← Chapters

မိုမိသားစု၊ မိုယု

Vol. 99 Ch. 1388

မိုမိသားစု၊ မိုယု

Vol. 99 Ch. 1388

မိုမိသားစု၏ တည်နေရာကို လူအနည်းငယ်ကသာ သိကြသည်။

ယခုလေးတင်ရောက်လာသည့် လုချန်ရှန်းအတွက်မူ သိရန်ဟူသည် ပို၍ပင်မဖြစ်နိုင်ပေ။

သို့သော် စနစ်က အရင်ကပေးဆောင်ခဲ့သည့် တာ၀န်များ၏သဘာ၀ကို အခြေခံရမည်ဆိုပါက တာ၀န်ကို ဤနေရာတွင် ထုတ်ပေးခဲ့လေရာ မိုယုက အရမ်းကြီးအဝေးတွင်ရှိမည်မဟုတ်။

လုချန်ရှန်း ပတ်၀န်းကျင်ကိုအာရုံခံရန်အတွက် ဝိဉာဉ်ကို ထုတ်လွှတ်တော့မည့်အချိန်တွင် သူ့မြင်ကွင်းထဲသို့ အမျိုးသမီးတစ်ဦး၀င်လာခဲ့သည်။

အမျိုးသမီးကအရပ်ရှည်ပြီး လျော့ရဲရဲဖြစ်နေသည့် အနက်ရောင်၀တ်စုံကို ၀တ်ထားလေရာ ၎င်းက သူမ၏ ကောက်ကြောင်းများနှင့် ဆွဲဆောင်မှုရှိသည့်ကိုယ်ခန္ဓာကို မဖုံးကွယ်ထားနိုင်ပေ။

သူမ၏မျက်နှာ၌ နုပျိုမှုအရိပ်အယောင်တစ်ခုရှိနေဆဲဖြစ်ပြီး ဟုန်ရင်၏သူရဲကောင်းစိတ်ဓာတ် သို့မဟုတ် ကျိုးပိုင်လု၏ မြင့်မြတ်သည့်ကျက်သရေနှင့် မတူစွာပင် ဤအမျိုးသမီးက ချိုမြိန်ပြီး ချစ်စရာကောင်းသည့်ဘက်သို့ ပိုသွားသည်။

သို့စေကာမူ သူမထက်ပိုကြီးမားပုံရသည့် ကျော၌ချည်ထားသည့်ရုပ်သေးက သူမပုံရိပ်နှင့် တိုက်မိနေသည်။

အမျိုးသမီးက လုချန်ရှန်းကိုတွေ့သွားသဖြင့် တစ်ခဏမျှရပ်ပြီးနောက်ပြောသည်။

"ဟေး၊ ရှင့်ကဘယ်သူလဲ၊ ဘာလို့ဒီမှာ ရှိနေရတာလဲ"

လုချန်ရှန်းစကားမပြောပေ။

အမျိုးသမီးမှာ လုချန်ရှန်းဆီသို့ လျှောက်သွားပြီး အောက်နှုတ်ခမ်းပေါ် လက်ချောင်းတင်ကာ သူ့ကိုစစ်ဆေးရင်း မျက်မှောင်ကြုတ်ပြီး ဝေခွဲမရဖြစ်နေပုံရသည်။

"ရှင့်ကမိုမိသားစုကလား"

လုချန်ရှန်းခေါင်းခါယမ်းသည်။

"ဒါဆိုရှင့်ဒီကိုမ၀င်လာသင့်ဘူး" အမျိုးသမီး အံ့ဩသင့်တကြီးပြောသည်။

အမျိုးသမီး၏စကားလုံးများမှတဆင့် ဤနေရာကို မိုမိသားစုသာ ပိုင်ဆိုင်တယ်ဆိုတာကို အတည်ပြုနိုင်သည်။

"ဒါဆို မိုမိသားစုဘယ်မှာလဲဆိုတာ မင်းသိလား" လုချန်ရှန်းမေးသည်။

အမျိုးသမီးမှာ လုချန်ရှန်းအား ထူးဆန်းသည့် အမူအရာဖြင့်ကြည့်လာသည်။

"ဒါက မိုမိသားစုရဲ့ခံတပ်တွေထဲက တစ်ခုပဲ၊ ရှင့်ဒီမှာတောင်ရောက်နေပြီကို ဘာလို့ မသိရတာလဲ"

