← Chapters

လင်လုံသန့်စင်နယ်မြေ ဒုက္ခရောက်သွားမှာ ဂိုဏ်းခေါင်းဆောင်ရှောင် မြင်ချင်လို့လား

Vol. 14 Ch. 135

လင်လုံသန့်စင်နယ်မြေ ဒုက္ခရောက်သွားမှာ ဂိုဏ်းခေါင်းဆောင်ရှောင် မြင်ချင်လို့လား

Vol. 14 Ch. 135

“ တာအိုမိတ်ဆွေတို့၊ ကျေးဇူးပြုပြီး နားထောင်ပေးကြပါ ”

လင်လုံသန့်စင်နယ်မြေ၏ ဂိုဏ်းခေါင်းဆောင် ရှောင်ရွှမ်ကျိသည် သူမ၏ကြီးမားသော ထိုင်ခုံမှ ခပ်ဖြည်းဖြည်းထလိုက်ရင်း ကျယ်လောင်စွာပြောလိုက်သည်။

သူမ၏အသံထွက်လာသည်နှင့် ပွဲတော်၏ တေးတီးလုံးသည် ချက်ချင်းပင် တိတ်ဆိတ်သွားကာ စကားပြောသံများ ပြည့်နှက်နေသော ခန်းမတစ်ခုလုံးလည်းငြိမ်သက်သွားလေ၏။

သံသယတစ်ချို့နှင့် သိချင်စိတ်များပါဝင်နေ‌သော မျက်နှာထားများဖြင့် အကုန်လုံးက ရှောင်ရွှမ်ကျိကို လှည့်ကြည့်လိုက်ကြသည်။

ရှောင်ရွှမ်ကျိက ပတ်ဝန်းကျင်ကို ခပ်ဖြည်းဖြည်းအကဲခတ်ရင်း ပြောလိုက်လေ၏။

“ ဒီလောက်အဝေးကြီးကနေ လင်လုံသန့်စင်နယ်မြေအထိ လာပေးတဲ့အတွက် ကျွန်မတို့တစ်ကယ်ပဲ လေးစားရပါတယ်။ အရင်းအမြစ်မလုံလောက်တဲ့အတွက် ဧည့်ခံမှုမှာ ချို့ယွင်းချက်ရှိသွားရင် ဧည့်သည်တော်တို့အားလုံး ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ”

သူမ၏အသံသည် ငြင်သာသော်ငြား ‌ရှောင်လွဲ၍မရနိုင်သော အာဏာစက်တစ်ချို့ပါဝင်နေသည်။ မကျယ်လောင်သလို မပြင်းထန်‌ပါသော်လည်း မိုင်ပေါင်းများစွာသို့ ပျံ့နှံ့နိုင်ကာ အကုန်လုံး၏နားအတွင်းသို့ ရှင်းလင်းစွာဝင်ရောက်သွားသည်။

“ ဂိုဏ်းခေါင်းဆောင်ရှောင်၊ အခုလိုမျိုး ယဉ်ကျေးနေဖို့ မလိုအပ်ပါဘူး ”

“ ဂိုဏ်းခေါင်းဆောင်‌ရှောင်က အရမ်းကိုကြင်နာတာပဲ။ ကျွန်တော်တို့က ဒီလောက်ကြီးထိ မထိုက်တန်ပါဘူး။ ”

“ မဟာဘိုးဘေးချောင်ရဲ့ မဟာယနနယ်ပယ်ကို အဆင့်တတ်နိုင်ပြီး အမတတစ်ယောက်ဖြစ်လာဖို့ နီးကပ်လာခြင်းက နှစ်တစ်သောင်းမှာ တစ်ခါပဲကြုံတွေ့ရမယ့် အခွင့်အထူးလိုမျိုး ရှားပါးပြီးပျော်ရွှင်ဖို့ ကောင်းပါတယ်။ ဒီလိုကောင်းမွန်တဲ့ပွဲတော်ကို အားလုံးနဲ့အတူ ဆင်နွဲရတာ ကျွန်တော်တို့ကမှ ကျေးဇူးတင်သင့်တာပါဗျာ”

