ကြယ်မျှော်စင်၊ ကောင်းကင်ဘုံနယ်မြေ
Vol. 99 Ch. 1396
ကောင်းကင်နံပါတ်တစ်ခြံ၀င်းအပြင်ဘက်တွင် ကြည့်နေကြသည့်ကျောင်းသားများကလည်း ပြန့်ကျဲသွားပုံရသည်။
ဖန်ချန်း ရှောင်ဟိုင်အားကြည့်ပြီး အပြုံးဖြင့်မေးသည်။
"အစ်ကိုရှောင်ဟိုင်၊ ကြည့်ရတာ အစ်ကိုဒီတစ်ကြိမ် ခက်ခဲတဲ့ပြိုင်ဘက်တစ်ယောက်နဲ့ တွေ့လိုက်ရပုံပဲ"
မည်သို့ပင်ဆိုစေကာမူ ရှောင်ဟိုင်ရှုံးတာကို သူတစ်ခါမှ မမြင်ဖူးပေ။
ရှောင်ဟိုင်ခေါင်းညိတ်ပြီး လုံး၀မပျော်မရွှင်ဖြစ်နေခြင်းမရှိဘဲ ယင်းအစား သူ့မျက်လုံးများက စိတ်လှုပ်ရှားနေသည့် တိုက်ပွဲဆန္ဒနှင့်အတူ လင်း၀င်းတောက်ပနေသည်။
"ကုရှန်းကတကယ်အားကောင်းပြီး ငါအရင်က ကြုံခဲ့ဖူးတဲ့ ပြိုင်ဘက်တွေနဲ့မတူဘူး"
မုဖူရှန်းဘေးကနေ ဆန်းစစ်လာသည်။
"ကုရှန်း သူ့ရဲ့အပြည့်အ၀စွမ်းအားကို မသုံးခဲ့ဘူးဆိုပေမယ့် အစ်ကိုနဲ့ယှဉ်ပြိုင်နေတုန်း သူခွန်အားအပြည့်မသုံးခဲ့တာတောင် အတော်လေးတည်ငြိမ်နေပုံပဲ၊ ဒါက သူ့ရဲ့ အတော်လေးကြွယ်၀တဲ့ တိုက်ပွဲအတွေ့အကြုံနဲ့ ပိုဆိုင်တယ်"
ဤတဒင်္ဂမှာပင် ထန်ကျုံ့ကျောက်၀င်လာပြီး အပြုံးဖြင့်ပြောသည်။
"ဒါကပုံမှန်ပါပဲ၊ အစ်ကိုကုရှန်းက ကျောင်းတော်မှာရှိစဉ်က ကျောင်းသားတွေနဲ့ အမြဲယှဉ်ပြိုင်ခဲ့တယ်၊ ကျောင်းတော်က ကျောင်းသားတွေအားလုံး သူ့ကိုရှုံးသွားတော့ သူအတွေ့အကြုံရယူဖို့အတွက် အပြင်ကိုထွက်သွားခဲ့တယ်၊ ဒီနှစ်တွေအတွင်းမှာ အစ်ကိုကုရှန်းက လျှို့ဝှက်နယ်မြေအမွေအနှစ်မျိုးစုံမှာ သွားလာနေတယ်ဆိုတဲ့ ကောလဟာလတွေအမြဲရှိခဲ့သလို ဂိုဏ်းတွေနဲ့ အင်အားစုတွေက ကောင်းကင်ဘုံသားတော်တွေလို့လူသိများတဲ့ သူတွေနဲ့တောင် သူယှဉ်ပြိုင်ခဲ့တယ်၊ တစ်ခါတစ်လေ သူက ကံတရားအတွက် ယှဉ်ပြိုင်တာမဟုတ်ဘဲ တိုက်ခိုက်ဖို့အတွက် လူတွေကို အဆက်မပြတ်ရှာလေ့ရှိတယ်"
"အစ်ကိုကုရှန်းရဲ့စကားလုံးတွေအရဆိုရင် တိုက်ပွဲက ခွန်အားကို မြှင့်တင်ဖို့အတွက် အမြန်ဆုံးနည်းလမ်းပဲ၊ ကံတရားအတွက်တော့ လက်ရှိအဆင့်ကလုံလောက်နေသရွေ့ လောဘကြီးတာက ရသင့်ရထိုက်တာထက် ပိုမချေဖျက်နိုင်တဲ့ အခြေအနေကို ဦးတည်စေနိုင်တယ်"
