← Chapters

လုချန်ရှန်း၊ ဒါကမခက်ပါဘူး

Vol. 99 Ch. 1389

လုချန်ရှန်း၊ ဒါကမခက်ပါဘူး

Vol. 99 Ch. 1389

ဤကမ္ဘာကြီးထဲတွင် လူတစ်ယောက်ကို စုံစမ်းစစ်ဆေးရန်အတွက် ကိုယ်တိုင်ကိုယ်ကျစေလွှတ်ပါက ဤသည်က အမြဲလိုလို သူတို့က ကိစ္စရပ်၏ အမှန်တရားကို နားလည်ပြီးသားဟု ဆိုလိုနေခြင်းပင်။

ဆိုရိုးစကားရှိသည်မဟုတ်ပေလော။ ထိုမေးခွန်းကိုမေးသောအခါ ယေဘုယျအားဖြင့် အဖြေကို သင်နှင့်တကွ အတူယူဆောင်လာနေခြင်းဖြစ်သည်။

တိုးတက်မှုကိုစစ်ဆေးရန်အတွက် ဤကိုရောက်လာခြင်းက တကယ်တမ်း၌ စုံစမ်းစစ်ဆေးမှုတစ်ခုသာ။

အဖိုးအိုကဒါကိုနားလည်သည်။ မဟုတ်ပါက သူမိုယုကို လုချန်ရှန်းကိုပါ ခေါ်လာခွင့်ပြုမည်မဟုတ်။

ဘာအတွက်ကြောင့်နည်း။

အဖိုးအို၏အသွင်အပြင်က မူလသိမ်မွေ့ဖွယ်ရာအမူအရာကနေ မည်းမှောင်အေးစက်သည့် အမူအရာအဖြစ်သို့ ရုတ်တရက်ပြောင်းသွားပြီး သူ့အကြည့်က ဆိုးယုတ်သည့်အရိပ်အစွန်းများနှင့် ပြည့်နှက်သွား၏။ သူ့ပါးစပ်ထောင့်စွန်းက အရေးအကြောင်းများနှင့်အတူ ကွေးညွတ်သွားစဉ် သူ့အမူအရာက အလွန်အင်မတန် ရက်စက်ပုံရသည်။

"မိန်းကလေး၊ ဒီကိုလာပြီး မင်းကိုယ့်ကိုကိုယ်လုံး၀မစွန့်စားသင့်ပါဘူး"

ဒါကိုကြားသော် မိုယုနှာခေါင်းရှုံ့သည်။

"ဘာလဲ၊ ရှင့်က ကျွန်မကို မျက်ကန်းတစ်ယောက်လို ပြုမူစေချင်တာလား"

"ဒီနှစ်တွေအတွင်းမှာ မိသားစုထဲက ပစ္စည်းအသုတ်တွေအများကြီး ပျောက်သွားတယ်၊ မိသားစုမှာ ဘာသဲလွန်စမှ မရှိဘူးလို့ ရှင့်ထင်နေတာလား"

အဖိုးအို အကြိမ်ပေါင်းများစွာ ကျယ်လောင်စွာရယ်မောသည်။

"ဒီလိုအသေးအဖွဲ့ပစ္စည်းလေးတွေက ပင်မမိသားစုအတွက်တော့ ဘာမှမဟုတ်ပါဘူး၊ ညစ်ပတ်ပြီး ပင်ပန်းရတဲ့အလုပ်ကို လုပ်နေရတဲ့ ငါတို့မှာ နည်းနည်းလောက် အပေါ်စီးကနေ လုပ်ပိုင်ခွင့်မရှိဘူးလား"

တကယ်တမ်းတွင် ဤကဲ့သို့ပစ္စည်းပမာဏက အားကောင်းချမ်းသာသည့် မိုမိသားစုအတွက် ဘာမှမဟုတ်ပေ။

သို့စေကာမူ မတားဆီးပါက တခြားအခြေစိုက်စခန်းများကလည်း အလားတူစတင်လုပ်ဆောင်လာမည်ဖြစ်ကာ အချိန်ကြာလာသည်နှင့်အမျှ ဤပမာဏသေးသေးလေးက မိုမိသားစုအတွက် သိသာသည့် ခြိမ်းခြောက်မှုတစ်ခုအဖြစ် စတင်စုဝေးသွားပေလိမ့်မည်။