“ ဂိုဏ်းခေါင်းဆောင်ရှောင်ရဲ့ ကောင်းမွန်တဲ့ လင်လုံသန့်စင်နယ်မြေအတွင်း လှည့်ပတ်ကြည့်ရှုခွင့်ရတာကိုက ကျွန်တော်တို့ရဲ့ လေးစားမှုတွေနဲ့ ထိုက်တန်နေပါပြီ”

ထိုသို့ဖြင့် လူအုပ်ထဲမှ ဧည့်သည်တော်အသီးသီးသည်လည်း ယဉ်ကျေးသော တုန့်ပြန်မှုများကို တစ်ယောက်ချင်းစီ ထုတ်ဖော်လိုက်ကြသည်။

ရှောင်ရွှမ်ကျိက ခေါင်းညိတ်လိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်နှင့်အတူ သူမ၏လေသံသည်လည်း ပိုမိုနက်ရှိုင်းသွားခဲ့သည်။

“ ဒါပေမဲ့ ကျွန်မဒီနေ့ လင်လုံသန့်စင်နယ်မြေ အတွင်းမှာရှိနေတဲ့ သတင်းတစ်ချို့ကို ကြားခဲ့ရတယ်။ လင်လုံသန့်စင်နယ်မြေရဲ့ သူတော်စင်မနဲ့ ပတ်သက်တဲ့ အဲ့ဒီသတင်းက အရမ်းကို သည်းမခံနိုင်စရာကောင်းပြီး မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပဲ။ ဘယ်လိုသေသင့်တဲ့ လူတွေက အဲ့ဒီသတင်းကို ဖြန့်ခဲ့ပြီး ပြဿနာရှာခဲ့မှန်း အဖြေထုတ်လို့ မလွယ်ကူပေမဲ့ သူတော်စင်မရဲ့ ဂုဏ်သတင်းကို ကာကွယ်ဖို့အတွက် ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကျွန်မက ပြောသင့်တာတော့ ပြောရမယ်။ ကောလဟာလဆိုတာ မဟုတ်မမှန်တဲ့ သတင်းတွေပဲ။ ဘယ်သူကမှ အတည်ပြုပေးခဲ့ခြင်း ရှိတာလည်းမဟုတ်ဘူး။ ဒါကြောင့် ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ကျွန်မက ဒီနေရာမှာပဲ ပြတ်ပြတ်သားသား ပြောလိုက်မယ်။ အဲ့ဒီသတင်းတွေအားလုံးက လုံးဝကို အခြေအမြစ်မရှိ လိမ်ညာထားတဲ့အရာတွေပဲ”

ရှောင်ရွှမ်ကျိ၏ လှပသော မျက်ဝန်းအတွင်းတွင် စူးရှသည့်အလင်းတစ်ချို့ ဖြတ်ပြေးသွားရင်း အေးစက်စွာပြောလိုက်၏။

“ ဒီလောက်အထိ ကျွန်မပြောပြီးတာတောင်မှ သတင်းကို ထပ်ဖြန့်ပြီး‌ လူတွေရဲ့ငြိမ်းချမ်းမှုကို နှောင့်ယှက်တဲ့သူ ရှိလို့ကတော့ ကျွန်မတို့ လင်လုံသန့်စင်နယ်မြေက ရေဆုံးမြေဆုံးထိ လိုက်ဒုက္ခပေးမှာပါ”

ခန်းမအတွင်းရှိ ဧည့်သည်တော်အားလုံး စိတ်တင်းကျပ်သွားခဲ့ပြီး လျင်မြန်စွာဖြင့် သဘောတူ ခေါင်းညိတ်လိုက်ကြသည်။

အတင်းတုတ်ရခြင်းက ပျော်ဖို့ကောင်းသော်ငြား အတင်းတုတ်ရဖို့အတွက်နှင့် ဘဝကိုစတေးဖို့လောက်အထိတော့ မပျော်ပါချေ။

ထိုင်ခုံတွင်ထိုင်နေသော ချီယွမ်လည်း ‌ရှောင်ရွှမ်ကျိ၏ လျင်မြန်ပြတ်သားသော ကိုင်တွယ်ဖြေရှင်းပုံကြောင့် စိတ်သက်သာရာရသွားကာ တော်တော်လေးကျေနပ်သွားသည်။

