနောက် ပင်လယ်ဓားပြခေါင်းဆောင်များက ထိုသစ်သားထဲတွင် ရှိနေသည့် သဲလွန်စကို ရှာဖွေတွေ့ရှိခဲ့ပြီး ပုလင်းသုံးလုံးကို ထုတ်ယူခဲ့၏။

ရှမ့်လန်၏ အဆိပ်မြားများက ပေါက်ကွဲပြီးနောက် မရေတွက်နိုင်သည့် အဆိပ်ရှိသော ပိုးမွှားများက မြေပြင်ပေါ်ရှိ လူများပေါ် ရုတ်တရက် ကျဆင်းလာခဲ့သည်။

ပြီးနောက် ပိုမိုကာ ရှင်းလင်းသွားခဲ့၏။ ဤကာကွယ်သူအားလုံးက သံချပ်ကာများကို ဝတ်ဆင်ထားခဲ့ခြင်း မရှိချေ။ အဆိပ်ရှိ ပိုးမွှားများက မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်၏။

ထိုအရာများက ခန္ဓာကိုယ်၏ အမြေးပါးများကို အလွယ်တကူ ကိုက်ခိုက်ပြီး ဆံခြည်မျှင် သွေးကြောထဲသို့ ဝင်ရောက်ကာ သွေးများကို အရူးအမူး ဝါးမျို၏။ ပြီးနောက် မျိုးပွားကာ များပြားသည့် အက်စစ်ဓာတ်ကို စတင်ကာ ထုတ်လွှတ်သည်။

ငရဲခန်းမှ မြင်ကွင်းတစ်ခုက ပေါ်ပေါက်လာခဲ့၏။

“အား... အား...” နာကျင်စွာ အော်ဟစ်လိုက်သည့် အော်ဟစ်သံများက လေထုထဲတွင် ပြည့်နှက်နေ၏။ ရွှယ်မိသားစု၏ ကိုယ်ပိုင်စစ်တပ်မှ မရေတွက်နိုင်သည့် အဖွဲ့ဝင်များ၏ မျက်နှာတစ်ခုလုံးက ပျက်ယွင်း လာခဲ့ကြပြီး ခန္ဓာကိုယ်များကလည်း ရောင်ရမ်းလာခဲ့၏။ သူတို့က အငြိုးအတေး ကြီးမားလွန်းသည့် တစ္ဆေများကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းလာ၏။ သူတို့က အပြင်းအထန် ရုန်းကန်လျက် ရှိနေပြီး ထိတ်လန့်တကြားနှင့် မြေကြီးပေါ်တွင် လူးလိမ့်နေကြသည်။

ရှမ့်လန်၏ နိဗ္ဗာနတပ်တော်က တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်၏။ မရေတွက်နိုင်သည့် အဆိပ်ရှိသည့် ပိုးမွှားများက ထိုနေရာတွင် ထပ်မံကာ ပေါက်ကွဲပြန်၏။ ကူအဆိပ်နှင့် အဆိပ်သင့်ခဲ့သည့် ရွှယ်မိသားစု၏ တပ်သား အရေအတွက်က တိုးလာ၏။ ဤအရာက မိမိ၏ကိုယ်ပိုင် နည်းလမ်းကို အသုံးပြု၍ ပြန်လည်ကာ ခံယူရခြင်းပင်။

ရုတ်တရက် ကူပိုးကောင်များ၏ အဆိပ်သင့်ခြင်းကို ခံရသည့် စစ်သည်တစ်ဦးက ပြင်းထန်သည့် ဝေဒနာကို မခံစားနိုင်ဘဲ မြို့ရိုးပေါ်မှ သေတ္တာတစ်လုံးကို ခေါင်းဖြင့် ပြင်းပြင်းထန်ထန် ဆောင့်ချမိ၏။ သူ၏ နောက်ဆုံး အားအင်ဖြင့် သေတ္တာကို ကောက်ယူပြီး သူ၏ ခေါင်းပေါ်သို့ ပစ်ခွဲလိုက်ခြင်းပင်။

သေတ္တာက မကွဲသေးချေ။ သို့ပေမည့် နောက်ဘက်တွင် ရှိနေသည့် မြို့ရိုး၏ မာကျောသည့် မြေပြင်နှင့် ပြင်းထန်စွာ ဆောင့်မိ၍ အတွင်းရှိ အဆိပ်ဓာတ်ငွေ့များက ချက်ချင်း ပြန့်နှံ့သွား၏။ အဝါရောင် အဆိပ်သင့် မြူခိုးတစ်ခုက ဆယ်ဂဏန်းကျော်ရှိသည့် ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

“ငါ့ရဲ့ မျက်လုံးတွေ... ငါ့ရဲ့ နှာခေါင်းတွေ... ငါ့ရဲ့ ပါးစပ်တွေ...”

ပြီးနောက် သူက အပြင်းအထန် ချောင်းဆိုး၏။ အဝါရောင် သွေးခဲများကို အန်ထုတ်၏။ ဤသေဆုံးမှုက ကူပိုးကောင် အဆိပ်ခတ်ခံရသည် ထက်ပင် ပိုမိုကာ ရက်စက် ကြမ်းကြုတ်လွန်းသည်။

ရှမ့်လန်က ဤမြင်ကွင်းကို မြင်ချိန်မှာတော့ ကျောရိုးမကြီးတစ်ခုလုံး အေးစက်မှုကို ခံစားရ၏။ အဆိပ် ဓာတ်ငွေ့ပင်။ ရွှယ်မိသားစု၌ အဆိပ်ဓာတ်ငွေ့ တကယ် ရှိနေသည်လား။ ထို့အပြင် ထိုအရာက ရှမ့်လန် ဖန်တီးထားသည့် ရှေးဦးအဆိပ်ဓာတ်ငွေ့ဗုံးများထက် အဆပေါင်းများစွာ ပိုမိုကာ အစွမ်းထက်ပြီး သေစေနိုင်လောက်သည့် အဆိပ်ဓာတ်ငွေ့မျိုးပင် ဖြစ်၏။ ဤအရာက စေတီတောင်၏ နောက်ထပ် လက်ရာတစ်ခုပေလား။

“ရွှယ်မိသားစု... မင်းတို့က ဒီအဆိပ်ငွေ့ဒဏ်ကို ပြန်ပြီး ခံရလိမ့်မယ်။”

ရှမ့်လန်က အမိန့်ပေးလိုက်၏။ “မြားတွေကို ပြောင်း”

ရှမ့်လန်၏ အမိန့်နှင့် နိဗ္ဗာနတပ်တော်က အထူးမြားများကို တစ်ဖန် ပြောင်းလဲကြ၏။ အရင်ဆုံး သူတို့က ထိုအရာကို မီးညှိပြီးမှ ပစ်၏။ မြို့ရိုးပေါ်သို့ မြားများက တဖွဲဖွဲ ကျရောက်သည်။

“ဘန်း.. ဘန်း”

