မိုယုအား တပည့်အဖြစ် ယူဆောင်ခြင်း၊ ခြေရာများအားဖျက်ပစ်ခြင်း
Vol. 99 Ch. 1391
"အာ...." မိုယုကြက်သေသေသွားပြီး သူမပါးစပ်က အလိုလိုပွင့်သွားကာ အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရသည်။
တပည့်တစ်ယောက်ဖြစ်လာရမှာလား!
"စီနီယာ၊ ရှင့်ကျွန်မကို ရှင့်တပည့်အဖြစ် လက်ခံချင်တာလား" မိုယုစိတ်ရှုပ်ထွေးစွာမေးသည်။
လုချန်ရှန်းခေါင်းညိတ်သည်။
"အင်း၊ မင်းငြင်းလို့လည်းရပါတယ်"
ဟီးဟီး၊ တစ်ဘက်ကငြင်းလိုက်မယ်ဆိုရင် ဒါက လုပ်ငန်းစဉ်ရဲ့စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်လို့ မဆိုလိုဘူးမလား၊ ဒါ့အပြင် ငါအရမ်းအားနည်းသလိုမျိုး ဟန်ဆောင်ခဲ့တာမှမဟုတ်တာ!
လုချန်ရှန်း ဒီအတွေးကို စိတ်ထဲတွင် တွက်ချက်နေစဉ် မိုယု ချက်ချင်းဆိုသလို ဒူးထောက်လိုက်ပြီး လုချန်ရှန်းအား နက်ရှိုင်းစွာ ဦးညွတ်လိုက်၏။
"ဆရာ"
"အင်း၊ တပည့်ကောင်းလေ...အမ်...." လုချန်ရှန်း၏မျက်လုံးများ ပြူးကျယ်သွား၏။
ဘာလားဟ၊ သူဒီလိုသဘောတူလိုက်တာလား!
လုချန်ရှန်း အခြေအနေကို ပြုပြင်နိုင်သေးသည်ဟု ခံစားရသေးသဖြင့် ပြောသည်။
"ငါရုပ်သေးကျွမ်းကျင်မှုအကြောင်း ဘာတစ်ခုမှ မသိဘူးနော်"
"အားကောင်းတဲ့လူတစ်ယောက်က နယ်ပယ်များစွာမှာ ထူးချွန်ပါတယ်" မိုယုထရပ်ကာ ရွှတ်နောက်နောက်ပြောသည်။
"ဒါ့အပြင်၊ ဆရာအခုလေးတင် ရုပ်သေးကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ထိန်းချုပ်ခဲ့တာပဲမလား"
"ဒါပေမယ့် ငါရုပ်သေးတွေမလုပ်နိုင်ဘူး"
"ပြဿာနာမရှိပါဘူး၊ ကျွန်မတို့မိသားစုက ရုပ်သေးတွေဖန်တီးရာမှာ ကျွမ်းပါတယ်"
"ဒါဆိုမင်းဘာလို့သဘောတူလိုက်တာလဲ"
"ဘာလို့လဲဆိုတော့ ဆရာကအရမ်းအားကောင်းတယ်လေ၊ ပြီးတော့ ကျွန်မကိုလည်း ဒီလိုပြဿာနာကြီးကို ဖြေရှင်းဖို့အတွက် ကူညီပေးခဲ့တယ်၊ ဆရာကျွန်မကို ကျေးဇူးပြန်ဆပ်စေချင်တယ်ဆိုတော့ ကျွန်မသဘောတူလိုက်တာပေါ့"
အင်း၊ ဒါကအဓိပ္ပာယ်ရှိသားပဲ!