ထိုအချိန်မှာပဲ ‌ရှောင်ရွှမ်ကျိ၏အကြည့်က သူ့ထံသို့ ရုတ်ချည်းကျ‌ရောက်လာခဲ့ပြီး ခံစားချက်မဲ့စွာဖြင့် ဆက်လက်ကြေညာလိုက်သည်။

“ ဒီနေ့ကစပြီးတော့ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်ချီက လင်လုံသန့်စင်နယ်မြေရဲ့ အမွန်မြတ်ဆုံး ဧည့်သည်တော်အကြီးအကဲ ဖြစ်လာလိမ့်မယ်။ တာအိုသားတော်ချီရဲ့ ဂုဏ်ပုဒ်က လင်လုံသန့်စင်နယ်မြေအတွင်းက အဆင့်မြင့်အကြီးအကဲတစ်ယောက်နဲ့ ညီမျှတယ်။ လင်လုံသန့်စင်နယ်မြေရဲ့ ဘယ်တပည့်မဆို သူ့ကိုလျစ်လျူရှုလို့ မရဘူး။ သူ့ရဲ့အမိန့်ကို မနာခံတဲ့သူတွေအားလုံး ဂိုဏ်းစည်းမျဉ်းအရ ပြင်းပြင်းထန်ထန်အပြစ်ပေးမယ်။ ”

( အမွန်မြတ်ဆုံး ဧည့်သည်တော်အကြီးအကဲ ဟုတ်လား )

( အဆင့်မြင့်အကြီးအကဲနဲ့ တန်းတူဆက်ဆံရမှာ ဟုတ်လား )

တည်ငြိမ်နေသော ရေသေအတွင်းသို့ ဗုံးတစ်လုံးပစ်ချလိုက်သည့်နှယ် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံသွားလေ၏။

ခန်းမအတွင်းရှိ ဧည့်သည်တော်များသာမက လင်လုံသန့်စင်နယ်မြေအတွင်းရှိ အဆင့်မြင့်ဂိုဏ်းသားတစ်ချို့ပါ အံ့ဩသော မျက်နှာထားများဖြင့် လှည့်ကြည့်လာကြသည်။ ထိုက်ရွမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်ချီကို အခုလောက်မြင့်မားသော ဂုဏ်ထူးတစ်ခုနှင့် လူသိရှင်ကြားကြေညာလိုက်မည်ဟု ဘယ်သူကမှမထင်ထားခဲ့ပေ။

တစ်ခြားသန့်စင်နယ်မြေကြီး ခုနှစ်ခု၏ တာအိုသားတော်အသီးသီးသည်လည်း ချီယွမ်ကို လှည့်ကြည့်လာရင်း အလွန်အမင်း ထိတ်လန့်သွားကြသည်။

နောက်တစ်စက္ကန့်မှာပဲ စိတ်ဝင်စားမှုအလယ်ဗဟိုသို့ ကျရောက်နေသော ချီယွမ်က တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်ရင်း ရှောင်ရွှမ်ကျိကို အနည်းငယ် အရိုအသေပေးလိုက်သည်။ ထို့နောက်တွင် နွေးထွေးစွာပြုံးပြလိုက်လေ၏။

“ အကြီးတွေက လက်ဆောင်ပေးရင် အငယ်ဖြစ်တဲ့သူက မငြင်းကောင်းဘူးတဲ့။ ဂိုဏ်းခေါင်းဆောင်က ဒီလိုမျိုးကြင်နာပြီးတော့ ရက်ရက်ရော‌ရောပေးနေမှတော့ အငယ်ဖြစ်တဲ့ ကျွန်တော်က သေချာပေါက်လက်ခံရမှာပေါ့ ”

‌ရှောင်ရွှမ်ကျိ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ အံ့ကြိတ်လိုက်၏။ ထို့နောက်တွင် စာကြောင်းတစ်ကြောင်းကို အသည်းအသန်ထုတ်ပြောလိုက်ရသည်။

“ ချီ... ဧည့်သည်တော်အကြီးအကဲ ဒီလိုမျိုး ယဉ်ကျေးနေဖို့ မလိုအပ်ပါဘူး ”

