အလှထောင်ချောက်
Vol. 14 Ch. 131
( ဘုရားရေ ဒါက နတ်သမီး ထောင်ချောက်ပဲ )
ခဏမျှ အာရုံလွင့်သွားခဲ့သော်ငြား ချီယွမ် လျှင်မြန်စွာ သတိဝင်လာခဲ့သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူအများကြီးထဲကမှ ထင်ပေါ်လာပြီး လင်လုံ သန့်စင်နယ်မြေ၏ သူတော်စင်မ ရာထူးကို ဆက်ခံရရှိနိုင်ခဲ့သော ရှောင်ယွဲ့နင်သည် သူ၏ မေတ္တာတရားတွင် ကျဆင်းသွားမည့် ရိုးအသော မိန်းကလေးတစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်ပါချေ။ သူမအနေနှင့် ခံစားချက်တစ်ချို့ ဖြစ်ပေါ်လာလျှင်တောင်မှ ကိုယ့်ကိုယ်ကို စွန့်လွှတ်ရင်း ညနက်ပိုင်းမှ သူ့၏ နေထိုင်ရာနေအိမ်သို့ ရောက်လာဖို့ မသင့်တော်ဘူး။
( သူမရဲ့ပန်းတိုင်က သေချာပေါက် မရိုးရှင်းနိုင်ဘူး။ ဖြစ်နိုင်တာ သူမက ငါနဲ့ မဟာဘိုးဘေး ဖေးဟွမ်ကြားက ဆက်ဆံရေးကို သဲလွန်စ ရှာချင်နေတာများလား )
ထိုမိန်းကလေး၏ အရည်အချင်းကို ချီယွမ် လေးစားသွားခဲ့သည်။ အခန်းအတွင်း ဝင်ရောက်လာပြီးကတည်းက သူမ၏ စကားလုံးတိုင်နှင့် အပြုအမူတိုင်းသည် ပြီးပြည့်စုံစွာ ပစ်ချက်ကင်းချေ၏။
ရှောင်ယွဲ့နင်သည် တိကျသောစကားလုံး တစ်ခွန်းမှမပြောခဲ့သော်ငြား သူမထံတွင် ခံစားချက်မရှိပါဘူးဟု မငြင်းဆိုခဲ့ချေ။သူမတို့နှစ်ဦး အတူမရှိနိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းက နောက်ခံဂိုဏ်းများကြောင့်သာ ဖြစ်သည်ဟု သွယ်ဝိုက်ညွှန်းဆိုခဲ့၏။ သူမတို့၏ ကံတရားကို ထိန်းချုပ်မရနိုင်ပါဟူ၍ သနားစဖွယ် ကောင်းအောင် ဖော်ညွှန်းခဲ့သည်။
“ကျင့်ကြံရေးမှာပဲ နှစ်မြုပ်ထားပြီးအချင်းချင်း တွန်းအားပေးကြမယ်။ မသေမျိုးဘဝကို အတူတူရှာဖွေကြမယ်.....”
