ရွှမ်ဝူနတ်မင်းဆက်သို့ ထွက်ခွာခြင်း
Vol. 99 Ch. 1398
ပထမဆုံးထိုးထွင်းအမြင်က ရှီရှန်းအား လက်ဝှေ့ယမ်းသကဲ့သို့ပင် ကြယ်စွမ်းအားကို အလွယ်တကူထိန်းချုပ်ခွင့်ပေးသည်။
ဒုတိယအမြင်ကမူ ပထမအမြင်ကို အခြေခံပြီး အရာတိုင်းကို ပြောင်းလဲရန် သို့မဟုတ် ဖိနှိပ်ရန်အတွက် ကြယ်စွမ်းအားက်ု အသုံးပြုရန်နှင့် ကြယ်တာယာကောင်းကင်ပိုင်နက်ဖန်တီးရန်ဖြစ်သည်။
တကယ်တမ်းတွင် ပိုင်နက်တစ်ခု၏ လုပ်ဆောင်ချက်က အနည်းနှင့်အများတူညီပြီး ယဲ့ချိုးပိုင်၏ ဓားပိုင်နက်ကဲ့သို့ သေချာသည့် နိယာမစွမ်းအားတစ်ခုကို ထိန်းချုပ်ရာ၌ တခြားသူများထက် အများကြီးသာသည်။
သို့သော် လူအများအပြားက သူတို့တွင် နိယာမစွမ်းအား၌ မြင့်မားသည့်အောင်မြင်မှုများရှိသည့်တိုင် ရှီရှန်းနှင့်ယဲ့ချိုးပိုင်တို့ကဲ့သို့ မဖမ်းဆုပ်နိုင်ကြသဖြင့် ပိုင်နက်ကို နားမလည်နိုင်ကြပေ။
ရှီရှန်း အချိန်ကိုအမြဲလိုလိုစိတ်ထဲ တေ့မှတ်ထားသည်။
"တစ်ရက်ပဲကျန်တော့တယ်....." ရှီရှန်းခေါင်းမော့ရင်း အထက်တွင် အဆက်မပြတ် လည်နေသည့် ကြယ်ပွင့်များအား စိုက်ကြည့်ကာ တီးတိုးရေရွတ်သည်။
"ငါအမြန်လုပ်ဖို့လိုတယ်"
ကြယ်ပင်လယ်နတ်ဘုရားတဖြစ်လဲ ရှင်းဟိုင်၏အယူအဆအရ ကြယ်မျှော်စင်၌ ထိုးထွင်းအမြင်များကို ချန်ခဲ့သောအခါ ဤအမြင်များအား အမွေဆက်ခံသူများက ပထမခြေလှမ်းကို ပြီးမြောက်ရန်အတွက်ပင် အနည်းဆုံးနှစ်အနည်းငယ်ကြာမြင့်ပေလိမ့်မည်။
တကယ်တမ်းတွင် ကြယ်မျှော်စင်ကို ၀င်လာနိုင်သူများက ထူးခြားသည့်ပါရမီရှင်များသာ။
သို့စေကာမူ တစ်ရက်နှင့်နေ့တစ်၀က်မှာပင် ပထမအဆင့်နှစ်ဆင့်ကို ပြီးမြောက်သွားမည့်လူတစ်ယောက်ရှိလာလိမ့်မည်ဟု ရှင်းဟိုင်တစ်ခါမှ မျှော်လင့်မထားခဲ့ပေ။ မည်သည့်အတိုင်းအတာထိဟူမူ သူအနည်းငယ် စိတ်ဓာတ်ပင်ကျသွားပြီး သူချန်ထားခဲ့သည့် အမြင်များက အရမ်းလွယ်လွန်းနေသလားဟုပင် တွေးနေမိသည်။
ရှီရှန်း ထိုအဆက်မပြတ်လည်ပတ်နေသည့် ကြယ်များကြားကို ရောက်လာသောအခါ ကောင်းကင်ဘုံနယ်မြေ၌ သူမြင်ခဲ့သည့် မြင်ကွင်းများကို ပြန်လည်သတိရသွား၏။
အပြာရင့်ရောင်၀တ်စုံ၀တ်ထားသည့်လူက လည်နေသည့်ကြယ်များအား တစ်ချက်ပြီးတစ်ချက် ထိုးခွင်းနေသဖြင့် ကြယ်များက ချက်ချင်းဆိုသလို ကြွေကျနေသည်။
ဒါက လက်သီးနည်းစနစ်တစ်ခုဖြစ်လောက်တယ်ဆိုတာကို မှန်းဆရန်မခက်ပေ။