ဒါကိုကြားသော် ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ဒါဆိုရင်တော့အံ့ဩစရာမရှိတော့ပါဘူးလေ"
"ကောင်းပြီ၊ အားလုံးပဲပြင်ဆင်ထားကြပါ၊ မကြာခင်ငါတို့စုဝေးကြမယ်"
ထို့နောက် ရှောင်ဟိုင် နောက်ဖေးခြံ၀င်းသို့ လျှောက်သွားသည်။
"ငါနောက်ထပ်နည်းနည်းလေ့ကျင့်ဦးမယ်"
သူကုရှန်းပြောခဲ့သည့် ကျွမ်းကျင်မှုစွမ်းအားအကြောင်း စမ်းသပ်ရန်အတွက် ပြင်ဆင်ခဲ့သည်။
မုဖူရှန်းအဆောင်များကို ရေးထွင်းနေခဲ့သည်။ သူအစောပိုင်းက မင်းသားဂူသင်္ချိုင်း၌ အဆောင်များစွာကို သုံးခဲ့လေရာ ပြန်ဖြည့်ရန် လိုအပ်သည်။
ဖန်ချန်းကမူ အစီအရင်များကို ဆက်လက်စူးစမ်းလေ့လာနေခဲ့သည်။
.....
ကြယ်မျှော်စင်က ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ အနက်ဆုံးတစ်နေရာ၌ တည်ရှိသည်။
၎င်းက ဝိဉာဉ်အနှစ်သာခန်းမနောက်တွင်ရှိသည်။ ကျောင်းအုပ်နှင့် ဒုကျောင်းအုပ်များအပြင် မည်သူမှ၀င်ရောက်စွက်ဖက်ခွင့်မရှိချေ။
ကျောက်ကျင်းစန်းပြန်လာပြီးနောက် သူ့ဘေးက ဒုကျောင်းအုပ်သုံးဦးကို ကြည့်ရင်း မေးသည်။
"အခြေအနေတွေဘယ်လိုလဲ"
ဒုကျောင်းအုပ်မင် မေးစေ့မော့လိုက်၏။
"လှုပ်ရှားမှုမရှိသေးဘူး၊ ဒါပေမယ့် ရှီရှန်းသာ အမွေအနှစ်ကို မရနိုင်ဘူးဆိုရင် တခြားဘယ်သူမှ ရနိုင်မှာမဟုတ်ဘူး"
သူတို့လေးယောက်ရှေ့တွင် နေ့ဘက်ဖြစ်ပြီး နေရောင်က တောက်ပစွာထွန်းလင်းနေသော်လည်း ကြယ်မျှော်စင်ကို ၀န်းရံနေသည့်နေရာအား အမှောင်ထုက လွှမ်းခြုံထားသည်။
ဤအမှောင်ထုထဲတွင် တောက်ပသည့် ကြယ်များနှင့် ပြည့်နှက်နေသည်။
ကြယ်တာယာကောင်းကင်အောက်၌ ဧရာမမျှော်စင်ကြီးတစ်ခုရှိပြီး ၎င်း၏ ထိပ်ဖျားက တိမ်များထိထိုးဖောက်ကာ ကြယ်တာယာကောင်းကင်အဖြစ် ပေါင်းစည်းရင်း ဆန်းကြယ်သာ့်ကြယ်တာယာကောင်းကင်၌ တည်နေရာများကို လမ်းညွှန်ပေးနေသည့် ငွေရောင်ညွှန်တံကြီးတစ်ခုအလား ထင်ရသည်။
မျှော်စင်ကိုယ်ထည်၏ ထောင့်မျိုးစုံ၌ ဆန်းကြယ်သည့်အက္ခရာများနှင့် ချိပ်စည်းအစီအရင်များက တောက်ပနေပြီး အဆိုပါ အက္ခရာများနှင့်အစီအရင်များပတ်လည်တွင် ကြယ်စွမ်းအားက ရစ်ဝဲကာ အဆုံးမဲ့ကြယ်တာအိုနိယာမဖြင့် ပြည့်နှက်နေသည်။
