ငါ့ကိုမင်းဆရာအဖြစ် လက်ခံမယ်ဆိုရင်ရော
Vol. 99 Ch. 1390
ရုပ်သေးတစ်ခုစီတိုင်းက ၎င်း၏ ထိန်းချုပ်ရေးဗဟိုချက်ကို ဖန်တီးရန်အတွက် အားထုတ်မှုအများကြီးလိုအပ်သည်။
ဒါက ရုပ်သေးဆရာတိုင်း၏ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ရုပ်သေးများကို ဝိဉာဉ်စွမ်းအားဖြင့် ထိန်းချုပ်ခြင်းဖြစ်သဖြင့် အကယ်၍ ထိန်းချုပ်ဗဟိုချက်ကသာ အခြေခံကျလွန်းပါက ဗဟိုချက်၏ ဝိဉာဉ်အမှတ်အသားကို အလွယ်တကူ ချိုးဖျက်ရန်နှင့် ရုပ်သေးကို ထိန်းချုပ်ရန်အတွက် ရုပ်သေးကို ထိန်းချုပ်သူထက် ပိုအားကောင်းသည့် ဝိဉာဉ်နှင့်လူတစ်ယောက် သို့မဟုတ် အလားတူခွန်အားနှင့် လူတစ်ယောက်သာလိုအပ်သည်။
ရုပ်သေးဆရာတစ်ယောက်အတွက် ဒါက အတော်လေးကြောက်စရာကောင်းသည့် ရှုထောင့်တစ်ခုပင်။ ရုပ်သေးများက ရုပ်သေးဆရာများ၏ အဓိကတိုက်ခိုက်မှုပုံစံတစ်ခုဖြစ်နေသည် မဟုတ်ပေလော။
ရုပ်သေးများမရှိသည့် ရုပ်သေးဆရာတစ်ဦးက လက်ထဲတွင် ဓားမရှိသည့်ဓားသမား၊ ဓားမြှောင်မပါသည့် ဓားမြှောင်ဆရာ၊ ဓားရိုးမပါသည့် သားသတ်သမားတစ်ဦးနှင့် တူပေသည်။
ခေးအောစ့်နယ်မြေ၌ ရုပ်သေးနယ်ပယ်တွင် ကျော်ကြားသည့် ထိပ်တန်းအင်အားစုတစ်ခုအဖြစ် မိုမိသားစု၏ ထိန်းချုပ်ဗဟိုချက်များက အင်မတန်ရှုပ်ထွေးသည်။
သို့သော် လုချန်ရှန်းတိုက်ရိုက်ပင် ထိန်းချုပ်ခဲ့ပြီး ၎င်းကလည်း သူ့အတွက် မယုံနိုင်စရာကောင်းလောက်အောင် လွယ်ကူနေပုံပင်။
ထိန်းချုပ်ဗဟိုချက်များက ရှုပ်ထွေးပွေလီသော်လည်း လုချန်ရှန်းအဆင့်ရှိ လူတစ်ယောက်အတွက် ဒါက အရမ်းကြီးစိန်ခေါ်နေသည့်အရာမဟုတ်ပါ။
တစ်နည်းအားဖြင့် လက်ထဲတွင် တစ်ခုခုကို ဖျစ်ညှစ်လိုက်သည့်ပမာလွယ်ကူသည်။
အဖိုးအို၏မျက်နှာက အလွန်အမင်းကြည့်ရဆိုးနေပြီး မိုယုကလည်းလုံး၀ကို ထိတ်လန့်သွားခဲ့သည်။
လက်ရှိတွင် မိုယု၏နယ်ပယ်က ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်သာဖြစ်သဖြင့် သူမ၏ ဝိဉာဉ်ထိန်းချုပ်ခြင်းမြင့်မြတ်ခန္ဓာ၏စွမ်းရည်ကို မှီခိုအားကိုးရင်း ဘိုးဘေးနယ်ပယ်အထွဋ်အထိပ်အဆင့် ရုပ်သေးတစ်ခုကိုသာ ထိန်းချုပ်နိုင်သည်။