တစ်နည်းအားဖြင့် ပထမအမြင်နှစ်ခု၏ အခြေခံအုတ်မြစ်ကနေ ဆင်းသက်လာခြင်းပင်။
အလားတူပင် ဤသည်က ကြယ်စွမ်းအားကိုကျွမ်းကျင်ပြီး ကြယ်တာယာကောင်းကင်ပိုင်နက်ကို ဖွင့်ပြီးသောအခါမှသာ ထုတ်လွှတ်နိုင်သည့် လက်သီးနည်းစနစ်တစ်ခုလည်းဖြစ်သည်။
ဤတစ်နေ့တာအတွင်းမှာပင် ရှီရှန်း အစွန်းကို လျင်မြန်စွာထိမိသည်။
သူအစွန်းကိုထိမိသည်နှင့်တစ်ပြိုင်နက် အဆုံးမဲ့ကြယ်ရောင်များက သတင်းအချက်အလက်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှီရှန်း၏အသိစိတ်ပင်လယ်ထဲ စီး၀င်းသွား၏။
တျန်ရွှမ်းကြယ်ကိုးပွင့်!
ဒါက ထိုလက်သီးနည်းစနစ်၏ အမည်နာမပေတည်း။
ကြယ်တာယာကောင်းကင်ပိုင်နက်ကို သုံးရင်း ကြယ်စွမ်းအားကိုစုစည်းပြီး ၀န်းရံနေသည့် မိုးနှင့်မြေ၏ နိယာမစွမ်းအားကို သိပ်သည်းစေရန်အတွက် ကြယ်စွမ်းအားကို အသုံးပြုရင်း ပေါက်ကွဲစေသောအခါ ၎င်းကို တျန်ရွှမ်းစွမ်းအင်အဖြစ် ပြောင်းလဲပေးသည်။
အစွန်းကို တက်လှမ်းနိုင်သည်နှင့်တစ်ပြိုင်နက် ကြယ်တစ်ပွင့်၏စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ဒါက ကြယ်တစ်ပွင့်ကျသွားခြင်း၏ စွမ်းအားပင်။
စုစုပေါင်းကြယ်ကိုးလုံးရှိပြီး အမြင့်ဆုံးကို ရောက်သောအခါ ကြယ်ကိုးလုံးအတူတကွ ကျသွားပါက နယ်မြေတစ်ခုလုံးကိုပင် သုတ်သင်ဖျက်ဆီးနိုင်သည်။
ရှီရှန်း နတ်နယ်ပယ်အထက်က အဆင့်ဖော်ပြချက်များအား ကြည့်လိုက်မိသည်။
နတ်တပိုင်းအထက်တွင် နတ်ဘုရားနယ်ပယ်တည်ရှိသည်။
သတင်းအချက်အလက်များကိုရပြီးနောက် ရှီရှန်းကြယ်တာယာကောင်းကင်အား လေးနက်စွာဦးညွတ်သည်။ အမွေးတိုင်တစ်တိုင်စာခန့်ထိ ကြာနိုင်သမျှကြာအောင် ဦးညွတ်ပြီးမှသာ သူဖြည်းဖြည်းချင်း ကိုယ်ကိုဖြောင့်ရင်း နူးညံ့စွာတီးတိုးပြောသည်။
"ကျွန်တော်ကန်ရွှမ်တိုက်ကို သွားတဲ့အခါကျရင် စီနီယာကို ကျေးဇူးလာတင်ပါမယ်"
ထိုသို့ပြောပြီးနောက် ရှီရှန်း ကြယ်မျှော်စင်အပြင်ဘက်သို့ လျှောက်သွားသည်။
ရှီရှန်းထွက်သွားသည့်အခိုက် မည်သူမှ သတိမထားမိသည့်အချိန်တွင် ကြယ်တာယာကောင်းကင်က ကျုံ့သွားပြီး ကြယ်များအကြား ဧရာမမျက်လုံးတစ်လုံးကို ဖော်ပြသည်။ ရှီရှန်း၏ ထွက်ခွာသွားသည့်ပုံရိပ်ကို ကြည့်ရင်း ၎င်းကဖြည်းညင်းစွာ ရေရွတ်သည်။
"အချိန်လမ်းကြောင်းက မပြောင်းလဲဘဲ ကျန်ရှိနေတယ်၊ ဒါဆိုရင် အခြေအနေကို ဘယ်လိုချိုးဖျက်မလဲ...."