မြားအားလုံးက ပေါက်ကွဲထွက်သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာက ပေါက်ကွဲစေနိုင်သည့် ပစ္စည်းငယ် တစ်ခုနှင့် ချည်နှောင်ထားခဲ့သောကြောင့်ပင်။ သို့ပေမည့် စွမ်းအင်က အလွန် ကန့်သတ်ထား၏။ ရှမ့်လန်က သေးငယ်စွာ ပေါက်ကွဲစေမည့် မြားများနှင့် လူများကို သတ်ရန် မရည်ရွယ်ခဲ့ချေ။ မြို့ရိုးပေါ်ရှိ အဆိပ်ဓာတ်ငွေ့ သေတ္တာများကို ဖောက်ခွဲရန်သာ မျှော်လင့်ထားခဲ့ခြင်း ဖြစ်၏။ သို့သော်ငြား မအောင်မြင်ခဲ့ချေ။ သူ ပေးအပ်ထားခဲ့သည့် ယမ်းမှုန့်က အလွန် အင်အားနည်းနေသေး၏။

“ယောကျာ်း... ကျွန်မ လုပ်ပါရစေ။ အရူးကြီး... ဒီကို တိုင်တစ်ခု ယူခဲ့လိုက်။”

ခဏကြာတော့ အရူးကြီးက သင်္ဘောဆီမှာ မီတာ ၂၀ ရှည်သည့် တိုင်ကြီးတစ်ခုကို ဖြုတ်ယူလာပြီး ထိုတိုင်ကြီးကို ခပ်မြင့်မြင့် ကိုင်ထား၏။ မူလန်က ထိုတိုင်ကြီးပေါ်သို့ အသာခုန်ကာ တက်၏။ ပြီးနောက် သူမက မြို့ရိုး၏ အမြင့်ထက် ပိုမိုကာ ကျော်လွန်သွားခဲ့သည်။

သူမက ခံတပ်၏ နောက်ကွယ်ရှိ ဓာတ်ငွေ့သေတ္တာများကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ ပြီးနောက် မူလန်က သူမ၏ လေးကို ဆွဲထုတ်ကာ မြားတစ်စင်းကို ပစ်လွှတ်၏။ အလွန် အစွမ်းထက်လွန်းသော လေးမှ ပေါက်ကွဲစေသည့် ဧရာမမြားကြီးပင်။ သူမက မီးတစ်ချက် ရှို့ပြီးနောက် ပစ်လွှတ်၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် မြားတစ်စင်းက လျှပ်စီးကဲ့သို့ မြန်ဆန်လှသည့် အမြန်နှုန်းနှင့် သေတ္တာတစ်လုံးကို ထိမှန်၏။

“ဘန်း...” ရုတ်တရက် ပေါက်ကွဲသွား၏။ အတွင်းရှိ အဆိပ်ဓာတ်ငွေ့များက လျှင်မြန်စွာ ယိုစိမ့်ထွက်လာ၏။ မီတာ အနည်းငယ် အကွာရှိ တည်နေရာတစ်ခုလုံးက ငရဲခန်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ရွှယ်တင်း၏ မျက်လုံးများက မျက်ရည်များဖြင့် နီရဲနေပြီ ဖြစ်၏။ သူက ကျင်းမူလန်ကို လက်ညှိုးထိုး၏။ “သူ့ကို ပစ်... သူ့ကို ပစ်ချစမ်း။”

ရွှယ်မိသားစုမှ စစ်သည်များက မူလန်ကို မြားတစ်စင်းနှင့် လှမ်းကာ ပစ်၏။ သို့သော်ငြား အချည်းနှီးပင်။ မူလန်က အန္တရာယ်ကို အပြည့်အဝ ခံစားနိုင်စွမ်း ရှိသောကြောင့် လျှင်မြန် ဖျတ်လတ်လွန်း၏။ မြားတိုင်းကို အလွယ်တကူ ရှောင်ရှားနိုင်သည်။

သူမက မြားများကို တစ်ချောင်းပြီး တစ်ချောင်း ပစ်လွှတ်၏။ ထိုမြားများက အဆိပ်ဓာတ်ငွေ့ သေတ္တာများကို တစ်ခုပြီး၊ တစ်ခု အလွယ်တကူ ဖောက်ခွဲ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည့် အဆိပ်ဓာတ်ငွေ့ များက ပြန့်နှံ့သွား၏။ ရူးသွပ်စွာဖြင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပင်။

“သွား... သွား... သွား... ဓာတ်ငွေ့ခန်းထဲကို ယူသွားကြ။ သိုင်းပညာရှင်တွေ အားလုံး ကျင်းမူလန်ကို ပစ်သတ်ကြ။ အရူးကြီးကို ပစ်သတ်ကြ။ ပြီးတော့ မီးတိုင်တွေနဲ့ ပစ်ကြ။”

ရွှယ်တင်း၏ အမိန့်နှင့်အတူ ကျန်ရှိနေသည့် ရွှယ်မိသားစုမှ တပ်သားများက အဆိပ်ဓာတ်ငွေ့ဘူးများကို ကိုင်ဆောင်ကာ အရူးအမူး ထွက်ပြေးကြ၏။ ထို့အပြင် ဤအချိန်မှာပဲ မူလန်၏ မျက်နှာ အမူအရာက ပြောင်းလဲသွား၏။ သူမက မြားပစ်ခြင်းကို ရပ်တန့်လိုက်၏။ မီတာ ၂၀ အမြင့်ရှိ တိုင်ပေါ်မှ ရုတ်တရက် ခုန်ဆင်းပြီး ရှမ့်လန်၏ ဘေးသို့ ဆင်းသက်၏။

ရှမ့်လန်က အလွန်ပင် အံ့အားသင့်သွား၏။ ဘာဖြစ်သနည်း။ သူ၏ မိန်းမက အဘယ်ကြောင့် ဤမျှ ကြောက်လန့်နေရပုံ ပေါ်သနည်း။ သတ်ဖြတ်မှုကို နှစ်သက်နေသည်က သေချာ၏။ အဘယ်ကြောင့် ရုတ်တရက် ရပ်တန့်လိုက်ရသနည်း။

ဆင်းသက်ပြီးနောက် မူလန်က ရှမ့်လန်၏ ဘေးဆီသို့ ပြေးလာပြီး တင်းကျပ်စွာဖက်၏။ နားရွက်များကို အသာပိတ်သည်။ “ယောကျာ်း... ငလျင်လှုပ်တော့မယ်။”

ရှမ့်လန်က အံ့အားသင့်သွား၏။ ငလျင်လှုပ်တော့မည်လား။ မူလန်က ဘာလို့ အရင်က မခန့်မှန်းရသနည်း။ သူမက နောက်ဆုံး ဖြစ်ပျက်ခဲ့သည့် ပင်လယ်ရေအောက် ငလျင်ကြီးတစ်ခုကို ကြိုတင် ခန့်မှန်းနိုင်ခဲ့၏။

မူလန်က ပြောသည်။ “ဒီငလျင်က ကမ္ဘာ့မြေအပေါ်ယံလွှာမှာ စုစည်းထားခဲ့တဲ့ စွမ်းအင်ဖြစ်စဉ်တွေပဲ။ ရုတ်တရက်ကြီး ဖြစ်ပွားလာခဲ့တာ။”

မြို့ရိုးပေါ်တွင် ရှိနေသည့် ရွှယ်တင်းကလည်း အနည်းငယ် အံ့အားသင့်သွား၏။ အဘယ်ကြောင့်နည်း။ ကျင်းမူလန်က ဘာကြောင့် နောက်ဆုတ်သွားရသနည်း။

နောက်တစ်စက္ကန့် အတွင်း....