လုချန်ရှန်းဘာတစ်ခုမှမသိပေ။

သူဒီနေရာကို ရောက်လာရခြင်းက ဒီနေရာက အာကာသအဆက်တစ်ခု တည်ဆောက်ရန်အတွက် သင့်တော်သည့်အတွက်ကြောင့်ပင်။

တကယ်တမ်း၌ သူက သူတို့တံခါး၀ရှေ့တွင် ရောက်နေခဲ့ခြင်းပေတည်း။

"ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး" အမျိုးသမီးလက်ဝှေ့ယမ်းပြီးနောက် ရုတ်တရက် ရယ်မောသည်။

"အရမ်းကောင်းတယ်၊ ကျွန်မအစောင့်တွေခေါ်လာဖို့မေ့သွားတယ်၊ ရှင့်ကျွန်မအစောင့်အဖြစ် ဟန်ဆောင်မယ်ဆိုရင်ရော၊ ကျွန်မရှင့်ကို မိုမိသားစုကို ခေါ်သွားပေးမယ်လေ"

အစောင့်လား!

လုချန်ရှန်းကြက်သေသေသွားသည်။

"ငါဘယ်သူလဲဆိုတာတောင် မင်းမသိဘဲနဲ့ ငါ့ကိုမင်းနဲ့အတူ ခေါ်သွားရဲတာလား"

အမျိုးသမီးက လက်အစုံကိုဖြန့်ရင်း လုချန်ရှန်းကို ကျော်ကာ ရှေ့သို့လျှောက်သွားသည်။ လျှောက်သွားရင်း သူမပြောသည်။

"တျန်းဂျီတိုက်ကြီးက ဘယ်သူမှ မိုမိသားစုကို ရန်မစရဲဘူး၊ တစ်ယောက်ယောက်ကို မိုမိသားစုကို ပြဿာနာရှာချင်ရင်တောင် ဒီလိုအသေးအနုတ် ခံတပ်လေးတစ်ခုကို လာနေမှာမဟုတ်ဘူး"

တကယ်တမ်းတွင် မိုမိသားစုကို ရန်စနိုင်စွမ်းရှိသူများက ခံတပ်မဟုတ်ဘဲ ပင်မနေအိမ်သို့သာ တိုက်ရိုက်သွားကြမည်သာ။

ထိုစကားကိုကြားသောအခါ လုချန်ရှန်း သူမနောက်မှ လိုက်သွားသည်။

ဒါ့အပြင် လုချန်ရှန်း၏ ၀တ္တုမျိုးစုံကို ဖတ်ခဲ့သည့် အတိတ်ဘ၀အတွေ့အကြုံကို ထောက်ဆပါက ဤအမျိုးသမီးက မိုယုဖြစ်လောက်သည်။

ထို့ကြောင့် သူမ၏ပုံစံအသွင်အပြင်ကို အရင်ဆုံးလေ့လာရန် သူဆုံးဖြတ်လိုက်၏။

.....

မိုယုနောက်ကနေတဆင့် သူတို့အစီအရင်များစွာကို ဖြတ်ကျော်ခဲ့ကြသည်။

သူ့စွမ်းရည်များနှင့်ပတ်သက်၍ မိုယု မည်သည့်သံသယမှ မ၀င်နိုင်စေရန်အတွက် လုချန်ရှန်း အစီအရင်တစ်ချို့ကို တမင်တကာပင် ထိခဲ့ပြီး ထိန်းချုပ်ကာ တိုက်ခိုက်ခံရသည့်အသွင် ဟန်ဆောင်နေခဲ့သည်။

မိုယု လုချန်ရှန်းကို ပြန်ကယ်တင်ခဲ့ပြီးနောက် စိတ်တိုနေသည့်အသွင် မျက်လုံးများကိုလှိမ့်ကာ လက်အစုံကို တင်ပါးပေါ် ထောက်လိုက်၏။

