မိုယု၏ ပထမဆုံးသင်ခန်းစာ
Vol. 99 Ch. 1392
မိုမိသားစု၏ ခရီးပေါက်မှုက မြန်ဆန်သည်။
ပင်မမိသားစုနှင့် မိုယု၏ဆက်သွယ်မှုနှင့်အတူ အားကောင်းသည့်ကာကွယ်သူများစွာက ထိုခံတပ်ကို စစ်ဆေးရန်ရောက်လာကြပြီး အားလုံးကို ပြန်လည်ပြင်ဆင်မွမ်းမံခဲ့ကြသည်။
ခံတပ်နှင့်အဝေးတစ်နေရာ၌ မိုယူနှင့် လုချန်ရှန်းတို့မှာ ကျင့်ကြံရင်းခရီးဆက်နေကြသည်။
ပထမက လုချန်ရှန်း ခေးအောစ့်နယ်မြေထဲက အင်အားခွဲဝေမှုများနှင့် ၎င်းတို့၏ တိကျသည့်အခြေအနေရပ်များကို စုံစမ်းစစ်ဆေးရန်အတွက် စီစဉ်ထားခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ အနာဂတ်၌ ခေးအောစ့်နယ်မြေကို လာလည်ခြင်းအား ရှောင်လွှဲ၍ရမည်မဟုတ်သလို ယဲ့ချိုးပိုင်ကဲ့သို့ အမှိုက်များကလည်း ပြဿာနာများကို သေချာပေါက် ဖြစ်စေမည်သာ။
ဒုတိယက မိုယုကလည်း လုချန်ရှန်းပေးသည့် ထိပ်တန်းနည်းစနစ်နှစ်ခုကို စိတ်ထဲစွဲမှတ်ထားရန် ကြိုးစားရုန်းကန်ရင်း ထိုနည်းစနစ်များအား မည်သို့မည်ပုံ ကျင့်ကြံရမလဲဆိုတာ သူ့ကိုမေးမြန်းကာ ကျင့်ကြံခဲ့သည်။
မိုယု တစ်ခဏမျှ ကျင့်ကြံခြင်းကိုရပ်ပြီးနောက်တွင် လုချန်ရှန်းအား ရုတ်တရက် ပြိုလဲကျသွားသည့် အမူအရာဖြင့် စိုက်ကြည့်ရင်းပြောသည်။
"ဆရာ၊ ရှင့်ခံတပ်ကိုပြန်သွားပြီး အရေးယူဆောင်ရွက်နေစရာမလိုပါဘူး၊ မိသားစုက ကျွန်မဒီမှာရှိနေတာကို ကာကွယ်ပေးထားပါတယ်"
လုချန်ရှန်းသတိမထားမိသည့်အလား အံ့ဩသင့်သည့်အသွင် ဟန်ဆောင်လိုက်၏။
"မိသားစုရဲ့ပထမအကြီးအကဲက အမြဲလိုလို ကျွန်မကို လျှို့ဝှက်စွာကာကွယ်ပေးနေတာလေ၊ အဲဒါကြောင့် ကျွန်မ ဆရာရဲ့လုံခြုံမှုကို အာမခံနိုင်တယ်လို့ပြောခဲ့တာပေါ့"
"ဒါပေမယ့် အကြောင်းရင်းတစ်ချို့ကြောင့် ကျွန်မတို့မြေအောက်မှာရှိတုန်းက အရာအားလုံးပိတ်ဆို့ခံလိုက်ရသလိုမျိုး ပထမအကြီးအကဲနဲ့ ဆက်သွယ်လို့မရခဲ့ဘူး၊ အဲဒီခံတပ်ကလူတွေက ဒါကိုကြိုတင်ခန့်မှန်းပြီး သီးခြားအစီအရင်တစ်ခုကို ကြိုတင်ပြင်ဆင်ထားကြတာဖြစ်မယ်"
လုချန်ရှန်းခေါင်းညိတ်သည်။
"အဲဒီမှာတကယ်ပဲ သီးခြားအစီအရင်တစ်ခုရှိခဲ့တယ်"
မိုယုအံ့ဩသင့်သွားသည်။
"ဟုတ်တယ်မလား၊ ကျွန်မ ပထမအကြီးအကဲကို ဆက်သွယ်လို့မရကတည်းက သိခဲ့တယ်၊ ဒါပေမယ့် ပထမအကြီးအကဲရဲ့ အသိအာရုံနဲ့ သတင်းစကားတွေကိုတောင် တားဆီးနိုင်တဲ့ အစီအရင်တစ်ခုရှိဖို့ဆိုရင် သူတို့ ကြီးမားတဲ့ အင်အားစုတစ်ခုခုနဲ့ လျှို့ဝှက်သစ္စာဆိုခဲ့လောက်တယ်၊ ကျွန်မပထမအကြီးအကဲကိုလည်းပြောခဲ့တယ်၊ သူတို့ပြန်လာတဲ့အခါကျရင် သေချာပေါက်စပြီးစုံစမ်းလိမ့်မယ်"
ဒါကိုကြားသောအခါ လုချန်ရှန်း၏မျက်မှာက ခက်ခဲတွန့်ဆုတ်မှုနှင့်အတူ ရှုံ့တွသွား၏။ မိုယုအား စိုက်ကြည့်ပြီးနောက် သူပြောသည်။
"မင်းမိသားစုကို နောက်ထပ်မစုံစမ်းဖို့ မင်းပြောသင့်တယ်....."