မိုမိသားစုမှာ တျန်းဂျီတိုက်ကြီးတွင် နှစ်ပေါင်းသိန်းချီကြာအောင် မပြိုမလဲဘဲ ရပ်တည်ခဲ့သည်။ သူတို့တွင် အတွင်းပိုင်းရော၊ အပြင်ပိုင်းတွင်ပါ အတော်လေးတင်းကျပ်သည့် စည်းမျဉ်းများရှိသည်။

ထို့ကြောင့် ယခုလိုခြိမ်းခြောက်မှုမျိုးကို အစမှာပင် ရပ်တန့်ပစ်ရပေမည်။

"ကောင်းပြီလေ၊ ရှာတွေ့သွားပြီဆိုမှတော့ ငါတို့မင်းကို ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားခွင့်မပြုနိုင်တော့ဘူး" ထို့နောက် အဖိုးအို လက်ကိုင်တုတ်ကို မြေကြီးပေါ်သို့ အားသုံးကာ ရိုက်နှက်လိုက်၏။

အချက်ပြမှုတစ်ခုပေးပို့လိုက်သည့်အလား ရုတ်တရက် ဒါဇင်နှင့်ချီသောလူများက အောက်က ရုပ်သေးများ၏ဘေးတွင် ပေါ်လာကြသည်။ ရုပ်သေးများကို ထိန်းချုပ်ရန်အတွက် သူတို့ဝိဉာဉ်စွမ်းအားကို အသုံးပြုရင်း အောက်က ထောင်ချီသောရုပ်သေးများက တညီတညာတည်းပင် လှုပ်ရှားလာကြပြီး သူတို့အကြည့်ကို မိုယုနှင့် လုချန်ရှန်းထံ ပို့လွှတ်လိုက်ကြသည်။

သို့တိုင် မိုယုက ထိတ်လန့်သွားခြင်းမရှိဘဲ သူမ၏လှပသည့်မျက်နှာလေးက တည်ငြိမ်စွာရှိနေသေးပြီး ခပ်ပေါ့ပေါ့ပင် ပြောသည်။

"ကျွန်မကိုသတ်ပြီးရင် ပင်မစံအိမ်က မသိတော့ဘူးလို့ ထင်နေတာလား"

"သူတို့သိသွားတော့ရောဘာအရေးလဲ၊ ငါတို့ မိန်းကလေးကို ပြန်လွှတ်ပေးမယ်ဆိုရင်တောင် ငါတို့က သေခြင်းတရားရဲ့ လမ်းကြောင်းပေါ် ရောက်နေတာပဲလေ၊ ငါတို့မင်းကို အခုသတ်လိုက်မယ်ဆိုရင် ဒီအခြေစိုက်စခန်းကို ဖျက်သိမ်းပြီး တျန်းဂျီတိုက်ကြီးကနေ ထာ၀ရထွက်ခွာသွားနိုင်တာပဲ" အဖိုးအိုနှာခေါင်းရှုံ့သည်။

"ငါတို့ရဲ့ရုပ်သေးဖန်တီးမှုစွမ်းရည်တွေနဲ့ဆိုရင် ဘယ်နေရာမှာမဆို အခြေချနေထိုင်နိုင်မယ့်နေရာတစ်ခုကို ရှာဖွေနိုင်ပါတယ်"

"ရှင့်တို့လွတ်မြောက်မှာမဟုတ်ဘူး" မိုယုခေါင်းခါယမ်းရင်းပြုံးသည်။

"ရှင့်တို့ကျွန်မကိုတောင် မသတ်နိုင်လောက်ပါဘူး"

ထိုသို့ပြောပြီးနောက် မိုယု ကျော၌ချည်ထားသည့် ဧရာမရုပ်သေးကို ဖြည်ရင်း ရစ်ပတ်ထားသည့် အဖြူရောင်ပတ်တီးလိပ်များအား ခွာလိုက်သည်။ ထို့နောက် လက်အစုံနှင့် စည်းတံဆိပ်တစ်ခုဖန်တီးလိုက်လေရာ သူမ၏ဝိဉာဉ်မှ ကျယ်ပြောသည့်စွမ်းအားက ရုပ်သေး၏ နဖူးအလယ်ဗဟို၌ သမုဒ္ဒရာလှိုင်းများကဲ့သို့ စတင်တိုး၀င်သွား၏။

အံ့ဩသင့်ဖွယ်ကောင်းစွာပင် ရုပ်သေး၏ မျက်လုံးအပေါက်များ၌ အလင်းတန်းတစ်ခု စတင်ပေါ်ပေါက်လာသည်။