"သတိထား၊ ရှင့်ကအခုကျွန်မအစောင့်ပဲ၊ တခြားသူတွေမြင်ရင် ကျွန်မရဲ့ဂုဏ်သတင်းက တကယ်ပျက်ပြားသွားလိမ့်မယ်"

"အစ်ကိုကြီး၊ ရှင့်ခွန်အားက မလုံလောက်ပုံပဲ၊ အနား၀န်းကျင်ကို မသွားလာဖို့သတိရပါ၊ ခေးအောစ့်နယ်မြေထဲမှာ လှည့်လည်သွားလာတာက အန္တရာယ်ရှိနိုင်တယ်" မိုယုကြင်နာစွာသတိပေးသည်။

"ပြီးတော့ ကျွန်မတို့မိုမိသားစုကို သွားတဲ့အခါကျရင်လည်း စကားမပြောဘဲ ဆရာတစ်ယောက်လိုပဲဟန်ဆောင်နေလိုက်၊ တစ်ခုခုဖြစ်ပျက်လာတဲ့အခါကျရင် ကျွန်မရှင့်ကိုကာကွယ်ပေးမယ်"

လုချန်ရှန်းပြုံးရင်း ခေါင်းညိတ်သည်။

အင်း၊ သူကတကယ်သစ္စာရှိတာပဲ!

မိုမိသားစုက အမှန်တကယ်ပင် တျန်းဂျီတိုက်ကြီး၏ ထိပ်တန်းအင်အားစုတစ်ခုဖြစ်ထိုက်သည်။ ခံတပ်များကိုပင် အစီအရင်များစွာ၀န်းရံထားသလို ကောင်းကောင်းဖုံးကွယ်ထားသေးသည်။

သစ်ခေါက်တစ်ခုနှင့်တူသည့်တုံကင်တစ်ခုကို ပုံရိပ်ယောင်အစီအရင်တစ်ခုပေါ် သုံးလိုက်စဉ် ရွာကလေးတစ်ရွာ၏ မြင်ကွင်းက လုချန်ရှန်းရှေ့တွင် ပေါ်လာသည်။

ပုံရိပ်ယောင်အစီအရင်ကို အသက်မသွင်းထားသည့်တိုင် လုချန်း ရွာကလေး၏ ဖွဲ့စည်းပုံတစ်ခုလုံးကို ရှင်းလင်းစွာ မြင်နိုင်နေဆဲပင်။

ထိုအချိန်တွင် ရွာအ၀င်၀၌ အဖိုးအိုတစ်ဦးက ကြိမ်ပင်တစ်ပင်အားမှီကာရပ်နေသည်။ အဖိုးအိုတွင် ကြင်နာတတ်သည့် အကြည့်တစ်ခုရှိပြီး သူ့နောက်၌ ဂုဏ်ယူနေပုံရသည့် လူငယ်တစ်ဦးရပ်နေသည်။

"ဒီမိသားမှုစစ်ဆေးမှုအတွက် မိန်းကလေးကို ကိုယ်တိုင်တာ၀န်ပေးလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး၊ ပြောဖို့လိုနေတဲ့ တခြားအရေးပါတဲ့ကိစ္စရပ်များရှိလို့လား"

လူငယ်၏မျက်လုံးများက မိုယုအား စိတ်အားထက်သန်စွာပင် စိုက်ကြည့်နေသည်။

မိုယုလက်ဝှေ့ယမ်းသည်။

"ဘာမှအရေးကြီးတာမရှိဘူး၊ ရုပ်သေးထုတ်လုပ်မှုကို ဘယ်လိုဖြစ်သွားပြီလဲဆိုတာ ကြည့်ဖို့အတွက် ငါဒီကိုရောက်လာတာ"

မိုမိသားစု၏ လုပ်ဆောင်မှုပုံစံက အတော်လေးတင်းကျပ်သည်။

ပင်မမိသားစုက သူတို့ကိုယ်ပိုင်အသုံးပြုရန်အတွက် အဆင့်မြင့်ရုပ်သေးများအား ထုတ်လုပ်ရန်ကိုသာ အာရုံစိုက်ထားသည်။

