← Chapters

ကြယ်ကောင်းကင်ပိုင်နက်၊ ကြယ်များအားထိန်းချုပ်ခြင်း

Vol. 99 Ch. 1397

ကြယ်ကောင်းကင်ပိုင်နက်၊ ကြယ်များအားထိန်းချုပ်ခြင်း

Vol. 99 Ch. 1397

ရှီရှန်း မြစ်ကမ်းပါး၌ ခြေချင်းခတ်ထိုင်နေစဉ် သူ့၀န်းကျင်က မြက်ခင်းလေးများက မှိန်ဖျော့သည့်ကြယ်ရောင်နှင့် တဖျပ်ဖျပ်လင်း၀င်းကာ သူရှိရာဘက်သို့ အံ့ဩသင့်စွာပင် စတင်ရွေ့လျားလာပြီး မူလက လေလေပြေညင်းနှင့်အတူ လွင့်မျောနေသော်လည်း ယခုအားလုံးသူ့ထံ စတင်ရွေ့လျားလာကြသည်။

မရေမတွက်နိုင်လောက်သည့် ကြယ်စွမ်းအားက ရှီရှန်းအနီးတွင် စတင်ဝဲလည်နေကြ၏။

သူကကောင်းကင်ဘုံနယ်မြေ၌ရှိနေသည်။

ရှီရှန်းတွင် အာရုံထွေပြားစေသည့် အတွေးတစ်ခုမှမရှိသလို မည်သို့လုပ်ဆောင်ရန် သို့မဟုတ် အထဲက လျှို့ဝှက်ချက်များကို မည်သို့မြင်သာအောင်လုပ်ရန် စဉ်းစားထားခြင်းမရှိပေ။

အရာရာတိုင်းက သူ့မသိစိတ်ကို လိုက်နာပုံရပြီး ကမ္ဘာကြီး၏ စည်းမျဉ်းများနှင့် သဟဇာတဖြစ်နေပုံရသည်။

ယခုလိုအခြေအ‌နေမျိုးတွင် သူ့ကိုယ်ပိုင်အတွေးများရှိမနေလျှင်ပင် သူအမှန်ကန်ဆုံးဘက်ကို သဘာ၀အတိုင်းပင် သိမြင်နားလည်မည်သာ။

ရှီရှန်းတစ်ယောက် အထဲကဆန်းကြယ်မှုများအား ဘာပိတ်ဆို့မှုမှ မရင်ဆိုင်ရဘဲ ခံစားမိလုနီးပါးပင်။

အကယ်၍ တခြားတစ်ယောက်သာဆိုပါက သူတို့အတိအကျသိမြင်ရန်လိုအပ်သည့် အရာကို နားလည်မည်ပင်မဟုတ်။

ဥပမာအားဖြင့် ကြယ်အစစ်အမှန်နတ်ဘုရားကို ကြည့်၍ရသည်။

"အရင်က ငါကြယ်တာအိုရဲ့ထိပ်ဆုံးမှာ ရှိစဉ်က ငါက အရေးပါတဲ့လူလို့ထင်ခဲ့ပေမယ့် သေမျိုးနယ်မြေကထွက်ခွာပြီး ကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို မြင်တွေ့တဲ့နောက်မှာ ငါဘယ်လောက်ထိတောင် အရေးမပါဘူးလဲဆိုတာကို နားလည်လာရတယ်" ကြယ်အစစ်အမှန်နတ်ဘုရား အားကိုးရာမဲ့စွာ သက်ပြင်းချရင်း ရှီရှန်းရှိရာဘက်သို့ ကြည့်လိုက်၏။

"ဥပမာပေးရရင် ဒီကောင်လေးရှီရှန်ကိုပဲကြည့်၊ သူကငါ့ကို မသိတဲ့အတိုင်းအတာတစ်ခုအတွင်းမှာ ကျော်ပြီးနေ‌ပြီ"