ပြောပြီးသည်နှင့် သူမက အင်္ကျီလက်ကို ဆတ်ခနဲခါထုတ်လိုက်ကာ ထိုင်ခုံပေါ် ပြန်သွားထိုင်ပြီး မျက်လုံးမှိတ်အနားယူလိုက်တော့သည်။

မဟာဘိုးဘေးဖေးဟွမ်၏ ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားမှုသာ မရှိလျှင် ထိုကိစ္စအား သူမအနေနှင့် ဘယ်လိုမှ လူသိရှင်ကြား ထုတ်ပြောလိမ့်မည် မဟုတ်ချေ။

ရှောင်ရွှမ်ကျိ ထုတ်ပြန်လိုက်သော ကမ္ဘာတုန်စေလောက်သည့် ထိုသတင်းကို အကုန်လုံး အံ့အားသင့်နေ၏။ ထိုအချိန်မှာပဲ ကျွမ်းချင်းယွမ်သည် စိတ်မရှည်စွာဖြင့် ထူရို့ရှု၏ အင်္ကျီစကို ဆွဲလိုက်ရင်း အလောတကြီးစိတ်ထဲမှ ဆက်သွယ်လိုက်သည်။

“ အကိုထူ၊ အကိုပြောတာမှန်တယ် လင်လုံသန့်စင်နယ်မြေဘက်က တစ်ကယ်လှုပ်ရှား ခဲ့တာပဲ။ ဒါပေမဲ့ သူ့ရဲ့ပုံစံက တာအိုသားတော်ချီကို သတိပေးနေတာနဲ့ မတူဘူးနော်။ သူ့ကို ချီးကျူးနေသလိုမျိုးကြီး… ဘယ်လိုဖြစ်ရတာလဲ ”

ထူရို့ရှု မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး မျက်နှာထက်တွင် စနောက်လိုသော အပြုံးတစ်ခုဝင်ရောက်လာခဲ့သည်။ ထို့နောက်တွင် စိတ်အေးသက်သာစွာဖြင့် ပြောလိုက်၏။

“ ညီလေးကျွမ်း၊ မင်းအရာအားလုံးကို အပေါ်ယံပဲကြည့်ပြီး မဆုံးဖြတ်နဲ့လေကွာ။ အခုဒီလိုမျိုး ဖြစ်သွားပေမဲ့ အကို့ရဲ့မှန်းဆချက်က မှန်တယ်လို့ သက်သေပြသွားတယ်မလား ”

အနည်းငယ် ရှုပ်ထွေးနေဟန်ရှိသော ကျွမ်းချင်းယွမ်က လျင်မြန်စွာမေးလိုက်သည်။

“ အကို ဘာကိုဆိုလိုတာလဲ ”

ထူရို့ရှု ခပ်ဖွဖွပြုံးလိုက်ရင်း ရှင်းပြလိုက်၏။

“ ကြည့်ရတာ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်ချီက တစ်ကယ်ပဲ ခြိမ်းခြောက်ခံရပြီး လင်လုံသန့်စင်နယ်မြေနဲ့ သဘောတူညီမှုရအောင် လုပ်နိုင်ခဲ့တယ်နဲ့တူတယ်။ ဒီလိုမျိုး သဘောတူညီမှု ရဖို့အတွက် သူတော်တော်လေး ပေးဆပ်ထားရမှာ သေချာတယ်။ ဒါကြောင့် တာအိုသားတော်ချီကို နှစ်သိမ့်နိုင်ဖို့အတွက် အခုလိုမျိုး ရာထူးတစ်ခုပေးလိုက်ရတာပဲ ”

“ လင်လုံသန့်စင်နယ်မြေရဲ့ ဂိုဏ်းခေါင်းဆောင် ရှောင်ရွှမ်ကျိက ကြင်နာမှုနဲ့ ပေးဆပ်မှု၊ ခွင့်ပေးမှုနဲ့ တင်းကျပ်မှုဆိုတဲ့ သဘောတရားကို ကောင်းကောင်းနားလည်တယ်။ သူတို့လိုချင်တာ ရသွားပြီးမှတော့ တာအိုသားတော်ချီအတွက် သေးငယ်တဲ့ရာထူးတစ်ခုဆိုတာ ဘာများဖြစ်သွားမှာမို့လို့လဲ”