မိုယုအံ့ဩသွား၏။
"ဘာလို့လဲ၊ တျန်းဂျီတိုက်ကြီးမှာ ဒီအဆင့်က အစီအရင်ရောတစ်ယောက်ပေါ်လာတာက ကြီးမားတဲ့ကိစ္စတစ်ခုလေ"
လုချန်ရှန်းသူ့ကိုယ်သူလက်ညိုးထိုးပြသည်။
"အင်း၊ တကယ်တော့ သီးခြားအစီအရင်ကို ဖန်တီးခဲ့တာက ငါပဲ"
ဟမ်!
မိုယု လုချန်ရှန်းအား ဆွံအနေသည့်မျက်နှာထားဖြင့် ကြည့်ရင်း အတိကြက်သေသေနေသည်။
လုချန်ရှန်းလက်အစုံကိုဖြန့်လိုက်သည်။
"သတိဆိုတာပိုတယ်မရှိဘူးလေ၊ အောက်မှာ ငါဖြစ်စေခဲ့တဲ့ဆူညံသံက ပြင်ပကမ္ဘာက အာရုံစိုက်မှုကို ဆွဲဆောင်စေတာ သေချာနာမို့ ငါအစီအရင်တစ်ခုကို ကြိုတင်ဖန်တီးခဲ့တာ"
မိုယု အခြေအနေရပ်အား နားလည်ရန်ကြိုးစားနေသည်။
"ဆရာ့ရဲ့ခွန်အားနဲ့ဆိုရင် ပြင်ပကမ္ဘာက လူတွေပြေး၀င်လာရင်တောင် ဆရာသူတို့ကို အလွယ်တကူကိုင်တွယ်နိုင်တယ်မလား"
ဒါကိုကြားသော် လုချန်ရှန်း လေးနက်သည့် အမူအရာဖြင့် မိုယုမျက်နှာရှိရာသို့ တိုးပြီး လက်ချောင်းကို မြှောက်ကာ လေးလေးနက်နက်သတိပေးသည်။
"အခုမင်းငါ့ကို မင်းဆရာအဖြစ် လက်ခံလိုက်ပြီဆိုတော့ ငါမင်းကိုသင်ပေးမယ့် ပထမဆုံးသင်ခန်းစာကဒါပဲ"
"ဒီကမ္ဘာကြီးထဲမှာ မင်းဘယ်လောက်ပဲ အားကောင်းနေပါစေ၊ မင်းရဲ့နောက်ခံက ဘယ်လောက်ပဲ ကျယ်ပြောနေပါစေ၊ မင်းရဲ့ပါရမီနဲ့ခွန်အားက ဘယ်လောက်ပဲ မြင့်နေပါစေ 'ပိုအားကောင်းတဲ့သူဆိုတာ အမြဲရှိစမြဲပဲ၊ ပိုမြင့်မားတဲ့ကောင်းကင်ဆိုတာ ကောင်းကင်တစ်ခုအလွန်မှာ အမြဲရှိတယ်' ဆိုတဲ့စကားစုကို အမြဲသတိရရမယ်"
"ဒီတော့ဘာလဲ"
"ဒီတော့ မင်းဘာပဲလုပ်လုပ်၊ သတိထားရမယ်၊ သတိထားရမယ်၊ ထပ်ပြီးသတိထားရမယ်၊ တတ်နိုင်သရွေ့ ပဋိပက္ခကိုရှောင်ပါ၊ မင်းပါ၀င်ဖို့လိုရင် သူတို့ကို ထောက်ခံတဲ့ အားကောင်းတဲ့ အဖိုးကြီးတွေရှိမရှိဆိုတာ သေချာစေဖို့အတွက် ပြိုင်ဘက်ရဲ့ခွန်အားကို အရင်စုံစမ်း၊ ပြီးမှ သူတို့ကို မိုးကြိုးတစ်စင်းလိုချဉ်းကပ်ပြီး ဘာခြေရာမှ မကျန်စေဘဲ ပစ်ချလိုက်"
"မင်းရဲ့အစစ်အမှန်ခွန်အားကို ဖုံးကွယ်ထားမယ်ဆိုရင်အကောင်းဆုံးပဲ၊ မင်းရဲ့ စီနီယာအစ်ကိုမုက ဒီရှုထောင့်မှာ အတော်လေးတော်တယ်"