“ဒုန်း.. ဒုန်း...” နားကွဲလုမတတ် အော်ဟစ်သံကြီး ပေါ်လာ၏။ မြေပြင်ပေါ်တွင် ကြီးမားသည့် အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ပြီးနောက် မြေကြီးများက ပြင်းထန်စွာ တုန်ခါ၏။ အလွန်အားပြင်းသည့် ငလျင်တစ်ခုက လှုပ်ခတ်လာခဲ့၏။

“ဝုန်း... ဝုန်း”

နန်ကျိုးမြို့ တစ်ဝန်းတွင် မရေတွက်နိုင်သည့် အိမ်များ ပြိုကျလာ၏။ ထို့အပြင် ငလျင်အလယ်တွင် ရှိနေသော မြို့ရိုးကြီးက ပြိုကွဲသွားခဲ့၏။ ကျန်ရှိနေသည့် ဓာတ်ငွေ့ခန်းက ထိမှန်ပြီး ပေါက်ကွဲ ထွက်သွား၏။ မရေတွက်နိုင်သည့် အဆိပ်ဓာတ်ငွေ့များက မြို့ရိုးတစ်ခုလုံးတွင် ပြည့်နှက်သွားခဲ့သည်။

တကယ့်ကို ငရဲကျခြင်းပင်။ လူပေါင်းများစွာတို့က သေဆုံး၏။ အဆိပ်ဓာတ်ငွေ့နှင့် သေကြ၏။ ငလျင်၏ ကြီးမားသည့် အက်ကွဲကြောင်းကြီးက ထိုအရာအားလုံးကို မျိုချသွားခဲ့၏။ သိသာထင်ရှားသည့် ပြောင်းလဲမှုကြီး တစ်ခုက မကြာခင် ဖြစ်လာတော့မည့်ပုံပင်။ အဘယ်ကြောင့် ဤဒေသတွင် ငလျင်ကြီးများ မကြာခဏ ဖြစ်ပွားရသနည်း။

၁၅ မိနစ်ခန့် အကြာမှာတော့ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။ သူတို့၏ ရှေ့ရှိ မြို့ရိုးက ကြီးမားသည့် အက်ကွဲကြောင်းကြီးတစ်ခုဖြင့် ပွင့်ထွက်သွား၏။

တောင်ပိုင်းဒေသကို ကာကွယ်ပေးသည့် သောင်းချီသည့် စစ်သည်အားလုံးနီးပါးက ပျောက်ကွယ်သွား၏။ ထိုအရာက ရွှယ်မိသားစု၏ သေဆုံးခြင်းလား။ ဤသို့နှင့်ပင် ရွှယ်မိသားစု၏ ခံတပ်ဖြစ်သည့် နန်ကျိုးမြို့က လုံးဝ ကျရှုံးသွားခဲ့တော့သည်။

ဒုတိယအကြိမ် ငလျင်လှုပ်ခတ်မှုက တကယ့်ကို ထူးခြားလွန်း၏။ ပထမဦးဆုံးအနေနှင့် ထိခိုက်ခံရသည့် ဧရိယာက သေးငယ်လွန်းပြီး နန်ကျိုးမြို့၏ တည်နေရာမျှသာ ဖြစ်၏။ ဒုတိယအချက်အားဖြင့် ပျက်စီးဆုံးရှုံးမှု ၏ ပမာဏက ကြီးမားလွန်း၏။ မြေပြင်၌ မရေတွက်နိုင်သည့် အက်ကွဲကြောင်းများနှင့် ပြည့်နှက်နေပြီး တကယ့်ကို ထိတ်လန့်စရာ ကောင်းလွန်းလှ၏။

သို့ပေမည့် ရွှယ်မိသားစု၏ စစ်ပွဲအခြေအနေမှာတော့ ထိခိုက်မှုများကို ပိုမိုကာ တိုးတက်စေခဲ့၏။ သူတို့က တိုက်ပွဲစတည်းက ရှုံးနိမ့်ခဲ့၏။ အဆင့်နှစ် အလောင်း ပုပ်သိုးစေသည့် ကူပိုးကောင်များကို သုံးစွဲမည့် အချိန်တွင်လည်း ရှုံးနိမ့်သွားခဲ့ပြီးဖြစ်၏။ ကြီးမားလွန်းသည့် ငလျင်ကြီးက ထိုဖြစ်စဉ်အားလုံးကို အရှိန် မြှင့်တင်ပေးလိုက်သကဲ့သို့ပင်။

“ဒီငလျင်က ဘယ်လိုဖြစ်လာတာလဲ။” ရှမ့်လန်က မေးမြန်းလိုက်သည်။

“သွားကြည့်လိုက်အုံးမယ်။”

ပြီးနောက် မူလန်က ငလျင်အက်ကွဲကြောင်း၏ အနက်ဆုံး တည်နေရာဆီသို့ ခုန်ဆင်းသွားခဲ့၏။ ထိုအက်ကွဲကြောင်း များထဲမှ တချို့က မီတာရာပေါင်းများစွာနက်ပြီး တကယ့်ကို အန္တရာယ်များပုံ ပေါ်သော်လည်း မူလန်က နတ်သမီးတစ်ပါးကဲ့သို့ပင် အထဲသို့ ခုန်ဆင်းသွားခဲ့၏။

ခဏကြာမှတော့ မူလန်က မြေပြင်ပေါ်သို့ ပြန်တက်လာခဲ့သည်။

“ယောက်ျား... ဒီမှာ ရှေးဟောင်း အပျက်အစီး တွေ ရှိနေတယ်။”

မူလန်က ပြော၏။ “အဲဒီဟာတွေ ရှိနေတာကို ခံစားမိနေတယ်။”

ရှမ့်လန်က အံ့အားသင့်သွားသည်။

“ဒါ သီးခြား ရှေးဟောင်းအပျက်အစီးတစ်ခုလား။ ဒါမှမဟုတ် ကျောက်မဲကျွန်းပေါ်က ရှေးဟောင်းအပျက်အစီး နဲ့ တူတူပဲလား။” ရှမ့်လန်က မေးမြန်းလိုက်၏။

မူလန်က ပြောသည်။ “ဒါက အတူတူပဲ ဖြစ်မယ်။”

ရှမ့်လန်က လုံးဝ အံ့အားသင့်သွားခဲ့၏။ ရှေးဟောင်းနေရာက အတူတူပဲလား။ သို့ပေမည့် ဤနေရာက ကျောက်မဲကျွန်းနှင့် ရာပေါင်းများစွာ ကွာဝေး၏။ ရှေးဟောင်း အမွေအနှစ် အပျက်အစီးနေရာဟု ခေါ်ဝေါ်သည့် နေရာက မိုင်ရာပေါင်းများစွာ ရှည်လျားနေသည်လား။

ဟုတ်ပေ၏။ ဤလောကကြီးတွင် ရှေးဟောင်းအပျက်အစီး အများကြီး ရှိ၏။ ဂူဗိမာန်များ၊ ဘုရားကျောင်းနှင့် စာကြည့်တိုက် တစ်ခုမျှ သေးငယ်သည့် အရာမျိုး ရှိသလို မြို့တစ်မြို့လုံးကို ဖုံးလွှမ်းသွားစေနိုင်သည့် ရှေးဟောင်း အမွေအနှစ် အပျက်အစီးများလည်း ရှိ၏။

