← Chapters

အစားထိုး

Vol. 99 Ch. 1393

အစားထိုး

Vol. 99 Ch. 1393

"ခေးအောစ့်နယ်မြေက ကျယ်ပြန့်ပြီး ရှုပ်ထွေးတဲ့အာဏာခွဲဝေမှုတွေရှိတာမို့ မရေမတွက်နိုင်တဲ့ ကျောင်းတော်ဂိုဏ်းတွေလည်းရှိတယ်"

"တျန်းဂျီတိုက်ကြီးတစ်ခုတည်းကိုတင် ထည့်စဉ်းစားမယ်ဆိုရင်တောင် ရာနဲ့ချီတဲ့ ကျောင်းတော်ဂိုဏ်းတွေရှိနေမှာပဲ"

"ပြီးတော့ ဝိဉာဉ်အနှစ်သာရနန်းတော်က ထိပ်တန်းကျောင်းတော်တွေထဲကတစ်ခုပဲ"

ကွက်လပ်ပြင်ကြီး၌ မုဖူရှန်း၊ ရှောင်ဟိုင်၊ ရှီရှန်းနှင့် ဖန်ချန်းတို့ဘေးတွင်ရပ်နေသည့် ထန်ကျုံ့ကျောက်မှာ သူတို့အားရှင်းပြနေသည်။

"ခေးအောစ့်နယ်မြေရဲ့ နယ်မြေခြောက်ခုကျောင်းတော်ဖလှယ်ပွဲမှာ တိုက်ကြီးတစ်ခုစီရဲ့ ထောင့်လေးထောင့်က ကျောင်းတော်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေပါ၀င်မယ်"

"ဒီနေရာ၀င်ခွင့်အတွက် ယှဉ်ပြိုင်ဖို့ ရွေးချယ်မှုကနေ ဖြတ်သန်းရမှာမို့ တျန်းဂျီတိုက်ကြီးထဲက ကျောင်းတော်ဂိုဏ်းအားလုံးကို အနိုင်ယူရမယ်"

ရှောင်ဟိုင်မျက်မှောင်ကြုတ်သည်။

"‌တျန်းဂျီတိုက်ကြီးမှာ ကျောင်းတော်ဂိုဏ်းတစ်ရာကျော်တောင်ရှိတာမလား၊ အားလုံးကို အနိုင်ယူဖို့ဆိုတာက အချိန်အများကြီး ယူရမှာလေ"

ဖုန်းယီ အားကိုးရာမဲ့စွာပြောသည်။

"ငါသူတို့ကို တစ်ယောက်ပြီးတစ်ယောက် စိန်ခေါ်ချင်ပေမယ့် တခြားကျောင်းတော်ဂိုဏ်းတွေကလည်း ဒါကအချိန်အရမ်းကုန်လွန်းတယ်လို့ ထင်ကြတယ်၊ ဒီတော့ တျန်းဂျီတိုက်ကြီးကို အရှေ့မြောက်၊ အရှေ့တောင်၊ အနောက်တောင်နဲ့ အနောက်မြောက်ဆိုပြီး အပိုင်းလေးပိုင်းခွဲထားပြီး တစ်ပိုင်းစီက အနိုင်ရသူကို အရင်ရွေးတယ်၊ ပြီးတော့ ဒီအပိုင်းလေးပိုင်းက အနိုင်ရသူတွေက နောက်ဆုံးအောင်နိုင်သူကို ဆုံးဖြတ်ဖို့အတွက် ဆက်လက်ယှဉ်ပြိုင်တယ်"

"ငါတို့ဝိဉာဉ်အနှစ်သာရကျောင်းတော်က မြောက်ပိုင်းမှာရှိတယ်"

ဒုကျောင်းအုပ်များနှင့် အကြီးအကဲများအကြား ရပ်နေသည့်အဖိုးအိုက ဝိဉာဉ်အနှစ်သာရကျောင်းအုပ် ကျောက်ကျင်းစန်းဖြစ်သည်။

ကျောင်းအုပ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မည်သူပင်ဖြစ်နေပါစေ၊ လူတိုင်းက ဆွေးနွေးနေတာကို ရပ်လိုက်ကြပြီး ထိုလေးစားခံပုဂ္ဂိုလ်အား လေးစားစွာ မော့ကြည့်လိုက်ကြ၏။