လုချန်ရှန်းငိုချင်သော်လည်း မျက်ရည်မကျပေ။ သို့သော် ယခုသူဘာမှမလုပ်နိုင်တော့။ သူတပည့်တစ်ယောက်လက်ခံရပေတော့မည်။
မည်သို့ပင်ဆိုစေကာမူ သူပြဿာနာအများကြီးကို ဖြေရှင်းခဲ့လေရာ နောက်တစ်ခုပိုလာတာက မနာကျင်စေတော့ပါ။ သူမအား ကောင်းကောင်းလေ့ကျင့်ပေးပါက မုဖူရှန်းလိုဖြစ်လာနိုင်သည်။
ထိုအချိန်မှာပင် စနစ်၏အသံကလည်း သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။
[တာ၀န်ကိုပြီးမြောက်တဲ့အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ်၊ ဆုလာဘ်များကို ထုတ်ယူနိုင်ပါပြီ]
ဒါကိုကြားသောအခါ လုချန်ရှန်း မိုယုအား ပြောသည်။
"ဒီလိုဆိုမှတော့ တပည့်ဖြစ်လာတဲ့အတွက် ငါမင်းကို လက်ဆောင်တစ်ခုပေးရတော့မှာပေါ့"
သူလက်ချောင်းကို မိုယု၏နဖူးအလယ်၌ ဖိထားသည်။
ရုတ်တရက် မိုယုအသိစိတ်ထဲ သတင်းအချက်အလက်အများအပြား စီး၀င်လာသည်။
ဝိဉာဉ်ထိန်းချုပ်ခြင်းမြင့်မြတ်ခန္ဓာအကြောင်း အချက်အလက်များနှင့် ယန္တရားတစ်ရာခြယ်လှယ်ခြင်းနည်းစနစ်တို့အား ပို့ပေးလိုက်၏။
ဝိဉာဉ်ထဲက ပြင်းထန်သည့်နာကျင်မှုကို သည်းခံရင်း မိုယုမှာ ထိုနည်းစနစ်နှစ်ခု၏ သက်ရောက်မှုများကြောင့် မူးဝေလုမတတ်ပင်ဖြစ်သွားရသည်။
ဝိဉာဉ်ထိန်းချုပ်ခြင်းမြင့်မြတ်ခန္ဓာက ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်သည်။
ဒါ့အပြင် ၎င်းကို ဝိဉာဉ်ထိန်းချုပ်ခြင်းမြင့်မြတ်ခန္ဓာအတွက်သာ အထူးဖန်တီးထားခြင်းပင်။
တစ်နည်းအားဖြင့် ၎င်းတို့ကတစ်ခုကိုတစ်ခု ဖြည့်စွက်ပေးနိုင်သည်ဟု ဆို၍ရသည်။
ဝိဉာဉ်ထိန်းချုပ်ခြင်းမြင့်မြတ်ခန္ဓာမရှိပါကဝိဉာဉ်ထိန်းချုပ်ခြင်းမြင့်မြတ်ခန္ဓာနည်းစနစ်အား ကျင့်ကြံနိုင်မည်မဟုတ်။
ဝိဉာဉ်ထိန်းချုပ်ခြင်းမြင့်မြတ်ခန္ဓာနည်းစနစ်မရှိပါက ဝိဉာဉ်ထိန်းချုပ်ခြင်းမြင့်မြတ်ခန္ဓာ၏ စွမ်းအားကို အပြည့်အ၀ထုတ်လွှတ်နိုင်မည်မဟုတ်ပေ။
ယေဘုယျအားဖြင့် ဝိဉာဉ်ထိန်းချုပ်ခြင်းမြင့်မြတ်ခန္ဓာနည်းစနစ်က ဝိဉာဉ်ထိန်းချုပ်ခြင်းမြင့်မြတ်ခန္ဓာကို ဖွံ့ဖြိုးစေရန်အတွက် လက်စွဲစာအုပ်တစ်အုပ်လည်းဖြစ်သည်။
ဖော်ပြထားသည့်နည်းလမ်းများအရ ယခု မိုယုက ဝိဉာဉ်ထိန်းချုပ်ခြင်းမြင့်မြတ်ခန္ဓာ၏ ဆယ်ပုံတစ်ပုံကိုပင် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ရသေးပါ။
သူမဆယ်ပုံတစ်ပုံကိုသာ တိုးတက်အောင်လုပ်နိုင်ပါက ဝိဉာဉ်ကိုထိန်းချုပ်နိုင်မည်ဖြစ်ပာ မရေမတွက်နိုင်လောက်သည့် အမျှင်များအဖြစ် ပြောင်းရင်း နေရာတိုင်းသို့ ပို့လွှတ်နိုင်မည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူမ၏ ဝိဉာဉ်စွမ်းအားကလည်း ကြီးမားစွာ တိုးလာပေလိမ့်မည်။