သို့ပေမည့် မိုင်ပေါင်းများစွာ ကျယ်ပြန့်သည့် မြို့ကြီး တစ်မြို့က မြေအောက်သို့ လုံးဝ နစ်မြုပ်သွားခဲ့သည် ဆိုလျှင်တော့ ဤအတိုင်းအတာ ပမာဏက တကယ့်ကို အံ့ဩစရာ ကောင်းပေလိမ့်မည်။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဒီငလျင်ကြီးနဲ့ ရှေးဟောင်းအပျက်အစီးတွေကြားထဲမှာ ဆက်စပ်မှု တစ်ခုခု ရှိနေတာလား။”

မူလန်က ခဏလောက် စဉ်းစား၏။ “တစ်ခုခုတော့ ဆက်စပ်မှု ရှိတယ်။ ဒီငလျင်က လူတွေလုပ်တာလို့တောင် သံသယရှိနိုင်တယ်။”

ထို့အပြင် မယုံကြည်နိုင်စရာပင် ဖြစ်၏။ ယခုဖြစ်ပွားခဲ့သည့် ငလျင်က ဧရိယာအားဖြင့် သေးငယ်သော်လည်း အင်အားကတော့ ကြောက်မက်ဖွယ်ရာပင်။ ထို့အပြင် ငလျင်လှုပ်ခြင်း က ရုတ်တရက် ဆန်လွန်းသည်။ ထိုအရာက ကမ္ဘာ့အပေါ်ယံ မြေလွှာက တွန့်ခေါက်လာခဲ့ပြီး ချက်ချင်း ပေါက်ကွဲထွက်သွားသည့် ရလဒ် ဖြစ်သည်။

ဤငလျင်ကို လူတွေလုပ်ခဲ့သည်လား။ ထိုသို့ဆိုလျှင် မည်သို့ လုပ်သနည်း။ ရှမ့်လန်က သူ၏စိတ်ကို အာရုံစူးစိုက်ပြီးနောက် သူ၏စိတ်ကူးဉာဏ်ပညာများကို ပြန်လည်ကာ ကွန့်မြူး၏။ နက်နဲသည့် ယူဆချက်များ ကို သူက ထုတ်ဖော်၏။ ပြီးနောက် ဂရုတစိုက်နှင့် သုံးသပ်အဖြေရှာ၏။

စေတီတောင်က ရှေးဟောင်းအမွေအနှစ် တည်နေရာကို တစ်နှစ်ကျော်ကြာ ဝင်ရောက်လေ့လာခဲ့၏။ လုပ်ငန်းစဉ် တစ်ခုလုံးကလည်း တကယ့်ကို လျှို့ဝှက်ခဲ့၏။ ဤကာလအတွင်း စေတီတောင်၏ စွမ်းဆောင်ရည်က မည်သို့ရှိမည်နည်း။ သူတို့က အလွန်နှိမ့်ချသည့် သဘောရှိ၏။ ဘာတစ်ခုကိုမှ တွေ့ရှိကြောင်း ထုတ်ဖော်ခဲ့သည်။

ရှမ့်လန်၏ရေတပ်က ရွှယ်မျိုးနွယ်၏ ရေတပ်ကို တိုက်ခိုက်ခဲ့သော်လည်း စေတီတောင်၏ ရေတပ်ကတော့ ဝင်ရောက် စွက်ဖက်ရန် ရည်ရွယ်ချက် မရှိချေ။ ဤအရာက ဖြစ်နိုင်သည်လား။ ကြီးမားသည့် ငလျင်ကြီးက စေတီတောင်ကြောင့် ဖြစ်ပေါ်ခဲ့သည်လား။ အဘယ်ကြောင့် ဤသို့ ကြီးမားသည့် ငလျင်ကြီးကို လှုပ်ခတ်စေရသနည်း။ အရေးကြီးသည့် ရှေးဟောင်းအမွေအနှစ်တွေက နန်ကျိုးမြို့၏ အောက်တွင် ရှိနေပေ၍လား။

ကိုယ့်အိပ်ရာ၏ ဘေးတွင် တခြားသောသူတစ်ယောက်ကို အဘယ်သို့ ကောင်းကောင်း အိပ်ခွင့် ပေးနိုင်မည်နည်း။ ထိုသို့ဆိုလျှင် စေတီတောင်က တကယ့်ကို လွှမ်းမိုးနိုင်စွမ်းရှိသည့်အပြင် ရက်လည်း ရက်စက်လွန်းလှ၏။ ရွှယ်မိသားစု နှင့် တောင်ပင်လယ်ဓားဂိုဏ်းက ထိုသူတို့၏ ဌာနခွဲများ ဖြစ်သည် မဟုတ်ပါလား။

အပိုင်း (၇၆၂)

“မြို့ထဲ သွားရအောင်။”

ရှမ့်လန်၏ အမိန့်အရ နိဗ္ဗာနစစ်တပ်ကြီးက မြို့ထဲသို့ သတိထားကာ ဝင်ရောက်၏။ ဤအချိန်မှာတော့ သူတို့က အဆိပ်ဓာတ်ငွေ့ ရှိသည့်နေရာများကို ရှောင်ရှား၏။ ဤအချိန်မှာပဲ ရှမ့်လန်က ငလျင်ဇုန်တစ်ခုလုံးသည် နန်ကျိုးမြို့၏ အတွင်း၌ အမှန်တကယ် တည်ရှိနေကြောင်း ရှင်းလင်းစွာ မြင်တွေ့၏။

ဤအချိန်မှာတော့ မြို့က အပျက်အစီး၊ အလောင်းများနှင့် ပြည့်နှက်နေ၏။ ဤမျှ တိကျသည့် ငလျင်က တကယ်ရှိနေသည်လား။ နိဗ္ဗာနစစ်တပ်က ထိုသူတို့၏ ရှေ့ဆီသို့ ချီတက်သွားခဲ့၏။ ရှေ့တွင် ရွှယ်မိသားစု၏ မြင့်မားလွန်းသည့် စံအိမ်တော်ကြီး ရှိ၏။ တကယ့်ကို မြင့်မားပြီး ခန့်ညားလွန်းသည့် နန်းတော်ရဲတိုက်ကြီး တစ်ခုပင်။

ရွှယ်ချီက ဤရဲတိုက်ထဲမှ တစ်ဆင့် စစ်မြေပြင်ကို ငေးကြည့်နေခဲ့သလို နင်ချီကလည်း ဤရဲတိုက်၏ ထိပ်မှ နေ၍ ပင်လယ်ပြင်ကို ငေးကြည့်ရသည်အား နှစ်သက်ခဲ့၏။ ရွှယ်မိသားစု၏ မြို့စားကြီး၏စံအိမ်က တစ်ဝက်လောက် ပြိုကျသွား၏။ သို့သော်ငြား ခန့်ညားထည်ဝါလွန်းသည့် ရဲတိုက်ကြီးက ပျက်စီးမှု ကြီးကြီးမားမား မရှိသေးသည်မှာ အံ့အားသင့်ဖွယ်ရာပင်။ ဟုတ်ပေ၏။ နောက်ထပ် အကြောင်းရင်း တစ်ခုက ရှိသေး၏။ ဤရဲတိုက်ကြီးက ငလျင်ပြတ်ရွေ့ကြောတွင် မရှိသောကြောင့်ပင်။