ကြီးမားသည့်တည်ရှိမှုတစ်ခုက မြေအောက်လွင်ပြင်တစ်ခုလုံး၌ ပျံ့သွားသည်။

ဒါကိုမြင်သောအခါ အဖိုးအိုရယ်မောရင်း မြေကြီးကို လက်ကိုင်တုတ်နှင့် ထပ်မံထိုးစိုက်လိုက်သည်။ သူ့ကိုယ်ခန္ဓာကို ဗဟိုပြုရင်း ကျယ်ပြန့်သည့် စည်းတံဆိပ်စာအုပ်တစ်အုပ်က ပွင့်လာကာ မြေအောက်လွင်ပြင်တစ်ခုလုံးကို ဖုံးသွားသည်။

မိုယု၏မျက်နှာက ချက်ချင်းပြောင်းသွားပြီး သူမကိုယ်ကရပ်သွားကာ ဝိဉာဉ်စွမ်းအားက စတင်ဖိနှိပ်ခံလိုက်ရသည်။

သို့သော်တခြားသူများက ထိခိုက်ခြင်းမရှိချေ။

"မိန်းကလေး၊ မင်းရောက်လာမယ့်အကြောင်း သိပြီးနောက်မှာ ငါတို့ဘာပြင်ဆင်မှုမှ မလုပ်ထားဘူးလို့ ထင်နေတာလား" အဖိုးအိုအေးစက်စွာ နှာခေါင်းရှုံ့သည်။

"မိန်းကလေးရဲ့ ဝိဉာဉ်ထိန်းချုပ်ခြင်းမြင့်မြတ်ခန္ဓာက တကယ်ကို ထူးခြားတယ်ဆိုပေမယ့် အပြည့်အ၀မဖွံ့ဖြိုးရသေးတာကတော့ ၀မ်းနည်းစရာပဲ၊ ငါတို့မင်းဝိဉာဉ်စွမ်းအားကိုပဲ ဖိနှိပ်ဖို့လိုတာ၊ ဒါဆိုရင် မင်းရုပ်သေးတွကို ထိရောက်စွာနဲ့ အသက်သွင်းနိုင်မှာမဟုတ်ဘူး"

ရုပ်သေးများကို အသက်သွင်းရန်အတွက် စွမ်းရည်သာမရှိပါက မိုမိသားစု၏ တိုက်ရိုက်မျိုးဆက်များက သူတို့၏ တိုက်ခိုက်ရေးထိရောက်မှုအများစုကို ဆုံးရှုံးသွားရပေလိမ့်မည်။

မိုယုမျက်နှာပေါ်ကအရောင်က တဖြည်းဖြည်းမည်းမှောင်လာပြီး အလျင်အမြန်နောက်ဆုတ်ကာ လုချန်ရှန်းဘေးသို့ရွေ့ရင်း ညင်သာစွာပြောသည်။

"အချိန်ကျလာတဲ့အခါကျရင် ကျွန်မရှင့်ကို ကာကွယ်ပေးမယ်၊ အရင်ဆုံးထွက်ပြေးဖို့သတိရ"

လုချန်ရှန်းရယ်မောသည်။

"ဒါဆိုမင်းကရော"

"အာ၊ အရမ်းသစ္စာရှိနေတယ်ပေါ့၊ ဟုတ်လား" မိုယုခါးသီးစွာပြန်ဖြေသည်။

"ဘာပဲဆိုဆို ဒါကမိုမိသားစုရဲ့ကိစ္စပဲ၊ ကျွန်မက ရှင့်ကို ဒီထဲဆွဲခေါ်လာသူလေ၊ ရှင့်ကို အကြောင်းမဲ့ ဒီနေရာမှာ ကျွန်မအတွက် သေစေရမယ်ဆိုရင် ကျွန်မအတော်လေး နောင်တရမိလိမ့်မယ်"

လုချန်ရှန်းတိတ်တဆိတ်ခေါင်းညိတ်လိုက်မိသည်။

သူမ၏စရိုက်ကမဆိုးပေ။

သို့သော် လမ်းတစ်လျှောက်၌ မိုယုလုပ်ခဲ့သည့်အရာများကို ကြည့်မည်ဆိုပါက သူမကနည်းနည်းစိတ်မချရဟု သူသံသယဖြစ်နေမိသည်။

ပထမဆုံးသူမက အတော်လေးအလျင်စလိုဖြစ်လွန်းပြီး ထောင်ချောက်ရှိမရှိကို လုံး၀လျစ်လျူရှုခဲ့ကာ ချက်ချင်းဆိုသလို ၀င်တိုက်ခိုက်လိုက်သည်။

ထို့နောက် သူမက တခြားသူများ၏ ကိစ္စရပ်များ၌ ၀င်ရောက်စွက်ဖက်ခြင်းကို သဘောကျပုံပင်။

လုချန်ရှန်း စိတ်ထဲကနေ အနည်းငယ် ပူပန်နေမိသည်။

ဒုတိယယဲ့ချိုးပိုင်များလား!