လုချန်ရှန်း သူ့၏တခြားတပည့်များအား မိုယုအား မိတ်မဆက်ပေးခင်မှာပင် မိုယု၏ မျက်လုံးများက သိချင်စိတ်နှင့် တောက်ပလာပြီးမေးသည်။
"ကျွန်မရဲ့စီနီယာအစ်ကိုနဲ့အစ်မတွေက အခုခေးအောစ့်နယ်မြေမှာရှိတယ်လို့ ဆရာပြောခဲ့တာ ကျွန်မမှတ်မိသေးတယ်၊ ဟုတ်လား"
လုချန်ရှန်းခေါင်းညိတ်သည်။
"သူတို့ကိုသွားရှာကြမလား" မိုယုစိတ်လှုပ်ရှားစွာမေးသည်။
သို့စေကာမူ လုချန်ရှန်းခေါင်းခါယမ်းသည်။
"အခုမဟုတ်သေးဘူး၊ ဒီအကြောင်းနောက်မှ ပြောကြတာပေါ့၊ ငါတို့အခုသွားမယ်ဆိုရင် ပြဿာနာတွေတစ်ပုံကြီးဖြစ်လာမှာကို ငါစိုးရိမ်မိတယ်"
"အရင်ဆုံး ဒီနေရာက အခြေအနေကို အပြည့်အ၀နားလည်နိုင်ဖို့အတွက် တျန်းဂျီတိုက်ကြီးကို အရင်လှည့်လည်ကြရအောင်"
အင်း၊ ပြီးတော့ နောက်ထပ်အာကာသအဆက်တွေကိုလည်း တည်ဆောက်ရမယ်!
.....
မဟာနတ်မင်းဆက်သုံးခုအနက်တစ်ခုဖြစ်သည့် ရွှမ်ဝူနတ်မင်းဆက်၌ လိပ်နက်ရုပ်တုများစွာနှင့် ၀န်းရံထားသည့် ခန်းမကြီးတစ်ခု၌ ပန်းပုလက်ရာတစ်ခုစီ၏နဖူးမှ သွေးတန်းတစ်ခုစီထွက်လာပြီး ခန်းမအလယ်က ကိုယ်ဗလာကျင်းထားသည့်လူ၏ ခန္ဓာထဲသို့ လျင်မြန်စွာပင် တိုး၀င်လာနေသည်။
ထို့နောက် ထိုလူမျက်လုံးဖွင့်လိုက်စဉ် သူ့မျက်လုံးများက ဒေါသနှင့်အတူ သွေးနီရောင်သမ်းနေပြီး လက်သီးကျစ်ကျစ်ဆုပ်သည်။
"ငါမင်းကိုပေးဆပ်ရအောင်လုပ်မယ်"
ငိုကြွေးသည့်အရိပ်အယောင်နှင့်ရောနေသည့် တီးတိုးအော်သံတစ်သံက လေထုထဲတွင်ပျံ့သွားသည်။ အသံတစ်ခုတည်းကပင် သူတော်စင်သားတော်ရွှမ်မင် ခံစားနေရသည့် မကျေနပ်မှုက ဘယ်လောက်ထိ ကြီးမားသလဲဆိုတာ မြင်နိုင်သည်။
ထိုအချိန်မှာပင် နန်းတော်တံခါးကပွင့်လာပြီး အနက်ရောင်အင်ပါယာ၀တ်ရုံကို ၀တ်ဆင်ထားသည့် လူရှည်ကြီးတစ်ယောက် ၀င် လာသည်။ သူတော်စင်သားတော်ရွှမ်မင်ကို ကြည့်ရင်း သူထူးမခြားနားစွာပြောသည်။
"ဒီတစ်ခါတော့ မင်းမကောင်းမှုကို ကောင်းချီးတစ်ခုအဖြစ် ပြောင်းနိုင်ခဲ့တယ်၊ သွေးလွတ်မြောက်ခြင်းလျှို့ဝှက်နည်းစနစ်က မင်းခန္ဓာကို ဖျက်ဆီးခဲ့ပေမယ့် ရွှမ်ဝူနတ်ရုပ်တုက မင်းကို ပြန်လည်တည်ဆောက်ဖို့ ကူညီပေးပြီး ပိုအားကောင်းလာအောင်တောင် လုပ်ပေးခဲ့တယ်"