ထိုစကားလုံးများကိုရေရွတ်ပြီးနောက် မျက်လုံးကြီးက ကြယ်များအကြား တစ်ခါမှ မတည်ရှိခဲ့ဖူးသည့်အလား ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေတော့သည်။
အကယ်၍လုချန်ရှန်းသာရှိမည်ဆိုပါက သူ့မျက်နှာက အလွန်ပင် ကြောက်စရာကောင်းသည့်အသွင်တစ်ခုသို့ ပြောင်းသွားပေလိမ့်မည်။
ဤမျက်လုံးပြီးက တစ်ခါက ကြယ်နယ်မြေအတားအဆီးအတွင်း ပေါ်လာခဲ့ဖူးသည် မဟုတ်ပေလော။
.....
ရှီရှန်း ကြယ်မျှော်စင်မှထွက်လာသောအခါ ကျောင်းအုပ်ကျောက်ကျင်းစန်းနှင့် ဒုကျောင်းအုပ်သုံးဦးတို့က သူ့ကိုတွေ့လိုက်သည်နှင့် အနည်းငယ်ထိတ်လန့်သွားကြ၏။
သူဒီလောက်မြန်မြန်ထွက်လာတာလား!
သုံးရက်တောင်မပြည့်သေးဘူးလေ!
ကျောက်ကျင်းစန်းမျက်မှောင်ကြုတ်သည်။
"မင်းဒီလောက်မြန်မြန်ထွက်လာတာဆိုတော့ ဒါကိုနားလည်ဖို့ မဖြစ်နိုင်ဘူးလို့ ခံစားရလို့လား"
ရှီရှန်းမျက်တောင်ခတ်ကာမေးလိုက်မိသည်။
"ကျောင်းတော်ဖလှယ်ပွဲက စတော့မှာမလား"
ကျောက်ကျင်းစန်းခေါင်းခါယမ်းရင်း တုံ့ပြန်သည်။
"မင်းမသွားရင်လည်းရပါတယ်၊ အရင်ဆုံး ကြယ်မျှော်စင်မှာ ကျန်ရှိနေခဲ့တဲ့ အမွေအနှစ်အမြင်တွေအားလုံးကို မှန်ကန်စွာ သင်ယူနိုင်ဖို့ကို အာရုံစိုက်ထားပါ"
ရှီရှန်းကြယ်မျှော်စင်ထဲ၀င်သွားပြီးနောက် ကျောက်ကျင်းစန်းနှင့်တခြားသူများက ရှီရှန်းအား နောက်ထပ်ပါ၀င်ခွင့်ပေးရန် ဆန္ဒမရှိတော့ပါ။
တကယ်တမ်း၌ သုံးရက်က ဘယ်လိုလုပ် လုံလောက်နိုင်မည်နည်း။
ဒါက ကြယ်ပင်လယ်နတ်ဘုရားက ချန်ထားခဲ့သည့် ဉာဏ်အလင်းပင်။ ကြယ်ပင်လယ်နတ်ဘုရား၏အဆိုအရ ကြယ်မျှော်စင်ထဲ ၀င်နိုင်စွမ်းရှိလျှင်ပင် သူချန်ထားခဲ့တာကို သူတို့ဖော်ထုတ်နိုင်မလားဆိုတာ အာမခံချက်မရှိပေ။
သို့စေကာမူ ရှီရှန်း၏ နောက်ထပ်စကားလုံးများက ကျောင်းအုပ်နှင့် တခြားသူများအား ကြက်သေသေသွားစေသည်။
ရှီရှန်ရပ်သွားပြီးနောက် ခေါင်းကုတ်သည်။
"ဒါပေမယ့် ကျွန်တော်နားလည်ပြီးသွားပြီလေ"
သောက်ကျိုးနည်း၊ ဘာလားဟ!