အလယ်အလတ်နှင့်အဆင့်နိမ့်ရုပ်သေးများကိုမူ အရင်းအမြစ်များအတွက် လှဲလှယ်ရောင်းချရန်အတွက် အောက်က ခံတပ်ထောင်ချီက ထုတ်လုပ်ကြရသည်။

ဒါကလည်း မိုမိသားစုအတွက် အရေးပါသော၀င်ငွေရင်းမြစ်ဖြစ်ပြီး မိသားစုစီးပွားရေး၏ ၇၀ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။

ထို့အတွက်ကြောင့်ပင် ဤသည်က အလွန်အမင်းအရေးပါလာသည်။

နှစ်စဉ်နှစ်တိုင်း ပြင်ပခံတပ်များ၌ ရုပ်သေးထုတ်လုပ်မှုအခြေအနေများကို စစ်ဆေးရန်အတွက် တစ်ယောက်ယောက်ကို စေလွှတ်တတ်ကြသည်။

ဤသည်က အရင်းအမြစ်များအား ခိုးယူသိမ်းပိုက်ထားခြင်းကနေ ကာကွယ်ရန်လည်းဖြစ်သည်။

အဖိုးအို၏မျက်နှာက မပြောင်းလဲဘဲရှိနေသည်။ သို့သော် သူ့နောက်ကလူငယ်ကမူ အနည်းငယ်မျက်ခုံးကြုံ့လိုက်မိသည်။

၄င်းကအတော်လေးသိမ်မွေ့သည့်တိုင် လုချန်ရှန်း သတိထားမိနေဆဲပင်။

သူ့မျက်စိထဲက ဘာတစ်ခုမှ မလွတ်သွားပေ။ ဒီအတွက် တစ်ခုခုတော့ရှိရပေမည်။

"အရမ်းကောင်းတယ်၊ ကျုပ် မိန်းကလေးကို ခေါ်သွားပေးရမလား" အဖိုးအိုပြုံးသည်။

မိုယုခေါင်းညိတ်ပြီး လက်ယပ်ပြသည်။

"ဦးဆောင်ပါ"

မိုယုလျှောက်သွားစဉ် လုချန်ရှန်း သူမနောက်ကလိုက်သွားသည်။

လူငယ်မှာ လုချန်ရှန်း၏လမ်းကြောင်းကို ပိတ်ဆို့ပြီးနောက် ထူးမခြားနားစွာပြောသည်။

"ဒါက မိုမိသားစုရဲ့ အရေးပါတဲ့နေရာတစ်ခုပဲ၊ တိုက်ရိုက်မျိုးဆက်မဟုတ်တဲ့သူတွေ ၀င်လို့မရဘူး"

လုချန်ရှန်းစကားမပြောဘဲ ဂရုမစိုက်သည့်အသွင် ကြည့်လိုက်၏။

လုချန်ရှန်း၏ အလေးမထားသည့်အကြည့်ကို မြင်သောအခါ လူငယ်နှာ အနည်းငယ်စိတ်တိုလာပြီး တစ်ခုခုပြောတော့မည့်အချိန် မိုယု၏အသံက ကြားဖြတ်လာသည်။

"သူကငါ့အစောင့်ပဲ၊ ဘာလဲ၊ နင့်မှာ ကန့်ကွက်စရာရှိလို့လား"

လူငယ်မှာ အလျင်အမြန်ပင်ပြောသည်။

"ဒါပေမယ့် သူကမိုမိသားစု၀င်မဟုတ်သေးဘူးလေ၊ ပြီးတော့ သူ့ကိုယ်ထဲမှာ မိုမိသားစုရဲ့သွေးကြောကိုလည်း မသယ်ထားဘူး၊ ငါတို့စည်းမျဉ်းတွေကို ဒီလိုချိုးဖျက်လို့မရပါဘူး၊ မိန်းကလေး"

"ငါကအဆင်ပြေတယ်ဆိုရင် အဆင်ပြေတယ်ပေါ့၊ ဘာလဲ၊ နင်ငါ့အကြောင်းကို ပင်မမိသားစုဆီသွားပြီး တိုင်ကြားချင်လို့လား" မိုယုပြန်လည်ချေပသည်။