"မင်းက ငါတို့ရွှမ်ဝူနတ်မင်းဆက်မှာ နှစ်များစွာအကြာမှာ ရွှမ်မင်သွေးကြောကို နိုးထနိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူပဲ၊ မင်း မပိတ်လှောင်ထားတဲ့ စိတ်အခြေအနေကို ထိန်းသိမ်းထားရမယ်၊ မင်းမှာ အတွင်းနတ်ဆိုးတွေရှိမယ်ဆိုရင် ပြန်သွားပြီးဖြေရှင်းပါ"
သူတော်စင်သားတော်ရွှမ်မင်ခေါင်းညိတ်ပြီးနောက် အသက်ပြင်းပြင်းရှုကာ ကိုယ်ထဲက မကျေနပ်မှုကို ဖိနှိပ်ပြီးပြောသည်။
"ပထမဆုံးအနေနဲ့ ကျွန်တော်ဒီခန္ဓာနဲ့ ကျင့်သားရအောင်လုပ်တယ်"
လူရှည်ကြီးမှာ ကျေနပ်စွာခေါင်းညိတ်သည်။
"ဒါကကြီးထွားမှုလည်းဖြစ်တယ်"
......
နဂါးကိုးကောင်နတ်မင်းဆက်!
နဂါးဖြူခြံ၀င်းသို့သွားလာသူနည်းပါးသလို အထဲသို့ဝင်နိုင်သူက ပိုနည်းသည်။
အိမ်ရှေ့မင်းသားကျိုးရွှမ်က ထိုလူအနည်းငယ်ထဲက တစ်ယောက်ပင်။
ကျိုးရွှမ်အခန်းတစ်ခန်းတွင်ထိုင်ပြီး ပန်းပင်များအား ရေလောင်နေသည့် အမျိုးသမီးအား ကြည့်လိုက်၏။
အမျိုးသမီးက ကမ္ဘာကြီး၏ အညစ်အကြေးများနှင့် ထိတွေ့မှုမရှိပုံပေါ်သည့် အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားသည်။ သူမ၏ ရှည်လျားသည့်ဆံပင်ကို မြေကြီးနှင့်မထိစေရန်အတွက် အိမ်ဖော်မလေးနှစ်ဦးက ကိုင်ထားကာ သူမပုံရိပ်အား တစ်ချက်ကြည့်ခြင်းကပင် မှင်သက်အံ့ဩသွားစေရန်လုံလောက်သည်။
"အစ်မ၊ အစ်မ ညီနောင်မုနဲ့ အဆက်အသွယ်ဖြတ်ထားတာလား၊ မင်းသားဂူသင်္ချိုင်းက လာကတည်းက သူနဲ့အဆက်အသွယ်မလုပ်ခဲ့ဘူးမလား" ကျိုးရွှမ်ပြောသည်။
"ညီနောင်မု အစ်မကို ဆက်သွယ်ဖို့ မကြိုးစားခဲ့ဘူးလား"
ကျိုးပိုင်လုရယ်မောကာခေါင်းခါယမ်းသည်။
"အာ၊ ညီနောင်မုက အရမ်းနှလုံးသားမဲ့တာပဲ" ကျိုးရွှမ်နဖူးကိုဖုံးရင်း ခါးသီးစွာသာ ရယ်မောနိုင်တော့သည်။
"တကယ်လို့ခေးအောစ့်နယ်မြေက တခြားတစ်ယောက်သာဆိုရင် သူတို့သေချာပေါက် တော်၀င်အစ်မနဲ့ နေ့တိုင်းတွေ့ချင်လောက်တယ်"
"တစ်ချို့အရာတွေကို အတင်းအကျပ်လုပ်လို့မရဘူး" ကျိုးပိုင်လုအပြုံးဖြင့်ပြောသည်။
"ဒါ့အပြင် ငါ့ကံကြမ္မာက သူနဲ့ တင်းတင်းကျပ်ကျပ်ချည်နှောင်ဆက်စပ်နေတယ်၊ ငါတို့အဆက်အသွယ်မရှိရင်တောင် မလွှဲရှောင်သာ တွေ့ဆုံကြမှာပဲ"