မင်းအကုန်နားလည်ပြီလို့ ပြောနေတာလား!
ကျောက်ကျင်းစန်းအံ့ဩသင့်သွားပြီးနောက် နောက်က ဒုကျောင်းအုပ်များထံ လှည့်ကာမေးသည်။
"ဘယ်နှစ်ရက်ရှိသွားပြီလဲ"
"သုံးရက်တောင်မပြည့်သေးပါဘူး...."
ဒုကျောင်းအုပ်မင် ရှီရှန်းအားကြည့်ရင်း လေးနက်စွာမေးသည်။
"မင်းကြယ်ပင်လယ်နတ်ဘုရားချန်ထားခဲ့တဲ့ အရာတိုင်းကို အသေအချာနားလည်သဘောပေါက်သွားပြီလား"
ရှီရှန်း ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်သည်။
"တစ်ခုခုမမှားနေဘူးဆိုရင်တော့ ကျွန်တော်အကုန်ပြီးသွားပြီ"
ကျောက်ကျင်းစန်းအပါအ၀င် ဒုကျောင်းအုပ်မင်နှင့် တခြားသူများမှာ နှလုံးသားထဲက ထိတ်လန့်မှုကို ဖိနှိပ်ထားရန်အတွက် အသက်ပြင်းပြင်းရှုလိုက်ကြ၏။
ရုတ်တရက် ကျောက်ကျင်းစန်းခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းသည်။
"မင်းနောက်ပိုင်း ကန်ရွှမ်တိုက်ကို သွားတဲ့အခါကျရင် ကြယ်ပင်လယ်ဂိုဏ်းက လူတွေက မင်းကိုအတော်လေးကြောက်သွားကြလိမ့်မယ်"
တကယ်တမ်းတွင် ဒါက အနည်းငယ်မြန်လွန်းနေသည်။
ရှီရှန်းခေါင်းကုတ်ရင်းမေးသည်။
"ဒါဆိုကျောင်းတော်ဖလှယ်ပွဲကရော..."
"သွားကြစို့၊ အခုထွက်ခွာဖို့အချိန်ကျပြီ" ကျောက်ကျင်းစန်း နေကိုစစ်ပြီးနောက် အချိန်ကို ခန့်မှန်းလိုက်၏။
"အချိန်ကျခါနီးပြီ၊ ငါတို့အားလုံး ကျောင်းတော်ဂိတ်တံခါးမှာ အခုစုဝေးလို့ရပြီ"
......
ဝိဉာဉ်အနှစ်သာရကျောင်းတော်ဂိတ်တံခါးရှေ့တွင် ကုရှန်းနှင့်မုဖူရှန်းအပါအ၀င် အဓိကယှဉ်ပြိုင်သူများနှင့် အစားထိုးအားလုံးက စုစည်းနေကြ၏။
ရှီရှန်းကလည်း ကျောင်းအုပ်ကြီးနောက်ကနေ ဤနေရာသို့ ရောက်လာသည်။
သူ့ကိုမြင်သောအခါ ထန်ကျုံ့ကျောက် အနည်းငယ်ထိတ်လန့်သွား၏။ ရှီရှန်းလျှောက်လာတာကို ကြည့်ရင်း သူတွေဝေစွာမေးသည်။
"မင်းဘာလို့ဒီမှာရှိနေရတာလဲ၊ မင်းအခု ကြယ်မျှော်စင်ထဲမှာ ကျင့်ကြံနေသင့်တာမလား'
ရှီရှန်းအားကိုးရာမဲ့စွာပြောသည်။
"ဘာလို့ မင်းကျောင်းအုပ်လိုမျိုး မေးခွန်းကိုပဲ မေးနေတာလဲ၊ ငါအားလုံးနားလည်ပြီးစီးသွားပြီ"
ထန်ကျုံ့ကျောက် "....."
ဒါကိုဘယ်သူမျှော်လင့်ထားနိုင်မှာလဲ!
မင်းတို့အားလုံးက တကယ့်ကိုမွန်းစတားတွေပဲ!
