← Chapters

ကျွန်တော့်မှာ ဝှက်ဖဲရှိတယ်

Vol. 14 Ch. 191

ကျွန်တော့်မှာ ဝှက်ဖဲရှိတယ်

Vol. 14 Ch. 191

မန္တန်ပွဲစဉ်အတွက် ဧဒင်ဥယျာဉ်မှ လူငယ် ကိုယ်စားလှယ်များ ဦးစွာယှဉ်ပြိုင်ရမည် ဖြစ်သည်။

ရှယ်လီ၊ ဩဂတ်စ်နှင့် အာသာတို့ သုံးဦးစလုံးသည် အန်လင်းနှင့် အတော်လေး ရင်းနှီးကြသူများ ဖြစ်သည်။ သူတို့သည် နေ့လယ်စာ အတူစားဖူး ခဲ့ကြသည့်အတွက် အန်လင်းသည် သူတို့နှင့် ဆက်သွယ် စကားပြောရန် အခွင့်အရေး ရရှိခဲ့သည်။

အာသာသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ဖြစ်သည့်အတွက် စင်ပေါ်သို့ ဦးစွာတက်လိုက်သည်။ ငွေရောင်လေးအား ထုတ်ယူလိုက်သည်။ ကောင်းကင်နှင့် မြေပြင်မှ စွမ်းအင်များသည် ရုတ်တရက်ဆိုသလို ပြင်းထန်စွာ စုဆုံလာနောက် ပစ်လွှတ်ရန် ရွှေရောင်မြားတစ်စင်း ပေါ်လာသည်။

ဘုန်း

မြားသည် ကျယ်လောင်သည့် ပေါက်ကွဲမှုနှင့်အတူ ကျောက်ချပ်ပြားအား ထိခတ်မိလေသည်။ စွမ်းအင် ပေါက်ကွဲမှုကြောင့် မြေပြင်တုန်ခါလာသည်။

စင်မြင့်အားကာရံထားသည့် မန္တန်ဝင်္ကပါသည် ပြင်းထန်သည့် ပေါက်ကွဲမှုများကို လျော့ကျသွားသည့်အတွက် အန်လင်းတို့သည် လေပြင်း တိုက်ခတ်သလိုသာ ခံစားကြရလေသည်။

တိုက်ခိုက်ခံရ သော်လည်း ကျောက်ချပ်ပြားသည် မရွေ့မလျား ရှိနေပြီး ယင်းမျက်နှာပြင်ပေါ်တွင် ရလဒ်တစ်ခု ထွက်ပေါ်လာသည်။ မြေကမ္ဘာအဆင့် _ ကနဦးအဆင့်။

“အာသာ ၇ မှတ်”

ဗောဓိသတ္တ ကြေညာလိုက်သည်။

အာသာပြီးသည့် နောက်တွင် စင်ပေါ်၌ နေရာယူသူမှာ ရှယ်လီဖြစ်သည်။

သူမသည် မျက်လုံးများ အနည်းငယ် မှေးကျဉ်းကာဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်သည်မှာ မိုးကောင်းကင်၏ ကောင်းချီးပေးမှုအား ခံယူနေသည့် မိန်းမလှလေးနှင့်ပင် တူလှသည်။

ထိုခဏချင်းမှာပင် အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး သူမ၏ခန္ဓာကိုယ်သည် လေပြည်ညင်းကဲ့သို့ မျောလွင့်လာသည်။ ယင်းသည် အုပ်ချုပ်သူတစ်ဦး ဖြစ်လာရန် အခြေတည်အဆင့် ဖြစ်လေသည်။

သူမ၏ လက်များတွင် အလွန်အားကောင်းသော စွမ်းအင်အပြည့်နှင့် အလင်းလုံးများ ထွက်ပေါ်လာပြီး ကျောက်ချပ်ပြားဆီသို့ လွင့်မျောသွားလေသည်။

ကျောက်ပြားသည် ခေတ္တမျှကြာအောင် တုန်ခါနေပြီးနောက် ရလဒ် ထွက်ပေါ်လာလေသည်။ မြေကမ္ဘာအဆင့် _ နောက်ဆုံးအဆင့်။

“ရှယ်လီ ၉ မှတ်”