“ဝိုင်းထားလိုက်။” ရှမ့်လန်က အမိန့်ပေးလိုက်၏။

နိဗ္ဗာနစစ်တပ်က ဤမျှခိုင်ခံ့ပြီး ခန့်ညားထည်ဝါသည့် ရဲတိုက်ကြီးကို ဝိုင်းထား၏။ X-Ray အမြင်နှင့် ဆိုလျှင် ရွှယ်မိသားစု၏ မိသားစုဝင် ရာပေါင်းများစွာ သို့မဟုတ် ထောင်ပေါင်းများစွာတို့က ဤရဲတိုက်ထဲတွင် ရှိနေကြောင်း သူက မြင်ရ၏။ ထို့အပြင် ရွှယ်မိသားစု၏ စစ်သည်ထောင်ပေါင်းများစွာတို့ ရှိနေသည်ကိုလည်း မြင်၏။ ရဲတိုက်တံခါးကြီးကို တင်းတင်းကျပ်ကျပ် ပိတ်ထားသည်။

“ရွှယ်မိသားစုက ပုန်ကန်မှုကို ကြံစည်ခဲ့တယ်။ ချက်ချင်း လက်နက်ချကြ။” ရှမ့်လန်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

အထဲမှာတော့ လုံးဝ တိတ်ဆိတ်နေသည်။

“ရွှယ်မိသားစုက ပုန်ကန်မှုကို ကြံစည်ခဲ့တယ်။ ချက်ချင်း လက်နက်ချ။”

တိတ်ဆိတ်နေဆဲပင်။

ရုတ်တရက် အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာ၏။ “ရှမ့်လန်.. ငါ ကျင်းမူလန်နဲ့ ရအောင်အိပ်မယ်။”

အသံက အသက် ၁၆၊ ၁၇ နှစ်ခန့် ရှိသည့် ဆယ်ကျော်သက်တစ်ယောက်၏ အသံဖြစ်ကြောင်း သိသာသည်။

“နားထောင်စမ်း။ ရွှယ်မိသားစုဝင်တွေ အားလုံး ..... ကျင်းမိသားစုက ကျုပ်တို့ကို အရမ်းမုန်းနေတာ။ လက်နက်ချစရာ အကြောင်းမရှိဘူး။ ရှမ့်လန်က ကျုပ်တို့ကို ကျိန်းသေပေါက် ဖျက်ဆီးပစ်လိမ့်မယ်။ အားလုံးပဲ။ ဓားတွေကို ကိုင်ပြီး အဆုံးထိ တိုက်ခိုက်ကြ။ ကျုပ်တို့ ဒီရဲတိုက်ထဲမှာပဲ နေမယ်။ ရှမ့်လန်ရဲ့ သစ္စာဖောက်တပ်တွေ ဝင်လာတာနဲ့ တစ်ခါတည်း သတ်ပစ်မယ်။”

ထိုအရာက ကောင်ကလေး တစ်ယောက်၏ ကြွေးကြော်သံသာလျှင် ဖြစ်၏။

“ရှမ့်လန် ဝင်လာခဲ့စမ်း။ ငါ ရွှယ်မင်က မင်းကို မကြောက်ဘူး။ ငါ ကျင်းမူလန်ကိုလည်း သတ်မယ်။” ထိုကောင်လေး၏ အသံက ရူးသွပ်နေသူတစ်ယောက်၏ အသံကဲ့သို့ပင်။

ကျင်းမူလန်က စကားတစ်ခွန်းမှ မဆိုချေ။ အထူးမြားတစ်ချောင်းကို ကောက်ယူ၍ လေးကိုဆွဲပြီး မြားကို ချိန်သည်။

“ဝှစ်”

မြားတစ်စင်းက နန်းတော်၏ တံခါးကို ထွင်းဖောက် ဝင်ရောက်သွားပြီး သာမိုက်က မီးလောင်၏။ ခဏအတွင်းမှာပဲ ခိုင်ခံ့လွန်းသည့် ရဲတိုက်တံခါးကြီးက ကြီးမားသည့် အပေါက်ကြီးတစ်ခု အဖြစ် လောင်ကျွမ်းသွား၏။

အရူးကြီးက ချက်ချင်းပဲ ရှေ့သို့တိုးလာပြီး သူ၏ ဧရာမတူကြီးကို ကောက်ယူကာ တံခါးကို အပြင်းအထန် ထုနှက်၏။ ဤအရာက ရိုးရိုးတံခါး မဟုတ်ချေ။ အများကြီး ပိုမိုခိုင်ခံ့ပြီး ထူထဲ၏။ သို့ပေမည့် အရူးကြီး၏ အစွမ်းသတ္တိကလည်း အံ့မခန်းပင်။ အကြိမ်တစ်ရာကျော်ကြာ ထုနှက်ပြီးနောက် ကျယ်လောင်သည့် ပေါက်ကွဲသံကြီး နှင့်အတူ တံခါးတစ်ခုလုံးက ပျက်စီးသွားသည်။

“သူ့ကို သတ်ကြစမ်း။” ကောင်ကလေးက အမိန့်ပေး၏။

“ရွှီ... ရွှီ” မရေတွက်နိုင်သည့် မြားများက အရူးကြီးထံသို့ ဝင်ရောက်လာ၏။ သို့ပေမည့် အလကားပင်။

စံအိမ်ပထမထပ်ရှိ အဓိကဟောခန်းကြီးတွင် ရွှယ်မိသားစု၏ စစ်သည်ရာပေါင်းများစွာတို့နှင့် ပြည့်နှက်နေ၏။ ပိုးချည်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည့် လူငယ်က အလယ်ဗဟို၌ ရပ်နေ၏။ ထိုသူက ရွှယ်မင်ပင်။

ရှမ့်လန်က နိဗ္ဗာနစစ်သည် ရာပေါင်းများစွာကို ဦးဆောင်လာခဲ့၏။ ရွှယ်မင်ကို ကြည့်၏။ ရွှယ်မိသားစု၏ အခြားအဖွဲ့ဝင်တွေက အပေါ်ထပ်တွင် ရှိနေသေးသည်လား။

“ရွှယ်တင်း ဘယ်မှာလဲ။ ရွှယ်ချီ ဘယ်မှာလဲ။ ရွှယ်ရွှယ်ကရော ဘယ်မှာလဲ။ မင်း ဘယ်သူလဲ။” ရှမ့်လန်က မေးမြန်းလိုက်သည်။

“ရွှယ်မင်ပဲ။”

လူငယ်က အေးစက်စက်နှင့် ပြော၏။ “ဒါပေမယ့် ငါက မင်းတို့ ကျင်းမိသားစုကို သတ်ပစ်မယ့်သူပဲ။ ငါက မင်းတို့ ကျင်းမိသားစုနဲ့ ပတ်သက်တာ မဟုတ်ဘူး။”

ရှမ့်လန်က အံ့အားသင့်သွားသည်။

ကျင်းမူလန်က ပြောလိုက်၏။ “ဒါက ကျင်းမူနင်ရဲ့ သားပဲ။ သူက လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက ရွှယ်မိသားစုဝင်နဲ့ လက်ထပ်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သေဆုံးသွားခဲ့တယ်။”