ဒါက ယန္တရားတစ်ရာခြယ်လှယ်ခြင်းနည်းစနစ်ကိုပါ ပြည့်စုံစွာ ဖြည့်စွက်ပေးပေလိမ့်မည်။
ယန္တရားတစ်ရာခြယ်လှယ်ခြင်းနည်းစနစ်ကို ပိုကျွမ်းကျင်စွာ ကျင့်ကြံလေလေ၊ တစ်ပြိုင်နက်တည်းထိန်းချုပ်နိုင်သည့် ရုပ်သေးများက ပိုများလေလေပင်။
တဖြည်းဖြည်းနှင့် ထောင်ချီသောရုပ်သေးများကိုပင် ထိန်းချုပ်နိုင်လာပြီး တစ်ချိန်တည်းတွင် မတူညီသည့်တိုက်ခိုက်မှုများကိုပင် လုပ်ဆောင်နိုင်သည်။
ယေဘုယျအားဖြင့် ပိုအားကောင်းသည့် ရုပ်သေးဆရာများက ပိုများပြားသည့် ရုပ်သေးများကို ထိန်းချုပ်နိုင်သည်။
သို့သော် သူတို့ရုပ်သေးများကို အလားတူတိုက်ခိုက်အောင်သာ လုပ်နိုင်သည်။
တစ်ခုကို ဤသို့လုပ်နိုင်ပြီး နောက်တစ်ခုကို ထိုသို့လုပ်ခိုင်း၍မရပါ။
သို့သော် ယန္တရားတစ်ရာခြယ်လှယ်ခြင်းနည်းစနစ်က ရုပ်သေးတစ်ခုစီကို မတူညီသည့် အရာများအား လုပ်ခွင့်ပေးသည်။
ကျင့်ကြံခြင်းကပိုနက်ရှိုင်းလေလေ၊ ထိန်းချုပ်နိုင်သည့်အကွာအဝေးက ပိုဝေးလေလေဖြစ်သည်။
စာသားထဲ၌ ဆိုရိုးစကားတစ်ခုရှိသည်။
နက်ရှိုင်းသည့်ကျင့်ကြံခြင်းနှင့် အာကာသကိုပင် ဖြတ်သန်းနိုင်သည်။
ဆိုလိုတာက ထိုအချိန်က နေအိမ်ထဲကနေမထွက်ဘဲ တခြားနယ်မြေတစ်ခု၏ အင်အားစုများကို တိုက်ခိုက်ရန်အတွက် ထောင်ချီသောရုပ်သေးတပ်တစ်တပ်ကိုပင် ထိန်းချုပ်နိုင်လောက်သည်။
ဒါက ယန္တရားတစ်ရာခြယ်လှယ်ခြင်းနည်းစနစ်၏ ရှုထောင့်တစ်ခုတည်းသာ ရှိသေးသည်။
နောက်ထပ်ရှုထောင့်တစ်ခုက ဤနည်းစနစ်က ရုပ်သေးများအား ထိန်းချုပ်နိုင်ရုံတင်မက တျန်းဂျီဝိဉာဉ်ထိန်းချုပ်နည်းစနစ်နှင့် ပေါင်းစပ်လိုက်ပါက စိတ်ဝိဉာဉ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တခြားအရာများကိုပင် ထိန်းချုပ်နိုင်သည်။ မိုယု၏ ကျင့်ကြံခြင်းနည်းစနစ်များက နက်ရှိုင်းပြီး ဝိဉာဉ်စွမ်းအားက ကြီးမားနေသရွေ့ အဆင်ပြေသည်။
မိုယုအတွက် ထိုနည်းစနစ်နှစ်ခု၏ သတင်းအချက်အလက်ကို အပြည့်အ၀လက်ခံရယူရန်အတွင် ရက်တစ်၀က်ခန့်ကြာသွားခဲ့သည်။
သူမပင့်သက်ရှိုက်နေကာ ချွေးများနှင့်ဖုံးနေပြီး သူမဝိဉာဉ်က အတော်လေးပင်ပန်းနေသည့်တိုင် မိုယု၏မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့် မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"ဆရာ၊ ရှင့်ကတကယ်ပဲဘယ်သူလဲ" မိုယူခေါင်းမော့ကာ လုချန်ရှန်းအား စိတ်ရှုပ်ထွေးစွာမေးသည်။
"ဒီနည်းစနစ်နှစ်ခုရဲ့အဆင့်က မိုမိသားစုတောင်မပိုင်ဆိုင်ဘူး၊ တျန်းဂျီတိုက်တစ်ခုလုံးဆို ပြောနေစရာတောင်မလိုဘူး...."