ဟွိုင်မင် ကြေညာလိုက်ပြန်သည်။

ထို့နောက်တွင် စင်ပေါ်တွင် ဩဂတ်စ် နေရာယူလိုက်သည်။

သူသည် အန်လင်းနှင့် တပိုင်တို့အား တစ်ချက်တည်းနှင့် ကောင်းကင်မှ ပြုတ်ကျသွားစေရန် တိုက်ခိုက်နိုင်သူ ဖြစ်သည်။ ထို့ကြောင့် သူ၏တိုက်ခိုက်စွမ်းအားမှာ အထင်သေး၍ မဖြစ်နိုင်ချေ။ အကြောင်းမှာ ဩဂတ်စ်သည် ဝမ်ရွှမ်ကျန့်ကဲ့သို့ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ ဖြစ်နေခြင်းကြောင့်ပင်။

ဤတစ်ကြိမ်တွင်လည်း သူအသုံးပြုလိုက်သည့် မန္တန်မှာ နတ်ဘုရား အပြစ်ဒဏ် _ အံ့ဖွယ်အလင်းလေပွေ ဖြစ်သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် တွန့်ဆုတ်ခြင်း မရှိချေ။ အဖြူရောင် အံဖွယ် အလင်းတန်းများသည် ကြောက်မက်ဖွယ် စွမ်းအား အပြည့်ဖြင့် ကောင်းကင်ထက်မှ ဆင်းသက်လာကာ ကျောက်ချပ်ပြားအား ဝင်တိုက်လေသည်။ အလင်းတန်း ပေါက်ကွဲမှုကြောင့် ကြည့်ရှုနေသူများသည် သူတို့၏ မျက်လုံးများအား ဖုံးအုပ်ခြင်း၊ အကြည့်လွှဲခြင်းတို့ ပြုလုပ်ကြရလေသည်။

မန္တန်ဝင်္ကပါ အကာအကွယ်၏ အောက်မှာပင် အလင်းတန်း၏ ရိုက်ခတ်မှုကြောင့် စင်မြင့် အက်ကွဲသွားရသည်။ အဖျက်အဆီး စွမ်းအားများ ထွက်ပေါ်လာသည်ကြောင့် အဝေးတွင် ရှိနေသော အန်လင်းသည်ပင်လျှင် ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်ရသည်။

“ကောင်းကင်အဆင့်၊ ကနဦးအဆင့်”

“ဩဂတ်စ် ၁၀ မှတ်”

ပရိသတ်များထံမှ အံ့ဩတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။

စင်မြင့်ပေါ်တွင် ဦးဆုံးယှဉ်ပြိုင်သည့် အဖွဲ့အနေဖြင့် ဧဒင်ဥယျာဉ် အဖွဲ့သည် ပြောင်မြောက်သည့် စွမ်းရည်များ ပြသခဲ့လေသည်။ သူတို့၏ စုစုပေါင်းရမှတ်သည် ၂၆ မှတ် ဖြစ်သည်ကြောင့် ကျန်ရှိနေသည့် အဖွဲ့ သုံးဖွဲ့အား အမှတ်ပေး ဇယားပေါ်တွင် ဖိအားပေးထား နိုင်လေသည်။

ထို့နောက်တွင် ဖန်တီးခြင်းခန်းမ၏ ကိုယ်စားလှယ်များ စင်မြင့်ထက်တွင် နေရာယူလေသည်။

ဟုန်သို၊ တုန်ယန်နှင့် ဟွမ်ရှန့်တို့သည် ၇ မှတ်၊ ၈ မှတ်၊ ၉ မှတ် အသီးသီး ရရှိကြသဖြင့် စုစုပေါင်း ၂၄ မှတ် ရယူထားနိုင်သည်။

မျှော်လင့်ထားသည့် အတိုင်းပင် အန်လင်းနှင့် တစ်ဦးချင်း တိုက်ခိုက်ခဲ့သော ဟုန်သိုသည် သူ၏ အဖွဲ့တွင် အားအနည်းဆုံး ဖြစ်လေသည်။ အန်လင်းမှာ အနည်းငယ် ထိတ်လန့်လာမိသည်။

ဗုဒ္ဓလောကမှ ကိုယ်စားလှယ်များ သည်လည်း စင်မြင့်ထက်တွင် နေရာယူလိုက်ကြသည်။ ချင်ကျစ်၊ ချင်ယန်နှင့် ချင်ရှင်းတို့သည် ၉ မှတ်၊ ၈ မှတ်၊ ၈ မှတ် ရရှိကြသည်ကြောင့် စုစုပေါင်း ၂၅ မှတ် ရရှိထားလေသည်။