ကြယ်တာယာကောင်းကင်ဒန်တျန်၌ အစောင့်ဝိဉာဉ်က အပြုံးဖြင့်ပြောသည်။

"ဆရာကိုယ့်ကိုကိုယ်လျှော့တွက်ဖို့မလိုဘူးလို့ ကျုပ်ထင်တယ်၊ ဘာပဲဆိုဆို ခင်ဗျားကလည်း အစကနေ ပြန်စခဲ့ပြီး ခေးအောစ့်ကြယ်မှတ်တမ်းကို ဖန်တီးခဲ့တာပဲ၊ ခင်ဗျားခန္ဓာကို ပုံသွင်းပြီး ပြန်လည်မွေးဖွားလာတာနဲ့ ခင်ဗျားရဲ့အကန့်အသတ်က အခုရှိနေတာထက် အများကြီးကျော်လွန်နေလိမ့်မယ်"

"မျှော်လင့်ပါတယ်" ကြယ်အစစ်အမှန်နတ်ဘုရား ခပ်ပေါ့ပေါ့ရယ်မောပြီး ရှီရှန်းထံ အကြည့်ပြန်ပို့လိုက်သည်။

"ပြီးတော့ ငါဒီမှာရှိတုန်း ကြယ်စွမ်းအားတစ်ချို့ကိုလည်း စုပ်ယူနိုင်တာပဲလေ"

ထို့နောက်သူလည်းစတင်ကျင့်ကြံတော့သည်။

တစ်ချိန်တည်းမှာပင် ကြယ်ရောင်နှင့် တောက်ပနေသည့် မြက်ခင်းက ရှီရှန်းထံ ဖြည်းဖြည်းလေးလာနေစဉ် မြက်ခင်းပေါ်က ကြယ်ရောင်က ဒုဓလီပန်းပမာ လေနှင့်အတူ လွင့်မျောရင်း ကြယ်ရောင်အစက်အပျောက်များစွာကို ထုတ်လွှတ်ပြီး ရှီရှန်းအနီးစုပြုံးစေသည်။

ကြယ်စွမ်းအားက သူ့တစ်ကိုယ်လုံးက အရေပြားအားထိုးဖောက်သွားပြီး ခြေလက်အင်္ဂါနှင့် အရိုးများထဲစိမ့်၀င်ပြီးနောက် အင်္ဂါငါးခုနှင့် ဒွာရခြောက်ပေါက်ထဲ ၀င်ရောက်သွား၏။

သို့သော် အရာအားလုံးက အတော်လေးအခြေခံကျပုံပေါ်သည်။

အကယ်၍ရှီရှန်းသာသတိရှိပါက ကျင့်ကြံခြင်းက ကိုယ်ထဲက မရီဒျန်တွေကနေတဆင့် ကြယ်စွမ်းအားကို စက်ဝိုင်းပုံသဏ္ဍာန် အပြည့်အ၀လည်ပတ်စေပြီးမှ ဒန်တျန်ထဲကို ၀င်စေတာမလားဟု တွေးနေလောက်သည်။

ကြယ်ဗဟိုချက်မှ စောင့်ရှောက်သူဝိဉာဉ်ကလည်း စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်သည်။

ဒီအခြေခံဖြစ်စဉ်က တကယ်ပဲ သိမြင်မှုဆိုတာ ဘာကိုဆိုလိုတာကို ဆိုချင်တာလဲ!

သို့စေကာမူ စောင့်ရှောက်သူဝိဉာဉ်၏ အမူအရာက တဖြည်းဖြည်းလေးနက်သွား၏။

ရှီရှန်းကိုယ်ထဲစိမ့်၀င်သွားသည့် ကြယ်စွမ်းအားက ဒန်တျန်ထဲမ၀င်သွားသလို မရီဒျန်းများဆီသို့လည်းမသွားခဲ့ပေ။

ယင်းအစား ၎င်းက ရှီရှန်း၏ကြွက်သားများ၊ အရိုးများ၊ အင်္ဂါများနှင့် ဒွာရပေါက်များကနေတဆင့် စီး‌ဆင်းနေသည်။

ကောင်းကင်ဘုံနယ်မြေ၌ ရှီရှန်း မသိစိတ်က ဤကြယ်စွမ်းအားကို စတင်ထိန်းချုပ်နေလေရာ ၎င်းက ထိုနေရာများအား လွတ်လပ်စွာဖြတ်သန်းနေပုံပင်။