ကျင်းမူနင် - ထူးဆန်းလွန်းသည့် အခြေအနေနှင့် သေဆုံးသွားခဲ့သည့် ကျင်းမူလန်၏ ဝမ်းကွဲအစ်မပင် ဖြစ်၏။ ထိုသို့ဆိုလျှင် သူ၏ရှေ့တွင် ရှိနေသည့် ကောင်ကလေးက ကျင်းမူလန်ကို အဒေါ်ဟု ခေါ်ရမည် မဟုတ်ပါလား။

“ကျုပ်က ရွှယ်မိသားစုဝင်ပဲ။”

ရွှယ်မင်က ပြောသည်။ “ရှမ့်လန်.. ခင်ဗျားကို ကျုပ် လုံးဝ မကြောက်ဘူး။”

သူက ကြောက်ရွံ့ထိတ်လန့်နေပြီး ခန္ဓာကိုယ်ကလည်း တုန်ယင်နေသော်လည်း ရူးသွပ်နေသည့် အခြေအနေမျိုးနှင့် အော်ဟစ်ဆဲဆိုနေ၏။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ရွှယ်တင်း ဘယ်မှာလဲ။ ရွှယ်ချီရော ဘယ်မှာလဲ။”

ရွှယ်မင်က ပြော၏။ “ကျုပ်ကို အရင်ဆုံး ကျော်သွား။ ကျုပ်က ကျင်းမိသားစုနဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်က ရွှယ်မိသားစုဝင်ပဲ။”

ရှမ့်လန်က ထိုသူကို စူးစိုက်ကြည့်ရှုနေသည်။

“ရှမ့်လန်... ကျုပ်ရဲ့ ဦးလေး မရှိတော့ရင်တောင် ... ကျုပ်ရဲ့ အဘိုး မရှိတော့ရင်တောင် ကျုပ် ရွှယ်မင်က ရွှယ်မိသားစုကို ဦးဆောင်ပြီး ခင်ဗျားကို တိုက်ခိုက်နိုင်တယ်။”

ရွှယ်မင်က တင်းမာခက်ထန်စွာ ပြော၏။ “ကျုပ် ခင်ဗျားကို မကြောက်ဘူး။”

ကျင်းမူလန်က ပြောလိုက်သည်။ “ငါက မင်းရဲ့ အဒေါ်ပဲ။ မင်းရဲ့ လေးနဲ့ မြားတွေကို အောက်ချ။”

ရွှယ်မင်က ရူးသွပ်နေသည့် ပုံပေါက်စွာဖြင့် ကျင်းမူလန်ကို စူးစိုက်ကြည့်၏။ “ခင်ဗျားက အလှဆုံး မိန်းမတစ်ယောက်လို့ ကျုပ် ကြားဖူးတယ်။ ခင်ဗျားကို သတ်ပစ်မယ်။”

ကျင်းမူလန်၏ မျက်လုံးများက အေးစက်သွားသည်။ “ရွှယ်မင်... မင်းရဲ့ လေးနဲ့ မြားကိုချ။ ငါတို့က ဝမ်းကွဲ ဆွေမျိုးတွေ ဖြစ်တာကြောင့် မင်းရဲ့အသက်ကို ချမ်းသာပေးနိုင်တယ်။”

“အိမ်မက်သာ မက်နေလိုက်စမ်း။”

ရွှယ်မင်က အော်ပြောလိုက်၏။ “လုံးဝ မကြောက်ဘူး။ အဆုံးထိ တိုက်ခိုက်မယ်။”

ရွှယ်မင်က ရှမ့်လန်ကို ချိန်ရွယ်ကာဖြင့် မြားတစ်စင်း ပစ်လွှတ်၏။

ကျင်းမူလန်၏ မြားက ပိုမိုကာ မြန်ဆန်၏။ လျှပ်စီးကဲ့သို့ပင် မြန်ဆန်စွာဖြင့် ရွှယ်မင်၏မြားကို လေထဲတွင် ထိုးခွင့်ပြီး ရှေ့သို့ဆက်ဝင်သွားသည်။

“စွပ်”

သူမ၏ မြားက ရွှယ်မင်၏ရင်ဘတ်ကို အလွယ်တကူ ထိုးဖောက်သွား၏။ ပြီးနောက် သူ့အား တိုင်တစ်တိုင်တွင် သွားရောက်ကာ ချိတ်ဆွဲသွားစေခဲ့၏။

“ပစ်စမ်း။”

ဒုတိယ နိဗ္ဗာနတပ်တော်က မြားများကို ပစ်ခတ်၏။ ရွှယ်မိသားစုမှ စစ်သည်ရာပေါင်းများစွာတို့က ပြင်းထန်သည့် သတ်ဖြတ်မှုတစ်ခုကို စတင်ကာ တိုက်ခိုက်ကြ၏။ ခန်းမဆောင်ထဲတွင် စစ်သည်နှစ်စုက မြားများဖြင့် တိုက်ခိုက်လျက် ရှိ၏။ အချိန်တိုအတွင်းမှာပင် ရွှယ်မိသားစု၏ စစ်သည် ရာပေါင်းများစွာတို့ ကျဆုံးသွားခဲ့သည်။

ရှမ့်လန်က ရွှယ်မင်ထံသို့ ချဉ်းကပ်သွား၏။

“ရှမ့်လန်... မကြောက်ဘူး။ လုံးဝ မကြောက်ဘူး။”

ရွှယ်မင်က သွေးများ အန်ထွက်နေ၏။ သူက တုန်ယင်စွာ ပြောလိုက်သည်။ “အဘိုးကို စိတ်ပျက်စေမှာ မဟုတ်ဘူး။ အဖေ့ကိုလည်း စိတ်ပျက်စေမှာ မဟုတ်ဘူး။ ကျုပ်က ရွှယ်မိသားစုဝင်ပဲ။ ကျင်းမိသားစု မဟုတ်ဘူး။ ရှမ့်လန်.. ခင်ဗျားမှာ သတ္တိရှိရင် ကျုပ်ကို သတ်လိုက်။ တစ္ဆေဖြစ်သွားရင်တောင် ငရဲပြည်မှာ စောင့်နေပြီး ခင်ဗျားကို တိုက်ခိုက်မယ်။”

ရှမ့်လန်က သူ၏ ဓားကို ဆွဲထုတ်၏။ ရွှယ်မင်၏ ခန္ဓာကိုယ်က တုန်ယင်လာ၏။ ဤလူ၏ နောက်ကွယ်တွင် ဇာတ်လမ်းတစ်ပုဒ် ရှိ၏။ သူက ကျင်းမိသားစု၏ သွေးသားအရင်းအချာ ဖြစ်သောကြောင့် ရွှယ်ချီ၏ မျက်နှာသာကို ရရှိနိုင်ရန် တကယ်ပင် ကြိုးစားခဲ့ရပုံပင်။

“ရှမ့်လန်... ခင်ဗျားကို သတ်မယ်။”

“ဇွိ”

ရှမ့်လန်က ရုတ်တရက် သူ၏ ဓားဖြင့် ခုတ်ချ၏။ ရွှယ်မင်ဆီ တည့်တည့်ခုတ်ချခြင်းပင်။ သို့ပေမည့် ရှမ့်လန်၏ ဓားက တစ်ဖက်လူ၏လည်ပင်းကို မထိဘဲ လည်ပင်းဘေးတစ်ဖက်ရှိ တိုင်ကိုသာ ထိမှန်သွား၏။ ထိုအချိန်မှာတော့ တစ်ဖက်၏ သတ္တိများက ပြိုကွဲသွားခဲ့ပြီ ဖြစ်၏။