အဖွဲ့ သုံးဖွဲ့သည် အဆင့်လိုက် ရှိနေကြပြီး ဧဒင်ဥယျာဉ်အဖွဲ့သည် အမှတ်ပေး ဇယားအား လတ်တလော ဦးဆောင်ထားလေသည်။

ကောင်းကင်ဘုံပိုင်နက် ကိုယ်စားပြုသူများ ယှဉ်ပြိုင်ရမည့်အလှည့် ဖြစ်လေသည်။

အန်လင်းသည် အခြားသော အဖွဲ့သုံးဖွဲ့အား လှည့်ကြည့် လိုက်သည့်အခါ မဲ့ပြုံး ပြုံးကာဖြင့် သူ့အားကြည့်နေသည်ကို မြင်လိုက်ရသည်။ သူ၏ မျက်နှာထားအရ “ငါက ၇ မှတ် ပဲ ရတော့ကော ဘာဖြစ်သလဲ။ ဘယ်လိုဖြစ်ဖြစ် မင်းကမှ အောက်ဆုံးအဆင့်မှာ ရှိနေမယ့်သူပဲ” ဟု ပြောနေသယောင်ပင်။

ဖာ့ခ် အောက်ဆုံးအဆင့်တွင် ရှိနေသူ တစ်ဦးသည် သူ့အား အထင်သေးစွာ ကြည့်လိုက်သည်တဲ့လား။

မည်သည့်ကြောင့်ရယ်မသိ ဟုန်သို၏ မျက်နှာအား မြင်လိုက်သည့်အခါ အန်လင်းမှာ ရင်ဘတ်ထဲ တင်းကျပ်လာလေသည်။

ဝမ်ရွှမ်ကျန့်သည် စင်မြင့်ပေါ်သို့ ဦးစွာတက်ရောက် သွားလေသည်။ နဂါးမျိုးနွယ် သွေးစွမ်းအားသည် သူ၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေသည်ကြောင့် မိုးကြိုးလျှပ်စီး မန္တန်အား ပိုမိုကာ ကျွမ်းကျင်ပိုင်နိုင် စေလေသည်။ သူ၏ မိုးကြိုးနဂါး နယ်မြေသည် မိုးကြိုးလျှပ်စီးများအား ထုတ်လွှတ်နေသည်ကြောင့် ပရိသတ်အား တုန်လှုပ်သွား စေလေသည်။

သူ၏ရမှတ်မှာ “ကောင်းကင်အဆင့်၊ ကနဦးအဆင့်” ဖြစ်ပြီး ဩဂတ်စ်နှင့် အတူတူပင်ဖြစ်သည်။

ဝမ်ရွှမ်ကျန့်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးသွားလေသည်။ ရမှတ်နှင့် ပတ်သက်၍ မပျော်ရွှင်ပုံ ရသော်လည်း အန်လင်း၏ နံဘေးသို့ ပြန်လာကာ မတ်တတ်ရပ် နေလေသည်။

နောက်တစ်ဦးမှာ လျှိုချင်ဟွမ် ဖြစ်လေသည်။

သူမသည် ကျောင်းတော်၏ အင်မော်တယ် အဆင့်ဇယားတွင် နံပါတ် ၂ နေရာ၌ ရှိနေသူဖြစ်သည်။ အလှအပနှင့် စွမ်းအား နှစ်ရပ်စလုံး ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့အပြင် ဝိညာဉ်ဖွဲ့စည်းခြင်း တစ်ပိုင်း အဆင့်သို့ ရောက်ရှိနေသူလည်း ဖြစ်သည်။

လျှိုချင်ဟွမ်အနေဖြင့် သူမ၏ အစွမ်းအစအား ကောင်းမွန်စွာ ပြသနိုင်မည်ဆိုလျှင် အန်လင်းအတွက် ဝန်ပေါ့သွား နိုင်ပေလိမ့်မည်။

သို့သော်လည်း မည်သည့်ကြောင့်ပင်မသိ အန်လင်းသည် သူ၏အစ်မလျှိုအား မှီခိုရန် မဖြစ်နိုင်ဟု ခံစားမိနေသည်။