“ အဲ့ဒီအမွန်မြတ်ဆုံး ဧည့်သည်တော်အကြီးအကဲဆိုတာ လူတွေကို အထင်ကြီးစေနိုင်တဲ့ သာမန်ရာထူးတစ်ခုပဲ။ ပြောရရင် အခွံလွတ်နေတဲ့ ကမာကောင်လိုမျိုးပဲ၊ တကယ်တန်း ဘာမှ အာဏာရှိတာမဟုတ်ဘူး။ လင်လုံသန့်စင်နယ်မြေကြီး တစ်ခုလုံးနဲ့ ယှဉ်လိုက်ရင် ဘယ်လိုအစွမ်းသက်ရောက်နိုင်မှာ မို့လို့လဲ။ အဆုံးမှာတော့ လင်လုံသန့်စင်နယ်မြေဘက်က သူတို့လိုချင်တာကို ရရှိခဲ့တယ်။ တာအိုသားတော်ချီကို မျက်နှာရဖို့အတွက်၊ ပြီးတော့ အခုလိုမျိုး ဆက်ဆံရေးမပြတ်စေဖို့အတွက် ချွေးသိပ်လိုက်တာပဲ။ သူတို့ရဲ့အကွက်က တော်တော်လေးတော့ လှတယ်ပြောရမယ် ”

ကျွမ်းချင်းယွမ် ချက်ချင်း သဘောပေါက်သွားခဲ့ပြီး မျက်နှာထက်တွင် လေးစားမှုများ ဝင်ရောက်လာတော့သည်။

“ အကိုထူက တစ်ကယ် ဉာဏ်ကောင်းတာပဲ။ စကားလုံးအနည်းငယ်နဲ့တင် ကျွန်တော့်ကို အလင်းပွင့်သွားစေတယ်။ တာအိုသားတော်ချီကို ဒီလောက်ထိ သနားစရာကောင်းတဲ့ လူတစ်ယောက်ဖြစ်နေမယ်လို့ ကျွန်တော် လုံးဝထင်မထားမိဘူး ”

ထိုသို့ဖြင့် ကျွမ်းချင်းယွမ်၏ မျက်လုံးများအတွင်းမှ စူးရှမှုများ ချင်းချင်းပင် ပျောက်ကွယ်သွားကာ သနားရိပ်များ ဝင်ရောက်လာလေရဲ့။

ထို့နောက်တွင် တစ်စုံတစ်ခုကို စဉ်းစားသွားမိခဲ့ပြီး ကျွမ်းချင်းယွမ်၏ မျက်နှာထားက ချက်ချင်းဆိုသလို မည်းနက်သွားကာ စိတ်ထဲမှ မေးခွန်းထုတ်လိုက်တော့သည်။

“ ဒါဆိုရင် လင်လုံသန့်စင်နယ်မြေဘက်က ဒီသတင်းကို ကိုယ်တိုင်ထုတ်တာလို့ အကိုပြောချင်တာလား ”

ခဏမျှ စဉ်းစားပြီးနောက်တွင် ထူရို့ရှုက ခေါင်းယမ်းလိုက်ကာ ယုံကြည်ချက်ရှိစွာဖြင့် ဝေဖန်ပိုင်းခြားပြလိုက်၏။

“ မဟုတ်ဘူး လင်လုံသန့်စင်နယ်မြေက သူတို့ရဲ့သူတော်စင်မနဲ့ ပတ်သက်တဲ့သတင်းကိုတော့ ကိုယ်တိုင်မထုတ်လောက်ဘူး။ ကြည့်ရတာ သူတို့ဘက်က ဒီအခြေအနေကို အခွင့်ကောင်းယူလိုက်ဟန်ပဲ။ သတင်းဖြန့်ခဲ့တဲ့ တစ်ခြားသူက သပ်သပ်ရှိနေရမယ်”

ကျွမ်းချင်းယွမ် ပထမတော့ အံ့ဩသင့်သွားခဲ့ပြီး နောက်တစ်စက္ကန့်မှာပဲ သူ၏မျက်နှာထားက ကြောက်မက်ဖွယ်ကောင်းအောင် ပြင်းထန်လာတော့သည်။