အမည်မသိလောက်အောင် နှစ်များစွာ တိတ်ဆိတ်နေခဲ့ပြီးနောက် ယခုတစ်ယောက်ယောက်က နောက်ဆုံး၌ စတင်၀င်ရောက်နိုင်ခဲ့လေပြီ။
"ဒီကလေး အမွေအနှစ်နဲ့အသိအမြင် ဘယ်လောက်များများရမလဲဆိုတာ ငါတကယ်သိချင်နေမိတယ်၊ တကယ်လို့ သူသာ ကြယ်ပင်လယ်ရဲ့အမွေအနှစ်ကို အပြည့်အ၀ရရှိနိုင်မယ်ဆိုရင် ကြယ်ပင်လယ်ဂိုဏ်းမှာ တကယ်ဆက်ခံသူတစ်ယောက် ရှိလာလိမ့်မယ်"
ကြယ်ပင်လယ်ဂိုဏ်းမှာ ကျောင်းတော်က ထွက်ခွာပြီး တျန်းဂျီတိုက်ကြီးမှ ထွက်သွားပြီးနောက် ကြယ်ပင်လယ်နတ်ဘုရားမှ တည်ထောင်ခဲ့သည့်ဂိုဏ်းဖြစ်သည်။
ဤသည်က ခေးအောစ့်နယ်မြေအတွင်း ကြယ်စွမ်းအားကျင့်ကြံသူများ၏ သူတော်စင်မြေတစ်ခုအဖြစ်လည်း သတ်မှတ်ထားသည်။
ဂိုဏ်း၏ကြာချိန်နှင့် အမွေအနှစ်က အဆိုပါရှေးဟောင်းအင်အားစုများနှင့် မယှဉ်နိုင်သော်လည်း ကြယ်ပင်လယ်နတ်ဘုရား၏ ကိုယ်ပိုင်ခွန်အားနှင့် ကြယ်စွမ်းအားကျင့်ကြံသူများ၏ နှစ်ပေါင်းများစွာ ရှာဖွေစုဆောင်းထားသော အရာများကို မှီခိုအားကိုးရင်း ထိပ်တန်းအင်အားစုတစ်ခုအဖြစ် ခိုင်မာစွာ တည်ဆောက်ထားသည်။
လက်ရှိတွင် ကြယ်မျှော်စင်အတွင်း၌ ရှီရှန်း ပတ်၀န်းကျင်ကိုကြည့်လိုက်စဉ် သူမျှော်စင်မြင့်တစ်ခုတွင် ရှိနေတယ်ဆိုတာကိုပင် ပြောရန်မဖြစ်နိုင်ပေ။ သူအဆုံးမဲ့ကြယ်တာယာကောင်းကင်၌ ခြေချမိသည့်အလားပင်။
ကြယ်ကိုးစင်းအသွင်ပြောင်းခြင်းက ညတာယံကဲ့သို့ပင် တည်ငြိမ်နေသည်။
ကြယ်တာယာကောင်းကင်မှ မြစ်တစ်စင်း စီးဆင်းနေပြီး ၎င်း၏ရေက ကျောက်စိမ်းကဲ့သို့ သိမ်မွေ့ကာ ခပ်ဖျော့ဖျော့ကြယ်ရောင်နှင့်အတူ တောက်ပနေသည်။
ရှီရှန်း ရေစပ်တွင်ရပ်နေပြီး သူ့ခြေထောက်အား အဆုံးမဲ့ကြယ်ရောင်မြက်ခင်းတစ်ခုက ၀န်းရံထားသည်။
ကြယ်တာယာကောင်းကင်၏စွမ်းအားက နေရာတိုင်းတွင်ရှိသည်။
ရှီရှန်း အနည်းငယ်အသက်ရှုရင်း သူ့ကိုယ်ထဲသို့ ဆွဲယူခံနေရသည့် ကြွယ်၀သော ကြယ်တာယာအားက်ု ခံစားနေသည်။