“ဟိဟိဟိ နောက်ဆုံးတော့ ငါလေး တောက်ပဖို့ရာ အချိန်ရောက်လာပြီလေ”

လျှိုချင်ဟွမ်သည် ပေါ့ပေါ့ပါးပါး အပြုံးတစ်ခုနှင့်အတူ စင်မြင့်ဆီသို့ လျှောက်လှမ်းသွား လိုက်သည်။ သူမ၏ ခရမ်းရောင် မျက်လုံးလေးများသည် ကြယ်စင်များကဲ့သို့ တလက်လက် တောက်ပနေလေသည်။

လျှိုချင်ဟွမ် စင်မြင့်ထက်သို့ ရောက်ရှိသွားသည်နှင့် ချက်ချင်းဆိုသလို သောင်းနှင့်ချီသည့် အမျိုးသားထုကြီး၏ အားပေးမှုအား ရရှိလိုက်လေသည်။

သူမသည် အနက်ရောင် ကျောက်ချပ်ပြားအား ကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်း ရှုရှိုက်လိုက်သည်။ ထို့နောက်တွင် လက်ဖဝါး နှစ်ဖက်စလုံးအား ဆန့်တန်းလိုက်သည်။

အမွှေး ၆ ခု နှင်တံသည် သူမ၏ နံဘေးတွင် ဝဲပျံနေပြီး အလွန်ကြောက်မက်ဖွယ်ရာ စွမ်းအားကို ထုတ်လွှတ်လိုက်လေသည်။

“Final Spark ကို မြည်းကြည့်လိုက်”

သူမ၏ ကြည်လင် ပြတ်သားသည့် အော်သံမှ သူမ၏ နှင်တံမှ ပစ်လွှတ်လိုက်သည့် စွမ်းအင်ပေါက်ကွဲမှုနှင့် ပေါင်းစပ်သွားလေသည်။ ပန်းရောင်စွမ်းအင် တစ်ခုသည် လေဆာနှင့် ပစ်လိုက်သကဲ့သို့ ကျောက်ချပ်ပြားအား ရိုက်ခတ်သွားလေသည်။

ဘုန်း

စွမ်းအင်ပေါက်ကွဲမှုမှ အလွန်မြင့်သည့် အပူများ ထွက်ပေါ်လာပြီး ကျောက်ချပ်ပြား တဝိုက်တွင် လေပြင်းများ တိုက်ခတ်နေလေသည်။

အန်လင်းသည် ထိုအရာအား မြင်သည့်အခါမှသာ စိတ်သက်သာရာရပြီး အသက်ရှူ နိုင်တော့သည်။ ဤကဲ့သို့သော အဖျက်အဆီး စွမ်းအားများ ပါဝင်သော မန္တန်သည် အနည်းဆုံး ၉ မှတ် ရရှိသင့်လေသည်။

ကျောက်ချပ်ပြားပေါ်တွင် ရမှတ် ထွက်ပေါ်လာသည်။

“မြေကမ္ဘာအဆင့်၊ ကနဦးအဆင့်”

ဗောဓိသတ္တဟွိုင်မင်မှ ကြေညာလိုက်ပြန်သည်။

“လျှိုချင်ဟွမ် ၇ မှတ်”

“ဘ ... ဘာဖြစ်တယ်။ ၇ မှတ်ပဲလား”

အန်လင်းမှ မယုံကြည်နိုင်မှုကြောင့် မျက်လုံးများ ပြူးကျယ်လာလေသည်။

သူသာလျှင်မက ရင်ပြင်ရှိ သောင်းနှင့်ချီသော ကြည့်ရှုနေကြသူ အပေါင်းတို့သည်လည်း တုန်လှုပ်မှုကြောင့် တိတ်ဆိတ်သွားကြပြီး နောက်တွင် ကျယ်လောင်သည့် မကျေနပ်သံများ ထွက်ပေါ်လာလေသည်။

“သောက်ရေးမပါဘူး။ ဘာလို့ ၇ မှတ်ပဲလဲ။ ကျွန်မရဲ့ Final Spark ရဲ့ စွမ်းအားက လုံးဝ ပြိုင်ဘက်ကင်းတယ်။ အနည်းဆုံး ၁၁ မှတ် လောက် ရသင့်တယ်”