လုချန်ရှန်းလက်ဝှေ့ယမ်းသည်။
"ငါအရင်နှစ်တွေက ခရီးထွက်တုန်း ဒါတွေကို မတော်တဆရခဲ့တာ၊ ငါရုပ်သေးစွမ်းရည်ကို မလေ့ကျင့်တော့ မင်းကို ပေးရုံပဲ ရှိတော့တာပေါ့"
မိုယုတခစ်ခစ်ရယ်လိုက်၏။
"ဆရာ၊ ရှင့်ကျွန်မကို တပည့်အဖြစ်လက်ခံဖို့အတွက် ပေးတဲ့အကြောင်းပြချက်က အတော်လေးစိတ်ကူးယဉ်ဆန်တာပဲ၊ ကျွန်မနဲ့တွေ့ဆုံခြင်းက ရှင့်ရဲ့အစီအစဉ်တစ်စိတ်တစ်ပိုင်းလို့တောင် ကျွန်မစပြီးသံသယ၀င်လာမိပြီ"
လုချန်ရှန်းစူးစိုက်ကြည့်လိုက်သည်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
တကယ်တမ်းတွင်လည်းဒါကမဖြစ်နိုင်ပေ။ဒါကအမှန်တကယ်တိုက်ဆိုင်မှုတစ်ခုသာ။
"အိုး၊ ဟုတ်သားပဲ၊ မင်းအတွက် ငါ့မှာ ဒါလည်းရှိသေးတယ်"
လုချန်ရှန်း စာလိပ်တစ်ခုကိုထုတ်ယူပြီး မိုယုအားပေးသည်။
သို့စေကာမူ အကြောင်းအရာကို လုချန်ရှန်းစိတ်ထဲတွင် ထွင်းထုထားပြီးဖြစ်လေရာ ဒါကဖြစ်နိုင်မလားဆိုတာကို သိရန်အတွက် သူ့စိတ်ထဲက အစီအစဉ်ကို သူနောက်ပိုင်း ကြိုးစားကြည့်၍ရသည်။
ကိုယ့်ကိုကိုယ်ဖောက်ခွဲခြင်းခြေလျင်တပ်...တွေးကြည့်ရုံနဲ့ စိတ်လှုပ်ရှားစရာပဲ!
မိုယုလှမ်းယူကာကြည့်လိုက်စဉ် 'ရုပ်သေးစာလိပ်' ဟူသော ခပ်မှိန်မှိန်စာလုံးများပေါ်လာသည်။
သူမဖွင့်လိုက်သောအခါ ချက်ချင်းဆိုသလို အမူအရာက လေးနက်သွားပြီး ကျားသွားလေးပင် အလိုလိုပိတ်သွားသည်။
အကြောင်းအရာများက မတူညီသည့် ရုပ်သေးအမျိုးမျိုးကို ဖန်တီးသည့် နည်းလမ်းများပင်။
"ဒီရုပ်သေးဖန်တီးနည်းတွေက အရမ်းသိမ်မွေ့လွန်းတယ်၊ ကျွန်မတို့မိုမိသားစုရဲ့ လက်မှုပညာကိုတောင် ကျော်လွန်နေပြီ၊ တကယ်လို့သာ လုပ်နိုင်ခဲ့မယ်ဆိုရင် ကျွန်မကျောပေါ် သယ်သွားတဲ့ရုပ်သေးရဲ့ စွမ်းအားကိုတောင် အနည်းဆုံး ၅၀ရာခိုင်နှုန်းထိ မြှင့်တင်နိုင်တယ်"
သို့သော် သူမနောက်စာမျက်နှာကို လှန်ရန်ကြိုးစားသောအခါ လုံး၀လှန်၍မရတာကို တွေ့လိုက်ရသည်။
သူမ၏လက်ရှိဝိဉာဉ်ခွန်အားက ယခုထက်ပိုမြင်ရန်အတွက် မတတ်စွမ်းနိုင်သေးတာ ဖြစ်နိုင်သည်။
လုချန်ရှန်းဘာတစ်ခုမှ မပြောနိုင်သေးခင်မှာပင် မိုယုအလျင်အမြန်အသိ၀င်လာပြီး ပြောသည်။
"အိုး၊ ဟုတ်သားပဲ၊ ဒီနည်းစနစ်တွေနဲ့ စာလိပ်ကို ကျွန်မသေချာပေါက် ဘယ်သူ့ကိုမှ လုံး၀ပေးမှာမဟုတ်ပါဘူး၊ မိုမိသားစု၊ ကုန်ကုန်ပြောရရင် ကျွန်မအဖေကိုတောင် မပေးပါဘူး"
ထိုသို့ပြောရင်း သူမလက်မြှောက်ကာ တိုင်တန်းလိုက်၏။
"ကျွန်မကျိန်ဆို"
လုချန်ရှန်းပြုံးရင်းပြောသည်။
"ငါမင်းကိုယုံပါတယ်"
မိုယု လက်ပြန်ချတော့မည့်အချိန် လုချန်ရှန်းထပ်ပြောသည်။
"ဘာပဲဆိုဆို မင်းကျိန်လို့ရတာပဲလေ..."