အဖိုးအိုက သူတို့စကားကိုမကြားနိုင်လောက်သော်လည်း တစ်ချို့ကိုတော့ မှန်းဆနိုင်သည်။

"စိတ်မပူပါနဲ့၊ ဘယ်သူမှ ထွက်သွားနိုင်မှာမဟုတ်ပါဘူး၊ အားလုံးကိုတစ်ချက်တည်းနဲ့ ဖမ်းနိုင်ဖို့အတွက် ငါမိန်းကလေးရဲ့ အစောင့်တွေကိုလည်း ၀င်ခွင့်ပေးခဲ့တာလေ"

အဖိုးအိုဆိုးယုတ်စွာရယ်မောသည်။

"၀င်‌ပေါက်ကိုပိတ်လိုက်ပြီ၊ ငါ့အမိန့်မရှိသရွေ့ ဘယ်သူမှဒီထဲက မလွတ်မြောက်နိုင်ဘူး"

ထို့နောက်သူလက်ဝှေ့ယမ်းသည်။

"တိုက်ကြ၊ ဘာသနားညှာတာမှုကိုမှ မပြသနဲ့၊ သူတို့ကို အမြန်ဆုံးသတ်ပစ်ကြ၊ မလိုလားအပ်တဲ့ အရှုပ်အထွေးတွေကို ရှောင်တိမ်းကြ"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အောက်က ဒါဇင်နှင့်ချီသောလူများက ရုပ်သေးများကို စတင်ခြယ်လှယ်ကြစဉ် ထောင်ချီသောရုပ်သေးများက မိုယုနှင့် လုချန်ရှန်းအား ချက်ချင်းတိုက်ခိုက်လိုက်ကြ၏။

မိုယုရှေ့တိုးကာ လုချန်ရှန်းရှေ့တွင် ရပ်လိုက်သည်။

"စိတ်မပူပါနဲ့၊ ကျွန်မရှင့်ကို ဒီကနေ ခေါ်ထုတ်သွားမယ်"

"မင်းဘယ်လိုခေါ်ထုတ်သွားမှာလဲ" လုချန်ရှန်းခေါင်းခါယမ်းရင်း ရယ်မောသည်။

"၀င်ပေါက်ကိုပိတ်လိုက်ပြီလေ၊ ပြီးတော့ မင်းရဲ့လက်ရှိခွန်အားနဲ့ မင်းကသူတို့ပြိုင်ဘက်မဟုတ်ဘူး၊ မင်းမှာ တခြားဝှက်ဖဲတွေရှိသေးလို့လား"

မှန်ပေသည်။ သူမတွင်ဝှက်ဖဲတစ်ခုရှိသည်။

၎င်းကိုအသက်သွင်းရန်အတွက် အချိန်လိုအပ်သည်။ ကံဆိုးစွာပင် ပြိုင်ဘက်က သူမကို ထိုသို့လုပ်ဆောင်ရန် အခွင့်အရေးပေးမည်မဟုတ်။

မိုယုတုံ့ဆိုင်းနေစဉ် လုချန်ရှန်း သူမပခုံးကိုပုတ်ရင်း သူမရှေ့သို့လျှောက်သွားသည်။

ထိုထောင်ချီသောရုပ်သေးများ၏ တိုး၀င်လာမှုကို ရင်ဆိုင်ရင်း သူ့အမူအရာက မပြောင်းလဲဘဲရှိနေသည်။

အဖိုးအိုနှာခေါင်းရှုံ့သည်။

"ဘာလဲ၊ မိန်းကလေးထက်တောင် ပိုအားနည်းတဲ့အစောင့်တစ်ယောက်ကလား၊ ဘိုးဘေးနယ်ပယ်အစောပိုင်းအဆင့်ကိုတောင် မကျော်လောက်ဘူး၊ ဒါမှမဟုတ် မင်းသစ္စာရှိမှုကို ပြဖို့ကြိုးစားနေတာလား"

