← Chapters

ရှောင်ဟိုင်ရှုံးနိမ့်ခြင်း

Vol. 99 Ch. 1395

ရှောင်ဟိုင်ရှုံးနိမ့်ခြင်း

Vol. 99 Ch. 1395

နက္ခနက်လေပြင်းများက ကောင်းကင်ဘုံထိ ထိုးတက်သွားသည့်အလား ထင်ရသည်။

ဤနက္ခတ်လေပြင်းများ၏ရှေ့တွင် နတ်ဆိုးဘုရင်ပုံရိပ်ယောင်က အနည်းငယ်သေးငယ်ပုံပေါ်သည်။

ဝိဉာဉ်အနှစ်သာရကျောင်းတော််မှ လူတိုင်းနီးပါး ထိုမြင်ကွင်းကိုမြင်သောအခါ သူတို့၏မျက်လုံးများက အံ့ဩသင့်မှုနှင့် သံသယတို့ဖြင့် ပြည့်နှက်သွား၏။

ပထမအကြီးအကဲနေထိုင်သည့်ခြံ၀င်း၌ ထန်ကျုံ့ကျောက်နှင့် ပထမအကြီးအကဲတဖြစ်လဲ ဒုကျောင်းအုပ်တို့က ကောင်းကင်နံပါတ်တစ်ခြံ၀င်းရှိရာဘက်သို့ အကြည့်ပို့လွှတ်လိုက်ကြသည်။

ထန်ကျုံ့ကျောက် အံ့ဩသင့်စွာပြောသည်။

"ဆရာ၊ အဲဒါကကုရှန်းရဲ့အော်ရာမလား၊ သူကောင်းကင်နံပါတ်တစ်ခြံ၀င်းမှာလား"

ဒုကျောင်းအုပ် အနည်းငယ်ခေါင်းညိတ်သည်။

"အဲဒါကတကယ်သူ့အော်ရာပဲ၊ ကြည့်ရတာ သူအတော်လေးတိုးတက်လာခဲ့ပုံပဲ၊ အဲဒီအော်ရာအရဆိုရင်တော့ အဲဒါက ဘိုးဘေးနယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်ပြီး နတ်တပိုင်းနယ်ပယ်ကို ရောက်ဖို့အတွက် ခြေတစ်လှမ်းပဲလိုတော့တယ်"

"ဒါပေမယ့်ဘာလို့ ညီနောင်ရှောင်ဟိုင် ကုရှန်းနဲ့သွားတိုက်ခိုက်နေရတာလဲ" ထန်ကျုံ့ကျောက်ခါးသီးစွာပြုံးသည်။

"ဆရာ၊ ကျွန်တော်တစ်ချက်သွားကြည့်ရမလား"

ဒုကျောင်းအုပ်ခေါင်းညိတ်ပြီးတုံ့ပြန်သည်။

"သွားလိုက်၊ ဒါပေမယ့် မင်းအဲဒီကို ရောက်တဲ့အခါကျရင် နည်းနည်းကြား၀င်ဖို့ ကြိုးစားကြည့်၊ ရှောင်ဟိုင်ကို ဒဏ်ရာမရစေနဲ့"

ဒါကိုကြားသောအခါ ထန်ကျုံ့ကျောက်ခမျာ ဖျော့တော့သွားပြီး ကသိကအောက်ပြောသည်။

"ဆရာ၊ ကျွန်တော်သာ အဲမှာကြား၀င်မယ်ဆိုရင် ဒဏ်ရာရမယ့်လူက ကျွန်တော်ပဲ ဖြစ်လိမ့်မယ်"

ထန်ကျုံ့ကျောက်က ဝိဉာဉ်အနှစ်သာရကျောင်းတော်၌ ထိပ်တန်းပါရမီရှင်ငါးဦးထဲက တစ်‌ဦးအဖြစ် လူသိများသော်လည်း သူ့လက်ရှိနယ်ပယ်က ကုရှန်းကိုမဆိုထားနဲ့၊ ရှောင်ဟိုင်ကိုပင်လျှင် အမီမလိုက်နိုင်ခဲ့ပေ။

ဒုကျောင်းအုပ်မှာ ထန်ကျုံ့ကျောက်အား တစ်ချက်သာ စိုက်ကြည့်လိုက်၏။

"မင်းဘယ်လောက်နောက်ကျနေသလဲဆိုတာ နားလည်မယ်ဆိုရင် အကောင်းဆုံးပဲ၊ မဟုတ်ရင် တခြားသူတွေရဲ့ ချီးမွမ်းမှုတွေက မင်းကို မျက်ကန်းဖြစ်စေလိမ့်မယ်"

မျက်ကန်းလား!