လူငယ်၏မျက်နှာကအနည်းငယ် မည်းမှောင်သွားပြီး စိတ်ထဲက ကျိန်ဆဲနေမိသော်လည်း မိုယု၏ရာထူးကို ထောက်ဆမိသည့်အပေါ် နောက်ထပ်စကားမပြောရဲတော့ပါ။

ဤအချိန်မှာပင် အဖိုးအိုက ကြား၀င်ညှိုနှိုင်းရန် ရောက်လာသည်။

"ကောင်းပြီ၊ မိန်းကလေးက အဆင်ပြေတယ်ဆိုမှတော့ ဒီလိုပဲ လုပ်ကြတာပေါ့၊ ဘာပဲဆိုဆို ဒီကိစ္စကို မိုမိသားစုအတွင်းမှာ လျှို့ဝှက်ချက်တစ်ခုလို့ ယူဆလို့မှမရတာ"

ထိုသို့ပြောရင်း အဖိုးအိုမှာ လုချန်ရှန်းအား စစ်ဆေးကြည့်ရှုလိုက်ပြီး သူ့စွမ်းအားကို ကောင်းစွာ သိမြင်သွားပုံရသဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချသည်။

တကယ်တမ်း၌ အဖိုးအိုမြင်သွားခဲ့သည့် ခွန်အားက လုချန်ရှန်း မိုယုထက် နိမ့်ကျပုံပေါ်စေရန်အတွက် သူ့အော်ရာကို တမင်တကာထိန်းချုပ်ခဲ့ခြင်း၏ ရလဒ်ဖြစ်သည်။

အဖိုးအို၏လမ်းညွှန်မှုအောက်တွင် မိုယုနှင့် လုချန်ရှန်းတို့ ဂူတစ်ဂူထဲ ၀င်လာခဲ့သည်။

ရှည်လျားသည့် လှေကားထစ်များကို ဖြတ်ကျော်ပြီးနောက် သူတို့မြင်ကွင်းက ရုတ်တရက် ကျယ်ပြန့်သွား၏။

အောက်က ‌ပုန်းလျှိုထားသည့် သုခဘုံတစ်ခုရှိသည်။

ရုပ်သေးအုပ်စုကြီးတစ်ခုက အောက်တွင် ရပ်နေပြီး သိပ်သည်းထူထပ်ကာ မရေမတွက်နိုင်လောင်အောင် များပြားသည်။

ထိုကြီးမားသည့်ရုပ်သေးအုပ်အတွင်း လူများက အဆက်မပြတ်လှုပ်ရှားနေကြပြီး ရုပ်သေးအစိတ်အပိုင်းများကို စစ်ဆေးနေကြသည်။

အဖိုးအို အပြုံးဖြင့်ပြောသည်။

"ပင်မမိသားစုရဲ့ အဓိကလိုအပ်ချက်တွေနဲ့အညီ ဒီနှစ်မှာ ကျုပ်တို့ နတ်သခင်နယ်ပယ်ရုပ်သေးသုံးထောင်နဲ့ နတ်ဧကရာဇ်နယ်ပယ်ရုပ်သေးငါးရာကို ထုတ်လုပ်ခဲ့ပါတယ်"

မိုယုခေါင်းညိတ်သည်။

"ဒါပေမယ့် ရှင့်မနှစ်က ပင်မမိသားစုဆီက ပစ္စည်းတွေအများကြီး လျှောက်တင်ခဲ့တာကို ကျွန်မမှတ်မိပါသေးတယ်၊ ပစ္စည်းပမာဏကို ထည့်တွက်ကြည့်မယ်ဆိုရင် ဒီလောက်လေးပဲ ထုတ်လုပ်နိုင်တယ်ဆိုတာ ဖြစ်သင့်လို့လား"

ဤနေရာတွင် မိုယု အဖိုးအိုအား လှည့်ကြည့်ရင်း အနည်းငယ်ပြုံးသည်။

သူမ၏နုပျိုနေသည့်မျက်နှာလေးက အရာရာတိုင်းကို ချက်ချင်းမြင်နိုင်သည့် ပါးနပ်မှုအရိပ်အယောင်တစ်ခုကို ပြသနေသည်။

All Chapters