ပြီးပြည့်စုံသော စကားလုံးများက တစ်ခြားသောသူများအတွက် လက်ခံနိုင်ဖွယ်ပင်။ လင်လုံ သန့်စင်နယ်မြေ၏ သူတော်စင်မက ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တာအိုသားတော်ကို ကောင်းမွန်သည့် အနာဂတ်အတွက် ကြိုးစားရန် တွန်းအားပေးနေသည်ဟုသာ ထင်မှတ်နိုင်သည်။
သို့သော် အမျိုးသားနှင့် အမျိုးသမီးကြားရှိ ထိုစကားလုံးများက ခေတ်သစ်၏ သွယ်ဝှိုက်ပြောဆိုသော စကားလုံးများနှင့် ဆင်တူသည်။
“ရှင် ကျွန်မနဲ့ လက်ထပ်ချင်ရင် အရင်ဦးဆုံး ပိုက်ဆံရှာလိုက်။ ပြီးရင် ကျွန်မအတွက် အိမ်တစ်လုံးဝယ်ပေးရမယ်။ ဒါဆိုရင် ကျွန်မတို့နှစ်ယောက် ပျော်ရွှင်စွာ နေထိုင်လို့ရသွားပြီ”
ထိုချိုသာနူးညံ့သော စကားလုံးများကို ပစ်ချက်ကင်းအောင် လှပသည့် မိန်းကလေးတစ်ယောက်က ပြောဆိုလာပါက သာမန်အမျိုးသားများဆိုလျှင် လေထဲတွင် တိုက်အိမ်ဆောက်လိုက်နိုင်၏။ သို့သော် ချီယွမ်ကတော့ မတူညီပါချေ။
ရုပ်ရည်အရပြောရလျှင် သူ ရထားသော ကျိချန်အာသည်လည်း ကမ္ဘာကြီးတွင် ရှားပါးသော အလှမျိုးကို ပိုင်ဆိုင်ထားသည့် ထိပ်သီး မိန်းကလေးတစ်ယောက်ပါပဲ။ ထိုရက်စက်သော မိန်းကလေးက ဆွဲဆောင်မှု တစ်မျိုးရှိနေပြီး ရှောင်ယွဲ့နင်ထက်ပင် စိတ်ဝင်စားဖို့ကောင်း၏။
ထို့အပြင် ဂိုဏ်းတူအမ ပိုင်ရှီရိုသည်လည်း ထူးချွန်သော အလှတရားနှင့် ရိုးအကာ ချစ်စဖွယ်ကောင်းသော မျက်နှာကို ပိုင်ဆိုင်ထားသည်။ ထိပ်သီး မီးပေါင်းဖိုခန္ဓာကိုယ်ပါရှိသည့်အတွက် သူမကလည်း ရှောင်ယွဲ့နင်ထက် အနည်းငယ်သော်မျှ မနှိမ့်ကျပါချေ။
ထက်ပေါင်းပြောရလျှင် ချီယွမ်သည်လည်း များစွာသော မုန်တိုင်းများအား ကျော်ဖြတ်ပြီးသည့် အတွေ့အကြုံရှိ လူတစ်ဦးဖြစ်လေရာ သူမ၏ အလှ ထောင်ချောက်ထဲတွင် ပိတ်မိဖို့ မဖြစ်နိုင်ပါချေ။
( ဒီမိန်းကလေး တစ်ကယ်ကြီး ငါ့အိမ်ထဲလာပြီး မြူစွယ်ရဲတာပဲ။ ငါသာ ဒီလှည့်ကွက်ထဲ ကျသွားလို့ကတော့ ငါ့ရဲ့ မျိုးရိုးနာမည်ကိုပါ ပြောင်းပစ်လိုက်မယ် )
ချီယွမ်တစ်ယောက် ခပ်စစ ပြုံးလိုက်၏။ ထို့နောက်တွင် ချက်ချင်းပဲ သူတော်စင်မကို လက်မောင်းအတွင်း ဆွဲသွင်းရင်း ပုံမှန်လိုမျိုး ပြောလိုက်သည်။