လျှိုချင်ဟွမ်သည် မျက်ခုံးများ တွန့်ကွေးသွားပြီးနောက် ဟွိုင်မင်အား ငြင်းခုန်လေသည်။

ဟွိုင်မင်သည် အနည်းငယ် ရှုံ့မဲ့သွားပြီးနောက် လက်အုပ်ချီလိုက်သည်။

“ဒါယိကာမလေး လျှိုရဲ့ မန္တန်က တကယ်ကို အံ့ဩဖို့ကောင်းတဲ့ အဖျက်အဆီး စွမ်းရည်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့လည်း အနှစ်သာရ မရှိပါဘူး။ တစ်စုံတစ်ခုကို အတင်းအားပြု တုပထားတာနဲ့ တူနေပါတယ်။ ဒါက အခွံသပ်သပ်ပဲရှိပြီး အတွင်းမှာ ထိုးထွင်းသိမြင်မှုတွေ ပါဝင်နေခြင်း မရှိပါဘူး”

သူ၏အသံမှာ အရမ်းမကျယ်သော်လည်း ကြည့်ရှုနေသည့် ပရိသတ်အားလုံးသည် သူ၏ ရှင်းလင်းချက်အား ကြားရလေသည်။

ပရိသတ်ထဲတွင် ပျက်ပြယ်ခြင်း အဆင့်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များ ပါဝင်နေသည်ကြောင့် မမှန်မကန် ဆုံးဖြတ်ခဲ့မည်ဆိုလျှင် ကန့်ကွက်မည့်သူ ပေါ်လာနိုင်ပေသည်။

ကျောင်းသားများမှာလည်း အသိဉာဏ်နုံနဲသူများ မဟုတ်ကြသည့်အတွက် ဟွိုင်မင်၏ ရှင်းပြချက် အပြီးတွင် တိတ်ဆိတ်သွား ကြလေသည်။ သို့သော်လည်း သူတို့၏ မျက်နှာများတွင် မကျေနပ်သည့် အမူအရာများ ရှိနေဆဲဖြစ်သည်။

လျှိုချင်ဟွမ်သည် အန်လင်း၏နံဘေးသို့ ပြန်လည်ရောက်ရှိ လာပြီးနောက် မကျေနပ်ချက်များအား တတွတ်တွတ ် ရွတ်ဆိုကာ ကျိန်ဆဲနေလေသည်။

ကောင်းကင်ဘုံ ပိုင်နက်မှ ၁၀ မှတ်နှင့် ၇ မှတ် အသီးသီး ရရှိထားသည့်အတွက် အသန်မာဆုံးနှင့် အားအနည်းဆုံး အဖွဲ့ဝင်များအဖြစ် ထင်မြင်စေလေသည်။

ဖန်တီးခြင်းခန်းမသည် ဤပွဲစဉ်တွင် သူတို့အနေဖြင့် နောက်ဆုံး နေရာတွင်သာ ရပ်တည်နိုင်မည်ဟု တွေးထင်မိခဲ့သည်။ သို့သော်လည်း မျှော်လင့်မထားသည်မှာ ကောင်းကင်ဘုံ ပိုင်နက်မှ ဝိညာဉ်ဖွဲ့စည်းခြင်း တစ်ပိုင်းအဆင့်ရှိ ကျောင်းသူသည် ၇ မှတ်သာလျှင် ရရှိခဲ့ခြင်းပင်။

ရုတ်တရက်ဆိုသလို ကံကောင်းသွားပြီဟု ခံစားမိလိုက်သည်။

ဟုန်သိုသည် အသာရယ်မောလိုက် ပြီးနောက် …

“အန်လင်းက ငါ့လောက်ပဲ စွမ်းတာပါကွာ။ သူ့ရလဒ်က အမြင့်ဆုံးမှ ၆ မှတ် ၇ မှတ်ပေါ့”

ရင်ပြင်ရှိ သောင်းနှင့်ချီသော ကျောင်းသားများသည်လည်း ကံကောင်းသွားပြီဟု ခံစားနေမိသည်။

“၁၀ ရယ် ၇ ရယ် ၁၂ ရယ် ဆိုရင် စုစုပေါင်း ၂၉ မှတ်ပေါ့ဟ”

“ရမှတ်က ၃၀ တောင် မရဘူးလား။ ရှက်ဖို့ ကောင်းလိုက်တာကွာ”