“ အဲ့ဒီသူက သူ့ကိုယ်သူ ဘာကောင်ထင်နေတာလဲ။ နတ်သမီးရှောင်ရဲ့ ဂုဏ်သတင်းကို ထိပါးဖို့စဉ်းစားရဲတယ်။ ကျွန်တော် လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး ”

ထူရို့ရှုက မထင်မှတ်စွာ ရယ်မောလိုက်ရင်း မျက်လုံးအတွင်း၌ ခန့်မှန်း၍မရနိုင်သော နက်ရှိုင်းမှုတစ်ချို့ ဝင်ရောက်လာခဲ့သည်။

“ သတင်းဖြန့်ခဲ့တဲ့ ဘယ်သူမဆို အဲ့ဒီလူမှာလည်း ရည်ရွယ်ချက်တစ်ချို့တော့ ရှိနေမှာ‌သေချာတယ် “

“ သေချာစဉ်းစားကြည့်လေ။ ဒီသတင်းသာ ထွက်သွားမယ်ဆိုရင် ဘယ်သူက အကျိုးအများဆုံး ရမယ်ထင်လဲ။ အဲ့ဒါကို အဖြေထုတ်နိုင်ရင် နောက်ကွယ်က တရားခံကို မှန်းဆနိုင်လိမ့်မယ် ”

လုံးဝရှုပ်ထွေးနေသော ကျွမ်းချင်းယွမ်က တုန့်ဆုတ်စွာဖြင့် ပြန်ပြောလိုက်၏။

“ အကိုဆိုလိုတာက... ”

ထူရို့ရှုသည် အနည်းငယ်စိတ်ပျက်စွာ လှည့်ကြည့်လာတော့သည်။

“ အေး ပြောမယ်၊ နောက်ကွယ်က တရားခံက ကျိထျန်ဖန် ဟေ့”

ထိုစကားလုံးများ အားလုံးက ပြတ်သားသေချာနေကာ ဆွဲဆောင်မှုရှိလှ၏။

“ ဟမ် ”

အံ့ဩမှုကြောင့် ကျွမ်းချင်းယွမ် မျက်လုံးများ ပြူးကျယ်သွားသည်။ သူ သဘောမပေါက် သေးဟန်ပင်။

“ မနေ့တုန်းက ကျိထျန်ဖန်က ချီယွမ်ကို တိုက်ရိုက်စိန်ခေါ်ခဲ့တယ်လေ။ ဒါပေမဲ့ ချီယွမ်ဆီမှာ တစ်ချက်တည်းနဲ့ ရှုံးနိမ့်သွားခဲ့တယ်မလား။ ဒါက လူသိရှင်ကြား အရှက်ခွဲခံလိုက်ရတာပဲ။ အဲ့ဒီအချိန်တုန်းက ပွဲကြည့်တဲ့သူတွေ အများကြီးရှိနေတယ်။ ဒါကြောင့် ခရမ်းနေမင်း သန့်စင်နယ်မြေ တစ်ခုလုံးက ပိုဆိုးတဲ့ အသရေဖျက်မှုကို ကြုံတွေ့ရလိမ့်မယ်”

ထိုခဏမှာ ထူရို့ရှုက ရပ်တန့်သွားခဲ့ပြီး ယုံကြည်ချက်ရှိစွာ လှည့်ကြည့်လာ၏။

“ လောကမှာရှိတဲ့ သတင်းကြီးကို လူတွေဂရုမစိုက်စေချင်ရင် နောက်ထပ်ကြီးမားတဲ့ သတင်းတစ်ခုနဲ့ ဖုံးလွှမ်းပစ်ရတာပဲ။ ဒါဆိုရင် လူတွေရဲ့ အာရုံစိုက်မှုက နောက်သတင်းကိုပဲ ရောက်သွားလိမ့်မယ်”