"ဒါကတကယ်ကိုနေရာကောင်းတစ်ခုပဲ" ကြယ်အစစ်အမှန်နတ်ဘုရားအရိပ်က ကိုယ်ထင်ပြလာပြီး ဤအကန့်အသတ်မဲ့ ကြယ်တာယာကောင်းကင်၌ ပျော်ရွှင်မှုကို ပြသခဲ့သည်။
"မင်းသာဒီမှာကျင့်ကြံမယ်ဆိုရင် မင်းရဲ့ကျင့်ကြံခြင်းနှုန်းက အနည်းဆုံးနှစ်ဆတိုးသွားလိမ့်မယ်၊ ဒါ့အပြင် ဒီမှာ ငါ့ဝိဉာဉ်ကိုလည်း အမြန်ကုသလို့ရတယ်"
ဒါကိုကြားသောအခါ ရှီရှန်း လှည့်ပတ်နေသည့်ကြယ်များအားကြည့်လိုက်၏။ ကြယ်စွမ်းအားက ထိုလှည့်ပတ်နေသည့်ကြယ်များစွာမှ ထွက်လာပြီး နှစ်များစွာစုပုံလာပြီးနောက် အလွန်ပင် သိပ်သည်းလာခဲ့သည်။
သို့စေကာမူ အသိအမြင်၏အမွေအနှစ်က အတိအကျဘယ်နေရာတွင်ရှိလေသနည်း။
ကျောင်းအုပ်၏အဆိုအရ ဒါက ခေးအောစ့်ကြယ်မြေ၌ ကြယ်စွမ်းအားအရာတွင် ပထမဆုံးပုဂ္ဂိုလ်ချန်ထားခဲ့သည့် ထိုးထွင်းအမြင်ဖြစ်သည်။
ရှီရှန်းဘယ်ညာကြည့်နေသော်လည်း ကြယ်စင်စုကလွဲ၍ တခြားထူးဆန်းသည့် နေရာဟူ၍မရှိပေ။
ဘာတစ်ခုမှမတွေ့တော့သဖြင့် ရှီရှန်း စီးဆင်းနေသည့်မြစ်၏ ဦးတည်ချက်ကို ကြည့်လိုက်၏။ ထိုနေရာ၌ ကြည်လင်ကာ တောက်ပသည့် ကြယ်ရောင်အစက်အပျောက်များရှိပြီး လမ်းညွှန်တစ်ခုအလား ထင်ရသည်။
ရှီရှန်းမှာ တစ်ခုခုကြောင့် ဆွဲဆောင်ခံလိုက်ရသည့်အလား မြစ်ရှိရာဘက်သို့ ဖြည်းဖြည်းချင်းလျှောင်သွားသည်။
အချိန်က တဖြည်းဖြည်းကုန်ဆုံးနေပုံပင်။
တစ်ဦးတည်းလျှောက်ရင်း သူအချိန်ကုန်တာကိုပင် မခံစားနိုင်ပေ။
မိုင်ရာချီခန့်ခရီးနှင်ပြီးနောက် ရှီရှန်း၏ စိတ်အခြေအနေက တဖြည်းဖြည်းငြိမ်သက်လာပြီး အမွေအနှစ်နှင့် အသိအမြင်ရှာဖွေခြင်း၏ အတွေးများက သူ့စိတ်ထဲကနေ ဖြည်းဖြည်းချင်း မှေးမှိန်သွားသည်။
သူ့စိတ်က အာရုံထွေပြားမှုကင်းမဲ့နေစဉ် ထူးခြားဆန်းကြယ်သည့်အော်ရာက ရှီရှန်းအနီးတစ်ဝိုက်တွင် ဖြည်းဖြည်းချင်း စတင်ပျံဝဲလာသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ကြယ်အစစ်အမှန်နတ်ဘုရားမှာ အံ့ဩသင့်သွား၏။
"ကောင်းကင်ဘုံနယ်မြေလား"
"ဒီနယ်ပယ်ကိုရောက်ပြီးနောက်မှာ တစ်ယောက်ယောက် ကောင်းကင်ဘုံနယ်မြေကို ခြေချနိုင်မယ်လို့ ငါတကယ်မမျှော်လင့်ထားခဲ့မိဘူး"