ကျွန်တော်ဖြစ်ဖူးလို့လား!

ကျွန်တော်ဖြစ်ဖူးလို့လားလို့!

ကျွန်တော်ကအမြဲနှိမ့်ချတတ်ပါတယ်နော်၊ ဟုတ်ပြီလား!

....

ဤအခိုက်အတန့်၌ လူတိုင်း၏အာရုံက ကောင်းကင်နံပါတ်တစ်ခြံ၀င်း၌ရှိနေပြီး တပည့်အများအပြားကပြေးလွှားနေကြ၏။

ခြံ၀င်းထဲသို့မ၀င်နိုင်သဖြင့် သူတို့အပြင်တွင် ရပ်ပြီးကြည့်နေကြသည်။

ရှောင်ဟိုင် ဖုန်မှုန့်များထဲကနေရပ်လိုက်ပြီး သူ့သွေးကြောစွမ်းအားက ကြမ်းကြုတ်စွာ တောက်လောင်နေသည်။ နတ်ဆိုးဘုရင်ပုံရိပ်ယောင်က ရှောင်ဟိုင့်လက်သီးချက်နှင့်အတူ လိုက်ပါရင်း နက္ခနက်လေပြင်းများအား ထိုးနှက်ပစ်သည်။

လက်သီးကမထိခင်မှာပင် နက္ခတ်လေပြင်းထဲက မရေမတွက်နိုင်လောက်သည့် ကျောက်စရစ်ခဲများက ရှောင်ဟိုင်၏ လက်သီးဆီသို့ ကျည်ဆံများပမာ ပစ်၀င်သွား၏။

ထိုသာမန်ပုံပေါက်နေသည့် ကျောက်စရစ်ခဲများက ဤအချိန်မှာပင် လေပြင်းထဲတွင် ရစ်ပတ်ရင်း ဓားသွားများပမာ ထက်ရှနေသည်။

၎င်းတို့ဖြတ်သွားသည့်လေဟာနယ်က ကျောက်တုံးတစ်တုံး ရေထဲပစ်ချလိုက်သည့်အလား လှိုင်းထကာ မတည်မငြိမ်ဖြစ်သွားသည်။

လက်သီးကိုထိမှန်သည့် ကျောက်စရစ်ခဲတစ်ခုစီက နတ်ဆိုးဘုရင်ပုံရိပ်ယောင်အား အပေါက်များစွာအဖြစ် ထိုးနှက်ပစ်သည်။

ရှောင်ဟိုင်၏ခန္ဓာကလည်း တိုက်မိမှုကြောင့် အဆက်မပြတ်တုန်ယင်နေ၏။

ပြင်းထန်သည့်နာကျင်မှုကို အံကြိတ်သည်းခံရင်း ထာ၀ရနတ်ဆိုးခန္ဓာ၏ ကိုးလွှာက အပြည့်အ၀အသက်၀င်လာခဲ့သည်။

တီးတိုးတစ်ချက်အော်ဟစ်ကာ သူနတ်ဆိုးဘုရင်ပုံရိပ်ယောင်ကိုထိန်းချုပ်ပြီး နက္ခတ်နက်လေပြင်းများရှိရာသို့ ပြင်းထန်သည့် လက်သီးချက်တစ်ချက် ပစ်ကျွေးလိုက်၏။

ပုံမှန်အားဖြင့် ရှောင်ဟိုင်၏ တိုက်ခိုက်မှုများက သူ့ပြိုင်ဘက်များအား ကြီးမားသည့်ပျက်စီးမှုကို ဖြစ်စေနိုင်သည်။

နယ်ပယ်အတွင်း ကွဲပြားခြားနားချက်တိုင်းကပင် ရန်သူများအား ဒဏ်ရာရစေဦးမည်သာ။

သို့စေကာမူ ရှောင်ဟိုင်၏လက်သီးက ဒီတစ်ကြိမ် နက္ခတ်နက်လေပြင်းကို ထိမှန်သောအခါ သူပထမဆုံးခံစားလိုက်ရတာက ခိုင်ခံ့သည့်အရာမဟုတ်ဘဲ ဝါဂွမ်းအား ထိမှန်သွားသည့်အလား သူ့လက်သီးချက်နောက်ကွယ်က အားအင်အားလုံးက အဆက်မပြတ်လည်ပတ်နေသည့် လေများကြောင့် ဘက်ပေါင်းစုံသို့ လွင့်စင်ပပျောက်သွားရသည်။