ကျောက်ကျင်းစန်း၌ ဝိဉာဉ်အနှစ်သာရကျောင်းတော်တင်မဟုတ်ဘဲ ပြင်ပတွင်ပင် ကြီးမားသည့်ဂုဏ်သတင်းတစ်ခုရှိသည်။

သူက စွမ်းအားကြီးမားပြီး တျန်းဂျီတိုက်ကြီး၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအဖြစ် ရပ်တည်နေသည်သာမက သူ့တွင် မရေမတွက်နိုင်လောက်သည့် တပည့်များစွာလည်းရှိသည်။

အများစုက ကျောင်းတော်မှ ထွက်ခွာသွားကြပြီဖြစ်သည့်တိုင် သူတို့၏ ကိုယ်ပိုင်ကျောင်းများတည်ထောင်ကြသလို တစ်ချို့က နာမည်ကြီးအင်အားစုများဖြစ်လာကြသည်။

နဂါးကိုးကောင်နတ်မင်းဆက်၏သားတော်ပင်လျှင် ကျောက်ကျင်းစန်းထံမှ သင်ကြားမှုများကို ရှာဖွေခဲ့သည်။

သူ့ဩဇာအာဏာက ဝေးလံစွာ ပျံ့နေသည်ဟုဆို၍ရသည်။

ကျောက်ကျင်းစန်း၏ သက်တမ်းနှင့် ကွန်ရက်နှင့်အတူ တျန်းဂျီတိုက်ကြီးပေါ်၌ ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ ပုံရိပ်ကလည်း သိသိသာသာပင် မြင့်တက်လာခဲ့သည်။

လက်ရှိအချိန်တွင် ကျောက်ကျင်းစန်းမှာ အလွန်သက်တောင့်သက်သာရှိပြီး ဖော်ရွေ့သည့် အပြုံးတစ်ပွင့်ကို ပြသရင်း လက်ဝှေ့ယမ်းကာပြောသည်။

"ဒီကျောင်းတော်ဖလှယ်ပွဲကို ပုံမှန်လိုပဲ အဓိကယှဉ်ပြိုင်သူဆယ်ဦးနဲ့ အစားထိုးလေးယောက်တို့နဲ့ ဆက်လုပ်ပါမယ်၊ ရွေးချယ်မှုဆိုင်ရာစံနှုန်းတွေက အကြီးအကဲတွေနဲ့ ဒုကျောင်းအုပ်တွေရဲ့ အကြံပြုချက်တွေကို အခြေခံပါမယ်"

"ပထမဆုံးအနေနဲ့ အဓိကယှဉ်ပြိုင်သူတွေက ကုရှန်း၊ ချင်းရှီ၊ ထန်ကျုံ့ကျောက်၊ ဖုန်းယီ၊ စီတင်းယု၊ လင်းယု၊ ရှင်းဝေ၊ ကျန်းဟွန်၊ ချီမို၊ ရှန်းချူ"

သူတို့ထဲတွင် ချင်းရှီက ကျောင်းအုပ်၏ ကိုယ်ပိုင်တပည့်ဖြစ်ပြီး သူ့ခွန်အားက အတော်လေးနက်ရှိုင်းသည်။

သို့တိုင်အောင် ကျောင်းတော်၏ ကျောင်းသားအားလုံးအကြား သူဒုတိယနေရာတွင်သာရှိသည်။

လူတိုင်း ကုရှန်းဆိုသောနာမည်ကို ကြားသောအခါ သူတို့၏မျက်သူငယ်အိမ်များက ပြင်းထန်စွာကျုံ့သွား၏။

ထန်ကျုံ့ကျောက်ကလည်း လေးနက်သည့် အမူအရာဖြင့်ပြောသည်။

"သူပြန်လာမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး"

သူကခွန်အားအရာ၌ ကျောင်းသားများအကြား အဆင့်တစ်၀င်သဖြင့် အငြင်းပွားစရာမရှိ နံပါတ်တစ်ဖြစ်သည်။

ဒါ့အပြင် သူက ကောင်းကင်နံပါတ်တစ်ခြံ၀င်း၏ ယခင်သခင်ဟောင်းလည်းဖြစ်ကာ အကြီးအကဲများစွာနှင့် ကျောင်းအုပ်ပင်လျှင် သူ့ကိုတပည့်အဖြစ် လက်ခံချင်ကြသော်လည်း သူအားလုံးကိုငြင်းပြီးနောက် အတွေ့အကြုံရယူရန်အတွက် ထွက်သွားခဲ့သည်။