“နတ်သမီးရှောင်က မေးလာပြီဆိုမှတော့ ကျွန်တော်လည်း သိသလောက် ဖြေပေးရမှာပေါ့။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒီနေ့ဂိုဏ်းတူ မဟာဘိုးဘေး ဖေးဟွမ်နဲ့ စတွေ့ကတည်းက ကောင်းမွန်တဲ့ အမြင်ကို လက်ခံရရှိခဲ့ပြီး စကားပြောလို့လည်း ကောင်းခဲ့တယ်။ မဟာဘိုးဘေး ပြောဖူးတာတော့ သူမရဲ့ဘဝမှာ မိတ်ဆွေအများကြီး မရှိဘူးတဲ့။ မင်းတို့ဂိုဏ်းရဲ့ မဟာဘိုးဘေး ဖန်းလန်ပြီးသွားရင် ငါက သူမနဲ့ အရင်းနှီးဆုံး သူငယ်ချင်းလို့ ပြောသွားတယ်။ ပြီးတော့ မဟာဘိုးဘေးဖေးဟွမ်ရဲ့ ပုံစံအစစ်က ချန်းဟွမ်ဆိုတာကို ကျွန်တော် သိထားတယ်။ သူမက ကြင်နာပြီးတော့ ဒီနေ့ လိုက်စီးခွင့်တောင် ပြုခဲ့တယ်လေ”
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ပုံရိပ်ယောင်အတွင်းမှ လွှဲလျှင် ရှောင်ယွဲ့နင်အတွက် ယောင်္ကျားတစ်ယောက်နှင့် နီးကပ်သည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။ သူမ၏နူးညံ့သော ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေလေကာ ချီယွမ်၏ လက်မောင်းအတွင်းမှ လွှတ်မြောက်ဖို့ ကြိုးစားလိုက်၏။ သို့သော် ထပ်မံကြားလိုက်ရသော သတင်းကြောင့် ရှောင်ယွဲ့နင် ထိပ်လန့်သွားတော့သည်။
မဟာဘိုးဘေး ချန်းဖေးဟွမ်သည် အစွမ်းမဲ့ နတ်သားရဲ ချန်းဟွမ်းဆိုသော ကိစ္စက လင်လုံ သန့်စင်နယ် မြေ၏ ထိပ်သီး လျှို့ဝှက်ချက်တစ်ခုပါပင်။ ဂိုဏ်းခေါင်းဆောင်ရှောင်နှင့် သူမကလွဲလျှင် ကျန်သောမဟာဘိုးဘေး သုံးယောက်နှင့် အဆင့်မြင့် အကြီးအကဲများသာ သိကြ၏။ တစ်ချို့သော တာအိုစုစည်းခြင်း နယ်ပယ် အဆင့်မြင့် အကြီးအကဲများတောင်မှ မသိကြချေ။
ထိုထိပ်သီး လျှို့ဝှက်ချက်ကြီးကို မဟာဘိုးဘေး ဖေးဟွမ်ကိုယ်တိုင်က အပြင်လူ တစ်ယောက်ကို ထုတ်ပြောလိုက်ခြင်းသည် ကျောချမ်းဖွယ်ကောင်းသော အမှန်တရားတစ်ခု ဖြစ်၏။
( ပိုပြီးတော့ မယုံကြည်နိုင်စရာကောင်းတာက မဟာဘိုးဘေး ဖေးဟွမ်က မဟာယနနယ်ပယ် နတ်သားရယ်ပဲ။ ဒီလိုမျိုး ဂုဏ်သိက္ခာရှိတဲ့ ချမ်းဟွမ်က ယောင်္ကျားတစ်ယောက်ကို လိုက်စီးဖို့ ခွင့်ပြုတယ်တဲ့လား..... )
ရှောင်ယွဲ့နင်၏ လှပသော မျက်နှာသည် အလွန်အမင်း အံ့အားသင့်နေမှုကြောင့် ပါးစပ်ကြီး ပွင့်ဟနေတော့သည်။