အသက်ရှူကြိမ်ရေသုံးကြိမ်အတွင်း ရှောင်ဟိုင့်လက်သီးချက်နောက်က စွမ်းအားက လုံး၀လျော့ပါးသွားခဲ့သည်။

ချက်ချင်းဆိုသလို ‌နတ်ဆိုးဘုရင်ပုံရိပ်ယောင်က စတင်မှေးမှိန်လာပြီး ရှောင်ဟိုင်၏ မျက်သူငယ်အိမ်များက အဆက်မပြတ်ကျယ်လာသည်။ အားအင်အားလုံး ပျောက်ကွယ်သွားသောအခါ သူ့ကိုယ်ခန္ဓာက ဟန်ချက်ပျက်သွားပြီး နက္ခလေပြင်းတိုက်ခတ်မှုကြောင့် လွင့်စင်သွားရသည်။

ကောင်းကင်ထဲသို့တိုက်ခတ်သွားပြီးနောက်မှသာ နက္ခတ်နက်လေပြင်းက နောက်ဆုံးတွင်ရပ်သွားသည်။

ရှောင်ဟိုင်၏ခန္ဓာက ကောင်းကင်မြင့်ကနေ ကျလာပြီး ခန်းမအား ပြင်းထန်စွာ တိုက်မိလေရာ အစိတ်စိတ်အမွာမွာကွဲအက်သွားလေတော့သည်။

မုဖူရှန်းနှင့် ဖန်ချန်းတို့မှာ သူ့အားစစ်ဆေးရန်အတွက် ချဉ်းကပ်လာကြ၏။ ရှောင်ဟိုင်မှာ အနည်းငယ်အားနည်းကာ ဒဏ်ရာရနေသည့်တိုင် ပြင်းထန်သည့်ဒဏ်ရာများမရှိပေ။ တစ်ဘက်လူက ထိန်ချန်ထားသည်မှာ ရှင်းနေသည်။

ကုရှန်း ပျက်စီးနေသည့်ခန်းမဆီသို့ ချဉ်းကပ်လာပြီးညည်းတွားသည်။

"အာ၊ ဒီခန်းမမှာ ငါအနားယူရတာကို အရမ်းကြိုက်တာ၊ ဒါပေမယ့် မင်းအဆင်ပြေရဲ့လား"

ရှောင်ဟိုင် အပျက်အစီးများကနေ ခုန်ထွက်လာပြီး ကုရှန်းအားကြည့်သည်။

"ကျုပ်အဆင်ပြေပါတယ်၊ ခင်ဗျားက အတော်လေးအားကောင်းတာပဲ"

ကုရှန်း ပါးစပ်ထဲက မြက်ပင်လေးကို ဝါးနေဆဲပင်။ ယခုလေးတင်က သူတို့တိုက်ပွဲပြီးသွားသည့်တိုင် မြက်ပင်လေးက အနည်းငယ်မျှပင် ထိခိုက်မှုမရှိခဲ့ပေ။

သူပြုံးလိုက်သည်။

"မင်းလည်းတကယ်တော်ပါတယ်၊ ငါ့နယ်ပယ်က မင်းထက်နယ်ပယ်သေးလေးနှစ်ခုမြင့်နေတာတောင် မင်းငါနဲ့ ဒီအတိုင်းအတာအထိ တိုက်ခိုက်နိုင်ခဲ့တယ်၊ မင်းနယ်ပယ်က ငါနဲ့တူလာတဲ့အခါကျရင် အဲဒါက အခွင့်အလမ်း ၅၀၊ ၅၀ဖြစ်သွားလိမ့်မယ်"

၅၀၊ ၅၀ပဲလား!

ရှောင်ဟိုင်အနည်းငယ်မျက်မှောင်ကြုတ်သည်။

နယ်ပယ်တူအတွင်း ရှောင်ဟိုင်အတွက် ပြိုင်ဘက်ဆိုတာ တစ်ခါမှ မရှိဖူးတာကို လူတိုင်းသိကြသည်။