"ငါမင်းကိုအကြံတစ်ခုပေးပါရစေ၊ သေတော့မယ့်အချိန်မှာ သစ္စာရှိမှုကို ပြသစရာမလိုဘူး၊ မင်းသေသွားရင် အရာအားလုံးက ပြီးသွားလိမ့်မယ်၊ သစ္စာရှိတာက ဘာအသုံး၀င်လို့လဲ၊ သစ္စာတရားက ခေးအောစ့်နယ်မြေမှာ ဈေးအပေါ်ဆုံးကုန်ပစ္စည်းပဲ"

မိုယုခါးသီးစွာသာပြုံးသည်။

"ရှင့်ကိုပါ၀င်စေမိတဲ့အတွက် ကျွန်မတောင်းပန်ပါတယ်"

လုချန်ရှန်း အဖိုးအိုကို အာရုံမစိုက်ဘဲ မိုယုအားပြောသည်။

"ငါတို့သေမှာမဟုတ်ပါဘူး"

မသေဘူးလား!

မိုယုကြက်သေသေသွားသည်။

အဖိုးအိုမှာ ကြမ်းတမ်းစွာ ရယ်မောလေတော့သည်။

လုချန်ရှန်း မိုယု၏ဧရာမရုပ်သေးကို လှမ်းကြည့်လိုက်၏။

ဤရုပ်သေးက ထိုထောင်ချီသောရုပ်သေးများထက် ပိုအားကောင်းလောက်သည်။

သူကလည်း ရုပ်သေးတစ်ခုကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို နားလည်ရန် လိုအပ်လေရာ အထူးသဖြင့် မိုယုကဲ့သို့ ရုပ်သေးစွမ်းရည်၌ ကျွမ်းကျင်သူတစ်ဦးအဖြစ် ကိုက်ညီအောင်လုပ်ရမည်ဖြစ်လေရာ ၎င်း၏အတွင်းပိုင်းတည်ဆောက်ပုံကို သူလေ့လာပြီး နောက်ပိုင်း ပုံတူဖန်တီးနိုင်ရန်အတွက် ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို သင်ယူသင့်ပေသည်။

ဤသည်ကို စိတ်ထဲထားရင်း လုချန်ရှန်း၏မျက်လုံးများမှ ရွှေရောင်အလင်းတန်းတစ်ခုထွက်လာပြီး ဧရာမရုပ်သေးပေါ်သို့ တိုက်ရိုက်ကျရောက်သွား၏။

မိုယုရော အဖိုးအိုပါ ထိတ်လန့်သွားကြသည်။

သူဘာလုပ်ဖို့ကြိုးစားနေတာလဲ!

မိုမိသားစုသွေးကြောမရှိတဲ့ မင်းလိုလူတစ်ယောက်က ရုပ်သေးတစ်ခုကို ထိန်းချုပ်ချင်နေတာလား!

ဒီအတွက် ဘယ်လောက်ထိ သိမ်မွေ့တဲ့ နတ်ဝိဉာဉ်ထိန်းချုပ်စွမ်းအားနှင့် ထူးခြားတဲ့ ထိန်းချုပ်နည်းစနစ်တွေကို လိုအပ်သလဲဆိုတာ မင်းနားလည်လား!

ခရက်ခ်!

သို့သော် ထိုအချိန်မှာပင် ရုပ်သေး၏လက်က ရုတ်တရက်မြှောက်သွားသည်။

လုချန်ရှန်း သဘောပေါက်သွားသည့်အသွင်ခေါင်းညိတ်သည်။

"အိုး၊ဒါဆို ဒီလိုမျိုးပေါ့၊ ဒါပေမယ့် အဲလောက်ကြီးလည်း ရှုပ်ထွေးပုံမပေါ်ပါဘူး၊ တည်ဆောက်ပုံကလည်း ကြမ်းတမ်းလွန်းတယ်မလား"

အဖိုးအို၏အမူအရာက ထိတ်လန့်မှုအဖြစ် ကူးပြောင်းသွား၏။

မိုယု၏မျက်နှာ၌ အံ့ဩသင့်နေသည့် အကြည့်တစ်ခုရှိနေပြီး ချိုမြိန်သည့် အသွင်အပြင်လေးပေါ်၌ မယုံနိုင်မှုအား ခြယ်သထားသည်။

ရှင့်က မိုမိသားစုရဲ့ အချိန်အတော်ကြာ ပျောက်ဆုံးနေတဲ့ တရားမ၀င်ကလေးတစ်ယောက်များလား!

All Chapters