“ပထမ ရနေသရွေ့ အဆင်ပြေတယ်ကွာ။ ငါတို့သာ စကေးတွေ ပြနိုင်မယ်ဆိုရင် ကျန်တဲ့အဖွဲ့တွေ ပြိုင်ချင်စိတ် ရှိတော့မှာကို မဟုတ်ဘူး”

“အမှန်ပဲ။ နတ်ဘုရား အန် အနေနဲ့ နည်းနည်းတော့ အလျှော့ပေးသင့်တယ်နော်။ ၁၀ မှတ်လောက်ဆို အဆင်ပြေပြီ။ အမှတ်သိပ်မကွာမှ ပွဲက ကြည့်ကောင်းမှာ”

***

အန်လင်း၏အလှည့် ရောက်ရှိလာပြီ ဖြစ်သည်။

ဘေးမှရပ်ကြည့်နေသူများ ထံမှ ရုတ်တရက်ဆိုသလို ကျယ်လောင်သည့် အားပေးမှုများ ထွက်ပေါ်လာလေသည်။ အခြားသော ပြိုင်ပွဲဝင်များသည် ဤသို့သော အားပေးမှုမျိုး မရရှိခဲ့ကြချေ။

ရုတ်တရက် ထွက်ပေါ်လာသည့် အားပေးမှုများကြောင့် ဟုန်သိုမှာ အံ့ဩဆွံ့အသွား မိလေသည်။

“ရူးနေကြလားဟ။ အန်လင်းက ဘာလို့များ အဲဒီလောက် ပေါ်ပြူလာ ဖြစ်နေရတာလဲ”

ဖန်တီးခြင်းခန်းမ၏ ကိုယ်စားလှယ်များ အားလုံးတို့သည် ထူးဆန်းသည့် သတ္တဝါများ ဖြစ်ကြသဖြင့် အခြားသော ကျောင်းသားများနှင့် အဆက်အသွယ် မရှိကြချေ။ ထို့အတွက်ကြောင့် အန်လင်း၏ အသက်ရှူ မှားလောက်ဖွယ်ရာ ဒဏ္ဍာရီများကို မသိရှိကြခြင်း ဖြစ်သည်။

ပွဲကြည့်ပရိသတ်များ၏ အမြောက်အများ အားပေးမှုသည် အန်လင်းအား ဖိအားကြီးစွာ ရရှိစေသည်။

သူသည် အရေခွံထူလှသူ ဖြစ်သော်လည်း အတ္တနှင့်လူသားသာ ဖြစ်သည်။ လူတိုင်းအား စိတ်မပျက်စေလိုပါ။

အင်အားကြီး လေးရပ်တွင် ဟုန်သိုနှင့် အာသာတို့ကဲ့သို့ စွမ်းရည် ထုတ်ဖော်မှုတွင် အနည်းငယ် နိမ့်ကျသူများ ရှိနေသော်လည်း သူတို့သည် သူတို့သက်ဆိုင်ရာ အင်အားစုများ၏ အကောင်းဆုံးသော ထူးချွန်ပါရမီရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ အသုံးပြုလိုက်သည့် မန္တန်များသည် မည်သည့်နည်းနှင့်မျှ အဆင့်နိမ့်လိမ့်မည် မဟုတ်ပေ။

သူ၏တွက်ချက်မှု အရဆိုလျှင် တောင်ခွင်းလက်သီးအား အသုံးပြုပါက ၅ မှတ် မျှသာလျှင် ရရှိလိမ့်မည်။ တောင်ခွင်းလျှပ်စီး လက်သီးအား ကောင်းမွန်စွာ အသုံးပြုမည်ဆိုလျှင် ၆ မှတ် ၇ မှတ် မျှ ရရှိလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့အနေဖြင့် အောက်ဆုံးနေရာကိုသာ ရရှိမည် ဖြစ်သည်။

စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်မှာမူ ပထမ နည်းစနစ်သည် အတော်လေး နက်နဲကာ ဝံ့ကြွားဖွယ်ရှိသော်လည်း စွမ်းအား လျော့နည်းလေသည်။ ထိုနည်းစနစ်၏ စွမ်းအား တိုးမြင့်လာစေရန် မိစ္ဆာရှင်းဓားအား အသုံးပြုမည်ဆိုလျှင် ကျောက်ချပ်ပြားသည် အခြေခံစွမ်းရည် ကိုသာလျှင် ထည့်သွင်းစဉ်းစားကာ တွက်ချက်ဖော်ပြမည် ဖြစ်သည်။