“ ကြည့်လိုက်လေ၊ အကုန်လုံးက အခုဆိုရင် တာအိုသားတော်ချီနဲ့ လင်လုံသူတော်စင်မရဲ့ ကြားကဆက်ဆံရေးကို ဆွေးနွေးနေကြတယ်။ ကျိထျန်ဖန်ရဲ့ ရှုံးနိမ့်မှုကို ဘယ်သူအာရုံစိုက်ဖို့ အချိန်ရှိလို့လဲ။ ကျိထျန်ဖန်နဲ့ ချီယွမ်က အခုဆိုရင် ဆက်ဆံရေးလည်း မကောင်းကြတော့ဘူး။ ချီယွမ်နဲ့ပတ်သက်ပြီး မကောင်းသတင်းဖြန့်တာက သူ့ရဲ့ရှုံးနိမ့်မှုနဲ့ ပတ်သက်တဲ့သတင်းကို ဖုံးလွှမ်းနိုင်ရုံတင်သာမက ပြိုင်ဘက်ကိုလည်း ဆွဲချနိုင်ဦးမယ်။ ဒါက သူ့အတွက် ဘယ်လိုပဲဆိုဆို အနိုင်ရတဲ့ အခြေအနေမဟုတ်ဘူးလား ”

“ အော် ကျွန်တော်သိပြီ ”

ကျွမ်းချင်းယွမ် ချက်ချင်းနားလည်သွားခဲ့ပြီး လျင်မြန်စွာပြောလိုက်၏။

“ ကျိထျန်ဖန် လုပ်လိမ့်မယ်လို့ ကျွန်တော်ထင်မထားဘူး။ အကိုထူရဲ့ ထူးချွန်ကောင်းမွန်တဲ့ ဉာဏ်ရည်ကြောင့်သာ မဟုတ်ဘူးဆိုရင် ဘယ်သူမှ သူ့ကိုသတိထားမိမှာတောင် မဟုတ်ဘူး။ ကျိမျိုးရိုးနဲ့ကောင် မင်းစောင့်နေလိုက်စမ်းပါ။ ကျွန်တော် ကျွမ်းချင်းယွမ်က သေချာ‌ပေါက် ခွင့်လွှတ်မှာမဟုတ်ဘူး ”

ထို့နောက်တွင် ခေါင်းငုံ့ကာ အေးဆေးအရက်သောက်နေသော ကျိထျန်ဖန်ကို ကျွမ်းချင်းယွမ်က စူးရဲစွာလှမ်းကြည့်လိုက်၏။ ကျွမ်းချင်းယွမ်၏ မရင်းနှီးသော စိုက်ကြည့်မှုကြောင့် ကျိထျန်ဖန်ပင် အနည်းငယ် ရှုပ်ထွေးသွားလေတော့သည်။

( ဘာလား ငါဒီကောင့်ကို ရန်စမိလို့လား.. ရူးနေတာလား )

ပွဲတော်ပြီးသည့်နောက်တွင် ချီယွမ်သည် ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တပည့်များနှင့် မတွေ့ဆုံခဲ့ဘဲ ထိုအစား လင်လုံသန့်စင်နယ်မြေ၏ ခမ်းနားသောပင်မခန်းမသို့ တိုက်ရိုက်သွားရောက်လိုက်သည်။

ခန်းမထိပ်ရှိ စားပွဲဝိုင်းတွင် ထိုင်နေသော လင်လုံသန့်စင်နယ်မြေ၏‌ ဂိုဏ်းခေါင်းဆောင် ရှောင်ရွှမ်ကျိမှ လွဲရင် ခန်းမတစ်ခုလုံး၌ ဘယ်သူမှမရှိချေ။

‌ရွှေရောင်ချည်ထိုးထားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ခပ်မြင့်မြင့်ထုံးထားကာ၊ နူးညံ့ညင်သာသည့် မျက်ခုံးမွှေးများ ခြံရံထားသော ဖီးနစ်မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ဆက်တိုက် ထုတ်လွှတ်နေ၏။

“ ဂိုဏ်းခေါင်းဆောင်ရှောင်ကို နှုတ်ဆက်ပါတယ် ”