ချီယွမ်သည်လည်း အနည်းငယ် မိန်းမောနေ၏။ ခံစားနေရသော နူးညံ့နွေးထွေးသည့် အထိအတွေ့အပြင် ဆွဲဆောင်နိုင်သော မွှေးရနံ့ကြောင့် သူ၏နှလုံးသားက ခုန်ပေါက်နေကာ အသက်ရှူသံသည် လေးလံလာတော့သည်။
( ဘာဖြစ်နေတာလဲ )
ရဲတင်းစွာ ပြုမူလိုက်ပါက လင်သန့်စင်နယ်မြေ၏ သူတော်စင်မလေး ကြောက်ရွံ့သွားမည်ဟု ထင်မှတ်ခဲ့သော်ငြား အံ့ဩဖို့ကောင်းစွာပင် သူမသည် ထွက်မပြေးခဲ့ချေ။
( ရှောင်ယွဲ့နင်က အကျိုးအမြတ် ရဖို့အတွက် ဒီလောက်အထိ သူမရဲ့ အလှတရားကို အသုံးချနေတာလား )
ထိုကြောင့် ချီယွမ်သည် သရုပ်ဆောင်မှုကို အနည်းငယ် အဆင့်မြင့်ဖို့ ဆုံးဖြတ်လိုက်သည်။
( သူမရဲ့ ချိုမျှမှုတွေကို စမ်းသပ်ပြီးတော့ ဘယ်လောက်အထိ ခံနိုင်ရည်ရှိမလဲ ကြည့်ရသေးတာပေါ့ )
ထိုသို့ဖြင့် ချီယွမ်၏ လက်နှစ်ဖက်က သူမ၏ ဖွံ့ထွားတင်းရင်းသည့်ကိုယ်လုံးလေးပေါ်၌ စတင် လှုပ်ရှားလာတော့သည်။
ရုတ်တရက် ပြောင်းလဲသွားသော အနေအထားက ရှောင်ယွဲ့နင်အား ထိတ်လန့်မှုမှ နိုးထစေလိုက်သည်။ သူမ၏မျက်နှာက ချက်ချင်းပင် နီဆွေးသွားကာ ကြီးမားသော လက်ဖဝါးအား ဖယ်ထုတ်ရင်း အော်ဟစ်လေတော့၏။
“ရပ် ရပ် ရပ်လိုက်တော့”
အလွန်အမင်း အရှက်ရနေသော်ငြား ရှောင်ယွဲ့နင်သည် ထပ်မံပြီး သတင်းအချက်အလက်များ နှိုက်ယူနိုင်ရန်အတွက် အတင်းအကြပ် အားတင်းထားရင်း နူးညံ့စွာဖြင့်တိုးဖျဖျ မေးခွန်းထုတ်လိုက်၏။
“တာအိုသားတော်ချီ၊ မဟာဘိုးဘေးဖေးဟွမ်က အမြဲတမ်းတစ်ယောက်တည်းပဲ နေခဲ့တာ။ အပြင်လူတွေကို လက်ခံတွေ့ဆုံတာ အရမ်းကို ရှားလွန်းတယ်။ ဘာလို့ ရှင့်ကိုကျမှ မတူညီစွာဆက်ဆံရတာလဲ”
ချီယွမ် နှာခေါင်းအား အနည်းငယ်တို့ထိရင်း ခပ်ပြုံးပြုံး ပြောလိုက်သည်။
“ဒါတော့ ကျွန်တော်လည်း မသိဘူး။ ဖြစ်နိုင်တာ ကျွန်တော်ကရုပ်ချောလို့ နေမှာပေါ့။ မဟာဘိုးဘေးဖေးဟွမ်က မျက်လုံး အစာကျွေးရအောင်လို့ ကျွန်တော့်ကို လက်ခံတွေ့ဆုံခဲ့တာ မဖြစ်နိုင်ဘူးလား”
( ရုပ်ချောလို့ဟုတ်လား )
ရှောင်ယွဲ့နင် အံ့ဩမှင်သက်စွာဖြင့် ချီယွမ်ကို သံသယရှိစွာ ကြည့်လိုက်သည်။
( ဒီတစ်ယောက်ရဲ့ ရုပ်က အင်း မဆိုးပါဘူး ဆိုပေမယ့်လည်း အရမ်းကြီး ကောင်းနေတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ မျက်နှာတစ်ခုတည်းနဲ့ မိန်းကလေးတွေရဲ့ နှစ်သက်မှုကိုရနိုင်လောက်တဲ့ အထိတော့ မဟုတ်သေးဘူး ထင်တယ် )