ထို့အတွက်ကြောင့် သူ၏ ဝှက်ဖဲ အား အသုံးပြုရန်မှတပါး ရွေးချယ်စရာ မရှိတော့ချေ။

သူ့အနေဖြင့် ဂရုတစိုက် အသုံးပြုမည်ဆိုလျှင် အဆင်ပြေနိုင်ပေ လိမ့်မည်။

အန်လင်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူ၏စိတ်အား ပြင်ဆင်လိုက်သည်။ ဝမ်ရွှမ်ကျန့်ထံသို့ လျှောက်လှမ်းသွား ပြီးနောက် …

“စီနီယာ ဝမ် ကျွန်တော်က ဝှက်ဖဲ သုံးမှာမို့လို့ ကျွန်တော့် ဘေးမှာနေပြီး ကာကွယ်ပေးလို့ ရမလားဗျ”

ဝမ်ရွှမ်ကျန့်သည် အန်လင်းပြောသည်ကို ကြားလိုက်သည့်အခါ အနည်းငယ်မျှပင် အသိစိတ် လွတ်သွားလေသည်။ ထို့နောက်တွင် တုန်လှုပ်စွာဖြင့် …

“မင်းရဲ့ စွမ်းအားကို အပြည့်အဝ အသုံးပြုမယ်ပေါ့။ မရဘူး။ ခဏလေး ... မင်းရဲ့ စွမ်းအားကုန် သုံးမယ်ဆိုရင် ဘာလို့များ ငါက ကာကွယ်ပေးစရာ လိုလို့လဲ”

“ကျွန်တော်က စိတ်ဝိညာဉ် ပျိုးထောင်ခြင်း ကနဦးအဆင့်ပဲ ရှိသေးတာလေ”

“ဒါပေမဲ့ ကျွန်တော် အသုံးပြုမယ့် မန္တန်ကတော့ ... ကျွန်တော် ကိုယ်တိုင်တောင် နည်းနည်း ကြောက်နေမိတယ်ဗျ”

“အဲဒါကြောင့် စီနီယာက ကျွန်တော့်ကို ကာကွယ်ပေး စေချင်တာပါ”

အန်လင်းသည် အလေးအနက် ထားကာဖြင့် ပြောလိုက်သည်။

ဝမ်ရွှမ်ကျန့်သည် မည်သည့် ကြောင့်ရယ်မသိ အန်လင်း၏ ရိုးသားသည့် အမူအရာအား မြင်လိုက်သည့်အခါ ရိုးတွင်းချဉ်ဆီထဲအထိ အေးစက်လာသည်ဟု ခံစားမိနေသည်။ အနည်းငယ် ကြောက်ရွံလာပြီး သဘောတူလက်ခံရန် တုံ့ဆိုင်းနေမိသည်။

“ဝါး ... အန်လင်းရေ နင်က အကွက်ဆန်းတွေ ပြတော့မယ်ပေါ့။ ကာကွယ်ပေးရမှာပေါ့ဟယ်။ ငါ့ရဲ့ ပရစ်ဇမ် အကာအကွယ်လေး သုံးရချည်သေးရဲ့”

လျှိုချင်ဟွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလာသည်။

ဝမ်ရွှမ်ကျန့်သည် နှုတ်ခမ်းများ တွန့်ကွေးကာဖြင့် ရှုံ့မဲ့သွားလေသည်။ လျှိုချင်ဟွမ်သည်ပင် ထိုသို့ပြောလာလျှင် သူ့အနေဖြင့် ရွေးချယ်စရာ မရှိတော့ချေ။ ထို့ကြောင့် အံကြိတ်ကာဖြင့် သဘောတူလိုက်ရ လေသည်။

ထိုသို့ဖြင့် အန်လင်းသည် ပရိသတ်များစွာ၏ အကြည့်များအောက်တွင် ကျောက်ချပ်ပြားထံ လျှောက်လှမ်း သွားတော့သည်။

ဤတစ်ကြိမ်တွင် သူ့အား ပံ့ပိုးကူညီမည့် အဖွဲ့နှင့်ဖြစ်လေသည်။

***

All Chapters