သို့သော်လုချန်ရှန်းကရော၊ သူက သူမလမ်းဘေးတွင် တွေ့ခဲ့သည့်လူတစ်ယောက်သာဖြစ်ပြီး အရမ်းကြီးအားကောင်းပုံလည်းမပေါ်ပေ။
သူအပြင်ဘက်တွင်ရှိသည့် ထောင်ချောက်များစွာထဲသို့ပင် တစ်ခုပြီးတစ်ခု တက်နင်း၀င်သွားခဲ့သည်။
ထိုကဲ့သို့ဝိဉာဉ်စွမ်းအားမျိုးနှင့် သူဘယ်လိုလုပ် အောင်မြင်ခဲ့လေသနည်း။
ငါးပူတင်းလေးတစ်ကောင်ပမာ သူမ၏ ပါးလေးနှစ်ဖက်က ဖောင်းလာပြီး မေးသည်။
"ရှင့်က တစ်ချိန်လုံး ကိုယ့်စွမ်းအားကိုယ်ဖုံးကွယ်ထားခဲ့တာမလား"
တစ်ခဏမျှတွေးပြီးနောက် လုချန်ရှန်းပြန်ဖြေသည်။
"နည်းနည်းလေးပါပဲ"
နည်းနည်းလေးလား!
ကုန်တင်ကားကကုန်စည်နှင့်ပိုတူသလိုပဲ!
မိုယု အရင်က သူ့ကို သတိပေးခဲ့သည့်စကားလုံးများနှင့် သတိထားရန်အတွက် ရှင်းပြခဲ့တာကို ပြန်သတိရသွားသောအခါ သူမ၏မျက်နှာလေးက ရှက်စိတ်နှင့်အတူ နီမြန်းသွားခဲ့သည်။
သူမထိုအကြောင်းကိုပိုတွေးတောလေလေ၊ ပိုဒေါသထွက်လေလေပင်။
ထို့နောက်သူမ၏မျက်နှာလေးကို လက်နှစ်ဖက်နှင့်ဖုံးကာ ရုတ်တရက်မြေပေါ် ဆောင့်ကြောင့်ထိုင်ရင်း ရှက်ကိုးရှက်ကန်းငိုယိုနေလေတော့သည်။
ဤမြင်ကွင်းကိုကြည့်ရင်း အဖိုးအို၏ အမူအရာက တိုင်းတာ၍မရနိုင်လောက်အောင် မည်းမှောင်သွားပြီး လက်ဝှေ့ယမ်းသည်။
"သူတို့ရုပ်သေးကို ထိန်းပဲထိန်းချုပ်ခဲ့တာ၊ ဒါပေမယ့် အပြည့်အ၀မထိန်းချုပ်နိုင်သေးဘူးဆိုတာ သေချာနေတာပဲ၊ လူတိုင်းပဲ၊ အားအင်အပြည့်နဲ့တိုက်ခိုက်ပြီး သူတို့ကို နေရာမှာတင် သတ်ပစ်ကြ"
တိမ်မည်းများကဲ့သို့ ထိုးတက်လာသည့် ရုပ်သေးများက လုချန်ရှန်းနှင့် မိုယုတို့ကို တိုက်ခိုက်သည်။
ဒါကိုမြင်သော် လုချန်ရှန်း၏မျက်လုံးများက အနည်းငယ်ပင့်တက်သွားစဉ် အမိန့်ကြိုးမျှင်များက သူ့ဝိဉာဉ်စွမ်းအားကနေတဆင့် ဧရာမရုပ်သေးထံ စီးဆင်းသွား၏။
ထိုအချိန်မှာပင် ဧရာမရုပ်သေးက ဧရာမဖိနှိပ်အားတစ်ခုနှင့်အတူ ပေါက်ကွဲသွားသည်။