ကုရှန်းရယ်မောရင်း ရှောင်ဟိုင်၏ စိတ်ရှုပ်ထွေးမှုကို သတိထားမိပုံရပြီး ရှင်းပြသည်။

"မင်းရဲ့မခုခံနိုင်တဲ့ရုပ်ခွန်အားက တကယ်ကို အားကောင်းသလို ကြောက်စရာလည်းကောင်းပါတယ်၊ ဒါပေမယ့် မင်းက အကြမ်းဖက်အားတစ်ခုကိုပဲသိပုံပဲ၊ ဒါက စစ်ပွဲအတွေ့အကြုံအများကြီးရှိတဲ့ လူတစ်ယောက်အတွက် ကြီးမားတဲ့အားနည်းချက်ပဲ"

ဒါကိုကြားသောအခါ ရှောင်ဟိုင်အနည်းငယ်ကြက်သေသေသွားပုံရပြီး နှိမ့်ချစွာမေးသည်။

"ကျုပ် ခင်ဗျားရဲ့လမ်းညွှန်မှုကို တောင်းဆိုပါတယ်"

ကုရှန်းထိန်ချန်မထားဘဲ ခပ်ပေါ့ပေါ့ပငါပြောသည်။

"ငါ့အပေါ် မင်းတိုက်ခိုက်မှုအင်အားအများစုကို ငါကိုယ်တိုင်တိုက်ရိုက်မခုခံခဲ့ဘဲ ပြန်လမ်းညွှန်ပေးခဲ့တာကို မင်းသတိထားမိလား"

ရှောင်ဟိုင်ခေါင်းညိတ်သည်။

ဥပမာအားဖြင့် အစောပိုင်းက နက္ခနက်လေများဖြစ်သည်။

"မင်းသင်ယူဖို့ဆိုတာက သိမ်မွေ့မှုပဲ၊ မင်းအခြေအနေအမျိုးမျိုးမှာ အားသုံးဖို့အတွက် မတူညီတဲ့နည်းလမ်းတွေကို သုံးသင့်တယ်၊ ဒီလိုဆိုရင် မင်းနယ်ပယ်က ငါနဲ့ ကိုက်ညီတဲ့အခါကျရင် ငါအနိုင်ယူနိုင်မယ့် အခွင့်အလမ်းက ၃၀ရာခိုင်နှုန်းဖြစ်သွားလိမ့်မယ်"

ရှောင်ဟိုင်၏သွေးကြောနှင့် ဖွဲ့စည်းပုံက ထူးခြားတာကို ကုရှန်းမြင်နိုင်သည်။ ဤသည်က ကြိုးစားအားထုတ်မှုတစ်ခုတည်းက အောင်မြင်ရန် ခက်ခဲသည့်အရာတစ်ခုဖြစ်ပြီး မွေးရာပါလက်ဆောင်များဟုလည်းဆို၍ရသည်။

ဤအရာနှစ်ခုကြောင့်ပင် ရှောင်ဟိုင်က သူ့နယ်ပယ်၌ ပြိုင်ဘက်ကင်းနေခြင်းပင်။

ရှောင်ဟိုင် ထိုစကားကိုတွေးနေမိသည်။

တကယ်တမ်းတွင် ပြိုင်ဘက်များကို အနိုင်ယူရန်အတွက် သူခွန်အားကိုသာ လုံး၀အမြဲလိုလိုအားကိုးခဲ့သည်။

သို့သော် ကုရှန်းကဲ့သို့ အားကောင်းသည့် ပြိုင်ဘက်တစ်ဦးနှင့် သူအမှန်တကယ် တွေ့ဆုံလာရသောအခါ ဤနည်းလမ်းက သိသိသာသာပင် အရမ်းထိရောက်ခြင်းမရှိတော့။

ကုရှန်း ရှောင်ဟိုင်ပခုံးကိုပုတ်ရင်း အပြုံးဖြင့်ပြောသည်။

"ကောင်းပြီ၊ ဒါကိုနားလည်အောင်လုပ်ဖို့ အချိန်ယူပါ၊ ငါတို့ကျောင်းတော်ဖလှယ်ပွဲမှာ တစ်ယောက်ကိုတစ်ယောက်တွေ့ကြမှာပဲလေ၊ မင်းခွန်အားနဲ့ဆိုရင် မင်းက အဓိကပြိုင်ပွဲရဲ့ ပြိုင်ပွဲ၀င်တစ်ယောက်ဖြစ်ရမယ်"

ရှောင်ဟိုင်ခေါင်းခါယမ်းသည်။

"ကျုပ်ကအစားထိုးပါ"

"ဘာကြီး၊ အစားထိုးလား၊ ကျောင်းအုပ်နဲ့ အကြီးအကဲတွေ မျက်စိကန်းနေကြတာလား ဒါမှမဟုတ် သူတို့မနိုင်ချင်ကြလို့လား" ကုရှန်း၏မျက်လုံးများက ပြူးကျယ်သွား၏။