နယ်ပယ်ကပိုမြင့်လေလေ၊ ကောင်းကင်ဘုံနယ်မြေကို ၀င်ရန်အတွက် ပိုခက်လေလေပင်။
လူတစ်ယောက်၏နယ်ပယ် တိုးလာသည်နှင့်အမျှ အတွေးများနှင့် အာရုံထွေပြားမှုများက သတိမမူမိခင် စိတ်ထဲတွင် စုပြုံလာပြီး ဤသည်ကို အာရုံထွေပြားမှုများဟု မခေါ်တော့ဘဲ ဤကမ္ဘာကြီးအပေါ် နားလည်မှုတစ်ခုဟု ခေါ်ကြသည်။
ဤနားလည်မှာအားလုံးက မကောင်းတာမဟုတ်သော်လည်း အများကြီးနားလည်နေပါက ကောင်းကင်ဘုံနယ်မြေကို ၀င်ရောက်ရန်အတွက် ခက်ခဲလာသည်။
ကောင်းကင်ဘုံနယ်မြေကို ၀င်လိုက်သည်နှင့်တစ်ပြိုင်နက် ရှီရှန်းမျက်လုံးထဲက ရှုခင်းကလည်း သိမ်မွေ့စွာပင် ပြောင်းလဲသွားခဲ့သည်။
သူခေါင်းကိုအနည်းငယ်မြှောက်လိုက်စဉ် အပြာရောင်၀တ်စုံ၀တ်ထားသည့် လူတစ်ယောက် ထိုလှည့်ပတ်နေသည့်ကြယ်များအကြား အဆက်မပြတ်ထိုးနှက်နေတာကို တွေ့လိုက်ရသည်။
လက်သီးချက်တိုင်းက ကြယ်တစ်လုံးစီကို ကြွေကျသွားစေပြီး မိုးနှင့်မြေကိုပင် ဖျက်ဆီးနိုင်သည့်စွမ်းအားကို ထုတ်လွှတ်နေသည်။
သူခေါင်းအနည်းငယ်ငုံ့လိုက်စဉ် မြစ်ထဲ၌ ထိုလူက လက်နှစ်ဖက်နှင့် စည်းတံဆိပ်တစ်ခုဖန်တီးရင်း မြစ်ထဲပေါင်းစပ်ရန်အတွက် ကြယ်စွမ်းအားကိုထိန်းချုပ်ပြီးနောက် မြစ်ရေစီးကြောင်း၏ ဦးတည်ချက်ကို လမ်းညွှန်ရန်အတွက် ကြယ်စွမ်းအားကို အသုံးပြုနေသည်။
ရှေ့သို့ သို့မဟုတ် နောက်သို့ရွေ့သည်ဖြစ်စေ၊ ရေကိုတည်ငြိမ်အောင်လုပ်သည်ဖြစ်စေ၊ အရာတိုင်းကဖြစ်ပျက်နေသည်။
ကမ်းခြေကိုကြည့်လိုက်သောအခါတွင်လည်း အလားတူလူကရှိနေပြန်သည်။
သူက မြက်ခင်းပေါ်၌ ခြေချင်းခတ်ထိုင်နေပြီး မူလကခြောက်သွေ့နေသည့်မြက်ခင်းက ကြယ်စွမ်းအား၏ မြင့်တက်မှုအောက်တွင် တက်ကြွသည့်စွမ်းအင်ကို စတင်ထုတ်လွှတ်သော်လည်း အစိမ်းရောင်ဖြစ်သင့်သည့် မြက်ခင်းက ကြယ်ရောင်အဖြစ် ပြောင်းသွား၏။
ဤအရာအားလုံးက ကြယ်မျှော်စင်သခင်၏ ကျင့်ကြံခြင်းခြေရာများဖြစ်ပုံရသည်။
ထို့ကြောင့် ဤအသိအမြင်များ သို့မဟုတ် အမွေအနှစ်များက အထဲတွင်ပုန်းလျှိုနေခြင်းပင်။
ရှီရှန်းလျှောက်သွားပြီး မြက်ခင်းပေါ်တွင် ထိုလူနှင့်အလားတူနေရာ၌ ခြေချင်းခတ်ထိုင်လိုက်၏။