လုချန်ရှန်း ဝိဉာဉ်စွမ်းအားကို အထဲသို့ ဆက်လက်ထည့်သွင်းနေစဉ် ဧရာမရုပ်သေးက ရှေ့သို့လက်သီးတစ်ချက်ထိုးလိုက်သည်။
ကြီးမားသည့်အားက တုန်ခါမှုလှိုင်းတစ်ခုအဖြစ်ပြောင်းသွားပြီး အနီး၌ပြေး၀င်လာသည့် ဒါဇင်နှင့်ချီသောရုပ်သေးများကို ပျံ့သွားစေသည်။
အဖိုးအို၏အမူအရာက ပို၍ပင်မည်းမှောင်လာသည်။
မိုယုကလည်း အံ့ဩသင့်သွားသည်။
"ဒါရှင့်ရုပ်သေးကို ပထမဆုံးအကြိမ်သုံးတာလား"
လုချန်ရှန်းခေါင်းညိတ်ကာ ရုပ်သေးအား မကျေနပ်သည့်အသွင်ကြည့်လိုက်၏။
"ဒါပေမယ့် အကန့်အသတ်တစ်ခုရှိနေပုံပဲ၊ ဟမ်၊ ရုပ်သေးက သူ့ရဲ့ကိုယ်ပိုင်အဆင့်နဲ့ ကိုက်ညီတဲ့ စွမ်းအားကိုပဲသုံးနိုင်တယ်"
တကယ်တမ်းတွင် ဒါကရုပ်သေးများ၏ အားနည်းချက်လည်းဖြစ်သည်။ ၎င်းတို့တွင် ပကတိမျက်နှာကြက်တစ်ခုရှိပြီး ရုပ်သေးဆရာတစ်ဦးကသာ ရုပ်သေး၏ ကန့်သတ်ချက်များကို တိုးမြှင့်နိုင်သည်။
လုချန်ရှန်း မကျေမနပ်ဖြစ်နေသေးတာကို မြင်သောအခါ မိုယုအတိဆွံအနေသည်။
လူများက ရန်သူများကိုရင်ဆိုင်ရသောအခါ ကျားတစ်ကောင်ကိုစားမည့် ၀က်တစ်ကောင်ပမာဟန်ဆောင်တတ်ကြသည်။
ဒါကဘာလို့မိတ်ဆွေတွေကိုလည်း သက်ရောက်နေရတာလဲ!
"ဒီနှုန်းနဲ့ဆိုရင် ထိရောက်မှုက အရမ်းနိမ့်တယ်၊ ဒါကိုပြင်လို့ရမလားဆိုတာ ကြည့်ကြရအောင်......"
ဒါဘာကိုဆိုလိုတာလဲ!
မိုယု လုချန်ရှန်း၏လုပ်ရပ်များကို စောင့်ကြည့်နေစဉ် သူ့ခန္ဓာက နိယာမစွမ်းအားမျိုးစုံကို ရုပ်သေးထဲသို့ ပေါင်းစပ်နေတာကို တွေ့လိုက်ရသည်။
ဤအခိုက်အတန့်မှာပင် ရုပ်သေး၏ တည်ဆောက်ပုံက ၀န်ပိနေသည့်အလား အက်သံများကို စတင်ထုတ်လွှတ်သည်။
လုချန်ရှန်းခမျာ အနည်းငယ်အံ့သြသင့်သွားရသည်။
"ငါထိန်ချန်ထားတယ်လေ၊ ဘာလို့ ဒါလေးတောင်မခံနိုင်ရတာလဲ"
"ဒီရုပ်သေးကမလုံလောက်တာလား"
ထို့ကြောင့် လုချန်ရှန်း ရုပ်သေးကိုယ်ထဲ ထည့်သွင်းထားသည့် နိယာမစွမ်းအားအားလုံးက်ု ညာလက်မောင်းထံ လွှဲပြောင်းရန် စဉ်းစားလိုက်၏။ အနည်းဆုံးတော့ ၎င်းက အလုံးစုံဖျက်ဆီးခံရမည်မဟုတ်။
"မိုယု နောက်ပိုင်းငါ့ဆီကနေ လျော်ကြေးတောင်းတော့မှာပဲ....."