နှစ်များစွာအတွေ့အကြုံရယူပြီးနောက် သူကျောင်းတော်ဖလှယ်ပွဲတွင် ပါ၀င်ရန်အတွက် ပြန်လာမည်ဆိုတာက မျှော်လင့်မထားသည့်အရာတစ်ခုပင်။

‌ကျောင်းအုပ်ကျောက်ကျင်းစန်းနောက်တွင် ရပ်နေသည့် ချင်းရှီပင်လျှင် တိုက်ပွဲဆန္ဒတစ်ခုကို ပြသသည်။

ကုရှန်းဆိုသောနာမည်ကို ဝိဉာဉ်အနှစ်သာရကျောင်းတော်က လူတိုင်းသိကြသည်။

သို့စေကာမူ မုဖူရှန်းနှင့်တခြားသူများအတွက် အနည်းငယ်ရင်းနှီးခြင်းမရှိချေ။

ဒါကိုသိသည့်အပေါ် ထန်ကျုံ့ကျောက်ဘေးကနေ ရှင်းပြသည်။

"ကုရှန်းက တစ်ခါက ကျောင်းတော်က ကိုယ်ပိုင်တပည့်အားလုံးကို ခေါင်းမထောင်နိုင်အောင် ဖိသိပ်ခဲ့ပြီး မရေမတွက်နိုင်လောက်တဲ့ စံချိန်တွေကို ချိုးဖျက်ရင်း အရာများစွာကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ နတ်ဘုရားတစ်ပါးပဲ"

"အကြီးအကဲတွေနဲ့ ကျောင်းအုပ်ကို သူငြင်းခဲ့ပေမယ့် တခြားဘယ်ဂိုဏ်းကိုမှ မ၀င်ခဲ့ဘူး၊ အရင်က တျန်းဂျီတိုက်ကြီးထဲက မရေမတွက်နိုင်လောက်တဲ့ ပထမတန်းစားဂိုဏ်းတွေက ကုရှန်းကို ဖိတ်ခေါ်ခဲ့ကြပေမယ့် သူသူတို့အားလုံးကိုလည်း ငြင်းခဲ့တယ်"

ရှောင်ဟိုင်ရယ်မောလိုက်၏။

"ဒါဆိုသူကအရမ်းအားကောင်းမယ့်ပုံပဲ၊ ကျုပ်မှာ သူနဲ့တိုက်ဖို့ အခွင့်အရေးတစ်ခု ရှိလာမလားဆိုတာ တကယ်သိချင်မိတယ်"

သူ့ဘေးက ဖုန်းယီခါးသီးစွာပြုံးသည်။

"ရှင့်ရဲ့လက်ရှိခွန်အားနဲ့ဆိုရင် ကုရှန်းကို မယှဉ်နိုင်လောက်ဘူး၊ ကုရှန်းမှာ တကယ့်တိုက်ပွဲမှာ မွန်းစတားတစ်ကောင်ပဲ၊ ပြီးတော့ တခြားနယ်မြေတွေက အဲဒီပါရမီရှင်တွေကိုလည်း စိန်ခေါ်နိုင်တယ်လေ"

"ဒါပေမယ့်သူဘယ်မှာလဲ၊ ဘာလို့သူ့ကို မမြင်ရတာလဲ" ရှီရှန်း အရှေ့နှင့်အနောက်ကို လှည့်ပတ်ကြည့်သော်လည်း ယခုလိုဖော်ပြချက်နှင့်ကိုက်ညီသည့် မည်သူ့ကိုမှ မတွေ့ခဲ့ပေ။

ထန်ကျုံ့ကျောက်ပြုံးသည်။

"ကုရှန်းကအတော်လေးအထီးကျန်တယ်၊ သူက ဖလှယ်ပွဲတရား၀င်စတဲ့အခါကျမှ ကိုယ်ထင်ပြလာလိမ့်မယ်"

တရား၀င်ယှဉ်ပြိုင်သူများအား ကြေညာချက်အပြီးတွင် ရွေးချယ်မခံရသည့်ကျောင်းသားများက ကျောက်ကျင်းစန်းကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။