ဒီနေရာတွင် စောင့်ရှောက်သူဝိဉာဉ်မှာ အမှန်တရားကို သဘော‌ပေါက်သွားလေတော့သည်။

အခြေခံကျသော်လည်း ဒါက အရေးအကြီးဆုံးနှင့် စိန်ခေါ်မှုအရှိဆုံးရှုထောင့်လည်းဖြစ်သည်။

ကြယ်စွမ်းအားကို လွတ်လပ်စွာ ထိန်းချုပ်ရန်အတွက် လူတစ်ယောက်၏ စိတ်ဆန္ဒများအရ၊ ကြယ်လမ်းစဉ်ပေါ်က ကျင့်ကြံသူများအတွက် ဒါက အလွန်အင်မတန် ခက်ခဲသည့်အလုပ်တစ်ခုဖြစ်ပြီး ကြယ်အစစ်အမှန်နတ်ဘုရားပင်လျှင် မအောင်မြင်ခဲ့ပေ။

ကြယ်စွမ်းအားက အင်မော်တယ်အော်ရာ၊ ဝိဉာဉ်စွမ်းအင် သို့မဟုတ် တခြားနိယာမစွမ်းအားများထက် အများကြီးသိပ်သည်းပြီး လက်ချောင်းထိပ်နှင့် ထိန်းချုပ်မှုက ကျင့်ကြံသူများအတွက် အများကြီးပိုစိန်ခေါ်မှုရှိသည်။

ဥပမာအားဖြင့် မိုးကြိုးအပေါ် မုဖူရှန်း၏ ထိန်းချုပ်မှုကို ကြည့်၍ရသည်။

၎င်းက သက်ရောက်မှုမရှိသလောက် နည်းပြီး အခြေခံအကျဆုံးတစ်ခုဖြစ်သော်လည်း မြင့်မားသည့်အဆောက်အအုံကို ဆောက်ရန်ဆန္ဒရှိပါက တစ်နေ့တွင် အဆောက်အအုံက ပိုမြင့်မားသည့် အမြင့်ကို ရောက်သွားပါက မတည်ငြိမ်သည့် အခြေခံအုတ်မြစ်က မလွှဲရှောင်သာ ပြိုလဲကျသွားခြင်းသို့ ဦးတည်သွားပေလိမ့်မည်။

တျန်းဂျီတိုက်ကြီးနှင့် အလွန်ဝေးကွာသည့် တခြားတစ်နေရာ၌၊ ခေးအောစ့်နယ်မြေ၏ အဓိကတိုက်ကြီးတစ်ခုတွင်ရှိသည့် ကန်ရွှမ်းတိုက်ကြီးတွင် နေရောင်မရှိပြီး ထာ၀ရညတာဖြစ်နေသည့်တိုင် ကြယ်ရောင်အစက်အပျောက်များနှင့် လင်း၀င်းနေသည့် ဒေသတစ်ခုတွင် ကြယ်တာယာကောင်းကင်၌ ကျယ်ပြောသည့်နန်းတော်တစ်ခု မျောလွင့်နေသည်။

ဤနန်းတော်၌ သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ရုတ်တရက်မျက်လုံးများကို ဖွင့်ကာ အနည်းငယ်အံ့ဩသွားသည့် အမူအရာကို ပြသသည်။

"သူပထမအမြင်ကို ဒီလောက်မြန်မြန် နားလည်သွားပြီလား၊ ကြည့်ရတာ နှစ်များစွာအကြာမှာ ကျောင်းတော်က နောက်ဆုံးတော့ ငါ့၀တ်ရုံကို အမွေဆက်ခံနိုင်တဲ့လူတစ်ယောက်ကို တွေ့သွားပုံပဲ...."