( မဟာဘိုးဘေးဖေးဟွမ်က နှစ်ပေါင်းရာနဲ့ချီပြီး နေထိုင်ခဲ့တဲ့ လူတစ်ယောက်ပဲ။ သူမရဲ့ မျက်စိထဲမှာ ယောင်္ကျားတစ်ယောက်က ချောမောဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ရုပ်ချောတာနဲ့ပဲ ဒီလူကို အရမ်းကြီး သဘောကောင်းပေးဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး )
ထိုသို့ဖြင့် လာရင်းရည်ရွယ်ချက်ကို စဉ်းစားမိသွားပြီး ရှောင်ယွဲ့နင် နူးညံ့စွာ သက်ပြင်းချလိုက်သည်။ ထို့နောက်တွင် မျက်နှာထက်၌ အလွန်အမင်း လေးစားနေသော မျက်နှာထားကို ဆင်မြန်းလိုက်ရင်း
“တာအိုသားတော်ချီက တစ်ကယ်ကိုအရည်အချင်းရှိတဲ့ သူတစ်ယောက်ပါ။ ဝိညာဉ်အခြေတည် နယ်ပယ် အစောပိုင်းအဆင့်နဲ့တင် နတ်အသွင်ပြောင်းခြင်း နယ်ပယ် အစောပိုင်းအဆင့်ရှိနေတဲ့ ကျိထျန်ဖန်ကို အနိုင်ယူနိုင်ခဲ့တယ်။ ဒါတောင် ဓားတစ်ချက်တည်းနဲ့ အနိုင်ယူနိုင်ခဲ့တာပဲ။ တာအိုသားတော်ချီက သန့်စင်နယ်မြေ ခုနှစ်ခုရဲ့ မျိုးဆက်သစ်တွေကြားမှာ အထူးချွန်ဆုံးဖြစ်ပြီးတော့ အနာဂတ်ကလည်း အကန့်အသတ်မရှိလောက်ဘူး။ ဒါကြောင့် မဟာဘိုးဘေးဖေးဟွမ်ရဲ့ နှစ်သက်မှုကို ရဖို့ဆိုတာဖြစ်နိုင်ပါတယ်”
ပါးနပ်သော မိန်းမတစ်ယောက်အနေဖြင့် ယောင်္ကျားများ အထူးသဖြင့် ကြားချင်တတ်သောစကားများကို ရှောင်ယွဲ့နင် သိပါသည်။ အထူးသဖြင့် ငယ်ရွယ်လှသော အသက်အရွယ်မှာ ရာထူးမြင့်မြင့်ကို ရထားသည့် ချီယွမ်လိုမျိုး တက်သစ်စလူငယ်များပင်။ သူတို့ကို အနည်းငယ်မျှ ချီးကျူးလိုက်ရုံဖြင့် လိုရာ ကြိုးဆွဲကဖို့ အသင့် ဖြစ်လာလိမ့်မည်။
သူမအနေနှင့် တိုက်ရိုက် မေးခွန်းထုတ်၍ မရသည့်အတွက် စကားများများပြောရင်း ချီယွမ်ထံမှ တိကျသော သတင်းတစ်ချို့ ရယူဖို့ကြိုးစားလိုက်သည်။
( လင်လုံ သန့်စင်နယ်မြေကို ကယ်တင်ဖို့အတွက် ငါ ဒီတစ်ခေါက် အပြည့်အဝ ကြိုးစားမှရတော့မယ် )
ထိုချီးကျူးမှုကြောင့် ချီယွမ် ခပ်မဲ့မဲ့ပြုံးလိုက်ရင်း သူမကို ဆက်လက်အသားယူဖို့ ကြိုးစားလိုက်သည်။
( အမှန်တိုင်းပြောရမယ်ဆိုရင် ဒီကောင်မလေးကလည်း လင်လုံသန့်စင်နယ်မြေမှာ ရာထူးမြင့်တဲ့သူတစ်ယောက်ပဲ။ ဒီတော့ သူမဆီကနေ သတင်း ပြန်နှိုက်ယူဖို့ ကြိုးစားရတာပေါ့)