“အဒေါ်... အဒေါ် မူလန်.. ကျုပ်ကို ကယ်ပါအုံး။ ကျုပ်ကို ကယ်ပါအုံး။ ကျုပ် လက်နက်ချပါတယ် ဦးလေးရှမ့်လန်... ကျုပ်ကို မသတ်ပါနဲ့။”

ဟုတ်ပေ၏။ ကရုဏာတရားအတွက် တောင်းပန်သံများကို ကြားရချိန်မှ သတ်ဖြတ်ရသည်မှာ အရသာရှိသည်။

“ခွေးသတ္တဝါလေး... စောဏတုန်းက လူကြီးဖြစ်နေပြီဆို။ အခုတော့ ကလေးတစ်ယောက်လို ငိုယိုနေပါလား။” ရှမ့်လန်က သူ၏ဓားနှင့် ခုတ်ဖြတ်လိုက်၏။ ရွှယ်မင်က ခေါင်းဖြတ်ခံလိုက်ရ၏။

ရှမ့်လန်က နိဗ္ဗာနစစ်သည် ရာပေါင်းများစွာတို့ကို ဦးဆောင်ကာဖြင့် ရဲတိုက်၏ ဒုတိယထပ်သို့ ဦးဆောင်တက်သည်။

ဤနေရာတွင် လူရာပေါင်းများစွာ ရှိနေ၏။ ရွှယ်မိသားစုဝင် အားလုံး ရှိနေပြီး တစ်ဝက်က အမျိုးသမီးများပင်။ ထိုအချိန်မှာတော့ ရှမ့်လန်ထံသို့ ဦးတည်ကာ ကြည့်ရှုနေသည့် အကြည့်များက ကြောက်ရွှံ့မှုများနှင့်အတူ အမုန်းတရားများလည်း ပါဝင်၏။ အဖွဲ့ကို ဦးဆောင်နေသူက ရွှယ်ချီ၏မိခင်ဖြစ်၏။ သူမက ယခုနှစ်တွင် အသက် ၇၀ ပြည့်လောက်၏။

“မူလန်..”

ရွှယ်ချီ၏ အမေက အသာပင် ပြောသည်။ “နောက်ဆုံးအကြိမ် ငါ မင်းကို တွေ့တုန်းက မင်းက ဆယ်ကျော်သက် အရွယ်ပဲ ရှိသေးတယ်။ မင်းက အသက် ၁၆ နှစ်မှာ သိုင်းပညာကို သင်ယူဖို့ ငါတို့ တောင်ပင်လယ်ဓားဂိုဏ်းကို ရောက်လာခဲ့တယ်။ အသက် ၁၇ နှစ်ထိ မထွက်ခွာခဲ့ဘူး။ အဲဒီတုန်းက မင်းက ရွှယ်လီ၊ ရွှယ်ဖန်တို့နဲ့ အတူတူ ကစားခဲ့သေးတယ်။”

ကျင်းမူလန်က ရှေ့ကို တိုး၏။ ပြီးနောက် ဦးညွှတ်ကာ ပြောလိုက်၏။ “အဘွားရွယ်ကို နှုတ်ဆက်ပါတယ်။”

ရွှယ်ချီ၏ အမေက ပြောသည်။ “သခင်လေးရှမ့်လန် ဆိုတာ ဒါပဲလား။ မင်း အနိုင်ရခဲ့ပြီ။ မင်းက ငါတို့ ရွှယ်မိသားစုကို ဖျက်ဆီးပြီးသွားပြီ။ လက်စားချေမှုကိုလည်း လုပ်ခဲ့ပြီးပြီ။ မင်းအားလုံးကို ရှင်းပစ်ချင်နေတာလား။”

ရှမ့်လန်က ပြောလိုက်၏။ “မြို့စားကြီးရွှယ်ချီ ဒီတစ်ခါ နုရှောင့်မြို့ကို တိုက်ခိုက်တာက ကျုပ်တို့ရဲ့ ကျင်းမိသားစုကို ဖျက်ဆီးဖို့၊ လေ့ကျိုးကျွန်းစုမှာရှိတဲ့ လူထောင်ပေါင်းများစွာကို သတ်ပစ်ဖို့ ရည်ရွယ် ထားခဲ့တာပဲ။”

ရွှယ်ချီ၏ အမေက ငိုယိုလျက်ရှိသည်။ “သခင်လေးရှမ့်လန်... ကျွန်မသားရဲ့ လုပ်ရပ်က ရက်စက် ကြမ်းကြုတ်တယ် ဆိုတာကို သိပါတယ်။ ဒါပေမယ့် ကောင်းကင်ဘုံက ကျွန်မတို့ကို အပြစ်ပေးခဲ့ပြီးပြီ။ ကြီးမားတဲ့ငလျင်ကြီးက ကျွန်မတို့ နန်ကျိုးမြို့ကို ဖျက်ဆီးခဲ့တယ်။ ဆူနာမီကလည်း ရွှယ်မိသားစုရဲ့ ရေတပ်တွေကို ဖျက်ဆီးခဲ့တယ်။ ဒီပြစ်ဒဏ်က မလုံလောက်သေးဘူးလား။”

ရွှယ်ချီ၏ အမေက ဆက်ပြော၏။ “ကျွန်မတို့ ရွှယ်မိသားစုရဲ့ ရာနဲ့ချီတဲ့လူတွေ ဒီမှာ ရှိနေတယ်။ သက်ကြီးရွယ်အိုတွေ၊ လူငယ်တွေ၊ မိန်းမတွေနဲ့ ကလေးတွေ အများကြီးပဲ။ သူတို့အားလုံးကို ဘယ်လို သတ်နိုင်တာလဲ။

မူလန်... ငါ့အမြင်မှာတော့ မင်းက ဒီလောက် ရက်စက်တဲ့လူ မဟုတ်ပါဘူး။ ငါ့ရဲ့သား ရွှယ်ချီက ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်။ ကောင်းကင်ဘုံက သူ့ကို အပြစ်ပေးခဲ့တယ်။ မင်းသာ ငါတို့ အသက်ကြီးတဲ့သူတွေ၊ အားနည်းသူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို သတ်မယ်ဆိုရင် ကျင်းမိသားစုကလည်း ဒီလိုပဲ အပြစ်ပေးခံရလိမ့်မယ်။ ဒါကို မကြောက်ဘူးလား။”

ရှမ့်လန်က ပြောသည်။ “အဒေါ်ကြီး... ရွှယ်ချီဘယ်မှာလဲ။ ရွှယ်တင်းရော ဘယ်မှာလဲ။ ပြောပြရင် ရွှယ်မိသားစုက ရာနှင့်ချီတဲ့သူတွေကို အသက်ချမ်းသာပေးမယ်။”

ရွှယ်ချီ၏ အမေက အော်ပြောလိုက်၏။ “ကျားတွေတောင်မှ သူတို့ရဲ့ သားပေါက်တွေကို မစားဘူး။ ငါက သူတို့ကို သေအောင် တွန်းပို့ရတော့မှာလား။”

ရှမ့်လန်က ပြောလိုက်သည်။ “ရွှယ်ချီနဲ့ ရွှယ်တင်း ဘယ်မှာရှိတယ် ဆိုတာ ကျုပ်ကို ပြောပါ။ မဟုတ်ရင် ဒီမှာရှိတဲ့ လူတွေအားလုံးကို သတ်ပစ်ရလိမ့်မယ်။”