ထို့နောက် သူမျက်လုံးများကို ဖြည်းဖြည်းချင်း ပြန်မှိတ်လိုက်၏။

ဤတဒင်္ဂမှာပင် ရှီရှန်းကလည်း ကောင်းကင်ဘုံနယ်မြေမှ နိုးလာပြီး သူ့ကိုယ်ပိုင်လက်များကို ကြည့်ရင်း လက်ချောင်းများအား အနည်းငယ်လှုပ်ရှားကြည့်သည်။ ထိုလှုပ်ရှားမှုနှင့်အတူ ကြယ်စွမ်းအားအမျှင်စများက သူ့လက်ချောင်းထိပ်ကနေ ဆင့်ခေါ်ခံလိုက်ရသည်။

လက်ရှိတွင် ရှီရှန်းတစ်ယောက် မိုးနှင့်မြေကြားက ကြယ်စွမ်းအားကို သူလွတ်လပ်စွာအသုံးပြုနိုင်သည်ဟု ခံစားနေရသည်။

ချက်ချင်းဆိုသလို ရှီရှန်း သူ့ဘေးက ဖြည်းဖြည်းချင်းစီးဆင်းနေသည့် မြစ်ဆီသို့ လှည့်လိုက်၏။

ကောင်းကင်ဘုံနယ်မြေအခြေအနေအတွင်း ဉာဏ်အမြင်ပွင့်ခြင်းအတွက် ဒုတိယနေရာက မြစ်အတွင်းတည်ရှိသည်။

သံသယမရှိဘဲ ရှီရှန်းမြစ်ထဲသို့ ၀င်လိုက်သည်။

သို့သော် သူမြစ်ထဲ၀င်လိုက်သည့်အခိုက်အတန့်၌ ရှီရှန်း၏အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။

ညင်သာစွာစီးဆင်းနေသည့်မြစ်က မယုံနိုင်စရာကောင်းလောက်အောင်‌ လေးလံပြီး သူမြစ်၏စီးဆင်းမှုကို လုံး၀ခုခံနိုင်စွမ်းမရှိချေ။ ရှီရှန်းခမျာ မြစ်ထဲသို့ တိုက်ရိုက်ကျသွားပြီး ရေစီးကြောင်းသွားရာဘက်သို့ သယ်ဆောင်သွားခံလိုက်ရသည်။

မြစ်အတွင်း ရှီရှန်းတစ်ယောက် သူ့ကိုယ်ထဲ၌ သိသာသည့်လှုပ်ရှားမှုများ လုပ်ဆောင်ရန်အတွက် ခက်ခဲတာကို ခံစားရသည်။

ရေစက်တိုင်းက ပေါင်သောင်းချီလေးလံပုံရသည်။

သူမည်မျှပင်ခုခံနေပါစေ မြစ်၏ ထိန်းချုပ်မှုကနေ လွတ်မြောက်နိုင်ခြင်းမရှိချေ။

ကြည့်ရသည်မှာ အားတစ်ခုတည်းသုံးခြင်းက အသုံးမ၀င်သည့်ပုံပင်။

ဒါကိုသဘောပေါက်သွားသောအခါ ရှီရှန်း ခုခံနေတာကိုရပ်လိုက်ပြီး မကြာသေးခင်က ကောင်းကင်ဘုံနယ်မြေအတွင်း သူမြင်ခဲ့သည့် ပုံရိပ်များအား စတင်တွေးတောလေတော့သည်။

ထိုအချိန်က ကောင်းကင်ဘုံနယ်မြေတွင်ရှိစဉ်က သူမြစ်ပေါ်၌ လူတစ်ယောက်ရပ်နေတာကို တွေ့ခဲ့ရပြီး မြစ်၏ဦးတည်ချက်က ထိုလူအား သက်ရောက်မှုမရှိပုံပင်။

ယင်းအစား ထိုလူက ကြယ်စွမ်းအားကို ထိန်းချုပ်ရင်း မြစ်၏စီးဆင်းမှုကို မောင်းနှင်ရန်အတွက် အသုံးပြုခဲ့သည်။

ထိုလူက မြစ်ကို ကြယ်စွမ်းအားနှင့် ထိန်းချုပ်နေသည်ဟု ဆိုနိုင်သည်။

သို့သော်ယခုတွင်မူ ရှီရှန်းက မြစ်၏ ထိန်းချုပ်ခြင်းကို ခံနေရသည်။

ဤသည်ကို အစောပိုင်းက ဉာဏ်အမြင်နှင့် ဆက်စပ်ကြည့်သောအခါ ရှီရှန်းရုတ်တရက် အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။