သူဒါကိုတွေးမိပြီး နိယာမစွမ်းအားအားလုံးကို ရုပ်သေး၏ညာလက်မောင်းထဲ လွှဲပြောင်းနေစဉ် ခရက်ခ်၊ ခရက်ခ်ဟူသော အသံများစွာက ပေါ်လာပြန်သည်။
အထဲတွင် နိယာမစွမ်းအားအများအပြားက စတင်ပြည့်လျှံလာခဲ့သည်။
လုချန်ရှန်း ရှေ့တိုးလာနေသည့်ရုပ်သေးအုပ်ကို ကြည့်ရင်း လက်ချောင်းများအား ခပ်ယဲ့ယဲ့လှုပ်ရှားလိုက်၏။
ဧရာမရုပ်သေးက ညာလက်ကို ဆုတ်ဖြဲရန်တွက် ဘယ်လက်ကို တိုက်ရိုက်သုံးပြီး ရုပ်သေးစစ်တပ်၏ အလယ်တည့်တည့်တွင် ဗုံးတစ်လုံးပမာ ပစ်ချလိုက်သည်။
လုချန်ရှန်းနောက်ဆုတ်ပြီး မိုယုရှေ့သို့ရွေ့လိုက်စဉ် အတားအဆီးတစ်ခုက သူတို့ကို ကာကွယ်ပေးထားသည်။
အဖိုးအို၏ ကြက်သေသေနေသည့်အကြည့်နှင့် မိုယု၏ပဟေဠိဖြစ်နေသည့် အကြည့်အောက်တွင် ထိုညာလက်မောင်းပေါ်က အက်ကြောင်းများစွာက နိယာမစွမ်းအား၏ တောက်ပသည့်အလင်းတစ်ခုနှင့်အတူ ပွင့်ထွက်သွားခဲ့သည်။
ဘန်း၊ ဘန်း၊ ဘန်း!
မြေအောက်လွင်ပြင်တစ်ခုလုံး၌ ဧရာမအသံတစ်သံထွက်ပေါ်လာခဲ့သည်။
မိုယုမှာ သူမ၏မျက်လုံးများအား လက်မောင်းနှင့်ကာထားလိုက်ရသည်။
ဤနိယာမစွမ်းအားအလင်းက အမွေးတိုင်တစ်တိုင်စာမျှ ကြာသွားခဲ့သည်။
မိုယုမျက်လုံးများကို ဖွင့်ပြီး လက်မောင်းကို နိမ့်ချလိုက်စဉ် သူမရှေ့ကမြင်ကွင်းက ဘာမှ မရှိတော့သည့်အဖြစ်သို့ ပြောင်းသွားလေရာ သူမ၏အကြည့်က ဗလာကျင်းနေသည်။
သူမရှေ့က ထောင်ချီသော နတ်သခင်နှင့် နတ်ဧကရာဇ်ရုပ်သေးများက ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဒါဇင်နှင့်ချီသည့် ရုပ်သေးထိန်းချုပ်သူများနှင့် အဖိုးအိုပင်လျှင် မကျန်ရှိတော့ပါ။
မူလမြေအောက်လွင်ပြင်ကြီးပင်လျှင် အဆုံးမရှိလောက်သည်အထိ မရေမတွက်နိုင်လောက်အောင် ကျယ်ပြန့်သွားခဲ့သည်။
အောက်သို့ငုံ့ကြည့်သောအခါ အသူရာချောက်တစ်ခုအလားထင်ရသည့် တွင်းကြီးတစ်တွင်းရှိနေသည်။
လေထုက အဆုံးမဲ့နိယာမစွမ်းအားဖြင့် ပြည့်နှက်နေပြီး လျှပ်စီးကဲ့သို့ တစစ်စစ်မြည်နေသည်။
တဖြည်းဖြည်း မိုယု သူမအကြည့်ကို လုချန်ရှန်းထံပို့လွှတ်လိုက်၏။
ရှေ့ကမြင်ကွင်းကိုကြည့်ရင်း လုချန်ရှန်း မေးစေ့ကိုထိကာ မျက်မှောင်ကြုတ်ထားသည်။