"ပြီးတော့ အဲဒီနေ့က မဝေးတော့ဘူးလို့ ငါခံစားနေရတယ်"
ကျိုးရွှမ် ကျောက်တုံးလှေကားထစ်များပေါ်လှဲချကာ လက်အစုံကို ခေါင်းနောက်တွင် ထားရင်းရယ်မောသည်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ မကြာသေးခင်က ဘာမှထူးထူးခြားခြားမဖြစ်လာခဲ့သလို အစ်မတို့ကလည်း တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မရှိခဲ့ကြဘူးလေ၊ ဘယ်လိုများတွေ့ဆုံနိုင်မှာလဲ"
သို့စေကာမူ သူပြောပြီးပြီးချင်းမှာပင် အစေခံမလေးတစ်ဦးပြေး၀င်လာပြီးပြောသည်။
"အရှင်မင်းသား၊ မင်းသမီး၊ အရှင်တို့ရှိနေဖို့လိုတဲ့ အရာတစ်ခုရှိနေပါတယ်"
"အဲဒါဘာလဲ"
အစေခံပြောပြီးနောက်တွင် ကျိုးရွှမ်မှာ ကျိုးပိုင်လုအား ကြည့်လိုက်မိပြီး သူ့မျက်နှာ၌ ထိတ်လန့်သည့် အရိပ်အယောင်တစ်ခုရှိနေသည်။
ကျိုးပိုင်လု ရေပုံးကို အစေခံမလေးအား ပေးကာ ကျိုးရွှမ်အားကြည့်ရင်း ခပ်ပေါ့ပေါ့ရယ်မောပြီးပြောသည်။
"ကြည့်ရတာငါ့အမြင်က အတော်လေးတိကျပုံပဲ"
ကျိုးရွှမ် သူမကိုမလေးစားဘဲမနေနိုင်တော့။
....
ဤတဒင်္ဂ၌ ဝိဉာဉ်အနှစ်သာရကျောင်းတော်ထဲတွင် ကိုယ်ပိုင်တပည့်များအားလုံးနှင့် အတွင်း၀င်းထဲက တပည့်များက စတုရန်းကွက်လပ်တစ်ခု၌ စုရုံးနေကြသည်။
ထိုကွက်လပ်၌ရပ်ရင်း မည်သူမှ ကျယ်လောင်စွာ စကားမပြောရဲဘဲ ယင်းအစား အထက်က စင်မြင့်ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြ၏။
ထိုနေရာ၌ လူရှစ်ယောက်ရပ်နေကြသည်။
ထို့ထဲတွင် အတွင်း၀င်းက အကြီးအကဲငါးဦး၊ မကြာသေးခင်က ဒုကျောင်းအုပ်အဖြစ် ခန့်အပ်ခံရသည့် ပထမအကြအကဲနှင့် တခြားဒုကျောင်းအုပ်နှစ်ဦးတို့ပါ၀င်သည်။
သို့စေကာမူ သူတို့အကြား၌ နေရာလွတ်တစ်ခုရှိနေဆဲပင်။
တိတ်တဆိတ်ပင် အတွင်း၀င်းက အကြီးအကဲများနှင့် ဒုကျောင်းအုပ်သုံးဦးကြား၌ အဖိုးအိုတစ်ဦး ရုတ်တရက်ပေါ်လာခဲ့သည်။
"တျန်းဂျီတိုက်ကြီးရဲ့ ကျောင်းတော်အချင်းချင်းဖလှယ်ပွဲက စတင်တော့မယ်၊ ဒါက နယ်မြေခြောက်ခုကျောင်းတော် သိုင်းပညာပြိုင်ပွဲအတွက် ပါ၀င်သူတွေကို ရွေးချယ်ဖို့အတွက် အဓိကကျတယ်၊ မင်းတို့အားလုံး အသင့်ဖြစ်နေကြပြီလို့ ငါမျှော်လင့်ပါတယ်"