ခန်းမအတွင်းဝင်ရောက်ပြီးသည်နှင့် ချီယွမ် တည်ငြိမ်စွာ ရှေ့တစ်လှမ်းတိုးလိုက်ပြီး အသံတစ်ချက်တောင် မထွက်စေဘဲ အရိုအသေပေးလိုက်သည်။ ကျောက်စိမ်းလှေကားထစ်အနီးတွင် ရပ်နေသော ချီယွမ်ကို ရှောင်ရွှမ်ကျိ ငုံကြည့်နေရင်း မှန်းဆ၍မရနိုင်သော ရှုပ်ထွေးမှုများသာ ခံစားလိုက်ရ၏။

ခဏမျှတိတ်ဆိတ်ပြီးနောက်မှသာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့ပြီး အေးစက်စွာပြောလိုက်သည်။

“ ချီယွမ် အရင်တုန်းက ငါမင်းကို အထင်သေးခဲ့မိတာ ဝန်ခံတယ်။ ဒါပေမဲ့ မဟာဘိုးဘေးဖေးဟွမ်ရဲ့ အားကိုးနဲ့ လင်လုံသန့်စင်နယ်မြေအတွင်းမှာ မင်း လုပ်ချင်ရာလုပ်လို့ရမယ်လို့ ယူဆလိုက်လို့ကတော့ မင်းအမှားကြီးမှားတာပဲ”

ချီယွမ်သည် ခေါင်းယမ်းလိုက်ရင်း တည်ငြိမ်စွာပြောလိုက်၏။

“ ဒီကျင့်ကြံသူက မလုပ်ရဲပါဘူး။ မဟာဘိုးဘေးဖေးဟွမ်ဆီကနေ အလေးပေးမှုခံရတာနဲ့ လင်လုံသန့်စင်နယ်မြေအတွင်းမှာ စိတ်ကြိုက်ပြုမူဖို့ဆိုတာ ကျွန်တော့်အနေနဲ့ အဆင့်ကျော်လိုက်တာပဲပေါ့”

ရှောင်ရွှမ်ကျိ အနည်းငယ်မျက်မှောင်ကြုတ်သွားကာ ချီယွမ်ကို အကြာကြီး စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် သက်ပြင်းချလိုက်ပြီးမှ နူးညံ့သောလေသံဖြင့် ဆက်ပြောလိုက်၏။

“ ဒီလိုဆိုမှတော့ ငါလည်း ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ဘူး။ ‌ရော့ ဒီသိုလှောင်လက်စွပ်ထဲမှာ တာအိုစုစည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်လာတဲ့အထိ ကျင့်ကြံနိုင်မယ့် လုံလောက်တဲ့အရင်းအမြစ်တွေ အားလုံးပါတယ်။ ဒီသိုလှောင်လက်စွပ်ကို လက်ခံပြီးသွားရင် လင်လုံသန့်စင်နယ်မြေအတွင်း ထပ်ပြီးခြေမချပါဘူးလို့ မင်းကျိန်ဆိုရမယ်။ ပြီးတော့ ငါ့ရဲ့တပည့်ကို ကြည့်တောင်မကြည့်မိစေနဲ့”

ချီယွမ် မော့ကြည့်လိုက်သည်နှင့် သူ၏မျက်စိရှေ့တွင် ပျံသန်းနေသော လှပစွာအလှစင်ထားသည့် သိုလှောင်လက်စွပ်တစ်ကွင်းကို တွေ့လိုက်ရသည်။

“ ကြည့်ရတာ... အခြေအနေကို ဂိုဏ်းခေါင်းဆောင်ရှောင်က နားမလည်သေးဘူးနဲ့တူတယ် “

ချီယွမ် ခပ်ဖွဖွပြုံးလိုက်ရင်း မထင်ထားစွာ ပြောလိုက်တော့၏။

“ ဒီအခြေအနေမှာ ဆုံးဖြတ်ချက်ချရမယ့်သူက ကျွန်တော်လေ”

ထိုသို့ဖြင့် လှပလှသော ဂိုဏ်းခေါင်းဆောင်ကို ချီယွမ် ရဲတင်းစွာဖြင့် စိုက်ကြည့်လိုက်‌တော့သည်။

“ ဂိုဏ်းခေါင်းဆောင်ရှောင်လည်း လင်လုံသန့်စင်နယ်မြေကို ပြဿနာမတတ်ချင်ဘူးမလား ”

All Chapters