"ဟမ်၊ ဒီရုပ်သေးမှာ ကန့်သတ်ချက်တွေရှိပေမယ့် အထူးအခြေအနေရပ်တွေမှာ သုံးလို့ရနိုင်သေးတာပဲ"
"ဥပမာဆိုရရင် အထဲမှာ ကန့်သတ်ချက်တစ်ခုချမှတ်ထားတာနဲ့ ရန်သူကို အနိုင်ယူတဲ့အချိန် ကန့်သတ်ချက်တွေကို ဖယ်ရှားနိုင်ပြီး များစွာတဲ့နိယာမစွမ်းအားနဲ့ အင်မော်တယ်အော်ရာကို အထဲကိုလွှဲပြောင်းပေးပြီး ရွေ့လျားနေတဲ့ အလိုလိုဖျက်ဆီးခြင်းခြေလျင်တပ်တစ်ခုလို ပြောင်းလဲနိုင်တယ်"
ဤနည်းဗျူဟာက လုံး၀မျှော်လင့်မထားသည့် အရာတစ်ခုဖြစ်ပြီး သတိလက်လွတ်ဖြစ်နေသည့်ရန်သူကို ဖမ်းရန်ရည်ရွယ်ထားခြင်းပင်။
အချိန်တန်ပါက အသေခံစစ်သားတပ်တစ်တပ်ကိုပင် စီစဉ်နိုင်သည်။
လုချန်ရှန်း ဤနည်းဗျူဟာ၏ ဖြစ်နိုင်ချေကို သေချာအောင်လုပ်ရင်း ခေါင်းညိတ်သည်။
ထိုအချိန်မှာပင် မိုယု လုချန်ရှန်း၏ အတွေးများကို နောက်ကနေ ကြားဖြတ်လာသည်။
"စီနီယာ၊ ရှင့်ထိန်ချန်ထားတာ နည်းနည်းများလွန်းမနေဘူးလား"
ဒီစွမ်းအားအဆင့်က အဖေနဲ့တောင် တန်းတူဖြစ်လောက်တယ်!
သူမအဖေက လက်ရှိမိုမိသားစုခေါင်းဆောင်ဖြစ်သည်။
လုချန်ရှန်း မိုယုအား မျက်နှာမူလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ မင်းမြင်နိုင်တာက ငါ့စွမ်းရည်အကုန်ပဲ၊ ကြည့်လေ၊ ငါအခုနည်းနည်း အသက်မရှူနိုင်ဖြစ်နေပြီ"
မိုယု တစ်ခဏမျှခံစားကြည့်စဉ် သူပြောသည့်အတိုင်းဖြစ်နေသည်။
သို့သော်တစ်ခုခုမှားနေသည်ဟု သူမခံစားနေရဆဲပင်။ လုချန်ရှန်း သူ့ခွန်အားကို အပြည့်အ၀မသုံးရသေးဟု သူမယုံကြည်နေသေးသည်။
သို့စေကာမူ သူမဒီအကြောင်းကို အများကြီးမတူးဆွချင်ပေ။
မိုယု ချိုမြိန်သည့်အပြုံးနှင့်အတူ သူမ၏ ကျားပေါက်လေးတစ်ကောင်ကဲ့သို့ သွားများအားပြသရင်းပြောသည်။
"ကျေးဇူးပါစီနီယာ၊ မဟုတ်ရင် ဒီတစ်ခါ ကျွန်မတကယ်ဒုက္ခရောက်ရတော့မှာ၊ ကျွန်မရှင့်ကို အကြွေးတစ်ခုတင်သွားပြီ"
"မင်းအကြွေးကိုအခုဆပ်လို့ရတယ်" လုချန်ရှန်းပြောသည်။
"အမ်" မိုယုအလျင်အမြန်မေးသည်။
"ကျွန်မဘယ်လိုပြန်ပေးဆပ်ရမလဲ၊ စီနီယာကို ကျွန်မအခုအကူအညီပေးနိုင်တဲ့ အရာတစ်ခုခုများရှိလို့လား"
လုချန်ရှန်းခေါင်းညိတ်သည်။
"မင်းငါ့ကို မင်းဆရာအဖြစ် လက်ခံမယ်ဆိုရင်ရော"