ကျောင်းတော်ဖလှယ်ပွဲ၌ အစားထိုးတစ်ဦးဖြစ်လျှင်ပင် တျန်းဂျီတိုက်ကြီးတစ်ခုလုံး၌ ဂုဏ်သတင်းက မြင့်တက်သွားနိုင်သည်။

ဒါ့အပြင် ရက်ရောသည့်ဆုလာဘ်များနှင့် ထူးကဲသောလေ့ကျင့်ရေးအခွင့်အလမ်းများလည်းပါ၀င်သည်။

ဒါကသူတို့အားလုံးလိုက်စားနေကြသည့်အရာပင်။

မည်သူကများ သူတို့၏ဂုဏ်သတင်းကို ပိုတောက်ပလာမှာကို မလိုချင်ကြမည်နည်း။

ကျင့်ကြံခြင်း၏ရည်ရွယ်ချက်က ထာ၀ရသက်တမ်း၊ အာဏာနှင့် ကြွယ်၀မှုကို ရယူရန်ဖြစ်သလို အမည်နာမကို မိုးနှင့်မြေ၌ မြည်ဟိန်းနေစေရန်ပင်မဟုတ်ပေလော။

မုဖူရှန်း သို့မဟုတ် လုချန်ရှန်းတော့မပါပေ။

ထိုအချိန်မှာပင် ကျောက်ကျင်းစန်း အပြုံးဖြင့်ပြောသည်။

"ပြီးတော့ အစားထိုးတွေကတော့ ရှောင်ဟိုင်၊ ရှီရှန်း၊ မုဖူရှန်းနဲ့ ဖန်ချန်းတို့ပဲ"

လူအုပ်စုကအနည်းငယ် သက်ပြင်းချလိုက်မိကြသော်လည်း ဤဆုံးဖြတ်ချက်ကို သူတို့ယုံကြည်ပါသည်။

ရှောင်ဟိုင်နှင့် တခြားသူများ မကြာသေးခင်က လုပ်ခဲ့သည့်အရာများကို ထောက်ဆကြည့်ပါက သန့်စင်မိုးမျှော်စင်၌ စံချိန်ချိုးဖျက်ခြင်းဖြစ်စေ၊ ကြယ်ကျောက်တောင် သို့မဟုတ် မင်းသားဂူသင်္ချိုင်းတွင်ဖြစ်စေ သူတို့အားလုံးက ချီးကျူးထိုက်သည့်အင်အားကို ပြသခဲ့ကြသည်။

သို့သော်လူတိုင်းနားမလည်နိုင်တာက မုဖူရှန်းပင်။

လူတိုင်းနီးပါး မိုးကြိုးကြမ်းပင်လယ်၌ အဆင့်ပင်မ၀င်ဘဲ အပြင်ဘက်အစွန်၌သာ ရှိနေသေးသည့် မုဖူရှန်းထံ အကြည့်ပို့လွှတ်လိုက်ကြ၏။ သူ့ကိုဘာလို့အစားထိုးအဖြစ် ရွေးချယ်ရတာလဲ၊ သူက ရှောင်ဟိုင်၊ ရှီရှန်းတို့နဲ့ ဆက်နွှယ်နေတာမို့ သူ့ကို ရွေးချယ်ခဲ့တာလား!

မုဖူရှန်းနှင့်တခြားသူများကလည်း ရွေးချယ်ခံရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။

မုဖူရှန်း သူ့၀န်းကျင်၌ စုပြုံနေသည့် အကြည့်များကိုပင် လျစ်လျူရှုနေရသည်။

ဘာတွေဖြစ်နေတာလဲ!

ငါတို့ဘယ်လိုလုပ် အစားထိုးတွေဖြစ်လာတာလဲ!

ပြီးတော့ ငါတို့ပထမအကြီးအကဲနဲ့ ပြောခဲ့တယ်မလား၊ အိုး ..မဟုတ်ဘူး၊အခု ဒုကျောင်းအုပ်လို့ခေါ်ရမှာပေါ့!

ငါတို့အချိန်ကျလာတဲ့အခါကျရင် အဇူရာကောင်းကင်ကျောင်းတော်ကို ကိုယ်စားပြုမယ်လို့ ပြောခဲ့တာမလား!