ထိုအချိန်မှာပင် ကျောင်းအုပ်ကျယ်လောင်စွာပြောသည်။
"ဒီတစ်ကြိမ် ငါတို့ကျောင်းတော်ရဲ့ မြောက်ပိုင်းဖလှယ်ပွဲကို ရွှမ်ဝူနတ်မင်းဆက်မှာ ကျင်းပမှာဖြစ်ပြီး ဒုကျောင်းအုပ်မင်က ဦးဆောင်လိမ့်မယ်၊ မြောက်ပိုင်းကပြိုင်ပွဲက အရမ်းကြီးမပြင်းထန်ဘူးဆိုပေမယ့် မင်းတို့ဘယ်သူမှ ခပ်ပေါ့ပေါ့မှတ်ယူလို့မရဘူး၊ နားလည်လား"
လူတိုင်းတညီတညာတည်းဖြေကြသည်။
"နားလည်ပါတယ်"
ကျောင်းအုပ်ကျေနပ်စွာခေါင်းညိတ်သည်။
"ပုံမှန်အတိုင်းပဲ ဆုတွေကို အဆင့်သတ်မှတ်ချက်နဲ့ အထောက်အကူပေါ်မူတည်ပြီး ပေးမယ်၊ ကောင်းပြီ၊ အခုထွက်ကြတော့"
ဒုကျောင်းအုပ်မင်၏ ဦးဆောင်မှုအောက်တွင် လူတိုင်း ဧရာမကောင်းကင်ကြိုးကြာပေါ်တက်လိုက်ကြပြီးနောက် ရွှမ်ဝူနတ်မင်းဆက်သို့ ဦးတည်လိုက်ကြတော့သည်။
ကျောင်းသားများနှင့် ဤဖလှယ်ပွဲကို ရွှမ်ဝူနတ်မင်းဆက်တွင် ကျင်းပမည်ဟု ကြားသောအခါ မုဖူရှန်းတွင် မကောင်းသည့်ခံစားချက်တစ်ခုရှိနေသည်။
ပြဿာနာက ထပ်ပေါ်လာသည့်အလားသူခံစားနေရသည်။
ဒါပေမယ့် ကံကောင်းတာက အစ်ကိုကြီးမရှိဘူးဆိုတော့ ပြဿာနာအရမ်းကြီးမရှိလောက်ပါဘူး၊ ဟုတ်တယ်မလား!
.....
တျန်းဂျီတိုက်ကြီး၏မြောက်ပိုင်းက တကယ်တမ်းတွင် အင်အားစုအများကြီးဒေသတစ်ခုပင်။
ထိုနေရာ၌ နဂါးကိုးကောင်နတ်မင်းဆက်နှင့် ရွှမ်ဝူနတ်မင်းဆက်ကဲ့သို့ မဟာနတ်မင်းဆက်သုံးခုထဲက နှစ်ခုရပ်တည်နေကြသည်။
ဒါ့အပြင် ပထမတန်းစားဂိုဏ်းများ၏ ၈၀ရာခိုင်နှုန်းက ထိုနေရာ၌စုရုံးနေကြ၏။
သို့သော် ဝိဉာဥ်အနှစ်သာရကျောင်းတော်နှင့်ယှဉ်ပါက ကျောင်းတော်များ၏ ဩဇာလွှမ်းမိုးမှုက အနည်းငယ်အားနည်းသွားနိုင်သည်။
လူတိုင်းစတင်စိတ်ပြေလက်ပျောက်ဖြစ်နေချိန် ကုရှန်း ရုတ်တရက် စိုနေသည့်စောင်တစ်ထည်ကို ပစ်လိုက်၏။
"ငါခရီးထွက်နေတုန်းမှာ ၀မ်ယွဲ့ကျောင်းတော်နဲ့ ကျင်းရှန်းကျောင်းတော်တို့က ရွှမ်ဝူနတ်မင်းဆက်က သူတော်စင်သားတော်ရွှမ်မင်လိုမျိုး တခြားအင်အားစုတွေက အင်အားကြီးပုဂ္ဂိုလ်တွေအပါအ၀င် ကျောင်းသားတွေကို သိသာတဲ့ကုန်ကျစရိတ်တစ်ခုနဲ့ စုဆောင်းနေတယ်လို့ ငါကြားခဲ့တယ်၊ သတိထားတာက ပိုကောင်းမယ်...."