"ကျောင်းတော်ဖလှယ်ပွဲက လူတစ်ယောက်တည်းနိုင်နိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး"

ကျောင်းတော်ဖလှယ်ပွဲကို တစ်ဦးချင်းတိုက်ပွဲပုံစံပြုလုပ်ထားပြီး တစ်ယောက်စီက တစ်ကြိမ်စီသာတိုက်ခိုက်နိုင်ကာ အဆုံးတွင် အများဆုံးအနိုင်ရသည့်ဘက်က အောင်ပွဲခံမည်ဖြစ်သည်။

ထို့ကြောင့် ကုရှန်းတစ်ယောက်တည်းကိုသာ အားကိုးခြင်းက အလုပ်မဖြစ်ပေ။

"အဟွတ်၊ အဟွတ်"

ထိုအချိန်မှာပင် အထက်ကချောင်းဆိုးသံများထွက်လာသည်။

ကုရှန်းမော့ကြည့်လိုက်သောအခါ ကျောင်းအုပ်ကျောက်ကျင်းစန်းနှင့် တခြားအကြီးအကဲများက တိမ်များပေါ်၌ လွင့်မျောနေကြပြီး သူတို့အမူအရာများက အနည်းငယ်ပုံစံမကျဖြစ်နေတာကို တွေ့လိုက်ရသည်။

၎င်းက သူတို့ဒေါသထွက်ချင်သော်လည်း ဒေါသမထွက်ချင်သည့်ပုံစံမျိုးဖြစ်ပြီး အကူအညီမဲ့မှုနှင့် ရောယှက်နေသည့် အကြည့်မျိုးပင်။

တကယ်တမ်းတွင် ကုရှန်း၏ မလေးမစားပြောတတ်သည့်ပွင့်လင်းသည့်စရိုက်က အသစ်အဆန်းတော့မဟုတ်ပါ။

ဒါ့အပြင် သူ့တွင် ထူးခြားသည့်ပါရမီလည်းရှိသည်။

သူတို့သူ့ကိုအမှန်တကယ် အပြစ်မပေးနိုင်ပေ။

"အာ...." ကုရှန်းခေါင်းညိတ်ရင်း ကိုးရိုးကားယားပြုံးလိုက်၏။

"ဒါပေမယ့် ကျောင်းအုပ်နဲ့ တခြားသူတွေမှာ ကျွန်တော်ဘယ်တော့မှ နားမလည်နိုင်တဲ့ ကိုယ်ပိုင်အစီအစဉ်တွေရှိမယ်ဆိုတာကိုတော့ ကျွန်တော်သေချာပါတယ်"

ထိုသို့ပြောပြီးနောက် သူနှုတ်ဆက်ကာ ရှောင်ဟိုင်အား မျက်စိမှိတ်ပြရင်း အမြန်ထွက်သွားလေတော့သည်။

ကျောက်ကျင်းစန်းအားကိုးရာမဲ့စွာ ခေါင်းခါယမ်းရင်း ရှောင်ဟိုင်အားပြောသည်။

"ကောင်းကောင်းအနားယူ၊ မင်းတိုဘကအစားထိုးဆိုပေမယ့် မင်းတို့ပါ၀င်ဖို့ အခွင့်အလမ်းတစ်ခုရှိပါသေးတယ်"

ရှောင်ဟိုင်ခေါင်းညိတ်သည်။

ထိုစဉ် ဘေးတွင်ရပ်နေသည့်ဖန်ချန်းမေးသည်။

"ကျောင်းအုပ်၊ စီနီယာအစ်ကိုရှီအကြောင်း မေးလို့ရမလား...." ကြယ်မျှော်စင်က ကျောင်းအုပ်ကိုယ်တိုင်ဖွင့်ရန် လိုအပ်သည်။

ကျောက်ကျင်းစန်းရယ်မောလေတော့သည်။

"ရပါတယ်၊ သူ၀င်သွားပါပြီ၊ သူဘယ်လောက်ထိ နားလည်နိုင်မလဲဆိုတာကတော့ သူ့ကံကြမ္မာအပေါ် မူတည်တယ်"

ပြောစရာရှိတာကိုပြောပြီးနောက် ကျောင်းအုပ်ကျောက်ကျင်းစန်းနှင့် တခြားအကြီးအကဲများ အတူတကွထွက်သွားကြလေတော့သည်။

All Chapters