ရွှယ်ချီ၏ အမေက အချိန်တော်ကြာ ရှိုက်ကြီးတငင် ငိုကြွေးနေ၏။ သူက ရှေးဆန်သည့် သော့တစ်ချောင်းကို ထုတ်ယူပြီး ရှမ့်လန်ကို ပေး၏။

“သူ အိမ်မက်ဆိုး ဂူထဲမှာ ရှိနေတယ်။ ဒါက ဂူကို ဖွင့်ဖို့ သော့ပဲ။”

ရှမ့်လန် မယူခင်မှာဘဲ နာကျည်းမှုက သော့ကို ချက်ချင်း ယူ၏။ ပြီးနောက် သေချာချာ စစ်ဆေးသည်။

ရှမ့်လန်က အဘွားအိုရွှယ်ကို လှမ်းကြည့်၏။ ပြီးနောက် နာကျည်းမှုကို ပြောလိုက်၏။ “ဒီကို ယူလာခဲ့။”

ပြီးနောက် ရှမ့်လန်က ဆဋ္ဌဂံပုံစံ သော့ကို ယူလိုက်၏။

ရုတ်တရက် အဘွားအိုရွှယ်က သူ၏ ဝီစီကိုမှုတ်သည်။

“ဝှစ်” သော့ထဲမှ အနီရောင်အရာ တစ်ခုက မြန်မြန် ထွက်ပေါ်လာခဲ့ပြီး ရှမ့်လန်၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့၏။

ရှမ့်လန်က ဒူးတစ်ဖက် ထောက်ပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။

နာကျည်းမှုက ရှေ့ကို တိုးသွား၏။ ပြီးနောက် ဓားကို ထိုမိန်းမကြီး ရွှယ်၏ လည်ပင်းပေါ်သို့ တေ့ထား၏။ “ဒါ ဘာလဲ။ မြန်မြန် ဖြေဆေး ထုတ်ပေးစမ်း။”

အဘွားအိုရွှယ်က အေးစက်စက်နှင့် ပြောသည်။ “ဒါက စေတီတောင်ရဲ့ ဦးနှောက်ကို စားတဲ့ ကူပိုးကောင်ပဲ။ သွေးကြောတွေကနေ တစ်ဆင့် ခေါင်းထဲကို ဝင်သွားလိမ့်မယ်။ သူအနှစ်ခြိုက်ဆုံး အရာက လူရဲ့ ဦးနှောက်ကို စားသုံးရတာပဲ။ သေမှာ သေချာတယ်။ သေမှာ သေချာတယ်။

ဟား ဟား ဟား ဟား... ရှမ့်လန်... မင်းက ငါတို့ ရွှယ်မိသားစုရဲ့ မရေတွက်နိုင်တဲ့ လူတွေကို သတ်ဖြတ်ခဲ့တယ်။ ဒီတော့ ပြစ်ဒဏ်ကို ခံယူရဖို့ မင်းဆီမှာ တာဝန်ရှိတယ်။ ဖြေဆေး မရှိဘူး။ ဖြေဆေး ဆိုတာ မရှိဘူး။ ဒီပိုးက ဦးနှောက်ထဲကို ဝင်သွားတာနဲ့ ဦးနှောက်ကို လုံးဝ မျိုချလိမ့်မယ်။ ပြီးရင် မျိုးဆက်အဖြစ် ဆက်ပြီး ပွားနေမယ်။ နောက်ဆုံး ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အရာအားလုံးကို စားလိမ့်မယ်။

ရှမ့်လန်.. မင်းက အဆိုးဝါးဆုံး ပုံစံနှင့် သေရလိမ့်မယ်။”

ရွှယ်ချီ၏ အမေက ယခင်ကလို ရို့ကျိုးသည့် ပုံစံမျိုး မဟုတ်တော့ချေ။ ရှမ့်လန်ကို လက်ညှိုးထိုးပြီး စူးစူးဝါးဝါးဖြင့် အော်ဟစ်နေ၏။

နာကျည်းမှုက ဓားကို တစ်ဖက်လူ၏ လည်ပင်းတွင် တေ့ပြီး အော်လိုက်သည်။ “ခင်ဗျား သေမှာ မကြောက်ဘူးလား။ ခင်ဗျားတို့ထဲက ဘယ်သူမှ သေမှာ မကြောက်ဘူးလား။”

ရွှယ်ချီ၏ အမေက ပြော၏။ “ငါတို့အားလုံးက အသုံးမဝင်တဲ့ လူတွေပဲ။ ဒါဆိုရင် ငါတို့ သေတော့ ဘာဖြစ်လဲ။ ရှမ့်လန်ကို သတ်ပြီးရင် ငါတို့အားလုံး သေကြမယ်။ ရှမ့်လန် အဆိုးဝါးဆုံး ပုံစံနဲ့ သေသွားတာကို ငါတို့ မသေခင် မြင်ရပြီ။ ဟား ဟား ဟား ဟား... ဒါဆို ကျေနပ်ပြီ။”

ရှမ့်လန်ပေါ်ရှိနေသည့် သူမ၏ အကြည့်များက ရက်စက် ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေသည်။ “ကျင်းမူလန်... စောင့်ကြည့်နေ။ မင်းရဲ့ ချောမောပါတယ် ဆိုတဲ့ ယောက်ျားက ရက်စက်ကြမ်းကြုတ်လွန်းတဲ့ နည်းလမ်းမျိုးနဲ့ သေတော့မှာပဲ။ သူ့ရဲ့ ထက်မြက်တဲ့ စိတ်တွေ အကုန်လုံးကို ဝါးမျိုပစ်လိုက်လိမ့်မယ်။ သူ့ရဲ့ ဉာဏ်ကောင်းလှပါတယ် ဆိုတဲ့ ဦးနှောက်ကို ဝါးမျိုပစ်တော့မယ်။ ကျင်းမူလန်... ရှမ့်လန်ရဲ့ နာမည်ကို တွေးမိတိုင်း ပျို့အန်ကြပြီး တုန်လှုပ်ခြောက်ခြားမှုကို ခံစားရလိမ့်မယ်။”

ရှမ့်လန်က နာကျင်စွာ အော်ဟစ်နေ၏။ “အား.. အား...”

သို့သော်ငြား သူ၏ အော်ဟစ်သံက တဖြည်းဖြည်းနှင့် ပေါ့ပေါ့တန်တန် ဖြစ်လာ၏။ “အား... ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်လဲ။ ဘယ်လောက်တောင် နာကျင်လိုက်လဲ။”

ရှမ့်လန်က ဘေးတစ်ဖက်တွင် ရှိနေသည့် ဝိုင်တစ်ခွက်ကို အသာလှမ်းယူကာဖြင့် သောက်၏။ ပြီးနောက် သူ၏ လက်များကို ဖွင့်ဟပြ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဦးနှောက်စားသည့် ကူပိုးကောင်များက ရှမ့်လန်၏ လက်ဖဝါးအတွင်းမှာ ထွက်လာပြီး လူးလိမ့်လျက် ရှိနေ၏။ ထိုအရာများက အပြင်းအထန် ထွက်ပြေးရန် ကြိုးစားနေလေသည်။

All Chapters