ထို့ကြောင့် မိုယုမှာ ဒေါသထွက်နေသည့်အကြည့်ဖြင့် လုချန်ရှန်းအားစူးစိုက်ကြည့်ပြီး ကျိန်ဆိုမှုအပြီးတွင် နှုတ်ခမ်းစူလိုက်၏။
"ဆရာကကျွန်မကို မယုံဘူးဘဲ"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒါလုံး၀မမှန်ဘူး၊ မင်းကျိန်ဆိုပြီးတဲ့အခါ မြေအောက်မှာ ကောင်းကင်ကပ်ဘေးတစ်ခုခုများ ဖြစ်လာမလားဆိုတာ ငါမြင်ချင်ရုံပါပဲ"
"အဲလိုလား"
"လုံး၀သေချာတယ်"
"ဒါဆိုလည်းကောင်းပါပြီ"
ဤနေရာရှိအရာအားလုံးကိုစီစဥ်ပြီးနောက် သူတို့မျက်နှာကြက်ဆီသို့ ပြန်ဦးတည်ခဲ့ကြသည်။
ဂူ၀င်ပေါက်ကထွက်လာစဉ် လူငယ်က အပြင်၌ ရပ်နေသေးတာကို သူတို့တွေ့လိုက်ရသည်။
သူတို့နှစ်ယောက် ဘေးကင်းကင်း ထွက်လာတာကို မြင်ရသောအခါ လူငယ် အမူအရာက မယုံနိုင်မှုအဖြစ်ပြောင်းသွားသည်။
သူမြေအောက်က အဖြစ်အပျက်များအား မသိသည်မှာ အံ့ဩသင့်စရာမရှိချေ။
လုချန်ရှန်း မြေအောက်က အနှစ်သာရအားလုံးကို ပြင်ပကမ္ဘာမှ ၀င်လာပြီးနောက် ပိတ်ဆို့ပစ်ခဲ့သည်။
"မင်းတို့......"
လုချန်ရှန်း မိုယုအားကြည့်ပြီးမေးသည်။
"မင်းဘာလုပ်ချင်လဲ"
မိုယုတစ်ခဏမျှတွေးပြီးနောက်ပြောသည်။
"ဒီမှာသူတို့ကို ပိတ်လှောင်ထားကြတာပေါ့၊ ကျွန်မ မိုမိသားစုက လူတွေကို ချည်နှောင်ဖို့ပြောလိုက်မယ်၊ သူတို့ကို အခြေစိုက်စခန်းကို ပြန်ခေါ်သွားတဲ့အခါကျရင် စစ်ဆေးမေးမြန်းဖို့လိုသေးတယ်လေ"
ဒါကိုကြားသော် လုချန်ရှန်းခေါင်းညိတ်ပြီးနောက် မိုယု၏ ကြက်သေသေနေသည့် အကြည့်အောက်တွင် လူအားလုံးကို အခန်းတစ်ခန်းထဲတွင် ပိတ်ဆို့ပစ်သည်။
ထို့နောက် သူ့လက်ချောင်းများအား ဂူအ၀င်၀ဆီသို့ ကွေ့လိုက်၏။
ဘန်း၊ ဘန်း၊ ဘန်း!
မြေကြီးအပါအ၀င် ဂူ၀င်ပေါက်တစ်ခုလုံးက တုန်ခါနေပြီး ထိုအခိုက်အတန့်မှာပင် ခြေရာအားလုံးက ဖျက်ဆီးခံလိုက်ရသည်။
၎င်းနောက် လုချန်ရှန်းလက်နှစ်ဖက်သပ်လိုက်၏။
"ဒါဆိုလုံခြုံသွားပြီ၊ မင်းအခုငါနဲ့အတူလာမလား၊ ဒါမှမဟုတ်"
မိုယုတစ်ခဏမျှတွေးကာ ရယ်မောရင်းပြောသည်။
"ကျွန်မဆရာနဲ့အတူနေပါမယ်"