မျက်လုံးများကိုမှိတ်ရင်း သူကိုယ်ထဲက ကြယ်စွမ်းအားကို စုရုံးကာ မြစ်ထဲသို့ စတင်လမ်းကြောင်းဖွင့်ပေးသည်။

သူထိုလူလုပ်ခဲ့သည့်အတိုင်းပင် မြင်ရေစီးကြောင်း၏ ဦးတည်ချက်ကို ပြောင်းရန်ကြိုးစားသည်။

သို့စေကာမူ ဒါက အရမ်းကြီးမလွယ်ကူပေ။ လက်ရှိတွင် ရှီရှန်း စီးဆင်းမှု၏ ဦးတည်ချက်ကို ပြောင်းရန်အတွက် သူ့ကြယ်စွမ်းအားကို မသုံးနိုင်ပေ။ သို့သော် သူသက်ရောက်မှာတစ်ချို့တော့ မြင်နိုင်သည်။ အနည်းဆုံးတော့ မြစ်၏ အမြန်နှုန်းက စတင်နှေးကွေးလာသည်။

သက်ရောက်မှုတစ်ချို့ရှိနေသရွေ့ ဒါက သူလမ်းမှန်ကို ဦးတည်နေသည်ဟု ဆိုလိုနေခြင်းပင်။

တစ်နေ့လုံး ရှီရှန်း မြစ်ရေစီးကြောင်း၏ ဦးတည်ချက်ကို ပြောင်းရန် ကြိုးစားသည်။

ကောင်းကင်ဘုံနယ်မြေ၌ သူ၏မြန်ဆန်သည့်အလင်းပွင့်မှုနှင့် ခံစားချက်များ၏ ဦးတည်ချက်ကို ကြိုတင်သိထားသည့်အတွက်ကြောင့်ဖြစ်စေ သို့မဟုတ် ရှီရှန်း၏ကိုယ်ပိုင်ပါရမီကြောင့်ဖြစ်စေ တစ်ရက်တည်းတွင် ရှရှန်းမြစ်ပေါ်၌ တည်ငြိမ်စွာ ရပ်နိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် သူမြစ်ရေစီးကြောင်း၏ ဦးတည်ချက်ကို တဖြည်းဖြည်းထိန်းချုပ်နိုင်ခဲ့သည်။

ဒီအဆင့်တွင် ကြယ်တာယာကောင်းကင်ဒန်တျန်ရှိ စောင့်ရှောက်သူဝိဉာဉ်ပင်လျှင် ထိတ်လန့်သွားရသည်။

ရှီရှန်း မြစ်‌၏ဦးတည်ချက်ကိုထိန်းချုပ်ပြီး ကြယ်စွမ်းအားကို ထုတ်လွှတ်သောအခါ ရှီရှန်းပတ်လည်၌ ပိုင်နက်ကဲ့သို့ လေဟာနယ်တစ်ခုဖြစ်တည်နေပုံပင်။

ဤပိုင်နက်အတွင်း ရှီရှန်း၏ ကြယ်စွမ်းအားက နေရာတိုင်းတွင်ရှိသည်။

သူကြယ်စွမ်းအားကို သုံးပြီးဖိနှိပ်နိုင်သလို ကြယ်စွမ်းအား၏ လေးလံမှုကိုသုံးရင်း အရာအားလုံး၏ အမြန်နှုန်းနှင့် စည်းမျဉ်းများကိုလည်း ပြောင်းနိုင်သည်။

ကန်ရွှမ်တိုက်ကြီး၏ ကြယ်ကောင်းကင်ခန်းမအတွင်း ထိုလူမှာ မျက်လုံးများကို ပြန်ဖွင့်လိုက်၏။ ဒီတစ်ကြိမ်တွင် သူ့မျက်လုံးများက လေးနက်မှုနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။

"ကြယ်တာယာကောင်းကင်ပိုင်နက်ကို ဒီလောက်မြန်မြန်နားလည်သွားတာလား၊ တကယ်ကိုထူးခြားတာပဲ၊ တစ်နေ့မှာ ဒီကလေးက ကြယ်တာယာကောင်းကင်စွမ်းအားရဲ့ ရှေးရိုးစွဲလူတစ်ယောက် ဖြစ်လာလိမ့်မယ်"

All Chapters