ထိုသို့ဖြင့် အချိန်အနည်းငယ် အတွင်းမှာပဲ ရှောင်ယွဲ့နင်ခဗျာ သူမ၏ သတင်းယူမည့် ပန်းတိုင်ကျရှုံးခဲ့ရရုံသာမက လင်လုံ သန့်စင်နယ်မြေ၏ အတွင်းဘက်အလုပ်လုပ်ပုံ အပါအဝင် များစွာသော လျှို့ဝှက်ချက်များစွာကိုပါ ဖော်ထုတ်မိသွားသည်။
နောက်ဆုံးတော့ မှားယွင်းနေမှန်း သဘောပေါက်သွားပြီး ရှောင်ယွဲ့နင်က ထိုသူကို တွန်းလွတ်ရင်း အလွန် စိတ်ပျက်နေသော လေသံဖြင့် ပြောလိုက်တော့၏။
“တာအိုသားတော်ချီ နောက်ကျနေပြီဆိုတော့ ရှင် အနားယူလိုက်တော့။ ကျွန်မသွားတော့မယ်”
“နေဦး”
ချီယွမ်အနည်းငယ် ပြုံးလိုက်၏။ ရှောင်ယွဲ့နင်၏ သေးသွယ်ကာ လှပသော လက်ကောက်ဝတ်ကို အပြုံးတစ်ခုဖြင့် ဖမ်းဆုပ်လိုက်ရင်း
“နတ်သမီးရှောင် မမေ့နဲ့ဦး မဟာဘိုးဘေးဖေးဟွမ်ရဲ့ အမိန့်အရ မင်းက အခုဆိုရင် ကျွန်တော့်ရဲ့ မိန်းမဖြစ်လာခဲ့ပြီ။ အတိတ်ကကိစ္စတွေကို မေ့ထားပြီ လူဆိုတာ ပစ္စုပ္ပန်မှာ အကောင်းဆုံး ရှင်သန်သင့်တယ်။ ကျွန်တော်တို့တွေ အမြန်ဦးဆုံး စီစဉ်ပြီး ဒီညကို မင်္ဂလာဦးည ဘာလို့ မလုပ်ရမှာလဲ”
ရှောင်ယွဲ့နင်၏ ကျောက်စိမ်းမျက်နှာသည် ပန်းသီးတစ်လုံးလို နီရဲသွားကာ တုန်ယင်နေသော လေသံဖြင့် ပြောလိုက်တော့၏။
“အရမ်း.....အရမ်း မြန်လွန်းနေတယ်။ ကျွန်မ အဆင်သင့်မဖြစ်သေးဘူး”
ချီယွမ်သည် မတုန်မလှုပ်ဖြင့် တည်ငြိမ်စွာ ပြန်ပြောလိုက်လေရဲ့။
“ကောင်းပါပြီ။ ဒါဆိုရင် မဟာဘိုးဘေးဖေးဟွမ်ရဲ့ အမိန့်ကို မနာခံဘူးလို့ ကျွန်တော် ပြောလိုက်တော့မယ်”
“မဖြစ်ဘူး”
ရှောင်ယွဲ့နင်၏ နှလုံးသားသည် ကြမ်းတမ်းစွာ ခုန်ပေါက်လာတော့သည်။
“ကျေးဇူးပြုပြီး.... ကျေးဇူးပြုပြီးကျွန်မကို အချိန် နည်းနည်းပေးလို့ရမလား။ ကျွန်မ.....”
ချီယွမ် မျက်ခုံးတဖက် ပင့်လိုက်ကာ ပိုမိုကြီးမားလာသော အပြုံးဖြင့် ဆက်လက် စနောက်လိုက်၏။
“မင်း အဆင်သင့် မဖြစ်သေးဘူးဆိုမှတော့ ကျွန်တော်တို့ နောက်ထပ် နည်းလမ်းကို ဘာလို့ မကြိုးစားကြည့်ရမှာလဲ”
( ဟမ်း )
ရှောင်ယွဲ့နင် နေရာမှာတွင် အေးခဲသွားခဲ့သည်။ သူမ မတုံ့ပြန်နိုင်ခင်မှာပဲ အစောပိုင်း အနေအထားသို့ ပြန်လည် ရောက်ရှိသွားလေတော့၏။