မုဖူရှန်း ထန်ကျုံ့ကျောက်အားကြည့်လိုက်မိသည်။

သို့စေကာမူ ထန်ကျုံ့ကျောက်အပြုံးဖြင့်ပြောသည်။

"အစားထိုးဖြစ်တယ်ဆိုတာက နောက်ပိုင်းအစားထိုးလို့ရတယ်လို့ ဆိုလိုတာပဲ၊ ဆရာ့ရဲ့ ရည်ရွယ်ချက်က အနာဂတ်မှာ မင်းတို့အတွက် အရင်းအမြစ်တွေပိုစီစဉ်နိုင်အောင် အစားထိုးသူတွေအဖြစ် ပါ၀င်စေဖို့ပဲ"

"ဒါ့အပြင် ညီနောင်ရှီက ကြယ်မျှော်စင်ကို ၀င်တော့မှာမလား၊ အခုဘယ်သူမှ မပြောကြဘူးဆိုပေမယ့် မင်းတို့တိုက်ပွဲမှာ အဇူရာကောင်းကင်ကျောင်းတော်ကို ကိုယ်စားပြုတဲ့အခါ သွားပုပ်လေလွင့်စကားတွေ ထွက်လာလိမ့်မယ်"

"အခုအစားထိုးတွေအဖြစ် ပါ၀င်မယ်ဆိုရင် ဝိဉာဉ်အနှစ်သာရကျောင်းတော်က နောက်ပိုင်း အဇူရာကောင်းကင်ကျောင်းတော်နဲ့ ပူးပေါင်းမှုတစ်ခုခုဖွဲ့စည်းတာနဲ့ ဒါက ကျောင်းတော်၊ ဆရာ၊ ဒါမှမဟုတ် မင်းတို့ရဲ့ဂုဏ်သတင်းကို ထိခိုက်စေမှာ မဟုတ်တော့ဘူး"

ဒါက အစားထိုးဖြစ်ခြင်းက ယာယီသာဖြစ်ပြီး အနာဂတ်ဆုံးဖြတ်ချက်များအတွက်သာ။

မဟုတ်ပါက ဤသို့တွေးကြည့်၍ရသည်။ အကယ်၍ ရှောင်ဟိုင်နှင့် တခြားသူများက ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ အရင်းအမြစ်များကိုသုံးပြီး နောက်ပိုင်း ပြိုင်ပွဲတွင် တခြားကျောင်းတော်တစ်ခုကို ကိုယ်စားပြုပါက ဒါက သစ္စာဖောက်ခြင်းပင် မဟုတ်ပေလော။

ထိုအချိန်မှာပင် သူတို့ကိုလက်ခံခဲ့သည့် ပထမအကြီးအကဲသာမက ထန်ကျုံ့ကျောက်နှင့် ကျောင်းတော်တစ်ခုလုံးပင်လျှင် ဂုဏ်သတင်းထိခိုက်စေလိမ့်မည်။

မုဖူရှန်းရုတ်တရက်နားလည်သွား၏။

မည်မျှထိ တွေးတောရမလဲဆိုတာ သူသဘောမပေါက်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ကျောက်ကျင်းစန်းက သူတို့သုံးရက်အတွင်းထွက်ခွာမည်ဟု ကြေညာခဲ့ပြီး ထိုနေရာအား ဒုကျောင်းအုပ်နှင့် အကြီးအကဲများအား လက်လွှဲထားခဲ့သည်။

ထန်ကျုံ့ကျောက် ရှီရှန်းအား အပြုံးဖြင့်ကြည့်သည်။

"ညီနောင်ရှီ၊ ငါနဲ့အတူလာခဲ့၊ ဆရာမင်းကို အဲကိုခေါ်သွားဖို့ပြောတယ်"

ရှီရှန်းခေါင်းညိတ်သည်။

မုဖူရှန်းမှာမူ လူထု၏ မကျေနပ်သည့်အကြည့်များကြားတွင် ရှောင်ဟိုင်နှင့် ဖန်ချန်းတို့နှင့်အတူ ကောင်းကင်နံပါတ်တစ်ခြံ၀င်းသို့ ပြန်သွားခဲ့သည်။

ကောင်းကင်နံပါတ်တစ်ခြံ၀င်း၏ အပြင်ဘက်ကိုရောက်လာသောအခါ မုဖူရှန်း ရှောင်ဟိုင်နှင့် ဖန်ချန်းတို့ကို ဆွဲပြီး လက်ထဲတွင် အဆောင်များကို ကိုင်ကာ ခြံ၀င်းရှိရာသို့ လေးနက်စွာကြည့်နေခဲ့သည်။

All Chapters